အိမ်၊ ခြံ၊ မြေဆိုင်ရာ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းအက်ဥပဒေ

( The Registration Act) စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁) တွင်ဤသို့ပါရှိပေသည်။ အောက်ဖော်ပြပါစာချုပ်စာတမ်းများကို ဤအက်ဥပဒေအကျိုးသက်ရောက်သည့် ဒေသများတွင် ဖြစ်လျှင် မှတ်ပုံမတင်ကတရားမဝင်ပေ။ (က) မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို မေတ္တာဖြင့်အပိုင်ပေးသောစာချုပ်။ (ခ) မရွေ့ပြောင်းနိုင်သော ပစ္စည်းဖြစ်စေ၊ ၄င်းပစ္စည်းနှင့်စပ်လျဉ်း၍ ဖြစ်စေအဖိုးငွေ ၁၀၀ ကျပ်သော်လည်းကောင်း၊ ၁၀၀ ကျပ်အထက်သော်လည်းကောင်း၊ ထိုက်သင့်သည့် ဆိုင်ရာဆိုင်ရာပိုင်ထိုက်ခွင့် အကျိုးစီးပွားတစ်စုံ တစ်ရာကို ပစ္စုပ္ပန်တွင်ဖြစ်စေ၊ အနာဂတ်တွင်ဖြစ်စေ၊ ဖြစ်ပေါ်စေသည်။ ပြဋ္ဌာန်းလွှဲအပ် ကန့်သတ်သို့မဟုတ် ဖျက်သိမ်းသည်ဆိုလိုသည့် သို့မဟုတ် သည်ကဲ့သို့ဖြစ်ပေါ်စေသည့် ပြဋ္ဌာန်းလွှဲ အပ်ကန့်သပ်ဖျက်သိမ်းသည့် သေတမ်းစာမဟုတ်သော အခြားစာချုပ်များ။ (ဂ) အထက်ဆိုခဲ့သည့်အတိုင်း ဆိုင်ရာဆိုင်ခွင့် ပိုင်ထိုက်ခွင့် အကျိုးစီးပွား တစ်စုံတစ်ရာကို ဖြစ်ပေါ်စေသည့်ပြဋ္ဌာန်း လွှဲအပ် ကန့်သတ်ဖျက်သိမ်းသည့်အတွက် အဖိုးစားနားတစ်စုံတစ်ရာရှိကြောင်း ပေးအပ်ကြောင်းခံဝန်သည့် သေတမ်းစာမဟုတ်သော စာချုပ်များ။ (ဃ) တစ်နှစ်က တစ်နှစ်သို့ဆက်၍ဖြစ်စေ၊ တစ်နှစ်ထက်ပိုမိုသည့် ကာလအပိုင်းအခြားအတွက်ဖြစ်စေ နှစ်စဉ်ငှားရမ်းခငွေ ကန့်သတ်၍ဖြစ်စေ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ငှားရမ်းချထားသည့် အငှားစာချုပ်များ။ (င) တန်ဖိုး ၁၀၀ ကျပ်နှင့် ၄င်းအထက်တန်ဖိုးရှိသည့်မရွှေ့မပြောင်းနိုင်သည့်ပစ္စည်း ပိုင်ဆိုင်ခွင့်နှင့်ပတ်သက်သည့် တရားရုံးကချမှတ်သည့် ဒီကရီ (သို့) အမိန့် (သို့) စီရင်ချက်ကိုလွှဲပြောင်းပေးခြင်း၊ ယင်းသို့လွှဲပြောင်းပေးခြင်းများအပေါ်တွင် ပစ္စုပ္ပန်နှင့် အနာဂတ်ဆိုင်ရာပိုင်ခွင့် အကျိုးစီးပွား တစ်စံတစ်ရာကိုကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ ဖျက်သိမ်းခြင်း။ ဖော်ပြပါဥပဒေပြဋ္ဌာန်းချက်အရ ငွေကျပ် ၁၀၀ နှင့်အထက် တန်ဖိုးရှိသော မရွှေ့မပြောင်းနိုင်သောပစ္စည်း ဖြစ်သော အိမ်ခြံမြေကိုအရောင်းအဝယ်ပြု လုပ်မည်ဆိုပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ် ပြုလုပ်ရမည်ဖြစ်သည်။သို့မှသာ တရားဝင်မည်ဖြစ်သည်။ မိသားစု သဘောတူစီမံမှုစာချုပ်ချုပ်ဆိုရာတွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းပါဝင်ပါက ယင်းစာချုပ်ကိုမှတ်ပုံတင်ရမည်ဖြစ်သည်။သို့မှသာယင်းပစ္စည်းစီမံမှု တရားဝင်မည်ဖြစ်သည်။ ပိုင်ဆိုင်ကြောင်း မြွက်ဖော်ကြေညာစာချုပ် ချုပ်ရာတွင်ပါဝင်သော ပစ္စည်းသည်မရွှေ့ပြောင်းနိုင်သော ပစ္စည်းပါဝင်က အဆိုပါပိုင်ဆိုင်ကြောင်း မြွက်ဖော်ကြေညာစာချုပ်ကိုမှတ်ပုံမတင်မနေရ မှတ်ပုံတင်ရမည်။ အိမ်၊ ခြံ၊ မြေ ဂျာနယ် ဦးကျော်ဇေယျ