အိမ်ပြောင်းကြရာဝယ်

အခြေအနေအရ အိမ်ပြောင်းကြတဲ့ အခါ ဖြစ်ဖြစ် ၊ အိမ်ရွေ့ ဖို့ ဖန်လာတဲ့ အခါ ဖြစ်ဖြစ် အဆင်ပြေလွယ်ကူပြီး တစ်ထိုင်ထဲ အလုပ်ပြီး သွားအောင် အဆင့်ဆင့် လုပ်ကြည့်ကြရအောင်။ စပြီး မရွေ့ ခင် လုပ်ရမဲ့ အရာများ ပြောင်းမဲ့နေ့ မတိုင်ခင် ဘယ်ဟာတွေက ယူသွားဖို့ လိုတယ် ။ ဘယ်ဟာတွေက ချန်ထားရမယ် ဆိုတာမျိုးကွဲကွဲပြားပြား စီစဉ်ထားရပါမယ်။ အိမ်အသစ်မှာ သုံးဖို့ မလိုတဲ့ ဟာတွေ၊ တန်ဖိုးနည်းတဲ့ အဟောင်းပစ္စည်းများကို တစ်နေနေရာမှာ စုပြီး ပစ်သင့်ပစ် ၊ ရောင်းလို့ ရတာ ရောင်း လုပ်ရပါမယ်။ ဒါမှ အိမ်အသစ်မှာ ထားစရာနေရာမရှိဘဲရှုပ်ပွမနေမှာ ဖြစ်ပါတယ်။ အထုတ်တွေ ၊ ပစ္စည်းထည့်ထားတဲ့ သေတ္တာတွေ သေချာတွက်ချက်ပြီး စီစစ်ထားပါ။ ပါကင်ထုတ်များတယ် ဆိုရင်လည်း ဘယ်နှစ်ထုတ် ဆိုတာ List လုပ်ထားပါ။ဖိနပ်တွေ မိမိစီးထားတာ အပြင် များနေတယ် ဆိုရင် ဘူးထဲ ထည့်လို့ ရတာ ထည့် ။ ဒါမှမဟုတ် သတင်းစာအကြမ်းနဲ့  ပတ်ပြီး ထုတ်ထားပါ။ ပန်းချီကားနဲ့ နံရံကပ် မှန်ဘောင်များအတွက် သေတ္တာတစ်လုံးတွင် သေချာထည့်ထားပါ။ ခေါင်းထဲမှာ စဉ်းစားထားဖို့  မရှိမဖြစ် အသုံးလိုတဲ့ ဟာတွေကို အိမ်အသစ်ကို အရင်ဆုံး သယ်သွားပါ။ ကော်ဖီ၊ လက်ဖက်ရည်၊ မုန့် နဲ့ ခွက်တွေ ၊ ရေနွေးခရားတွေ အိမ်အသစ်မှာ အရင်ဆုံး ရှိနေပါစေ။ပန်းကန်များနဲ့ မိုးဖိုဆောင်သုံး အ၀တ်ကြမ်းတွေကော ပါပါစေ။အရေးပေါ်ဆုံး ဆေးသေတ္တာတွေ ၊ အကိုက်အခဲ ပျောက်လိမ်းဆေး ၊ ခဲတံ ၊ စာရွက် ၊ပြန်ပိတ်လို့ ရတဲ့ ပလတ်စတစ်အိတ်တိုလီမုတ်စ ကိရိယာလေး တွေ ထည့်ထားပါ။ မလျှော်ရသေးတဲ့ အ၀တ်အစားများကို မရောစေဘဲ သပ်သပ် အိတ်တစ်လုံးမှာ ထည့်ထားပါ။မိမိ မရှိမဖြစ် သုံးရတဲ့ ပစ္စည်းတွေ ရှိရင်လည်း ထုတ်ရ သိမ်းရ လွယ်တဲ့ သေတ္တာငယ်မှာ ထည့်ထားပါ။ အထုတ်များကို သေချာစွာ ထုတ်ထားဖို့  စရွေ့ ဖို့ အတွက် အထုတ်ပြင်ခြင်းကို မနက်စောစောမှာ စလုပ်ပါ။ အပေါ်မှ ပစ္စည်းများကို အောက်သို့ အရင်ချပါ။ လေးလံတဲ့ ပစ္စည်းများကို သေတ္တာငယ်နဲ့ ထည့်ပါ။ဒါမှ သယ်ဆောင်ရ လွယ်ကူမှာ ဖြစ်ပါတယ်။ ထို့ အပြင် မတော်တဆ ပြုတ်ကြရင်လည်း ထိခိုက်မှု နည်းမှာ ဖြစ်ပါတယ်။ အခန်းများရင် တစ်ခန်းပစ္စည်းတွေ အကုန်သယ်ပြီးမှ နောက်တစ်ခန်းကို ကူးပါ။ ဒါမှ ပစ္စည်းတွေ မကျန်ခဲ့မှာဖြစ်ပါတယ်။ ခေါင်းအုံးနဲ့ စောင်များကို သယ်ဆောင်တဲ့ အခါမှ ဖုန်များမကပ်စေဖို့  အိတ်နဲ့ သေချာလေလုံအောင် ထုတ်ထားပါ။အရေးကြီးတဲ့ စာရွက်စာတမ်း ၊ မွေးစာရင်း ၊ အိမ်ထောင်စုစာရင်း ၊ လက်ထက်စာချုပ် စတာတွေကို အတူတူထုတ်ပိုးထားပါ။ပြီးမှ အိမ်အသစ်ပြောင်းတဲ့ အခါ လုံခြုံတဲ့ တစ်နေရာမှာ အရင်ထားပေးပါ။ အဆင့်ဆင့် လုပ်ပြီး အိမ်ပြောင်းတဲ့အခါ စနစ်တကျရှိပြီး အဆင်ပြေတာကို တွေ့ ရပါလိမ့်မယ်။ ကိုလင်း