ဈေးကွက်ရဲ့တုံ့ပြန်မှု

တစ်ပေပတ်လည် အိမ်ခြံမြေဈေးနှုန်းများသတ်မှတ်ပြီးနောက်ပိုင်းတွင် ဈေးကွက်အရောင်းအ၀ယ် တုံ့ဆိုင်းလေးအီသွားသော်လည်း ကြေးတိုင်းနှင့်မြေစာရင်းဦးစီးဌာနလက်အောက်ရှိ မှတ်ပုံတင်စာရွက်စာတမ်း ရုံးတွင် အိမ်ခြံမြေအရောင်းအ၀ယ် နာမည်အလွှဲအပြောင်းအတွက် မှတ်ပုံတင်စာရင်း(Resgisration)ပြုလုပ် သည့်အရေအတွက်သည် သတ်မှတ်နှုန်းထားမထုတ်ပြန်မီကထက် ပိုမိုများလာသည်ဟုကြားသိရကြောင်း ဦးသန်းဦးက ဆက်လက်ပြောကြားသည်။ ‘’ တစ်ပေပတ်လည်နှုန်းသတ်မှတ်ပြီးတဲ့နောက်မှာ မှတ်ပုံတင်စာရွက်စာတမ်းရုံးမှာ မှတ်ပုံလာတင်တဲ့ အရေအတွက် များလာတယ်လို့ သိရတယ်။ တစ်နည်းအားဖြင့် ပြည်သူတွေ အနေနဲ့ နည်းနည်းထောက်ခံစ ပြုတဲ့သဘောမျိုးရှိတယ်။ ဒီပြဒါးတိုင်က လက်တွေ့ကျတဲ့အနီးစပ်ဆုံးပြဒါး တိုင်းပေါ့။ အရပ်မှာပဲကြားတဲ့ သတင်း အရ သိန်း ၅၀၀၊ ၁၀၀၀ တန်လေးတွေ များတယ်လို့ပြောတယ်။ သဘောကတော့တော့ အဲသလို သိန်း၅၀၀၊ ၁၀၀၀ တန်လေးတွေ ရောင်းတာဝယ်တာ ကို နိုင်ငံတော်အစိုးရကို အသိပေးတယ်ဆိုတာသည် ဒီနှုန်းထားသည် ပြည်သူအများခုသာခံသာရှိတယ် လိုလို လားလားအခွန်ထမ်းဆောင်လိုတဲ့ နှုန်းထား တွေဖြစ်တယ် တစ်နည်း အားဖြင့်လည်း သွေးတိုးစမ်းပြီးတော့ ဒီအခွန် နှုန်းထားကို လက်ခံတဲ့သဘော ရှိတယ်’’ဟု ဆိုသည်။ Mizzima