ဈေးကွက်အနေအထား

၂၀၁၂ခုနှစ်က ထုတ်ပြန်ခဲ့သော အိမ်ခြံမြေ အခွန်နှုန်း ထားများမှာ တန်ဖိုးကျပ်သိန်း၅၀၀ နှင့်အထက် အိမ် ခြံ မြေ တိုက်ခန်းရောင်းဝယ်ခြင်းများအပေါ် ၀ယ်သူဘက်မှဝင်ငွေရလမ်းကြောင်း မဖေါ်ပြနိုင်ပါ က Commercial Tax(ကုန်သွယ်ခွန်)၃၀%နှင့် တံဆိပ်ခေါင်းခွန် ရန်ကုန်၊မန္တလေး၊နေပြည်တော် ၇%၊ အခြားဒေသ ၅%တို့ဖြစ်ကာ ရောင်းသူဘက်မှ Commercial Tax(ကုန်သွယ်ခွန်)၁၀% ပေးဆောင်ရ မည်ဖြစ် သည်။ သို့ဖြစ်ရာ၂၀၁၃ စက်တင်ဘာတွင်အသစ်ထုတ်ပြန်သော ရာဖြတ်နှုန်းထားအပေါ်အခြေပြု၍ အထက်ပါ ရာခိုင်နှုန်းများအတိုင်း အခွန်စည်းကြပ်မည်ဟု ဖြစ်သည်။ထိုသို့ရာဖြတ်နှုန်းများထုတ်ပြန်လိုက်သည့်နှင့် တစ်ပြိုင်ဖြစ်ပေါ်လာသည့် ရန်ကုန်အိမ်ခြံမြေဈေးကွက် အနေအထားမှာ အရောင်းအ၀ယ်တုံှ့ဆိုင်းသွားကြောင်း ဦးသန်းဦးကဆိုသည်။ ‘’ ဈေးကွက်အနေအထားကိုကြည့်မယ်ဆိုရင်တော့ တစ်ပေပတ်လည်ဈေးနှုန်းတွေသတ်မှတ်မယ်လို့ ကြေငြာပြီး နောက်ပိုင်းမှာ အရောင်းအ၀ယ်တွေ လေး သွားတယ်။ ဘယ်လိုဖြစ်လာမလဲ ဆိုပြီးသို့လော သို့လောဖြစ်ကြ တာပေါ့။ စောင့်ကြည့်တဲ့အနေအထားကြောင့် အရောင်းအ၀ယ်တွေက အောက်တိုဘာလလယ် လောက်အထိ မကောင်းဘူး။ အခု(အောက်တိုဘာနောက်ဆုံးပတ်)တော့ သိန်း၅၀၀၊ ၁၀၀၀လောက်အသေး လေးတွေ အမေးရှိလာတယ်။ (အောက်တိုဘာ ၂၆) တစ်ရက် လောက်အတွင်းမှာ သိန်း ၄၀၀၀ ၅၀၀၀တွေ အထိ အမေးအမြန်းတွေ ပြန်ရှိလာတယ်။ စက်မှုဇုန်တွေလည်း အရောင်းအ၀ယ်တွေပြန်ရှိလာတယ်။ အရောင်းအ၀ယ်တွေ ပြန်သွက်လာမယ့် အလားအလာတွေ တော့တွေ့နေရတယ်။ ဒါပေမဲ့ ဒီကာလထဲမှာလည်း သိန်းသောင်းနဲ့ချီတဲ့အကြီးပိုင်းတွေ သူ့နည်းသူ့ဟန်နဲ့ အရောင်းအ၀ယ်ဖြစ်နေတာရှိတယ်လို့ ကြားရပါတယ်။ ကျွန်တော်တို့တော့လက်လှမ်းမမှီတဲ့အရာတွေပါ’’ဟု ယင်းကဆက်လက်ပြောကြားသည်။ Mizzima