မြေဈေးကျအောင် အခွန်အပြင် ဘာလုပ်ဖို့လို

ကျွမ်းကျင်သူများ၏ သုံးသပ်ချက်များအရ မိုးပျံနေသောမြေဈေးများကျဆင်းရေးအတွက် ရောင်းဝယ်ခွန် စည်းကြပ်ခြင်းတစ်ခုတည်းအပြင် လုပ်ငန်းဖေါ်ဆောင်ခြင်းမရှိပဲ ရယူပိုင်ဆိုင်ထားသော ဧကသန်းပေါင်း များစွာပ မာဏ ရှိသည့် မြေများအား အမှန်တကယ်လုပ်ငန်းဆောင်ရွက်မည့် သူများလက်ဝယ်သို့ စနစ်တကျရောက်ရှိ စေခြင်းနှင့် အသုံးမပြုပဲထားရှိသောအစိုးရပိုင်မြေများအား အစိုးရနှုန်းထားအတိုင်း လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေး ခြင်းဖြင့် ဈေးကွက်အပေါ်အချိန်တိုအတွင်း ကြီးမားသောအပြုသဘောသက်ရောက်မှု ရှိလောစေမည်ဖြစ်သည်။ ဦးလှမောင်က``ဥပမာ ရန်ကုန်မြို့ရဲ့နေရာတော်တော်များများမှာ လုံးဝအသုံးမပြုပဲထားတဲ့ မြေလွတ်တွေ အများကြီးရှိနေတယ်။ ဥပမာ ကမ္ဘာအေးဘုရားလမ်းလို အချက်အခြာအင်မတန်ကျတဲ့နေရာမျိုးရဲ့ ၀ဲ ယာတစ်ဖက်စီမှာ ဧကပေါင်းများစွာရှိတဲ့ လုံးဝအသုံးမပြုတော့ပဲ ဒီအတိုင်းပစ်ထားလို့ခြုံနွယ် ပိတ်ပေါင်းတွေ ပေါက်ရောက်နေတဲ့ ၀န်ကြီးဌနပိုင်ခြံဝန်းကြီးတွေ မျက်စေ့တစ်ဆုံးရှိနေတယ်။ ဒါတွေကိုအစိုးရတရားဝင်သတ် မှတ်ဈေး တစ်စတုရန်းမီတာ ၇.၆ဒေါ်လာနဲ့ Trader ဟိုတယ်တို့ကိုပေးလုပ်ထားဖို့ ပေးလိုက်ပါလား။ မြေဈေး တွေလုံးဝထိုးကျသွားလိမ့်မယ်။ အခုက ဒါတွေကိုဘာလုပ်မလို့ ဘယ်သူ့ပေးမလို့ ဒီအတိုင်းထားနေ လဲမသိဘူး``ဟုပြောကြားသည်။ အထက်ပါကဲ့သို့သော အစိုးရပိုင်မြေကွက်များအား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ချထားပေးခြင်းများ ရှိနေသော်လည်း ပွင့်လင်းမြင်သာမှုအားနည်းကာ နီးစပ်သူများသာ ဆက်လက်ရရှိနေခြင်း၊ ဌာနတစ်ခုချင်းစီအ လိုက်လုပ်ထုံးလုပ်နည်းတစ်ခုချင်းစီဖြင့် သီးသန့်တင်ဒါများပြုလုပ်ဆောင်ရွက်နေခြင်းကြောင့် ပြည်တွင်း၊ပြည်ပ လုပ်ငန်းရှင်းများအတွက် ဆောင်ရွက်ရမှုရှုပ်ထွေးခြင်းများကြောင့် မြေဈေးကျဆင်းမှုအားတွန်းအားမပေးနိုင်ပဲ ဖြစ်နေကြောင်း ကျွမ်းကျင်သူတို့ကဆက်လက်ပြောကြားသည်။ ဒေါက်တာအောင်သူရက``တင်ဒါတွေကပေးတဲ့အချိန်ကတအားနည်းတယ်။ ပြည်ပလုပ်ငန်းရှင်တွေအ တွက်ဆိုပြင်ဆင်ချိန်လုံးဝမရဘူး။ ပြီးတော့တင်ဒါအားလုံးကိုကိုင်ဖို့ ဌာနတစ်ခုတည်းကဆောင်ရွက်သင့်တယ်။ ဒါမှလုပ်ထုံးလုပ်နည်းက တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်မှာ’’ဟု သုံးသပ်ပြောကြားသည်။ Mizzima