အစွမ်းထက် ရေကုထုံး
ရေသည်သောက်တတ်လျှင် အသက်ကယ်ဆေး သို့မဟုတ် အသက်
ရှည်ဆေး ဖြစ်သွားနိုင်ပါ၏။ထို့ကြောင့် ဤစာကိုဖတ်ပြီးလျှင်
ဝေမျှပေးရန်မမေ့ပါနှင့်။ဤစာသည် တစ်စုံတစ်ယောက်၏အသက်ကို
ကယ်တင်ကောင်း ကယ်တင်နိုင်ပါ၏။
နေ့စဉ်မနက် အိပ်ရာထထချင်း ရေကိုချက်ချင်းသောက်
သောအလေ့အထသည် ယနေ့ဂျပန်ပြည်တွင်ခေတ်စားနေ၏။သိပ္ပံပညာ
စမ်းသပ်ချက်များသည်ပင် နံနက်ခင်းရေသောက်ခြင်းအလေ့အထ၏
တန်ဖိုးရှိပုံကို သက်သေပြခဲ့ကြပါ၏။ကျွန်ုပ်တို့ စာဖတ်သူပြည်သူများ
အတွက် ရေ၏အသုံးဝင်ပုံကို ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါ၏။ဤရေ
ကုထုံးဖြင့် အသက်ကြီးရောဂါ ၊ပြင်းထန်သောရောဂါများ
နှင့် ခေတ်သစ်ရောဂါများကို တစ်ရာရာခိုင်နှုန်း ပျောက်ကင်း
နိုင်ကြောင်း ဂျပန်ဆေးပညာအဖွဲ့အစည်းတစ်ခုက တွေ့ရှိ
ခဲ့ပါ၏။
ပျောက်ကင်းနိုင်သောရာဂါများမှာ ခေါင်းကိုက်
ခြင်း ၊ဝက်ရူးပြန်ရောဂါ၊ ဦးနှောက်အမြေးရောင်ရောဂါ၊ အန်ခြင်း၊ မျက်စိရောဂါအမျိုးမျိုး၊ နား နှာခေါင်း လည်ချောင်းရောဂါများ၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ တီဘီ
ရောဂါ၊ အဝလွန်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်နာရောဂါ၊
ဝမ်းလျှောရောဂါ၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ ကင်ဆာရောဂါ နှင့် အမျိုးသမီးများရာသီလာမမှန်ခြင်းတို့
ဖြစ်၏။
လိုက်နာရန် နည်းလမ်းများ
၁။ မနက်အိပ်ရာနိုးနိုးချင်း သွားမတိုက်ခင်တွင် ရေတစ်လီတာဘူးကြီး
တစ်ဘူးခန့်. သို့မဟုတ် သုံးပုံနှစ်ပုံခန့် သောက်ပါ။
၂။ ပြီးနောက် သွားနှင့်ခံတွင်း သန့်ရှင်းရေးလုပ်ပါ။ရေ
သောက်ပြီး လေးဆယ့်ငါးမိနစ်အတွင်း မည်သည့်အစာ
နှင့်ရေကိုမျှ မသောက်ပါနှင့်။
၃။ လေးဆယ့်ငါးမိနစ်ကျော်ပြီးလျှင် နဂိုစားနေကျပုံစံ
အတိုင်း မနက်စာကိုစားနိုင်ပါပြီ။
၎။ မနက်စာ၊ နေ့လည်စာ၊ နှင့် ညစာ စားပြီးနောက်ပိုင်း နှစ်နာရီအ
တွင်း မည်သည့်အစာနှင့်ရေကိုမျှ မသောက်ရ မစားရပါ။
၅။ အသက်ကြီးသူများနှင့် မကျန်းမာသူများဆိုလျှင် သောက်
နိုင်သည့်ရေပမာဏမှစ၍ သတ်မှတ်ထားသောရေပမာဏထိ လေ့ကျင့်
သောက်ပေးပါ။
၆။ အထက်ပါနည်းလမ်းသည် သာမန်လူအတွက် ကျန်မာပျော်ရွှင်သော
ဘဝတစ်ခုကိုပိုင်ဆိုင်စေနိုင်ပြီး ရောဂါဖြစ်နေသူကို ပျောက်
ကင်းအောင် ကုသနိုင်ပါ၏။
အောက်တွင် ရောဂါအမျိုးအစားအလိုက် ပျောက်ကင်းသက်သာ
လျှော့နည်းစေနိုင်သော ရက်များကို ဖော်ပြထား၏။
(၁) သွေးတိုးရောဂါ - ရက်ပေါင်း ၃၀ ရက်
(၂) အစာအိမ်ရောဂါ - ၁၀. ရက်
(၃) သွေးချိုဆီးချိုရောဂါ - ၃၀. ရက်
(၄) ဝမ်းချုပ်ခြင်း - ၁၀. ရက်
(၅) ကင်ဆာရောဂါ - ၁၈၀. ရက်
(၆) တီဘီရောဂါ - ၉၀. ရက်
(၇) အဆစ်အမြစ်ရောင်ရောဂါ - ၃ ရက် - ၂ ပတ်
ရေကုထုံးတွင် ဘေးထွက်ဆိုးကျိုး မရှိပါ။ဤရေကုထုံးကို ကျွန်ုပ်တို့၏ ဘဝတစ်လျှောက်လုံး လုပ်ဆောင်သွားနိုင်လျှင်
ကောင်း၏။ကျန်းမာပြီး တက်ကြွသောဘဝကို ရေသောက်ပြီး
ပုံဖော်နိုင်ပါ၏။
ဤစာသည် အင်တာနက် page တစ်ခုမှ ဆေးပညာဆောင်းပါး
တစ်ပုဒ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါ၏။စာဖတ်သူသို့မတင်ပြမှီ
ကျွန်ုပ်ကိုယ်တိုင် စမ်းသပ်သောက်သုံးခဲ့ပါ၏။အလွန်သဘောကျလက်ခံမိပါ၏။
ဝမ်းမမှန်သောကျွန်ုပ် ဝမ်းမှန်လာ၏။တစ်နေ့လုံးလည်း လန်းဆန်းတက်ကြွနေ၏။ရေသည်ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများကို ပုံမှန်လည်ပတ်စေခြင်းအားဖြင့်
ရောဂါများကို သက်သာပျောက်ကင်းစေနိုင်သည်ဟု ယူဆမိ၏။
ထို့ကြောင့် ဓမ္မတာရာသီလာမမှန်သော မိန်းမများအတွက်
အထူးသင့်လျော်သည်ဟု ယူဆမိ၏။သို့သော်အတွေ့အကြုံအရ
ရေကုထုံးတွင် ရေနွေးကိုသုံးသင့်၏။ညသိပ်ရေနွေး အဆိပ်ထက်ပြင်းသည်ကိုလည်း သိထားရန်လိုအပ်ပါ၏။
ကျွန်ုပ်သည် စာဖတ်လျှင် စာများကိုစာအုပ်ထဲမှာဘ မထားတတ်ပေ။စရဏ အကျင့်အဖြစ်သို့ပြောင်းလဲတတ်၏။
ထိုသို့ပြောင်းလဲပေးမှသာ ဘဝသည်တဆင့်ပြီးတစ်ဆင့်
အကောင်းဘက်သို့ တိုးတက်ပြောင်းလဲလိမ့်မည်ဟု ခံယူ
ထားပါ၏။ထိုအချက်သည် ကျွန်ုပ်၏ ကောင်းသောအချက် ဖြစ်
ပါ၏။ထိုအချက်ကြောင့် မိမိကိုယ် မိမိ ပြန်၍လေးစားမိပါ၏။
ဥပမာပြရလျှင် ကျွန်ုပ်သည် ကျန်းမာရေးစာပေများကိုဖတ်
၍ နံနက်ခင်း ရေသောက်သောအကျင့် နှင့် ထမင်းစားလျှင်ကြက်သွန်ဖြူစားသော အကျင့်တို့ရခဲ့ပါ၏။
ဗုဒ္ဓစာပေများကိုဖတ်၍ စိတ်ထဲတွင် လောဘ၊ဒေါသ၊မောဟအစရှိသော
ကိလေသာတရားများဝင်လာလျှင် သတိလေးနှင့်ကြည့်သော
ဝိပသာနာအကျင့်ကိုရခဲ့ပါ၏။" သတိလေးနှင့်ကြည့်ရမှာ ကိုယ့်
အလုပ် ၊ ကိလေသာတွေကိုပယ်ပေးမှာကတရားအလုပ်" အစရှိသော
ဆရာတော်ကြီးများ၏ ဆုံးမဩဝါဒများလည်း မှတ်သားခဲ့ပါ၏။
အကြင်မာရ်နတ်သည် ကျွန်ုပ်အား ကျပ်သိန်းပေါင်းတစ်သောင်းပေးမည်၊မင်းရဲ့အကျင့်ကိုမလုပ်ပါနှင့်တော့ဟု ပြောလာငြားအံ့။ကျွန်ုပ်သည် ထိုကျပ်သိန်း
ပေါင်းတစ်သောင်းကိုသာစွန့်မည် ဖြစ်၏။မိမိ၏အကျင့်ကို မည်သည့်နည်းနှင့်မျှ မစွန့်။အဘယ့်ကြောင့်ဆိုသော် မနက် ကျပ်သိန်းသုံးထောင်ငါးရာ၊ နေ့လည်ကျပ်သိန်းသုံးထောင်ငါးရာ၊
ညနေ ကျပ်သိန်းသုံးထောင်သုံး၍ မြတ်ဘုရားနှင့်တကွရဟန်းသံဃာ
များကိုလှူ၍ရသောကုသိုလ်ထက် နွားနို့တစ်ညှစ်စာ ပွားများအားထုတ်ရသောဝိပသာနာကုသိုလ်ထူးက သာ၍မြတ်၏။ကျပ်သိန်းပေါင်း တစ်သောင်းသည် လူ့ဘုံ
တစ်ဘုံတည်းတွင်သာ သုံး၍ရသောငွေဖြစ်၏။ဝိပသာနာကုသိုလ်ကား သုံးဆယ့်တစ်ဘုံသာမက နိဗ္ဗာန်တိုင်အောင်သုံးနိုင်၏။
ထိုထိုအကြောင်းများကြောင့် မိမိ၌ရှိနေသော ကောင်းသော
အလေ့အကျင့်တစ်ခုကို မည်သည့်စည်းစိမ်ဥစ္စာတို့နှင့် မလဲလှယ်လိုခြင်း ဖြစ်ပါ၏။
အကျင့်ကောင်းတစ်ခုသည် ဘဝတစ်ခုကို တိုးတက်ပြောင်း
လဲနိုင်စွမ်းရှိပါ၏။လူသားတိုင်း အကျင့်ကောင်းများကိုကျင့်
သုံးပြီး တိုးတက်အောင်မြင်သော ဘဝများကိုပိုင်ဆိုင်ရင်း
နောက်ဆုံး၌မဂ်ဖိုလ် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ...။
@@@@@@@@@@@@
ဘဝအတွက်အရေးကြီးသော တတ်သိသမျှ ဘာသာရေးနှင့်ကျန်း
မာရေးစာပေများကို သေရွာသို့ယူမသွားဘဲ ပြည်ရွာတွင်ထားခဲ့ချင်ပါ၏။
သို့အတွက်ကြောင့် ဘာသာရေးနှင့်ကျန်းမာရေးစာပေများကို ဆက်လက်ကြိုးစား
ရေးသားဦးမည် ဖြစ်ပါ၏။ဤဆောင်းပါးနှင့်တကွ ဦးတိုးအောင်ကလောင်အမည်ဖြင့်ရေးထားသော ဘာသာရေးနှင့်ကျန်းမာရေးစာပေများကို Healthy Buddhism
ဖေ့ဂ်ျ page တွင်လေ့လာနိုင်ပါ၏။စာဖတ်သူအပေါင်း ကျန်းမာ
ချမ်းသာ ဘေးရန်ကင်းကွာကြပါစေ.....။
ဦးတိုးအောင်
ခွင့်ပြုချက်စောင့်ဆိုင်းနေဆဲ ရန်ကုန် မြို့လယ်က ဆောက်လုပ်ရေးစီမံကိန်း
စီမံကိန်းကို စီးပွားရေးအရ အလားအလာရှိအောင် ပြုလုပ်ပေးနိုင်ရန် ပဓာနကျသည်ဟု ဆောက်
လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည့် ငှားရမ်းမှု စာချုပ်သက်တမ်းတိုးပေးရန်အတွက် ရန်ကုန်မြို့
လယ်ရှိ အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန် ဆောက်လုပ်ရေးစီမံကိန်းဖြစ်သည့် Landmark
project သည် မီးရထားဝန်ကြီးဌာန ၏ အတည်ပြုချက်ကို စောင့်နေဆဲဖြစ်သည်။
ပြီးခဲ့သည့်နှစ်တွင် ၀န်ကြီးအပြောင်းအလဲဆက်တိုက်ဖြစ်ပေါ်ခဲ့သည့်အတွက် အဆိုပါစီမံကိန်း
အတွက် ငှားရမ်းမှုစာချုပ်သက်တမ်းတိုးပေးရေးအတွက် ခွင့်ပြုချက်ရရှိရန် ကြန့်ကြာ နေရခြင်း
ဖြစ်သည်ဟု ယင်းစီမံကိန်းကို အဓိက ငွေကြေးပံ့ပိုးပေးသူ မစ္စတာဆာ့ဂ်ျပန်က ပြီး ခဲ့သည့်
ရက်သတ္တပတ်တွင် ပြောကြားခဲ့သည်။
သို့သော် စီမံကိန်းအတွက် ဆောက်လုပ် ရေးလုပ်ငန်းများ စတင်နိုင်ရန်နှင့် စီမံကိန်းတွင် ရင်းနှီး
မြှုပ်နှံမည့်သူများနှင့် သဘောတူညီမှုစာချုပ် အပြီးသတ်ချုပ်ဆိုနိုင်ရန် လိုအပ်သည့် စာရွက်စာ
တမ်းများကို လာမည့်လများတွင် ရရှိလိမ့်မည်ဟု ၎င်းက မျှော်လင့်ထားသည်။
မြေနေရာအကျယ် ၁၀ ဧက ကျော်တွင် အဆောက်အအုံမျိုးစုံ ဆောက်လုပ်မည့် အဆိုပါ စီမံကိန်းတွင် ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြန်မာ့မီးရထားဌာနရုံးချုပ် အဆောက်အအုံ
ဟောင်းကို Peinsula Hotel Yangon အဖြစ် ပြောင်းလဲရန် ဟောင်ကောင်အခြေစိုက် HK &
Shanghai hotels က အကျိုးတူပူးပေါင်း ပါဝင် မည်ဖြစ်သည်။
မစ်ဆူဘီရှီကော်ပိုရေးရှင်းနှင့် မစ်ဆူဘီရှီအက်စ်တိတ်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည့်စီမံကိန်း
တွင် သီးခြားဟိုတယ်၊ ပရိဘောဂပါ အသင့်နေတိုက်ခန်း၊ အဆင့်မြင့် ကွန်ဒို၊ လက်လီအရောင်း
ဆိုင်နှင့် ရုံးခန်း အဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီး ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်
ဆန်းလမ်းထောင့်ရှိ အကွက်အကွင်းကောင်းသည့်နေရာ တွင် ဆောက်လုပ်မည်ဖြစ်သည်။
အဆိုပါစီမံကိန်းကြီးနှင့် ပတ်သက်ပြီး မြို့တော်စည်ပင်၏ မြို့တော်အကွက်ချသတ် မှတ်ရေး
စီမံကိန်းနှင့် ကိုက်ညီပြီး ရှေးဟောင်း အမွေအနှစ်နှင့် ပတ်သက်ပြီး စည်းရုံးလှုံ့ဆော်သူများ၏
ကန့်ကွက်ခြင်းများ မရှိသည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ထံမှ
မူအားဖြင့် ခွင့်ပြုချက်ရထားပြီးဖြစ်သော် လည်း ငှားရမ်းမှုသက်တမ်းတိုးပေးရန် မြန်မာ့
မီးရထားနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်များရရှိရန် လိုအပ်နေသည်။
အဆိုပါစီမံကိန်းကို လက်ရှိရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မူလ ၁၉၉၅ ခုနှစ်ငှားရမ်းမှုကို အများ ဆုံး
နှစ် ၇၀ အထိ (နှစ်၅၀ ငှားရမ်းမှုနှင့် ၁၀နှစ် နှစ်ကြိမ်) သက်တမ်းတိုးပေးရန် ၀န်ကြီးဌာနတွင်
လျှောက်လွှာတင်ထားသည်ဟု ပုဂ္ဂလိက ကုမ္ပဏီ First Myanmar Investment (FMI)၊
serge Pun & Associates (Myanmar) SPA နှင့် စင်ကာပူနိုင်ငံတွင် စာရင်းဝင်သည့် Yoma
Strategic Holdings ၏ ဥက္ကဋ္ဌ မစ္စတာပန်က မြန်မာတိုင်း(မ်)နှင့် သီးသန့်အင်တာဗျူးတွင်
ပြောသည်။
"စုစုပေါင်းရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ သန်း ၄၀၀ လောက် ကုန်ကျမှာပါ။ ဒါက ကျွန်တော်တို့
မှန်းထားတာထက် တော်တော်လေးကို များပါတယ်။ဒါကြောင့် အခုထွက်ပေါ်လာတဲ့ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ ကျွန်တော်တို့ရဲ့ စီမံကိန်းကို အများဆုံးလက်ခံနိုင်တဲ့ကာလအထိ ငှားရမ်းလုပ်ကိုင်ခွင့်သက်တမ်းတိုးပေးဖို့ လျှောက်လွှာတင်ထားပါတယ်"ဟု ၎င်းက ဒီဇင်ဘာလ
၅ ရက်နေ့တွင် ပြောသည်။
အဆိုပြုထားသည့် သဘောတူညီမှုအရ အက်ဖ်အမ်အိုင်နှင့် ရိုးမတို့သည် အဆိုပါစီမံ ကိန်း
အတွက် အဓိက ရှယ်ယာရှင်များ ဖြစ်လာ မည် ဖြစ်သည်။ ငှားရမ်းလုပ်ကိုင်ခွင့် သက်တမ်း
ကာလနှင့် ပတ်သက်ပြီး မီးရထားဝန်ကြီးဌာန၏ သဘောတူ ခွင့်ပြုချက်ရလျှင်ရချင်း အမ်အိုင်စီ
သို့ လုပ်ငန်း ငှားရမ်းလုပ်ကိုင်ခွင့် သက်တမ်းအတွက် လျှောက်လွှာဆက်တင်သွားမည်ဟု
၎င်းက ပြောသည်။
မူလငှားရမ်းမှုကို ၂၀၁၂ ခုနှစ် အကုန် ပိုင်းတွင် အတည်ပြုပေးခဲ့သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု
ဥပဒေနှင့်အညီ ပြင်ဆင်ပေးရန် ရှေ့နေ ချုပ်ရုံးသို့လည်း လျှောက်ထားပြီး ဖြစ်သည်။
"အမ်အိုင်စီကတော့ သူ့ဆီရောက်လာတဲ့ ကိစ္စတွေကို အတည်ပြုပေးတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ အမ်အိုင်
စီကို တင်ဖို့အတွက် မီးရထားဝန်ကြီး ဌာနနဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်ရဖို့ လိုသလို
မြန်မာ့မီးရထားက လက်မှတ်ထိုးပေးထားတဲ့ အမ်အိုင်စီ လျှောက်လွှာအတွက် ထောက်ခံချက်
လည်း လိုပါတယ်" ဟု ၎င်းက ပြောကြားသည်။
"၀န်ကြီးသစ်က တာဝန်လွှဲပြောင်းယူတဲ့အခါဒီကိစ္စကို အစကနေ ပြန်ပြီးလေ့လာသုံးသပ်ရ
ပါတယ်။ ဒါက အချိန်ကုန်စေပါတယ်။ မြန်မာ့ မီးရထားက ထိပ်တန်းအာဏာပိုင်တွေကိုလည်း
အလားတူ အချိန်ကုန်စေပါတယ်။ ကျွန်တော်တို့ ဒါကိုသည်းခံပြီးတော့ စောင့်ဆိုင်းရုံပဲ ရှိပါ
တယ်" ဟု မစ္စတာပန်ပြောသည်။
"ဒီနေရာမှာ ဘာဆောက်မယ်ဆိုတာ လူတိုင်း သိပါတယ်။ ကန့်ကွက်တဲ့သူလည်း မရှိပါဘူး။
ဒါပေမဲ့ အမ်အိုင်စီရဲ့ ခွင့်ပြုချက်မရမချင်း ဆောက်လုပ်ရေးလုပ်ငန်းတွေကို စတင်ဖို့ပါမစ် လည်း
ရမှာမဟုတ်ပါဘူး" ဟု ၎င်းကဆိုသည်။
ယခုနှစ်အတွင်းတွင် ခွင့်ပြုချက်ရရန် အလား အလာသိပ်မရှိတော့သော်လည်း ၎င်းသည် နိုဝင်
ဘာလ ၂၂ ရက်နေ့တွင် ကျင်းပခဲ့သည့် အက်ဖ်အမ်အိုင် နှစ်ပတ်လည် အထွေထွေ အစည်း
အဝေးတွင် စီမံကိန်းအတွက် ခွင့်ပြုချက် ကျလာနိုင်မည်ဟု ၎င်း၏ မျှော်လင့်ချက်ကို ပြောကြား
ခဲ့သည်။
"ဒီစီမံကိန်းအတွက် သက်တမ်းတိုး ခွင့်ပြုချက် ရမှာပါလို့ အစိုးရက ကျွန်တော့်ကို အကြိမ်ကြိမ်
အခိုင်အမာပြောပါတယ်။ ဒါက လုပ်ရိုးလုပ်စဉ်ပါ။ ဒီစီမံကိန်းအတွက် ခွင့်ပြုချက်ချပေးဖို့ကိစ
္စ နှောင့်နှေးနေတာကို သတိပြုမိကြောင်းနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်အောင်လည်း ညွှန်ကြား
ချက်တွေ ပေးထားပါတယ်လို့ ပြီးခဲ့တဲ့ သုံးလေးရက်ကတောင် သမ္မတရုံးက ကျွန်တော့် ကို
ပြောလာပါတယ်" ဟု ၎င်းက ပြောသည်။
အဆိုပါ စီမံကိန်းမြေနေရာတွင် ငှားရမ်း လုပ်ကိုင်နေသည့် မီးရထားအပြည်ပြည်ဆိုင်ရာ ဟိုတယ်
၏ ရှယ်ယာအများစုပိုင် မူလ ရင်းနှီး မြှုပ်နှံသူ Nawarat Patanakarn Public Company နှင့်
အငြင်းပွားမှုကို ဖြေရှင်းပြီးမှသာ Landmark project စီမံကိန်းကို ရှေ့ဆက် ဆောင်ရွက်သွားနိုင်
မည် ဖြစ်သည်။
ရှယ်ယာ အနည်းစုပိုင် ဖက်စပ်လုပ်ငန်းရှင် အက်စ်ပီအေ နှင့် ထိုင်းကုမ္ပဏီကြားမှ ပြဿနာကို
၂၀၁၂ ခုနှစ်၊ ဩဂုတ်လတွင် 'မိတ်မပျက်စေသောနည်း' ဖြင့် ဖြေရှင်းပေးနိုင်ခဲ့ပြီး ၎င်း၏ အစိုးရ
အပေါ်တင်ရှိနေသည့် ကြွေးမြီများကိုလည်း အက်စ်ပ်ီအေ က ဖြေရှင်းပေးခဲ့ကြောင်း ၎င်းကပြော
သည်။
အဆိုပါကိစ္စဖြေရှင်းပေးပြီးနောက် သုံးလ အကြာ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မီးရထား ဌာန
အဆောက်အအုံ အသစ်ပြုပြင်ဆောက် လုပ်ခြင်း၊ Grand Mee Ya Hta Executive
Residences နှင့် အက်ဖ်အမ်အိုင်စင်တာ ဖြိုချ ခြင်း၊ အဆောက်အအုံသစ်လေးခု ဆောက်လုပ်ြ
ခင်းတို့ ပါဝင်သည့် Landmark project ကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ရိုးမ (Yoma)
က အသိပေး ကြေညာခဲ့သည်။
အဆိုပါစီမံကိန်းမှတစ်ခုဖြစ်သည့် မီရထားဌာန ဌာနချုပ်ဟောင်းကို ဏနညငည်ကူေ ဟိုတယ်
အဖြစ် ပြောင်းလဲမည့် စီမံကိန်းအတွက် ဟောင်ကောင်နှင့် ရှန်ဟိုင်းဟိုတယ်များ (HK&
Shanghai Hotels) တို့နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီချက်ကို ဧပြီလ
တွင် ရရှိခဲ့သည်။
အဆင့်မြင့် Peninsula Residences ကိုလည်း ရိုးမက စီမံ ဆောင်ရွက် သွားမည်ဖြစ်ပြီး စီးပွား
ရေးအရအသုံးပြုနိုင် သည့် ဟိုတယ်လည်ပတ်ရေးအတွက်မူ အမေ ရိကန်ကုမ္ပဏီ Starwood
Hotelsကို ရွေးချယ် ထားသည်။
ဆောက်လုပ်ရေး ကုမ္ပဏီများသည် Landmark စီမံကိန်းများ ငှားရမ်းမှုသက်တမ်းတိုးပေးရေး
အတွက် ဇန်န၀ါရီလကုန်ပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ထုတ်ပြန်ပြီး နောက်ပိုင်းတွင်
ချက်ချင်းနီးပါး လျှောက်လွှာ တင်သွင်းခဲ့ကြသည်ဟု မစ္စတာပန်က ပြော သည်။
သို့သော် ဇွန်လ ၁၆ ရက်နေ့တွင် နောက်ဆုံးအငှားသက်တမ်း (အရောင်းအ၀ယ် စာချုပ်သဘော
တူညီချက်အရ အငှားစာချုပ်သက်တမ်းတိုးရန် အက်စ်ပီအေ၏ နောက်ဆုံး အငှားစာချုပ်ရက်)
ကို ဇွန်လ ၃၀ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်သို့ နောက်ဆုတ်လိုက်ကြောင်း ရိုးမကကြေညာ
ခဲ့သည်။
ရိုးမသည် Landmark ဆောက်လုပ်ရေး စီမံကိန်းကို ပူးပေါင်းဆောင်ရွက်ရန် ဂျပန်နိုင်ငံ ၏
အိမ်ခြံမြေဆောက်လုပ်ရေးကဏ္ဍတွင် အကြီးဆုံး ကုမ္ပဏီဖြစ်သည့် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းနှင့်
မစ်ဆူဘီရှီအက်စ်တိတ်တို့ နှင့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး ပြီးဖြစ်ကြောင်း
အောက်တိုဘာလတွင် ကြေညာခဲ့သည်။
အဆိုပါစီမံကိန်းတွင် မစ်ဆူဘီရှီသည် ရှယ်ယာ အနည်းစုသာ ပါဝင်ဖွယ်ရာရှိပြီး အက်ဖ်အမ်
အိုင်နှင့် ရိုးမတို့က ရှယ်ယာအများစု ပါဝင်မည်ဖြစ်သည်။ ဆောက်လုပ်ရေးစီမံကိန်း ၏ ကုန်ကျ
စရိတ် ၅၀ ရာခိုင်နှုန်းခန့်ကို အစု ရှယ်ယာရှင်များ၏ ရှယ်ယာငွေများဖြင့် စုပေါင်းကျခံကြမည်ဖြစ်
ပြီး ကျန်ကုန်ကျစရိတ်များကို ချေးငွေဖြင့် ပေးချေမည်ဖြစ်သည်။ သို့သော် လက်ရှိငှားရမ်းမှုကို
သက်တမ်းတိုးပေးရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၏ ခွင့်ပြုချက်မရမချင်း ဟောင်ကောင်
နှင့် ရှန်ဟိုင်းဟိုတယ်များ၊ မစ်ဆူဘီရှီ၊ စတားဝုဒ်တို့ နှင့် ပြုလုပ်ထားသည့် သဘောတူညီချက်
များကို ရှေ့ဆက် ဆောင်ရွက်နိုင်မည် မဟုတ်ချေ။
ရိုးမကုမ္ပဏီကိုယ်တိုင်ပင် တရားဝင် စီးပွားဖက် မဖြစ်သေးချေ။ အကယ်၍ စီမံကိန်းရှေ့ဆက်
မဆောင်ရွက်နိုင်ပါက ရိုးမ၏ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည့် ကနဦးကုန်ကျစရိတ် များ
ကို အက်စ်ပီအေနှင့် မစ္စတာပန်တို့က ငွေစိုက် ထုတ်ပေးရန် သဘောတူပေးရမည် ဖြစ်သည်။
"တရားဝင်သတောတူညီချက်တွေနဲ့ စီမံကိန်း တွေ ရှေ့ဆက်မဆောင်ရွက်ခင်မှာ အမ်အိုင်စီ ရဲ့
နောက်ဆုံးခွင့်ပြုချက်ရဖို့ ကျွန်တော်တို့ စောင့်ဆိုင်းနေပါတယ်" ဟု ၎င်းက ပြောသည်။
အဆိုပါ စီမံကိန်းကြီးအတွက် တရားဝင် လျှောက်လွှာ မရောက်လာသေးကြောင်း ရင်းနှီးမြှုပ်နှံ
မှုကော်မရှင် (အမ်အိုင်စီ) အဖွဲ့ဝင် တစ်ဦးက ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောကြားသည်။
"ဒီစီမံကိန်းအတွက် ကုမ္ပဏီတွေနဲ့ အစိုးရ အဖွဲ့ ဆွေးနွေးညှိနှိုင်းနေသေးတယ်လို့ ကျွန်တော် တို့
ထင်ပါတယ်"ဟု အမ်အိုင်စီအဖွဲ့ဝင်နှင့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
ညွှန်ကြားရေးမှူး ဒေါ်ခင်အေးတင့်က ပြောသည်။
"တကယ်လို့ လျှောက်လွှာတစ်စောင်စောင်ရထားမယ်ဆိုရင် ဒီစီမံကိန်းကို ကော်မရှင်ရဲ့
လုပ်ထုံးလုပ်နည်းအရ စဉ်းစားသုံးသပ်ပေးဖို့ အဆင်သင့်ပါပဲ"ဟု ၎င်းက ပြောသည်။
အဆိုပါစီမံကိန်းကြီးသည် Yoma Strategic Holdings ၏ အနာဂတ် အလားအလာအတွက်
အရေးပါသည့် စီမံကိန်းကြီးတစ်ခုဖြစ်သည်။ ရိုးမ၏ ရှယ်ယာများသည် စင်ကာပူ စတော့
အိတ်ချိန်းတွင် ၎င်း၏ရောင်းအားအကောင်းဆုံးအချိန် ၂၀၁၂ ခုနှစ်အောက် ၂၅ ဆင့်ခန့်
ကျဆင်းသွားသည့် နှုန်းထားဖြစ်သည့် စင်ကာပူဒေါ်လာ သုည ဒသမ ၇၅ (ကန်ဒေါ်လာ
သုည ဒသမ ၆)ခန့် ရရှိနေသည်။
စီမံကိန်းမြေနေရာ ရရှိရေးအတွက် ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးသတ်မှတ်ရက် တွင်
အပြီးသတ် မဆောင်ရွက်နိုင်ခြင်းသည် ရှယ်ယာဈေးနှုန်းများကို ယာယီ ကျဆင်းကောင်း
ကျဆင်းစေနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများကိုလည်း ၎င်းတို့၏ ရင်းနှီးမြှပ်နှံမှုကို ရပ်ဆိုင်းထားရန်
ဖြစ်ကောင်း ဖြစ်စေမည်ဟု ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကုမ္ပဏီ၏အခြေ
အနေနှင့်ပတ်သက်၍ စင်ကာပူအခြေစိုက် အိုစီဘီစီ ရင်းနှီးမြှုပ်နှံမှုသုတေသနကုမ္ပဏီက
ခန့်မှန်းထားသည်။
အဆိုပါ စီမံကိန်းကို ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်း အပြောင်းအလဲဖြစ်စေသည့်အရာအဖြစ်
ဈေးကွက်သုတေ သနကုမ္ပဏီက သတ်မှတ်ထားသည်။
သောမတ်စ်ကင်း၊၊ဥာဏ်လင်းအောင်နှင့်၊တင်ရတနာထွန်း
ရှန်ဂရီလာက ဒုတိယမြောက်ဟိုတယ်အတွက် 'ကန်' ဒေါ်လာ ၁၁၅ သန်း ရင်းနှီးမြှုပ်နှံမည်
ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာဟိုတယ် လုပ်ငန်းစုမှ ရန်ကုန်မြို့ ကန်တော်ကြီး နံဘေး
တွင်ဖွင့်လှစ်မည့် ကြယ်ငါးပွင့်အဆင့်ရှိ ဒုတိယမြောက် Lakeside Shangri -La ဟိုတယ် စီမံ
ကိန်းအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၁၅ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဟု အဆိုပါ
လုပ်ငန်းစုဒါရိုက်တာက ပြောသည်။
"အခန်းပေါင်း ၃၅၀ ပါဝင်မယ့် ဒီဟိုတယ်စီမံကိန်းအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၁၅
သန်း ရင်းနှီးမြှုပ်နှံသွားမှာပါ" ဟု Shangri-La Yangon Co., Ltd မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ
Madam Kuok Koon Kwong က ပြောသည်။
Lakeside Shangri-La ဟိုတယ်ဟု အမည် ရသည့် အဆိုပါဟိုတယ် ပန္နက်တင်ပွဲအခမ်းအနား
ကို ယခုလ ၈ ရက်နေ့က ကျင်းပခဲ့ သည်။ ဟိုတယ်၏ တည်ဆောက်ရေး လုပ်ငန်း များကို
လာမည့်သုံးနှစ်အတွင်း ပြီးစီးရန်လျာထား ပြီး ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထား
ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ဟိုတယ်တွင် စားသောက်ဆိုင် သုံးဆိုင်၊ အဖျော်ယမကာဆိုင် နှစ်ဆိုင်နှင့် အစည်းအဝေး
ခန်းမ၊ ကျန်းမာရေးကလပ်များ နှင့် ပြင်ပရေကူးကန်တို့ ပါဝင်မည်ဖြစ်သည်။
"Shangri-La Residences ရဲ့ လူနေ တိုက်ခန်းတွေ၊ ရုံးခန်းတွေ၊ လက်လီဆိုင်တွေ ပါဝင်တဲ့
တာဝါနှစ်ခုကို ၁၉၉၄ ၉၅ မှာ ဆောက်လုပ်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ကြန့်ကြာသွား
ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ပြန်လည်ဆောက်လုပ်နိုင်ခဲ့ပြီး ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ အခု
ဟိုတယ်က ဒုတိယအဆင့်ပါ" ဟု Madam Kuok Koon Kwong က ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် ကလည်း
မြန်မာနိုင်ငံသို့ ခရီးသွားအများ အပြားဝင်ရောက်လာနေသည့်အတွက် အခန်း လိုအပ်ချိန်တွင်
ပေါ်ထွက်လာမည့် Lakeside Shangri-La ဟိုတယ်အတွက် ရင်းနှီးမြှုပ်နှံမှုမှာ အကျိုးရှိမည်ဟု
ယုံကြည်ကြောင်း ပြောသည်။
"၂၀၁၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ အ၀န်း လူသိများလာပြီး ခရီးသွားဧည့်သည်တွေ
လည်း အများအပြားလာရောက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှာ ဧည့်သည် ၀င်ရောက်
လာနှုန်းဟာ ၈၂ ရာခိုင်နှုန်း တိုးတက်လာပြီဖြစ်ပါတယ်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ
ဖြစ်တဲ့ Emerald Rose Garden Hotel နဲ့ Center Point Tower တွေအပြင် ပြည်တွင်းရင်းနှီး
မြှုပ်နှံမှုတွေဖြစ်တဲ့ Emerald Taw Win Garden နဲ့ Novotel အစရှိတဲ့ ဟိုတယ်တွေဟာလည်း
၂၀၁၄ ခုနှစ် ပထမလေးလမှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်" ဟု ၀န်ကြီးက ပြောသည်။
ရန်ကုန်မြို့တွင် ဟိုတယ်နှင့် တည်းခိုခန်းပေါင်း ၂၀၀ ကျော်ရှိပြီး အခန်းပေါင်း ၉,၀၀၀ ရှိသော်
လည်း ကမ္ဘာလှည့် ခရီးသွားများ အများအပြား ၀င်ရောက်လာသည်နှင့်အမျှ အခန်းလိုအပ်ချက်
မှာ ရှိနေဆဲဖြစ်သည်။
ကိုကာကိုလာ စက်ရုံနှစ်ရုံဖြင့် မြန်မာပြည်ဈေးကွက်အတွက် လုံလောက်မှု မရှိ၍ စက်ရုံအသစ်များ ထပ်မံတည်ဆောက်သွားမည်
မြန်မာပြည် ဈေးကွက်အတွင်း ကိုကာကိုလာ စက်ရုံနှစ်ရုံဖြင့် လုံလောက်မှုမရှိ၍ ဈေးကွက်လိုအပ်ချက်အတိုင်း စက်ရုံအသစ်များ ထပ်မံတည်ဆောက်သွားရန် အစီအစဉ် ရှိကြောင်း ကိုကာကိုလာ မြန်မာမှ အုပ်ချုပ်မှု ဒါရိုက်တာ ရီဟန်ခမ်းက ပြောကြားသည်။
''တစ်နိုင်ငံလုံး ဈေးကွက်ကို လွှမ်းခြုံနိုင်ဖို့အတွက် စက်ရုံနှစ်ရုံနဲ့ မလုံလောက်နိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ မန္တလေးဝန်းကျင် ဒေသတွေနဲ့ မြန်မာနိုင်ငံရဲ့ အထက်ပိုင်း ဒေသတွေမှာလည်း တိုးချဲ့ဖို့ရှိပါတယ်'' ဟု ရီဟန်ခမ်းက ပြောကြားသည်။
ကိုကာကိုလာ ကုမ္ပဏီသည် ပြည်တွင်း၌ ကိုကာကိုလာ အချိုရည်ဘူး ထုတ်လုပ်ရေးလိုင်းများ၊ အခြေခံအဆောက်အအုံများနှင့် အအေးစက် အသစ်များကို ရေရှည်ရင်းနှီး မြှုပ်နှံရန်အတွက် တည်ဆောက်ထားပြီး ဖြစ်ကြောင်းနှင့် လက်ရှိတွင်ကို ကာကိုလာနှင့် Sprite အစရှိသော အချိုရည်များ ထုတ်လုပ်လျက်ရှိသည်။
ယခုနှစ် အစောပိုင်း၌ ကိုကာကိုလာ ထုတ်လုပ်သော စက်ရုံများတွင် ပြည်တွင်း အချိုရည် ကုမ္ပဏီ ပင်းယဖြင့် ပူးပေါင်းလုပ်ကိုင်သော မှော်ဘီစက်ရုံနှင့် လှိုင်သာယာ စက်ရုံနှစ်ခု တည်ဆောက်ထားပြီး ဖြစ်ကြောင်း သိရသည်။
ကိုကာကိုလာ ကုမ္ပဏီသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် နိုင်ငံပေါင်း ၂၀၀ ကျော်တွင် တစ်နေ့လျှင် သောက်သုံးမှု ပျမ်းမျှ ၁ ဒသမ ၈ ဘီလျံအထိ ထုတ်လုပ်ဖြန့်ချိ လျက်ရှိကြောင်း သိရသည်။
ကိုကာကိုလာမှ ထုတ်လုပ်လျက်ရှိ သော ထုတ်ကုန်များတွင် Diet Coke, Fan-ta, Sprite, Coca Cola Zero, Vitaminwater, Powerade, Minute Maid, Simply, Georgia နှင့် Del Valle တို့ပါဝင်ကြောင်း သိရသည်။
ကိုကာကိုလာ ကုမ္ပဏီသည် ပြည်တွင်း၌ ၎င်း၏ ထုတ်ကုန်များကို ၂၀၁၃ ခုနှစ် ဇူလိုင်လမှ စတင်၍ တရားဝင် ဖြန့်ချိ လုပ်ကိုင်ခဲ့သည်။ ထိုကဲ့သို့ ပြည်တွင်းသို့ ၀င်ရောက်လာခြင်းသည် ဒုတိယအကြိမ် ပြန်လည်ဝင်ရောက် လာခြင်းဖြစ်ပြီး နှစ် ၆၀ ကျော် ကြာမှ တရားဝင်ပြန်လည် ၀င်ရောက်လာခြင်း ဖြစ်ကြောင်းသိရသည်။
လယ်တစ်ဧက ကျပ်သိန်း ၇၀ ဖြင့် ယာယီသဘောတူ
သီလ၀ါဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းအတွင်းပါဝင်သည့် လယ်ယာမြေများအတွက် လျော်ကြေး ငွေကို တစ်ဧကလျှင် ကျပ်သိန်း ၇၀ ပေးရန် နှစ်ဖက် ညှိနှိုင်းဆုံးဖြတ်ခဲ့သည်ဟု လယ်သမားများက မဇ္ဈိမ ကို ဒီဇင်ဘာ ၁၁ ရက်တွင် ပြောသည်။
ဆိပ်ကမ်းအာဏာပိုင်မှ လယ်ယာမြေတစ်ဧကလျှင် ကျပ်သိန်း ၆၀ ပေးလျော်ရန် ဈေးစတင်ဖွင့်ပေးပြီး လယ်သမားများက ကျပ်သိန်းနှစ်ရာအထိ ပေးရန် တောင်းဆိုခဲ့သော်လည်း ကျပ်သိန်း ၇၀ နောက်ဆုံး သတ်မှတ်ခဲ့သည်။
“တစ်ဧက သိန်း ၇၀ ဆို မကျေနပ်စမရာ မရှိပါဘူး”ဟု ရွှေပြည်သာရပ်ကွက်မှ မြေသိမ်းခံ လယ်သမား ဦး ဇော်မင်းလှိုင်က ဆိုသည်။ သို့သော် ယခုဈေးနှုန်းထက် ထပ်လျော့ရန် အစိုးရဘက်မှ တောင်းဆိုပါက လက်ခံမည်မဟုတ်ဟုလည်း တောင်သူများက ပြောသည်။
“အဲဒီလိုလျှော့ခိုင်းမယ်ဆိုရင်တော့ လယ်သမားတွေကလည်း လာပြီး ညှိနှိုင်းတော့မှာမဟုက်ဘူး၊ ကိုယ် စားလှယ်တွေလည်း လာစရာမလိုတော့ဘူး”ဟု ဦးဇော်မင်းလှိုင်က ပြောသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တာဝန်ယူ တည်ဆောက်မည့် သီလ၀ါဆိပ်ကမ်းတည်ဆောက်ရေး စီမံ ကိန်းအတွင်းရှိ လယ်ယာမြေများအတွက် လျော်ကြေးငွေ ပေးနိုင်ရန် ဒီဇင်ဘာလ ၁၁ ရက်က မြန်မာ့ဆိပ် ကမ်းအာဏာပိုင်ရုံးတွင် အသိမ်းခံလယ်သမားများနှင့် တတိယအကြိမ်မြောက် တွေ့ဆုံညှိနှိုင်းပွဲတွင် ယ ခုကဲ့သို့ နှစ်ဖက် သဘောတူညီခဲ့ခြင်း ဖြစ်သည်။
“ပေးလျော်မယ့်အချိန်ကိုတော့ မပြောသေးဘူး၊ စီမံကိန်းကို ချက်ချင်း စလုပ်ချင်တာကြောင့် မြန်မြန်ပေး လျော်မယ်လို့ထင်တယ်” လယ်သမားခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အနေဖြင့် ယခုညှိနှိုင်းမှုရလဒ်များကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြ ပြီး အတည်ပြုချက်ရပါက ပြန်လည်အကြောင်းကြားမည်ဟု ပြောကြားခဲ့ကြောင်း လယ်သမားများက ဆို သည်။
“သီးနှံလျော်ကြေးလည်း မပါဘူး၊ အိမ်ဖိုးလည်း မပါဘူး၊ လယ်ဧကရှိသလောက်ရမယ်”ဟု လယ်သမား ခေါင်းဆောင် ဦးတင်အုန်းက ပြောသည်။
အစိုးရအနေဖြင့် လျော်ကြေးငွေများကို တစ်ကြိမ်ထဲပေးလျော်မည်ဖြစ်သော်လည်း ကျူးကျော်ဝင်ရောက် နေထိုင်သူများနှင့် လယ်ယာလုပ်ငန်းခွင်အတွင်း မှီခိုလုပ်ကိုင်နေသော လက်လုပ်လက်စား၊ လယ်စားရင်း ငှားသမားများအတွက် လျော်ကြေးပေးမည်မဟုတ်ကြောင်း ဆိပ်ကမ်းအာဏာပိုင်များက ပြောသည်ဟု လယ်သမားများက ပြောသည်။
လက်ရှိပေးလျော်မှုတွင် လယ်သမားစုစုပေါင်း ၁၈ ဦးရှိကာ လယ်မြေဧက ၁၀၈ ဧကအထိ ပေးလျော်ရ မည်ဖြစ်ပြီး ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းစတင်မည့် အကွက်အမှတ် ၂၅၊ ၂၆နှင့် ၃၀ ရှိ လယ်ယာ မြေများသာ ပေးလျော်သွားမည်ဖြစ်သည်။
မြန်မာဆိပ်ကမ်းအာဏာပိုင်က သီလ၀ါဆိပ်ကမ်းတည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ် လာ ၂၀၅ သန်း ချေးငွေရယူပြီး တည်ဆောက်သွားမည်ဖြစ်သည်။
Mizzima
အဆောက်အအုံ ဆောက်လုပ်ခွင့် ဇန်နဝါရီမှစ၍ Online ဖြင့်လျှောက်ထားခွင့်ပြုမည်
ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်းရှိ အဆောက်အအုံ ဆောက်လုပ်ခွင့်များကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှစ၍ အွန်လိုင်းမှ လျှောက်ထားခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သိရသည်။ “လျှောက်ထားရမယ့် ပုံစံကို မသိရင် မြို့နယ်စည်ပင် ရုံးတွေကနေတစ်ဆင့် အွန်လိုင်းနဲ့ လျှောက်ထားပေးခိုင်းလို့ ရတယ်။ အရင်ကလို အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားတဲ့အခါ အွန်လိုင်း ဝန်ဆောင်မှုနဲ့ဆိုတော့ အချိန်မကြာတော့ပါဘူး” ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အွန်လိုင်းမှ အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားမှုအပြင် အဆောက်အအုံ ပြီးစီးကြောင်း သက်သေခံလက်မှတ် လျှောက်ထားခြင်းကို အွန်လိုင်းမှ တစ်ရက်အတွင်း အပြီးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ယင်းအပြင် စည်ပင်၏ မြေစီမံမှုဆိုင်ရာ အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းများကို မြို့နယ် ၁၂ မြို့၌ ဆောင်ရွက်ပေးလျက်ရှိပြီး မကြာမီ ကာလအတွင်း မြို့နယ်များ တိုးချဲ့ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း ထပ်မံသိရသည်။ မြေအမည်ပေါက် ကိုယ်တိုင်က မြေပုံကူးခြင်းနှင့် တိုင်းတာခြင်း လုပ်ငန်းများကို နိုဝင်ဘာ (၁) ရက်နေ့မှစ၍ အွန်လိုင်းမှ လျှောက်ထားခွင့်ပြုပေးခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် မြေပုံကူးဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော အဆောက်အအုံဆောက်ရန် မြေပုံကူးခြင်း၊ အဆောက်အအုံ အကြီးစားပြင်ဆင်ခွင့် မြေပုံကူးခြင်း၊ ဘဏ်ချေးငွေ အတွက် မြေပုံကူးခြင်း၊ ခြံစည်းရိုးကာရန်၊ အဝီစိတွင်းတူးရန်နှင့် မှတ်တမ်းထားရှိရန် မြေပုံကူးခြင်း လုပ်ငန်းများကို လက်ရှိတွင် ရှေးဦးစီမံချက်အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
ပြည်လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် ဈေးဆိုင်မပေးရ နယ်မြေများ သတ်မှတ်
ရန်ကုန်မြို့ရဲ့ အဓိက လမ်းမကြီးတွေဖြစ်တဲ့ ပြည်လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းပေါ်မှာ (ခြံပေါက်ဆိုင်မပေးရ နယ်မြေ) ခြံစည်းရိုးကိုဖျက်ပြီး ဈေးဆိုင်မဆောက်ရ နယ်မြေတွေ သတ်မှတ်ပေးထားတယ်လို့ ရန်ကုန်မြို့ရဲ့ မြို့နယ်အလိုက် အဆိုပြု မြို့ပြမြေအသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ အများပြည်သူ ဆွေးနွေးပွဲမှ သိရပါတယ်။ ရန်ကုန်မြို့ရဲ့ အရှေ့နဲ့ အနောက် ဆက်သွယ်ထားတဲ့ ကမ္ဘာအေး ဘုရားလမ်းပေါ်က နဝဒေးဂျန်းရှင်းကနေ ပါရမီအထိ လမ်းရဲ့အနောက်ဘက်ခြမ်းကို ခြံစည်းရိုးကိုဖျက်ပြီး ဈေးဆိုင်မဆောက်ရတဲ့ နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။ ရန်ကုန်မြို့ရဲ့ တောင်နဲ့ မြောက်ကို ဆက်သွယ်ထားတဲ့ ပြည်လမ်းမကြီးပေါ်က အလုံလမ်းမှ ဓမ္မစေတီလမ်း၊ ဟံသာဝတီအဝိုင်းမှ လှည်းတန်းလမ်းဆုံ (တက္ကသိုလ်ဝင်း)၊ လှည်းတန်းလမ်းဆုံမှ အင်းလျားလမ်း (တက္ကသိုလ်ဝင်း)အထိ အရှေ့ဘက်ခြမ်းကို ခြံစည်းရိုးကိုဖျက်ပြီး ဈေးဆိုင်ဆောက်ခွင့် မပေးဘူးလို့ ဆိုပါတယ်။ ပြည်လမ်းမပေါ်က ဓမ္မစေတီလမ်းမှ ဗားကရာလမ်းအထိ ပုဒ္ဒမာကွင်း နေရာကိုလည်း ခြံစည်းရိုးကိုဖျက်ပြီး ဈေးဆိုင်ဆောက်ခွင့် မပေးဘူးလို့ သိရပါတယ်။ မြို့ပြမြေ အသုံးချမှုဇုန်များ သတ်မှတ်ရတာက ရန်ကုန်မြို့ကို ရေရှည်တည်တံ့ဖွံ့ဖြိုးဖို့၊ မြို့နေလူထု လူမှုဘဝ ပတ်ဝန်းကျင် တင့်တယ်ဖို့၊ မြို့ပြဆောင်တာများ ဟန်ချက်ညီညီ လည်ပတ်နိုင်ဖို့နဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားမှုကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ ဖြစ်ပါတယ်။ ခြံစည်းရိုးကိုဖျက်ပြီး ဈေးဆိုင်ဆောက်ခွင့် မပေးတဲ့ နေရာသတ်မှတ်တာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေကို ချပြဆွေးနွေးခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
Subscribe to:
Posts (Atom)


