ရန်ကုန်အတွက် အိမ် ခြံ မြေ စံသတ်မှတ်နှုန်း အသစ်ပြင်ဆင်

ရန်ကုန်မြို့တွင် မြေတစ် ပေပတ်လည်အပေါ် အရောင်းအ ၀ယ်ပြုလုပ်ရမည့် အိမ်ခြံမြေစံ နှုန်းသတ်မှတ်ချက်နှုန်းထားကို အသစ်ပြန်လည်ပြင်ဆင်ထားပြီး ယခုနှစ် အောက်တိုဘာတွင် ပြန်လည်အတည်ပြု သတ်မှတ် ပေးသွားမည်ဖြစ်ကြောင်း အိမ်ခြံ မြေကာလတန်ဖိုးစိစစ်သတ်မှတ် ရေးအဖွဲ့မှ ဦးကျော်ကျော်ကပြော သည်။

‘‘အိမ်ခြံမြေဈေးနှုန်းတွေက အမြဲပြောင်းလဲနေလို့ ကျွန်တော် တို့က ပြန်လည်ပြင်ဆင်သတ် မှတ်ပေးရတော့မှာဖြစ်ပါတယ်’’ ဟု ဦးကျော်ကျော်ကဆိုသည်။

၂၀၁၃ အောက်တိုဘာက သတ်မှတ်ထားသည့် နှုန်းထား အသစ်များကို ပြင်ဆင်ခြင်းဖြစ်ပြီး စံနှုန်းအသစ်တွင် ဈေးနှုန်းလျှော့ ချထားခြင်းနှင့် တိုးမြှင့်ထားခြင်း ကို လတ်တလောထုတ်ဖော်ပြော ဆိုသွားမည်မဟုတ်ကြောင်း ၎င်း ကပြောသည်။

ပြန်လည်ပြင်ဆင်ရေးဆွဲမည့် နှုန်းထားသစ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားပြီး လိုအပ်သည်များကို ထပ်မံဖြည့်စွက်ကာ ဗဟို အစိုးရသို့ ဆက်လက်တင်ပြပြီး ပါက အသစ်ပြန်လည်သတ်မှတ် ပေးမည်ဖြစ်ကြောင်း ဦးကျော် ကျော်က ရှင်းပြသည်။

စံနှုန်း သတ်မှတ်ချက်များ မည်သည့်အချိန်တွင် အသစ်ပြန် လည်သတ်မှတ်ပေးမည်ကို မသိရှိ ရသေးကြောင်း အိမ်ခြံမြေလော ကတွင် အရောင်းအ၀ယ်အေးနေ ကြောင်း စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုးဆောင်မှ မန်နေဂျင်းဒါ ရိုက်တာ ဦးစိုင်းခွန်နောင်ကဆို သည်။ ရာဖြတ်တန်ဖိုးများ လက်ရှိ အနေအထားအရ နည်းပါးနေ ခြင်းကြောင့် ဌာနက မူလတန်ဖိုး ထက်တိုးမြှင့်ပြီး ရေးဆွဲထား သည်ဟု ကြားသိရကြောင်း ၎င်း ကဆက်လက်ပြောသည်။

‘‘ဌာနတွင်းမှာ ရာဖြတ်တွေ အသစ် ပြန်ဆွဲနေတာရယ်၊ ၀ါတွင်းကာလကြောင့်ရယ်၊ အ ရောင်းအ၀ယ်ကတော့ ဈေးကွက် ထဲ တော်တော်အေးနေတယ်’’ဟု ဦးစိုင်းခွန်နောင်ကပြောသည်။

မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းမြင့်တက်နေခြင်းကို အစိုးရက ထိန်းချုပ်ရန် မြို့နယ် နှင့် လမ်းများအလိုက်တစ်ပေ ပတ်လည်အပေါ် အရောင်းအ၀ယ်ပြုလုပ်ရန် စံနှုန်းများ သတ် မှတ်လိုက်ပြီး ယခု လာမည့် အောက်တိုဘာလ တစ်နှစ်ပြည့် မြောက်ချိန်တွင် နှုန်းထားအသစ် ပြင်ဆင်သတ်မှတ်ရန် ဌာနက စီစဉ်နေခြင်းဖြစ်သည်။

7 Day



အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်