၂၀၀၅ ခုနှစ်ကတည်းက မီးလောင်ခဲ့သော လှိုင် ၁၃ ရပ်ကွက် မီးလောင်ပြင်နေရာ၌ အများပြည်သူနှင့်သက်ဆိုင်သည့် စီမံကိန်းတစ်ခု အကောင်အထည်ဖော်မည်
၂၀၀၅ ခုနှစ်ကတည်းက မီးလောင်ခဲ့သော ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ လှိုင် ၁၃ ရပ်ကွက် မီးလောင်ပြင်နေရာ၌ အများပြည်သူနှင့်သက်ဆိုင်သော စီမံကိန်းတစ်ခု အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
လှိုင် ၁၃ ရပ်ကွက် အိမ်ခြေ ၁၅၅၇ လုံး မီးလောင်ပျက်စီးခြင်းကြောင့် မြေကွက်လပ်ကြီးဖြစ်ကာ မူလက ယင်းနေရာအား အားကစားကွင်းလုပ်ခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းအာကစားကွင်းအဖြစ် ဆက်လက်အသုံးပြုခြင်း မရှိတော့ဘဲ ရှစ်နှစ်ကျော်ကြာမြင့်သည်အထိ မြေနေရာမှာ ရေများဝပ်၍ ရေအိုင်ကြီးသာ ဖြစ်နေခဲ့ကြောင်း၊ ထို့ကြောင့် ယခုမြေများဖို့ကာ မြေအသုံးပြု၍ရအောင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စတင်ပြုလုပ်နေပြီး မည်သည့်စီမံကိန်းကြီး ပြုလုပ်မည်ဆိုသည်ကိုမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် အစည်းအဝေးမှတစ်ဆင့် ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“လှိုင် ၁၃ ရပ်ကွက် မီးလောင်ပြင်နေရာက ဘာမှအသုံးမပြုတဲ့အတွက် ရေအိုင်ကြီးဖြစ်နေတာပါ။ အဲဒါကို အရင်ဆုံး မြေအသုံးပြုလို့ရအောင် ပြုပြင်မှုတွေ လုပ်နေပါတယ်။ ပြုပြင်မှုတွေလုပ်ပြီးမှ ဒါကို ကော်မတီ အစည်းအဝေးမှာ တင်ပြပြီး ဘာစီမံကိန်း လုပ်မယ်ဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့စီမံကိန်းပဲ လုပ်မှာပါ။ အများပြည်သူအတွက်ပဲ အသုံးချသွားမှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
လှိုင် ၁၃ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက “၂၀၀၅ မီးလောင်ခဲ့တုန်းကလည်း ကံကောင်းလို့ မီးထဲပါမသွားခဲ့တာပါ။ မီးလောင်ပြင်ကြီးကလည်း ရေအိုင်ကြီးအဖြစ်နဲ့ပဲ ရှိခဲ့တာကြာပါပြီ။ အခုတော့ အဲဒီနေရာမှာ မြေဖို့နေတာကို တွေ့ရတယ်။ ဒီလိုမီးလောင်ပြင်နေရာကို အများပြည်သူအတွက် အကျိုးရှိတဲ့နေရာအဖြစ် အသုံးချပေးမယ်ဆိုရင်တော့ ကောင်းတဲ့သတင်းပါ” ဟု ပြောကြားသည်။
လှိုင် ၁၃ ရပ်ကွက်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ပေါ့ဆမီးမှတစ်ဆင့် မီးလောင်ခဲ့ရခြင်းဖြစ်ပြီး အိမ်ခြေ ၁၅၅၇ လုံးမီးလောင်ခဲ့ရကာ လူဦးရေ ၆၇၅၀ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ရကြောင်း ယင်းအချိန်က ထုတ်ပြန်ခဲ့မှုအရ သိရသည်။
EMG
ဒူဘိုင်းမှာ တိုက်ခန်းတစ်ခန်းဝယ်လျှင် လမ်ဘော်ဂီနီတစ်စီး လက်ဆောင်ပေး
အမေရိကန်ဒေါ်လာ ၄၄၅ç၃၀၀ ခန့် ဈေးသတ်မှတ်ထားသော လမ်ဘော်ဂီနီအဗန်တာဒို ပြိုင်ကားသည် လူအများစုအတွက် ၀ယ်ယူရန် စိတ် မကူးရဲသည့် နှုန်းထားတစ်ခုဖြစ်သည်။သို့သော်အဆိုပါလမ်ဘော်ဂီနီကို ဒူ ဘိုင်းတွင် လက်ဆောင်ရရှိနိုင်သည် ဟု ဆိုသည်။
လမ်ဘော်ဂီနီ အဗန်တာဒို ကား သစ်တစ်စီး ရရန် ဒူဘိုင်းရှိ အကြီးဆုံး ဈေးဝယ်စင်တာနှင့် နီးသည့် နေရာ တွင် အမေရိကန် ဒေါ်လာ ၂ သန်းမှ ဈေးစတင်သတ်မှတ်ထားသော ဒါ မက်မေဆင်အထပ်မြင့်တိုက်ခန်းတစ် ခန်းကို ၀ယ်ယူရမည်ဖြစ်သည်။
ဒါမက်မေဆင်က အထပ်မြင့် တိုက်ခန်း တစ်ခန်း ၀ယ်ယူသူတိုင်း ကို ၂၀၁၄ မော်ဒယ်လ် လမ်ဘော်ဂီနီ အဗန်တာဒိုတစ်စီးလက်ဆောင်ပေးမှာ ဖြစ်ပါတယ် ဟု တိုက်ခန်းရောင်းချ သည့် ကုမ္ပဏီမှ ပြောခွင့်ရသူတစ်ဦးက ဆိုသည်။ ထို့ပြင် ၀ယ်ယူသည့် တိုက် ခန်း အရွယ်အစားပေါ် မူတည်၍ ဘီ အမ်ဒဗလျူ သို့မဟုတ် မီနီ ကူးပါး ကားသစ်တစ်စီးကို လက်ဆောင်ရယူ နိုင်သေးသည်ဟု ၎င်းင်းက ရှင်းပြသည်။
Damac Maison,The Du bai Mall Street သည် အဆင့်မြင့် ဟိုတယ်တွဲလျက် တိုက်ခန်းဆောက် လုပ်ရေး စီမံကိန်းတစ်ခုဖြစ်ပြီး အ ဆောက်အအုံဒီဇိုင်းအတွက် ဂျာမန် ဗိ သုကာ Koschany & Zimmer က တာဝန်ယူသည်။
လမ်ဘော်ဂီနီသည် တံခါးနှစ် ပေါက်မူကွဲမော်ဒယ်လ်သစ်ဈေးကွက် ထဲရောက်ရှိပြီး လအနည်းငယ် အကြာ တွင် ထူးခြားလှပသော အဗန်တာဒို ပြိုင်ကားသစ်ကို မိတ်ဆက်ပြသခဲ့ သည်။ ခေါက်သိမ်းနိုင်သည့်အမိုးနှင့် ဆန်းသစ်စွာ ထုဆစ်ထားသော ရှေ့ ဘက်ရုပ်ထွက်မှအပ ကား၏ ကျောရိုး တလျှောက်လုံးနှင့် ဆဌဂံပုံ ပြတင်း ပေါက်၊ ဘေးဘက်ဖောင်းလိုင်း တို့ သည် တံခါးနှစ်ပေါက် ကူးပေး ကား များအတိုင်းဖြစ်သည်။၆ ဒသမ ၅ လီ တာ V 12 အင်ဂျင် လေးဘီးယက် ပြိုင် ကားအမျိုးအစားဖြစ်ကာ တစ်မိနစ် အင်ဂျင်လည်နှုန်း ၈ç၂၅၀ rpm တွင် ထွက်ရှိသည့် မြင်းကောင်ရေက ၇၀၀ ဖြစ်သည်။၅ç၅၀၀ rpm တွင် ရုန်းအား ၅၀၉ ပေါင်-ပေ ကို ရရှိသည်။ သုည မိုင်မှ တစ်နာရီ မိုင် ၆၀ နှုန်းကို ၃ စက္ကန့်အတွင်း အရှိန်တင်နိုင်ပြီး အ မြင့်ဆုံး အရှိန်နှုန်းမှာ တစ်နာရီ ၂၁၇ မိုင်နှုန်းဖြစ်သည်။ စူပါပြိုင်ကား၏ဈေးနှုန်း ဒေါ်လာ ၄၄၅ç၃၀၀ တွင် ဆီ စားကြီး၍ ကောက်ခံသည့် အခွန်ငွေ အမေရိကန်ဒေါ်လာ ၃ç၇၀၀ ပါဝင်ပြီး ဖြစ်သည်ဟု သိရသည်။
Automobile
၂၀၁၅ ခုနှစ် စတော့အိတ်ချိန်း ပေါ်ပေါက်ပြီးမှ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းစေရန် လုပ်ဆောင်ပါက ငွေကြေးဈေးကွက်တွင် ကမောက်ကမ များစွာဖြစ်ပေါ်လာနိုင်
၂၀၁၅ ခုနှစ်၊ စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်ပြီးမှ မြန်မာနိုင်ငံ၏ အဆမတန် ကြီးမြင့်နေသော အိမ်ခြံမြေဈေးနှုန်းများကို ကျဆင်းစေရန် လုပ်ဆောင်ပါက မြန်မာ့ငွေကြေး ဈေးကွက်တွင် ကမောက်ကမများစွာ ဖြစ်ပေါ်လာနိုင်ကြောင်း စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းမှ သုံးသပ်ချက်များအရ သိရသည်။
“အစိုးရအနေနဲ့ အိမ်ခြံမြေဈေးကို ချချင်ရင် စတော့အိတ်ချိန်း မပေါ်ပေါက်မီ ချမှဖြစ်မယ်။ စတော့အိတ်ချိန်း ပေါ်ပေါက်ပြီးမှ ချမယ်ဆိုရင် စတော့ဈေးကွက်တောင် ပြိုလဲသွားနိုင်တဲ့အထိ ငွေကြေးကမောက်ကမ ဖြစ်နိုင်တယ်။ ဒီတော့ ၂၀၁၅ ခုနှစ်မတိုင်မီ လက်ရှိအစိုးရ သက်တမ်းအတွင်းမှာပဲ အိမ်ခြံမြေဈေးနှုန်းတွေကိုချမှ အဆင်ပြေပါလိမ့်မယ်” ဟု စီးပွားရေးလေ့လာသူ တစ်ဦးက သုံးသပ်ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံ၊ မြို့ကြီးများတွင် ဖြစ်ပေါ်နေသော မြေဈေးနှုန်းများမှာ အခြားဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာကြီးမြင့်လျက် ရှိနေပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများ အခက်တွေ့လျက်ရှိသည်။
စီးပွားရေးမြို့တော် ရန်ကုန်မြို့အတွင်း ရုံးခန်းငှားရမ်းခမှာ အခြေခံအဆောက်အအုံများ ပြည့်စုံပြီးဖြစ်သည့် အမေရိကန်နိုင်ငံ မန်ဟက်တန်ထက်ပင် ဈေးကြီးမြင့်လျက်ရှိကြောင်း နိုင်ငံတကာ သတင်းဆောင်းပါးများတွင် ဖော်ပြမှုများ ရှိနေသည်။
“အားကောင်းမောင်းသန် စတော့ဈေးကွက် ဖြစ်လာဖို့ဆိုရင် လက်ရှိဖွံ့ဖြိုးဆဲ နိုင်ငံတွေထက် ကြီးနေတဲ့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက် ကျသွားအောင် လုပ်ဖို့လိုတယ်။ ငွေကြေးဖောင်းပွမှုနှုန်းကို ငါးရာခိုင်နှုန်းအောက် ထိန်းထားနိုင်ဖို့လိုတယ်။ ဈေးကွက်စီးပွားရေးစနစ် ပီပြင်လာအောင် လုပ်ဖို့လိုသလို အခွန်စနစ် ပီပြင်အောင်လုပ်ဖို့လည်း လိုပါတယ်။ သီအိုရီအရ ဆိုရင်တော့ စတော့ဈေးကွက်နဲ့ အိမ်ခြံမြေဈေးနှုန်းက တိုက်ရိုက်ဆက်စပ်မှု ရှိပါတယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။
၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ၀င်ငွေဖော်ပြရန်မလိုဘဲ အခွန်ကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချထားခဲ့ခြင်းကြောင့် ငွေကြေးခ၀ါချလိုသူများ၊ အခွန်ရှောင်လိုသူများ၊ ၀င်ငွေရလမ်း မဖော်ပြလိုသူများက အိမ်ခြံမြေဈေးကွက်ထဲသို့ အလုံးအရင်းနှင့် ၀င်ရောက်မြှုပ်နှံခဲ့ကြသည်။
၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် အိမ်ခြံမြေ အခွန်များကို ၃၇ ရာခိုင်နှုန်းအတိုင်း ထားရှိသွားမည်ဟု ကြေညာချက်ထုတ်ခဲ့သလို အောက်တိုဘာမှစတင်ကာ ရန်ကုန်တိုင်းအတွင်း အိမ်ခြံမြေ တစ်ပေပတ်လည် နှုန်းထားများကို သတ်မှတ်ကောက်ခံခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းမှာ အခွန်ဆုံးရှုံးမှုများကို ကာကွယ်ရန်ဖြစ်ကြောင်း သိရသည်။
ထိုသို့မြေဈေးသတ်မှတ်မှု၊ အခွန် ၃၇ ရာခိုင်နှုန်း ပေးဆောင်စေမှုတို့ကို ပြုလုပ်သော်လည်း အိမ်ခြံမြေဈေးနှုန်းများမှာ ကျဆင်းသွားခြင်း မရှိကြောင်း ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် စတော့အိတ်ချိန်းဈေးကွက် ပေါ်ပေါက်လာစေရန် ရည်မှန်းချက်ထား လုပ်ဆောင်လျက်ရှိသည်။
အဆိုပါ စတော့အိတ်ချိန်းတွင် ပြည်သူအများ ယုံကြည်မှုရရှိစေရန်မှာ အစိုးရအနေဖြင့် ခိုင်မာသည့် အခြေခံအဆောက်အအုံများကို ဦးစွာတည်ဆောက်ရမည်ဖြစ်ပြီး ၎င်းနှင့်ဆက်စပ်လျက်ရှိသည့် ဥပဒေများ၊ အဖွဲ့အစည်းများ ခိုင်မာအသက်ဝင်စေရန် ဆောင်ရွက်ရမည်ဟု စတော့အိတ်ချိန်း ပေါ်ပေါက်စေရေးအတွက် ကူညီလုပ်ဆောင်ပေးလျက်ရှိသည့် ဂျပန်ပညာရှင်များ အသိုင်းအ၀ိုင်းက သုံးသပ်လျက်ရှိသည်။
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ အိမ်ရာများကို ကျပ်သိန်း ၁၂၀ ထက်မကျော်စေဘဲ မကြာမီရောင်းချမည်
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ အိမ်ရာများကို ကျပ်သိန်း ၁၂၀ ထက် မကျော်စေဘဲ ရောင်းချမည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
“ရွှေလင်ဗန်းမှာ အိမ်ရာတွေရောင်းဖို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးနေကြပါပြီ။ တန်ဖိုးကို ကျပ်သိန်း ၁၂၀ ထက် မကျော်စေဘဲ ရောင်းချမှာပါ။ ခုမှစီစဉ်တုန်းပဲ” ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းသည် လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းမပေါ်၊ ရွှေလင်ဗန်းချောင်း၏ မြောက်ဘက်တွင် တည်ရှိကြောင်း၊ စီမံကိန်းတစ်ခုလုံး၏ အကျယ်အ၀န်းမှာ ဧက ၂၀ ကျော်ရှိကြောင်း၊ သို့သော်လည်း အဆိုပါဧက ၂၀ ကျော်ကို အပိုင်းလေးပိုင်းခွဲကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ တည်ဆောက်ခဲ့မှုမှာ အချို့မှာ ယခုလကုန်တွင် ပြီးစီးတော့မည်ဖြစ်ပြီး မကြာမီရောင်းချရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
“အခုကတော့ ပထမဆုံး အပိုင်းထဲမှာ ၃၂ လုံး စဆောက်တာ။ ၃၂ လုံးမှာမှ ၁၀ လုံးက အရင်ပြီးမှာ။ ၁၀ လုံးကို ဒီလကုန်ပြီးမှာပေါ့။ ခြောက်ခန်းတွဲ လေးထပ်တိုက်တွေ ဖြစ်ပါတယ်။ တည်ဆောက်မှုကို မြို့ရွာနဲ့အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက PAE စနစ်နဲ့ တည်ဆောက်တာဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။
စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပွင့်လန်းလာသည့် ရန်ကုန်မြို့၏ စီးပွားရေး အခွင့်အလမ်းများကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အများအပြား ၀င်ရောက်လာခြင်း၊ လူမှုစီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကြောင့် နိုင်ငံတစ်ဝှမ်းမှ လုပ်သားများ ရွှေ့ပြောင်းအခြေချလာခြင်းတို့ကြောင့် ရန်ကုန်မြို့တော်၏ လူဦးရေသည် ယခင်ကထက် သိသိသာသာ တိုးတက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ပြောကြားသည်။
“ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာ ရောင်းချဖို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ညှိပြီးတော့ ဘယ်သူတွေကို ရောင်းချပေးမယ် ဆိုတာကအစ စီစဉ်နေတုန်းပါပဲ။ ၀န်ထမ်းတွေကို အဓိကထားတာလား။ အားလုံးအတွက်လား အသေးစိတ် မသိရသေးပါဘူး” ဟုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အလားတူ ရန်ကုန်မြို့နေ ပြည်သူများနေရေး အဆင့်မြှင့်တင်နိုင်ရန်အတွက် အိမ်ရာလိုအပ်ချက်နှင့် အိမ်ရာထုတ်လုပ်ရေးသည် အရေးတကြီး လိုအပ်နေသည့်လုပ်ငန်း ဖြစ်သည့်အားလျော်စွာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ ပေါ်ပေါက်လာစေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ၀န်ကြီးချုပ်ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။
ပြောင်းလဲမှုများစွာနဲ့၊ရန်ကုန်မြို့ရဲ့၊၂၀၁၃၊ခုနှစ်၊အိမ်ခြံမြေဈေးကွက်
၂၀၁၃ ခုနှစ်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွေကြောင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ သာမက ပြည်ပနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ ပါ ယခုနှစ်အတွင်း သိသိသာသာ များပြားလာခဲ့ပါတယ်။
ဒီလို တိုးတက်များပြားလာတဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် အချက်အချာကျတဲ့ ရန်ကုန်မြို့က မြေ နေရာလိုအပ်မှုတွေကလည်း တစ်နေ့ထက်တစ်နေ့ တိုးသထက် တိုးလာတာခဲ့ပါတယ်။
အဲဒီလို မြေနေရာလိုအပ်မှု တွေကြောင့် ရန်ကုန်တစ်မြို့လုံးရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၃ ခုနှစ် မှာ ၅၀ ရာခိုင်နှုန်းလောက်အထိ ပိုမို ကောင်းမွန်လာတဲ့အကြောင်း ရန်ကုန်အခြေစိုက် အတွေ့ အကြုံရင့် အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။
"ဒီနှစ်က ရန်ကုန်တိုင်းဒေသကြီးမှာ မြို့နယ်ကုန် အိမ်ခြံမြေဈေးကွက် ကောင်းမွန်ခဲ့တယ်။ အိမ်ခြံမြေဈေးနှုန်းတွေကလည်း အရင်နှစ်တွေထက် ၅၀ ရာခိုင်နှုန်း လောက်ကို မြင့်တက်ခဲ့ တယ်။ အရောင်းအ၀ယ်ကလည်း ဒီနှစ် မှာ ရန်ကုန်တိုင်းတစ်တိုင်းလုံးနီးပါး ကောင်းခဲ့တယ်။ ဈေးတွေ ဘယ် လောက် တက်တက် မြို့နယ်တိုင်းမှာ အိမ်ခြံမြေ တွေ အရောင်းအ၀ယ်ဖြစ်တယ်" လို့ ရွှေကံမြေ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဦးခင်မောင်အေးက ပြောပါ တယ်။
ဒီလို အိမ်ခြံမြေ အရောင်းအ၀ယ်ကောင်းမွန်မှုတွေထဲကမှ လယ်မြေနဲ့ ဥယျာဉ်ခြံတွေရဲ့ အရောင်း အ၀ယ်က ပိုများခဲ့ပြီး ကွန်ဒိုတိုက်ခန်း ငှားရမ်းမှုနှုန်း တွေကလည်း ဒီနှစ်မှာ သိသိသာသာ မြင့် တက်ခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့ပြင်ဆင်ခြေဖုံးဒေသတွေမှာ လယ်မြေ၀ယ်လိုမှုတွေ မြင့်တက် ခဲ့ပြီး ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်ခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေ ရာတွေမှာတော့ လုံးချင်းနဲ့ ကွန်ဒို တိုက်ခန်းတွေရဲ့ ဈေးနှုန်းတွေ မြင့် တက်ခဲ့ပါတယ်။
အခုလို မြေဈေးနှုန်းမြင့်တက်ခဲ့မှု တွေက ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး မြို့နယ်တွေမှာပြုလုပ်မယ့် စီမံ ကိန်းတွေကြောင့် သက်ဆိုင်ရာနေရာတွေမှာရှိတဲ့ မြေကွက်ဈေး တန်ဖိုးတွေ မြင့်တက်ခဲ့ရပြီး စီးပွားရေးလုပ်ငန်းရှင် တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုတွေကြောင့် ၀ယ်လိုအားပါ မြင့်တက်ခဲ့ ပါတယ်။
အထူးသဖြင့် ရန်ကုန်မြို့ရဲ့ အထူး စီးပွားရေးဇုန်ဖြစ်တဲ့ သီလ၀ါစီမံကိန်းရှိတဲ့ သန်လျင်မြို့နယ်က သီလ၀ါဆိပ်ကမ်းနဲ့ ဇုန်နေရာတို့က လယ်မြေဈေးတွေက ဒီနှစ်အတွင်းမှာ ဆယ်ဆခန့် မြင့်တက် ခဲ့တယ်လို့ အိမ်ခြံမြေလုပ်ငန်း ကျွမ်း ကျင်သူများက ပြောပါတယ်။
သီလ၀ါဆိပ်ကမ်း နေရာက မြေ ဈေးနှုန်းတွေက တစ်ဧကကို ကျပ် သိန်းသုံးထောင်ကျော်လောက် အထိ ဈေးပေါက်ခဲ့ပါတယ်။ စီမံကိန်းမစခင် အချိန်က အဲဒီနေရာတွေရဲ့ လယ်မြေဈေးနှုန်းတွေက ကျပ်သိန်းရာကျော် ၀န်းကျင်လောက်ပဲ ရှိရာကနေ စီးပွားရေး အထူးစီမံကိန်းကြောင့် အရောင်း အ၀ယ်ရော ဈေးနှုန်းပါ တစ်ဟုန်ထိုး မြင့်တက်ခဲ့ရတာပါ။ သီလ၀ါဆိပ်ကမ်းလိုပဲ ရန်ကုန်မြို့ရဲ့ မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ဒလမြို့ရဲ့ အိမ်ခြံမြေဈေးနဲ့ ၀ယ်လိုအားက မြင့်တက်ခဲ့မှုကလည်း ဒီနှစ် အိမ်ခြံမြေဈေးကွက်ရဲ့ ထူးခြားတဲ့ လှုတ်ခတ်မှုထဲ မှာ မပါမဖြစ်ရှိနေတဲ့ အပြောင်းအလဲတစ်ခု ဖြစ် ခဲ့ပါတယ်။
ဒလမြို့နဲ့ ရန်ကုန်မြို့ကို မြစ်ကူးတံတား တည်ဆောက်မယ်ဆိုတဲ့ သတင်းစကားက ဒလမြို့ရဲ့ အိမ်ခြံ မြေဈေးကွက်ကို များစွာပြောင်းလဲ စေခဲ့ပါတယ်။ ဒါပေမဲ့ မြစ်ကူးတံတား တည်ဆောက်မှု က ချက်ချင်း အကောင်အထည် ပေါ်မလာခဲ့တဲ့ နောက်ပိုင်းမှာတော့ ဒလမြို့အိမ်ခြံမြေဈေးကွက် က ပြန်ပြီးထိုးကျခဲ့တယ်လို့ ဦးခင်မောင်အေးက ပြောပါတယ်။
"ဒလမြို့ဆိုလည်း တံတားထိုးမယ် ဆိုတာနဲ့ မြေဈေးတွေ ဆယ်ဆလောက် ကို မြင့်တက်သွား တယ်။ နောက်ပိုင်း မထိုးဖြစ်တော့ဘူးလို့ ပြန်သတင်းထွက် တော့ ထက်ဝက်လောက် ပြန်ကျ သွား တယ်။ ဒါပေမဲ့ ဈေးတက်နေတဲ့အချိန်တုန်းကတော့ အဲဒီကလယ်မြေတွေကို ၀ယ်မယ့်သူ တွေ အပြည့်ရှိပါတယ်" လို့ သူက ပြောပါတယ်။
ဒလမြို့မှာ လယ်မြေနဲ့ အိမ်ခြံတွေ ၀ယ်ပြီး ရင်းနှီးမြှုပ်နှံကြဖို့အတွက် ရန်ကုန်မြို့ကနေ သွားရောက် လေ့လာ တဲ့သူ တစ်နေ့ကို အယောက် နှစ်ဆယ်လောက်ထိ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း လယ် မြေဈေးတွေ ကလည်း အရင်က တစ်ဧကကို ကျပ်သိန်း တစ်ရာကျော်ဝန်းကျင်ကနေ သိန်း ၁,၃၀၀ ထိ အဆမတန် ဈေးတွေ တက်ခဲ့ ပါတယ်။
သီလ၀ါနဲ့ ဒလတို့လို မြေဈေး တွေမြင့်တက်တဲ့ တခြားမြို့စွန် မြို့နယ်တွေကတော့ မြို့သစ်လေး မြို့ နယ်ဖြစ်တဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)နဲ့ ဒဂုံ ဆိပ်ကမ်း မြို့နယ် တွေ ဖြစ်ပါတယ်။
ဒီမြို့သစ်လေးမြို့နယ်က အိမ်ရာ စီမံကိန်းတွေ ဒဂုံစက်မှုဇုန်စီမံကိန်းတွေနဲ့ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်မှုတွေနဲ့အတူ အိမ်ခြံမြေဈေးတွေက ဒီနှစ်အတွင်းမှာတစ်စတစ်စ မြင့်တက်ခဲ့ပြီး နောက်ထပ်လည်း မြင်တက်နိုင် မယ့် အလားအလာတွေရှိတယ်လို့ စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းက မန်နေဂျာဖြစ်တဲ့ ဦးရန်အောင်က ပြောပါတယ်။
"ဒီနှစ်အိမ်ခြံမြေဈေးက မြောက်ဒဂုံ နဲ့ စီမံကိန်းရှိတဲ့ နေရာတွေမှာ ဈေးတက်တယ်။ အစိုးရကအောက်တို ဘာလမှာ ထုတ်ပြန်တဲ့ တစ်ပေပတ်လည် အခွန်ဆောင်ရတဲ့နှုန်းတွေ ကြောင့် နောက်ပိုင်းမှာ မြေကွက်တွေ တော့ အရောင်းအ၀ယ် ပြန်အေးခဲ့ပါ တယ်။ ဒါပေမဲ့ တစ်နှစ်လုံး ခြုံကြည့်ရရင် အိမ်ခြံမြေဈေးက မာလာပါတယ်။ အရောင်းအ၀ယ် အေးပေမယ့် ဈေး မကျဘူး" လို့ သူကပြောပါတယ်။
ရန်ကုန်မြို့နဲ့ အလှမ်းဝေးတဲ့ မြို့စွန် ဒေသမြို့နယ်တွေဖြစ်ကြတဲ့ မြောက် ဒဂုံဘက်နဲ့ အရှေ့ဒဂုံမြို့ နယ်တွေရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ မြေဈေးတွေက စတုရန်းပေ ၂,၄၀၀ တစ်ကွက်ကို ကျပ်သိန်း လေးထောင်ကနေ ငါးထောင်အထိ ဈေးတွေမြင့် တက်ခဲ့ပါတယ်။
ရန်ကုန်မြို့ရဲ့ မြေဈေးတွေက မြို့စွန် နေရာတွေသာမကဘဲ မြို့တွင်းအချက် အချာကျတဲ့ နေရာ တွေဖြစ်တဲ့ ရွှေတောင်ကြား၊ ပြည်လမ်းနဲ့ ဗဟန်း မြို့နယ်တွေမှာဆိုရင် စတုရန်းပေ ၂,၄၀၀ မြေ တစ်ကွက်ကို ကျပ်သိန်းတစ်သောင်းခွဲထိ ဈေးတွေမြင့်တက်ခဲ့တယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တွေ က ပြောပါတယ်။
နောက်ပြီး ဒီနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း သိသိသာသာ ၀င်ရောက်လာခဲ့ပြီး နိုင်ငံ ခြားသားဝင်ရောက်မှုနှုန်းပါ မြင့်တက်ခဲ့တဲ့အတွက် ကွန်ဒိုတိုက်ခန်း ငှားရမ်းမှုနှုန်းလည်း မြင့်တက် ခဲ့ပြီး ယခင်ဈေးထက် သုံးဆယ်ရာခိုင်နှုန်းလောက် မြင့်တက် ခဲ့တယ်လို့ ဦးရန်အောင်က ပြောပါ တယ်။
နောက်ပြီး နိုင်ငံခြားသားတွေအတွက် ကွန်ဒိုတိုက်ခန်း အဆောက်အအုံတွေမှာ ခြောက်လွှာနဲ့ အထက် အခန်းတွေကို ပိုင်ဆိုင်ခွင့်ရမည်ဆိုတဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ပြည်သူ့ လွှတ်တော် မှာ အဆိုပြုတင်သွင်းခဲ့တဲ့ ကွန်ဒိုဥပဒေမူကြမ်းကြောင့် ၂၀၁၃ ခုနှစ်အတွင်းမှာ တက်လက်စ ကွန်ဒို တိုက်ခန်းဈေးတွေကို ပိုတက်လာ အောင် တွန်းအားပေးလိုက်သလို ဖြစ်ခဲ့ ရပါသေးတယ်။
နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံက အိမ်ရာတွေကို နိုင်ငံခြားသားတွေအတွက် ပိုင်ဆိုင်မှု ၁၀၀ ရာခိုင်နှုန်းထိ ခွင့်ပြုမပေးခဲ့ပေမယ့် ကွန်ဒိုတိုက်ခန်းဝယ်ယူနိုင်မှုကိုပထမဆုံးအနေနဲ့ ခွင့်ပြု ပေး ခဲ့ခြင်းက နိုင်ငံခြားသားတွေရဲ့ မြန်မာ့နိုင်ငံက အိမ်ခြံမြေဈေးကွက် ကို စိတ်ဝင်စားမှုကို ပိုမိုရရှိစေ ခဲ့တာ လည်း ဖြစ်ပါတယ်။
နိုင်ငံခြားသားတွေ ၀င်ရောက်မှု များပြားလာတာနဲ့အတူ ရန်ကုန်မြို့ လယ်ကောင်ရဲ့ အချက်အချာ ကျတဲ့နေရာတွေက ကွန်ဒို၊ တိုက်ခန်းနဲ့ ရုံးခန်းငှားရမ်းမှုတွေပါ လိုက်ပြီး မြင့်တက်လာခဲ့ပါတယ်။ ဒီလိုမြင့်တက်လာတဲ့ ငှားရမ်းမှုကြောင့်လည်း ရန်ကုန် မြို့ရဲ့ ရုံးခန်းငှားရမ်းမှုပုံစံတောင် ပြောင်းလဲ လာတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မြို့ရဲ့ ရုံးခန်းငှားရမ်းနှုန်းက လွန်ခဲ့တဲ့ သုံးနှစ်လောက်နဲ့ယှဉ်ရင် အဆရှစ်ရာလောက် မြင့်တက်လာပြီး ငှားရမ်းမှုနှုန်းကလည်း ငါးဆယ် ရာခိုင်နှုန်းလောက် မြင့်တက် လာတယ်လို့ မြပန်းသခင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းက အကြီးတန်းအကျိုးဆောင်ဖြစ်တဲ့ ကိုမင်းမင်းစိုးက ပြောပါတယ်။
နောက်ပြီး ရန်ကုန်မြို့မှာ ရုံးခန်းလိုအပ်မှုမြင့်တက်လာမှုပေါ် အခြေခံပြီး ၀န်ဆောင်မှု ကောင်း ကောင်းပေးနိုင် တဲ့ စီးပွားရေးစင်တာ အဆောက်အအုံ တွေလည်း များပြားလာတာကို တွေ့ရ ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား ကုမ္ပဏီရုံးခွဲတွေ ၀င်ရောက်ခြင်းနဲ့ အတူ ပြည်တွင်း စီးပွားရေး တိုးတက်လာမှုတွေကြောင့် ရန်ကုန်မြို့လယ်ကောင်က မြို့နယ် ခြောက်မြို့နယ်မှာ လည်း ကွန်ဒိုနဲ့ တိုက်ခန်းငှားရမ်းမှု တွေက သိသိသာသာ မြင့်တက်ခဲ့တယ် လို့ အကျိုးဆောင် တွေက ပြောပါတယ်။
အခုလို ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ ဈေးကွက်က မြို့နယ်ကုန်နီးပါး ဈေးနှုန်းမြင့်တက်ခဲ့ပြီး အရောင်း အ၀ယ် ကောင်းမွန်ခဲ့ပေမယ့်လည်း အောက်တိုဘာလ ၁ ရက်နေ့က နိုင်ငံတော် အစိုးရက တစ်ပေပတ်လည် မြေအခွန် ဆောင်နှုန်းများ သတ်မှတ်ခဲ့တဲ့ နောက်ပိုင်းမှာတော့ အိမ် ခြံ မြေ အရောင်းအ၀ယ်တွေ ပြန်ပြီး အေးစက် ခဲ့ပါတယ်။ နိုင်ငံတော်က အိမ်ခြံမြေဈေးနှုန်း သင့်တင့် မျှတစေဖို့ မြေအခွန်နှုန်း ထားကို ဘယ်လိုပဲသတ်မှတ်ခဲ့ပေမယ့် ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးနှုန်း တွေ ကတော့ တင်းမာဆဲဖြစ်ပြီး လာမယ့် ၂၀၁၅ ခုနှစ်ထိ ဆက်ပြီး ဈေးနှုန်း တွေ ကောင်းမွန်လိမ့် မယ်လို့ အိမ်ခြံ မြေ အကျိုးဆောင် လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
တကယ်လို့များ နိုင်ငံတော်အစိုးရက အိမ်ရာသစ်တွေ မြေယာသစ်တွေ တန်ဖိုးနည်းအိမ်ရာတွေ အခုထက်ပိုပြီး ဖန်တီးတည်ဆောက်ပေးနိုင်မယ်ဆိုရင်တော့ ရန်ကုန်မြို့ရဲ့အိမ်ခြံမြေဈေးနှုန်း အဆ မတန်မြင့်တက်နေမှုကို ထိန်းပေးရာ ရောက်မယ့်အကြောင်း အိမ်ခြံမြေလုပ်ငန်းနယ်ပယ်မှာ ကျွမ်း ကျင်သူဖြစ်တဲ့ ဦးခင်မောင်အေးက ပြောပါတယ်။ "ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ် ရန်ကုန် မြို့ရဲ့ အိမ်ခြံ မြေဈေးနှုန်းက အမြင့်ဈေး မှာပဲ ရှိနေတယ်။
အရောင်းအ၀ယ် ကလည်း အပေါ်တန်းမှာပဲ ရှိတယ်။ လာမယ့်နှစ်တွေမှာလည်း ဆက် ကောင်းဖို့ အခြေအနေ ရှိပါတယ်။ နိုင်ငံတော်အစိုးရက အိမ်ရာသစ်တွေ မျာများလုပ်ပေးမယ် ဆိုရင်တော့ ဈေးနှုန်းတွေကျသွားနိုင်ပါတယ်" လို့ သူက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ကျွမ်းကျင်သူတွေ ခန့်မှန်းတဲ့အတိုင်း ဖြစ်လာမလာကိုတော့ လာမယ့် နှစ်သစ် ၂၀၁၅ မှာ စောင့် ကြည့်ရတော့ မှာပဲ ဖြစ်ပါတော့တယ်။ သေချာတာတစ်ခုကတော့ အိမ်ပိုင် မြေပိုင်နဲ့ မြို့ စွန်မြို့နယ် တွေမှာ အခြေချနေထိုင် ဖို့ ရသမျှငွေကို ချွေတာစုဆောင်းပြီး ၀ယ်ယူဖို့ကြိုးစားနေတဲ့ သူတွေအဖို့ တော့ စီးပွားရေးလုပ်ငန်းတစ်ခုလို သဘောထားပြီး ဈေးကစားနေတဲ့သူတွေရှိနေသရွေ့ လိုက်လေ ဝေးလေ ဖြစ်နေဦးမှာပဲ ဖြစ်ပါတော့တယ်။
https://www.facebook.com/phoenixestate
မြတ်ငြိမ်းအေး

ရန်ကုန်မြို့ရှိ ၅၁ လမ်းအိမ်ရာကို လူနေအိမ်ခန်းများ ပါဝင်သည့် အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်လျက်ရှိရာ မူလတိုက်ခန်း နေသူများကို ၂၀၁၄-၁၅ ကျောင်းဖွင့်ရာသီအမီ ပြန်လည်နေရာချထားမည်
အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်တင်နေသည့် မူလ ၅၁ လမ်း ပြည်သူ့အိမ်ရာကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ပြည်တော်သာခေတ် ၅၁ လမ်းအိမ်ရာ စီမံကိန်းကို အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်တင်ရာ၌ လူနေအိမ်ခန်းများ ပါဝင်သည့် အထပ်မြင့် အဆောက်အအုံများအဖြစ် ပြန်လည်အဆင့်မြှင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ၅၁ လမ်းအိမ်ရာ စီမံကိန်းတွင် ခန့်မှန်းခြေအားဖြင့် အိမ်ခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်မည်ဖြစ်ကာ ၂၀၁၅ ခုနှစ် ဇွန်လအပြီး တည်ဆောက်ရန် လျာထားကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
“ပြည်တော်သာခေတ် ၅၁ လမ်းအိမ်ရာကို အထပ်မြင့် အဆောက်အအုံအဖြစ် အဆင့်မြှင့်ရာမှာ Apartment တွေကို ဦးစားပေးတည်ဆောက်မှာ ဖြစ်ပါတယ်။ ရေကူးကန်၊ Gym နဲ့ စာကြည့်တိုက် စတာတွေပါဝင်မယ်။ အခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်မှာဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ၂၀၁၅ ဇွန်လမှာ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ဗိုလ်တထောင်မြို့နယ်၊ လမ်း ၅၀ နှင့် ၅၁ လမ်းကြား၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်းကြားရှိ ၅၁ လမ်း ပြည်သူ့အိမ်ရာကို ၁၉၅၆ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြေ ၂ ဒသမ ၄၈၆ ဧက ကျယ်ဝန်းပြီး ရှစ်ခန်းတွဲ လေးထပ်တိုက်ခုနစ်လုံးရှိပြီး အိမ်ထောင်စု ၂၂၄ စု နေထိုင်ခဲ့ကြောင်း သိရသည်။
“ဒီစီမံကိန်းမှာ အရင်တုန်းက ဟိုတယ်စီမံကိန်း ပါဝင်ပါတယ်။ နောက်ပိုင်းမှာ ဟိုတယ်မပါတော့ဘဲ Apartment တွေကိုပဲ ဦးစားပေး တည်ဆောက်သွားမှာပါ။ ဒီလို တည်ဆောက်ရာမှာ မူလတိုက်ခန်း နေထိုင်ခဲ့တဲ့ ပြည်သူတွေကို နေရာပြန်လည် ချထားဖို့ကို အရေးကြီးတဲ့အတွက် အဲဒါကို ဦးစားပေး တည်ဆောက်လျက် ရှိပါတယ်။ အခု ဦးစားပေးဆောက်နေတဲ့ အပိုင်းကို ၂၀၁၅ အစပိုင်းမှာ အပြီးတည်ဆောက်ပြီး ဧပြီလကုန်မှာ အခန်းနေထိုင်သူတွေ တင်နိုင်အောင် ဆောင်ရွက်နေပါတယ်။ ၂၀၁၅ ကျောင်းဖွင့်ရာသီအမီ ပြန်လည်နေရာချထားနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု အဆိုပါအိမ်ရာ အဆင့်မြှင့်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် မဟာန၀ရတ်မြေေ ဆာက်လုပ်ရေးမှ မန်နေးဂျင်းဒါရိုက်တာ ဦးနိုင်ဝင်းက ပြောကြားခဲ့သည်။
အဆိုပါအိမ်ရာ စီမံကိန်းအား အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်တင်ရာ၌ လတ်တလောတွင် မူလတိုက်ခန်း နေထိုင်သူများအတွက် ဦးစားပေး တည်ဆောက်လျက်ရှိကာ ယင်းတို့ပြီးမှသာ ကျန်အဆောက်အအုံများကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်း( အသေးစိတ်အချက်အလက်များ)
ကြေးမုံသတင်းစာ - ( ၄-၁-၂၀၁၄)
ရန်ကုန်တိုင်းဒေသကြီး - ဒဂုံမြို့သစ် (မြောက်ပိုင်းမြို့နယ်) - ၄၈ ရပ်ကွက် - ဗိုလ်မှူးဗထူးလမ်းဘေးရှိမြေကွက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဗိုလ်မှူးဗထူးတန်ဖိုးမျှတအိမ်ရာစီမံကိန်းတွင် (၄)ခန်းတွဲ (၈)ထပ်တိုက် (၁၄)လုံး ဆောင်ရွက်လျက်ရှိရာ အောက်ယှဉ်တွဲဖော်ပြပါ အခန်းအရေအတွက် နှင့် ဈေးနှုန်းများအတိုင်းရောင်းချမည်ဖြစ်ပါသည်...
(က) U 900 အမျိုးအစားတွင်
Type A ၉၂၇ စတုရန်းပေ (၉၀)ခန်းရှိပြီး (၁)ခန်းလျှင် - ကျပ် (၃၄၇) သိန်း
Type B ၈၇၇ စတုရန်းပေ (၆)ခန်းရှိပြီး (၁)ခန်းလျှင် - ကျပ် (၃၂၉) သိန်း
(ခ) U 600 အမျိုးအစားတွင်
Type A ၆၁၄ စတုရန်းပေ (၃၃၀)ခန်းရှိပြီး (၁)ခန်းလျှင် - (၂၅၅) သိန်း
Type B ၅၆၅ စတုရန်းပေ (၂၂)ခန်းရှိပြီး (၁)ခန်းလျှင် - (၂၃၇) သိန်း
အဆိုပါတိုက်ခန်းများအား နည်းလမ်း(၂)သွယ်ဖြင့်ရောင်းချရန်ဖြစ်ပြီး နည်းလမ်း (၁) အရစ်ကျဝယ်ယူမှု ။ နည်းလမ်း (၂) ဘဏ်ချေးငွေဖြင့် ဝယ်ယူမှု တို့ဖြစ်သည် ။ ဘဏ်ချေးငွေမှာ (၄)နှစ် အများဆုံးသက်မှတ်ထားပါသည် ။
https://www.facebook.com/phoenixestate
တိုက်ခန်းဝယ်ယူသူအနေဖြင့် အောက်ပါအတိုင်း လျှောက်ထားရမည် ဖြစ်ပါသည် ။
(က) အစိုးရဝန်ထမ်းဖြစ်ပါက လုပ်သက်အနည်းဆုံး (၂၀) နှစ်ရှိရမည်ဖြစ်ပြီး အမှန်တကယ် နေထိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနအကြီးအကဲထောက်ခံချက်ပါရှိရမည်ဖြစ်သည် ။
(ခ) အခြားလျောက်ထားမည့်သူများအနေဖြင့် နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်သူ အိမ်ထောင်ဦးစီးဖြစ်ရပါမည် ။
(ဂ)လျောက်ထားမည့်သူ၏မိသားစု လစဉ်ဝင်ငွေသည် အနည်းဆုံးကျပ် (၃) သိန်း ရှိရပါမည် ။
ဗိုလ်မှူးဗထူးမျှတအိမ်ယာစီမံကိန်းအား ၂၀၁၃ ခုနှစ် မေလတွင် စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းကာလ (၂) နှစ်ကြာမြင့်မည်ဖြစ်ပါသည် ။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်သူလူထုသို့ကြိုတင်ရောင်းချမည်ဖြစ်သဖြင့် ပူးတွဲဖော်ပြပါ စည်းကမ်းချက်များနှင့်ကိုက်ညီသူများသည် ၃၁.၁.၂၀၁၄ ရက်နေ့ နောက်ဆုံးထား၍ ဌာနမှူး ။ အင်ဂျင်နီယာဌာန (အဆောက်အအုံသို့ ) ကိုယ်တိုင်ရေးလက်ရေးမူ လျှောက်လွှာဖြင့် လျှောက်ထားရမည်ဖြစ်ပြီး လက်ရေးနမူနာပုံစံနှင့် ပူးတွဲရမည့် အချက်များအား အင်ဂျင်နီယာဌာန (အဆောက်အအုံ)မြေညီထပ်ကြော်ငြာဘုတ်တွင် ကပ်ထားပေးမည်ဖြစ်ကြောင်း အသိပေးကြော်ငြာအပ်ပါသည် ။
https://www.facebook.com/phoenixestate
(စည်းကမ်းချက်များ)
အခန်းဝယ်ယူရန်လျှောက်ထားမည့်သူတွင်ကိုက်ညီမှုရှိရမည့်အချက်အလက်များ
===========================================
၁။ လျှောက်ထားသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်။
၂။ လျှောက်ထားချိန်တွင် အသက် ( ၂၅ ) နှစ်ထက်မငယ်ရ။
၃။ လျှောက်ထားမည့်သူသည်မိသားစုတွင်အဓိကပါဝင်မည့်သူများအား သတ်မှတ်၍ လျှောက်လွှာတွင် ဖော်ပြရပါမည်။
အောက်တွင် ဖော်ပြထားသော အစီအစဉ်များထဲမှ တစ်ခုတွင် လျှောက်ထားသူ၏မိသားစုတွင် အဓိကပါဝင်သူများအား သတ်မှတ်ရပါမည်။
အများပြည်သူ ---- သင် ၊ လျှောက်ထားသူနှင့်
အများပြည်သူ ---- သင်၏ ခင်ပွန်း / ဇနီး နှင့် သားသမီးများ (ရှိခဲ့ပါက )
အများပြည်သူ ---- သင်၏ မိဘ နှင့် ညီအစ်ကိုမောင်နှမများ (ရှိခဲ့ပါက )
အများပြည်သူ ---- သင်၏ အုပ်ထိန်းမှုအောက်တွင် ရှိနေသောသားသမီးများ (မုဆိုးမ ၊ မုဆိုးဖို နှင့် ကွာရှင်းသူများ)
အများပြည်သူ ---- သင် ၊ လျှောက်ထားသူ နှင့် လက်မထပ်သေးရသည့် ညီအစ်ကိုမောင်နှမများ
၎။ လျှောက်ထားမည့်သူ မိသားစု၏ ပျမ်းမျှလစဉ်ဝင်ငွေ စုစုပေါင်းသည် ( ၃.၀ သိန်း ) ထက် မကျော်ရ။ အကယ်၍ ဆွေမျိုးများပါသော မိသားစုဝင်များ နေထိုင်ရန်အတွက် ၀ယ်ယူမည်ဆိုပါက စုစုပေါင်း လစဉ်ဝင်ငွေမှာ ( ၇.၀ သိန်း ) အောက်ရှိရပါမည်။ ၄င်းဝင်ငွေများအတွက် ခိုင်လုံသော အထောက်အထား တင်ပြရမည်။ ၄င်းလိုအပ်ချက်များအား သတ်မှတ်ရခြင်းမှာ ၄င်း တန်ဘိုးမျှတအိမ်ရာတွင် အမှန်တကယ် အိမ်လိုအပ်သူများအား နေထိုင်စေလိုသောကြောင့် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းအိမ်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အစိုးရမှ ထောက်ပံ့ပေးထားသောကြောင့် ဖြစ်ပါသည်။
၅။ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများသည် ၄င်းတို့၏ စုဆောင်းငွေဖြင့် အရစ်ကျ လက်ငင်းငွေချေ စနစ်ဖြင့် ၀ယ်ယူခွင့်ရှိသည်။ မိသားစုဝင်များ၏ ၀င်ငွေဖြင့်လည်း ချေးငွေစနစ်ဖြင့် ၀ယ်ယူနိုင် ပါသည်။
၆။ ချေးငွေစနစ်ဖြင့် ၀ယ်ယူလိုပါက လျှောက်ထားသူသည် ၄င်းနှင့် ၄င်း၏ မိသားစုဝင်များ၏ လစဉ်ဝင်ငွေအတွက် တိကျခိုင်မာသော အထောက်အထားအား တင်ပြရမည် ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်း (သို့)ကုမ္ပဏီဝန်ထမ်းများအတွက် သက်ဆိုင်ရာ ဌာနအကြီးအကဲ ထောက်ခံချက်အား ပူးတွဲတင်ပြရမည်။ ယင်းထောက်ခံချက်သည် ၄င်းဝန်ထမ်း၏ ၀င်ငွေနှင့်ပတ်သက်၍ အခန်းတန်ဘိုး အကြေအလည် ပေးဆောင်ပြီးချိန်အထိ တာဝန်ယူရမည် ဖြစ်ပါသည်။
၇။ လျှောက်ထားသူနှင့် လျှောက်လွှာတွင် ဖော်ပြထားသော ပိုင်ဆိုင်ခွင့်ရှိသူ (သို့) ၄င်း၏ မိသားစုဝင်များသည် အခြားအိမ်ခန်း၊ အိမ်နှင့်မြေအရစ်ကျ ၀ယ်ယူမှုများအား လျှောက်လွှာ မတင်မီလ (၃၀)အတွင်း သော်လည်းကောင်း၊ လျှောက်လွှာတင်ပြီး ၀ယ်ယူခွင့် ရရှိပြီးချိန်နှင့် အခန်းတန်ဘိုး အကြေအလည် ပေးဆောင်ပြီးချိန်အထိလည်းကောင်း ၀ယ်ယူခြင်း၊ပိုင်ဆိုင် ခြင်း မပြုလုပ်ရပါ။
၈။ အိမ်ခန်းအား (၅) နှစ်အတွင်း လွှဲပြောင်းရောင်းချခြင်း မပြုလုပ်ရ။ သတ်မှတ်ချိန်ကျော်လွန်၍ ပြုလုပ်လိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ပြလျှောက်ထားပြီး ခွင့်ပြုချက်ရရှိမှသာ လွှဲပြောင်း ရောင်းချခွင့်ပြုမည်။ ထိုသို့သတ်မှတ်ရခြင်းမှာ ဈေးကစားရန် ၀ယ်ယူမှုများကြောင့် အိမ်ရာဈေးနှုန်းများ မြင့်မားလာခြင်းမှ ကာကွယ်ရန် ဖြစ်ပါသည်။
၉။ အိမ်ခန်းလျှောက်ထားမည့်သူနှင့် မိသားစုတွင် အဓိကပါဝင်သူများသာအမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး အငှားချထားခြင်းမပြုလုပ်ရပါ။
https://www.facebook.com/phoenixestate
U 900 Building (အခန်းကျယ် ၉၀၀ စ/ပေရှိသော အခန်းများအတွက်)
Option (1)
အရစ်ကျငွေပေးချေစနစ်
Building Type (U 900)
Type C အတွက်
အခန်းတန်ဖိုး = 34700000 ကျပ်
စာချုပ်ချုပ်ဆိုသည့်အချိန် = 10410000 ကျပ်
2 Floor အပြီး (15%) = 5205000 ကျပ်
4 Floor အပြီး (15%) = 5205000 ကျပ်
6 Floor အပြီး (15%) = 5205000 ကျပ်
အမိုးမိုးပြီးချိန် (15%) = 5205000 ကျပ်
အခန်းအပ်သည့်အချိန် (10%) = 3470000 ကျပ်
Type B အတွက်
အခန်းတန်ဖိုး = 32900000 ကျပ်
စာချုပ်ချုပ်ဆိုသည့်အချိန် (30%) = 9870000 ကျပ်
2 Floor အပြီး (15%) = 4935000 ကျပ်
4 Floor အပြီး (15%) = 4935000 ကျပ်
6 Floor အပြီး (15%) = 4935000 ကျပ်
အမိုးမိုးပြီးချိန် (15%) = 4935000 ကျပ်
အခန်းအပ်သည့်အချိန် (10%) = 3290000 ကျပ်
Type B အတွက်
်အခန်းတန်ဖိုး = 23700000 ကျပ်
စာချုပ်ချုပ်ဆိုသည့်အချိန် (30%) = 7110000 ကျပ်
2 Floor အပြီး (15%) = 3555000 ကျပ်
4 Floor အပြီး (15%) = 3555000 ကျပ်
6 Floor အပြီး (15%) = 3555000 ကျပ်
အမိုးမိုးပြီးချိန် (15%) = 3555000 ကျပ်
အခန်းအပ်သည့်အချိန် (10%) = 2370000 ကျပ်
U 600 Building (အခန်းကျယ် ၆၀၀ စ/ပေ ရှိသောအခန်းများအတွက်)
Option (1)
အရစ်ကျငွေပေးချေစနစ်
Building Type ( U 600)
Type A အတွက်
အခန်းတန်ဖိုး = 25500000 ကျပ်
စာချုပ်ချုပ်ဆိုသည့်အချိန် (30%) = 7650000 ကျပ်
2 Floor အပြီး (15%) = 3825000 ကျပ်
4 Floor အပြီး (15%) = 3825000 ကျပ်
6 Floor အပြီး (15%) = 3825000 ကျပ်
အမိုးမိုးပြီးချိန် (15%) = 3825000 ကျပ်
အခန်းအပ်သည့်အချိန် (10%) = 2550000 ကျပ်
https://www.facebook.com/phoenixestate
ဗိုလ်မှူးဗထူးတန်ဖိုးမျှတအိမ်ရာတိုက်ခန်းလျှောက်လွှာ နမူနာပုံစံ
ဓာတ်ပုံ
လျှောက်ထားသူအမည် - -----------------------
နိုင်ငံသားစီစစ်ရေးကဒ်ပြား အမှတ် - -----------------
မွေးသက္ကရာဇ် - ------------------------
အဘအမည် - ------------------------
အလုပ်အကိုင် နှင့် ဌာန - -------------
ရာထူး - ------------------
ဝန်ထမ်းလုပ်သက် - -----------------
ဝင်ငွေ (ပျမ်းမျှလစဉ်ဝင်ငွေ) ----------------
လျှောက်ထားသူ၏ မိသားစုဝင်များ - --------------------------
အမြဲတမ်းနေရပ်လိပ်စာ -----------------------------
ဆက်သွယ်ရန်ဖုန်းနံပါတ် -----------------------
ပူးတွဲတင်ပြရမည့်အထောက်အထားများ
(က) မှတ်ပုံတင်မိတ္တူ
(ခ) သန်းခေါင်စာရင်းမိတ္တူ
(ဂ) ဝန်ထမ်းဖြစ်ပါက ဝန်းထမ်းကဒ်မိတ္တူ
(ဃ) သက်ဆိုင်ရာဌာနအကြီးအကဲ၏ ထောက်ခံချက်
https://www.facebook.com/phoenixestate
Subscribe to:
Posts (Atom)