ရန်ကုန်မြို့မှ အိမ်ရာဟောင်း ၁၁ ခုကို အသစ်ပြန်ဆောက်ရန် သမ္မတညွှန်ကြားထား

ယခုဘဏ္ဍာနှစ်အတွင်းရန်ကုန်မြို့မှ အိမ်ရာဟောင်း ၁၁ ခုကို အသစ်ပြန်လည်တည်ဆောက်ရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင် ကပြောသည်။

“သမ္မတကြီးက ဒါတွေကို အမြန်ဆုံးလုပ်ပါလို့ ညွှန်ကြားထားတာတွေ ရှိပါတယ်” ဟုအထက်ပါ ညွှန်ကြားရေးမှူးကပြောသည်။ အဆိုပါ
အိမ်ရာ ၁၁ ခုမှလက်ရှိတွင်လမ်း ၅၀ အိမ်ရာနှင့် လမ်းသစ်အိမ်ရာများကို
ဖြိုဖျက် ၍ အသစ်စတင်တည်ဆောက်နေပြီဖြစ်ပြီး မူလနေထိုင်သူများကို ၂၀၁၅ ဇွန်လတွင် ပြန်လည်နေရာချထားရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရည်ရွယ်ထားသည်။

လက်ရှိတွင် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမှ အခန်း ၂၀၀ ကျော်ပါဝင်သည့် လမ်းသစ်အိမ်ရာကို အသစ်ပြန်လည်
တည်ဆောက်ရန် မူလနေထိုင်သူများနှင့် ဌာနက အသေးစိတ်
ဆွေးနွေးထားပြီး မကြာမီတွင် စီမံကိန်းလုပ်ဆောင်ရန် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ဦးယုခိုင်ကပြောသည်။

“ဌာနက လာညှိတယ်။ရွှေ့ပြောင်းတဲ့ စရိတ်ရယ်။ တည်ဆောက်နေစဉ် ကာလအတွင်းပြင်ပမှာ နေထိုင်ရမယ့် စရိတ်တွေ ထုတ်ပေးမယ်လို့ပြောတယ်။ ဒါပေမဲ့ ငှားနေရမယ့် နေရာကမြို့ တွင်းပိုင်း မဟုတ်တော့ အခက်အခဲတော့ရှိတယ်။ ပြီးရင်တော့
မြို့လယ်ကောင်မှာ တိုက်ခန်းအသစ်နဲ့ ပြန်နေရမှာတော့ အဆင်ပြေတယ်” ဟု လမ်းသစ်အိမ်ရာတွင် နေထိုင်သူ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အိမ်ရာစီမံကိန်း အသစ်ဆောက် လုပ်မည့်ကာလမှာ
ဆာက်လုပ်မည့်အိမ်ရာ၏ အိမ်ခန်းအနည်း အများပေါ်မူတည်၍ ကြာမြင့်မည်ဖြစ်သည်။ နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိ
ရန်ကုန်မှ အိမ်ရာအဟောင်းများ တည်ဆောက်ပြီးစီးပါက မူလငှားရမ်းနှုန်းထားများမှာ ခေတ်နှင့် လျော်ညီမှုမရှိတော့သဖြင့် ပြန်လည်ပြင်ဆင်သတ်မှတ် ကောက် ခံသွားမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိအိမ်ရာများ၏ ငှားရမ်းခနှုန်းထားမှာ
ထောင်ဂဏန်းမှ သောင်းဂဏန်း အထိသာရှိသည်။

ယင်းသို့ အသစ်ပြန်လည်တည်ဆောက်သွားမည့် အိမ်ရာများမှာ ကျန်စစ်သားအိမ်ရာ၊ အောင်ဇေယျအိမ်ရာ၊ ပြည်တော်သာအိမ်ရာ၊ တောင်ဥက္ကလာပအိမ်ရာ၊ ဗိုအောင်ကျော်အိမ်ရာနှင့် တညင်းကုန်းအိမ်ရာ အစရှိသည့်အိမ်ရာများကို အသစ်ပြန်တည်ဆောက်မည်ဖြစ်ပြီး လတ်တလောတွင် လက်ရှိနေထိုင်သများနှင့် ညှိနှိုင်းဆောင်ရွက်ရန်
ဆောက်လုပ်ရေးဝန်ကြီးဌာနက ရည်ရွယ်ထားသည်။

7 day daily
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate