ဗိုလ်ဗထူးတန်ဖိုးမျှ အိမ်ရာစီမံကိန်းများကို မဲစနစ်ဖြင့် ရောင်းချမည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ
ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွင်ဖော်ဆောင်နေသော ဗိုလ်ဗထူးတန်ဖိုးမျှ အိမ်ရာစီမံကိန်းမှတိုက်ခန်းများရောင်းချရာတွင်
ဝယ်လိုအားများပြားနေခြင်းကြောင့် မဲစနစ်ဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ဗထူး တန်ဖိုးမျှအိမ်ရာစီမံကိန်းတွင် အခန်းပေါင်း ၄၀၀ ကျော်ကိုရောင်းချပေးသွားမည်ဖြစ်ပြီး ပထမအခန်းအမျိုးအစားကို ငွေကျပ် ၃၄၇ သိန်း၊ ဒုတိယအမျိုးအစားကို ငွေကျပ် ၂၂၅သိန်း၊ တတိယအမျိုးအစားကို
၂၃၇သိန်းတို့ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
”တိုက်ခန်းဝယ်ဖို့ လျှောက်ထားတဲ့သူ တွေများတဲ့အတွက်
အားလုံးအဆင်ပြေအောင်မဲစနစ်နဲ့ ရောင်းချပေးသွားမှာပါ။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ဆောင်ရွက်မှာဖြစ်လို
့လျှောက်လွှာတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ တင်သွင်းလို့ရပါတယ်”ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
ဗိုလ်ဗထူးအိမ်ရာစီမံကိန်းမှတိုက်ခန်းများဝယ်ယူရန်အတွက် တင်သွင်းထားသည့်လျှောက်လွှာပေါင်း ၁၃၀၀၀ ကျော်ရှိနေကြောင်း ၄င်း၏ပြောကြားချက်အရသိရှိရသည်။

Source : ရွှေဆဋ္ဌဂံဂျာနယ်