ကျူးကျော်များကို အလုပ်အကိုင်မပေးပါက ကျူးကျော်မှုဆက်လက်ဖြစ်နေမည်ဟု ၀န်ကြီးပြောကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်များကိုအလုပ်အကိုင်မပေးနိုင်သေးသရွေ့
ကျူးကျော်နေထိုင်မှုများ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း၊ ကျူးကျော်ပြသနာသည် အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်းကြောင့်
ဖြစ်ပွားနေရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းလုံခြုံရေးဝန်ကြီး ဗိုလ်မှူးတင်ဝင်းက ပြောကြားခဲ့သည်။

ကျူးကျော်နေထိုင်သူအများစုသည် ၎င်းတို့၏မူလအရပ်ဒေသများ၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေခြင်းကြောင့်အလုပ်အကိုင်ရှာဖွေရင်း ကျူးကျော်နေထိုင်မှုများဖြစ်ပေါ်လာရခြင်းဖြစ်ပြီး ကျူးကျော်နေ ထိုင်မှုများကို ရှင်းလင်းမည်ဆိုပါကလည်း ၁၉၈၈ ခုနှစ်
အောက်မြန်မာနိုင်ငံ မြို့ရွာနှင့်ကျေးလက်ဥပဒေဖြင့်သာ အရေးယူရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျူးကျော်တွေနဲ့ပတ်သတ်ပြီးတိုင်းဒေသကြီး အစိုးရက
နေရာပေးမယ်ဆိုရင်တောင် ကျူးကျော်တွေကအလုပ်အကိုင်မရှိတဲ့ အတွက် ကျူးကျော်မှုတွေဆက်ပြီးဖြစ်နေဦးမှာပါ။
ကျူးကျော်တွေကိုနေရာရွှေ့ရုံနဲ့ ပြသနာကပြေလည်သွားမှာ မဟုတ်ပါဘူး ” ဟုဝန်ကြီးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်ဟုသတ်မှတ်ထားသော
လူဦးရေ ၅၃၆၀၀ ကျော်ရှိကြောင်း သတင်းများအရသိရသည်။

Source : ရွှေဆဋ္ဌဂံ
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate