ဆိုင်ခန်းအငှားဈေးမြင့်၍ လက်လီလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲ
အငှားဈေးနှုန်းများမြင့်တက်လျက်ရှိသော အနော်ရထာလမ်းမပေါ်ရှိ ဆိုင်ခန်းများကို ၂၀၁၀ ပြည့်နှစ်အတွင်းက တွေ့ရစဉ်။
ဓာတ်ပုံ - မြန်မာတိုင်း(မ်)
၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်မြင့်တက်လာ သော ရန်ကုန်မြို့လယ်ဆိုင်ခန်း အငှားဈေးများ
ကြောင့် သာမန်လက်လီလုပ်ငန်းများသာမက အကြီးစား လက်လီလုပ်ငန်းကြီးများပါ အခက် တွေ့
လျက်ရှိပြီး ထိုသို့ ဆက်လက်မြင့်တက်နေ ပါက အသေးစားနှင့် အလတ်စားလုပ်ငန်းများ မှာ
ရေရှည်တွင် ဆက်လက်ရပ်တည်ရန် ခက်ခဲ လာမည်ဖြစ်ကြောင်း လက်လီလုပ်ငန်းရှင်များ က
ပြောသည်။
ဆိုင်ခန်းငှားရမ်းခနှုန်းများမှာ တစ်နှစ်လျှင်ပျမ်းမျှ ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်
လျက်ရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။ "ရန်ကုန်ရဲ့ ဆိုင်ခန်းငှားခတွေက တစ်နှစ် ထက်
တစ်နှစ်ထက် ပိုမြင့်လာတော့ အကြီးစား လက်လီ လုပ်ငန်းတစ်ခုအတွက်တောင် သိပ်မလွယ်ကူ
တဲ့ ပမာဏတွေ ဖြစ်လာတယ်။ အလယ်အလတ်တန်းစားနဲ့ အသေးစားလက်လီ လုပ်ငန်းတွေဆို
ရင် ပိုပြီးတော့ခက်ခဲတဲ့ အနေ အထားတွေဖြစ်နေပါတယ်။ အခုငှားရမ်းနှုန်း အတိုင်းသာ ဆက်ပြီး
မြင့်တက်သွားမယ်ဆိုရင် လက်လီလုပ်ငန်းတွေ ဆက်ပြီးရှင်သန် ရပ်တည် ဖို့ ခက်ခဲလာတော့မှာပါ"
ဟု City Mart Holding Co.,LTDနှင့် ၂၄ နာရီဖွင့်လှစ်ရောင်းချလျက် ရှိသော City Express
လက်လီအရောင်းဆိုင် တာဝန်ခံက မြန်မာတိုင်း(မ်) ကို ပြောသည်။
ရန်ကုန်မြို့တွင် ကုန်မျိုးစုံရောင်းချသည့်လက်လီဆိုင်များနှင့် ၂၄ နာရီဖွင့်လှစ်ရောင်းချ သည့်
လက်လီဆိုင်များအတွက် လိုအပ်သောဆိုင်ခန်းများမှာ ပုံမှန်အားဖြင့် အကျယ် ၁၅ ပေ အရှည်
ပေ ၅၀ ရှိဆိုင်ခန်းများနှင့် အကျယ် ၁၂ ပေ နှင့် အရှည် ပေ ၅၀ ရှိ ဆိုင်ခန်းများဖြစ်ပြီး ထိုဆိုင်ခန်း
ဈေးနှုန်းများမှာ နေရာအချက်အချာ ကျမှုအပေါ်မူတည်ကာ အငှားဈေးများကွာခြား ကြောင်း
လက်လီလုပ်ငန်းရှင်များက ပြော သည်။
လက်လီအရောင်းဆိုင်များမှာလည်း ရောင်းဝယ် ဖောက်ကားမှု ကောင်းမွန်ရန်အတွက် အချက်
အချာကျသည့် နေရာများတွင်သာ ရွေးချယ်ဖွင့်လှစ်ရခြင်းဖြစ်ပြီး ငှားရမ်းခနှုန်းမှာ တစ်လလျှင်
ပျမ်းမျှ ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအကြားရှိကြောင်း ၎င်းတို့က ပြောသည်။
"အခန်းငှားခတွေ ဈေးအရမ်းတက်တာက လည်း လက်လီလုပ်ငန်းရှင်တွေ လုပ်ငန်းတိုးချဲ့ ဖို့
အတွက် အခက်အခဲတစ်ခုပါ။ ပြီးခဲ့တဲ့ လေးနှစ်အတွင်း ရန်ကုန်မြို့တွင်းမြို့နယ်တွေ မှာ တော်
တော်များများဖွင့်ထားပြီး ၂၄ နာရီလည်းဖွင့်တဲ့ လက်လီဆိုင်တွေရဲ့ ဆိုင်ခန်းငှားခ တွေက
တစ်လကို ကျပ် ငါးသိန်းကနေ ၁၅ သိန်း အထိ မြင့်တက်သွားပါတယ်။ ဆိုင်ခန်းငှားခ အပြင်
ဆိုင်ခန်းအတွက် ကုန်ကျစရိတ်တွေက လည်းရှိသေးတော့ လေးဆယ်ရာခိုင်နှုန်းလောက် က
အဲဒီအထဲမှာမြှုပ်နှံထားရပါတယ်" ဟု ရန်ကုန်မြို့တွင် ဆိုင်ခွဲပေါင်း ၅၀ ခန့် ဖွင့်လှစ် ထားသည့်
ကုန်မျိုးစုံ လက်လီဆိုင်ဖြစ်သော abc convenience store ၏ ဦးဆောင် ညွှန်ကြားရေးမှူးချုပ်
ဖြစ်သူ ဒေါ်ဝေသစ်လွင်က လက်လီဆိုင်များနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ တစ်ခုတွင်
ပြောသည်။
ရန်ကုန်မြို့တွင် ဗိုလ်တထောင်၊ ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်းနှင့် လမ်းမတော်မြို့နယ်
များသည် ရန်ကုန်မြို့၏ မြို့လယ်ကောင် အချက် အချာကျသည့် နေရာတွင်တည်ရှိသည့်
အတွက် ယင်းမြို့နယ်များ၏ ဆိုင်ခန်းငှားဈေးနှုန်းများ မှာ အခြားမြို့နယ်များထက် ပိုမိုဈေးမြင့်
ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများက ပြော သည်။
အဆိုပါမြို့နယ်များတွင် စတုရန်းပေ ၁,၂၅၀ ခန့်အကျယ်အ၀န်းရှိသော မြေညီထပ်တစ်ခန်းလျှင်
တစ်လ ကျပ်သိန်း ၂၀ မှ သိန်း ၁၀၀ အတွင်း ရှိပြီး စတုရန်းပေ ၇၅၀ ခန့်အကျယ်အ၀န်းရှိ သော
ဆိုင်ခန်းမှာ ၁၀ သိန်းမှ ၁၅ သိန်းအကြား ပေါက်ဈေးရှိသည်။ မြို့လယ်ကောင်မြို့နယ်များ မဟုတ်
ဘဲ အခြား လူစည်ကားသည့် မြို့နယ်များဖြစ်သည့် ကျောက်မြောင်း၊ တာမွေ၊ စမ်းချောင်း၊ လှိုင်
နှင့် ကမာရွတ်မြို့နယ်များတွင် ပျမ်းမျှအားဖြင့် ကျပ် ခုနစ်သိန်းမှ ၁၀ သိန်း ၀န်းကျင်အတွင်းရှိ
ကြောင်း မြပန်းသခင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှ တာဝန်ခံ ကိုမင်းမင်းစိုးက ပြောသည်။
ထိုကဲ့သို့ ဆိုင်ခန်းအငှားဈေးနှုန်းများ ရန်ကုန် မြို့တွင် မြင့်တက်နေခြင်းသည် လက်လီ လုပ်ငန်းများ
အတွက် လုပ်ငန်းအကျိုးအမြတ် ရရှိမှုကို လျော့နည်းစေသည့်အပြင် လုပ်ငန်း စတင်ရန် ကြိုးစား
သူများကိုလည်း အဟန့် အတားဖြစ်စေကြောင်း City Mart Holding Co.,LTD မှ တာဝန်ရှိသူက
ပြောသည်။
"ဆိုင်ခန်းငှားခဈေးကြီးတာက လက်လီ လုပ်ငန်းကိုအသစ်ဝင်ရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေကို
လည်း အဟန့်အတားတစ်ခု ဖြစ်နေပါတယ်။ နောက်ပြီး လက်ရှိ လုပ်ကိုင်နေတဲ့ လက်လီလုပ်ငန်း
ရှင်တွေကလည်း ကုန်ကျစရိတ် ကိုကာမိနိုင်အောင် အသုံးစရိတ်တွေကို ချွေတာ ရတော့ လက်လီ
လုပ်ငန်းမှာ ခေတ်မီနည်းပညာ တွေ အသုံးပြုလာနိုင်မှုလည်း အားနည်းလာပါ တယ်" ဟု ၎င်းက
ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ဆိုင်ခန်းနှင့် မြေနေရာ ငှားရမ်းမှုအစဉ်အလာမှာ အခြားသောနိုင်ငံများ နှင့်
မတူပဲ ငှားရမ်းခကို တစ်လခြင်းမပေးချေရပဲ စာချုပ်ချုပ်ဆိုကာ အနည်းဆုံး ခြောက်လ၊ သို့မဟုတ်
တစ်နှစ် ပေးချေရသည့်အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏများကြောင်း လုပ်ငန်းရှင် များက ပြောသည်။
ရန်ကုန်မြို့တွင်းရှိ အလွတ်ဆိုင်ခန်းခ အငှား ဈေးနှုန်းများသာ မြင့်တက်နေခြင်းမဟုတ်ဘဲ ပုဂ္ဂလိက
ပိုင် လက်လီလက်ကားဈေးကြီးများနှင့် ဈေးဝယ်စင်တာများတွင်လည်း ဆိုင်ခန်း အငှား ဈေးများပါ
ဆက်လက်မြင့်တက်လာကြောင်း ထိုဈေးကြီးများတွင် ဆိုင်ခန်းငှားကာ ဖွင့်လှစ် လျက်ရှိသည့်
လက်လီလုပ်ငန်းရှင်များက ပြော သည်။
"ကျွန်မတို့က ဆိုင်ခန်းကို နှစ်ချုပ်နဲ့ပဲ ငှား တယ်။ လောလောဆယ် ဆိုင်ခန်းငှားခက နှစ်သိန်း
ကျော်ရှိပါတယ်။ ဒါက ဈေးတက်လာတာပါ။ ဆိုင်ခန်းက နှစ်ပြည့်လို့ တစ်ခါစာချုပ်ချုပ်တိုင်း
တစ်ခါတက်ပါတယ်။ ဈေး တက်ပေမယ့်လည်း ကိုယ့်ရဲ့ဆိုင်ကို ဒီနေရာမှာပဲဖွင့်ချင်တော့တက်
တဲ့အတိုင်းပေးပြီး ငှားရပါတယ်" ဟု မင်္ဂလာမွန်ဈေးသစ် မြေအောက်ထပ်တွင် လျှပ်စစ် အိမ်သုံး
ပစ္စည်းဆိုင်ဖွင့်လှစ်ရောင်းချ လျက်ရှိသည့်ဆိုင်ရှင်တစ်ဦးက ပြောသည်။
ဆိုင်ခန်းပိုင်ရှင်နှင့် ငှားရမ်းသူများအကြား စာချုပ်ဆိုကာ ဆိုင်ငှားရမ်းမှုများနှင့်ပတ်သက် သည့်
ပြဿနာများ မကြာခဏဖြစ်ပေါ်လေ့ရှိ သည့်အတွက် လက်လီလုပ်ငန်းရှင်များသည် ၎င်းတို့အား
အကာအကွယ်ပေးနိုင်မည့် ဥပဒေ ဆိုင်ရာအကြောင်းအရာများကို လေ့လာထား သင့်ကြောင်း
မြန်မာနိုင်ငံ လက်လီလုပ်ငန်းရှင် များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"စာချုပ်မချုပ်ဆိုခင်မှာ လက်လီလုပ်ငန်းတွေက ကိုယ့်ကိုယ်ကာကွယ်ပေးနိုင်မည့် ဥပဒေ
အကြောင်းအရာတွေကို သိရှိထားပြီး စာချုပ် ချုပ်ဆိုတဲ့ အခါမှာလည်း ဒီအချက်တွေ ပါ မပါ
သေချာစစ်ဆေးဖို့ လိုပါတယ်။ ဒီကိစ္စက အရေးကြီးပါတယ်။ ဒီလိုပဲ ဆိုင်ခန်းပိုင်ရှင်တွေ ဘက်
ကလည်း ကိုယ်လုပ်နိုင်တဲ့ လုပ်ပိုင်ခွင့် အတိုင်းအတာကို သိထားဖို့လိုသလို ကျော်ပြီး မလုပ်မိ
ဖို့လည်း လိုပါတယ်" ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံလက်လီ လုပ်ငန်းရှင်များအသင်းမှာ လက်လီလုပ်ငန်း ရှင်များ
အခွင့်အရေးအတွက် ပြင်ဆင်လျက် ရှိသည်။ သို့သော် ရန်ကုန်မြို့တွင် ပြောင်းလဲ လာသည့်
အိမ် ခြံ မြေ ဈေးနှုန်းများအရ ဆိုင်ခန်း နေရာငှားရမ်းမှုနှုန်းမှာလည်း မြင့်သထက် မြင့် တက်
လာခြင်းကြောင့် အသေးစားနှင့် အလတ် စား လက်လီရောင်းဝယ်ဖောက်ကားမှု ပြုလုပ်နေ
သည့် လုပ်ငန်းရှင်များအပြင် အကြီးစားလက်လီ လုပ်ငန်းရှင်များအတွက် ရေရှည်တွင် ရင်ဆိုင်
ရုန်းကန်ရမည့် အဓိကအခက် အခဲတစ်ခုလည်း ဖြစ်သည်။
မြတ်ငြိမ်းအေးနှင့် မြတ်နိုးဦး
သန်လျင် ကြယ်စင်အိမ်ရာ အခန်းများ အငှားချရန်ရှိ
ကြယ်စင်အိမ်ရာ စီမံကိန်းအတွင်းရှိ ပြီးစီးနေပြီဖြစ်သည့် တိုက်ခန်းအချို့အား တွေ့ရစဉ်။
ဇာနည်ဖြိုး
ကြယ်စင်အိမ်ရာတွင် ပရိဘောဂအပါအ၀င် နေထိုင်ရန် အသင့်ပြင်ဆင်ပြီးဖြစ်သော အခန်းပေါင်း
၁၀၀ ကျော်ကို ယခုနှစ် ဇွန်လမှစတင်ခါ ငှားရမ်းနေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အိမ်ရာတာဝန်ရှိ
သူများက ယခုလ ၄ ရက်နေ့တွင် ပြောသည်။
သန်လျင်မြို့နယ်၊ ပဲခူးမြစ်နံဘေးရှိ ဧက ၄၂၀ ခန့်ကျယ်ဝန်းသော ကြယ်စင်အိမ်ရာ (Star City) ၏
အဆောက်အအုံများအနက် အခန်းပေါင်း ၁၅၀ ပါဝင်သော Building A5 ကို အငှားနေထိုင်လိုသူ
များအတွက် စီစဉ်ပေးမည်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က နေထိုင်သူများထံအပ်နှံခဲ့သော Building A1 တွင် ၂၀ ရာခိုင်နှုန်းခန့် လူနေထိုင်
ကြပြီဖြစ်သည်။
Building A1 မှ A4 အထိအား ကုမ္ပဏီမှ ရောင်းချခဲ့ခြင်းဖြစ်ပြီး အခန်းပိုင်ရှင်များက ပြန်လည်
ငှားရမ်းထားမှု များရှိသော်လည်း ယခုအဆောက်အအုံရှိ အခန်းများကို ကုမ္ပဏီမှ တိုက်ရိုက်ငှားမည်
ဖြစ်သည်။
"အခန်းအများစုက အသင့်နေထိုင်ရုံ စီစဉ်ထားပါတယ်။ အခန်းအချို့ကတော့ ပရိဘောဂ မပါဘူးပေါ့။
ကျွန်တော်တို့ ဒီအခန်းတွေကို လာမယ့် ဇွန်လဆန်းမှာ စငှားပါတော့မယ်။ ကုမ္ပဏီ ပဲဖြစ်ဖြစ်၊
မိသားစုပဲ ဖြစ်ဖြစ် ငှားလိုတယ်ဆိုရင် ကျွန်တော်တို့ဆီ ဆက်သွယ်ပြီး ကြိုတင်မှာထားနိုင်ပါတယ်"
ဟု Serge Pun & Associates (Myanmar) မှ အရောင်းနှင့် ဈေးကွက်ဌာန အကြီးအကဲ
Mr. Gabriel Cheng က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ငှားရမ်းခကတော့ အမေရိကန်ဒေါ်လာ ၁,၀၀၀ ကစပါမယ်။ အဲဒီဈေးနှုန်းက အသင့် ပြင်ဆင်မထား
တဲ့ အခန်းတွေအတွက်ဖြစ်ပြီး ငှားရမ်းခက အခန်းအနေအထားပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။
မြစ်ရှုခင်းကို လှမ်းဖူးရတဲ့ အခန်းရှိမယ်၊ ပန်းခြံကိုမျက်နှာမူထားတဲ့ အခန်းရှိမယ် စသဖြင့်ပေါ့။ တချို့
အခန်းတွေဆို မြစ်ပြင် ကနေဖြတ်ပြီး ရွှေတိဂုံဘုရားကို လှမ်းဖူးနိုင်တဲ့ထိ မြင်ကွင်းလှတယ်" ဟု
၎င်းက ပြောသည်။
အဆောက်အအုံများအတွက် နေ့စဉ်သန့်ရှင်းရေး ပြုလုပ်ပေးမည်ဖြစ်သည်။ ထို့ပြင် ၂၄ နာရီ
လုံခြုံရေးစနစ်၊ လျှပ်စစ်မီးစနစ်တို့ ရရှိမည်ဖြစ်ပြီး နိုင်ငံတကာ ရုပ်သံအစီအစဉ်များနှင့် အင်တာနက်
အသုံးပြုနိုင်မည်ဖြစ်ပြီး ရေကူးကန်နှင့် အားကစားရုံတို့ကို အသုံးပြုနိုင်မည် ဖြစ်သည်။
အနိမ့်ဆုံး အခန်းငှားရမ်းနိုင်မှု အချိန်ကာလမှာ တစ်နှစ် ဖြစ်သည်။
နိုနိုအောင်
အရစ်ကျ ဝယ်ယူနိုင်မည့် ဒီဇင်ဘာ သီရိဂေဟာမြို့တော် (December Thiri Gayhar City) အိမ်ရာစီမံကိန်း တည်ဆောက်မည်
မြေညီထပ် တစ်ခန်းလျှင် ကျပ် သိန်း ၃၅၀ သတ်မှတ်ထားပြီး အမြင့်ဆုံး အပေါ်ထပ် တိုက်ခန်း တစ်ခန်းလျှင် ၁၂၅ သိန်းကျပ်ဖြင့် လတ်တလော သတ်မှတ်ထားကြောင်း၊ ***
အရစ်ကျစနစ်ဖြင့် ရောင်းချမည့် တိုက်ခန်းပေါင်း ၄၀၀ ကျော် ပါဝင်မည့် အိမ်ရာစီမံကိန်း တစ်ခု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စီးပွားရေး တက္ကသိုလ်အနီး အမှတ် (၂) လမ်းမကြီးပေါ်တွင် တည်ဆောက်မည် ဖြစ်ကြောင်း December Construction Co., Ltd. မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ အိမ်ရာတွင် မြေညီထပ် အပါအဝင် ခြောက်ထပ် အဆောက်အအုံ ၃၅ လုံးကို တည်ဆောက်မည် ဖြစ်ပြီး အခန်းတိုင်းတွင် အိပ်ခန်းနှစ်ခန်း ပါဝင်မည် ဖြစ်ပြီး မြေညီထပ်တွင် ထပ်ခိုး ပါဝင်ကြောင်း၊ မြေညီထပ် တစ်ခန်းလျှင် ကျပ် သိန်း ၃၅၀ သတ်မှတ်ထားပြီး အမြင့်ဆုံး အပေါ်ထပ် တိုက်ခန်း တစ်ခန်းလျှင် ၁၂၅ သိန်းကျပ်ဖြင့် လတ်တလော သတ်မှတ်ထားကြောင်း၊ အခန်းတိုင်း၏ အကျယ်အဝန်းမှာ စတုရန်း ပေ ၆၀၀ ကျယ်ဝန်းကြောင်း December Construction Co., Ltd. ထံမှ သိရှိရသည်။
အဆိုပါ အိမ်ရာကို ဒီဇင်ဘာ သီရိဂေဟာမြို့တော် (December Thiri Gayhar City) ဟု အမည်ပေးထားပြီး တိုက်ခန်းများကို တစ်နှစ်ခွဲ အချိန်ယူကာ တည်ဆောက်မည် ဖြစ်ကြောင်း၊ လူနေခန်းများကို ဖေဖော်ဝါရီလမှ စတင်ကာ အရစ်ကျ စနစ်ဖြင့်သာ ဝယ်ယူနိုင်ရုံသာမက လက်ငင်း ငွေချေစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း၊ အရစ်ကျ စနစ်ဖြင့် ဝယ်ယူလိုပါက ကနဦးတွင် ၃၅ ရာခိုင်နှုန်းကို ပေးသွင်းရမည် ဖြစ်ပြီး ကျန်ငွေကြေး ပမာဏကို ၁၈ လအတွင်း ပေးချေရမည် ဖြစ်ကြောင်း၊ လက်ငင်း ငွေချေစနစ်ဖြင့် ဝယ်ယူမည် ဆိုပါက တိုက်ခန်း တန်ဖိုးကို ၂၀ ရာခိုင်နှုန်း ဈေးလျှော့ပေးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“တိုက်ခန်း ဈေးနှုန်းတွေက ဈေးသင့်တော့ စိတ်ဝင်စားလို့ လာကြည့်တာ။ လူတော်တော် များများလည်း ဝယ်ဖြစ်မှာပါ” ဟု ရန်ကင်း မြို့နယ်တွင် နေထိုင်သူ အသက် ၅၀ ဝန်းကျင်ခန့် အမျိုးသမီးကြီး တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာ သီရိဂေဟာ မြို့တော် အိမ်ရာတွင် စာသင်ကျောင်း၊ ဓမ္မာရုံ၊ ဈေးဝယ်စင်တာ၊ အပန်းဖြေရန် နေရာနှင့် ကားပါကင်များ အပြင် အိမ်ရာအတွင်း သွားလာနိုင်မည့် ယာဉ်လိုင်းတစ်ခု စီစဉ်ပေးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။
အဆိုပါ အိမ်ရာ တိုက်ခန်းများကို တိုက်ခန်း ဆောက်လုပ်ချိန်မှ စတင်၍ တစ်နှစ်ရှစ်လ အကြာတွင် အခန်းများကို ဝယ်ယူသူများထံ ပေးအပ်မည် ဖြစ်ပြီး လက်ငင်းငွေချေ ဝယ်ယူသူများကိုမှု တစ်နှစ်ခြောက်လ အကြာတွင် ပြန်လည် ပေးအပ် မည်ဖြစ်ကြောင်း December Construction Co., Ltd. ထံမှ သိရှိရသည်။
အဆိုပါ အိမ်ရာ၏ တိုက်ခန်းများကို ရွှေဂုံတိုင် လမ်းမရှိ ရွှေဂုံတိုင် ဟိုတယ်တွင် ဖွင့်လှစ်ထားသော December Thiri Gayhar City Showroom တွင် လျှောက်လွှာတင်ကာ ဝယ်ယူနိုင်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။
Credit : MyanmarProperty
အရစ်ကျစနစ်ဖြင့် ရောင်းချမည့် တိုက်ခန်းပေါင်း ၄၀၀ ကျော် ပါဝင်မည့် အိမ်ရာစီမံကိန်း တစ်ခု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စီးပွားရေး တက္ကသိုလ်အနီး အမှတ် (၂) လမ်းမကြီးပေါ်တွင် တည်ဆောက်မည် ဖြစ်ကြောင်း December Construction Co., Ltd. မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ အိမ်ရာတွင် မြေညီထပ် အပါအဝင် ခြောက်ထပ် အဆောက်အအုံ ၃၅ လုံးကို တည်ဆောက်မည် ဖြစ်ပြီး အခန်းတိုင်းတွင် အိပ်ခန်းနှစ်ခန်း ပါဝင်မည် ဖြစ်ပြီး မြေညီထပ်တွင် ထပ်ခိုး ပါဝင်ကြောင်း၊ မြေညီထပ် တစ်ခန်းလျှင် ကျပ် သိန်း ၃၅၀ သတ်မှတ်ထားပြီး အမြင့်ဆုံး အပေါ်ထပ် တိုက်ခန်း တစ်ခန်းလျှင် ၁၂၅ သိန်းကျပ်ဖြင့် လတ်တလော သတ်မှတ်ထားကြောင်း၊ အခန်းတိုင်း၏ အကျယ်အဝန်းမှာ စတုရန်း ပေ ၆၀၀ ကျယ်ဝန်းကြောင်း December Construction Co., Ltd. ထံမှ သိရှိရသည်။
အဆိုပါ အိမ်ရာကို ဒီဇင်ဘာ သီရိဂေဟာမြို့တော် (December Thiri Gayhar City) ဟု အမည်ပေးထားပြီး တိုက်ခန်းများကို တစ်နှစ်ခွဲ အချိန်ယူကာ တည်ဆောက်မည် ဖြစ်ကြောင်း၊ လူနေခန်းများကို ဖေဖော်ဝါရီလမှ စတင်ကာ အရစ်ကျ စနစ်ဖြင့်သာ ဝယ်ယူနိုင်ရုံသာမက လက်ငင်း ငွေချေစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း၊ အရစ်ကျ စနစ်ဖြင့် ဝယ်ယူလိုပါက ကနဦးတွင် ၃၅ ရာခိုင်နှုန်းကို ပေးသွင်းရမည် ဖြစ်ပြီး ကျန်ငွေကြေး ပမာဏကို ၁၈ လအတွင်း ပေးချေရမည် ဖြစ်ကြောင်း၊ လက်ငင်း ငွေချေစနစ်ဖြင့် ဝယ်ယူမည် ဆိုပါက တိုက်ခန်း တန်ဖိုးကို ၂၀ ရာခိုင်နှုန်း ဈေးလျှော့ပေးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“တိုက်ခန်း ဈေးနှုန်းတွေက ဈေးသင့်တော့ စိတ်ဝင်စားလို့ လာကြည့်တာ။ လူတော်တော် များများလည်း ဝယ်ဖြစ်မှာပါ” ဟု ရန်ကင်း မြို့နယ်တွင် နေထိုင်သူ အသက် ၅၀ ဝန်းကျင်ခန့် အမျိုးသမီးကြီး တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာ သီရိဂေဟာ မြို့တော် အိမ်ရာတွင် စာသင်ကျောင်း၊ ဓမ္မာရုံ၊ ဈေးဝယ်စင်တာ၊ အပန်းဖြေရန် နေရာနှင့် ကားပါကင်များ အပြင် အိမ်ရာအတွင်း သွားလာနိုင်မည့် ယာဉ်လိုင်းတစ်ခု စီစဉ်ပေးမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။
အဆိုပါ အိမ်ရာ တိုက်ခန်းများကို တိုက်ခန်း ဆောက်လုပ်ချိန်မှ စတင်၍ တစ်နှစ်ရှစ်လ အကြာတွင် အခန်းများကို ဝယ်ယူသူများထံ ပေးအပ်မည် ဖြစ်ပြီး လက်ငင်းငွေချေ ဝယ်ယူသူများကိုမှု တစ်နှစ်ခြောက်လ အကြာတွင် ပြန်လည် ပေးအပ် မည်ဖြစ်ကြောင်း December Construction Co., Ltd. ထံမှ သိရှိရသည်။
အဆိုပါ အိမ်ရာ၏ တိုက်ခန်းများကို ရွှေဂုံတိုင် လမ်းမရှိ ရွှေဂုံတိုင် ဟိုတယ်တွင် ဖွင့်လှစ်ထားသော December Thiri Gayhar City Showroom တွင် လျှောက်လွှာတင်ကာ ဝယ်ယူနိုင်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။
Credit : MyanmarProperty
ဗိုလ်ဗထူးတန်ဖိုးမျှ အိမ်ရာစီမံကိန်းများကို မဲစနစ်ဖြင့် ရောင်းချမည်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ
ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွင်ဖော်ဆောင်နေသော ဗိုလ်ဗထူးတန်ဖိုးမျှ အိမ်ရာစီမံကိန်းမှတိုက်ခန်းများရောင်းချရာတွင်
ဝယ်လိုအားများပြားနေခြင်းကြောင့် မဲစနစ်ဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ဗထူး တန်ဖိုးမျှအိမ်ရာစီမံကိန်းတွင် အခန်းပေါင်း ၄၀၀ ကျော်ကိုရောင်းချပေးသွားမည်ဖြစ်ပြီး ပထမအခန်းအမျိုးအစားကို ငွေကျပ် ၃၄၇ သိန်း၊ ဒုတိယအမျိုးအစားကို ငွေကျပ် ၂၂၅သိန်း၊ တတိယအမျိုးအစားကို
၂၃၇သိန်းတို့ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
”တိုက်ခန်းဝယ်ဖို့ လျှောက်ထားတဲ့သူ တွေများတဲ့အတွက်
အားလုံးအဆင်ပြေအောင်မဲစနစ်နဲ့ ရောင်းချပေးသွားမှာပါ။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ဆောင်ရွက်မှာဖြစ်လို
့လျှောက်လွှာတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ တင်သွင်းလို့ရပါတယ်”ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
ဗိုလ်ဗထူးအိမ်ရာစီမံကိန်းမှတိုက်ခန်းများဝယ်ယူရန်အတွက် တင်သွင်းထားသည့်လျှောက်လွှာပေါင်း ၁၃၀၀၀ ကျော်ရှိနေကြောင်း ၄င်း၏ပြောကြားချက်အရသိရှိရသည်။
Source : ရွှေဆဋ္ဌဂံဂျာနယ်
ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တွင်ဖော်ဆောင်နေသော ဗိုလ်ဗထူးတန်ဖိုးမျှ အိမ်ရာစီမံကိန်းမှတိုက်ခန်းများရောင်းချရာတွင်
ဝယ်လိုအားများပြားနေခြင်းကြောင့် မဲစနစ်ဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ဗထူး တန်ဖိုးမျှအိမ်ရာစီမံကိန်းတွင် အခန်းပေါင်း ၄၀၀ ကျော်ကိုရောင်းချပေးသွားမည်ဖြစ်ပြီး ပထမအခန်းအမျိုးအစားကို ငွေကျပ် ၃၄၇ သိန်း၊ ဒုတိယအမျိုးအစားကို ငွေကျပ် ၂၂၅သိန်း၊ တတိယအမျိုးအစားကို
၂၃၇သိန်းတို့ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
”တိုက်ခန်းဝယ်ဖို့ လျှောက်ထားတဲ့သူ တွေများတဲ့အတွက်
အားလုံးအဆင်ပြေအောင်မဲစနစ်နဲ့ ရောင်းချပေးသွားမှာပါ။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ဆောင်ရွက်မှာဖြစ်လို
့လျှောက်လွှာတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ တင်သွင်းလို့ရပါတယ်”ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
ဗိုလ်ဗထူးအိမ်ရာစီမံကိန်းမှတိုက်ခန်းများဝယ်ယူရန်အတွက် တင်သွင်းထားသည့်လျှောက်လွှာပေါင်း ၁၃၀၀၀ ကျော်ရှိနေကြောင်း ၄င်း၏ပြောကြားချက်အရသိရှိရသည်။
Source : ရွှေဆဋ္ဌဂံဂျာနယ်
စည်ပင်ဖြိုတော့မည့် တိုက်ခန်း မဝယ်မိရလေအောင်
ရန်ကုန်၊ ဖေဖော်ဝါရီ၁၅-တိုက်ခန်းဝယ်မယ်ဆိုရင် ခွင့်ပြုချက်မဲ့နဲ့ တရား မဝင် တည်ဆောက်ထားတဲ့ တိုက်တွေရှိတာကြောင့် စိစစ်ပြီးမှ ဝယ်ယူသင့် တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ တာဝန် ရှိသူတစ်ဦးက တိုက်ခန်းဝယ်မယ်ဆိုရင် ရောင်းမယ့်သူ၊ ရောင်းမယ့်ကန်ထ ရိုက်ကို ပါမစ်မိတ္တူနဲ့ BCC (လူနေထိုင်ခွင့်ပါမစ်) ပြခိုင်းပါ၊ ပါမစ်ရှိရင် ပြနိုင် တယ်၊ ပါမစ်မရှိရင် မပြနိုင်ဘူး၊ အဲဒီအခန်းမျိုးမဝယ်နဲ့ပေါ့ လို့ ပြောပါတယ်။
ဆောက်နေတဲ့အချိန်မှာလည်း စည်ပင်က ခွင့်ပြုတဲ့ ဆိုင်းဘုတ်အစိမ်းရောင် ထောင်ထားရင် တရားဝင်ဆောက်လုပ်တာ ၅၀ ရာခိုင်နှုန်း သေချာပါတယ်။ ဆိုင်းဘုတ်အစိမ်းကို အတုထောင်တာတွေရှိတတ်တာကြောင့် စည်ပင်ဝက်ဘ် ဆိုက်ထဲမှာ အဲသည် အဆောက်အအုံရဲ့ လိပ်စာကို ရိုက်ထည့်လိုက်ရင် ခွင့်ပြုပေးထားရင် အဲသည် လိပ်စာပေါ်လာမယ်။ ခွင့်ပြုတာ မရှိရင်တော့ မပေါ်ဘူးလို့ သိရပါတယ်။
တရားဝင်တည်ဆောက်ဖို့ ခွင့်ပြုတဲ့ ပါမစ်မိတ္တူတွေကို မြို့နယ်အုပ်ချုပ်ရေး မှူးတွေကိုလည်း ပေးထားတာကြောင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှာလည်း စုံစမ်းနိုင်ပါတယ်
ဈေးနှုန်းကွာခြားချက်ကြောင့် တရားမဝင်တိုက်ခန်းတွေကို ဝယ်ကြတယ်၊ တရားဝင်တိုက်ခန်းက လက်ရှိ သင်္ဃန်းကျွန်းဘက်မှာ ကျပ်သိန်း ၂၅၀ လောက် ပေါက်တယ်၊ တရားမဝင်တိုက်ခန်းတွေက ကျပ်သိန်း ၁၀ဝ လောက်သာရှိတယ် လို့ နောင်ဦး အိမ်ခြံမြေအကျိုးဆောင်မှ ဦးမြင့်ဦးက ပြောပါတယ်။
တရားမဝင်ခွင့်ပြုချက်မဲ့ တည်ဆောက်တဲ့တိုက်ခန်းဝယ်မိရင် လျှပ်စစ်မီတာ လျှောက်ထားလို့ မရသလို မြေညီထပ်တွေဆိုရင်တော့ လုပ်ငန်းလိုင်စင် လျှောက်ခွင့်နဲ့ ဆိုင်းဘုတ်ထောင်ခွင့်မရဘူးလို့ သိရပါတယ်။
စည်းကမ်းမဲ့ တည်ဆောက်တာတွေများလာတာကြောင့် လက်ရှိရန်ကင်းက ခွင့်ပြုချက်မဲ့ အဆောက်အအုံသုံးလုံးကို ဖြိုခဲ့သလို စံနမူနာဖြစ်ဖို့ သင်္ဃန်း ကျွန်းဘက်မှာလည်း ဖြိုဖို့စီစဉ်နေပါတယ်။ စံနမူနာပြ ဖြိုမယ့်တိုက်ခန်းမဝယ်မိအောင်စုံစမ်းစစ်ဆေးပြီးမှ ဝယ်ယူသင့်တယ်လို့ သိရပါတယ်။
ခွင့်ပြုချက်မဲ့တည်ဆောက်တဲ့ အဆောက်အအုံတွေက အရှေ့ပိုင်းခရိုင်မှာ ၆၀၂ လုံး၊ အနောက်ပိုင်းခရိုင်မှာ ၉၉ လုံး၊ တောင်ပိုင်းခရိုင်မှာ ၁၂၄ လုံးနဲ့ မြောက်ပိုင်းခရိုင်မှာ ၃၃၂ လုံးအထိ ရှိပြီး ခွင့်ပြုချက်ထက် ကျော်လွန်တည်ဆောက်တဲ့ အဆောက်အအုံ ၅၅ လုံးအထိ ရှိခဲ့တယ်လို့ ၂၀၁၃ ခုနှစ် စာရင်းတွေအရ သိရပါတယ်။
Credit: ပို့ပို့မြင့်မွန်
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
www.facebook.com/phoenixestate
မြန်မာတိုင်း(မ်) ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရသည့် ပက်(ပ်)စီ ဦးသိန်းထွန်း MGS မိသားစုဝင်များ ၀ယ်ယူ
ပက်(ပ်)စီ ဦးသိန်းထွန်း၏ သမက် IBTC ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးကျော်ကို ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ပြုလုပ်သော သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲတွင် သမ္မတနှင့်အတူ တွေ့ရစဉ်
မြန်မာတိုင်း(မ်) ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အစိုးရနှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရ ပက်ပ်စီ ဦးသိန်းထွန်း MGS (Myanmar Golden Star) ကုမ္ပဏီ မိသားစုဝင်များက ဝယ်ယူလိုက်ကြောင်း သိရသည်။
အပတ်စဉ်ထုတ် ဂျာနယ်ဖြစ်သော မြန်မာတိုင်း(မ်) မြန်မာနှင့် အင်္ဂလိပ်ဂျာနယ်တို့ ထုတ်ဝေနေသည့် Myanmar Consolidated Media ကုမ္ပဏီမှ ဒေါက်တာ တင်ထွန်းဦး ပိုင်ဆိုင် ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပက်ပ်စီ ဦးသိန်းထွန်း MGS ကုမ္ပဏီက ဖေဖော်ဝါ ရီ ၂၈ ရက်က ငွေပေးချေ ဝယ်ယူလိုက်ခြင်း ဖြစ်သည်။
“ကျွန်မတို့ရဲ့ ၅၁ ရာခိုင်နှုန်းလုံးကို ဝယ်လိုက်တာ။ ပြောထားတာကတော့ ကြာပါပြီ။ တကယ် ပိုက်ဆံပေးတာကတော့ မနေ့ကပါ။ မြန်မာတိုင်း(မ်) ရဲ့ နိုင်ငံခြားရှယ်ယာ တချို့တစ်ဝက်ကိုလည်း ဝယ်တယ်လို့ ပြောသံကြားတယ်”ဟု ဒေါက်တာတင်ထွန်းဦး၏ ဇနီး ဒေါက်တာခင်မိုးမိုးက မတ် ၁ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။
ထိုသို့ဝယ်ယူရာတွင် ငွေပမာဏမည်မျှဖြင့် ဝယ်ယူသည်ဆိုခြင်းကို ပြောဆိုရန် ဒေါက်တာခင်မိုးမိုးက ငြင်းဆိုခဲ့ပြီး ပက်ပ်စီ ဦးသိန်းထွန်းအား ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
ပြည်မြန်မာဂျာနယ်နှင့် ပြည်မြန်မာသတင်းစာများ ထုတ်ဝေနေသည့် ဒေါက်တာတင်ထွန်းဦးသည် ၂ဝဝ၅ ခုနှစ် နောက်ပိုင်း မြန်မာတိုင်း(မ်)၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုရှယ်ယာများကို မြန်မာတိုင်း(မ်) ကို ပူးတွဲတည်ထောင်ခဲ့ပြီး ထိုအချိန်က ထောင်ဒဏ်ကျခံနေရသော ဦးဆန်နီဆွေ (ယခု မဇ္ဈိမသတင်းစာ၏ အမှုဆောင်အရာရှိချုပ်)ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာတိုင်း(မ်) ၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်သော မစ္စတာရော့စ်ဒန်ကလေနှင့် ဒေါက်တာတင်ထွန်းဦးတို့အကြား အပြန်အလှန် တရားစွဲဆိုမှုများဖြစ်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် မြန်မာတိုင်း(မ်)အား ဖျက်သိမ်းရန် တရားရုံးသို့ လျှောက်ထားခြင်းများ ရှိခဲ့သည်။
မြန်မာတိုင်း(မ်)၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ဝယ်ယူလိုက်သည့် ပက်ပ်စီ ဦးသိန်းထွန်းသည် MGS ကုမ္ပဏီ၏ ဥက္ကဌဖြစ်ပြီး ထွန်းဖောင်ဒေးရှင်းဘဏ်ကို တည်ထောင်ခဲ့သူဖြစ်သည်။ ပက်(ပ်)စီ ဦးသိန်းထွန်း၏ သမက်မှာ သမ္မတဦးသိန်းစိန်နှင့် နီးစပ်မှုရှိသော Grand Royal အရက် ထုတ်လုပ်နေသည့် IBTC ကုမ္ပဏီပိုင်ရှင် ဦးအောင်မိုးကျော် ဖြစ်သည်။
ပက်ပ်စီ ဦးသိန်းထွန်း ပိုင်ဆိုင်သော MGS ကုမ္ပဏီနှင့် ဦးအောင်မိုးကျော် ပိုင်ဆိုင်သော IBTC ကုမ္ပဏီတို့သည် မြန်မာနိုင်ငံ၏ အဖျော်ယမကာဈေးကွက်ဝေစုကို အများဆုံးရရှိထားသည်။ ၎င်းတို့နှစ်ဦးအနေဖြင့် ကမ္ဘာကျော် Carlsberg ဘီယာ၊ Heineken ဘီယာ၊ Chang ဘီယာစက်ရုံများ မြန်မာနိုင်ငံ၌ ထုတ်လုပ်ဖြန့်ဖြူးခွင့် ရရှိထားသူများဖြစ်ပြီး သမ္မတဦးသိန်းစိန်လက်ထက်တွင် ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ပက်(ပ်)စီ ဦးသိန်းထွန်းသည် စီးပွားရေးလုပ်ငန်းစုံ လုပ်ကိုင်ခွင့်ရရှိထားသူ တစ်ဦးဖြစ်ပြီး ကုမ္ပဏီပေါင်း ၁၃ ခု၏ ဥက္ကဌ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပုံနှိပ်မီဒီယာလောကသို့ အစိုးရနှင့်နီးစပ်သော လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ခွင့်ရ လုပ်ငန်းရှင်ကြီးများ အဆက်မပြတ် ဝင်ရောက်ရင်းနှီးမြှပ်နှံလျက်ရှိပြီး ပထမဆုံး ဝင်ရောက်လာသူမှာ FMI ကုမ္ပဏီနှင့် ရိုးမဘဏ်၏ ဥက္ကဌ ဦးသိမ်းဝေ (ခေါ်) ဆာ့ခ်ျပန်း က မဇ္ဈိမနေ့စဉ်ထုတ် သတင်းစာတွင် ယခင် မြန်မာတိုင်း(မ်) ပူးတွဲတည်ထောင်သူ ဦးဆန်နီဆွေနှင့်အတူ ရှယ်ယာထည့်ဝင်ခဲ့ခြင်း ဖြစ်သည်။
ဦးသိမ်းဝေသည် ယခင်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် နှင့် ရင်းနှီးမှုရှိခဲ့ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူဖြစ်သည်။
ရိုးမဘဏ်သည် ၂ဝဝ၂-၂ဝဝ၃ ခုနှစ်များတွင် ဘဏ်လုပ်ငန်းအားလုံး ရပ်ဆိုင်းခံခဲ့ရပြီး ငွေလွှဲလုပ်ငန်းတစ်ခုတည်းသာ လုပ်ကိုင်ခွင့်ရရှိခဲ့ရာမှ သမ္မတ ဦးသိန်းစိန် လက်ထက်၌ စီးပွားရေးလုပ်ငန်းများ ထပ်မံချဲ့ထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ပုံနှိပ်မီဒီယာလောကသို့ ထပ်မံဝင်ရောက် ရင်းနှီးမြှုပ်နှံလာသူတစ်ဦးမှာ အစိုးရနှင့် နီးစပ်ပြီး လုပ်ငန်းပေါင်းစုံလုပ်ကိုင်ခွင့်ရရှိထားသူ ရွှေသံလွင် Sky Net ကုမ္ပဏီဖြစ်ပြီး ထိုကုမ္ပဏီက ရှယ်ယာထည့်ဝင်ထားသည်ဟု ပြောဆိုနေကြသည့် Democracy Today သတင်းစာမှာ မတ် ၁ ရက်တွင် ထွက်ရှိလာသည်။ ထိုသတင်းစာ၏ အမှုဆောင်အရာရှိချုပ် ဦးကိုကို(ကိုကို-စက်မှုတက္ကသိုလ်) က သတင်းစာကို ဘဏ်ချေးငွေ ကျပ်သိန်းတစ်သောင်းဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး အခြားသော အဖွဲ့အစည်းများ၊ လုပ်ငန်းကြီးများနှင့် သက်ဆိုင်ခြင်းမရှိဘဲ သီးခြားတည်ရှိသော လုပ်ငန်းဖြစ်သည်ဟု ပြောကြားထားသည်။
သို့သော် လက်ရှိတွင် အစိုးရနှင့်နီးစပ်သော လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ခွင့်ရ စီးပွားရေးလုပ်ငန်းရှင်ကြီးများက ပုံနှိပ်မီဒီယာလောက၌ သာမက ပြည်ပ Exile မီဒီယာအချို့တွင် တရားဝင်အားဖြင့် လည်းကောင်း၊ တရားမဝင်အားဖြင့် လည်းကောင်း ရှယ်ယာထည့်ဝင်ခြင်းများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
Eleven Media
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
www.facebook.com/phoenixestate
သီလ၀ါ အထူးစီးပွားရေးဇုန်မြေဈေးနှုန်းကို လက်ရှိစက်မှုဇုန် ပေါက်ဈေးထက် ရာခိုင်နှုန်း ၃၀ မှ ၄၀ အထိ လျှော့ချထားပြီး ယင်းအချက်သည် မြေဈေးကစားသူများကိုသာ ထိခိုက်မှုရှိမည်ဟုဆို
သီလ၀ါစက်မှုဇုန်မြေကွက်များကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)
သီလဝါ အထူးစီးပွားရေးဇုန်မြေဈေးနှုန်းများကို လက်ရှိစက်မှုဇုန် ပေါက်ဈေးထက် ရာခိုင်နှုန်း ၃ဝ မှ ၄ဝ အထိ လျှော့ချပေးထားပြီး ယင်းအချက်သည် စက်မှုဇုန်မြေဈေးကစားသူများကိုသာ ထိခိုက်မှုရှိစေမည် ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဌ ဦးဝင်းအောင်က ပြောကြားသည်။
“ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်တွေလိုလားတဲ့ စက်မှုဇုန်မြေဈေးလျှော့ချနိုင်ဖို့အတွက် ကျွန်တော်တို့အခုရှိနေတဲ့ တစ်ဧကကို လက်ရှိရှိနေတဲ့ စက်မှုဇုန်တွေ အနည်းဆုံး ၃ဝ ကနေ ၄ဝ ရာနှုန်းအထိ လျှော့ချဖို့ စီစဉ်ထားတယ်။ တင်ပြချင်တာကတော့ လုံးဝနစ်နာမှု မရှိနိုင်ပါဘူး။ မြေတွေက ဈေးကျကျ မကျကျ ကိုယ်သုံးနေတာပဲ။ ဘယ်သူတွေ ထိခိုက်နိုင်လဲဆိုတော့ စီးပွားဖြစ်လုပ်နေတဲ့သူတွေ အတွက်တော့ ထိခိုက်နိုင်တယ်။
ဒါကသူတို့ရဲ့အကြောင်းတရားပေါ့။ စက်မှုဇုန်မြေဈေးတွေ လျော့ကျသွားတယ်ဆိုရင် လုပ်ငန်းလုပ်တဲ့သူတွေအတွက် အကျိုးရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီမှ ရှယ်ယာများကို မတ် ၃ ရက်တွင် ရှယ်ယာတစ်စုလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ရန်ကုန်၊ မန္တလေးရှိ ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ သမဝါယမဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ် စသည့်ဘဏ်ခွဲပေါင်း ၁၈၂ ခုနှင့် ချိတ်ဆက်ကာ မည်သူ့ကိုမဆို ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဦးဝင်းအောင်က ဆက်လက်၍ “ဒါကြောင့် စက်မှုဇုန်တွေ ဖော်ဆောင်တဲ့အခါမှာ ဒီလိုပဲ ဈေးနှုန်းကို သင့်လျော်တဲ့ဈေး နှုန်းနဲ့ ဖော်ဆောင်သင့်ပါတယ်။ လက်ရှိနေတဲ့ စက်မှုဇုန်တွေရဲ့ အင်္ဂါရပ်တွေကို တိုးတက်အောင် လုပ်လို့ရပါတယ်။ စက်မှုဇုန်ဥက္ကဌ တွေအနေနဲ့ လက်ရှိစက်မှုဇုန်တွေကို တိုးတက်အောင်လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ရန်ကုန်မြို့ရှိ အကောင်အထည်ဖော်ပြီး စက်မှုဇုန်များမှာ ဈေးနှုန်းကွာခြားမှုများ ရှိနေပြီး လှိုင်သာယာစက်မှုဇုန်မှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်နေကာ ဖွံ့ဖြိုးမှု အတော်အတန်ရှိနေသော ရွှေလင်ဗန်းစက်မှုဇုန်မှာ တစ်ဧကလျှင် သိန်း ၂၅ဝဝ နှင့် ၃ဝဝဝ ကြား ပေါက်ဈေးရှိပြီး သီလဝါအထူးစီးပွားရေးဇုန်၏ ပေါက်ဈေးမှာ တစ်ဧကလျှင် သိန်း ၂၅ဝဝ နှင့် ၃ဝဝဝ ကြား ရှိနေကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်သည် မြန်မာဘက်က ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံဘက်က ၄၉ ရာခိုင်နှုန်း ရှယ်ယာပါဝင်ကာ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်က စတင်အကောင်အထည်ဖော်ခဲ့ပြီး မြန်မာ- ဂျပန် ပုဂ္ဂလိကနှင့် အစိုးရအဖွဲ့အစည်းတို့ ပူးပေါင်းဖွဲ့စည်းထားသော Myanmar-Japan Thilawa Development Limited မှ ရင်းနှီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
Eleven Media
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
www.facebook.com/phoenixestate
Subscribe to:
Posts (Atom)




