ရန်ကုန်မြို့ရှိကွန်ဒိုများ ကွန်ဒိုမီနီယံဥပဒေဖြင့် ကိုက်ညီရန် လိုအပ်နေ



ရန်ကုန်မြို့တွင်း၌ လက်ရှိတည်ဆောက်ထားပြီးဖြစ်သော ကွန်ဒိုအဆောက်အအုံများမှာ ထွက်ပေါ်လာမည့် ကွန်ဒိုဥပဒေနှင့်ကိုက်ညီရန် များစွာလိုအပ်နေသေးသည်။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

ဆောက်လုပ်ရေးဝန်ကြီးဌာန အောက်ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ရေးဆွဲကာ
ပြည်သူ့လွှတ်တော်တွင်တင်ပြ ထားသည့် ကွန်ဒိုမီနီယံဥပဒေအရ ရန်ကုန် မြို့တော်အတွင်းရှိ
ကွန်ဒိုအဆောက်အအုံအများစုမှာ အဆိုပါဥပဒေနှင့်ကိုက်ညီမှုနည်းပါးကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ဒုတိယညွှန်ကြားရေးမှူး
ဦးနေ၀င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"အခု ရန်ကုန်မြို့မှာရှိတဲ့ ကွန်ဒိုတော်တော် များများက ကွန်ဒိုမီနီယံလို့ ပြောလို့မရဘူး။ ဆောက်
လုပ်သူတွေကလည်း အိုးအိမ်ကရေးဆွဲ ထားတဲ့ ကွန်ဒိုမီနီယံ ဥပဒေထဲမှာပါတဲ့အချက် တွေနဲ့
ကိုက်ညီအောင်မဆောက်ကြဘူး။ အခုချိန် ထိ အဲဒီဥပဒေထဲကအတိုင်း တည်ဆောက်ထား တဲ့
အဆောက်အအုံတစ်ခုမှ မတွေ့သေးဘူး။ ဒါကြောင့် ကွန်ဒိုလို့သာပြောနေပေမယ့် ကွန်ဒိုလို့
သတ်မှတ်လို့ မရဘူး" ဟု ၎င်းကပြောသည်။

ရေးဆွဲထားသည့် ကွန်ဒိုမီနီယံဥပဒေတွင် ကွန်ဒိုမီနီယံတည်ဆောက်ရာတွင် အဓိကပါဝင် ရမည့်
အချက်မှာ ယင်းအဆောက်အအုံ တည် ဆောက်ရာမြေသည် အစိုးရပိုင်မြေနှင့် ဌာနပိုင် မြေများ
မဟုတ်ဘဲ နှစ် ၆၀ ဂရန်ပေါက်မြေ သို့မဟုတ် ဘိုးဘွားပိုင်မြေဖြစ်ရမည်ဆိုသည့်အချက်ဖြစ်ပြီး
လက်ရှိရန်ကုန်မြို့ရှိ ကွန်ဒိုအဆောက်အအုံအများစုမှာ အငှားမြေများပေါ်တွင်သာ တည်ဆောက်
ထားသည့်မြေများဖြစ်ကြောင်း ၎င်းကပြောသည်။

"ကွန်ဒိုမီနီယံလို့ ပြောလိုက်တာနဲ့ အဲဒီကွန်ဒို မှာနေတဲ့သူတွေက ကွန်ဒိုဆောက်ထားတဲ့ မြေကြီးကိုပိုင်တယ်။ နေထိုင်တဲ့သူအားလုံး မြေကြီးကိုအချိုးကျပိုင်တယ်။ အခုကွန်ဒိုတွေက မြေကြီးကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေပဲ ပိုင်ကြတယ်။ ကွန်ဒိုမှာနေထိုင်
တဲ့သူတွေ အဲဒီ မြေကို အချိုးကျပိုင်ရမယ်ဆိုတဲ့အချက်က ဥပဒေ ထဲမှာ အဓိကအချက်ဆိုတော့
အခုအဲဒီလို ဆောက်ထားတဲ့ ကွန်ဒိုအားလုံးက ကွန်ဒိုတွေမဟုတ်ကြဘူး" ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ရှိ ကွန်ဒိုမီနီယံဟု သတ်မှတ်ထား သည့် အဆောက်အအုံ အများစုသည် အစိုးရ က
ငှားရမ်းထားသည့်မြေများနှင့် စည်ပင်သာယာ မြေများတွင်တည်ဆောက်ထားသည့် အဆောက်
အအုံများဖြစ်သည်။ ထိုကဲ့သို့ မြေငှားမြေပေါ် တွင်တည်ဆောက်ထားသည့် အဆောက်အအုံ တွင်
နေထိုင်သူများမှာ မြေပိုင်ဆိုင်မှုမရှိသည့် အတွက် အချိန်ကာလကြာမြင့်သည့်အခါတွင် အခက်
အခဲများရှိလာနိုင်ကြောင်း ဦးနေ၀င်း က ပြောသည်။

"ကွန်ဒိုမှာ နေထိုင်တဲ့သူတွေက မြေမပိုင်ဆိုင် တဲ့အခါ၊ အချိန်တွေကြာလာလို့ အဆောက်အအုံ
ချို့ယွင်းလာပြီး ပြန်ပြင်ဆောက်ချင်တဲ့ အခါ အငြင်ပွားစရာတွေဖြစ်လာနိုင်တယ်။ မြေပိုင်ရှင်
ကတော့ သူပိုင်ဆိုင်တဲ့မြေကို သဘောအတိုင်းပြုလုပ်နိုင်ပေမယ့် ကွန်ဒိုမှာနေတဲ့သူတွေကတော့
မြေပိုင်ရှင်ခွင့်ပြုချက်ရမှဖြစ်မှာ။ နောက်ပြီး ကွန်ဒိုမှာနေထိုင်တဲ့သူတွေက ကွန်ဒိုဆောက်ထားတဲ့
အဆောက်အအုံရဲ့မြေအတွက်လည်း မြေငှားခကို လစဉ်ပေးရတာတွေလည်း ရှိတယ်။ ကွန်ဒိုမီနီ
ယံဥပဒေမှာဆို အဲဒါတွေမရှိဘူး" ဟု ၎င်းကပြောသည်။

ထို့ပြင် နိုင်ငံခြားသားဆောက်လုပ်ရေး လုပ်ငန်းရှင်များကလည်း အစိုးရထံမှ Build Operate and
Transfer- (BOT) စနစ်ဖြင့် နှစ် ၅၀ နှင့် ထပ်ဆောင်းကာလ ၁၀ နှစ် နှစ်ကြိမ် ကျဖြင့် မြေငှားရမ်း
ကာ ကွန်ဒိုတည်ဆောက်မှု များရှိလာခဲ့သည့်အတွက် ယင်းကဲ့သို့သော ကွန်ဒိုများကို ရောင်းချပါက
မြေပိုင်ဆိုင်မှုမရှိခြင်းကို ပွင့်လင်းစွာဖော်ပြကာ ရောင်းချသင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်
ဆောင်မူ အသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့ အောင်က ပြောသည်။

"နိုင်ငံခြားသား ဆောက်လုပ်ရေးလုပ်ငန်း ရှင်တွေကလည်း သူတို့ဆောက်မယ့်ကွန်ဒိုတွေကို
ရောင်းရင် ဒီကွန်ဒိုကတော့ အစိုးရဆီကြဥွှ စနစ်နဲ့မြေငှားပြီး တည်ဆောက်ထားတဲ့ အကြောင်း၊
နှစ် ၇၀ ပိုင်ဆိုင်မှုရှိတယ်ဆိုတဲ့ အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောပြီး ရောင်းသင့်ပါတယ်။
ဒါမှသာ ကွန်ဒိုဝယ်မယ့်သူ တွေကလည်း ၀ယ်ယူသင့် မသင့်ကို ချင့်ချိန်နိုင် မှာပါ" ဟု ၎င်းကပြော
သည်။

ကွန်ဒိုမီနီယံဥပဒေတွင်လည်း ကွန်ဒိုအခန်း ပိုင်ဆိုင်သူများသည် မြေပိုင်ဆိုင်မှုခိုင်မာပါက
ယင်းကွန်ဒိုအခန်းကို ဘဏ်တွင်ပေါင်နှံခွင့် ရှိသော်လည်း မြေပိုင်ဆိုင်မှုမခိုင်လုံသည့် ကွန်ဒို
အခန်းပိုင်ရှင်များမှာလည်း ဘဏ်တွင်ရောင်း နှံခွင့် ရှိ မရှိကိုလည်း ကွဲပြားစွာသိရှိသင့်ကြောင်း
၎င်းကပြောသည်။

"မြေပါပိုင်တဲ့ ကွန်ဒိုနေထိုင်သူတွေက ဘဏ် မှာ သူတို့အခန်းကို ပေါင်နှံခွင့်ရှိသလို အစိုးရ ကနေ
မြေငှားထားပြီးြဥွှ စနစ်နဲ့ ဆောက်တဲ့ကွန်ဒိုမှာ နေထိုင်သူတွေကလည်း ဘဏ်မှာပေါင်နှံခွင့်ရှိလား
ဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အဲဒါကို ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ နေထိုင်သူ
တွေက ကိုယ်ပိုင်ဆိုင်တဲ့အခန်းကို ဘာမှမလုပ်နိုင်တဲ့ အခြေအနေတွေဖြစ်လာခဲ့ရင် အဆင်မပြေပါ
ဘူး" ဟု ၎င်းကပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှာ ကွန်ဒို မီနီယံဥပဒေတွင် ကွန်ဒိုမီနီယံ၌ နေထိုင်မည့် သူများ၏ ရရှိနိုင်မည့်အခွင့်အရေးများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ရပ်တည်ချက်များ ပံ့ပိုးပေးနိုင်
မည့်အချက်များကို ယင်းဥပဒေတွင် ထည့်သွင်းဖော်ပြနိုင်ရန် အကြံ ပေးထားကြောင်း မြန်မာနိုင်ငံ
ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသာ အေးက ပြောသည်။

"အဓိကကတော့ ကွန်ဒိုမီနီယံဥပဒေမှာ ကွန်ဒိုမှာနေထိုင်မယ့်သူတွေရဲ့ အဆင်ပြေပြေ နေထိုင်နိုင်ဖို့၊
သူတို့တွေရဲ့အခွင့်အရေးတွေရဖို့နဲ့ ကွန်ဒိုမီနီယံနဲ့ ပတ်သက်တဲ့စီမံခန့်ခွဲမှု တွေ စနစ်ကျဖို့အတွက်
ဒီဥပဒေကိုရေးဆွဲကြ တာပါ။ ဒီအရာတွေကို ဦးစားပေးစေချင်ပါ တယ်။ ကွန်ဒိုမီနီယံဥပဒေကလည်း
ကျယ်ပြန့်တဲ့ ဥပဒေတစ်ခုဖြစ်တဲ့အတွက် မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်ပိုင်မှာပဲဖြစ်ဖြစ်၊
ပုဂ္ဂလိကပိုင်မှာ တည်ဆောက်တာပဲဖြစ်ဖြစ်၊ အားလုံးကတော့ သူ့ရပ်တည်မှုနဲ့သူ အခွင့် အရေး
တွေရှိပါတယ်" ဟု ၎င်းကပြောသည်။

လွှတ်တော်သို့တင်ပြထားသည့် ယင်းဥပဒေတွင် နိုင်ငံခြားသားများမှာ မြန်မာနိုင်ငံ၌ ကွန်ဒို
လေးထပ်နှင့်အထက်အခန်းများကို ၄၀ ရာခိုင်နှုန်းအထိ ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း ဦးနေ၀င်းက
ပြောသည်။

မြတ်ငြိမ်းအေး
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ရန်ကုန်မြို့တွင်း အဆောင်၊ တိုက်ခန်းငှားရမ်းခများမြင့်တက်မှုကြောင့် ငှားရမ်းနေထိုင်သူတို့ အခက်ကြုံ

ရန်ကုန်မြို့အတွင်း အဆောင်ငှား ခများနှင့် အိမ်ခန်းငှားခများ မြင့်တက်လာ မှုကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ ကြောင်း ငှားရမ်းနေထိုင်သူများထံမှ သိရ သည်။

''အဆောင်ငှားခတွေက ခုနောက်ပိုင်း ဆို ဈေးတက်လာတယ်။ အဆောင်နေရတဲ့ ပုံစံက အခန်းနဲ့နေမယ်ဆိုရင် ဈေးကတစ် မျိုး၊ ဒီအတိုင်း Hall ခန်းနဲ့ နေမယ်ဆိုရင် တစ်မျိုး၊ Hall နဲ့ကျတော့ နေရတာက အ ဆင်မပြေဘူးလေ။ လူတွေအကုန်လုံး ရော နေတာဆိုတော့ တချို့အဆောင်တွေဆိုရင် စည်းကမ်းမရှိဘူး။ သန့်ရှင်းမှုလဲ မရှိဘူး။ အ ခန်းနဲ့နေရတာကျတော့လဲ သူတို့အဆောင် ပိုင်ရှင်တွေက လုပ်ထားတဲ့အခန်းတွေက အရမ်းကျဉ်းတယ်။ နှစ်ယောက်ခန်းဆိုရင် တစ်ယောက်စာလောက်ပဲ နေလို့ရတဲ့ အ နေအထားကို စီးပွားရေး အရမ်းဆန်နေ တယ်။ တချို့အဆောင်တွေဆို ဈေးကကြီး တဲ့အပြင် တစ်လကို ရေဖိုးနဲ့မီတာခက ထပ် တောင်းသေးတယ်။ ရတဲ့လစာနဲ့ အဆောင် ခပေးရတာနဲ့တင် ဘာမှမကျန်ဘူး''ဟု ကမာ ရွတ်မြို့နယ် လှည်းတန်းတွင် အဆောင်ငှား နေထိုင်သူ ကိုဇင်ကိုက ဆိုသည်။

ရန်ကုန်မြို့တွင် အဆောင်ငှားနေထိုင် ကြသူအများစုမှာ လမ်းမတော်၊ လသာ၊ ကမာရွတ်(လှည်းတန်း)၊ အလုံနှင့် စမ်းချောင်း မြို့နယ်များတွင် အများဆုံးဖြစ်ပြီး အခြား မြို့နယ်များတွင်လည်း နေထိုင်ကြကြောင်း သိရသည်။ အဆောင်ဈေးများအနေဖြင့် အ ခန်းဖြင့် နေထိုင်မည်ဆိုပါက တစ်ဦးလျှင် အနည်းဆုံး ကျပ်နှစ်သောင်းခွဲနှင့် အထက် ရှိကာ Hall ဖြင့်နေထိုင်မည်ဆိုပါက ကျပ် နှစ်သောင်းဝန်းကျင်ရှိကြောင်း သိရသည်။
အချို့နေရာများတွင် Hall ကိုပင် ကျပ်သုံးသောင်းဖြင့် နေထိုင်ကြရသူများ လည်းရှိကြောင်း သိရသည်။ Hall ခန်းတစ် ခန်းလျှင် အနည်းဆုံး လူ ၁၂ ဦးနှင့်အထက် ရှိကာ အခန်းသီးသန့်တွင် တစ်ယောက်ခန်း၊ နှစ်ယောက်ခန်း စသည်ဖြင့် အမျိုးမျိုးရှိ ကြောင်းသိရသည်။

''အခုနောက်ပိုင်း တော်တော်များများ လုပ်လာတာက သူတို့က အဆောင်မှာ မနေ တော့ဘူး။ သူငယ်ချင်းပဲဖြစ်ဖြစ် သူတို့ချင်း လူစုလိုက်တယ်။ ပြီးတော့ တိုက်ခန်းကို အ ပြတ်ငှားနေကြတာတွေ များလာတယ်။ ရန် ကုန်မှာ တိုက်ခန်းကိုငှားမယ်ဆိုရင်တော့ များသောအားဖြင့် ပွဲစားနဲ့ပဲ ချုပ်ရတယ်။ ပွဲစားခကတော့ တစ်လစာပေါ့။ ငှားမယ်ဆို ရင် အနည်းဆုံး သုံးလတော့ ချုပ်ရတယ်။ တချို့က ပွဲစားကို တစ်လခမပေးချင်တဲ့သူတွေရှိ တယ်''ဟု ပြည်ရိပ်မွန်အိမ်ရာမှ တိုက်ခန်းပွဲစားတစ် ဦးက ပြောသည်။

တိုက်ခန်းငှားရမ်းနေထိုင်သူ တစ်ဦးကလည်း ရန်ကုန်မြို့တွင် တိုက်ခန်းငှားရမ်းကြသူများမှာ ပထ မအကြိမ် ငှားရမ်းနေထိုင်ပြီး ထပ်မံစာချုပ် ချုပ်ပါ က ပွဲစားများနှင့် အခန်းပိုင်ရှင်တို့ပေါင်းကာ အခန်း ငှားခကို ဈေးမြှင့်သည့်ဖြစ်စဉ်များ ကြုံတွေ့ရကြောင်း ¤င်းကပြောသည်။
ယင်းက ''သူတို့က ကိုယ်တွေကို တောင်းတဲ့ ဈေးမရရင် ဒီဈေးနဲ့ပဲ နောက်လူထပ်ထည့်ဖို့ ရှာပြီး သားလေ။ သူတို့က ပိုက်ဆံရဖို့ပဲကြည့်တာ။ တစ် ဖက်က ဘယ်လိုဒုက္ခရောက်ကြလဲဆိုတာကို မကြည့် ကြဘူး။ နောက်တစ်ခန်းငှားမယ်ဆိုရင်လဲ ပြောင်း ရရွှေ့ရဦးမယ်။ ပြောင်းဖို့အခန်းက ရှာရဦးမယ်။ ပွဲ စားကိုလဲ အသားတင် တစ်လခကလဲပေးရဦးမယ်။ တော်တော်ဒုက္ခများရတာပါပဲ''ဟု ပြောသည်။

ရန်ကုန်မြို့ပြအိမ်ရာစနစ်တွင် အိမ်ပိုင်အိုးပိုင် ဖြင့် မနေနိုင်ဘဲ ဖြစ်နေသူများသည် ရန်ကုန်မြို့ရှိ အိမ်ထောင်စုများ၏ ၇၆ ရာခိုင်နှုန်းခန့်ရှိသည်ဟု မြို့ပြစီမံကိန်းပညာရှင်တစ်ဦးလည်းဖြစ်၊ ရန်ကုန် နည်းပညာတက္ကသိုလ်ပါမောက္ခဟောင်းလည်း ဖြစ်သူ ဒေါက်တာကျော်လတ်က တွက်ပြဖူးသည်။

ရန်ကုန်မြို့ရှိ အဆောင်နှင့်တိုက်ခန်းငှားရမ်း နေထိုင်ကြသူများမှာ နယ်မှ ကျောင်းလာတက်သူ များ၊ အလုပ် လုပ်သူများ၊ သင်တန်းတက်သူများ အများဆုံးဖြစ်ပြီး နယ်မှ လာရောက်နေထိုင်သူအ များစုမှာလည်း အဆောင်များတွင်သာ နေထိုင်ကြ ကြောင်း သိရသည်။

ကောင်းထက်
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အဆောက်အအုံဆောက်လုပ်ခွင့် ပါမစ်ချပေးခြင်း စည်ပင်သာယာကိုင်တွယ်သည့်မူ ပယ်ဖျက်မည်

အဆောက်အအုံ ဆောက်လုပ်ခွင့် ပါမစ်ချထားပေးခြင်း အတွက် လိုအပ်သော လုပ်ငန်းစဉ်များကို ရန်ကုန်စည်ပင်ကသာ စိစစ်ခြင်းမူကို ပယ်ဖျက်တော့ မည်ဟု သတင်းရရှိသည်။

လက်ရှိတွင် လုပ်ငန်းစဉ် အဆင့်ဆင့် အတွက် တာဝန်ယူနိုင်မည့် အဖွဲ့အစည်း များ ဖွဲ့စည်းဆောင်ရွက်ခွင့်ပေးရန် စီစဉ်နေပြီး ယင်းအတွက် ရန်ကုန်စည်ပင်မှ တာ ဝန်ရှိသူများက အင်ဂျင်နီယာအသင်း၊ အင်ဂျင်နီယာကောင်စီမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု သိရသည်။

စစ်ဆေးရေးအင်ဂျင်နီယာ၊ အဆောက်အအုံအင်ဂျင်နီယာများကို အဆိုပါ အသင်းများ၏ အကူအညီရယူ၍ ရွေးချယ်ကာ ရန်ကုန်စည်ပင်မှ အသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်း၊ စစ်ဆေးရေး အဖွဲ့များ
ဖွဲ့စည်းပေးခြင်းဖြင့် တာဝန်ယူဆောင်ရွက်စေမည်ဟု အင်ဂျင်နီယာဌာန အဆောက်အအုံမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တာဝန်ခွဲဝေဆောင်ရွက်ခြင်းဖြင့် ပါမစ်ချထားပေးမှု မြန်ဆန်ခြင်း၊ ဌာနနှင့်ပြည်သူများကြား လာဘ်ပေးလာဘ်ယူကိစ္စများ ကင်းရှင်းခြင်း၊ အဆောက် အအုံများ၏ အရည်အသွေး ပိုမိုစိတ်ချရခြင်းကဲ့သို့သော အကျိုးဆက်များ ရှိနိုင်မည် ဟု မျှော်မှန်းကြောင်း ၎င်းကဆိုသည်။ စင်ကာပူနိုင်ငံတွင်လည်း ပါမစ်ချထားပေးခြင်း အတွက်

ယင်းကဲ့သို့သော အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်သည်ဟု အထက်ပါအရာရှိက ဆက်ပြောသည်။ လက်ရှိတွင် ရန်ကုန်စည်ပင်ကသာ ကိုင်တွယ်ဆောင်ရွက်နေရာ လာရောက် တင်ပြသောဒီဇိုင်းများမှာ ခွင့်ပြုပုံစံနှင့်ကွဲလွဲ၍ ပြန်လည်ရေးဆွဲခိုင်းရသည့်အခါ အချိန်ကြန့်ကြာမှုများ ကြုံကြိုက်နေရကြောင်း ၎င်းကပြောသည်။

မိသားစု အဆောက် အအုံများအတွက် ပိုင်ဆိုင်မှုမှန်ကန်ပါက ၂၁ ရက်၊ အထပ်မြင့်များအတွက် ၄၅ ရက်အတွင်းပါမစ်ချထားပေးမှု ကို ဆောင်ရွက်ပေးမည် ဆိုသော်လည်း ဒီဇိုင်းတင်ပြ ရာတွင်
ခွင့်ပြုပုံစံနှင့် ကွဲလွဲမှုများကြောင့် ပြန်လည်ရေးဆွဲစေခိုင်းရ၍ သတ်မှတ်ချက် ထက်ပိုမိုကြန့်ကြာနေသည်ဟု အထက်ပါစည်ပင်အရာရှိက ပြောသည်။

ဝေမာထွန်း
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ကျပ်သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာကို ဇူလိုင်လအတွင်းမှသာ ရောင်းချနိုင်မည်


မန္တလေးမြို့ရှိ တန်ဖိုးနည်းအိမ်ရာဆောက်လုပ်မှု လုပ်ငန်းခွင်အား ဧပြီလအတွင်းက တွေ့ရစဉ်

ကျပ်သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာကို ဇူလိုင်လအတွင်းမှသာ ရောင်းချနိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ဧပြီလအတွင်း စတင်ရောင်းချနိုင်မည်ဟု တာဝန်ရှိသူများက ကနဦး ပြောကြားထားခဲ့သော်လည်း ယခုအခါ နောက်ကျပြီးမှ ရောင်းချနိုင်မည် ဖြစ်သည်။

အဆောက်အအုံ တည်ဆောက်မှုပိုင်း ပြီးစီးပြီးဖြစ်သော်လည်း အချောသပ်ရန်နှင့် ရေပေးဝေရေး၊ လျှပ်စစ်မီး သွယ်တန်းရန် လိုအပ်နေသေးကြောင်း အားလုံးပြီးစီးရန်နှင့် အိမ်ရာလျှောက်ထားမှု ရောင်းချရန် အဆောက်အအုံ ကုန်ရုံဌာနမှ မူတင်ရန် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကော်မတီမှ သိရသည်။

“လျှောက်လွှာတွေကတော့ စတင်စိစစ်နေပါပြီ။ ရန်ကုန်လို ကြိုပွိုင့်မရောင်းဘဲ အဆောက်အအုံ စည်ပင်ကိုအပ်ပြီးတာနဲ့ တစ်ပြိုင်ထဲ ရောင်းချပြီးရင် ၀ယ်ယူသူတွေ အဆင့်သင့် တက်နေနိုင်အောင်လို့ပါ။ နောက်ပြီး မပြီးသေးဘဲ ကြိုရောင်းရင် ငွေအောင်းနေမှာရယ် အရှုပ်အရှင်း ဖြစ်မှာစိုးလို့ပါ။ အားလုံးပြီးစီးတာနဲ့ ရောင်းချပေးမှာပါ” ဟု ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

ယခု တန်ဖိုးနည်းအိမ်ရာ မဆောက်မီ ပြည်ပနိုင်ငံများသို့ သွားရောက်လေ့လာမှုများ ပြုလုပ်ခဲ့သလို ကန်ထရိုက်များကလည်း တင်ဒါဝင်ရောက် ယှဉ်ပြိုင်မှုများ ရှိသော်လည်း တစ်ဦးတည်းကို ချထားပေးခြင်း မရှိခဲ့ဘဲ အဆောက်အအုံ တစ်လုံးကို ကန်ထရိုက်တစ်ဦးကိုသာ တည်ဆောက်စေခဲ့သည်။ ကျသင့်ငွေကို စည်ပင်သာယာရေး ကော်မတီငွေဖြင့် ကုန်ကျခံ တည်ဆောက်သဖြင့် ယခုကဲ့သို့ ကျပ်သိန်းတစ်ရာအောက်ဖြင့် ရောင်းချနိုင်ခြင်းဖြစ်သည်။ ထပ်မံတည်ဆောက်မည့် တန်ဖိုးနည်း အိမ်ရာများကိုလည်း ယခုကဲ့သို့ ခြောက်လအတွင်း အကောင်ထည်ဖော်ကာ ကျပ်သိန်းတစ်ရာအောက်နှုန်းဖြင့်ပင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အိုးအိမ်က တည်ဆောက်မယ့် အိမ်ရာကတော့ ဒီထက် ဈေးနည်းနည်းများနိုင်တယ်။ စည်ပင်သာယာအနေနဲ့ အိမ်ရာတည်ဆောက်မှု အချိန် ခုနစ်လနီးပါး ကြာခဲ့ပေမယ့် ကိုယ့်ငွေနဲ့ နောက်ထပ်ဆောက်လုပ်သွားမှာပါ။ ဒါပေမဲ့ ကျပ်သိန်းတစ်ရာအောက်နှုန်းပဲဖြစ်အောင် ဖော်ဆောင်ဖို့ ညွှန်ကြားထားပါတယ်” ဟု အဆိုပါကော်မတီဝင်က ပြောပြသည်။    

ယဉ်မျိုးသွယ်
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အနာဂတ် အိမ်ခြံမြေဈေးကွက်၂ဝ၁၅ နိုင်ငံရေးအခင်းအကျင်းပေါ် မူတည်နေဟုဆို

အနာဂတ် အိမ်ခြံမြေ ဈေးကွက်သည် ၂ဝ၁၅ မြန်မာ့နိုင်ငံရေးအ ခင်းအကျင်းပေါ်တွင် မူတည်နေကြောင်း အိမ်ခြံမြေဈေးကွက်အသိုင်းအဝိုင်းက သုံး သပ်ပြောဆိုသည်။
ယခုနှစ်ပိုင်းတွင် မြန်မာနိုင်ငံ အိမ် ခြံမြေ ဝန်ဆောင်မှုအသင်းမှ အိမ်ခြံမြေ ရောင်းဝယ်မှုများတွင် ပေးဆောင်ရသည့် အခွန်ဈေးနှုန်းများသည် မြင့်မားနေသဖြင့် တစ်ကြိမ်သာ ဝယ်သူများအတွက် အခက် အခဲများဖြစ်နိုင်ကြောင်း တင်ပြခဲ့သည့်အ တွက် ဝင်ငွေခွန်များကိုလည်း ဝယ်ယူသည့် တန်ဖိုးအလိုက် အခွန်ဆောင်စေပြီး တံဆိပ် ခေါင်းအခွန်များလည်း နှစ်ရာခိုင်နှုန်းသို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း မြန်မာ နိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း အတွင်း ရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

ယင်းက ''ဘယ်ဈေးကွက်ပဲဖြစ်ဖြစ် ပြည်တွင်းရေး၊ နိုင်ငံရေးတည်ငြိမ်မှ ကောင်း ကြတာပဲလေ။ မြေဆိုတာကလဲ ပိုလျှံမှ စီး ပွားရေးကောင်းမှ အဆင်ပြေမှ ဝယ်ကြတာ။ နိုင်ငံရေးအခြေအနေကြောင့် အိမ်ခြံမြေဈေး ကွက်စနစ်ကို ယှဉ်ပြရမယ်ဆိုရင်လဲ ၈၈ အရေးအခင်းဖြစ်တော့ အိမ်ခြံမြေဈေးကွက် လဲ အေးခဲ့တာပဲ။ လက်ရှိ အနေထားအရ ဆိုရင်တော့ ၂ဝ၁၄ အထိလောက်တော့ အိမ် ခြံမြေ အရောင်းအဝယ်တွေက ကောင်းနိုင် တယ်။ ၂ဝ၁၅ က စောင့်ကြည့်ဆဲကာလဖြစ် သွားပြီး ဈေးနှုန်းတွေကတော့ ကျလာမှာ တော့မဟုတ်ဘူး''ဟု ပြောသည်။

ဝါရင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်နေသည့် ကိုဟိန်းက ''မြေဈေးတွေ တက်လို့ ကျပါလို့တော့ ပြောလို့မရဘူး။ သူ့ ခေတ်ကာလ လူကြိုက်တွေ့မှုတွေပေါ်မှာ မူတည်ပြီးတော့ ဈေးတွေက တက်မှာပဲ။ နိုင်ငံရေးအခြေနေကတော့ ဘယ်လုပ်ငန်း လုပ်တဲ့သူမဆို ဂရုစိုက်တာပဲ။ နိုင်ငံရေးတည် ငြိမ်မှုမရှိရင် ဘယ်စီးပွားရေးလုပ်ငန်းမှ ကောင်း မှာမဟုတ်ဘူး''ဟု ပြောသည်။

ရန်ကုန်မြို့တွင်း အိမ်ခြံမြေဈေး ကွက်အနေထားမှာ အကျိုးတူ ကန်ထရိုက် ဆောက်လုပ်ရန် ကောင်းသည့်နေရာများ နှင့် မြို့ပြင်ရှိမြို့နယ်များမှ နေရာများကိုသာ အားထားနေရသည်ဟု ရွှေကံမြေ အကျိုး ဆောင်မှ ဦးခင်မောင်အေးကဆိုသည်။

ယခင်က အိမ်ခြံမြေဈေးကွက် ပုံစံသည် ပြောင်းလဲလာတော့မည့် စီမံကိန်း မြေနေရာဝန်းကျင်များအား အကျိုးဆောင် လုပ်ကိုင်သူများနှင့် ဝယ်ရောင်းလုပ်ကိုင်သူ များက အလေးထားခဲ့ကြောင်း အိမ်ခြံမြေ ဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ယင်းက ''ခုဘာတွေဖြစ်နေလဲ ဆိုရင် ပါမစ်အကွက်တွေကို အကြိုက်များ လာတယ်။ ဒါတွေကလဲ နိုင်ငံပေါ်လစီအ ပြောင်းအလဲ နိုင်ငံရေးအခြေအနေတွေနဲ့ ဆိုင် တယ်''ဟု ပြောသည်။

ပြောင်းလဲလိုက်သည့် အခွန်နှုန်း ထားများသည် ကျပ်သိန်း ၅ဝဝ အထိ ဝယ် ယူသူများသည် ဝင်ငွေခွန်အနေဖြင့် သုံးရာ ခိုင်နှုန်းသာ ပေးဆောင်ရပြီး တံဆိပ်ခေါင်း အခွန်အဖြစ် ယခင် ခုနစ်ရာခိုင်နှုန်းမှ ငါး ရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဖြစ်သည်။

ကျပ်သိန်း ၁ဝဝဝ မှ ၁၅ဝဝ ကြား ဝယ်သူများသည် ဝင်ငွေခွန် ၁ဝ ရာခိုင်နှုန်း နှင့် တံဆိပ်ခေါင်းခွန် ငါးရာခိုင်နှုန်းသာ ပေး ဆောင်ရမည်ဖြစ်သည်။ ကျပ်သိန်း ၃ဝဝဝ အထက် ဝယ်ယူသူများသည် ဝင်ငွေခွန် ရာ ခိုင်နှုန်း၃ဝ နှင့် တံဆိပ်ခေါင်းခွန် ငါးရာခိုင် နှုန်း စုစုပေါင်း ၃၅ ရာခိုင်နှုန်းသာ ပေး ဆောင်ရတော့မည်ဖြစ်သည်။

ယခင်တံဆိပ်ခေါင်းခွန်အနေ ဖြင့် ခုနစ်ရာခိုင်နှုန်းအား ရန်ကုန်၊ မန္တလေး နှင့်နေပြည်တော်ရှိ မြေကွက်ဝယ်ယူမှုတွင် ပေးဆောင်စေပြီး ကျန်ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် တံဆိပ်ခေါင်းခွန် ငါးရာ ခိုင်နှုန်း ပေးဆောင်ခဲ့ရကြောင်း သိရသည်။

YMG အောင်သူ(ဒေးဒရဲ)
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

မြေ၀ယ်ရောင်းသူများ အခွန်လျှော့ပေါ့ ခံစားခွင့် တစ်ကြိမ်သာ ရရှိမည့် စစ်ဆေးမှု စတင်မည်

မြေ၀ယ်ရောင်းသူများ အခွန်လျှော့ပေါ့ ခံစားခွင့် တစ်ကြိမ်သာ ရရှိမည့် စစ်ဆေးမှု ယခုလကုန်တွင် စတင်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Messenger သတင်းစာ သို့ပြောသည်။ မြေ၀ယ်သူများ မည်သည့် နေရာတွင် ၀ယ်ယူ ပြီးဖြစ်သည်ကို သိရှိနိုင်ရန် ၀ယ်ယူသူတစ်ဦး၏ အမည်နှင့် မှတ်ပုံတင်အား ကွန်ပျူတာတွင် ရိုက်ထည့် ပြီးပါက ပြည်တွင်း အခွန် များ ဦးစီးဌာနမှ အဆို ပါ မြေ၀ယ်ယူ သူများအား သိရှိနိုင်မည် ဖြစ်သည့် အတွက် အခွန်လျှော့ပေါ့ ခံစားခွင့်အား တစ်ကြိမ်သာ ခံစားခွင့် ရရှိရန် သက်ဆိုင်ရာ မြို့နယ် အခွန်ရုံး သို့ အကြောင်းကြား နိုင်မည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီး ဌာနမှ သိရသည်။

ဘယ်နေရာပဲဖြစ်ဖြစ် တစ်ခုခု ၀ယ်ထားပြီးပြီ ဆိုရင် ဒီလူအရင်က ဘယ်မှာဝယ်ထားပြီးပြီ၊ သက်သာခွင့် မရတော့ဘူးဆိုတာ အကြောင်းကြားစာမှာ တစ်ခါတည်း ထည့်ပေးလိုက်မယ် ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိက ပြောသည်။ အိမ်ခြံမြေ ၀ယ်ယူသူ များတွင် အမှန်တကယ် နေထိုင်ရန် ၀ယ်ယူသူများ ပါဝင် သကဲ့သို့ စီးပွားရေး တစ်ရပ် အသွင် ပြုလုပ်နေသူ များလည်း ပါဝင်သည့် အတွက် ယခုလကုန် တွင်စတင် အသုံးပြုမည့် Software သည် မြေ၀ယ်ယူ ဈေးကစားသူ များအား အထိုက်အလျောက် ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း အထက်ပါ အရာရှိက ပြောသည်။ အခွန်တစ်ခု ဆောင်ပြီးပြီ။ ၀င်ငွေခွန် ဆောင်လိုက်ပြီးပြီ ဆိုရင် အဲဒီလူ နာမည်နဲ့ နောက်တစ်ကွက်ဆောင်လို့ မရတော့ဘူး။ အဲဒီကန့်သတ်ချက် ရှိတာက ၀ယ်ရောင်း သမားတွေကို ချုပ်တဲ့သဘောပေါ့ ဟု စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ လီမိတက်မှအထွေထွေ မန်နေဂျာ ဦးရန်အောင် က The Messenger သတင်းစာသို့ ပြောသည်။

ပြည်တွင်း အခွန်များ ဦးစီးဌာနမှ မြေယာ ၀ယ်ယူမှုအပေါ် အခွန်လျှော့ချ ကောက်ခံပေး ခဲ့ခြင်းသည် မြေ၀ယ်ရောင်းများ အတွက် ပိုင်ဆိုင်မှုအား ပိုကောင်းစေရန် လမ်းဖွင့်ပေးသည့် သဘောဖြစ်ပြီး ယခင်က မြေ၀ယ်ယူ ထားသူများမှာ အခွန်နှုန်းကို ကြောက်သည့် အတွက် အရပ်စာချုပ်ဖြင့်သာ ချုပ်ဆိုခဲ့ကြရာ ယခုတွင် အမည်ပေါက် ပြုလုပ်သူများ လာကြောင်း ၎င်း ကပြောသည်။ ယခင် အိမ်ခြံမြေ ဈေးနှုန်း အရ မည်သည့် အိမ်ခြံမြေ တန်ဖိုးဖြစ်စေ၊အခွန်နှုန်းမှာ (၃၀) ရာခိုင်နှုန်း ပေးဆောင် ခဲ့ရပြီးယခုလက်ရှိတွင် အိမ်ခြံမြေ ဈေးနှုန်း တန်ဖိုးအပေါ်လိုက်၍ တစ်ကျပ်မှသိန်း (၅၀၀) ကျပ်အထိ (၅) ရာခိုင်နှုန်း၊ ကျပ်သိန်း (၅၀၀)မှ ကျပ်သိန်း (၁၅၀၀)အထိ (၁၀)ရာခိုင်နှုန်း၊ ကျပ် သိန်း (၁၅၀၀)မှ ကျပ်သိန်း (၃၀၀၀)အထိ (၂၀) ရာခိုင်နှုန်း၊ ကျပ် သိန်း (၃၀၀၀)နှင့်အထက် (၃၀) ရာခိုင်နှုန်း စသည်ဖြင့် ပြောင်းလဲလျှော့ချပေးခဲ့သည်။ ယင်းသို့ ပြောင်းလဲခဲ့သည့် အခွန်နှုန်းမှာ ဧပြီ လ(၁)ရက်တွင် စတင် အသက်ဝင်ခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

YMG
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

လက်ရှိဖြစ်ပေါ်နေသော အိမ်ခြံမြေဈေး အလွန်အမင်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ရန် မြေပိုင်ရှင်ရှိသော်လည်း အသုံးမချဘဲ ဈေးကစားရန် စောင့်ဆိုင်းနေသည့် မြေကွက်များကို အခွန်ကောက်သင့်ကြောင်း သုံးသပ်မှုများရှိနေ


ကမာရွတ်မြို့နယ်အတွင်းရှိ အိမ်ရာများကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အိမ်ခြံမြေဈေး အလွန်အမင်းကြီးမြင့်မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ရန် မြေပိုင်ရှင်ရှိသော်လည်း အသုံးမချဘဲ ဈေးကစားရန် စောင့်ဆိုင်းနေသည့် မြေကွက်များကို အစိုးရအနေနှင့် ထိထိရောက်ရောက် ကိုင်တွယ်သင့်ကြောင်း စီးပွားရေးပညာရှင်အချို့နှင့် ဈေးကွက်လေ့လာ စောင့်ကြည့်သူများက ပြောကြားသည်။

“မြေပိုင်ရှင်ရှိပြီး အသုံးမချတဲ့ မြေကွက်တွေနဲ့ ပတ်သက်ပြီး အစိုးရဘာတွေ လုပ်သင့်သလဲဆိုတာ စဉ်းစားဖို့ လိုလာပါတယ်။ မြန်မာနိုင်ငံမှာ အထူးသဖြင့် ရန်ကုန်ပတ်ဝန်းကျင်နဲ့ စက်မှုဇုန်တွေမှာ အဲဒီပြဿနာ ရှိနေပါတယ်။ မြေကွက်တွေကို ကိုင်ထားပြီး အသုံးမချဘဲ ဈေးကစားဖို့ စောင့်နေတာပါ” ဟု အိမ်ခြံမြေဈေးကွက်အား စောင့်ကြည့် လေ့လာနေသူတစ်ဦးက ပြောကြားသည်။

“မြန်မာပြည်ရဲ့ taxtion policy က out of bound ဖြစ်နေတယ်။ နည်းနည်း ဗြဲလရမ်းဆန်တယ်။ အမှန်တော့ အိမ်ခြံမြေမှာ limit လုပ်တဲ့ ကိစ္စဆိုပါတော့  minimum ကိုသွားပြီး limit လုပ်နေတယ်ဗျာ။ maximum ကျတော့ လွှတ်ပေးထားသလို ဖြစ်နေတယ်။ အမှန်မှာတော့ tax က progressive tax ဖြစ်ရမယ်။ ဆိုတော့ ၀င်ငွေများလေလေ အခွန်နှုန်းထားကလည်း များလေလေ ဖြစ်ရမယ်။ သူများနိုင်ငံမှာတော့ properties gain tax တို့ capital gain tax တို့နဲ့ ကောက်တယ်။ သူကပိုင်ဆိုင်မှုများရင် အခွန်ကောက်ခံ မှုလည်းများတယ်။ နည်းရင်ကောက်ခံမှုလည်း နည်းတယ်။ သူက income tax လိုပဲ။ ဒီမှာက ပြောင်းပြန် ပိုင်ဆိုင်မှုနည်းရင် ပုံသေသတ်မှတ်တယ်။ များလို့ရှိရင် ကင်းလွတ်ခွင့်ရတယ်” ဟု ရန်ကုန်တက္ကသိုလ် အသုံးချဘောဂဗေဒဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးက ပြောကြားသည်။

“ဈေးကွက်မှာ ဈေးကစားတာတွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီးပြောချင်တာက အချို့နိုင်ငံတွေမှာ  properties gain tax ဆိုတာ ရှိပါတယ်။ နောက်တစ်ခုက သူများနိုင်ငံတွေမှာ မြေကွက်လပ်တွေရှိနေရင် idle tax ကောက်တယ်။ land speculation ကို လုပ်ချင်တိုင်း လုပ်လို့မရဘူး။ မြေကွက်လပ်တိုင်းကို ငါးရာခိုင်နှုန်း ကောက်တယ်။ ဒီတော့အနှစ်၂၀ ပစ်ထားရင် သူ့တန်ဖိုး အကုန်လျော်ရသလို ဖြစ်နေပါတယ်။ ဆိုတော့ သိန်း ၁၀၀၀ တန် မြေကွက်ကို အနှစ် ၂၀ ပစ်ထားရင် အစိုးရကို သိန်း ၁၀၀၀ ထပ်ပေးရမှာပါ။ ဈေးတက်တာက ငါးရာခိုင်နှုန်း မကျော်ဘူး။ ဒီတော့ငှားပစ်ရတော့မယ်။ အခုက ရန်ကုန်မှာ သူဌေးတွေက မြေကွက်တွေကိုဝယ်ပြီး ကိုင်ထားတယ်။ ကိုင်ထားတာကိုလည်း ထိထိရောက်ရောက် အရေးမယူနိုင်ပါဘူး” ရန်ကုန်မြို့ရှိ အငြိမ်းစားညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်မှာ အနှစ် ၂၀ ခန့်ရှိပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ အဆိုပါစက်မှုဇုန်များ၌ မြေကွက်များ ရယူထားပြီး အကောင်အထည် မဖော်သေးသည့် မြေကွက်များ ရှိနေသေးကြောင်း လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင် ဦးသန်းစိုးက ပြောကြားသည်။

“ဒီမှာတော့ property gain tax ကောက်တယ်ဆိုတာ မကြားဖူးသေးဘူး။ ဘာမှမလုပ်ဘဲ ထားတဲ့မြေတွေကို အခွန်ကောက်လို့ရတာပေါ့။ vacant land တွေကိုလေ။ အချိန်ကြာသည်အထိ ဘာမှမလုပ်ဘဲထားတဲ့ မြေတွေ။ ဒါတွေကို tax ကောက်လိုက်ရင် သူက development ဖြစ်အောင် လုပ်တော့မှာပေါ့။ မြေကိုအကြာကြီး လှောင်ထားတာတွေ မရှိနိုင်တော့ဘူးပေါ့။ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူဖြစ်စေမယ်” ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဆွေက သုံးသပ်ပြောကြားသည်။

အလားတူ လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသော အိမ်ခြံမြေဈေးနှုန်း အလွန်အမင်း ကြီးမြင့်မှုများနှင့် ဈေးကစားမှုများသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၆ (ခ) တွင် ဖော်ပြထားသော ဖော်ပြချက်အရ အများပြည်သူ အကျိုးစီးပွားကို ထိခိုက်စေသော လက်ဝါးကြီးအုပ်ဆောင်ရွက်မှု၊ တစ်နည်းအားဖြင့် ဈေးကစားမှုများ ဖြစ်နေသည့်အတွက် အစိုးရအနေဖြင့် ပြန်လည်စိစစ်သင့်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၆ (ခ) တွင် စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့ ဖြစ်စေ၊ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု (သို့မဟုတ်) ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်ဟု ဖော်ပြထားသည်။

“လက်ရှိ အိမ်ခြံမြေဈေးနှုန်းတွေ ဒီလောက်ကြီးမြင့်နေမှုဟာ ဈေးကစားလို့ ဒီလောက်ကြီးမြင့်လာတယ်ဆိုတာ သိကြတာပဲ။ ဒါတွေကို အစိုးရအနေနဲ့ပြန်ပြီး စိစစ်သင့်တယ်လို့ မြင်ပါတယ်။ အမှန်အတိုင်း ပြောရရင် အမိန့်ညွှန်ကြားစာတွေနဲ့ ပိုင်ဆိုင်မှုကို စစ်ဆေးပေးသင့်တယ်။ တစ်လောကလည်း ဂျပန်တွေက မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှာ ဒါပဲပြောတယ်။ နယူးယောက်ထက် ဈေးကြီးနေတော့ ရင်းနှီးမြှုပ်နှံသူတွေ တော်တော်များများက လန့်ပြေးကြတယ်။ ဒါကြောင့် ဒါကိုတားဆီးဖို့ဆိုရင် အခြေခံဥပဒေရဲ့ လုပ်ပိုင်ခွင့်အရလည်း တားဆီးလို့ရတယ်။ ပြီးတော့ အုပ်ချုပ်ရေးအာဏာနဲ့လည်း ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက် သင့်တယ်လို့ မြင်ပါတယ်။ အားလုံးသိတဲ့အတိုင်း ငွေမည်းတွေကလည်း ဒီဈေးကွက်ထဲကို ၀င်နေတယ်ဆိုတော့ ဒါကိုအစိုးရက စိစစ်တာမျိုး လုပ်ပေးသင့်ပါတယ်” ဟုတရားရုံးချုပ်ရှေ့နေ ဦးသန်းမောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်နှစ်လောက်ကစ၍ အိမ်ခြံမြေဈေးကွက်တွင် အလွန်အမင်း ဈေးကစားမှုများ ရှိခဲ့ကြောင်း၊ ယခင်က ရွှေ၊ ကား လုပ်ငန်းများတွင်သာ အဓိကထား ရင်းနှီးမြှုပ်နှံလာခဲ့ရာမှ ပြီးခဲ့သည့် နှစ်နှစ်ကျော် ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေးအရ ပွင့်လန်းလာသည့် အနေအထားများကြောင့် ဈေးကစားမှု အလွန်အမင်း ပြုလုပ်လာကြကြောင်း၊ ထိုသို့ပြုလုပ်သူများမှာလည်း အိမ်ခြံမြေကို အများအပြား ချုပ်ကိုင်ထားသူများ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်ကို ၀င်ရောက်ကစားကြသည့် ငွေများတွင် ငွေမည်းများ များစွာပါဝင်နေကြောင်း၊ အထူးသဖြင့် ဘိန်းမှောင်ခိုကူးခြင်းမှ ရရှိသောငွေများလည်း ၀င်ရောက်မှုများ ရှိနေကြောင်း၊ အလားတူ မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရ နိုင်ငံခြားသား တရားဝင်မြေပိုင်ခွင့် မရှိကြောင်း၊ အကယ်၍ ၀ယ်ယူခဲ့ပါက ရောင်းသူရော၊ ၀ယ်ယူသူပါ ဥပဒေကိုချိုးဖောက်ရာ ရောက်သောကြောင့် အရေးယူနိုင်သော်လည်း ထိရောက်သော အရေးယူမှုအပိုင်းတွင် အားနည်းမှုများကြောင့် ပြည်တွင်းမှ မြေများအား နိုင်ငံခြားသားများ ပိုင်ဆိုင်မှု မြင့်တက်လာကြောင်း၊ အထူးသဖြင့် ကျောက်မှောင်ခို၊ ဘိန်းမှောင်ခို၊ သစ်မှောင်ခို လုပ်ငန်းများမှငွေများ ၀င်ရောက်နေကြောင်း သုံးသပ်မှုများလည်း ရှိသည်။ အလားတူ ပြီးခဲ့သည့်နှစ်ကလည်း ဘဏ်တိုးနှုန်း ကွာဟမှုများကြောင့် အိမ်ခြံမြေဈေးကွက်တွင် ၀င်ကစားသွားခဲ့သည့် သာဓကများရှိကြောင်း သိရသည်။

Eleven
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate