မြေ၀ယ်ရောင်းသူများ အခွန်လျှော့ပေါ့ ခံစားခွင့် တစ်ကြိမ်သာ ရရှိမည့် စစ်ဆေးမှု စတင်မည်

မြေ၀ယ်ရောင်းသူများ အခွန်လျှော့ပေါ့ ခံစားခွင့် တစ်ကြိမ်သာ ရရှိမည့် စစ်ဆေးမှု ယခုလကုန်တွင် စတင်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Messenger သတင်းစာ သို့ပြောသည်။ မြေ၀ယ်သူများ မည်သည့် နေရာတွင် ၀ယ်ယူ ပြီးဖြစ်သည်ကို သိရှိနိုင်ရန် ၀ယ်ယူသူတစ်ဦး၏ အမည်နှင့် မှတ်ပုံတင်အား ကွန်ပျူတာတွင် ရိုက်ထည့် ပြီးပါက ပြည်တွင်း အခွန် များ ဦးစီးဌာနမှ အဆို ပါ မြေ၀ယ်ယူ သူများအား သိရှိနိုင်မည် ဖြစ်သည့် အတွက် အခွန်လျှော့ပေါ့ ခံစားခွင့်အား တစ်ကြိမ်သာ ခံစားခွင့် ရရှိရန် သက်ဆိုင်ရာ မြို့နယ် အခွန်ရုံး သို့ အကြောင်းကြား နိုင်မည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီး ဌာနမှ သိရသည်။

ဘယ်နေရာပဲဖြစ်ဖြစ် တစ်ခုခု ၀ယ်ထားပြီးပြီ ဆိုရင် ဒီလူအရင်က ဘယ်မှာဝယ်ထားပြီးပြီ၊ သက်သာခွင့် မရတော့ဘူးဆိုတာ အကြောင်းကြားစာမှာ တစ်ခါတည်း ထည့်ပေးလိုက်မယ် ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိက ပြောသည်။ အိမ်ခြံမြေ ၀ယ်ယူသူ များတွင် အမှန်တကယ် နေထိုင်ရန် ၀ယ်ယူသူများ ပါဝင် သကဲ့သို့ စီးပွားရေး တစ်ရပ် အသွင် ပြုလုပ်နေသူ များလည်း ပါဝင်သည့် အတွက် ယခုလကုန် တွင်စတင် အသုံးပြုမည့် Software သည် မြေ၀ယ်ယူ ဈေးကစားသူ များအား အထိုက်အလျောက် ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း အထက်ပါ အရာရှိက ပြောသည်။ အခွန်တစ်ခု ဆောင်ပြီးပြီ။ ၀င်ငွေခွန် ဆောင်လိုက်ပြီးပြီ ဆိုရင် အဲဒီလူ နာမည်နဲ့ နောက်တစ်ကွက်ဆောင်လို့ မရတော့ဘူး။ အဲဒီကန့်သတ်ချက် ရှိတာက ၀ယ်ရောင်း သမားတွေကို ချုပ်တဲ့သဘောပေါ့ ဟု စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ လီမိတက်မှအထွေထွေ မန်နေဂျာ ဦးရန်အောင် က The Messenger သတင်းစာသို့ ပြောသည်။

ပြည်တွင်း အခွန်များ ဦးစီးဌာနမှ မြေယာ ၀ယ်ယူမှုအပေါ် အခွန်လျှော့ချ ကောက်ခံပေး ခဲ့ခြင်းသည် မြေ၀ယ်ရောင်းများ အတွက် ပိုင်ဆိုင်မှုအား ပိုကောင်းစေရန် လမ်းဖွင့်ပေးသည့် သဘောဖြစ်ပြီး ယခင်က မြေ၀ယ်ယူ ထားသူများမှာ အခွန်နှုန်းကို ကြောက်သည့် အတွက် အရပ်စာချုပ်ဖြင့်သာ ချုပ်ဆိုခဲ့ကြရာ ယခုတွင် အမည်ပေါက် ပြုလုပ်သူများ လာကြောင်း ၎င်း ကပြောသည်။ ယခင် အိမ်ခြံမြေ ဈေးနှုန်း အရ မည်သည့် အိမ်ခြံမြေ တန်ဖိုးဖြစ်စေ၊အခွန်နှုန်းမှာ (၃၀) ရာခိုင်နှုန်း ပေးဆောင် ခဲ့ရပြီးယခုလက်ရှိတွင် အိမ်ခြံမြေ ဈေးနှုန်း တန်ဖိုးအပေါ်လိုက်၍ တစ်ကျပ်မှသိန်း (၅၀၀) ကျပ်အထိ (၅) ရာခိုင်နှုန်း၊ ကျပ်သိန်း (၅၀၀)မှ ကျပ်သိန်း (၁၅၀၀)အထိ (၁၀)ရာခိုင်နှုန်း၊ ကျပ် သိန်း (၁၅၀၀)မှ ကျပ်သိန်း (၃၀၀၀)အထိ (၂၀) ရာခိုင်နှုန်း၊ ကျပ် သိန်း (၃၀၀၀)နှင့်အထက် (၃၀) ရာခိုင်နှုန်း စသည်ဖြင့် ပြောင်းလဲလျှော့ချပေးခဲ့သည်။ ယင်းသို့ ပြောင်းလဲခဲ့သည့် အခွန်နှုန်းမှာ ဧပြီ လ(၁)ရက်တွင် စတင် အသက်ဝင်ခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

YMG
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate