ယုဇနဥယျာဉ်မြို့တော်ရှိ တိုက်ခန်းငှားရမ်းခ နှုန်းထားများ ယခင်ကထက် ထက်ဝက်ခန့် မြင့်တက်လာကြောင်း ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူများထံမှ သိရသည်။



ယုဇနဥယျာဉ်မြို့တော်တွင် တိုက်ခန်းငှားရမ်းခ နှုန်းထားများအနေဖြင့် ယခင်မြေညီထပ်လျှင် ကျပ်ရှစ်သောင်း ၀န်းကျင်ခန့်မှ ယခုတစ်သိန်းနှစ်သောင်း ၀န်းကျင်သို့လည်းကောင်း၊ ယခင်ပထမထပ်လျှင် ကျပ်ခုနစ်သောင်းခန့်မှ ယခုကျပ်တစ်သိန်း ၀န်းကျင်သို့လည်းကောင်း၊ ယခင်ဒုတိယထပ်လျှင် ခြောက်သောင်းခန့်မှ ယခုကျပ်ရှစ်သောင်း ၀န်းကျင်ခန့်သို့လည်းကောင်း၊ ယခင် တတိယထပ်လျှင် ကျပ်လေးသောင်းခွဲခန့်မှ ယခုကျပ်ခြောက်သောင်း ၀န်းကျင်သို့လည်းကောင်း၊ ယခင်အပေါ်ဆုံးထပ်လျှင် လေးသောင်းခန့်မှ ယခုငါးသောင်းခွဲအထိ လည်းကောင်း အသီးသီးမြင့်တက် လာခြင်းဖြစ်သည်။

“အခုဖြစ်နေတာက မြို့ထဲမှာ တိုက်ခန်းဈေးတွေမြင့်လာတော့ မြို့ထဲကနေ ယုဇနကို ပြောင်းလာနေချင်တဲ့ လူတွေလည်း အရမ်းများနေတယ်။ အဲဒီတော့ ပွဲစားတွေက အိမ်တွေကို ချုပ်ကိုင်ထားပြီး ဈေးကစားနေတာ တွေ့ရတယ်။ အိမ်ငှားဈေးဆိုရင် နှစ်လ၊ သုံးလအတွင်း သိသိသာသာ တက်လာတယ်။ သူတို့က ကိုယ်ကျိုးအတွက် အဆမတန် ဈေးတင်ပြီးတောင်းတာ မဖြစ်သင့်မှန်းသိပေမယ့် တကယ်နေချင်တဲ့သူတွေ အနေနဲ့ကလည်း တခြားနေရာထပ်စာရင် ယုဇနမှာက နည်းနည်းပိုသက်သာနေတော့ အိမ်ငှားကများ နေဦးမှာပါပဲ” ဟု ယုဇနဥယျာဉ်မြို့တော်၌ နေထိုင်သူ မသီတာက ဆိုသည်။

ယုဇနဥယျာဉ်မြို့တော်၌ နေထိုင်ကြသူများ အနေဖြင့် နှစ်စဉ်နွေရာသီတွင် ရေရှားပါးမှုပြဿနာကို ကြုံတွေ့ရပြီး သုံးရေ တစ်စည်လျှင် ကျပ်တစ်ထောင့်နှစ်ရာမှ ကျပ်တစ်ထောင့်ရှစ်ရာအတွင်း အထပ်အနိမ့်အမြင့် ပေါ်တွင်မူတည်၍ ၀ယ်ယူသုံးစွဲနေရကြောင်း သိရသည်။

“ကျွန်တော်တို့ ယုဇနဥယျာဉ်မြို့တော်မှာ နေလာတဲ့ သက်တမ်းတစ်လျှောက်မှာ အခုချိန်က အိမ်ငှားဈေးအမြင့်ဆုံးလို့ ပြောလို့ရပါတယ်။ အရင်တုန်းကတော့ ယုဇနမှာ ရေမကောင်းဘူး။ သွားရေး၊ လာရေး ခက်ခဲတယ်ဆိုပြီး သိပ်မနေချင်ကြပေမယ့် အခုနောက်ပိုင်းမှာတော့ စည်ပင်ကရေပေးဝေဖို့ စီစဉ်နေတာတွေနဲ့ သွားရေး၊ လာရေးအတွက် ခရီးလမ်းလည်း အဆင်ပြေချောမွေ့ လာတာကြောင့် အိမ်လာငှားနေတဲ့ လူတွေလည်း သိသိသာသာ တိုးလာတယ်။ အခုနောက်ပိုင်းဆိုရင် ယုဇနတိုက်ခန်းတွေမှာ အလွတ်ဖြစ်နေတဲ့ အခန်းဆိုတာ မရှိသလောက်ပါပဲ” ဟု အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဦးမောင်အေးက ဆိုသည်။

ယုဇနဥယျာဉ် အပါအ၀င် ဒဂုံမြို့သစ်လေးမြို့နယ်နှင့် သီလ၀ါအထူးစီးပွားရေးဇုန်ကိုပါ ရေပေးဝေမည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းအသစ်ကို ၂၀၁၃ ခုနှစ် မေလတွင် စတင်အကောင်အထည်ဖော်ခဲ့ရာ ယင်းစီမံကိန်းမှ ၂၀၁၅ ခုနှစ်တွင် ယုဇနဥယျာဉ်မြို့တော်သို့ ရေစတင်ပေးဝေမည် ဖြစ်ကြောင်းနှင့် ယင်းအတွက် ရေပိုက်လိုင်းများ စတင်သွယ်တန်းနေပြီ ဖြစ်ကြောင်းသိရသည်။

Eleven
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate