အခန်း ၆၀၀ ကျော်ပါ ဟိုတယ်၂၀၁၆ နှစ်ကုန်ပြီးမည်


ဆောက်လုပ်မည့် ဟိုတယ်နမူနာပုံစံ။ဆောက်လုပ်မည့် ဟိုတယ်နမူနာပုံစံ။

ရန်ကုန်မြို့ ပြည်လမ်း အင်းလျားကန်အနီး ဆင်ဖြူရှင်ရိပ်သာနေရာ၌ တည်ဆောက်မည့်
အထပ်မြင့် ၂၉ ထပ်ပါဝင်ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးဟိုတယ်ဖြစ်လာမည့် Daewoo Amara
Hotel စီမံကိန်းကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် အပြီးတည်ဆောက်မည်ဟု မေလ ၁၂ ရက်နေ့
တွင် ကျင်းပသော အုတ်မြစ်ချ အခမ်းအနား၌ ထိုဟိုတယ်၏ အမှုဆောင်အရာရှိချုပ်
မစ္စတာဟန်ချန်ကန်က ပြောသည်။

Daewoo Amara Hotel ကို နိုင်ငံတကာ အဆင့်မီဟိုတယ်တစ်ခုအဖြစ် အထပ်ပေါင်း ၂၉ ထပ်၊
အခန်းပေါင်း ၃၁၅ ခန်းပါဝင်တဲ့ အထပ်မြင့်ဟိုတယ်၊ အထပ်ပေါင်း ၁၅ ထပ်နဲ့ အခန်းပေါင်း ၃၄၆ ခန်း
ပါဝင်တဲ့ ဇိမ်ခံဟိုတယ် တို့ကို တည်ဆောက်သွားမှာဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အကြီးဆုံး အထင်ကရ
နေရာဖြစ်လာဖို့ မျှော်လင့်ပါတယ်"ဟု မစ္စတာဟန် ကပြောသည်။

ထိုဟိုတယ်ကို မြေဧက စတုရန်းမီတာ တစ်သိန်းလေးထောင်ကျော်ပေါ်တွင် ဟိုတယ် အကျယ်
နှစ်သောင်းနှစ်ထောင် စတုရန်းမီတာ နေရာယူကာ တည်ဆောက်မည်ဖြစ်သည်။

"ဟိုတယ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ဟိုတယ်
တွေကို နိုင်ငံတကာအဆင့်မီဟိုတယ်အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ၎င်းက
ပြောသည်။

ဟိုတယ်ကို ကိုရီးယားက Daewoo International ကုမ္ပဏီ၊ KDB Daewoo Securities ကုမ္ပဏီ၊
 Posco E&C ကုမ္ပဏီ၊ Hotel Lottle ကုမ္ပဏီတို့နှင့် မြန်မာဘက်က IGE Groups ကုမ္ပဏီတို့
၈၅ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းအချိုးဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်သည်။

ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဌေးအောင်က "မြန်မာနိုင်ငံမှာ ဒီလို
ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ဖိတ်ခေါ်ပါတယ်။ နိုင်ငံတစ်ဝန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အထူး စီမံကိန်း
၃၉ ခုရှိနေပါတယ်"ဟု ပြောသည်။

ဟိုတယ်တည်ဆောက်ရန် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် မြေနေရာတင်ဒါရရှိပြီး ၂၀၁၃ ခုနှစ်၊
မေလတွင် လုပ်ငန်းရင်းနှီးမြှုပ်နှံမှု စာချုပ်ချုပ်ဆိုခဲ့သည်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ရရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ခါ
တည်ဆောက်ရေးလုပ်ငန်းများကို စတင်နေသည်။

တင်ရတနာထွန်း
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate