အိမ်ရာနဲ့ ကားပါကင်စီမံကိန်း လျှောက်ထားသူ ၁၀ဝ ခန့် ရှိ
မတ်လ ၃၁ ရက် နေ့ နောက်ဆုံးထား တင်ဒါခေါ်ယူထားတဲ့ တန်ဖိုးမျှတအိမ်ရာစီမံကိန်း၊ မြို့ပြအိမ်ရာ စီမံကိန်းနဲ့ ယာဉ်ရပ်နားစခန်း၊ အဆင့်မြင့် ယာဉ်ရပ်နား အဆောက်အအုံ စီမံကိန်းတွေ တည်ဆောက်ဖို့ လျှောက်ထားသူ ၁၀ဝ ဝန်းကျင်ခန့် ရှိနေပြီလို့ သိရပါတယ်။
၎င်းစီမံကိန်းတွေကို မြောက်ဥက္ကလာ ပ မြို့နယ်၊ ရွှေပေါက္ကံ၊ ပုဂံလမ်းနဲ့ ဟံသာ ဝတီလမ်းထောင့်ရှိ မြေဧရိယာ ၁၀ . ၉၃ ဧကခန့်မှာ မြို့ပြအိမ်ရာစီမံကိန်းဆောင် ရွက်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရာဇာဓိ ရာဇ်လမ်း၊ မြေဧရိယာ ၁၁ ဧကခန့်မှာတော့ တန်ဖိုးမျှတအိမ်ရာစီမံကိန်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးလမ်း မြေဧရိယာ ဝ . ၃၆၄ ဧကခန့်မှာတော့ မြို့ပြအိမ်ရာစီမံ ကိန်းတွေ ဆောင်ရွက်ဖို့ လုပ်ဆောင်နေပါ တယ်။
သည့်အပြင် ဗိုလ်တထောင်မြို့နယ် ဗဟာဗန္ဓုလလမ်းနဲ့ သိမ်ဖြူလမ်းထောင့်ရှိ မြေဧရိယာ ၃. ဝ၆၈ ဧကခန့်မှာ မြို့ပြ အိမ် ရာစီမံကိန်းနဲ့ ယာဉ်ရပ်နားစခန်း၊ ဗိုလ်တထောင်မြို့နယ် ၄၅ လမ်း မြေဧရိယာ ၂ . ၅၆၁ ဧကခန့်မှာ မြို့ပြအိမ်ရာစီမံကိန်းနဲ့ ယာဉ်ရပ်နားစခန်း၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနဲ့ ထန်းတပင် လမ်းထောင့်ရှိ မြေဧရိယာ တစ်ဧကရဲ့ တစ်စိတ်တစ်ဒေသ ဝ.၁၀၃ ဧကခန့်ကို PAE စနစ်နဲ့ အဆင့်မြင့်ယာဉ်နားစီမံကိန်းတွေအတွက် တင်ဒါခေါ်ယူနေတာလို့ သိရပါတယ်။
၎င်းစီမံကိန်းအတွက် တင်ဒါခေါ်ယူမှုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စတင် ခေါ်ယူခဲ့တာဖြစ်ပြီး စည်ပင်အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှာ တင်ဒါလျှောက်လွှာ ရောင်းချနေတယ်လို့ သိရပါတယ်။
မြို့ပြအိမ်ရာစီမံကိန်းမှာ ကွန်ဒိုတိုက်ခန်းတွေ တည်ဆောက်မှာဖြစ်ပြီး မြောက် ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (မြောက် ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) အတွက် တင်ဒါစာရွက်စာတမ်းကို (အမေရိကန် ဒေါ်လာ ၃၀ဝ ) မြန်မာငွေ ကျပ် ၃၀ဝ,ဝ၀ဝ နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။
ဗိုလ်တထောင်မြို့နယ်၊ ကမာရွတ်မြို့ နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်တို့အတွက် တင်ဒါစာရွက်တွေကိုတော့ (အမေရိကန် ဒေါ်လာ ၅၀ဝ ) မြန်မာကျပ်ငွေ ၅၀ဝ,ဝ၀ဝ နဲ့ ဝယ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။
သည်စီမံကိန်းရဲ့ တချို့စီမံကိန်းတွေကို နိုင်ငံခြားကုမ္ဗဏီတချို့က လာရောက် ကမ်းလှမ်းတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
Kumudra
ကိုရီးယားဆောက်လုပ်ရေးကုမ္ပဏီများ မြန်မာကိုမျက်စိကျ
တောင်ကိုရီးယား ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာ လုပ်ငန်းကုမ္ပဏီများသည် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် အကြီးစားဆောက်လုပ်ရေးနှင့် စက်ရုံ တည်ဆောက်ရေး ကန်ထရိုက်ကြီးများကို ရရှိရန် အစိုးရ၏ အပြည့်အဝ ထောက်ခံ အားပေးမှုဖြင့်ကြိုးပမ်းလျက်ရှိသည်ဟု ကိုရီးယား တိုင်းသတင်းစာက မတ်လ ၂ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။
တောင်ကိုရီးယား နိုင်ငံမြေယာ၊ အခြေခံ အဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီး ဌာနမှဝန်ကြီး Suh Seoung hwan ဆူ ဆောင်ဝှမ်း ဦးဆောင်သော အစိုးရအထူး ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားဆောက် လုပ်ရေး လုပ်ငန်းရှင်များကို ဦးဆောင်၍ မတ်လ ၂ ရက်နေ့တွင် ကိုရီးယားမှ ထွက်ခွာသွားသည်။
ထိုအဖွဲ့တွင် Hyundai Engineering & Construction (E&C), Samsung C&T Daelim Industrial and Ssangyong E&Cနှင့် နိုင်ငံပိုင် ကိုရီးယားအရင်းအမြစ် ကော်ပိုရေးရှင်း၊ ကိုရီးယားအမြန်လမ်း ကော်ပိုရေးရှင်းနှင့် ကိုရိးယားရထားလမ်း ကွန်ယက် အာဏာပိုင်အဖွဲ့အပါအဝင် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီ (၁ဝ) ကျော်မှ ကိုယ်စားများ ပါဝင်ကြသည်။
မတ်လ ၂ ရက်မှ ၆ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်အတွင်း ကိုရီးယား ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနှင့် မြန်မာနိုင်ငံမှအစိုးရ အရာရှိများနှင့် တွေ့ ဆုံပြီး အမြန်ရထားလမ်းကွန်ယက် ဆောက် လုပ်ရေး၊ ရေနံချက်စက်ရုံ၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံ၊ ရေစီမံခန့်ခွဲမှုတို့ အပါအဝင် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများကို ဆွေး နွေးကြမည်ဟု ဝန်ကြီးဌာနမှ သိရှိရသည်။
ဤလုပ်ငန်းများအတွက် တင်ဒါကြော်ငြာ များကို ယခုနှစ် ပထမနှစ်ဝက် အစောဆုံး ကြေငြာမည်ဟု ယူဆရသည်။ ကိုရီးယားကုမ္ပဏီများသည် မနှစ်က ပြည်ပတွင် ဆောက်လုပ်ရေးအတွက် ဒေါ် လာ ၆၅ ဘီလျံ တည်ဆောက်ရေး ကန်ထ ရိုက်များရရှိခဲ့သည်ဟုသိရှိ ရသည်။
Mizzima
စီမံကိန်း ခေတ္တရပ်နားသည်ဆို၍ လေဆိပ်အနီးမြေကွက်များ ဈေးကျ
ပဲခူးမြို့အနီးတွင်တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်မှာ လတ်တလောအချိန်တွင် ခေတ္တ ရပ်ဆိုင်းနေသည်ဟူသည့် သတင်းများ ကြောင့် လွန်ခဲ့သည့်သီတင်းပတ်များမှ စတင်ကာ လေဆိပ်အနီးရှိမြေကွက် အရောင်းအဝယ်များ ပြန်လည်တုံ့ဆိုင်းသွား ခဲ့သည့်အပြင် ဈေးနှုန်းများလည်းကျဆင်း သွားခဲ့သည်ဟု ပဲခူးမြို့ရှိ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင်များက ပြောသည်။
''လေဆိပ်စီမံကိန်းစတင်ဖို့ ညှိနှိုင်းမှု အဆင့်မှာ အဆင်မပြေသေးတာကြောင့် ခေတ္တရပ်ဆိုင်းနေတယ်လို့ ကြားတယ်၊ ဒါကြောင့် လွန်ခဲ့တဲ့ သုံးလေးပတ်လောက် ကစပြီး မြေကွက်အရောင်း အဝယ်တွေ တော်တော်လေးအေးသွားခဲ့တယ်။ ကြား မိသလောက် လေဆိပ်စီမံကိန်းကို ပထမ တုန်းက ကိုရီးယားကအင်ချွန်း ကုမ္ပဏီနဲ့ လက်တွဲလုပ်ကိုင်ဖို့ အစိုးရကသဘောတူ ထားတာ။ ဒါပေမယ့် ကိုရီးယားနဲ့ညှိနှိုင်း မှုအဆင်မပြေတာကြောင့် ခဏရပ်နေပြီး အခု ဂျပန်မှာရှိတဲ့ စင်ကာပူကုမ္ပဏီ တစ်ခုနဲ့ စီမံကိန်းဆက်လက်ဆောင်ရွက်ဖို့ ညှိနှိုင်းနေတယ်လို့ကြားတယ်။ ဒီတော့ အရင်ကဈေးကောင်းရခဲ့တဲ့ စီမံကိန်းဝန်း ကျင်တဝိုက်ကမြေကွက်တွေတောင် ဈေး တွေကျကုန်တယ်'' ဟု ပဲခူးမြို့အခြေစိုက် ကျော်သီဟ အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းပိုင်ရှင် ကိုကျော်ဝင်းကပြောသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေ ဆိပ်စီမံကိန်းကြောင့် ဥသာမြို့သစ်၏ အဓိကအချက်အချာနေရာများ ဖြစ်သည့် မြို့ရှောင်လမ်းရှိမြေကွက်များနှင့်လေဆိပ် အဝင်လမ်းရှိမြေကွက်များမှာ ယမန်နှစ် နှောင်းပိုင်းကစတင်၍ ဈေးနှုန်းများ အဆ မတန်မြင့်တက် လာခဲ့ခြင်းဖြစ်သည်ဟု ပဲခူးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင်များက မဇ္ဈိမကို ပြောသည်။
လေဆိပ်ပြီးစီးချိန်တွင် စီးပွားရေးဈေး ကွက်အရ ပိုမိုအချက်အချာ ကျလာနိုင် သည့်အတွက် ဈေးတက်လာမည့်အချိန် ကိုစောင့်မျှော်၍ ကြိုတင်ရင်းနှီးမြှုပ်နှံလာ ကြခြင်းကြောင့် မြေကွက်ဈေးနှုန်းများမြင့် တက်ခဲ့ခြင်းဖြစ်သည်ဟု ပဲခူးမြို့ရှိ ဝါရင့် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
'' မြို့သစ်ဧရိယာတဝိုက်ကလေဆိပ်စ မံကိန်းနဲ့နီးတဲ့အပြင် အဲဒီမှာဌာနဆိုင်ရာ လူကြီးတွေကိုချပေးထားတဲ့ မြေကွက် တွေလည်း ရှိတယ်၊ မြို့သစ်က စတုရန်းပေ ၈,ဝဝဝ လောက်ရှိတဲ့မြေကွက်က လက်ရှိ အချိန်မှာ သိန်း ၁,၅ဝဝ လောက် ပေါက် ဈေးရှိနေတယ်။ လွန်ခဲ့တဲ့နှစ်တွေ တုန်းက ဆိုရင် သိန်း ၁၅ဝ လောက်ပဲရှိတယ် လေဆိပ်စီမံကိန်းဆိုတဲ့ သတင်းကြောင့် မြို့သစ်ကမြေကွက်တွေကတော့ ဝယ်လို အား များပြီး ဈေးလည်းမြင့်နေခဲ့တယ်''ဟု ပဲခူးမြို့အခြေစိုက Bago Land အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဝါရင့်အိမ်ခြံမြေ အကျိုးဆောင် ဦးဥာဏ်လင်းက ပြောသည်။
လေဆိပ်စီမံကိန်းကြောင့် မြေကွက်များ ဈေးမြင့်တက်လာခြင်းသာမက ပဲခူးစက်မှု ဇုန်ဖွံ့ဖြိုးလာမှုအရှိန်ကြောင့်လည်း အဆိုပါ အနီးတဝိုက်ရှိ မြေကွက်များမှာ ဈေး ကောင်းလာခဲ့သည်ဟုလည်း ဦးဥာဏ်လင်း က ပြောသည်။
'' အရင်တုန်းက ပဲခူးမြို့စွန်ဘက်တွေ ဆိုရင်စိတ်ဝင်စားတဲ့သူ နည်းတယ်လို့ပြော နိုင်တယ်။ ဒါပေမဲ့ ဟံသာဝတီလေဆိပ် စီမံကိန်းရှိလာတော့မယ်ဆိုတဲ့ သတင်း လည်းကြားရော ရင်းနှီးမြှုပ်နှံမယ့်သူတွေ ကပဲခူးအနီးတဝိုက် အချက်အချာနေရာက မြေကွက်တွေကို စီးပွားရေးအခွင့်အလမ်း တွေရှိလာရင်လုပ် ကိုင်နိုင်ဖို့အပြိုင်အဆိုင် ဝယ်ယူလာကြတဲ့အတွက် ဈေးတွေအဆ မတန် တက်လာခဲ့တယ်။ စီမံကိန်းသတင်း မကြားခင် လွန်ခဲ့တဲ့နှစ်တွေထက် အဆ တစ်ရာလောက်တောင် ဈေးတက်လာတယ် လို့ ပြောနိုင်ပါတယ်''ဟု အဆိုပါဝါရင့် အကျိုးဆောင်က ပြောသည်။
ပဲခူးမြို့သည် ပြည်ပရင်းနှီးမြှုပ်နှံသူများ အတွက် လိုအပ်ချက်များရှိနေ သော်လည်း ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ စက္ကူပုံးထုတ်လုပ်သည့် လုပ်ငန်းများနှင့် ဖိနပ်ထုတ်လုပ်ခြင်းလုပ် ငန်းများအတွက် စက်ရုံတည်ဆောက်ရန် ပဲခူးစက်မှုဇုန်တွင် မြေနေရာရှာဖွေပေးရ ခြင်းများရှိသည်ဟုလည်း ဦးဥာဏ်လင်း ကပြောသည်။
''ခန့်မှန်းရသလောက် လေဆိပ်စီမံ ကိန်းပြီးစီးသွားတဲ့အချိန်မှာ မြို့သစ်ကတော့ ဈေးအကောင်းဆုံးဖြစ်မှာပါပဲ။ ရင်နှီးမြှုပ် နှံသူတွေ အခုထက်ပိုဝင်လာမယ်ဆိုရင် တော့လေဆိပ်စီမံကိန်းကြောင့် ပဲခူးမြို့ရဲ့ မြေဈေးနဲ့အိမ်ဈေးတွေက ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အိမ်ခြံမြေဈေးကွက်တွေ အတိုင်း ဖွံ့ဖြိုးမှုရှိလာနိုင်မယ်လို့ ခန့်မှန်း ရပါတယ်'' ဟု ၄င်းကပြောသည်။
ကိုကျော်ဝင်းကလည်း ''ဘီယာစက်ရုံ တို့၊ လက်အိတ်စက်ရုံတို့ဆောက်ဖို့အတွက် ပဲခူးစက်မှုဇုန်မှာ လုပ်ငန်းရှင်တွေက မြေ ကွက်ကျယ်တွေဝယ်လာ ကြတာကြောင့် လွန်ခဲ့တဲ့လတွေတုန်းက ဝယ်လိုအားတက် ခဲ့တယ်။ ပဲခူးစက်မှုဇုန်မှာ မြေဈေးတွေက သက်သာတယ်။ နောက်တစ်ချက်က လျှပ်စစ်မီးလည်းရနေပြီဆိုတော့ လုပ်ငန်း ရှင်တွေအတွက် လုပ်ငန်းလုပ်ကိုင်ဖို့ အဆင်ပြေတာလည်းပါတယ်။အနာဂတ်မှာ တော့ လေဆိပ်စီမံကိန်း အခြေအနေပေါ်မူ တည်ပြီး လေဆိပ်အနီးတဝိုက်က စီးပွား ရေးအရ အချက်အချာကျတဲ နေရာတွေမှာ ဈေးနှုန်းနှစ်ဆနီးပါးလောက် မြင့်တက် သွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ သိန်း ၁,ဝဝဝ တန်မြေကွက်တွေက သိန်း၂ဝဝဝ လောက်ထိ ဈေးတက်သွားတာမျိုးပေါ့'' ဟုပြောသည်။
မြို့သစ်ရှိ လေဆိပ်အဝင်လမ်းတွင် နေ ထိုင်သူတစ်ဦးဖြစ်သူကိုသက်ဦးက လေဆိပ် စီမံကိန်းစတင်လာခြင်းက ပဲခူးမြို့ဖွံ့ဖြိုးတိုး တက်ရန်အတွက် အရှိန်အဟုန်ရလာစေရန် အထောက်အကူပြုမည် ဟုပြောသည်။
''ပဲခူးမြို့ရဲ့မြို့ပြအင်္ဂါရပ်က ရန်ကုန်နဲ့ နှိုင်းယှဉ်ရင်အားနည်းတယ်လေ။ ဒါပေမယ့် ဟံသာဝတီလေဆိပ်ကြောင့် ပဲခူးမြို့ရဲ့မြို့ ပြအင်္ဂါရပ်တွေပိုမို တိုးတက်လာလိမ့်မယ်လို့ ပြောနိုင်တယ်။ စီမံကိန်းတိုးတက်လာမှုက လေဆိပ်အဝင်လမ်းတစ်လျှောက်နဲ့လေ ဆိပ်အနီးနားက လမ်းတွေပါမကျန်ဈေး တွေကောင်းလာနိုင်တယ်။ ဒီအနီးအနား တဝိုက် ကအတွင်းလမ်းတွေမှာ တောင် ဈေးတွေ ဆယ်ဆမကတက်လာခဲ့တယ်။
စီမံကိန်းသာ တကယ်စပြီဆိုရင်မြေဈေး တွေ ဒီထက်မြင့်လာဦးမှာ သေချာပါတယ်'' ဟုလည်း ၄င်းက ပြောသည်။
ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ရှိပြီး ၂ဝ၁၈ ခုနှစ်တွင် စီမံကိန်းပြီးစီးမည်ဟု ခန့်မှန်းထားသည်။ စီမံကိန်းအကျယ်အဝန်း မှာဧက ၁ဝ,ဝဝဝ နီးပါးခန့်ရှိပြီး တည်ဆောက်ပြီးစီးပါက မြန်မာနိုင်ငံတွင်အကြီးဆုံး အပြည်ပြည် ဆိုင်ရာလေဆိပ်တစ်ခုဖြစ် လာမည်ဟု သိရသည်။ အပြည်ပြည်ဆိုင်ရာ လေဆိပ် သည် နှစ်စဉ်ခရီးသည် ပေါင်း ၁၂ သန်း ခန့်ကို ဝန်ဆောင်မှုပေးနိုင်မည်ဟုလည်း သိ ရသည်။
Mizzima
ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေပေါ်တွင် ဟိုတယ်နှင့် အဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းကို မြန်မာ-စင်ကာပူ ကုမ္ပဏီနှစ်ခုမှ ဖက်စပ်လုပ်ကိုင်မည်ဖြစ်ပြီး မြှုပ်နှံရန် အဆိုပြုငွေမှာ ဒေါ်လာ ၂၆၇ ဒသမ ၈၇၆ သန်းဖြစ်
ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုအား လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်းအား တွေ့ရစဉ်
ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေပေါ်တွင် ဟိုတယ်နှင့် အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းကို မြန်မာ-စင်ကာပူ ကုမ္ပဏီနှစ်ခုမှ ဖက်စပ်လုပ်ကိုင်မည်ဖြစ်ပြီး မြှုပ်နှံရန် အဆိုပြုငွေမှာ အမေရိကန်ဒေါ်လာ ၂၆၇ ဒသမ ၈၇၆ သန်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လုပ်ငန်းလုပ်ကိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၇/၂၀၁၄ ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုမိန့် ချထားပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေများအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တင်ဒါခေါ်ယူခဲ့ရာတွင် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်ကို ကာကွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် တင်ပြလာမှုအပေါ် စိစစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။
လုပ်ငန်းအကောင်အထည်ဖော် လုပ်ကိုင်မည့် တည်နေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေဟု သိရပြီး မြန်မာနိုင်ငံဘက်မှ Thu Kha Yadanar Co.,Ltd နှင့် စင်ကာပူဘက်မှ Marga One Investment Pte Ltd တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဖက်စပ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေကို BOT စနစ်ဖြင့် အဆင့်မြင့်ဟိုတယ်၊ Service၊ Apartment၊ Office၊ Retail လုပ်ငန်းများကို အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေအချို့ပေါ်တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရ လုပ်ငန်းလုပ်ကိုင်ရန် တင်ပြလာသည့် အဆိုပြုချက်များကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့်ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင်အစည်းအဝေးတွင် စိစစ်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။
ယခု စင်ကာပူအခြေစိုက် ကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်းလုပ်ကိုင်မည့် Thu Kha Yadanar Co.,Ltd သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ထောက်ချုပ်ရုံးပိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ် ၁၊ မော်တော်ယာဉ်တပ်ရင်း နေရာဟောင်းဖြစ်သည့် မြေတိုင်းရပ်ကွက်အမှတ် ၆၁ နှင့် ၆၃ ရှိ မြေ ၇ ဒသမ ၆၉၅ ဧက ပေါ်တွင်လည်း BOT စနစ်ဖြင့် မြေငှားရမ်း၍ ဟိုတယ်နှင့် အခြားအဆောက်အအုံများအား တည်ဆောက်၍ ငှားရမ်းခြင်းလုပ်ငန်းကို နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိထားကြောင်း သိရသည်။
Eleven
ဗိုလ်ဗထူးပြီးနောက် ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာ ၀ယ်ယူခွင့် လျှောက်လွှာများ စတင်လက်ခံနေပြီး အခန်းဈေးနှုန်းများမှာ ဗိုလ်ဗထူးကဲ့သို့ပင် အနည်းဆုံး ကျပ်သိန်း ၂၀၀ ကျော်ရှိနေ
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက်ရှိ ဗိုလ်မင်းရောင်တန်ဖိုးမျှတအိမ်ရာ စီမံကိန်းနေရာကို တွေ့ရစဉ်
ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၈ ရပ်ကွက်ရှိ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်းလျှောက်လွှာများ လက်ခံပြီးနောက် ၄၂ ရပ်ကွက်ရှိ ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းအတွက် ၀ယ်ယူခွင့် လျှောက်လွှာများ စတင်လက်ခံနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဌာန၏ ကြေညာချက်အရ သိရသည်။
အခန်းဈေးနှုန်းများ အနေဖြင့် ဗိုလ်ဗထူး အိမ်ရာကဲ့သို့ပင် အနည်းဆုံး ကျပ်သိန်း ၂၀၀ ကျော်ရှိမည်ဖြစ်ပြီး အခန်းကျယ် ၆၀၀ စတုရန်းပေရှိသော အခန်းတစ်ခန်းလျှင် တန်ဖိုးကျပ် ၂၅၅ သိန်းနှင့် ၉၀၀ စတုရန်းပေရှိသော အခန်းအတွက် တန်ဖိုးကျပ် ၃၄၇ သိန်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်ရာအတွက် တိုက်ခန်းများကို စနစ်နှစ်မျိုးဖြင့် ရောင်းချမည်ဖြစ်ပြီး လက်ငင်းငွေချေစနစ်နှင့် ဘဏ်ချေးငွေဖြင့် စနစ် (လေးနှစ်ကို အရစ်ကျ ပြန်ဆပ်သည့်စနစ်) များဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း၊ လက်ငင်းငွေချေစနစ်အတွက် စာချုပ်ချုပ်ဆိုသည့် အချိန်မှ အခန်းအပ်နှံသည့် အချိန်အထိ ငွေကြေးခွဲပေးရမည်ဖြစ်ပြီး ယင်းအတွက် အတိုးမပေးရကြောင်း၊ ဘဏ်ချေးငွေစနစ်ဖြင့် ၀ယ်ယူပါကမူ လေးနှစ်ဖြစ်၍ ဘဏ်ဝန်ဆောင်မှုနှင့် အတိုးငွေများ ပေးရမည်ဖြစ်ကြောင်း၊ ကျပ် ၂၅၅ သိန်းတန်အခန်း ၀ယ်ယူမည်ဆိုပါက ဘဏ်ဝန်ဆောင်မှုနှင့် အတိုးနှုန်းငွေ ကျပ် ၆၂ သိန်းနီးပါး ထပ်ဆောင်ပိုပေးရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။
ဝယ်ယူရန်လျှောက်ထားသူ မိသားစု၏ အနည်းဆုံးဝင်ငွေသည် ကျပ်သုံးသိန်းရှိရမည်ဖြစ်ပြီး ယင်းစီမံကိန်းမှ အခန်းပေါင်း ၄၀၀ ကျော် ရောင်းချပေးမည်ဖြစ်ကာ လက်ရေးပုံစံဖြင့်သာ ဧပြီ ၁၁ ရက်နောက်ဆုံးထား၍ လျှောက်ထားရမည်ဟု သိရသည်။
အဆိုပါ စီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးကြပ်၍ အောင်မြင်တိုးတက်ကုမ္ပဏီက ဆောက်လုပ်နေခြင်းဖြစ်ပြီး နှစ်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဟု သိရသည်။
ယခင် ဗိုလ်ဗထူးအိမ်ရာ စီမံကိန်းတွင် ၀ယ်ယူခွင့်လျှောက်ထားပြီးသူများ ယခုဗိုလ်မင်းရောင် စီမံကိန်းတွင် လျှောက်ထားခွင့်ပြုမည် မဟုတ်ကြောင်း၊ ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်း ၀ယ်ယူခွင့်ရရှိသူများအား ချန်လှပ်၍ ကျန်လျှောက်လွှာများအား ဗိုလ်မင်းရောင်စီမံကိန်းတွင် ထည့်သွင်းပေးသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်း လျှောက်လွှာများ ခေါ်ယူခဲ့စဉ်ကလည်း အခန်းပေါင်း ၄၀၀ ကျော်သာ ရောင်းချပေးမည်ဖြစ်သော်လည်း လျှောက်ထားသူ ၁၃၀၀၀ ကျော်ရှိခဲ့ကြောင်း၊ ယင်းအိမ်ရာ အခန်းတန်ဖိုးမှာလည်း အနည်းဆုံး ကျပ် ၂၃၇ သိန်းနှင့် အများဆုံးကျပ် ၃၂၉ သိန်းအထိ ရှိခဲ့သည်။ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းအနေဖြင့် ဈေးနှုန်းများပြားသည်ဟု ဝေဖန်မှုများ ထွက်ရှိခဲ့သော်လည်း လျှောက်ထားသူ များပြားခဲ့ပြီး ၀န်ထမ်းအများစု ၀ယ်ယူနိုင်သည့် အနေအထားမရှိ၍ လျှောက်ထားမှုမရှိခဲ့ကြောင်း စုံစမ်းသိရသည်။
Eleven
နှစ်ရှည်ချေးငွေ ထုတ်မပေးနိုင်လျှင် အိမ်ပိုင်ဝယ်ယူရန် အများစုခက်ခဲနေဦးမည်
ဘဏ်ကနှစ်ရှည်ချေးငွေ ချေးယူခွင့်ကို ကန့်သတ်ထားသည့် ဗဟိုဘဏ်၏စည်းမျဉ်းကြောင့်
ပြည်သူအများစု အိမ်နှင့် တိုက်ခန်းဝယ်ယူရန် ခက်ခဲနေခြင်းဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်လုပ်ငန်း
ရှင် များနှင့် ၀င်ငွေပုံမှန်ရရှိသည့် လခစားဝန်ထမ်း များက ပြောသည်။
"ကန့်သတ်ချက်ထဲမှာ နှစ်ရှည်အပ်ငွေရှိမှ သာ နှစ်ရှည်ချေးငွေထုတ်ချေးနိုင်တယ်ဆို ပြီးပါတယ်။
အဓိပ္ပာယ်က ကျွန်တော်တို့ဆီမှာ ပိုက်ဆံ ၁၀ နှစ် အပ်ပါ့မယ်လို့ ကတိပေးထားတဲ့သူက သိန်း
တစ်ထောင်လာအပ်ထားရင် ကျွန်တော်တို့ က သိန်းတစ်ထောင်ဖိုးနှစ်ရှည်ချေးခွင့်ရှိတယ်။ အဲဒီ
တော့ အဓိပ္ပာယ်က မပေးခိုင်းတာနဲ့အတူတူပဲ။ ဘယ်သူမှ အဲဒီလိုဘဏ်မှာလာမအပ်ဘူး လေ"
ဟု အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာက ဦးရဲမင်းဦးက ပြော သည်။
ထိုကန့်သတ်ချက်၏ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံတွင် ပုံမှန်လစာဖြင့် အလုပ်လုပ်ကိုင်
နေကြသော ၀န်ထမ်းများသည် အခြားနိုင်ငံများ ကဲ့သို့ ပုံမှန်လစာရရှိသည့် ၀န်ထမ်းများနည်းတူ
နှစ်ရှည်ချေးငွေချေးယူပြီး အိမ်နှင့် တိုက်ခန်းများ ကို ၀ယ်ယူနိုင်သည့် အခွင့်အရေး မရနိုင်တော့
ကြောင်း ဦးရဲမင်းဦးက ပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင် အကောင်အထည်ဖော် နေသည့် အိမ်ရာစီမံကိန်း၌ပင် အရစ်ကျဝယ်ယူ
နိုင်သည့် ဈေးအနည်းဆုံး တိုက်ခန်းတန်ဖိုးမှာ ကျပ်သိန်း၂၈၀ ခန့်ရှိပြီး ထိုငွေကို သုံးနှစ်အတွင်း
အကျေပေးချေရမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံး လျက်ရှိသော
ဘဏ်ချေးငွေ စည်းမျဉ်းစည်းကမ်း များအရ သာမန်လူတန်းစားများတွင် ပါဝင် သည့် ၀န်ထမ်း
များနှင့် ပြည်သူအများစုမှာ ကိုယ်ပိုင်တိုက်ခန်းနှင့် အိမ်များဝယ်ယူရန် အလှမ်းကွာလျက်ရှိပြီး
မြန်မာနိုင်ငံလူဦးရေ၏ အများစုဖြစ်သော သာမန်လူတန်းစားများ အိုးပိုင်အိမ်ပိုင်ဖြစ်ရေးအတွက်
လက်တွေ့ကျ သည့် ချေးငွေစနစ်ကို နိုင်ငံတော် အစိုးရက ချမှတ်ရန် လိုအပ်နေသည်။
ကျန်းမာရေးဝန်ကြီးဌာနက စာရေးဝန်ထမ်းတစ်ဦးဖြစ်သူ အသက် ၅၇ နှစ်ရှိ ဒေါ်ဝင်းရွှေက "သုံးနှစ်
အတွင်း သိန်း ၂၈၀ ဆိုတာကြီးက အိမ် မ၀ယ်နဲ့တော့လို့ ပြောလိုက်သလိုပဲ။ နှစ်သုံး ဆယ်လောက်
တစ်လချင်း ပြန်ဆပ်ခွင့်ရရင်တော့ တစ်မိသားစုမှာ နှစ်ဦးလောက်ဝင်ငွေရှိမယ်ဆို ဖြစ်နိုင်တယ်"
ဟု မြန်မာတိုင်း(မ်) ကိုပြောသည်။
ဒေါ်ဝင်းရွှေသည် ရန်ကုန်မြို့တွင် ၁၀ နှစ်ကျော်ကြာနေထိုင်လာသော်လည်း ယခု အချိန်အထိ
အိမ်ရော၊ တိုက်ခန်းပါ ကိုပိုင်ဝယ်ယူနိုင်ခြင်း မရှိသေးပေ။ ဦးရဲမင်းဦးက "ဗဟိုဘဏ်ကနေ ဘဏ်
တွေအနေနဲ့ Home Loan (အိမ်ဝယ်ရန်ချေးငွေ)တွေ နှစ်ရှည်ချေးခွင့်ပြုသည်လို့ တရားဝင်ခွင့်ပြု
လိုက်ရင် ကျွန်တော်တို့က ချေးလို့ရတာပေါ့။ ၀ယ် တဲ့သူကအကြွေးမဆပ်နိုင်ရင် ဘဏ်ကသတိ
ပေးမယ်။ မဆပ်သေးရင်တရားရုံးတင်မယ်။ ပြီးရင်အိမ်ကိုဘဏ်က ပြန်သိမ်းလိုက်တာပဲ" ဟု ၎င်း
ကပြောသည်။
ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က "တခြားနိုင်ငံတွေမှာ ချေးတယ်ဆိုတာက အစိုးရ ရဲ့
ချေးငွေပါတယ်။ အမေရိကန်မှာဆိုရင် အစိုးရ ကိုင်တဲ့ ဘဏ်ကြီးနှစ်ခုက ပုဂ္ဂလိကဘဏ်တွေကို
တစ်ဆင့်ပြန်ချေးတာ။ နှစ်ရှည်ချေးငွေ ချေးနိုင်အောင် funding ကို နှစ်ရှည်လုပ်ပေးတယ်။ ပုဂ္ဂလိ
ကဘဏ်က နှစ်တိုအပ်ငွေနဲ့ နှစ်ရှည် ချေးငွေထုတ်ချေးလိုက်ရင် ပိုက်ဆံတွေထုတ် သွားရင် သေပြီ
ပဲ။ ဘယ်လိုသွားလုပ်မလဲ။ အဓိက ကတော့ အစိုးရပိုင်းပါမှရမှာ၊ အစိုးရချေးငွေ ပါမှရမှာ" ဟု
ပြောသည်။
မြင့်တက်နေသော မြေဈေးများကျဆင်းအောင် အစိုးရက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းက
ပြောသည်။ "အစိုးရပိုင်းနဲ့ ပေါင်းလုပ်ရမှာ။ ကိုယ့်ဘာသာ ကိုယ်သွားလုပ်လို့ မစွမ်းနိုင်သေးဘူးဗျ"
ဟု ဦးသန်းလွင်က ပြောသည်။ သို့သော် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးစိုးမင်းက ပုဂ္ဂလိကဘဏ်များတွင်
'နှစ်တိုအပ်ငွေ' သာရှိသဖြင့် အကယ်၍ 'နှစ်ရှည်ချေးငွေ'များကို ထုတ် ချေးခွင့်ပြုလိုက်လျှင် ငွေ
များလက်လွန်သွား မည်ဖြစ်ပြီး ထိုအချိန်တွင် ငွေအပ်ထားသူများ က အလုံးအရင်းဖြင့် ငွေပြန်
ထုတ်လာကြပါက ဘဏ်များ ငွေကြေးအခက်အခဲ ဖြစ်သွားနိုင်သဖြင့် လက်ရှိအခြေအနေတွင်
ခွင့်မပြုသေးခြင်းဖြစ်ကြောင်း ပြောသည်။
"နှစ်ရှည်အပ်ငွေတွေ ဘဏ်တွေထဲကို ရောက် လာနိုင်တဲ့ ငွေကြေးဈေးကွက်တွေဖြစ်လာရင်
နှစ်ရှည်ချေးငွေအတွက် ဘာမှပြဿနာမရှိတော့ဘူး။ ဘဏ်အချင်းချင်း အပြန်အလှန်ငွေချေး
တဲ့ Interbank Market လိုဟာမျိုးတွေ ပေါ်လာရင်တော့ ချေးငွေတွေကို ပိုပြီးတော့ စဉ်းစားနိုင်
မှာပေါ့။ အခုကတော့ အဲလိုဈေးကွက် တွေက မရှိဘူးလေ" ဟု ဦးစိုးမင်းက ဆက်ပြောသည်။
အကယ်၍ နှစ်ရှည်ချေးငွေ ထုတ်ချေးထားသောဘဏ်များ၌ ငွေများလိုအပ်လာပြီဆိုပါက ချက်
ချင်းပြန်ဖြည့်ပေးနိုင်ရန် မဆောင်ရွက်နိုင်သေးသဖြင့် ယခုချမှတ်ထားသော ကန့်သတ် ချက်ကို
ဗဟိုဘဏ်က ဖြေလျှော့ပေးရန် ခက်ခဲ နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အိမ်၊ သို့မဟုတ် တိုက်ခန်းဝယ်ယူရန် ငွေထုတ် ချေးခြင်းဖြစ်သဖြင့် အကယ်၍ငွေမဆပ်နိုင်ပါ က
ဘဏ်က အိမ်ကိုပြန်သိမ်းလိုက်ရုံသာရှိသည် ဆိုသည်မှာလည်း အရေအတွက်အနည်းငယ်
အတွက်ဆိုပါက ပြဿနာမရှိသော်လည်း ပမာဏများပြားလာပါက အကျပ်အတည်းတစ်ခု
ဖြစ်လာနိုင်ကြောင်း ဦးစိုးမင်းက မှတ်ချက်ပြု သည်။
"ဒီပစ္စည်းတွေကို ငွေဖြစ်အောင်ပြန်လုပ်ရဦး မယ့်ကာလကရှိသေးတယ်လေ။ ဒီကာလအတိုင်း
အတာအတွင်းမှာ ဘဏ်ရဲ့လုပ်ငန်းတွေ ကျပ်တည်းသွားနိုင်တယ်။ ဒီအတိုင်းစဉ်းစား တာကမှန်
ပေမယ့်လည်း တစ်ယောက်တည်းကို ချေးထားတာမဟုတ်ဘူးလေ"ဟု ၎င်းက ပြောသည်။
နှစ်ရှည်ချေးငွေများ ထုတ်ချေးခွင့်ပြုရန် ပြောင်းလဲသတ်မှတ်ပေးနိုင်မည့် အချိန်ကို လည်း အတိ
အကျမပြောနိုင်သေးကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက ပြောသည်။ ယခုနှစ်ဆန်းပိုင်းက
ဖွင့်လှစ်သည့် အိမ်ရာ ၀ယ်ယူလိုသူများ၊ အိမ်ရာဆောက်လုပ်လိုသူ များကို အဓိကထားဝန်ဆောင်
မှုပေးမည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယအထွေထွေ မန်နေဂျာ
ဦးခင်မောင်ညို က ၎င်းတို့ဘဏ်သည် လာမည့်ဧပြီလရောက်မှ ချေးငွေဆိုင်ရာ လုပ်ငန်းဆောင်
တာများ စတင် လည်ပတ်မည်ဖြစ်ကြောင်း ပြောသည်။
လက်ရှိတွင် အိမ်ရာနှင့် တိုက်ခန်းဝယ်ယူလိုသူများကို ချေးငွေထုတ်ချေးပေးမည့် စည်းမျဉ်းများ
ကိုပင် မသတ်မှတ်ရသေးကြောင်း ၎င်းက ပြောသည်။ အိမ်ဝယ်ယူရန်အတွက် နှစ်ရှည်ချေးငွေ
ထုတ်ချေးရေးကိစ္စနှင့် ပတ်သက်၍ ၎င်းတို့ ဘဏ်တွင်လည်း အခက်အခဲများရှိနေသေးကြောင်း၊
ပုဂ္ဂလိကဘဏ်များက ကူညီပြီး ဗဟို ဘဏ်ဘက်ကလည်း အနည်းငယ်ဖြေလျှော့ ပေးမှ အဆင်
ပြေမည်ဟုယူဆကြောင်း ဦးခင်မောင်ညိုက မြန်မာတိုင်း(မ်) ကိုပြောသည်။
"နှစ်တိုအပ်ငွေတွေ အလုံးအရင်းနဲ့ပြန်လည် ထုတ်ယူသွားရင် ဘဏ်အကျပ်အတည်းဖြစ် သွားနိုင်
တယ်။ ဒီတော့ စွန့်တော့စွန့်စားရမယ့် သဘောရှိတယ်" ဟု ၎င်းက ပြောသည်။
ကျော်ဖုန်းကျော်

ဝါးများရှားပါးလာသည့်အတွက် သံငြမ်းများကို ပိုမိုအသုံးပြုလာကြ
မြန်မာတိုင်း(မ်)သတင်းစာတိုက်အဆောက်အအုံ ဆေးသုတ်ရန်အတွက် ၀ါးငြမ်းဆင်နေကြသော အလုပ်သမားများကိုတွေ့ရစဉ်။
အဆောက်အအုံ အပြင်ဘက်အလှဆင်လုပ်ငန်း များတွင် ယခင်က၀ါးငြမ်းများကို တွင်ကျယ်စွာ
အသုံးပြုကြသော်လည်း လက်ရှိအချိန်တွင် ၀ါးများရှားပါးလာခြင်းကြောင့် သံငြမ်းများကို ပြောင်း
လဲအသုံးပြုမှု တွင်ကျယ်လာကြောင်း အိမ်အလှဆင် လုပ်ငန်းလုပ်ကိုင်သော လုပ်ငန်း ရှင်များက
ပြောသည်။
"၀ါးတွေက အဆောက်အအုံ သုံးခုလောက် ပဲ အများဆုံးသုံးလို့ရတယ်။ သံငြမ်းတွေက တစ်ခါ
ဝယ်ပြီးရင် အကြာကြီးသုံးလို့ရပြီး သံတိုင်တွေ ကို သံချေးမတက်အောင် ထိန်းထိန်းသိမ်းသိမ်း
ဆေးသုတ်သုံးမယ်ဆိုရင်၂၅ နှစ်ကနေ နှစ် ၃၀ လောက်ထိ အသုံးခံတယ်" ဟု Nat Rey အိမ်
အလှဆင် ၀န်ဆောင်မှုလုပ်ငန်းမှ အလုပ် သမား အဖွဲ့ခေါင်းဆောင် ကိုသော်တာဆွေက ပြော
သည်။
အဆောက်အအုံများကို အပြင်ဘက်ပိုင်း အလှဆင်ရန်အတွက် ငြမ်းဆင်ရာတွင် ယခင် က ရိုးရာ
ငြမ်းဆင်နည်းဖြစ်သော ၀ါးငြမ်းများကို သာ အသုံးပြုကြသော်လည်း နောက်ပိုင်းတွင် ပိုမိုလုံခြုံမှု
ရှိသော သံငြမ်းများကို အသုံးပြုလာကြကြောင်းလည်း အိမ်အတွင်းပိုင်းနှင့် အပြင်ဘက်ပိုင်း အလှ
ဆင်သည့်ဝန်ဆောင်မှုလုပ်ငန်း များ ပြုလုပ်သော လုပ်ငန်းရှင်များကပြောသည်။
"၀ါးငြမ်းထက် သံငြမ်းက ရွှေ့ပြောင်းရ ပိုလွယ် ပြီး သုံးရတာပိုကောင်းတယ်။ ပိုလုံခြုံမှုရှိတယ်လို့
ထင်တယ်။ အဆောက်အအုံအတွင်းပိုင်း အလှဆင်တာတွေ၊ အထပ်နိမ့်အဆောက်အအုံ လေးတွေ၊
ကွန်ဒိုတိုက်တွေ၊ ဟိုတယ်တွေနဲ့အထပ်ခြောက်ထပ်ထက် ပိုမြင့်တဲ့အဆောက် အအုံကြီးတွေ
ဆောက်တဲ့အခါမှာ သံငြမ်းကိုပဲ သုံးကြတယ်"ဟု ကိုသော်တာဆွေက ပြောသည်။
"၀ါးငြမ်းကတော့ ရှေးကတည်းက သုံးတဲ့ ငြမ်းဆင်နည်းပေါ့။ ၀ါးရဲ့သက်တမ်းရှိသေး တယ်ဆိုရင်
လုံခြုံမှုရှိပါတယ်။ ၀ါးသစ်ကျိုးတယ် ဆိုတာ ဖြစ်ခဲတယ်။ ၀ါးတစ်လုံးကို အဆောက်အအုံ သုံးခု
လောက်ထိပဲ သုံးနိုင်ပြီး သုံးခုထက်ပိုပြီး သုံးမယ်ဆိုရင် ၀ါးက မခိုင်ဘဲ ကျိုးကျမှာ စိုးရတယ်"
ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် Summit Park View ဟိုတယ် စတင်ဆောက်လုပ်ချိန်ဖြစ်သော ၁၉၉၀ နှင့်
၁၉၉၁ ခုနှစ်များတွင် သံငြမ်းများကို စတင် အသုံးပြုခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် တစ်စတစ်စ
အသုံးပြုခဲ့ကြရာမှ ၁၉၉၉ ခုနှစ် နောက်ပိုင်းတွင် ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာ ကြခြင်းဖြစ်
သည်။
"ရိုးရိုးတိုက်တွေထက် ကွန်ဒိုတိုက်တွေက ငြမ်းဆင်ရပိုမိုလွယ်ကူပြီး မတော်တဆမှု ဖြစ်နိုင်ခြေ
လည်း ပိုနည်းတယ်။ ပြုတ်ကျရင်လည်း ခါးပတ်ပတ်ပြီးသားဆိုတော့ အောက်မကျဘူး။ ထိခိုက်
ဒဏ်ရာမရဘူးပေါ့။ ဒါကြောင့် သံငြမ်း တွေကို ပိုအသုံးများလာကြတယ်" ဟု ကြယ်ဖြူ ဆောက်
လုပ်ရေးမှ ကိုမင်းအောင်က ပြောသည်။ အဆောက်အအုံ အတွင်းအပြင် အလှဆင် ခြင်းနှင့်
ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများမှာ ကန်ထရိုက်တိုက် ဆောက်လုပ်သည့်လုပ်ငန်း များနှင့် ဆက်စပ်
လျက်ရှိသောကြောင့် ကန်ထရိုက်လုပ်ငန်းအချို့မှာ ငြမ်းဆင်သည့် ကိုယ်ပိုင်အလုပ်သမားများ
ရှိကြသော်လည်း အချို့လုပ်ငန်းများမှာ ငြမ်းဆင်မည့်အဖွဲ့ သီးသန့် မထားရှိကြောင်း လုပ်ငန်း
ရှင်များက ပြောသည်။
လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိကြသော အလုပ်သမားများမှာ လစာတန်းတူရရှိကြသော် လည်း
လုပ်နိုင်သည့်အလုပ်အလိုက် တာဝန် ခွဲဝေလုပ်ကိုင်ကြကြောင်း ကြယ်ဖြူဆောက်လုပ် ရေးလုပ်
ငန်းမှ ကိုမင်းအောင်က ပြောသည်။
"လစာတူပေမယ့် အလေးအပင် မမနိုင်တဲ့ တချို့သူတွေကျတော့ ငြမ်းပဲဆင်ချင်ကြတယ်။ တချို့
ကျတော့ အထပ်မြင့်မတက်ရဲတော့ အလေးအပင်ပဲမကြတယ်။ ငြမ်းဆင်ရင်း မတော်တဆပြုတ်
ကျတဲ့သူတွေ ရှိတတ်ပေမယ့် ဒါကဖြစ်ခဲပါတယ်။ မလုပ်တတ်ဘဲ လုပ်တတ်တယ်ဆိုပြီး ဇွတ်အတင်း
လုပ်တဲ့သူတွေကတော့ ဒီလိုမတော် တဆဖြစ်တတ်တယ်"ဟု ၎င်းက ပြောသည်။
အသက်နှင့်ရင်းကာ ပြုလုပ်ရသော်လည်း လုပ်ခလစာကောင်းစွာမရရှိသည့် ငြမ်းဆင်လုပ်ငန်းမှာ
လုပ်ငန်းခွင်မတော်တဆမှုများ အတွက် ထိုက်သင့်သော အသက်အာမခံမှုမျိုး လည်း ယခုအချိန်
ထိ မရှိသေးကြောင်း ငြမ်းဆင် လုပ်သားများက ပြောသည်။
"ငြမ်းဆင်ရင်း အသက်သေဆုံးမှုမျိုး မဟုတ်ဘဲ အောက်ပြုတ်ကျပြီး ခြေကျိုးလက်ကျိုးဖြစ်တယ်
ဆိုရင်တောင် ကျွန်တော်တို့ရသင့်တဲ့ဆေးကုသ စရိတ်နဲ့ အထောက်အပံ့ရနိုင်မယ့် တိကျတဲ့အာ
မခံချက်ကလည်း အခုထိမရှိသေးဘူး။ ဘာ အသက်အာမခံမှလည်း မရှိဘူး။ ကျွန်တော်တို့ က
နေ့စားအလုပ်သမားတွေဖြစ်လို့ အလုပ် လုပ် တဲ့နေ့အတွက်ပဲ ပိုက်ဆံရမယ်" ဟု ငြမ်းဆင်
လုပ်သားတစ်ဦးဖြစ်သူ ကိုသိန်းလှိုင်က ပြောသည်။
စတုရန်းပေ ၁,၂၀၀ ရှိသော ငါးထပ်တိုက်ကို လူအင်အား ခုနစ်ယောက်သုံးပြီး ငြမ်းဆင်လျှင်
အချိန်တစ်ပတ်ခန့် ကြာမြင့်ပြီး တစ်လုံးလျှင် ကျပ် ၂,၀၀၀ တန် ၀ါးလုံး ၂၀၀ ခန့်နှင့် အုန်းဆံ
ကြိုး ကျပ် ၃၀,၀၀၀ ခန့်ကုန်ကျကာ လက်ခမှာ ကျပ် ၁၅၀,၀၀၀ ခန့်ရှိပြီး စတုရန်းပေ ၂,၄၀၀
ရှိသော ငါးထပ်အဆောက်အအုံကိုငြမ်းဆင်ရန် ၁၅ ရက်ခန့်ကြာမြင့်ကာ လက်ခ ကျပ် ၂၀၀,၀၀၀
ကျော် ကုန်ကျကြောင်း လုပ်ငန်းရှင်များက ပြောသည်။
တင်ရတနာထွန်း
Subscribe to:
Posts (Atom)