အကျိုးဆောင်မပါဘဲ စာချုပ်ချုပ်ဆိုရင် သတိပြုပါ

အိမ်ခြံမြေတွေကို အကျိုး ဆောင် မပါဘဲ စာချုပ်ချုပ်ဆိုရောင်းဝယ် ကြမယ်ဆိုရင် စာချုပ်ပါအကြောင်းအရာတွေကို သေသေချာချာ စစ်ဆေးသင့်တယ်လို့ သိရပါတယ်။

“သေချာမစစ်ဆေးဘဲ ဝယ်ယူတာတွေကြောင့် စလစ်အတု၊ ပါမစ်အတုတွေ ဝယ်မိတယ်ဆိုတဲ့ ပြဿနာတွေ ဖြစ်ပေါ်နေ ရတာပါ၊ သေချာစစ်ဆေးမယ်ဆိုရင်တော့ ဒီပြဿနာတွေ မဖြစ်နိုင်ဘူး”လို့ အိမ်ခြံမြေ အကျိုးဆောင် ဦးမြင့်အေးက ဆိုပါတယ်။

အိမ်ခြံမြေဆိုင်ရာ စာချုပ် ချုပ်ဆိုတဲ့ အခါမှာ သတိထားရမယ့် အချက်တွေနဲ့ အ ရေးကြီးအချက်တွေကို ရောင်းဝယ်သူ တ ချို့ အမှတ်တမဲ့ ထားရှိတတ်ပါတယ်။ မြေ အမျိုးအစားအလိုက် ပိုင်ဆိုင်မှုအထောက်အထားတွေကို နားလည်တတ်ကျွမ်းသူ တွေနဲ့ စစ်ဆေးသင့်ပါတယ်။ ဝယ်ရောင်း တချို့က စာရွက်စာတမ်းတွေကို အပေါ်ယံ လောက်ပဲ ကြည့်ရှုစစ်ဆေးတတ်ကြတာ ကြောင့် သေချာစစ်ဆေးဖို့ လိုအပ်ပါ တယ်။ ဒါ့အပြင် ယခုနောက်ပိုင်းမှာ ဂရန်၊ စလစ်မြေ၊ ပါမစ်မြေတွေရဲ့ စာရွက်စာတမ်း အတုတွေ ထွက်နေတဲ့အတွက် သေချာစစ် ဆေးသင့်တာ ဖြစ်တယ်လို့ သိရပါတယ်။

စာချုပ်စာတမ်းပါ အချက်အလက် တွေကိုလည်း သေချာစွာဖတ်ရှုသင့်ပါ တယ်။ ငွေကြေးဆိုင်ရာ ကိန်းဂဏန်းတွေ၊ ရက်စွဲတွေ၊ စာချုပ်ပါစကားလုံးတွေကို တစ်လုံး ချင်းစီ သေသေချာချာစစ်ဆေးမှ သာ စာချုပ်ပါ အချက်အလက်နဲ့ ကွဲပြားမှု တွေကို သိရှိနိုင်မှာပါ။ ဒါ့အပြင် မှတ်ပုံတင် ပါ အချက်အလက်တွေ၊ တိုက်ခန်းမြေကွက် တည်နေရာတွေကိုလည်း စာချုပ် စာတမ်းနဲ့ ကိုက်ညီမှု ရှိ မရှိ တိုက်ဆိုင်စစ် ဆေးသင့်တယ်လို့ သိရပါတယ်။

နောက်တစ်ခု သတိထားရမှာကတော့ စာချုပ်ပါ အချက်တချို့ကို အမှားပြင်ဆင် ချက်နဲ့ အမှားပြင်ဆင်တာတွေ ဖြစ်ပါ တယ်။ စာချုပ်ထဲမှာ အမှားတစ်စုံတစ်ရာ ရှိ ပါက ပြင်ဆင်ချက်ကို သေချာစွာ စစ်ဆေး ရပါမယ်။ စာချုပ်တွေကို စစ်ဆေး တဲ့အခါ အမှားတွေ့ရင် correction pen ကို မသုံးဖို့ ကလည်း သတိပြုစရာတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ correction pen အသုံးပြုမိပြီး အမှား  ပြင်ဆင်ချက်ကို initial sign (လက်မှတ်အတို ကောက်) ထိုးထားပေမဲ့ မသမာသူတွေက correction pen ကို အသုံးပြုပြီး ထပ်ပြီး အမှားပြင်ဆင်နိုင်တာကြောင့် ဖြစ်ပါ တယ်။

လက်မှတ်အတိုကောက်ထိုး
စာချုပ်မှာ အမှားတွေ့ရှိမယ်ဆိုရင် လုပ်ဆောင်ရမယ့် အကောင်းဆုံးအချက် ကတော့ အမှားစကားလုံးပေါ်မှာ cross မျဉ်းတစ်ကြောင်းသာခြစ်ပြီး အပေါ်မှာ အမှားပြင်ဆင်ချက်ရေးကာ initial sign (လက်မှတ်အတိုကောက်) ထိုးပေးခြင်းပဲ ဖြစ်ပါတယ်။

“ကိုယ်ဝယ်တဲ့ချိန်မှာ ဒီလိုအမှားမျိုး ကို ရပါတယ်လို့ သဘောထားလိုက်ပေမဲ့ ပြန်ရောင်းတဲ့အခါကျတော့ အခက်တွေ့ ရော အဲဒီလိုအမှားပြင်ဆင်ချက်က သို့ လော သို့လော ဖြစ်စေပါတယ်”လို့ အထက် တန်း ရှေ့နေ မသိင်္ဂီအေးက ဆိုပါတယ်။

အခုလိုအမှားမျိုးတွေကို စာချုပ်မှာ တွေ့ရှိလာတယ်ဆိုရင် အရောင်းအဝယ် ပိုင်းမှာ အခက်အခဲတချို့ရှိလာပြီး ပြဿနာ တက်နိုင်တာကြောင့် ရောင်းသူနဲ့ ဝယ်သူ ကြားမှာ နှစ်ဦးသဘောတူ စာချုပ်အသစ် တစ်ခု ထပ်မံချုပ်ဆိုလို့ရတယ်လို့ သိရပါ တယ်။ ဝယ်ယူသူအနေနဲ့ သံသယရှိတယ် ဆိုရင် ရောင်းသူကို မူရင်း ပထမပိုင်ရှင်နဲ့ တိုက်ရိုက် စာချုပ်ချုပ်ဆိုခွင့် တောင်းဆိုလို့ ရသလို ချုပ်ဆိုခွင့်ရှိတယ်လို့လည်း သိရပါ တယ်။ ဒါ့အပြင် သက်သေထည့်သွင်းတဲ့ နေရာမှာလည်း နားလည်သူတွေကိုသာ သက်သေအဖြစ် ထည့်သွင်းသင့်တယ်လို့ သိရပါတယ်။

“အသိမိတ်ဆွေမို့လို့၊ လမ်းကြုံလို့ စ တာတွေကို သက်သေထိုးခိုင်းတာကလဲ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာရင် သူတို့ က စာချုပ်ပါအကြောင်းအရာကို မသိ တော့ အခက်တွေ့ရတယ်၊ ဒါကြောင့် သူ တို့ကို သက်သေလုပ်ခိုင်းမယ်ဆိုရင် သေချာသိအောင် အရင်ပြောထားသင့်တယ်”လို့ အထက်တန်းရှေ့နေ မသိင်္ဂီအေးက ဆက်ပြောပါတယ်။

Credit: Kumudra
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ပါမစ်မြေ ဝယ်ယူမယ်ဆိုရင်

အိမ်ခြံမြေဈေးကွက်အတွင်းမှာ အရှုပ်အရှင်းပြဿနာတစ်စုံတစ် ရာ မပေါ်ပေါက်စေဖို့ မြေချပါမစ်နဲ့ ပတ်သက်တာတချို့ကို ဖော်ပြပေးလိုက်ပါ တယ်။

အိမ်ခြံမြေရောင်းဝယ်မှုမှာ မြေချပါမစ် ဝယ်ယူမယ်ဆိုရင် သက်ဆိုင်ရာ မြေယာ ရုံး ခွဲတွေမှာ စစ်ဆေးသင့်သလို အိုးအိမ်နဲ့ စည်ပင်မှာလည်း စာရွက်စာတမ်းပြည့်စုံမှု ရှိ မရှိကို စစ်ဆေးရပါမယ်။ ပါမစ်တစ်စုံမှာ အိမ်ရာရွှေ့ပြောင်းသူရဲ့ ရာဇာဝင်၊ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်၊ မှီခိုသူမိသားစု စာရင်း စတာတွေကို မဖြစ်မနေစစ်ဆေး သင့်ပါတယ်။ အိုးအိမ်ဦးစီးဌာနရဲ့ ဦးစီး လက်မှတ်၊ ဒုညွှန်မှူး လက်မှတ်တွေ ပါမပါ ကြည့်ရှုရပါမယ်။ မြေပုံနဲ့ မြေရာဇဝင်ပါရှိက ပိုကောင်းတယ်လို့ သိရပါတယ်။

ပါမစ်မူရင်းဆိုတိုင်း စိတ်မချရပါဘူး။ ပါမစ်ပျောက်ဆိုပြီး ပြန်လည်လျှောက်ယူသူတွေ ရှိနေပါတယ်။ ပါမစ်ပျောက်ဆုံးဆို ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ ရဲစခန်းထောက်ခံစာတွေနဲ့အတူ တရားသူ ကြီးရှေ့မှာ ကျမ်းကျိန်လွှာတို့နဲ့ မှတ်ပုံတင် ပြနိုင်ရင် စည်ပင်မှာ ပါမစ်ပျောက်၊ ဂရန် သစ် လျှောက်ထားလို့ရပါတယ်။ ဒါကြောင့် စာရွက်စာတမ်း အစုံအလင်ရှိပေမဲ့ မြေကွက်ကိုလည်း အချိန်ပေးပြီးသွားရောက် ကြည့်ရှုသင့်တယ်လို့ သိရပါတယ်။

ဂရန်သစ်လျှောက်တဲ့အခါမှာ ကန့်ကွက်မှု ရှိမရှိကို နိုင်ငံပိုင်သတင်းစာတွေကနေ ကြော်ငြာရပါမယ်။

သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူး ရုံးကိုလည်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာစာပေးပို့ရမှာ ဖြစ်ပါတယ်။

 မြေတိုင်းဆင်း အဆင့်ဆင့် ဆောင်ရွက်ပြီး ကန့်ကွက်သူ မရှိပါက ဂရန် အသစ်ချပေးမှာ ဖြစ်ပြီး ဂရန်သစ်လျှောက်ထားချိန် အ နည်းဆုံး တစ်နှစ်ကြာမြင့်တယ်လို့ သိရပါတယ်။

Credit: Kumudra
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

မြေရှင်အသိအမှတ်က တိုက်ခန်းနေအတွက် အရေးကြီး

တိုက်ခန်း၊ ကွန်ဒို ဝယ်ယူ မှုတွေမှာ မြေရှင်ရဲ့ အသိအမှတ်ပြုခြင်းက လည်း ခိုင်မာမှုအတွက် အရေးကြီးတယ် လို့ သိရပါတယ်။

“မြေရှင်လက်မှတ်ထိုးခဆိုတာက မြေ ရှင်ကို အမည်ပြောင်းခအနေနဲ့ ပေးရတာ ပါ၊ ဒီပိုက်ဆံကို မပေးချင်လို့ ကျော်လိုက် မယ်ဆိုရင် တိုက်နဲ့ ပတ်သက်ပြီး တစ်စုံ တစ်ခုဖြစ်လာရင် ပြဿနာရှိနိုင်တယ်”လို့ မြန်မာ့ ရတနာမြေ အကျိုးဆောင်လုပ်ငန်း မှ အိမ်ခြံမြေအကြံပေးရှေ့နေ ဦးကိုကိုက ပြောပါတယ်။

မြေရှင်လက်မှတ်ဆိုတာက တိုက်ခန်း ဝယ်ယူရာမှာ အမည်ပြောင်းအဖြစ် မြေရှင် က အသိအမှတ်ပြုပေးတာ ဖြစ်ပါတယ်။ မြေရှင်အသိအမှတ်ပြုခြင်းက တိုက်ခန်း နေသူတွေအတွက် အရေးကြီးပြီး တိုက် ခန်းနေသူတွေ တိုက်ပြိုကျခြင်း၊ တိုက်ခန်း ပျက်စီးခြင်းဖြစ်ပေါ်ပါက မြေရှင် အသိ အမှတ်မပြုရင် တိုက်ခန်းပြန်ရဖို့ မလွယ်ကူ ဘူးလို့ သိရပါတယ်။

တိုက်ခန်း၊ကွန်ဒိုရောင်းဝယ်ရာမှာ မြေ ရှင် လက်မှတ်ထိုးခ (တစ်နည်း) အမည် ပြောင်းခ ပေးရပါတယ်။ နေရာဒေသ အ လိုက် အရောင်းတန်ဖိုး တစ်ရာခိုင်နှုန်းက နေ သုံးရာခိုင်နှုန်းအထိ ပေးရပါတယ်။ မြေ ရှင် လက်မှတ်မပါဘဲ ဥပဒေနှင့် ညီညွတ်ပါ က ရောင်းချခွင့်ရှိတယ်ဆိုပေမဲ့ မြေရှင် အသိအမှတ်မပြုပါက ဆုံးရှုံးမှုတွေ ဖြစ်ပေါ် လာနိုင်တယ်လို့ သိရပါတယ်။

အိမ်လခပေးရတာက
အပျောက်တိုက်ခန်းဝယ်ယူသူကို ဥပဒေအရ အိမ်ငှားခ သတ်မှတ်ထားလို့ ၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေကို လိုက်နာရတာကြောင့် အပျောက်တိုက်ခန်းဝယ်ယူသူတွေအနေနဲ့ ငှားရမ်းခွင့်နဲ့ တစ်ဆင့် ပြန်လည်ရောင်းချခွင့် ရှိပေမဲ့ ဥပဒေအရ အိမ်ငှားဟုဆိုတာ ကြောင့် အိမ်လခပေးဖို့ တာဝန်ရှိပါတယ်။ မြေရှင် က သတ်မှတ်ထားတဲ့ အိမ်လခကို တိုက်ခန်းနေသူတွေက ပေးရတာဖြစ်ပြီး အိမ်လခတွေကိုတော့ နားလည်မှုနဲ့ သတ် မှတ်ကြတယ်လို့ သိရပါ တယ်။

“မြေယာနှင့် အခွန်က သတ်မှတ်ထား တဲ့ အိမ်လခက ၂၀ဝ/၂၅၀ (ကျပ်)၊ ဒါက ခု နဲ့ မကိုက်ညီတော့ဘူး၊ ခုတော့ နားလည်မှု နဲ့ ပေးနေကြတာပါ၊ ထောင်ဂဏန်းဝန်း ကျင် ပေးရပါတယ်”လို့ အိမ်ခြံမြေ အကြံ ပေး ရှေ့နေဦးကိုကိုက ဆိုပါတယ်။

လခပေးလည်း မခိုင်မာသေးပါ
မြေရှင်ကို အိမ်လခ မှန်မှန်ပေးသွင်း နေပေမဲ့၊ အိမ်ရှင်အသိအမှတ်ပြုတယ်ဆို ပေမဲ့ အမည်ပေါက်နေရာမှာ မူလပိုင်ရှင်ရဲ့ အမည်နဲ့သာ ဆက်လက်တည်ရှိနေတာ ကြောင့် တိုက်ခန်းနဲ့ ပတ်သက်တဲ့ တစ်စုံ တစ်ခု ဖြစ်ပေါ်လာပါက ပိုင်ဆိုင်မှုမှာ မူလ ပိုင်ရှင်နာမည်နဲ့သာ ရရှိမှာဖြစ်ပါတယ်။ အိမ်ရှင်အနေနဲ့လည်း မိမိနဲ့ သင့်မြတ်သူ ကိုသာ ထောက်ခံပေးခြင်းမျိုး ဖြစ်ပေါ်လာ နိုင်တယ်လို့ သိရပါတယ်။

“အခု အဖြစ်များနေတာက တိုက် ဟောင်းပြီး ပြိုကျလာမှုတွေပေါ့၊ မြေရှင်ကို အိမ်လခတော့ သွင်းတယ်၊ ဒါပေမဲ့ အရက် မူးပြီး နေ့တိုင်းသောင်းကျန်းနေတော့ ကန် ထရိုက်နဲ့ တိုက်အသစ်ပြန်ဆောက်တော့ မြေရှင်က အခန်းမပေးတော့ဘူးဆိုပြီး ပြဿနာတွေ တက်နေတယ်”လို့ ဦးကိုကို က ဆိုပါတယ်။

ငှားရမ်းခ တိုးလို့
၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေမှာ အိမ်ရှင်အခွင့်အရေးအရ ငှားရမ်းခ တိုးတောင်းခွင့်ရှိတယ်လို့ ပါရှိပါ တယ်။ ဥပဒေ အရ ငှားရမ်းခတိုးတောင်း နိုင်ပေမဲ့ အိမ်ရှင်တွေအနေနဲ့ ငှားရမ်းခ နှစ် စဉ် တိုး မြှင့်ကောက်ခံနေတာကြောင့် အ ပျောက် တိုက်ခန်း ဝယ်ယူသူတွေ အခက် တွေ့ကြရပါတယ်။ ယခုဆိုရင် အိမ်လခ တစ်လ ကျပ် ၅၀ဝ၀ အထိ ပေးကြရသလို အိမ်လခကိုလည်း ပုံစံအမျိုးမျိုးနဲ့ ကောက်ခံနေကြတယ်လို့ သိရပါ တယ်။

“ကျွန်မတို့ဘက်မှာတော့ အိမ်လခ ရယ်လို့ မဟုတ်ဘဲ ရေခွန်၊ မီးခွန်ဆိုပြီး တစ် လကို ကျပ် ၃၀ဝ၀ ပေးရတယ်၊ တချို့ တိုက် တွေမှာတော့ ဒီထက်များတယ်ပြော တယ်”လို့ လှိုင်မြို့နယ်မှာ နေထိုင်သူ မမော်လေး က ဆိုပါတယ်။

Credit: Kumudra
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

စံနှုန်းသတ်မှတ်အပြီး ခြောက်လအတွင်း အိမ်၊ ခြံ၊ မြေ အခွန်ဆောင်သူ သုံးထောင်ကျော်ရှိ

အိမ်၊ ခြံ၊ မြေ စံနှုန်းသတ်မှတ်ပြီးနောက် ခြောက်လတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပြုလုပ်မှုများအတွက် ၃၂၆၇ ဦး အခွန်လာရောက် ပေးဆောင်ကြောင်းကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အခွန်နှုန်းထားများကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ယင်းသတ်မှတ်ချက်များအတိုင်း အခွန် ပေးဆောင်ခဲ့ရခြင်း ဖြစ်ပြီး မြို့သစ်များမှ အခွန်လာရောက် ဆောင်သူ ပိုမိုများပြားကာ မြို့တွင်းမှ အနည်းငယ်သာ ရှိကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တကယ်တော့ ဈေးနှုန်း ကွာခြားခြင်းကလည်း အခွန်ဆောင်ရာမှာအတားအဆီးတစ်ခု ဖြစ်နေတာပေါ့။ မြို့သစ်တွေက ဈေးနည်းတယ်လေ။ မြို့ထဲတွေကျ ပြင်ပပေါက်ဈေးကအရမ်းများနေတော့ အခွန် လာမဆောင်နိုင်ဘူး ဖြစ်နေတာ။ ပြီးတော့ မြို့သစ်ဘက်တွေက အရောင်းအဝယ် ဖြစ်တာလည်း များတာကြောင့်ပါ” ဟု ၎င်းကဆိုသည်။

မတ်လ ပထမပတ်အတွင်းမှ စတင်၍ အရောင်းဘက်မှ အခွန်ဆောင်သူ ပိုမို များပြားလာလျက်ရှိပြီး အဝယ်ဘက်တွင်မူ ပုံမှန်အတိုင်းသာ ရှိကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံးထံမှ သိရသည်။

အရောင်းဘက်မှ အခွန်ဆောင်သူ တိုးလာခြင်းမှာ ကုမ္ပဏီများက နှစ်ချုပ်စာရင်းများ အပြီးသတ်ချုပ်ရန်နှင့် အပြီးသတ် စည်းကြပ်မှု ခံယူရန်တို့ကြောင့် ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။

the voice
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ထိန်းသိမ်းရန်‌ခက်‌ခဲသည့်‌ ရန်‌ကုန်‌မြို့ရှိ ‌ရှေး‌ဟောင်းအ‌မွေအနှစ်‌အ‌ဆောက်‌အအုံများ

ရန်ကုန်မြို့တွင် သမိုင်းဝင်ကိုလိုနီခေတ်လက်ရာ အဆောက်အအုံပေါင်း ၁၈၉ လုံးရှိရာ အဆိုပါအဆောက် အအုံများကို မူလလက်ရာမပျက် ထိန်းသိမ်းထားရှိသွားရန် လိုအပ်သကဲ့သို့ အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မည်ဆိုပါကလည်း စနစ်တကျ လေ့လာပြီးမှသာ သတ်မှတ်သင့်သည်ဟု ရန်ကုန်မြို့ပြ အမွေ အနှစ်ကို ထိန်းသိမ်းသွားလိုသူများက မဇ္ဈိမကိုပြောသည်။



ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့  Yangon Heritage Trust-YHT မှ သုတေသ နပညာရှင် မသက်နှင်းကြည်ဖြူက ရှေးဟောင်းအမွေအနှစ် လက်ရာကြွယ်ဝသည့် ကိုလိုနီခတ်လက်ရာ သမိုင်းဝင် အဆောက်အအုံများသည် လက်ရှိကာလတွင် ထိန်းသိမ်းရခက်ခဲသည့် အခြေအနေသို့ ရောက် ရှိလာသည့်အတွက် အဖွဲ့မှကြိုးပမ်းထိန်းသိမ်းလျက်ရှိနေသည်ဟု ပြောသည်။



“ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ သမိုင်းဝင်လက်ရာ အဆောက်အအုံတွေကို ထိန်းသိမ်းဖို့ အခုခေတ် မှာတော်တော်လေး ခက်ခဲလာတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဆောက်အအုံတွေက စည်ပင်ကနေ အန္တရာယ်ရှိ အဆောက်အအုံလို့ သတ်မှတ်ပြီးမှ ရှေးဟောင်းအမွေအနှစ် အဆောက်အုံ (heritage building) လို့သိရတယ်၊ ဒါကြောင့် heritage building တွေကို ထိန်းသိမ်းဖို့ တော်တော်လေးခက်ခဲလာ တယ်၊ ဒါပေမယ့် တစ်ချို့သော heritage building အဆောက်အအုံပိုင်ရှင်တွေကတော့ သူတို့အဆောက် အအုံက ရှေးဟောင်းလက်ရာ အဆောက်အအုံတစ်ခု ဟုတ်မဟုတ်ဆိုတာ စစ်ပေးဖို့လာ ပြောကြတယ်၊

ဒီလိုမျိုး ပိုင်ရှင်တွေကနေတစ်ဆင့် အသိပေးတာကတော့ လက်ရှိအချိန်မှာ နည်းနေသေးတယ်။ YHT က ရန်ကုန်မြို့မှာရှိတဲ့ ရှေးဟောင်းအဆောက်အအုံ အရေအတွက်ကို စာရင်းပြုစုနေတာဆိုတော့ YHT ကို ရန်ကုန်ကလူတွေက သိနေကြပါတယ်” ဟု မသက်နှင်းကြည်ဖြူ က ပြောသည်။



ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အအုံ တစ်ခုဖြစ်သော အမှတ် ၂၃၃-၂၃၅၊ ပန်းဆိုးတန်း အထက်လမ်းရှိ ယခင် တို့ဗမာအစည်းအရုံးတည်ရှိခဲ့ရာ အဆောက်အအုံမှာ ယခင်က အန္တရာယ်ရှိ အဆောက်အအုံအဖြစ် စည်ပင်မှ သတ်မှတ်ခဲ့သော်လည်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သမိုင်းဝင် အဆောက်အအုံ တစ်ခုဖြစ်ခြင်းကြောင့် အချိန်မီထိန်းသိမ်းနိုင်ခဲ့သည့်အတွက် ရန်ကုန်မြို့ပြ အမွေ အနှစ် ထိန်းသိမ်းရေးကိုများစွာ အထောက်အကူ ပြုနိုင်ခဲ့သည်ဟုလည်း သိရသည်။



ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း မည် သည့် အဆောက်အအုံမဆို အန္တရာယ်ရှိလာသော အခြေအနေတွင် အန္တရာယ်ရှိ အဆောက်အအုံ (dan-ger building-DB) ဟုသတ်မှတ်ရမည်ဖြစ်ပြီး ထိုသို့သတ်မှတ်လိုက်ရခြင်းက ရန်ကုန်မြို့ရှိ ရှေးဟောင်း ကိုလိုနီလက်ရာ အဆောက်အအုံ အရေအတွက်ကို နည်းပါးသွားစေလို၍ မဟုတ်ကြောင်း ရှင်းပြသည်။

“ တကယ်တမ်း အန္တရာယ်ရှိတဲ့ အဆောက်အအုံဖြစ်လာရင် အန္တရာယ်ရှိ အဆောက်အအုံလို့ သတ်မှတ် ရမှာပါပဲ၊ စည်ပင်က ဆောင်ရွက်နေတဲ့ အန္တရာယ်ရှိ အဆောက်အအုံ လုပ်ငန်းစဉ်တွေက တစ်ဦးထဲ တစ် ယောက် ဆောင်ရွက်တာ မဟုတ်ပါဘူး၊ ကော်မတီဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်တာပါ၊ နောက်တစ်ချက်က ရန်ကုန်မြို့မှာရှိတဲ့ အဆောက်အအုံတွေကို ကော်မတီက သေချာစစ်ဆေးပြီး တကယ်အန္တရာယ်ရှိပြီး လူ နေထိုင်ဖို့ မသင့်လျော်တဲ့ အခြေအနေကျမှ သတ်မှတ်တာပါ။ ဒါကြောင့်အခုလို ဌာနရဲ့DB သတ်မှတ်ချက် လုပ်ထုံးလုပ်နည်းအပေါ် ဝေဖန်နေတာတွေက နည်းလမ်းမကျဘူးလို့ ပြောချင်တယ်၊ ဌာနရဲ့လုပ်ထုံး လုပ် နည်းအပေါ် ပြောဆိုလိုတယ်ဆိုရင် ရန်ကုန်မြို့ရဲ့ ဘယ်နေရာမှာရှိတဲ့ အဆောက်အအုံကတော့ DB လို့ မသတ်မှတ်သင့်ဘဲနဲ့ သတ်မှတ်ထားတယ်ဆိုတာကို လိပ်စာနဲ့ အတိအကျပြောပါ၊ ဌာနကသတ်မှတ်ထား တဲ့ အန္တရာယ်ရှိ အဆောက်အအုံ စာရင်းကိုလည်း သတင်းစာကနေတစ်ဆင့် တရားဝင် ကြော်ငြာနေတဲ့ အတွက် ဘယ်နေရာက အဆောက်အအုံဆိုတာ အတိအကျပြောပါလို့ ပြောချင်တယ်”ဟု အဆိုပါ တာဝန် ရှိသူက ပြောသည်။

သို့သော်လည်း မြို့ပြအမွေအနှစ်ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ YHT ကိုလည်း ဌာန၏ အားနည်းချက် ကို ထောက်ပြသည့်အတွက် ၎င်းတို့အဖွဲ့အစည်းကို အပြစ်တင် ဝေဖန်လိုခြင်းမရှိဟုလည်း ၎င်းအရာရှိက ပြောသည်။



“DB ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ထောက်ပြပြောဆိုတာတွေ ရှိပေမယ့် YHT ကို အပြစ်တင်လို တဲ့ ဆန္ဒမရှိပါဘူး၊ သူတို့ အဖွဲ့အစည်းကလည်း ဌာနရဲ့ဆောင်ရွက်ချက်တွေကို ဘာမှ လာလွှမ်းမိုးလို့ မရ ပါဘူး၊ ဥပမာ ပန်းဆိုးတန်းက အဆောက်အအုံဆိုရင် သမိုင်းဝင်ဟုတ် မဟုတ်ဆိုတာ သက်သေပြစရာ အထောက်အထား အခိုင်အမာ မရှိသေးပါဘူး၊ ဒီတော့ YHT ဘက်က တစ်ဖက်သတ်လုပ်လို့ မရပါဘူး၊အဆောက်အအုံကို ဒီဇိုင်းလှတိုင်း ရှေးဟောင်း အဆောက်အအုံလို့ ပြောလို့မရပါ ဘူး၊ ဒီအဆောက်အအုံ နဲ့ပတ်သက်ပြီး ပြန်လည်တည်ဆောက်တဲ့အခါမှာ YHT က အဆောက်အအုံ ရှေ့မျက်နှာစာကို မဖျက်ဘဲ ချန်ထားပါလို့ ပြောတယ်။ ရှေ့မျက်နှာစာကိုချန်ပြီး နောက်က အသစ်တည်ဆောက်မယ့် အဆောက်အအုံ နဲ့တွဲပါဆိုတော့ ဒါကြီးက ပြိုမကျနိုင်ဘူးလား၊ စည်ပင်ရဲ့လုပ်ထုံး လုပ်နည်းတွေကိုသာ ဝေဖန်နေပြီး ဒါမျိုး အချက်တွေကိုရော ထည့်သွင်းစဉ်းစားရဲ့လားဆိုတာ မေးစရာ ဖြစ်လာပါတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။



ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မည်သည့် အဆောက်အအုံမျိုးကိုမဆို အန္တရာယ်ရှိလာ သော အခြေအနေ ဖြစ်လာပါက အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ရမည် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။



“အဆောက်အအုံတစ်ခုက အန္တရာယ်ရှိလာပြီဆိုရင် ဘယ်အဆောက်အအုံပဲ ဖြစ်ဖြစ် DB လို့ သတ်မှတ် မှာပါပဲ၊ နောက်တစ်ချက် YHT ကိုပြောချင်တာက ရန်ကုန်မြို့ထဲမှာရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေ ကို သူများနိုင်ငံတွေမှာလို မူလလက်ရာမပျက်ယွင်းအောင် ပြန်လည်ပြုပြင်ပြီး art gallery တို့၊ ဟိုတယ်တို့ ဖွင့်မယ်ဆိုရင် ဒီလိုလုပ်နိုင်အောင် ဘယ်အဖွဲ့အစည်းက ထောက်ပံ့ပေးမှာလဲ၊ နေထိုင်သူတွေအတွက် ဘယ်လို စဉ်းစားပေးမလဲ၊ YHT ကလက်တွေ့ချပြဖို့ ကောင်းတယ်၊ ရှေးဟောင်း အဆောက်အအုံ တစ်ခု အန္တရာယ်ရှိ အဆောက်အအုံဖြစ်နေတာကို ပြန်မဆောက်ဘဲ မူလလက်ရာမပျက် ထိန်းသိမ်းခိုင်းနေတော့ ဒါကို အန္တရာယ်မရှိအောင် YHT က ဘယ်လိုလုပ်ပေးမှာလဲ၊ ဒီလိုပဲပြန် မေးချင်ပါတယ်။ စည်ပင်က ကိုယ့် တာဝန်ကိုယ် ထမ်းဆောင်နေတာပါလို့ ပြောချင်ပါတယ်” ဟု ၎င်းတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ရှိ နာမည်ရ ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးကလည်း ရန်ကုန်မြို့တွင် ရှေးဟောင်း အဆောက်အအုံ များစွာရှိသည့်အတွက် ၎င်းအအုံများကို ထိန်းသိမ်းထားရန် လိုအပ်သော်လည်း ကိုလိုနီ ခေတ်လက်ရာဟု ယူဆရသည့် သက်တမ်းကြာ တိုက်များကိုမူ ထိန်းသိမ်းမထားသင့်ဘဲ ဖြိုဖျက်တည် ဆောက်သင့်သည်ဟု ပြောသည်။



“ရန်ကုန်မြို့မှာရှိတဲ့ ကိုလိုနီခေတ်လက်ရာ လူနေတိုက်တွေကိုတော့ သက်တမ်းကြာလို့ အိုလာပြီဆိုရင် ဖြိုဖျက်ပြီး ပြန်ဆောက်တာ အကောင်းဆုံးပါပဲ၊ နေထိုင်သူတွေ ရှိနေတယ်ဆိုရင်တောင် ရှေးဟောင်း အဆောက်အအုံ ဖြစ်ခဲ့မယ်ဆိုရင်တောင် ပြန်ဆောက်ဖို့ လိုပါတယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။



ရန်ကုန်မြို့တွင် အန္တရာယ်ရှိ အဆောက်အအုံပေါင်း ၁,၆၆၁ လုံးရှိနေပြီး အများစုမှာ သက်တမ်း ၆၀ မှ ၈၀ နှစ်ကြားရှိကြောင်း သိရသည်။

mizzima
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဂျပန်အကြီးစား စီးပွားရေး လုပ်ငန်းများ သီလဝါထက် ထားဝယ်ကို ပိုစိတ်ဝင်စား

ဂျပန်နိုင်ငံမှ အကြီးစား စီးပွားရေး လုပ်ငန်းကြီးများက သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံခြင်းထက် ထားဝယ် အထူးစီးပွားရေးဇုန်တွင် လုပ်ငန်း လုပ်ကိုင်ရန် ပိုမို စိတ်ဝင်စားကြောင်း ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်မှုအဖွဲ့မှ အမှုဆောင် အုပ်ချုပ်မှု ဒါရိုက်တာ Mr. Masaki Takahara က The Voice သို့ ပြောကြားသည်။
“သီလဝါက မြစ်ထဲကို ပြန်ဝင်ရတာ ရှိပေမယ့် ထားဝယ်က ပိုပြီးကြီးတယ်။ ဒါ့အပြင် ဘန်ကောက်မြို့ အနောက်ဘက် ကီလိုမီတာ ၃၂၀ အကွာမှာ ရှိတာရယ်။ လွတ်လွတ်လပ်လပ် လုပ်နိုင်တာကြောင့် ထားဝယ်ကို စိတ်ဝင်စားကြတယ်” ဟု ၎င်းကဆိုသည်။

ထားဝယ် အထူးစီးပွားရေးဇုန်၏ တည်ဆောက်မှု အခြေအနေမှာ လတ်တလောတွင် ဆိုင်းငံ့ထားပြီး ယခင်ဇုန်တည်ဆောက်ရေး တာဝန်ခံ အီတာလျံ-ထိုင်းကုမ္ပဏီ နုတ်ထွက်ပြီးနောက်တွင် စီမံကိန်း၏ နောက်ဆုံး အခြေအနေ သိရှိရန် တိုင်းတာစစ်ဆေးမှုများ (Due Diligent) ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဟံစိန်က ပြောကြားထားသည်။

“ထားဝယ်စီမံကိန်းက စလုပ်မယ့် ကနဦး စီမံကိန်းမှာ Light Industries (အပေါ့စား စက်မှုလုပ်ငန်းများ)၊ Labor Intensive (လုပ်အားစူးစိုက်လုပ်ငန်းများ) လုပ်ငန်းတွေကို အဓိက ခွင့်ပြုသွားမှာပါ” ဟု ၎င်းကဆိုသည်။

ကနဦး စီမံကိန်းပြီးစီးမှသာ သံရည်ကျို လုပ်ငန်းများကဲ့သို့ အကြီးစား စီမံကိန်းကြီးများကို လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်ရန်အတွက် ငွေကြေးအင်အား တတ်နိုင်သည့် ကုမ္ပဏီ မရှိကြောင်း ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်း ရေးဆွဲရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ထားဝယ် စီမံကိန်းတွင် တတိယမြောက် ပူးပေါင်း အကောင်အထည်ဖော်မည့် မိတ်ဖက်အဖြစ် ပါဝင်ရန် ဂျပန်အစိုးရကို ဖိတ်ခေါ်ထားပြီး သုံးပွင့်ဆိုင် ဆွေးနွေးပွဲနှင့် နှစ်နိုင်ငံအစိုးရချင်း သီးသန့်ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိသည်။

the voice
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ပြည်တွင်းတွင် ဟိုတယ်အခန်းများ တိုးချဲ့ရန် ရှန်ဂရီလာအုပ်စုကို IFC ဒေါ်လာသန်း ၈၀ ချေးမည်

ပြည်ပခရီးသွားများ ဝင်ရောက်မှု မြင့်တက်လျက်ရှိသော မြန်မာနိုင်ငံတွင် ဟိုတယ်အခန်းများ တိုးချဲ့နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင် အခြေစိုက် ရှန်ဂရီလာ အာရှလီမိတက် (Shangri-la Asia Limited) ကို IFC (အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း) က အမေရိကန်ဒေါ်လာ သန်း ၈၀ ချေးပေးမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

ရှန်ဂရီလာက အဆိုပါ ချေးငွေများကို ၂၀၁၄ ခုနှစ်အတွင်း ပြီးစီးရန် အကောင်အထည် ဖော်နေသော ရန်ကုန်မြို့တော်ရှိ ကုန်သည်ကြီးများ ဟိုတယ်ကို အခန်းပေါင်း ၂၇၀ မှ ၄၈၅ ခန်းအထိ တိုးချဲ့ခြင်းနှင့် အခန်းပေါင်း ၂၄၀ ပါဝင်သော ရန်ကုန် ရှန်ဂရီလာ လူနေအဆင့်မြင့်အိမ်ရာ (Shangri-La Residences Yangon) တို့ ဆောက်လုပ်ရာတွင် အသုံးပြုမည် ဖြစ်ကြောင်း IFC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟိုတယ်နှင့် အဆင့်မြင့်လူနေ တိုက်ခန်းများ တည်ဆောက်ခြင်းဖြင့် မြန်မာ့ခရီးသွား လုပ်ငန်းကဏ္ဍ တိုးတက်လာခြင်းနှင့်အတူ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း IFC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Vikram Kumar က ပြောကြားသည်။

ပြည်တွင်းကို နိုင်ငံတကာ ခရီးသွားများ ဝင်ရောက်မှု များပြားလာပြီး အခန်းလုံလောက်မှု မရှိသည့် ပြဿနာနှင့် ရင်ဆိုင်ရဖွယ် ရှိချိန်တွင် ဟိုတယ်အခန်းများ တိုးချဲ့ဆောက်လုပ်ခြင်းမှာ မြန်မာ့ခရီးသွား လုပ်ငန်းအတွက် အထောက်အကူပြုကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင် ဦးအေးကျော်က ပြောဆိုသည်။
“ခရီးသွားလုပ်ငန်းအတွက် အထောက်အကူ ဖြစ်တယ်။ ဧည့်သည်တွေ ဝင်လာရင် အခန်းခတွေ ဈေးကြီးလို့ မရဘူး” ဟု ၎င်းကဆိုသည်။

ရှန်ဂရီလာ အာရှကုမ္ပဏီသည် ဟောင်ကောင်အခြေစိုက် ဟိုတယ်လုပ်ငန်းစုကြီး တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံပေါင်း ၂၀ ကျော်တွင် ဟိုတယ်နှင့် အပန်းဖြေစခန်း တစ်ရာဝန်းကျင် ဖွင့်လှစ်ထားကာ မြန်မာနိုင်ငံတွင် ကုန်သည်ကြီးများ ဟိုတယ်ကို ဖွင့်လှစ်ထားသည်။

the voice
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate