မန္တလေးတွင်ကိုယ်ပိုင်အိမ်မရှိသူများအတွက် အိမ်ရာအကောင်အထည်ဖော်မည်

မန္တလေးမြို့တွင် အခြေ ချအလုပ်လုပ်ကိုင်နေသော်လည်း ကိုယ်ပိုင်အိမ် မရှိသေးသူများ အတွက် အခန်းပေါင်းလေးရာ ကျော်ပါဝင်သည့် အိမ်ရာတည် ဆောက်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ကြီးတံခွန်မြို့နယ် မြ ရည်နန္ဒာမြို့သစ်တွင် လေးခန်း တွဲ၊လေးထပ်အဆောက်အအုံ၂၇ လုံးကို မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ကျပ်သိန်းပေါင်းခြောက် သိန်းကျော် အကုန်ကျခံကာ ယခုဘဏ္ဍာနှစ်အတွင်း အပြီးတည် ဆောက်ရန် တိုင်းဒေသကြီးအစိုး ရအဖွဲ့ထံမှ ခွင့်ပြုမိန့်ကျလာပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှူးဦးကျော်ကျော်လင်း ကပြောသည်။

‘‘စည်ပင်ကလုပ်တဲ့ တန်ဖိုး နည်းအိမ်ရာနဲ့ကပ်လျက်က ခုနစ်ဧကရှိတဲ့မြေပေါ်မှာဆောက်မှာ’’ဟု ၎င်းကပြောသည်။

မန္တလေးမြို့တွင် အခြေချနေထိုင်ပြီး ပုံမှန်ဝင်ငွေရရှိသည့် အလုပ်လုပ်ကိုင်နေသူများကို အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်းမခွဲခြားဘဲ ကိုယ်ပိုင်အိမ်ရာမရှိ သူများအား အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ် ကြောင်း၊ ရောင်းချမည့်ပုံစံနှင့်ဈေး နှုန်းကိုမူတည်ဆောက်မှုများပြီးစီးမှသာ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆောက်လုပ်မည့်အိမ်ရာ များမှာ မန္တလေးစည်ပင်က တည် ဆောက်နေသည့် တန်ဖိုးနည်းအိမ် ရာများထက် ပိုမိုကျယ်ဝန်းပြီး ကားပါကင်၊ ပန်းခြံ၊ လျှောက်လမ်းများပါဝင်မည်ဖြစ်၍ တန်ဖိုးနည်းအိမ်ရာများထက် ဈေးနှုန်းပိုမြင့်မည်ဖြစ်ကြောင်း ဦးစီးမှူးဦးကျော်ကျော်လင်းက ပြော သည်။

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အိမ်ယာမြေဈေးနှုန်း ကြီးမြင့်မှု လိုအပ်လျှင် ဥပဒေ ပြဌာန်းမည်

မြန်မာနိုင်ငံမှာ အိမ်ယာမြေဈေးနှုန်းတွေ ဈေးကြီးနေတာကို ထိန်းညှိဆောင်ရွက်ပေးဖို့ ရှိ မရှိ ဒီနေ့ ပြည်သူ့လွှတ်တော် မှာ မေးခွန်းမေးမြန်းရာမှာ ပြည်နယ် နဲ့ တိုင်းဒေသကြီးအလိုက် အိမ်ယာမြေ ပိုင်ဆိုင်မှုအခွန် ကောက်ခံနိုင်ဖို့ လိုအပ်ရင် ဥပဒေပြဌာန်းသွားနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မြေဈေးနှုန်းကို သင့်လျော်တဲ့ ဈေးနှုန်းဖြစ်အောင် အစိုးရအနေနဲ့ ထိန်းညှိဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်း ခဲ့ရာမှာ သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က အခုလိုပြန်လည်ဖြေကြားခဲ့တာပါ။
"လယ်ယာများကို အများအပြားပိုင်ဆိုင်ထားပြီး မြေကိုကုန်စည်တစ်ခု လို ရောင်းဝယ်ပြီးတော့ မြေဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဈေးကစားနေသူများအတွက်တော့ နိုင်ငံတကာမှာ ပိုင်ဆိုင်မှု အခွန်ကောက်ခံတဲ့နည်း စနစ်များကို လေ့လာပြီး ပြည်နယ်နဲ့တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသအလိုက် လုပ်ငန်းရှင်ကြီးများ၊ ပြည်နယ်နဲ့ တိုင်းဒေသ အစိုးရအဖွဲ့ဝင်ကြီးများ အပြန်အလှန်ဆွေးနွေးပြီး ဒေသနဲ့ ကိုက်ညီတဲ့ ပိုင်ဆိုင်မှု အခွန်ကောက်စနစ် ပေါ်ပေါက်လာနိုင် ရန် ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့များကို အကြံပြုသွား မှာ ဖြစ်ပြီးတော့ ဥပဒေပြုရန်လိုအပ်ပါက ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်သွာမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်"
ဒီနေ့မှာပဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၃ သန်းလောက်ကို အကာ အကွယ်ပေးမယ့် အထူးဥပဒေတစ်ရပ် ပြဌာန်းပေးဖို့ အဆိုတင်သွင်းရာ မှာ ထောက်ခံသူ ၅ဦးပဲရှိတာကြောင့် ရှုံးနိမ့်ခဲ့ပါတယ်။
အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးဦးထင်အောင်က အလုပ်သမားရေးရာ အငြင်းပွား မှု ဖြေရှင်းရေးဥပဒေ၊ လူမှုဖူလုံရေးဥပဒေ၊ အနည်းဆုံးအခကြေးငွေ ဥပဒေ၊ အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွေ ပြဌာန်း ထားပြီးဖြစ်တဲ့အတွက် အထူးဥပဒေ တစ်ရပ်ပြဌာန်းပေးဖို့ အစီအစဉ် မရှိဘူးလို့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

RFA
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

နေ့စဉ်နှင့်အမျှ ပိုမိုကျယ်ပြန့်လာသော ရန်ကုန်မြို့၏ လုံးချင်းအိမ်အငှားဈေးကွက်

ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာပြီး နိုင်ငံခြားသားနေထိုင်မှု များပြားလာသော ရန်ကုန်
မြို့တွင် အဆင့်မြင့်လုံးချင်းအိမ်အငှား ဈေးကွက်မှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမို ကျယ်ပြန့်
လာကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။ "လုံးချင်းအငှားအိမ်တွေ အရင်က
ထက် အခု ပိုငှားရတယ်။

ကွန်ဒိုတိုက်တွေနဲ့ယှဉ်ရင် လုံးချင်း အိမ်တွေကို နိုင်ငံခြားသားတွေ ပိုကြိုက်ကြ တယ်။ ကွန်ဒိုတိုက်
ကောင်းတစ်ခုရဲ့ အငှားဈေး က သိန်း ၃၀ လောက်ရှိပြီး အဲဒီဈေးနဲ့ လုံးချင်းအိမ်ကိုလည်း ငှားနိုင်တဲ့
အတွက် လုံးချင်း အိမ်တွေ ပိုအငှားလိုက်တယ်"ဟု Estate Myanmar အိမ်ခြံမြေအကျိုးဆောင်
လုပ်ငန်းက ကိုထူးမြတ်နိုင်က ပြောသည်။

လုံးချင်းအိမ်တစ်အိမ်၏ အငှားဈေးမှာ သိန်းဆယ်ဂဏန်းမှ ရာကျော်ထိရှိပြီး အငှားဈေး သိန်း ၃၀
ခန့်ရှိသော လုံးချင်းအိမ်များမှာ ပိုမိုအငှားဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင် များကပြောသည်။

"နိုင်ငံခြားသားတွေက အိမ်ငှားဖို့ အိမ်အကြီး ကြီးကို သိပ်ရှာလေ့မရှိကြဘူး။ အိမ်နဲ့ ကုမ္ပဏီ ရုံးခန်း
တွဲဖွင့်ချင်သူတွေကသာ အငှားဈေး သိန်း ၁၀၀ ကျော်လောက်ရှိတဲ့အိမ်မျိုးကို ငှားကြ တယ်"ဟု
ကိုထူးမြတ်နိုင်က ပြောသည်။

လုံးချင်းအိမ်အငှားဈေးကွက်သည် ယခင်က မရမ်းကုန်းမြို့နယ်နှင့် ဗဟန်းမြို့နယ်များတွင်
တွင်ကျယ်သော်လည်း ယခုရန်ကင်းမြို့နယ် ဘက်တွင် ပိုမိုအငှားလိုက်ကြောင်း ၎င်းက
ပြောသည်။

"လုံးချင်းအိမ်ငှားမယ့် နိုင်ငံခြားသားတွေက အရင်က ဗဟန်းမြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်မှာ
ပိုငှားကြတယ်။ နောက်ပိုင်းရန်ကင်းမြို့ကိုလည်း ငှားကြတယ်။ အများစုက အလုပ်နဲ့နီးတဲ့မြို့နယ်
မှာပဲငှားကြတယ်"ဟု ၎င်းကပြောသည်။

ငှားရမ်းသူများက လုံးချင်းအိမ်တည်နေရာ မြို့နယ်ထက် အိမ်၏တည်ဆောက်မှု အရည်
အသွေးနှင့် အိမ်တွင်းအပြင်အဆင်များကို ပိုမို ဦးစားပေး ငှားရမ်းကြကြောင်း အိမ်ခြံမြေ
အကျိုးဆောင်များကပြောသည်။ "စည်ကားတဲ့နေရာမှာရှိတဲ့ လုံးချင်းအိမ်ကိုမှ ငှားမယ်၊
သိပ်မစည်တဲ့နေရာက လုံးချင်းအိမ်ကို မငှားဘူးဆိုတာတွေထက် အိမ်တွင်းအပြင် အဆင်
ကောင်းမွန်တဲ့ အိမ်မျိုးတွေကို ပိုသဘော ကျကြတယ်။ အိမ်ငှားတဲ့အခါ အလုပ်လုပ်တဲ့
နေရာနဲ့နီးတဲ့ အိမ်မျိုးတွေကို ပိုသဘောကျ တယ်။ အလုပ်နဲ့ အလွန်ဆုံးနာရီဝက်လောက်
ကားစီးရင်ရောက်တဲ့နေရာက အိမ်မျိုးပဲငှားကြ တာ များတယ်"ဟု ကိုထူးမြတ်နိုင်ကပြောသည်။

အိမ်တွင်းပရိဘောဂပစ္စည်းအပြည့်အစုံမပါဝင်သောအိမ်များထက် ပရိဘောဂပစ္စည်းပြည့်စုံသော
အိမ်များကို လုံးချင်းအိမ်ငှားရမ်းမည့်သူများက ပိုမိုငှားရမ်းကြကြောင်း အိမ်ခြံမြေအကျိုးဆောင်
များက ပြောသည်။

"လုံးချင်း အိမ်တွေမှာ အိမ်တွင်းပရိဘောဂပစ္စည်း အပြည့်အစုံပါဝင်တဲ့ အိမ်တွေကို နိုင်ငံခြားသား
တွေ ပိုကြိုက်ကြတယ်။ သူတို့က ဒီကိုလာအလုပ်လုပ်တာဖြစ်ပြီး ပြန်ရင်လည်း ဘာပစ္စည်းမှ ပြန်
ယူမသွားနိုင်ဘူး"ဟု မြပန်းသခင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ကိုမင်းမင်းစိုးကပြောသည်။

"လုံးချင်းအိမ် အငှားဈေးကွက်တွေ အရင် ကထက် ပိုကောင်းလာပေမယ့် အခုမိုးတွင်းကာလ
စ၀င်လာပြီဖြစ်လို့ တော်တော်များများက အပြောင်းအရွှေ့ သိပ်မလုပ်ကြလို့ အခုတော့ အငှား
ဈေးကွက်အေးနေတယ်။ မိုးရာသီရောက် လို့ အငှားဈေးကွက် နည်းနည်းကျတယ်" ဟု
ကိုမင်းမင်းစိုးက ပြောသည်။

လုံးချင်းအိမ်များကို လူနေအိမ်များသာမက ကုမ္ပဏီများဖွင့်ရန်လည်း ငှားရမ်းလာကြသည်။ တစ်လ
အငှားဈေး သိန်း ၃၀ ခန့်ရှိအိမ်များကို အငှားများပြီး ကုမ္ပဏီရုံးခန်း ဖွင့်လှစ်ခြင်း၊ နေအိမ်နှင့် ကုမ္ပဏီ
ရုံးခန်း တွဲဖက်ဖွင့်လှစ်ခြင်း အတွက် တစ်လ သိန်း ၁၀၀ ကျော်ဈေးရှိသော အိမ်များအငှားလိုက်
ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များကပြောသည်။

တင်ရတနာထွန်း  
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဝါမ၀င်မီ ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်တွင် ငှားရမ်းခ အကျမရှိဘဲ အမြင့်ဈေးနှင့် ဆက်လက်လှုပ်ခတ်နေ



ဝါမ၀င်မီ လတ်တလောကာလအတွင်း ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်မှာ အိမ်ငှားရမ်းခများ အမြင့်ဈေးဖြင့် ဆက်လက်လှုပ်ခတ်နေကြောင်း အိမ်ခြံမြေ ရောင်းဝယ်ငှား ဈေးကွက်အတွင်းမှ သိရသည်။

“အငှားက သွက်နေတယ်။ ဈေးကတော့ အမြင့်ဈေးပဲ။ အကျမရှိဘူး။ အရောင်းကတော့ တိုက်ခန်းအ၀ယ်ရှိတယ်။ မြေကွက်တွေကတော့ အေးတယ်။ မေးမြန်းစုံစမ်းတာပဲ ရှိတယ်။ ဒီနှစ်က နိုင်ငံခြားသားတွေ အ၀င်များတော့ လုံးခြင်း၊ ကွန်ဒို၊ တိုက်ခန်း အငှားသွက်နေပါတယ်” ဟု မြန်မာ့အောင်မြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မရည်မာဆွေက ဆိုသည်။

အိမ်ခြံမြေ ဈေးကွက်အတွင်း အငှားဈေးနှုန်းများမှာ အမျိုးအစားအလိုက် ကွာခြားမှုရှိပြီး တိုက်ခန်းတွင် နှစ်သိန်း၊ သုံးသိန်းမှစ၍ ကွန်ဒိုအခန်းဆိုလျင် ကျပ် ၂၅ သိန်း၊ သိန်း ၃၀ ၀န်းကျင်၊ လုံးချင်းအိမ်များတွင် သိန်း ၄၀ မှ သိန်း ၅၀ ၀န်းကျင်အထိ ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

https://www.facebook.com/propertyjournal?ref=hl
“အငှားသွက်တာကတော့ လမ်းမတန်း၊ ရှစ်မိုင်၊ ကိုးမိုင်၊ ရန်ကင်းဘက်တွေ သွက်ပါတယ်။ အဓိကတော့ ရုံးခန်းအပြောင်းအရွှေ့လုပ်ချင်တဲ့ လုပ်ငန်းရှင်တွေ အငှားများပါတယ်” ဟု မြန်မာ့အောင်မြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မရည်မာဆွေက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသားများ ၀င်ရောက်မှု မြင့်တက်လာချိန်မှစ၍ ဈေးကွက်လိုအပ်ချက်အရ ၎င်းတို့အတွက် အိမ်အငှားဈေးကွက်မှာလည်း လိုအပ်ချက် မြင့်တက်လာကြောင်း သိရသည်။

“အရင်က နိုင်ငံခြားသားတွေနေဖို့ မပြောနဲ့ တွေ့တောင်မတွေ့ရတဲ့ နေရာတွေဖြစ်တဲ့ ဂွတ္တလစ်နားတစ်ဝိုက်၊ ချော်တွင်းကုန်းနားတစ်ဝိုက် နေရာတွေမှာပါ နိုင်ငံခြားသားတွေ ငှားရမ်းနေထိုင်တာ ရှိလာပါတယ်။ မြန်မာအိမ်ရှင်တွေ အနေနဲ့ကလည်း နိုင်ငံခြားသားကို ငှားရမ်းတာက ပိုက်ဆံပိုရတဲ့အတွက် ပိုပြီးစိတ်ဝင်စားကြပါတယ်” ဟု နိုင်ငံခြားသားများအတွက် အိမ်ရှာပေးသူတစ်ဦးက ဆိုသည်။
https://www.facebook.com/propertyjournal?ref=hl
လက်ရှိ အိမ်ခြံမြေဈေးကွက်တွင် အငှားကသာ အလုပ်ဖြစ်မှု များနေသည်။

ပြီးခဲ့သည့် မတ် ၂၄ ရက်က ၀င်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းပြီး တိုက်ခန်းများ အရောင်းအ၀ယ် ပြုလုပ်ရာတွင် အခွန်ဆောင်ရမည်ဟု သတ်မှတ်လိုက်သော်လည်း တိုက်ခန်းဝယ်ရောင်းဈေးကွက် အခြေအနေမှာ အပြောင်းအလဲမရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်ဈေးကွက်မှ သိရသည်။

EMG
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

စလစ်မှ ဂရန် ပြောင်းလျှောက်လိုလျှင် မူလပိုင်ရှင် ထောက်ခံရမည်


မြေချပါမစ်စလစ်မြေများအားအိမ်ခြံမြေ ဈေးကွက်အတွင်း အထွေထွေ ကိုယ်စားလှယ်လွှဲစာဖြင့် အဆင့် ဆင့် လွှဲပြောင်းရောင်းချနေခြင်းကြောင့် နောက်ဆုံးဝယ်ယူထားသူအနေဖြင့် မြေဂရန်လျှောက်ထားရာတွင် မူလမြေချပါမစ် ( စလစ် )ပါ မူရင်းပိုင်ရှင်၏ ထောက်ခံချက်လိုအပ်သည့်အတွက် မူလ ပိုင်ရှင်များက ငွေကြေး တောင်းခံမှုများရှိနေကြောင်းအိမ်ခြံမြေ အကျိုးဆောင်များနှင့်ဥပဒေပညာရှင်များထံမှ သိရသည်။
”စလစ်မြေကို ဂရန်မြေအဖြစ်ပြောင်းချင်ရင် မူလစလစ်ချထားပေးတဲ့လူက လက်မှတ်ထိုးပေးရမယ်။ ပိုင်ရှင် ဘယ်နှယောက်ပဲပြောင်းသွားပါစေ နောက်ဆုံးဝယ်တဲ့သူက အရောင်းအဝယ်စာချုပ် အဆင့်ဆင့်ကို တောင်းထားရမယ်။ မပေးနိုင်ဘူးဆိုရင်တော့ မဝယ်သင့်ဘူး။ မူလ စလစ်ပိုင်ရှင်တွေကလည်း သူတို့ရောင်း လိုက်တုန်းက ရတဲ့ ဈေးနဲ့အခုဈေးက အရမ်းကွာနေတော့အလွယ်တကူ လက်မှတ်မထိုးချင်ကြဘူး။ ဒီတော့ နောက်ဆုံးဝယ်တဲ့သူက ဂရန်ပြောင်းချင်တော့ ငွေကြေးနှုန်းထား ညှိပြီး လက်မှတ်ထိုးခိုင်းလာကြတယ်။ တခြားနည်းလမ်းတွေလည်း ရှိပေမယ့် ကုန်ကျစရိတ်ကအရမ်းများတော့ ဝယ်တဲ့သူ တော်တော်များများက အဲဒီ အတိုင်းလုပ်တာ။ ဈေးကွက်ထဲမှာ အများကြီးပဲ”ဟု တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက ပြောသည်။
မူလပိုင်ရှင်များနှင့် လုံးဝ ဆက်သွယ်မရသည့် မြေကွက်များအနေဖြင့် သက်ဆိုင်ရာ စည်ပင်သာယာ ရေးကော်မတီ ရုံးများသို့ သွားရောက်လျှောက်ထားနိုင် ကာ သတင်းစာများထဲတွင် ကန့်ကွက်နိုင်သည့် ကြော်ငြာ များထည့်သွင်း၍ လုပ်ထုံးလုပ်နည်းများအရ နှစ်ပတ် စောင့်ဆိုင်းပြီးကန့်ကွက်မည်သူမရှိပါက မြေအမည်ပေါက် လျှောက်ထားနိုင်သည့် နည်းလမ်းအပြင် အိမ်ခြံမြေဈေးကွက်အတွင်း၌ မသမာသောနည်းလမ်းများဖြင့်လည်း အိမ်ခြံမြေ အကျိုးဆောင်အချို့နှင့် ရှေ့နေအချို့ကအမည်ပေါက် ရရှိရန် လုပ်ကိုင်ပေးနေခြင်းတို့ ရှိနေသော် လည်း ငွေကုန်ကြေးကျများခြင်းကြောင့် လက်ရောက် ပိုင်ဆိုင်သူ မြေကွက်ပိုင်ရှင်များအနေဖြင့် တရားဥပဒေ ကြောင်းအရ စလစ်မြေကို ဂရန်မြေအဖြစ်ပြောင်းလဲရေးအတွက် မူလပိုင်ရှင်ကိုရှာဖွေရန် မဖြစ်မနေလိုအပ်လျက် ရှိသည်။
”တချို့ကလည်း လိုင်းရိုက်တဲ့အလုပ်တွေ လုပ်ကြတယ်။ ပိုက်ဆံလည်း မြေကွက်တန်ဖိုးအလိုက် ပေးရ တာရှိတယ်။ အိမ်ခြံမြေဈေးကွက်မှာဒီပြဿနာတွေက အများကြီးပဲ။ လုံးဝအစပျောက်နေတာကို လုပ်ပေးတဲ့လူ တွေလည်း ရှိနေပေမယ့် ဥပဒေအရမူလပိုင်ရှင်ကို မဖြစ်မနေရှာရမယ်။ လုပ်တဲ့လူတွေမှာလည်း သူတို့ချိတ်တွေနဲ့ လုပ်တာများတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အထူးသဖြင့် ၁၉၉ဝ ပြည့်နှစ်နောက်ပိုင်းမှ စတင်ကာ မြို့ကွက်သစ်များအဖြစ် ဖော်ထုတ်ချထားပေး သည့် မြို့နယ်များရှိ နေထိုင်သူအများစုမှာ ယနေ့အချိန်အထိ မြေချဂရန် လျှောက်ထားမှု နည်းပါးနေပြီး အိမ်ခြံမြေဝယ်ရောင်း အများစုမှာလည်း လုပ်ငန်းရှုပ်ထွေးမှုများ ရှိသဖြင့် မြေဂရန်ထုတ်ပြီးထားသည့်လူနေအိမ်၊ မြေကွက်များထက် စလစ်မြေများကိုသာ ပိုမိုအရောင်းအဝယ်လုပ်လာလိုကြကြောင်း သိရသည်။
”၂ဝဝဝ ပြည့်နှစ်တုန်းက ၁၅ သိန်းနဲ့ ရောင်းသွားတဲ့ စလစ်မြေကိုအခု နောက်ဆုံးပိုင်တဲ့သူက ဂရန် အဖြစ် ပြောင်းချင်လို့ မူလပိုင်ရှင်ကိုရှာတော့ ပိုက်ဆံ ဘယ်လောက်ပေးမှလက်မှတ်ထိုးပေးမယ်လို့ ဖြစ်ကုန် တယ်။ ဝယ်တဲ့သူကလည်း ဂရန်လိုချင်တော့ ညှိပြီး ပိုက်ဆံပေးလိုက်တော့ အဆင်ပြေသွားတယ်” ဟုရွှေမာလာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်မာလာက ပြောသည်။
စလစ်နှင့်ရောင်းချထားသောမြေများသာမက တိုက်ခန်း၊ ကွန်ဒိုများ အရောင်းအဝယ်ပြုလုပ်ပြီးပါက စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး၌စာရင်းပေးသွင်းထားမှသာ မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အမှုအခင်း များဖြစ်ပွားလာပါက တရားရုံးများတွင် တရားဝင်သက်သေအဖြစ်တင်ပြနိုင်သည့် အခွင့်အရေးများရှိမည် ဖြစ်သည်။
”စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ရာခိုင်နှုန်းအလိုက် အခွန်ဆောင်ရမယ်။ ပြီးလို့ စလစ်ထွက်လာမှ အမည်ပြောင်းလို့ရမယ်” ဟု တရားလွှတ်တော် ရှေ့နေဦးအေးမင်းကပြောသည်။

ဇေယျာလင်း
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဝယ်ထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်လျှောက်ထားသူရှိနေလျှင် ဘယ်လိုလုပ်ပါ့မလဲ



အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လောကတွင် အိမ်၊ ခြံ၊ မြေ များ ရောင်းကြ ဝယ်ကြသောအခါ ရောင်းသူ ဝယ်သူများမှာ မြေကွက်ဖြစ်စေ၊ မြေနှင့် အိမ်ဖြစ်စေ တိုက်ခန်းဖြစ်စေ၊ ယင်းမြေနှင့်အိမ်၊ တိုက်ခန်းတို့နှင့် ပတ်သက်၍ မှန်ကန်မှု ရှိမရှိ စုံစမ်းကြလေ့ရှိသည်။ အဓိကအားဖြင့် ရောင်းမှား ဝယ်မှား ဖြစ်မှာ စိုးရိမ်သည့်အတွက် စေ့စပ်သေချာအောင် ဆောင်ရွက်ကြခြင်းဖြစ်သည်။
ယင်းသို့ တက်စွမ်းသလောက်လေ့လာသည့်ကြားမှာပင် မမျှော်လင့်သော အခက်အခဲများနှင့် ကြုံတွေ့ကြလေ့ရှိကြသည်။ မကြာသေးမီက အိမ် ခြံ မြေ ဝယ်ရောင်း အမျိုးသမီး တစ်ဦး ကျွန်ုပ်ထံ ရောက်လာသည်။

သူဝယ်ထားသည့် ပါမစ်မြေကွက်မှာ အတု-အစစ် သိလို၍ ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့ သွားရောက်ကာ တာဝန်ရှိသူများထံတွင် ပြသစစ်ဆေးရာ မှန်ကန်ကြောင်းသိခဲ့ရသည်။
ထိုမျှနှင့်အားရကျေနပ်မှုမရှိသဖြင့် ရန်ကုန်မြို့တော် သည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနတွင်လည်း နာမည်ပေါက်မှန်ကန်မှု ရှိ / မရှိ သွားရောက်စစ်ဆေးရာ အမည်ပေါက်မှန်ကန်ကြောင်း ပြန်ကြားစာရရှိခဲ့သည်။ ထို့ကြောင့် ယင်းမြေကွက်ကို ဝယ်ယူပြီး မိမိအမည်ပေါက်ဖြစ်ရန် နှစ် ၆၀ ဂရန်သစ်ထုတ်ပေးရန် မြေယာဌာနတွင် လျှောက်ထားခဲ့သည်။

ပါမစ်မှ ဂရန်သစ်လျှောက်ထားပြီး ၁၄ ရက်ခန့် အကြာတွင် ယခင်ကမူလ အမည်ပေါက်ပိုင်ရှင်က ၂၀၁၀ ခုနှစ်က ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ရှိ၍ ရှင်းလင်းရန် စည်ပင်မြေယာဌာနမှ အကြောင်းကြားစာ ရောက်လာသဖြင့် ဘယ်လိုဆောင်ရွက်ရမည်မသိ၍ ကျွန်ုပ်ထံ ရောက်လာ မေးမြန်းခြင်းဖြစ်သည်။
ဒီလို ဂရန် သစ်လျှောက်တဲ့အခါမှာ ပါမစ်တစ်ခုထဲတွင် ဂရန်လျှောက်သူနှစ်ဦး ပေါ်တက်ကြောင်း သိရသည်။ ယင်းသို့ဖြစ်ရခြင်းမှာ မူလ ဂရန်သစ်လျှောက်ထားသူက လျှောက်ထားသည့် မြေကွက်ပေါ်တွင် တစ်သက်လုံးနေရန် ရည်ရွယ်၍ ဂရန်သစ်လျှောက်ထားသည်ကို တွေ့ရသည်။
နောက်ပိုင်းတွင် မိသားစု စီးပွားရေးအတွက် ဖြစ်စေ၊ ဈေးကောင်းရ၍ပြန်ရောင်းရသည့်အခါမျိုးတွင်ဖြစ်စေ၊ မိမိ ယခင်က ဂရန်သစ် လျှောက်ထားဖူးကြောင်း ပြောဆိုရန် မေ့နေတက်ကြသည်။ "ဂရန် မထုတ်ရသေးတာပဲ၊ အရေးမကြီးပါဘူးလေ" ဟူသော အထင်ဖြင့် မေ့မေ့လျော့လျော့ နေတက်ကြသည်။

ပါမစ်မူရင်းကို အခြားသူ တစ်ဦးဦးသို့ ရောင်းချပြီးသော်လည်း မိမိလျှောက်ထားခဲ့သည့် ဂရန်အသစ်အမှုတွဲမှာ အရေးမပါဟု ယူဆကြသဖြင့် မြေကွက်အရောင်းအဝယ်လုပ်သည့်အခါ မိမိထံမှ ဝယ်ယူသူကို ဂရန်သစ်လျှောက်ထားသည့်အကြောင်း မပြောဘဲနေခဲ့မိသည်။ ထို့အတူ "ဂရန်လျှောက်ထားစဉ်က ဂရန်သစ်လျှောက်အမှုတွဲအမှတ်ပါသည့် ဝန်ဆောင်ခ ပေးသွင်းသည့်ပုံသံလျှောက်လွှာ" တို့ကိုပါ ပေးအပ်ရန် မေ့တက်ကြသည်။

"သတိမမူတော့ ဂူမမြင်၊ သတိမူတော့ မြူစင်၍ ဂူမြင်သည်" ဆိုသော ဆိုရိုးစကားအတိုင်း မူလအမည်ပေါက်ထံမှ ထပ်မံဝယ်ယူသူက ဂရန်သစ်လျှောက်သည့်အခါ ယခုလို ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ကြီး က ပေါ်လာတော့ ဌာနက လာရောင်းရှင်းလင်းချက်ရေးသာတင်ပြပါဆိုပြီး ခေါ်ယူတော့ စိတ်ညစ်စရာတွေ နဲ့ ကြုံရတာပေါ့။
ဒီလို ကြုံရတဲ့အခါ မူလရောင်းသူအမည်ပေါက် သို့မဟုတ် စာချုပ်အဆက်ဖြင့် ဂရန်လျှောက်ဖူးသူကို ပြန်ပြီးခေါ်၍ မြို့တော်ခန်းမ လက်ထောက်ဌာနမှူးရှေ့မှာ မိမိလျှောက်ခဲ့သည့် ဂရန်သစ်အမှုတွဲပိတ်သိမ်းပေးဖို့ အခြားသူတစ်ဦးဦးအား ရောင်းချထားခြင်းကြောင့် မိမိလျှောက်ထားချက်ရုတ်သိမ်းကြောင်း စာတင်ခဲ့ရတယ်။

ကိုယ်တိုင်လာရောက်အမှုပိတ်သိမ်းသူမှန်ကန်ကြောင်း ၎င်းအရာရှိရှေ့မှာ လက်မှတ်ထိုးရတယ်။
အမှုပိတ်သိမ်းတဲ့ အမှုတွဲတင်ပြချက်နှင့် အတူ ပိတ်သိမ်းသူရဲ့ မှတ်ပုံတင်မိတ္တူ၊ ပါမစ်မိတ္တူ တစ်စုံစီကို ပူးတွဲတင်ပြရတယ်။ အဲဒီတင်ပြချက်တွေကို အရာရှိရှေ့မှာ ဒီအတိုင်း ထားခဲ့လို့ မရဘူး။ ဝင်စာလက်ခံတဲ့သူထံမှာ တင်ခဲ့ရတယ်။ အဲဒီဝင်စာလက်ခံသူက ဝင်စာအမှတ် ( )နဲ့ နေ့စွဲကို ပြောပြတယ်။ ဥပမာ ဝင်စာအမှတ် ၉၉၉/ နေ့စွဲ ၂၉-၅-၂၀၁၄ လို့ပြောရင် မှတ်သားထားရတယ်။ အဲဒီဝင်စာအား ဂရန်သစ်လျှောက်ထားတဲ့မြေကွက်ပေါ်မှာ ရှိတဲ့ မှတ်ချက်ကို ဖျက်ပေးလိုက်တယ်။ အဲဒီအခါမှ ဂရန်သစ်လျှောက်ထားသူအတွက် ဌာနက မြေတိုင်းကွင်းဆင်းစစ်ဆေးခြင်း သတင်းကြော်ငြာေးပးခြင်း၊ ဂရန်သစ်ထုတ်ပေးသည့်ဘုတ်အဖွဲ့သို့ တင်ပြခြင်း၊ ခွင့်ပြုချက်ရလျှင် မြေကွက်တန်းဖိုး ငွေသွင်းခြင်း၊ ယင်းနောက် တာဝန်ရှိသူ အဆင့်ဆင့် လက်မှတ်ရေးထိုးပေးပြီး ဂရန်သစ်ထုတ်ပေးဖို့ အဆင်သင့်ဖြစ်တဲ့နေ့မှာ လျှောက်ထားသူထံကို အကြောင်းကြားပါတယ်။ ရုံးက အကြောင်းကြားစာရောက်မလာမီ မိမိကိုယ်တိုင်မြို့တော်ခန်းမမှာ မကြာခဏ သွားစုံစမ်းလို့လည်း ရါတယ်။ မြတ်ဗုဒ္ဓ ဟောတယ်မဟုတ်လား။

"အတ္တာဟိ..အတ္တနော နာထော" တဲ့လေ။ "ကိုယ့်ကိုယ်ကိုပဲ အားကိုးရာပါ"ဆိုတော့ အမြန်ရအောင် ခဏခဏသွားစုံစမ်းပေါ့။
ဤသို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကျွန်ုပ်က ပြောပြလိုက်သည့်အခါ လာရောက်မေးသူအမျိုးသမီးမှာလည်း သဘောပေါက်နားလည်ပြီး ကျေးဇူးတင်ကြောင်း ပြေ၍ ပြန်သွားလေတော့သည်။

Source : လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ( Shwe Sethtagan Journal )
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

တိုက်ခန်း အရောင်းအ၀ယ်၌ မရှိမဖြစ် လိုအပ်သည့်စာရွက်စာတမ်းများ စစ်ဆေးလက်ခံကြဖို့လို

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းများ ၀ယ်ယူရာ၌ တိုက်ခန်းဝယ်ယူသူများအနေဖြင့် ၀ယ်ယူသည့်အခါ၌ စာချုပ်စာတန်းများတွင် လက်မှတ်ရေးထိုးခြင်းထက် ပိုင်ဆိုင်မှုအထောက်အထားများအား သေချာစိစစ်ဝယ်ယူသင့်ကြောင်း အိမ်ခြံမြေ ဥပဒေပညာရှင်များက ထောက်ပြ ပြောဆိုသည်။

အရေးကြီးအချက်အနေဖြင့် ဆက်စပ်စာချုပ်မှန်ကန်မှု(BCC)ကျပြီး မိတ္တူရှိမရှိ၊ မြေပိုင်ရှင်မှ လက်မှတ်ထိုးပေးခြင်း ရှိမရှိ စစ်ဆေး သင့်ပြီး လက်ရှိပိုင်ရှင်ထံတွင် BCC စာရွက်ရမရှိပါက မြေပိုင်ရှင်ထံမှ BCC မူရင်းစာရွက်ကို မိတ္တူ ကူးယူထားသင့်သည်ဟု အိမ်ခြံမြေ ဥပဒေရှင်များက ထောက်ပြကြသည်။

တိုက်ခန်း အရောင်းအ၀ယ်ပြုလုပ်ရာတွင် မရှိမဖြစ် လိုအပ်သည့် စာရွက်စာတမ်းများအနေဖြင့်

(၁) ဆက်စပ် စာချုပ်၊(၂) BCC (လူနေထိုင်ခွင့်) စာရွက်၊ (၃) မြေရှင်လက်မှတ်၊(၄) ရေမီတာ၊ မီးမီတာ စာရွက် စသည့် စာရွက်စာတမ်းများ လိုအပ်ပြီး အဆိုပါစာရွက်များ ပါဝင်ပါက ပိုင်ဆိုင်မှု သေချာကြောင်း တိုက်ခန်းအရောင်းအ၀ယ်လုပ်သူများက ထောက်ပြကြသည်။

“ ဟိုတစ်လောက ဗဟန်းဘက်မှာ လူငယ်လင်မယား အိမ်ဝယ်တာ ဦးကို ခေါ်သွားတယ်၊ တော်သေးတာပေါ့၊ အဲဒီလူငယ် လေးတွေက အိမ်အရောင်းအ၀ယ်နဲ့ ပတ်သက်ပြီး ဥပဒေတွေ၊ ဘာတွေလိုအပ်တယ်ဆိုတာ ဘာမှ နားမလည်ဘူး၊ လိမ်တဲ့သူနဲ့ တွေ့ရင် ဘာမှ လုပ်နေစရာမလိုဘူး၊ သူတို့ကို အသာလေး လိမ်သွားလို့ရတယ်၊ ဒါကြောင့် တိုက်ခန်း အရောင်းအ၀ယ် လုပ်မယ်ဆိုရင် အထူးသတိထားသင့်တယ်” ဟု အိမ်ခြံမြေ ဥပဒေပညာရှင် တစ်ဦးဖြစ်သူ ဦးကျော်စွာထက်က ပြောသည်။

စာချုပ်ချုပ်ဆိုရာတွင်လည်း အရောင်းအ၀ယ်ပြုလုပ်သည့် အခန်း၏ တိုက်အမှတ်၊ အခန်း၊ လမ်း၊ ရပ်ကွက်နှင့် မြို့နယ်နှင့် အကျယ်အ၀န်းကို တိကျစွာ စစ်ဆေးရန် လိုအပ်ကြောင်း၊ အဆောက်အအုံ၏ လက်ယာဘက်ခြမ်း (သို့) လက်ဝဲဘက်ခြမ်း (သို့) အဆောက်အအုံ၏ ခေါင်းရင်းခန်း (သို့) ခြေရင်းခန်း စသည်ဖြင့် တိကျစွာ ဖော်ပြရန် လိုအပ်သည့်အပြင်မြေပိုင်ရှင်ထံ၌ လက်ရှိ ရောင်းချသူမှ မြေလခပေးသွင်းပြီး နာမည်ပေါက်ရရှိထားမှုကိုလည်း စစ်ဆေးရန် လိုအပ်ကြောင်း သိရသည်။

“ တိုက်ခန်းမှ မဟုတ်ပါဘူး၊ ဘယ်ဟာပဲ ဖြစ်ဖြစ် ရန်ကုန်မှာ ၀ယ်မယ်ဆိုရင် ဒါတွေကို သိဖို့ လိုအပ်တယ်၊ မဟုတ်လို့ တစ်ခုခု ပြဿနာ ဖြစ်လာရင် ရှင်းစရာတွေ ဖြစ်လာမယ်၊ ကျွန်မကတော့ နားမလည်တဲ့သူတွေ အရောင်းအ၀ယ်ဆိုရင် ကူညီပေးပါတယ်၊ ဒါပေမယ့် တစ်ချို့ပွဲစားတွေကျတော့ ကိုယ်တိုင်လည်း နားမလည်တော့ ရှင်းမပြကြဘူး၊ အဲဒီမှာ အမွေဆိုင်တို့ ဘာတို့ဆိုရင် ဥပဒေအရ ရင်ဆိုင်ရင် ရှုံးနိုင်တယ်” ဟု အိမ်ခြံမြေ ပွဲစား တစ်ဦးဖြစ်သူ မဇင်လေးက ပြောသည်။

လက်ရှိ ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းအရောင်းအ၀ယ်များ တွင်ကျယ်လာပြီး မြို့နယ်အချက်အချာ ကျမှုအပေါ် မူတည်ပြီး ဈေးနှုန်း အမျိုးမျိုးရှိကြောင်း၊ အနိမ့်ဆုံး သိန်း ၇၀ ၀န်းကျင် ရှိကြောင်း ရန်ကုန် အိမ်ခြံမြေ ဈေးကွက်မှ သိရသည်။

“တစ်ချို့ တိုက်ခန်းဝယ်သူတွေဆိုရင် တိုက်ခန်းအရောင်းအ၀ယ်တွေနဲ့ ပတ်သက်ပြီး ဆက်စပ်စာချုပ်လေးတစ်ခုကိုင်ထားရုံနဲ့ မိမိပိုင်ဆိုင်တဲ့ အထောက်အထားပြည့်စုံပြီလို့ ထင်မှတ်ထား ကြပါတယ်၊ မိမိပြန်ရောင်းတဲ့အခါ ၀ယ်တဲ့ ဟိုဘက်က ၀ယ်သူ တွေက စေ့စပ်သေချာတဲ့သူဆိုရင် ကိုယ်ပြန်ရောင်းတဲ့ အချိန် အခက်အခဲတွေ တွေ့နိုင်လို့ အကြံပြုတင်ပြခြင်း ဖြစ်ပါတယ်” ဟု အိမ်ခြံမြေ ဥပဒေပညာရှင် တစ်ဦးဖြစ်သူ ဦးမြင့်ထွန်း က ပြောသည်။

Credit: Myanmar Chronicle
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate