အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု၌ မြေပိုင်ဆိုင်မှုနှင့် ကန့်သတ်နယ်မြေသတ် မှတ်ချက်ကို အလေးအနက်ထားသင့်



မြန်မာနိုင်ငံအတွင်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ပမာဏ ပိုမိုများပြားလာသည်နှင့်အမျှ ရန်ကုန် မြို့၏
အဆောက်အအုံနှင့် ဟိုတယ်စီမံကိန်း များတွင်လည်း ထင်သာမြင်သာသည့် ပြည်ပ ကုမ္ပဏီများ၏
ဝင်ရောက်လုပ်ကိုင်လာမှုများ တနေ့တခြား ရုပ်လုံးပေါ်လာပြီဖြစ်သည်။

ထိုသို့ နိုင်ငံတွင်းအလုံးအရင်းဖြင့် ၀င် ရောက်လာသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ အနက် အိမ်ခြံမြေ
ကဏ္ဍသို့ ၀င်ရောက်ရင်းနှီး မြုပ်နှံမှုနှုန်းမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံး လုပ်ငန်းကဏ္ဍ ၁၀ ခုတွင် နံပါတ်
(၇) တွင် ရှိနေပြီး ပြည်ပကုမ္ပဏီ ၁၁ ခုခန့် ရင်းနှီး မြှုပ်နှံခဲ့ပြီးဖြစ်ကာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ
အမေရိကန်ဒေါ်လာ ၇၁၅ ဒသမ ၅၇၃ သန်းခန့်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု
ဦးစီးဌာန၏ စာရင်းဇယားများတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှု၌ အဆင့်မြင့်အိမ်ရာတည်ဆောက်မှု များအတွက်
နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ မှာ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြေ၀ယ်ယူပိုင်ခွင့် မရှိခြင်း
ကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ သို့မဟုတ် အစိုးရ နှင့် ပူးပေါင်းကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့
ကြသည်။

ထို့ပြင် အစိုးရ၀န်ကြီးဌာနများထံမှ လုပ်ငန်းရှင်များကလည်း တည်ဆောက်၊ လည်ပတ်၊ ရွှေ့ပြောင်း
သည့် Build Operate Transfer- (BOT) စနစ်ဖြင့် မြေငှားရမ်းကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာ
ခဲ့ကြသည်။

လက်ရှိတွင် ရန်ကုန်မြို့၏ အချက်အချာကျသည့်နေရာတစ်ခုဖြစ်သော ဒဂုံမြို့နယ် ဦးထောင်ဘို
အ၀ိုင်းအနီး ဦးထောင်ဘိုလမ်းနှင့် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်လမ်းထောင့် ရှိ စစ်တပ်ပိုင်မြေနေရာဖြစ်
သော အကျယ် အ၀န်း ၂၂ ဧက ပေါ်တွင် BOT စနစ်ဖြင့် နှစ် ၇၀ မြေငှားစာချုပ်ချုပ်ဆိုကာ မြေငှား
ရမ်း ၍ အဆင့်မြင့် အိမ်ရာဆောက်လုပ်မည့် Dagon City 1 စီမံကိန်းကို အကောင်အထည် ဖော်
တော့မည်ဖြစ်ကြောင်း စီမံကိန်းကို တာဝန်ယူ တည်ဆောက်မည့် Global Syndicate Marga
Group က ဇွန်လ ၂၃ ရက်နေ့တွင် တရားဝင်ကြေညာခဲ့သည်။

Global Syndicate Marga Group သည် ဟောင်ကောင်၊ ကိုရီးယားနှင့် အင်္ဂလန်နိုင်ငံ တို့က
ကျွမ်းကျင်သူများ ပူးပေါင်းတည်ထောင် ထားခြင်းဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏတွင် ၇၀
ရာခိုင်နှုန်းပိုင်ဆိုင်ထားကာ ပြည်တွင်းလုပ်ငန်းဖြစ်သော သုခရတနာ ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း
ကာ ယခင်က တပ်မတော်ဝန်ထမ်းအိမ်ရာ ဖြစ်ခဲ့ဖူးသည့် အဆိုပါမြေနေရာပေါ်တွင် ထိုစီမံကိန်းကို
တည်ဆောက်သွားမည်ဖြစ်ကြောင်း နှစ်ဖက် တာဝန်ရှိသူများက ပြောသည်။

Dagon City 1
အိမ်ရာစီမံကိန်းပုံစံကို ဟောင်ကောင်ရှိ International Commercial Center နှင့် တိုကျိုရှိ
သစစသညါငံငျူ အစရှိ သည့် စီးပွားရေးနှင့် လူနေအဆောက်အအုံ များ ပူးတွဲအသုံးချနိုင်သည့်
ဒေသတိုးတက်ရေးစီမံကိန်း (Mixeduse development) ပုံစံ ကို မှီငြမ်းရေးဆွဲတည်ဆောက်သွား
မည် ဖြစ်ပြီး စတုရန်းပေ ၆၀၀ ကျော်မှ ၂,၀၀၀ ကျော် ရှိ အဆောက်အအုံ ဒီဇိုင်းပုံစံမျိုးစုံရှိ ရှစ်ထပ်
တိုက် လူနေအဆောက်အအုံများ၊ အနားယူ အပန်းဖြေနိုင်မည့် အဆောက်အအုံများ၊ ရုံးခန်းများနှင့်
ကြယ်ငါးပွင့်အဆင့်ဟိုတယ် များ ပါဝင်ကြောင်း မြေွါေမသကစ က သတင်း ထုတ်ပြန်ခဲ့သည်။

"ကျွန်တော်တို့ရဲ့ နိုင်ငံတကာအတွေ့ အကြုံအရ ရန်ကုန်မြို့တော်ဟာ အာရှတိုက် ရဲ့ ထိပ်တန်းမြို့
တစ်မြို့ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု မြေွါေမသကစ ၏ အကြီးတန်းအမှုဆောင်
ဒါရိုက်တာ မြ. နိါမေုတညေ ကပြောသည်။

ရန်ကုန်မြို့တွင် ယခုကဲ့သို့ နိုင်ငံတကာ အဆင့်မီ အဆင့်မြင့်အိမ်ရာတည်ဆောက်မှု များကို
လူအများစိတ်ပါဝင်စားမှုရှိလာခြင်း နှင့်အတူ အဆိုပါအိမ်ရာများတွင် ခိုင်မာသည့်ပိုင်ဆိုင်မှု ရှိ
မရှိနှင့်ပတ်သက်၍လည်း စိတ်ဝင်စားမှုများ ပိုလာခဲ့ကြသည်။

BOT စနစ်အရ အစိုးရ၀န်ကြီးဌာနများ ထံမှ လုပ်ငန်းငှားရမ်းလုပ်ဆောင်မှုတွင် ကနဦးငှားရမ်းခွင့်
သက်တမ်း နှစ် ၅၀ ရရှိပြီး သက်တမ်းကုန်ဆုံးပါက ထပ်မံ၍ ၁၀ နှစ် နှစ်ကြိမ် သက်တမ်းတိုးခွင့်ရှိ
ကာ စုစုပေါင်း နှစ် ၇၀ သက်တမ်းငှားရမ်းလုပ်ကိုင်ရမည်ဖြစ် ပြီး အဆိုပါသက်တမ်းကုန်ဆုံးပါက
လုပ်ငန်း ကို သက်ဆိုင်ရာ ၀န်ကြီးဌာနထံ လွှဲပြောင်း ရမည်ဖြစ်ကာ သက်ဆိုင်ရာဝန်ကြီးဌာနက
ဆက်လက်ငှားရမ်းခွင့်ပြုပါက ဆက်လက်ငှားရမ်းနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ
ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်
ဦးအောင်နိုင်ဦးက ပြောသည်။

အဆိုပါစနစ်ဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းငှားရမ်း လုပ်ကိုင်ခြင်းတွင်
နှစ် ၇၀ သက်တမ်းအတွင်း ငှားရမ်းလုပ်ကိုင်သူမှာ လုပ်ငန်းကို စီမံခန့်ခွဲ ပိုင်ခွင့်ရှိပြီး သက်တမ်း
ကုန်ဆုံးပါက သက် ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးအပ်ရမည် ဖြစ်ကာ နောက်ပိုင်းတွင် ထိုဝန်ကြီး
ဌာနက သာလျှင် စီမံခန့်ခွဲပိုင်ခွင့်ရှိကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် BOT စနစ်ဖြင့် မြေငှားကာ အိမ်ရာစီမံကိန်း လုပ်ကိုင်ခြင်းတွင် နှစ်ရှည်ငှားရမ်းခြင်း
သာဖြစ်သည့်အတွက် အဆိုပါမြေနေရာတွင်နေထိုင်သူမှာ ပိုင်ဆိုင်မှုမရရှိနိုင်ကြောင်း ဦးအောင်နိုင်ဦး
ကပြောသည်။

"BOT စနစ်နဲ့ ငှားရမ်းလုပ်ကိုင်တယ် ဆိုရင်တော့ လုပ်ငန်းနှစ်ရှည်ငှားရမ်းတဲ့ သဘောသာဖြစ်တဲ့
အတွက် ပိုင်ဆိုင်မှုရရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် BOT စနစ်နဲ့ ဆောက်ထားတဲ့မြေပေါ်မှာ နေထိုင်
သူတွေ ဟာလည်း ပိုင်ဆိုင်ခွင့်ရရှိဖို့ကို မျှော်လင့်လို့ မရပါဘူး။ နှစ်ရှည်ငှားရမ်းတဲ့သဘောပဲ ဖြစ်ပြီး
သက်တမ်းကုန်ဆုံးလို့ သက်တမ်း ထပ်တိုးပေးတာကတော့ အငှားချထားတဲ့ သက်ဆိုင်ရာဝန်ကြီး
ဌာနရဲ့ သဘောထားနဲ့ပဲ ဆိုင်ပါတယ်။ သက်တမ်းကုန်ဆုံးသွားရင် တော့ အဲဒီလုပ်ငန်းတစ်ခုလုံးက
ဝန်ကြီးဌာန ရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိရမှာပါ"ဟု ဦးအောင်နိုင်ဦးက မြန်မာတိုင်းမ်ကို ပြောသည်။

သို့သော် Marga Group က မြန်မာနိုင်ငံ တွင် ပွင့်လင်းမြင်သာမှုများရှိလာ သည့် အပြင်ရေးဆွဲ
လျက်ရှိသည့် ဥပဒေသစ် များမှာလည်း အကောင်အထည်ဖော်လာ သည့်အခါတွင် အခွင့်အရေး
များစွာ ရှိလာ နိုင်ကြောင်းကုမ္ပဏီ၏ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"Marga ကုမ္ပဏီက မြန်မာနိုင်ငံမှာ နိုင်ငံ တစ်ကာအဆင့်မီ စီမံခန့်ခွဲမှုတွေနဲ့ အိမ်ရာ တွေဖန်တီး
သွားဖို့ ရည်ရွယ်ခဲ့တာပါ။ ပြည်တွင်းနေထိုင်သူတွေသာမကဘဲ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေနဲ့ နိုင်ငံ
ခြားသားတွေ အတွက်ပါ ရည်ရွယ်ပါတယ်။ ဒါကြောင့် လည်း ရင်းနှီးမြှုပ်နှံမှုတွေများပြီး နိုင်ငံခြား
ဝင်ငွေတိုးလာနိုင်မှာပါ။ မြေနေရာ ပိုင်ဆိုင် မှုအတွက်ကတော့ စိုးရိမ်ရမယ့် အနေ အထားမဟုတ်
ပါဘူး။ ဒီမှာကလည်း ပွင့်လင်း မြင်သာမှုတွေ ရှိလာနေပါပြီ။ ဟောင်ကောင် မှာဆိုလည်း တစ်မြို့
လုံးနီးပါးက BOT စနစ်နဲ့ လည်ပတ်နေကြတာပါ။ အားလုံး အဆင်ပြေကြပါတယ်။ မြန်မာနိုင်ငံမှာ
လည်း အနာဂတ်မှာပွင့်လင်းမြင်သာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံ့ ဖြစ်လာ မှာပါ"ဟု
ကုမ္ပဏီ၏ အကြီးတန်းတာဝန်ရှိသူ တစ်ဦးကပြောသည်။

Dagon City 1 စီမံကိန်း၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၃၀၀
ခန့်ရှိပြီး အနည်းဆုံး ငါးနှစ်နှင့် အများဆုံး ခြောက်နှစ်တာ ကာလ အတွင်း ပြီးစီးအောင် အကောင်
အထည် ဖော်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါစီမံကိန်း တည်ရှိရာမြေနေရာ သည် ရန်ကုန်မြို့
တော်စည်ပင်သာယာရေး ကော်မတီမှ မူကြမ်းရေးဆွဲထားသည့် မြို့မြေအသုံးချမှုဇုန်၏ ရွှေတိဂုံ
ဘုရား ပတ်ဝန်းကျင် အဆောက်အအုံအမြင့် ကန့်သတ်နယ်မြေ ဖြစ်သည့် ကန့်သတ်ဇုန် (၁) နှင့်
စိမ်းလန်း မြေနှင့် ရေပြင်များဇုန်အတွင်းတွင် ပါဝင် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ
ရေးကော်မတီ၏ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ လက်ထောက်ဌာနမှူး ဦးတိုးအောင်ကပြော
သည်။

"လောလောဆယ်တော့ ကုမ္ပဏီက ကျွန်တော်တို့စည်ပင်မှာ အဆိုပြုချက်မတင် ရသေးပါဘူး။
အဲဒီမြေနေရာကတော့ ရွှေတိဂုံဘုရားပတ်ဝန်းကျင် ကန့်သတ်နယ်မြေထဲမှာ ရှိနေပါတယ်။ ဒီနေရာ
ကို ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၉၀ အမြင့်အထိပဲ ဆောက်ခွင့်ပေးပါတယ်။ နောက်ပြီး
တိရစ္ဆာန်ဥယျာဉ်နဲ့နီးတဲ့အတွက် စိမ်းလန်းမြေဇုန်ထဲမှာလည်း တစ်စိတ်တစ်ပိုင်း ပါနေပါတယ်။
ဒါကြောင့် အထပ်မြင့် အဆောက်အအုံဆောက်ခွင့် မရှိပါဘူး။ ကျွန်တော်တို့ဆီကို အဆိုပြုချက်
တင်ပြ လာတဲ့အခါ သတ်မှတ်ထားတဲ့ အထပ်ထက်မြင့်နေရင်တော့ ခွင့်ပြုမှာမဟုတ်ပါဘူး" ဟု
၎င်းကပြောသည်။

Dagon City 1 စီမံကိန်းအတွက် ရန်ကုန် မြို့တော်စည်ပင်သာယာ၏ စည်းမျဉ်း စည်းကမ်းများနှင့်
အညီ တည်ဆောက်သွား မည်ဖြစ်ပြီး ယင်းစီမံကိန်းအတွက် မြန်မာနိုင်ငံ ရင်းနှီမြှုပ်နှံမှုကော်မရှင်၏
ခွင့်ပြုချက်ကိုလည်း ရရှိထားပြီးဖြစ် ကြောင်း ပူးတွဲလုပ်ဆောင်ကြမည့် နှစ်ဖက်လုပ်ငန်းမှ တာဝန်ရှိ
သူများက တရားဝင် ကြေညာခဲ့သည်။

မြတ်ငြိမ်းအေး  



အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ကွန်ဒိုတိုက်ခန်းဥပဒေ ဘယ်သူတွေအတွက် အကျိုးရှိမလဲ



"မြေပိုင်ရှင်က ချေးငွေနှင့် အတိုးများပေးရန် ပျက်ကွက်ပါက တိုက်ခန်းများကို ဘဏ်က သိမ်းမည်"
လို့ ရေးထားတဲ့သတိပေးချက်ကို တိုက်ခန်းမှာ ဘဏ်တာဝန်ရှိသူတွေ လာကပ်မှပဲ သူနေထိုင်ရာ
တိုက်ခန်းမှာ ပြဿနာရှိနေတာကို ဒေါ်မင်းမင်းစိုး သိလိုက်ရပါတယ်။ လက်ရှိ သူဝယ်ယူနေထိုင်နေ
တဲ့ ပုစွန်တောင်မြို့နယ်ကတိုက်ခန်းရဲ့ မြေပိုင်ရှင်ဟာ အခန်း ၁၆ ခန်းပါ ရှစ်ထပ်တိုက်အဆောက်
အအုံတစ်ခုကို သူ့ငွေတွေနဲ့ ဆောက်လုပ်ခဲ့ပြီး စီဘီဘဏ်မှာ အပေါင်ခံငွေချေးထားတဲ့ တိုက်ခန်း
ငါးခန်းအပါအ၀င် တိုက်ခန်းအများစုကို ရောင်းချထားပါတယ်။

"ကျွန်မတို့ ဒီအမျိုးသမီးကို သိတာကြာပါပြီ။ တစ်ရပ်ကွက်တည်းနေတာလည်း နှစ် အတော်ကြာပြီ။
သူ့အကြွေးကိစ္စကိုရှင်းပေး မယ်ဆိုတဲ့ သူ့ရဲ့သဘောတူညီချက်ရဖို့ ကျွန်မ တို့ ကြိုးစားခဲ့ကြပါသေး
တယ်။ သူ့မှာ အကြွေးဆပ်စရာ ပိုက်ဆံမရှိတဲ့အတွက် သူ မတတ်နိုင်ဘူးလို့ ပြောပါတယ်" လို့
ရပ်ကွက်ထဲမှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ ဒေါ်မင်းမင်းစိုးကပြောပါတယ်။ အပေါင်ခံထားတဲ့ တိုက်ခန်း
ငါးခန်းကို ၀ယ်ယူခဲ့တဲ့သူတွေဟာ မြေရှင်ကိုတရားစွဲရုံ ကလွဲပြီး တခြားရွေးစရာနည်းလမ်းမရှိတော့
တဲ့အတွက် တရားစွဲမယ်လို့ မြေရှင် အမျိုးသမီး ကိုခြိမ်းခြောက်လိုက်တဲ့အခါ ချေးငွေမဆပ်နိုင်တဲ့
အတွက် ထောင်အကျခံလိုက်ပေမယ့် လည်း အိမ်ခန်းတွေကို ဘဏ်ကသိမ်းမှာ ဖြစ်တဲ့အတွက်
အခန်းရှင်တွေဟာ တရားရုံး စရိတ်လည်းကုန်မယ့်အပြင် အိမ်ခန်းလည်း ဆုံးရှုံးရဦးမယ်လို့ သူ့ကို
တရားစွဲလို့ ဒီပြဿနာ ကိုမဖြေရှင်းနိုင်ဘူးဆိုတာကို သူကပြောပြ ပါတယ်။

"သူ့မှာ ကြွေးဆပ်စရာဘာမှမရှိတဲ့အတွက် ထောင်အကျခံနိုင်တယ်လို့ သူကပြောတယ်။ ဒါမှ
မဟုတ်ရင် သူ့အသားကိုသာလှီးသွားပါတော့လို့ ကျွန်မတို့ကို ပြောသွားပါတယ်။ ကျွန်မတို့
ဘာတတ်နိုင်မလဲ။ သူ့မှာပိုက်ဆံမှ မရှိတာ။ သူ့ဆီက ငွေလုံးဝမရနိုင်တာကို ကျွန်မတို့သိလာ
ခဲ့ပါတယ်"လို့ ဒေါ်မင်းမင်းစိုး က ပြောပါတယ်။

"နောက်ဆုံးတော့ သူပေးရမယ့်အကြွေးတွေနဲ့ အတိုးတွေကို ကျွန်မတို့စုပြီးဆပ်ပေးဖို့ ဆုံးဖြတ်လိုက်
ရပါတယ်။ ကျွန်မတို့မှာ တခြားရွေးစရာနည်းလမ်းလည်း မရှိတော့ ဘူး။ အဲဒီလိုမှမလုပ်ရင်လည်း
ကျွန်မတို့ အခန်းတွေကို ဘဏ်ကသိမ်းသွားမှာ"လို့ သူက ပြောပါတယ်။ ဒေါ်မင်းမင်းစိုးတို့လို တိုက်
ခန်းရှင်တွေကြုံရတဲ့အဖြစ်အပျက်မျိုးနဲ့ ပိုင်ဆိုင်မှုအငြင်းပွားမှုတွေဟာ မြန်မာနိုင်ငံမှာ စိတ်ပျက်စရာ
ကောင်းလောက်အောင် မကြာခဏဖြစ်ပျက် နေပါတယ်။

ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ မြေရာ၊ တိုက်ခန်းနဲ့ အိမ်စတာတွေနဲ့သက်ဆိုင်ပြီး မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေနဲ့ပတ်သက်တဲ့ မြန်မာနိုင်ငံရဲ့ရှုပ်ထွေးပြီး ခေတ်နဲ့ မလျော်ညီတဲ့စည်း
မျဉ်းတွေကြောင့် ပါ။ ပိုင်ဆိုင်မှုမှတ်တမ်းကို မပြည့်မစုံ၊ မမှန်မကန်ဖြည့်စွက်ပြီး အခွန်ရှောင်တိမ်းဖို့
ကြိုးပမ်းတာတွေကလည်း ဒီအခြေအနေကို ပိုမိုဆိုးဝါးသွားစေပါတယ်။ ဥပဒေကြောင်း အရ
တရားရုံးမှာဖြေရှင်းနေတဲ့ တရားမမှုတွေ မှာ အိမ်ခြံမြေပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အငြင်းပွားမှုဟာ
အများဆုံးဆိုတာကို ဒေါ်မင်းမင်းစိုး ကြုံတွေ့ရတဲ့ဖြစ်ရပ်က ဖော်ပြနေပါတယ်။ မြေ ဒါမှမဟုတ်
အိမ်ခန်းတစ်ခုခုကိုဝယ်မယ့်သူဟာ နိုင်ငံပိုင်သတင်းစာမှာ ကန့်ကွက် နိုင်ကြောင်း ကြော်ငြာ
ထည့်ပြီး ပိုင်ရှင်ဖြစ် ကြောင်း အခိုင်အမာပြောဆိုလာသူကို အိမ်ခြံမြေတစ်ခုခုကိုမ၀ယ်ခင်
အချိန်အတိုင်းအတာတစ်ခုပေးပြီး စောင့်ဆိုင်းရပါတယ်။ ဒါပေမဲ့ ပထမဦးဆုံးအကြိမ်အပြောင်း
အလဲ တွေ စတင်နေပါပြီ။

ကွန်ဒိုတိုက်ခန်းဆိုင်ရာဥပဒေမူကြမ်းကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှာ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့ပြီး
နောက်တစ်နှစ်အကြာမှာ နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ ဒီဥပဒေဟာ ကွန်ဒိုဥပဒေဆိုတာ ထက် ကွန်ဒိုအဖြစ်အသိအမှတ်ပြုခံထားရတဲ့ အဆောက်
အအုံတွေက တိုက်ခန်းပိုင်ရှင်တွေ အတွက် တိုက်ခန်းအလွှာပိုင်ဆိုင်ခွင့်ပေး တာမျိုး ဖြစ်လာလိမ့်
မယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းလောကအတွင်းက သူတွေက ပြောပါ တယ်။

ဒါပေမဲ့ မရှင်းလင်းသေးတဲ့အချက် ကတော့ ဒီဥပဒေဟာ သာမန်တိုက်ခန်းပိုင်ရှင် တွေ ဒါမှမဟုတ်
အဆင့်မြင့်အိမ်ရာ
ဆောက် လုပ်ရေးကုမ္ပဏီတွေနဲ့ ၀ယ်လက်တွေမှာ ဘယ်သူ့အတွက် အကျိုးကျေးဇူးအများဆုံး
ရှိမလဲဆိုတာပါ။ ဥပဒေရဲ့လက်ရှိမူကြမ်းအရ မြေအမျိုး အစားအသစ်ကိုသတ်မှတ်ပေးပြီး ပိုင်ဆိုင်မှု
ကို ခိုင်မာစေမှာ ဖြစ်ပါတယ်။ မြေနေရာတစ်ခု ပေါ်မှာ အဆောက်အအုံတစ်ခုကို ဆောက်လုပ်ပြီးစီး
ပါက တိုက်ခန်းပိုင်ရှင်တွေပါပူးတွဲ ပိုင်ဆိုင်တဲ့အဖွဲ့တစ်ဖွဲ့ဆီကို ဒီအဆောက် အအုံကို လွှဲပြောင်း
ပေးမှာပါ။

ဥပမာ - တကယ် လို့ ဒီအဆောက်အအုံမှာ အခန်း ၁၀၀ ရှိရင် အခန်းပိုင်ရှင်တစ်ဦးစီဟာ ဒီမြေပေါ်
မှာ တစ်ရာခိုင်နှုန်းစီပိုင်ဆိုင်ခွင့်ရှိမှာပါ။ ဒီပိုင်ဆိုင် မှုကို တိုက်ခန်းပိုင်ရှင်တွေဟာ အဆောက် အအုံ
ကို ဖြိုချတာနဲ့ အသစ်ပြန်ဆောက် ဖြစ်တဲ့အခါမှာလည်း အမြဲတမ်းပိုင်ဆိုင်ခွင့် ရှိနေမှာပါ။

"တိုက်ခန်းအလွှာလိုက် ပိုင်ဆိုင်မှုရှိတဲ့ အတွက် ဒီပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းပေးထား တာပါ။ ဒီမြေ
ပေါ်မှာ ပိုင်ဆိုင်မှုတစ်စိတ် တစ်ပိုင်းပါတဲ့အတွက် ဒီနေရာနဲ့တိုက်ခန်း ပိုင်ရှင်ရဲ့ ဆက်စပ်မှုကို ပိုပြီး
ခိုင်မာစေပါ တယ်"လို့ အိမ်ခြံမြေ အကြံပေးကုမဏီ Colliers International ရဲ့ မြန်မာနိုင်ငံဆိုင်ရာ
ရုံးခွဲက အုပ်ချုပ်မှု ဒါရိုက်တာ တိုနီပီကွန်က ပြောပါတယ်။

"ကွန်ဒိုဆိုတာ ဘယ်လိုဟာမျိုးလဲဆိုပြီး သတ်သတ်မှတ်မှတ်ဆုံးဖြတ်ဖို့ မြေအတွက် အနည်းဆုံး
ပိုင်ဆိုင်မှုစံကိုတော့ ကွန်ဒိုဥပဒေမှာ ရှင်းရှင်းလင်းလင်းသတ်မှတ်ပေးထားသင့်ပါတယ်"လို့ မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာန အောက်မှာရှိတဲ့ အိမ်ရာဌာန လက်ထောက်ညွှန်ကြားရေးမှူး
ဒေါ်မိုးသီတာ က ပြောပါတယ်။

အပြောင်းအလဲတွေထဲက တစ်ခုကတော့ ကွန်ဒိုတစ်ခုမှာရှိရမယ့် အကျယ်အ၀န်းကို သတ်မှတ်ပေး
ထားတာပါ။ ဘယ်အဆောက် အအုံက ဘယ်လိုအရည်အသွေးရှိရမယ်ဆိုတာကို သတ်မှတ်ဖို့
အစိုးရမှာလိုအပ်သလို သတ်မှတ်နိုင်တဲ့ အာဏာရှိထားတဲ့အတွက် ဥပဒေမူကြမ်းမှာ ကွန်ဒိုတွေ
ကို အနည်းဆုံး အကျယ်တစ်ဧကရှိတဲ့မြေပေါ်မှာ ဆောက်လုပ်ရမယ်လို့ သတ်မှတ်ထားပါ တယ်။
ဒါကြောင့် ဒေါ်မင်းမင်းစိုးတို့လက်ရှိ နေထိုင်တဲ့ ဓာတ်လှေကားမပါတဲ့အထပ်မြင့် အဆောက်အအုံ
တွေအသာထား လက်ရှိ ကွန်ဒိုအများစုတွေဟာ ကွန်ဒိုစာရင်းမှာ မပါတော့ပါဘူး။ ကွန်ဒိုတိုက်ခန်း
ဆိုတာ အထပ်ပေါင်း များစွာ ပါဝင်ဖို့ ကျယ်ပြန့်ရမယ်ဆိုတဲ့ ပြဋ္ဌာန်း ချက်ကို ကန့်ကွက်တဲ့သူတွေ
ထဲက တစ်ဦး ကတော့ First Myanmar Investment, Serge Pun & Associates နဲ့ သာ
Yoma Strategic Holdings ဥက္ကဋ္ဌ Mr.Serge Pun ဖြစ်ပါတယ်။

ကွန်ဒိုဥပဒေကို အလွှာလိုက်ပိုင်ဆိုင်ခွင့် ပေးတဲ့ အက်ဥပဒေလို့ ခေါ်ဆိုသင့်ကြောင်းနဲ့ ဒီဥပဒေရဲ့
ရည်ရွယ်ချက်မှာ "အလွှာလိုက်ပိုင်ဆိုင်မှုအတွက် သတ်မှတ်ချက်တွေကိုမဖော်ပြဘဲ နိုင်ငံခြားသား
ပိုင်ဆိုင်နိုင်တဲ့ ရာခိုင်နှုန်းကိုသာ အလေးပေးဖော်ပြထားတယ်လို့ သူက မြန်မာတိုင်း(မ်)ကို ပြော
ပါတယ်။

မစ္စတာပီကွန်က ကွန်ဒိုဥပဒေမှာ အဓိက ပြဿနာကြီးများရှိပြီး အထူးသဖြင့် တစ်ဧက သတ်မှတ်
ချက်နဲ့ ဒီမြေတစ်ဧကကို ဘယ်လို အသုံးချရမလဲဆိုတာကို ရှင်းရှင်းလင်း ဖော်ပြမထားဘူးလို့
ပြောပြီး ပြည့်စုံမှုမရှိတဲ့ မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်း ချက်တွေကို လိုက်နာဖို့လည်း
တိုက်တွန်း ထားပါတယ်။ ဒီဥပဒေရဲ့ လက်ရှိပုံစံအရလည်း ဈေးကွက်ရဲ့ ကဏ္ဍတချို့မှာ အရေးပါ
တဲ့အကျိုးသက်ရောက်မှုတွေ ရှိလာမှာဖြစ်ပြီး မြေကိုလည်း ပိုမိုအကျိုးရှိစွာအသုံးချနိုင်စေမှာပါ။

ဥပဒေအကြံပေးကုမ္ပဏီ  မှ စီးပွားဖက်တစ်ဦးဖြစ်သူ အက်ဒ်ဝင်ဗင်ဒါ ဘရူဂန်ကလည်း
ဒီဥပဒေဟာ ငွေကြေးအကျပ် အတည်းစိုက်နေတဲ့ ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ
အတွက် 'ဘုရားပေးတဲ့ နတ်သုဓာ' ပဲလို့ ညွှန်းထားပါတယ်။

"ဒီဥပဒေက ရင်းနှီးမြှုပ်နှံမှုကိုဦးစားပေး ထားပါတယ်။ ဒါက အမြော်အမြင်ရှိတဲ့ ဥပဒေတစ်ခုပါ။ နိုင်ငံ
တကာ ရင်းနှီးမြှုပ်နှံမှု တွေကနေ ငွေတွေအများကြီးဝင်လာတော့ မယ့်အခြေအနေမှာရှိနေတာကို
မမေ့ပါနဲ့။ နှစ်ပေါင်းများစွာအတွင်း ပထမအကြိမ်အဖြစ် နိုင်ငံတကာကဘဏ်တွေဟာ မြန်မာ နိုင်ငံ
က စီမံကိန်းတွေအတွက် ငွေထုတ်ချေး ပေးဖို့ ကြည့်ရှုနေကြပါတယ်"လို့ အက်ဒ်ဝင် ဗင်ဒါဘရူဂန်
ကပြောပါတယ်။ "မြေယာပိုင်ဆိုင်မှု အပြောင်းအလဲက တော့ အချိန်ပေးပြီး ဖြည်းဖြည်းချင်းပြုပြင်
ရမယ့် ကိစ္စမျိုးပါ။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ခန်းတွေမှာပဲ မဟုတ်လို့ပါ။ နယ်တွေ က မြေတွေ
ရော၊ မြို့ပေါ်က မြေတွေနဲ့ အိမ်တွေ လည်း ပါတာကြောင့်ပါ။ အနည်းဆုံးတော့ ကွန်ဒိုဥပဒေကြောင့်
တိုက်ခန်းအလွှာအတွက် ပိုင်ဆိုင်ခွင့်တော့ ရှိလာပါလိမ့်မယ်"လို့ သူကပြောပါတယ်။

ကွန်ဒိုဥပဒေနဲ့ပတ်သက်ပြီး အများပြည်သူရဲ့အမြင်ကို မေးမြန်းကြည့်တဲ့အခါမှာတော့ သိပ်မသိကြ
တာကို တွေ့ရပါတယ်။ ဒေါ်မင်းမင်းစိုးက ကွန်ဒိုဥပဒေပါ အကြောင်း အရာတွေကို မသိသလို
လွှတ်တော်ကိုတင်သွင်းထားတာကိုလည်း မသိဘူးလို့ပြောပါ တယ်။

"ကွန်ဒိုဥပဒေကဘာလဲဆိုတာ ကျွန်မ မသိဘူးရှင့်။ အလိမ်ခံရတာ ဘယ်လောက်ဆိုးလဲဆိုတာကို
ပဲ သိတယ်။ ကျွန်မ နောက်ထပ်အလိမ်မခံချင်တော့ဘူး။ တခြားသူတွေကိုလည်း အဲဒီလိုအဖြစ်မခံ
စေချင်ဘူး" လို့ သူက ပြောပါတယ်။

"အိမ်တစ်လုံးဝယ်ဖို့၊ဒါမှမဟုတ် တိုက်ခန်း တစ်ခန်းဝယ်ဖို့ဆိုတာ မြန်မာနိုင်ငံက လူတွေအတွက်
ကတော့ မလွယ်လှပါဘူး။ ပိုင်ဆိုင်မှု အတွက် ပိုခိုင်မာတဲ့ ဥပဒေတွေ ရှိဖို့ လိုပါတယ်" လို့လည်း
သူကပြောပါတယ်။ အခုအချိန်မှာ အိမ်ခြံမြေတစ်ခုခုဝယ်မယ် ဆိုရင် သတိရှိဖို့လိုတယ်လို့လည်း
သူက သတိပေးပါတယ်။

"တခြားသူတွေကို အလွယ်တကူမယုံ ကြည်ပါနဲ့။ တစ်ခုခုကိုမ၀ယ်ခင်မှာ ပိုင်ဆိုင်မှု စာရွက်စာတမ်း
တွေကို နှစ်ခါသုံးခါလောက်စစ်ဆေးတာပဲ ကျွန်မတို့ လုပ်နိုင်ပါတယ်" လို့ သူကပြောပါတယ်။

သောမတ်စ်ကင်းန်
သီရိမင်းထွန်း ဘာသာပြန်သည်။



အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အထပ်မြင့်အဆောက်အအုံတွေမှာ လူနေခွင့်နဲ့ မီးသတ်ထောက်ခံချက်တွေ စစ်ဆေးအရေးယူမည်

အထပ်မြင့် အဆောက်အအုံတွေမှာ သက်ဆိုင်ရာဌာနတွေရဲ့ ခွင့်ပြုထောက်ခံချက်ရှိ မရှိ ဆိုင်ရာဌာနတွေက စစ်ဆေးပြီး အရေးယူမယ်လို့ သိရပါတယ်။



အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်မှု စတင်တဲ့အခါ သတ်မှတ်ထားတဲ့ စည်းကမ်းအချက်အလက်တွေနဲ့ လျှောက်ထားပေမဲ့ လူနေထိုင်ခွင့်ပါမစ် မလျှောက်ထားတာ၊ မီးသတ်ဦးစီးဌာနရဲ့ စစ်ဆေးထောက်ခံချက်မရှိတာ စတဲ့ အဆောက်အအုံတွေကို စစ်ဆေး မှာဖြစ်ပါတယ်။



'ဆင်ခြေဖုံးမြို့နယ်တစ်ချို့မှာဆိုရင် လူနေခွင့်မကျသေးပဲ မရှိဘဲနဲ့ အရောင်းအဝယ် လုပ်နေကြတာတွေ ရှိတယ် ၊ ဒါကိုမသိဘဲ ဝယ်သူတွေလဲရှိတယ် ၊ ဝယ်ပြီးမှ လူနေခွင့်မကျသေးတာ ၊ စည်ပင်က ခွင့်မပြုတာတွေ ကြုံနေကြရတယ်၊ တကယ့်စည်းကမ်းအတိုင်းဆိုရင် လူနေခွင့်ရဖို့ မီးသတ်ဌာနရဲ့စစ်ဆေးထောက်ခံချက်လဲ ရှိရမယ်၊ တချို့ကန်ထရိုက်တာတွေက ဆောက်လုပ်ခွင့်တော့ တင်တယ်၊ လူနေခွင့်ပါမစ်ကိုတော့ မလျှောက်ကြတာတွေရှိတယ် ' လို့ ဆောက်လုပ်ရေးလုပ်ငန်းအကျိုးဆောင်ရှေ့နေဦးမောင်မောင်ကပြောပါတယ်။



အထပ်မြင့် အဆောက်အအုံတွေ စတင်ဆောက်လုပ်တဲ့အခါ စည်ပင်ဌာနရဲ့ အကြံပြုချက်တွေပါ ရယူရတယ်။ အဲ့သည့် အကြံပြုချက်ရှိမှ လူနေထိုင်ခွင့်ပါမစ်လျှောက်ရတာပါ။



ရန်ကုန်မြို့တော်စည်ပင်သာယာအင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူတစ်ဦးက ''အဆောက်အအုံတွေကို လူနေထိုင်ခွင့်ပါမစ်လျှောက်ခိုင်းမှာပါ ၊ လိုက်နာဆောင်ရွက်မှု မရှိတဲ့သူတွေကို YCDC အနေနဲ့ရော မီးသတ်ဥပဒေအရပါအရေးယူမှာဖြစ်တယ် ' လို့ ပြောပါတယ်။ လူနေထိုင်ခွင့်ပါမစ် ရရှိဖို့ မီးသတ်ဦးစီးဌာနရဲ့ စစ်ဆေးထောက်ခံချက် ( Fire Safety Certificate ) လိုအပ်ပါတယ်။



ပြီးခဲ့တဲ့နှစ်အတွင်း ဆောက်လုပ်ခွင့် ပါမစ်အတွက် မီးသတ်ဌာနပအကြံပြုချက်ထုတ်ပေးခဲ့တဲ့ အဆောက်အအုံက၅၀၀၀ကျော်ရှိပေမဲ့ ဌာနရဲ့ ထောက်ခံချက်လာယူတဲ့ အရေအတွက်က ၁၂၀ကျော် သာရှိတယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရတယ်။

kumudra

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

မြေဧက ၂၂၀ ကျော် ကျယ်ဝန်းတဲ့ ရတနာနဲ့ ဧရာဝဏ်အိမ်ရာစီမံကိန်း

မြို့ရွာနှင့်အိုးအိမ်ဖွံဖြိုးရေးဦးစီးဌာနက မြေဧက ၂၂၀ ကျော်ကျယ်ဝန်းတဲ့ ရတနာနဲ့ဧရာဝဏ်အိမ်ရာစီမံကိန်းကို လာမည့် ၂၀၁၅ နှစ်ကုန်ပိုင်းအပြီး တည်ဆောက် အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။



'ဒီအိမ်ရာစီမံကိန်းက စီးပွားရေး အဆောက်အအုံတွေလဲ ပါဝင်တယ်၊ ဒဂုံဆိပ်ကမ်းလိုနေရာမျိုးမှာ Develope City ကြီးဖြစ်သွားအောင် အကောင်အတည်ဖော်မှာ ၊ သူ့ထဲမှာပဲ ဆက်သွယ်ရေးစနစ်တွေ၊ ကျောင်း၊ဟိုတယ်၊Bus Terminal ဂိတ်တွေပါဝင်တယ် ' လို့ မြို့ရွာနှင့်အိုးအိမ်ဖွံဖြိုးရေးဦးစီးဌာန အိမ်ရာစီမံကိန်းမှတာဝန်ရှိသူကပြောပါတယ်။



အဆောက်အအုံပိုင်း



ရတနာနဲ့ ဧရာဝဏ်အိမ်ရာတည်ဆောက်မှုကို Bored Pile ( မြေကြီးကွန်ကရစ်တိုင်စိုက်ခြင်း ) လုပ်ငန်း၊ (Pre-Cast System ကြိုတင်အားဖြည့်ကွန်ကရစ် ) စတဲ့နည်းပညာတွေနဲ့ တည်ဆောင်နေတာဖြစ်ပါတယ်။



Pre-Cast စနစ်အတွက် အသုံးပြုမယ့်စက်ရုံတွေကိုတော့ ပုဂ္ဂလိကစက်ရုံငါးရုံနဲ့ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ အထပ်အမြင့်ကတော့ ၁၈ထပ်ဖြစ်ပြီး အဆောက်အအုံ အလုံးရေ ၄၉လုံးနဲ့ အခန်းပေါင်း၁၉,၆၀၀ ပါဝင်မှာဖြစ်ပါတယ်။



စီမံကိန်းပြီးဆုံးသွားပါက လူဦးရေ ၉၀,၀၀၀ ဝန်းကျင်ခန့် နေထိုင်နိုင်မှာဖြစ်ပါတယ်။ အခန်းအကျယ်အဝန်းကတော့၆၀၀ စတုရန်းပေ ၊ ကြမ်းခင်းဧရိယာ / ကြမ်းခင်း၁၉,၇၂၇ စတုရန်းပေ ၊ ကြမ်းခင်းဧရိယာ / အဆောက်အအုံ ၃၇၂,၇၁၂ စတုရန်းပေ ကျယ်ဝန်းမှာဖြစ်ပါတယ်။ ' စီမံကိန်းအားလုံးရဲ့ ဒီဇိုင်းကိုစင်ကာပူနိုင်ငံ Surbanaကုမ္ပဏီကတာဝန်ယူထားတယ်၊ ခိုင်ခံမှုအပိုင်းကိုလဲစီစစ်ထားတယ် ' လို့တာဝန်ရှိသူကပဲ ပြောပါတယ်။



ပါဝင်အဆောက်အအုံပေါင်း



အဆိုပါစီမံကိန်းမှာ ယခင်ကတည်ဆောင်ပြီးလက်ရှိ အသုံးပြုနေတဲ့ အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်၊ အဆင့်မြင့်ဟိုတယ် ၊ အားကစားကွင်း ၊ ဈေးဝယ်စင်တာ ၊ ဘတ်စ်ကားဂိတ်ရုံ ၊ ကျောင်းစတဲ့အဆောက်အအုံတွေပါဝင်ပါတယ်။ အိုးအိမ်မှ ပုဂ္ဂလိကကုမ္ပဏီ ၃၂ခုနဲ့ လုပ်ငန်းလည်ပတ်နေပြီး Bored Pile လုပ်ငန်းအတွက် ကုမ္ပဏီငါးခု ၊ အဆောက်အအုံတည်ဆောက်ခြင်းအတွက် ကုမ္ပဏီခြောက်ခု ၊ Bored Pileနဲ့ အဆောက်အအုံတည်ဆောက်ခြင်းအတွက် ကုမ္ပဏီ၁၆ခု ၊ Precastor လုပ်ငန်းအတွက် ကုမ္ပဏီငါးခုပါဝင်ပါတယ်။



တည်ဆောက်မှုအခြေအနေ



လက်ရှိတည်ဆောက်မှုမှာတော့ ရတနာ အိမ်ရာဘက်ကိုဦးစားပေးတည်ဆောက်နေပြီး ဧရာဝဏ်ဘက်က တချို့အိမ်ရာတွေကိုလည်း တည်ဆောင်နေပြီ ဖြစ်ပါတယ်။ အဆောက်အအုံအလုံး၂၀ကို Bored Pileလုပ်နေပြီး Simple အဆောက်အအုံဖြစ်တဲ့ အဆောက်အအုံ ( G ) ကိုလာမည့်ဇူလိုင်လအတွင်းမှာ ပထမထပ်တည်ဆောင်ပြီးစီးမှာဖြစ်တယ်လို့ သိရပါတယ်။၎င်းစီမံကိန်းအတွက် လျှပ်စစ်မီးကို YESB ကတာဝန်ယူသွားမှာဖြစ်ပြီး ဓာတ်အားပေးစက်ရုံအသစ်တည်ဆောက်သွားမှာဖြစ်ပါတယ်။



ရောင်းချမှုအခြေအနေ



ရတနာနဲ့ဧရာဝဏ်အိမ်ရာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်နဲ့မဲနှိုက်ရောင်းချပေးသွားမှာဖြစ်ပါတယ်၊ ဘဏ်ချေးငွေကိုနဲ့ရောင်းချမှုကိုလည်း နှစ်အများကြီးပေးနိုင်အောင်လုပ်ဆောင်နေတယ်လို့သိရပါတယ်။'



'ဘဏ်ချေးငွေကို နှစ်၂၀၊၃၀ လောက်အထိရအောင် လုပ်ချင်တယ်၊ ပြည်တွင်းဘဏ်တွေကဒီလောက်တော့အဆင်မပြေပေမဲ့ ပြည်ပဘဏ်တွေ ဝင်လာရင်တော့နှစ်များများနဲ့ ငွေနည်းနည်းဆပ်ပြီး အိမ်ပိုင်နိုင်မှာ ' လို့ မြို့ရွာနှင့်အိုးအိမ်ဖွံဖြိုးရေးဦးစီးဌာန မှတာဝန်ရှိသူကပြောပါတယ်။ ရတနာနဲ့ ဧရာဝဏ် အိမ်ရာစီမံကိန်းရဲ့တည်နေရာကတော့ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း ၊ ဧရာဝဏ်လမ်း ၊ ပြည်ထောင်စုလမ်းစတဲ့ နေရာမှာတည်ရှိတာ ဖြစ်ပါတယ်

kumudar

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

တန်ဖိုးနည်းအိမ်ရာ ရောင်းသောအခါ

မန္တလေးမြို့မှာ တန်ဖိုးနည်းအိမ်ရာက တစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ အောက်ရပေမယ့် ရန်ကုန်မှာတော့ သိန်း ၁၂၀ အနည်းဆုံး ဖြစ်သွားပါပြီ။ မန္တလေးမြို့က တန်ဖိုးနည်းအိမ်ရာက အခန်းဖွဲ့ထားပေမယ့် ရန်ကုန်က အခန်းမဖွဲ့ထားပါဘူး။ ၀ယ်ယူသူက အခန်းဖွဲ့ရမှာဖြစ်ပြီး အဲဒီအတွက် ကုန်ကျစရိတ် ထပ်ပြီးအကုန်အကျခံရဦးမှာပါ။ တိုက်ပုံစံချင်းယှဉ်ရင် ရန်ကုန်က ပိုပြီးဈေးနှုန်းလျော့နည်းရမယ့်အစား ဘာကြောင့် ဈေးပိုများနေရပါသလဲ။ ပညာရှင်တွေ လေ့လာနှိုင်းယှဉ်ပြီး သုံးသပ်ချက်စာတမ်းတစ်ခု ပြုစုထားသင့်ပါတယ်။ ပညာရှင်ဆိုတဲ့နေရာမှာ အင်ဂျင်နီယာတွေချည်းသက်သက် မဆိုလိုပါဘူး။ အိမ်ရာစီမံခန့်ခွဲရေးပညာရှင်တွေလည်း ပါမှဖြစ်ပါမယ်။ ဘယ်စီမံကိန်းမဆို အင်ဂျင်နီယာတွေပဲ တွက်ချက်ရင် စရိတ်ပိုကြီးမားတတ်ပါတယ်။ ကိုယ့်ဘက်ကို Safe Side ဆိုပြီး အရမ်းအသာယူလေ့ရှိလို့ ဖြစ်ပါတယ်။ အိမ်ရာစီမံခန့်ခွဲရေးပညာရှင်က အိမ်ရာသုံးစွဲနေထိုင်ရမယ့်သူတွေအတွက် စိစစ်တဲ့အမြင်နဲ့ ချဉ်းကပ်ရှုမြင်လေ့ရှိအောင် လေ့ကျင့်ထားသူတွေမို့ သူတို့ကိုပါ ညွှန်းဆိုရခြင်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံ ဒုတိယဒီမိုကရေစီခေတ်မှာ ပွဲဦးထွက် တန်ဖိုးနည်းအမည်သုံးပြီး ပေါ်ပေါက်လာတဲ့ စီမံကိန်းများဖြစ်တဲ့အတွက် တစ်နေရာနဲ့တစ်နေရာ နှိုင်းယှဉ်ပြီး အပြန်အလှန် သင်ခန်းစာယူသင့်တာတွေ ယူနိုင်ဖို့ (Plan Evaluation) မှတ်တမ်းကို ရေရှည်အတွက် ရယူထားရမှာဖြစ်တယ်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးက လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းမှာ ပထမဆုံးပန်းဝင်လာတဲ့ တန်ဖိုးနည်းအိမ်ရာကို ပြည်သူတွေက ကြိုဆိုနေကြတာ တွေ့ရှိရပါတယ်။ တန်ဖိုးနည်းစံချိန်မမီသော်လည်း ‘‘တစ်စုံတစ်ရာက သုညထက်သာစမြဲ’’ (Something is better than nothing) ဆိုတာလို တစ်ခန်းလျှင် သိန်း ၁၂၀ နဲ့ စတင်ရောင်းချမယ့် အပိုင်း(၁)ကိုပဲ ၀ယ်နိုင်ဖို့ မျှော်လင့်နေကြပါပြီ။
တန်ဖိုးနည်းအိမ်ရာတွေ ရောင်းတော့မယ်ဆိုတော့ အရေးအကြီးဆုံးအချက်လေးချက်ကို ခေတ်သစ်စနစ်သစ်နဲ့အညီ တာထွက်ကောင်းကောင်း ဆောင်ရွက်ပေးစေချင်ပါတယ်။ ပထမဆုံးအချက်က အမှန်တကယ်လိုအပ်တဲ့ ပြည်သူတွေလက်ထဲကိုသာ ရောက်ရှိစေဖို့ ရည်ရွယ်ပြီး ၀ယ်မည့်သူတစ်ဦးချင်းအတွက် အခြေခံအရည်အချင်းသတ်မှတ်ချက် (Criteria)တွေ စနစ်တကျ ပြုစုထားဖို့ ဖြစ်ပါတယ်။ တန်ဖိုးနည်းအိမ်ရာစီမံကိန်းဆိုတဲ့အတိုင်း စီမံကိန်းရဲ့အကျိုးကို ခံစားရမယ့် ရည်မှန်းအုပ်စု (Target Group)ဟာ ၀င်ငွေနည်းပြည်သူများ (Low income group) ဖြစ်ရမယ်ဆိုတာ အထူးပြောဖို့ မလိုပါဘူး။ လက်တွေ့မှာ ဘယ်အတိုင်းအတာအထိ ၀င်ငွေရှိရမယ်။ မိသားစုဝင်ငွေ၊ မိသားစုဦးရေ၊ အလုပ်အကိုင်ရှိသူဦးရေ၊ အလုပ်အကိုင်အမျိုးအစား၊ အငြိမ်းစားဝန်ထမ်းဖြစ်လျှင် မည်သည့်အဆင့် အစရှိတဲ့ အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီး သတ်မှတ်ပေးဖို့ လိုအပ်ပါတယ်။
ပထမဒီမိုကရေစီခေတ်မှာ NHB လို့ခေါ်တဲ့ ပြည်သူ့အိုးအိမ်အဖွဲ့ရဲ့ အိမ်ခန်းလျှောက်လွှာပုံစံတွေဟာ အချက်အလက်စုံလင်တာ၊ အမှတ်ပေးစနစ် ကျင့်သုံးတာ အလွန်ပင်စနစ်ကျကြောင်း တွေ့ရှိရပါတယ်။ နောက်ပိုင်းကာလ အထူးသဖြင့် မ.ဆ.လခေတ်ကစပြီး လက်သင့်ရာ ချထားပေးရင်း စနစ်တွေပျက်ကုန်တာပါပဲ။ ဘယ်အထိ ပျက်သလဲဆိုရင် ၀န်ကြီးအဆင့်က ‘‘ယခုလျှောက်ထားသူသည် အမှန်လိုအပ်၍ ချထားပါ’’လို့ မှတ်ချက်ပြု လက်မှတ်ထိုးထားတဲ့ စာရွက်တိုလေးကို ၀န်ကြီးရုံးက လျှောက်လွှာတစ်စောင်နဲ့တွဲပြီး ပေးလိုက်ပါတယ်။ အဲဒီလျှောက်လွှာရှင်ကို အခန်းချထားပေးပြီးတဲ့နောက် ၀န်ကြီးမှတ်ချက်ပါတဲ့ စာရွက်ကို ရုံးအဖွဲ့ကဖြုတ်ယူ အခြားလျှောက်လွှာတစ်စောင်နဲ့ ကပ်တင်ပြီး ဌာနအတွင်းက ချထားရေး အမိန့်ယူလိုက်ပါတယ်။ နောက်ပြီး ၀န်ကြီးမှတ်ချက်စာရွက်ကို ပြန်ဖြုတ်ပြီး နောက်ထပ်အလားတူ လျှောက်လွှာမှာကပ်ပြီး ချထားမိန့်ယူပြန်ပါတယ်။ ဒီလိုနဲ့ ၀န်ကြီးကပေးတာ တစ်ဦး၊ အောက်ကပေးတာ ၁၀ ဦးဖြစ်သွားတာ ၀န်ကြီး မသိလိုက်ရှာပါဘူး။ န.အ.ဖခေတ်ရောက်တော့ ၀န်ကြီးက မှင်နှစ်မျိုးနဲ့ မှတ်ချက်ပေးတယ်။ စာသားက ‘‘လျှောက်ထားသူအား မူနှင့်ညီလျှင် ဆောင်ရွက်ပေးပါ’’ လို့ အတူတူရေးပါတယ်။ ‘‘မူ’’ ဆိုလို့ တခြားမထင်ပါ နဲ့။ ၀န်ကြီးက မင်အနက်ဆိုရင် မပေးနဲ့၊ မင်အနီဆိုပေးလို့ဆိုပြီး အောက်ကို မှာထားပါတယ်။ မင်အရောင်မတူတာက ‘‘မူ’’ ဖြစ်နေပါတယ်။ အလွန်ပင် တရားကျဖို့ ကောင်းလှတဲ့စနစ်ကို ကြားသိခဲ့ရပြန်ပါတယ်။
ဘာပဲဖြစ်ဖြစ် တန်ဖိုးနည်းအိမ်ရာကို ရောင်းချတဲ့နေရာမှာ လုပ်ပိုင်ခွင့်အာဏာရှိသူတွေက၀င်ပြီး လက်သင့်ရာကို ရောင်းမပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒါလေးတစ်ခုတော့ ချမ်းသာပေးကြဖို့ သင့်ပါတယ်။ တိုက်ခန်းဈေး၊ မြေဈေးတွေက အလွန့်အလွန်ကောင်းနေတာမို့ စနစ်တကျ ရွေးချယ်နိုင်ဖို့ အုတ်ရောရော၊ ကျောက်ရောရောမဖြစ်ဖို့ ရသင့်တဲ့ပြည်သူတွေ မနစ်နာဖို့၊ အခြေခံအရည်အချင်းသတ်မှတ်ချက်ကို စနစ်တကျပြုစုရမှာ ဖြစ်ပါတယ်။
ဒုတိယအရေးကြီးတဲ့အချက်က ၀ယ်ယူခွင့်ရပြီးသူက လုံးဝမနေထိုင်ဘဲ အမြတ်တင်ရောင်းချမှု၊ စတိသဘောမျှ နေထိုင်ပြီး အမြတ်တင်ရောင်းချမှုစတာတွေကို ထိထိရောက်ရောက် တားမြစ်ဖို့အတွက် လွှဲပြောင်းရောင်းချမှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်ကို ပြဋ္ဌာန်းဖို့ဖြစ်ပါတယ်။ သာမန်ပြီးစလွယ် ရေးသားသတ်မှတ်ရှုံမျှနဲ့ မလုံလောက်ပါဘူး။ တိတိကျကျ အရေးယူမယ့် အချက်အလက်တွေကို လက်တွေ့ကျကျ အဖြစ်နိုင်ဆုံး စဉ်းစားပြီးသတ်မှတ်ဖို့ လိုအပ်ပါတယ်။ ပြည်သူ့ငွေနဲ့ အိမ်ခန်းပေါင်း ထောင်သောင်းချီပြီး ဆက်လက်ဆောက်လုပ်မယ့် အနာဂတ်စီမံကိန်းများပါ ‘‘အဟောသိကံ’’ မဖြစ်ဖို့ ဒီအချက်ကို အရေးကြီးအချက်အဖြစ် ဖော်ပြခြင်း ဖြစ်ပါတယ်။ တစ်ဆင့်ပြန်ရောင်းပြီး အမြတ်ယူချင်သူတွေက တာစူနေပါတယ်။ ဒီအချက်ကို မထိန်းနိုင်ရင် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ တန်ဖိုးနည်းအိမ်ရာ အရောင်းအ၀ယ်ဈေးကွက်ကြီးတစ်ခု ဖြစ်ပေါ်လာမယ့် အလားအလာက ၉၀ ရာခိုင်နှုန်း ရှိနေပါတယ်။ မ. ဆ.လခေတ်က ရန်ကုန်မြို့လယ်မှာရှိတဲ့ နိုင်ငံခြားပြန် တရုတ်၊ ကုလားတွေဆီက ပြည်သူပိုင်သိမ်း တိုက်ခန်းတွေမှာ တိုင်းရင်းသားတွေနေဖို့ဆိုပြီး နေရာချထားပေးခဲ့ပါတယ်။ ဒါပေမဲ့ အမှန်တကယ်နေရေးကို ထိန်းချုပ်တဲ့စနစ်က လုံးဝမထိရောက်ခဲ့ပါဘူး။ အချိန်တိုအတွင်းမှာပဲ လက်လွှဲရောင်းစားသွားတော့ တရုတ်၊ ကုလား လက်ထဲပြန်ရောက်ပြီး မြန်မာတွေက မြို့စွန်မှာ ဒုံရင်းဒုံရင်း ဖြစ်သွားတော့တာပါပဲ။ တန်ဖိုးနည်းအိမ်ရာတွေကို လွယ်လွယ်ရောင်းပြီး ကျူးဘ၀ရောက်သွားသူတွေ နိုင်ငံတကာမှာ အများကြီးရှိနေပါတယ်။
တတိယအရေးကြီးဆုံးက အရစ်ကျငွေပေးသွင်းမှုစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တစ်လလျှင် မြန်မာငွေငါးသောင်းထက်မပိုဘဲ အနှစ် ၂၀ မှ ၃၀ အထိ အရစ်ကျစနစ်နဲ့ ရောင်းချတာ တွေ့ခဲ့ရပါတယ်။ ၀ယ်ယူသူလစာရဲ့ ၃၀ ရာခိုင်နှုန်းအထိသာ ပေးသွင်းစေတာဖြစ်ပါတယ်။ ဘဏ်ကို အိမ်ခန်းအပ်နှံပြီး ချေးငွေနဲ့ ၀ယ်ယူစေတဲ့ စနစ်လည်းဖြစ်ပါတယ်။ ဒီစနစ်ကို တန်ဖိုးနည်းအိမ်ရာ ဘဏ္ဍာငွေစနစ် (Financing Mechanism)အဖြစ် တခြားအာဆီယံနိုင်ငံတွေမှာပါ အောင်မြင်စွာ ကျင့်သုံးနေကြပြီဖြစ်ပါတယ်။ အဲဒီစနစ်ကြောင့်ပဲ ထပ်မြင့်တိုက်တွေဆောက်ပြီး ရောင်းနိုင်ဝယ်နိုင်တာ၊ မြို့ပြအိမ်ရာအဆင့်မြှင့်တင်ခြင်း (urban redevelopment) လုပ်နိုင်တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ မကြာမီက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (C.H.D Bank)ဆိုတာ ပေါ်ပေါက်လာပါတယ်။ ယနေ့အထိ ဒီပုတ်ထဲက ဒီပဲဆိုတာလို ဘဏ်ထဲက ဘဏ်ဖြစ်ပြီး ထူးမခြားနားဘဏ်ဖြစ်ပါတယ်။ တန်ဖိုးနည်းအိမ်ရာအတွက် ဘဏ္ဍာငွေစနစ်ကို လုံးဝမလုပ်ပေးနိုင်ရှာတဲ့ ဘဏ်ကြီးဖြစ်နေတာ အလွန်ဝမ်းနည်းဖွယ် ကောင်းပါတယ်။ ၁၃ ကျပ် အတိုးနှုန်းနဲ့ သုံးနှစ်မျှသာ အရစ်ကျပေးခွင့်ပြုနိုင်တဲ့ ဘဏ်လောကဟာ တန်ဖိုးနည်းအိမ်ရာအတွက်ဆိုရင် ထိရောက်တဲ့အရောင်းစနစ် (Effective Delivery System)ကို လုံးဝမျက်ကွယ်ပြုထားကြသလိုပါပဲ။ လက်တွေ့မှာ သိန်း ၁၂၀ ပေးရမယ့် အိမ်ခန်းကို ၀ယ်ယူတဲ့အခါ ၁၀ ရာခိုင်နှုန်းကိုပဲ ပထမအရစ် Down Payment အဖြစ် လက်ငင်းပေးရမယ်ဆိုတာတောင် ငွေ ၁၂ သိန်းကို ၀င်ငွေနည်းပြည်သူတွေက ဘယ်လိုမှ မတတ်နိုင်ရှာပါဘူး။ ၃၀ ရာခိုင်နှုန်းဆိုတော့ ဘယ်လိုလုပ်ကြမလဲ။
ထိုင်းနိုင်ငံမှာ ထူထောင်တဲ့ ဘဏ်က ပုဂ္ဂလိကနဲ့ ဖက်စပ်မလုပ်ပါဘူး။ ဆောက်လုပ်ရေး (Construction)နဲ့လည်း မရောနှောပါဘူး။ တန်ဖိုးနည်းအိမ်ရာအတွက် အစိုးရက သီးခြားထောက်ပံ့ချင်လွန်းလို့ ‘‘အစိုးရအိမ်ရာဘဏ်’’ (Govt;Housing Bank)လို့ ပီပီပြင်ပြင်ထူထောင်ပြီး ဈေးကွက်စီးပွားရေးစနစ်ရဲ့ ငွေကြေးဈေးကွက်ထဲကိုပါ ထိုးဖောက်ဝင်ရောက်လာတာပါ။ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်သူနဲ့ အိမ်ရာဝယ်သူနှစ်ဦးလုံးကို ငွေချေးပါတယ်။ တန်ဖိုးနည်းအိမ်ရာကို တခြားကိစ္စ ချေးငွေဘဏ်တိုးနှုန်းထက် တမင်လျှော့ပြီး ချေးပါတယ်။ အတိုးနှုန်းအတူတူ မယူပါဘူး။ အရစ်ကိုလည်း ပိုမိုဆန့်ထုတ်ပေးပါတယ်။ ပုဂ္ဂလိကတစ်ဦးချင်း အိမ်ဆောက်ချေးငွေကိုလည်း အဲဒီဘဏ်က ထုတ်ချေးပါတယ်။ အဲဒီလိုဘဏ်မျိုး မြန်မာနိုင်ငံမှာ အနှေးနဲ့အမြန် ထူထောင်နိုင်ဖို့ ကြိုးစားကြစေချင်ပါတယ်။
‘‘ကြောင်းတူသံကွဲ’’ ဘဏ်ထဲက ဘဏ်ဆိုရင် ဘာလုပ်မှာလဲ။ ဒီကြားထဲ အိမ်ဆောက်တဲ့လူကပဲ အိမ်ဝယ်မယ့်သူအတွက် ကာလတိုချေးငွေကို တာဝန်ယူပေးရဦးမယ်ဆိုတော့ မလွယ်ပါလား။ ထပ်ပြီး မဆောက်ချင်အောင် အားပေးနေသလိုပါပဲ။ နောက်ဆုံးတော့ ကိုယ်တိုင်အာမခံပေးနိုင်တဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကိုပဲ ရောင်းချပေးတဲ့ မူတစ်ရပ်ပေါ်ပေါက်လာပြီး Target group ခမျာ အဝေးတစ်နေရာက ရောင်းကားရောင်း၏မရလို့ ငိုချင်းချရမယ်ထင်ပါရဲ့။
စတုတ္ထအရေးကြီးဆုံးအချက်ကတော့ ဆက်လက်ထိန်းသိမ်းရေးကိစ္စပါပဲ။ တန်ဖိုးနည်းအိမ်ရာတွေ အစုအဝေးနဲ့ ဖြစ်ပေါ်လာတဲ့အခါ အိမ်ရာစခန်းသစ်များ (New Housing Estate)အဖြစ် ဒေသအသီးသီးမှာ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ ရေရှည်မှာ အိမ်ထောင်စုဦးရေ ထောင်ဂဏန်းအထိမှီခိုရာ အိမ်ရာစခန်းကြီးများပါ ပေါ်ပေါက်လာနိုင်ပါတယ်။ လောလောဆယ်မှာ အိမ်ခန်းရာဂဏန်းမျှရှိရင်ပဲ အုပ်ချုပ်မှုအရ သီးခြားအိမ်ရာစခန်းတစ်ခုအဖြစ် ထူထောင်ပေးရမှာဖြစ်ပါတယ်။ အိမ်ရာစခန်းရဲ့ ဂုဏ်အင်္ဂါတွေကလည်း Master Plan မှာ ပါဝင်ပြီး ဖြစ်ပါလိမ့်မယ်။ လူတွေနေရာချထားပြီးလို့ အိမ်ရာစခန်းတစ်ခု ဖြစ်လာရင် အခန်းအတွင်းရှိ ရေ၊ မီး၊ လမ်း၊ မိလ္လာစနစ်၊ အမှိုက်သိမ်းစနစ် စတဲ့အခြေခံအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းရေး စတဲ့လုပ်ငန်းတွေကို အများစုပေါင်းပြီး ဆောင်ရွက်ဖို့အတွက် လိုက်နာရမယ့် စည်းကမ်းတွေ၊ လုပ်ငန်းနည်းစနစ်တွေ ပြဋ္ဌာန်းပေးရန် လိုအပ်ပါတယ်။
အများပိုင် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းများကို အများဝိုင်းဝန်းထိန်းသိမ်းရာမှာ မြန်မာပြည်သားတွေ အလွန်အားနည်းနေသေးတာကို နေရာအနှံ့မှာ တွေ့နိုင်ပါတယ်။ ပုဂ္ဂလိက ကန်ထရိုက်တိုက်ကအစ အစိုးရတည်ဆောက်ရောင်းချတဲ့ တန်ဖိုးနည်း၊ တန်ဖိုးများ အိမ်ရာတွေအဆုံး တိုက်ခန်းကို ဆေးပြန်သုတ်ရင် တစ်ခန်းနဲ့ တစ်ခန်းမတူအောင် သီးခြားအရောင်ခွဲပြီး သုတ်ကြပါတယ်။ ဘာဆေးမျှမသုတ်ဘဲ ရေညှိအထပ်ထပ်တက်ပြီး ညောင်ပင်တွေပေါက်ရင်လည်း ပစ်ထားလေ့ရှိကြပါတယ်။ မြေညီထပ်က ရှေ့နဲ့နောက်ကို ချဲ့ချင်ချဲ့ကြပါတယ်။ မြေပိုတွေမှာ ဆိုင်ဆောက်တဲ့လူက အတင်းဝင်ပြီး ဆောက်ပါတယ်။ ရေမြောင်းတွေ ကျိုးပေါက်ပိတ်ဆို့နေရင် မမြင်ချင်ယောင်ဆောင်လေ့ရှိကြပါတယ်။ နောက်ဖေးလမ်းကြားကို အပေါ်ထပ်က လူတွေအားလုံးက အမှိုက်ပစ်ချရာနေရာအဖြစ် ညီညွတ်စွာ လက်ခံထားကြပါတယ်။
ဒါတွေမဖြစ်အောင် ကာကွယ်ဖို့ စင်ကာပူနိုင်ငံမှာ အိမ်ရာစခန်းများကို Town Council Act ဆိုတဲ့ ဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီး လိုက်နာဆောင်ရွက်စေပါတယ်။ စည်းကမ်းချမှတ်ရုံနဲ့ လူတွေက မလိုက်နာကြပါဘူး။ မြန်မာနိုင်ငံမှာလည်း တန်ဖိုးနည်းအိမ်ရာတွေ စခန်းတွေ ရေရှည်တည်တံ့ရေးအတွက် ထိမ်းသိန်းရေးဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးဖို့ စဉ်းစားဆောင်ရွက်သင့်ပါပြီ။ ယခင် တည်ဆောက်ခဲ့တဲ့ တန်ဖိုးနည်းအိမ်ရာစခန်းများဟာလည်း တန်ဖိုးပျက်အိမ်ရာတွေ ဖြစ်ကုန်ပါပြီ။ ဒါကြောင့်မို့ စည်းကမ်းချက်နဲ့ပဲ ပစ်ထားရင်တော့ အချိန်တိုကာလအတွင်း Low cost slums ခေါ်တဲ့ တန်ဖိုးနည်း အဆင့်နိမ့်ရပ်ကွက်အသစ်တွေသာ နိုင်ငံအနှံ့တိုးပွားလာမှာ အလွန်ပင် သေချာလှပါတယ်။

Ref : 7day

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဘဏ်နှင့် ချိတ်ဆက်၍ ဆိုင်ခန်းများ၊ တိုက်ခန်းများ ငှားဝယ်စနစ်နှင့် ဝယ်ယူနိုင်ရန် မန်းစည်ပင် စီစဉ်

မန္တလေးစည်ပင်သာယာရေး ကော်မတီက ရောင်းချမည့် ဈေးဆိုင်ခန်းများ၊ တိုက်ခန်းများ၊ တန်ဖိုးနည်း အိမ်ရာများကို ငွေလက်ငင်းစနစ်နှင့် ပေးချေဝယ်ရန် အခက်အခဲရှိသည့် သူများအတွက် ဘဏ်နှင့် ချိတ်ဆက်ပြီး (ငှား၊ ဝယ်စနစ်) ဝယ်နိုင်အောင် စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ တကယ်အသုံးလိုသည့် သူများအတွက် တစ်ခါတည်း ငွေမလုံးအရင်းနှင့် မပေးချေနိုင်၍ မပိုင်ဆိုင်တာမျိုး မဖြစ်ရအောင် ယခုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။ စည်ပင်သာယာက ရောင်းချမည့် တိုက်ခန်း၊ ဆိုင်ခန်း၊ တန်ဖိုးနည်း အိမ်ရာများကို ဝယ်ယူချင်သူများအနေဖြင့် စည်ပင်သာယာနှင့် ချိတ်ဆက်ထားသည့် ဘဏ်တွင် ငွေစာရင်း အကောင့်ဖွင့်ထားပြီး သတ်မှတ်ထားသည့် တန်ဖိုးငွေကို အရစ်ကျပေးသွင်းရမည် ဖြစ်သည်။ ဘဏ်က ငွေတန်ဖိုး အကုန်လုံးကို စည်ပင်သာယာသို့ စိုက်ထုတ်ပေးထားမှာဖြစ်ပြီး ဝယ်ယူမည့်သူ အနေဖြင့် ဘဏ်ကို ငွေအကျေ ပေးသွင်းပြီးမှသာ ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ “ဝယ်ချင်တဲ့သူကလဲ ငွေတစ်ခါတည်း အလုံးအရင်းလိုက် ပေးစရာမလိုဘဲ ဝယ်နိုင်မယ်၊ စည်ပင်ကလဲ ဘဏ်က ငွေအလုံးအရင်း တစ်ခါတည်း ရတဲ့အတွက် မြို့ဖွံ့ဖြိုးရေးအတွက် ပိုလုပ်နိုင်မယ်၊ ဘဏ်အနေနဲ့ကလဲ အတိုးရမယ်၊ ဒီစနစ်က သုံးဦး သုံးဖလှယ် အဆင်ပြေမယ့် စနစ်ပါ” ဟု စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ “ဘယ်ဘဏ်နဲ့ ချိတ်ဆက်မယ်ဆိုတာ အခုမှ စီစဉ်နေတုန်းဆိုတော့ သေချာမပြောနိုင်သေးဘူး။ လောလောဆယ် အသစ်ဆောက်မယ့် ၄၁ လမ်း ကုန်စိမ်းဈေး ဆိုင်ခန်းတွေကို အဲဒီစနစ်နဲ့ စရောင်းပေးဖို့လဲ စီစဉ်ထားတယ်” ဟု ၄င်းက ဆက်လက် ပြောကြားခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

GP နှင့် SP ခြားနားခြင်း သိကောင်းစရာ



GP ( General Power )
---------------------------
အထွေထွေကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ အခြားလူတစ်ဦးကို မိမိ၏ ပိုင်းရေးဆိုင်ခွင့် အားလုံးကို စီမံခန့်ခွဲနိုင်ပြီး မိမိ၏ ကိုယ်စား အလုံးစုံဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ G.P ခေါ် အထွေထွေ ကိုယ်စားလှယ်လွဲစာ ကို ပေးအပ်ခြင်းဖြစ်ပါသည်။
S.P ( Special Power )
---------------------------
အထူးကိုယ်စားလှယ်လွှဲစာဟု အဓိပ္ပါယ်ရပြီး လူတစ်ဦးမှ မိမိပိုင်းရေးဆိုင်ခွင့်အားလုံးထဲမှ တစ်စုံတစ်ခုကို သီးသန့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ S.P ခေါ် အထူးကိုယ်စားလှယ် လွှဲစာကို ပေးအပ်ခြင်း ဖြစ်ပါသည်။
( အထူးသဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လုပ်ရာတွင် အမည်ပေါက် ပိုင်ဆိုင်သူမှ တဆင့် ဝယ်ယူသို့ရောင်းချရာတွင် ဝယ်ယူသူအမည်ပေါက်ရရှိရေးအတွက် သက်ဆိုင်ရာ ရုံးဌာန အသီးသီးတွင် လိုက်လံ ဆောင်ရွက်နိုင်ရန် Special Power ကိုသာ ပေးလေ့ရှိပါသည်။
- S.P ပေးသည်ဆိုရာ၌ မြေ အမည်ပေါက်သူ ကိုယ်တိုင် ပေးရမည်ဖြစ်ပြီး မြေကွက်တစ်ခု၏ S.P ရထားသူမှ အခြားသူတစ်ဦးသို့ ယင်းမြေကွက်နှင့် ပတ်သက်ပြီး ထပ်ဆင့် S.P ပေးလို့မရပါ။
- S.P သို့ G.P ပေးသူ ကွယ်လွန်သွားပါက ယင်း S.P (သို့) G.P မှာ ပျက်ပျယ်သွားမည်ဖြစ်ပါသည်။
- S.P ပေးလို့ရသော မြေများမှာ ဂရံမြေ၊ ဘိုးဘွားပိုင်မြေ ( မြေပိုင်မြေ )၊ လန -၃၉ နှင့် ၃ ( ခ ) တို့ဖြစ်ပြီး စလစ်မြေ၊ ပါမစ်မြေ၊ ကျူးကျော်မြေ တို့မှ S.P ပေးလို့ မရပါ။
- လယ်မြေ နှင့် ဥယျဉ်ခြံမြေ တို့တွင် အမည်ပေါက် ပုံစံ (၇) ကျပြီးပါက S.P ပေးလို့ရပါသည်။
- S.P (သို့) G.P ပေးရာတွင် သက်ဆိုင်ရာ ကြေးတိုင်းနှင့် မြေစာရင်းရုံးတွင် မှတ်ပုံတင်အရာရှိရှေ့တွင် မှတ်ပုံတင်ပြီး ပေးမှ တရားဝင်မည်ဖြစ်ပါသည်။
- G.P / S.P တွင် ပေးသူ၊ လက်ခံသူ၊ သက်သေ (၂) ဦး၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ နှင့်တကွ ပေးအပ်မည့် ပစ္စည်းကို သေချာစွာ ဖော်ပြ၍ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။

Source : မဖြူဖြူလွင်

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate