မြေယာဈေးကြီးမြင့်မှု အဖြေရှာထိန်းချုပ်ရန် နိုင်ငံတော်အဆင့်ဆွေးနွေးမည်

တစ်နိုင်ငံလုံးတွင် မြေယာဈေးနှုန်းကြီးမြင့်နေခြင်းကို အဖြေ ရှာခြင်းနှင့် ထိန်းချုပ်ခြင်းများ ပြု လုပ်ရန် ဗဟိုအစိုးရက နိုင်ငံတော် အဆင့်ဆွေးနွေးပွဲတစ်ရပ်ပြုလုပ် ရန် စီစဉ်နေကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ အင် ဂျင်နီယာမှူးကြီး တစ်ဦးကပြော ကြားသည်။

‘‘မြေဈေးကြီးတဲ့ ကိစ္စက တစ်နေရာတည်းမှာ ဖြစ်နေတာ မဟုတ်ဘဲ တစ်နိုင်ငံလုံးဖြစ်နေ တာပါ။ ဒါကြောင့်ဒီကိစ္စကို အမြန်ဆုံး ဆွေးနွေးပွဲတစ်ခုလုပ်ပြီး ဆောင်ရွက်တော့မှာပါ’’ဟု အဆို ပါ အင်ဂျင်နီယာမှူးကြီးက ပြော သည်။

ယင်းဆွေးနွေးပွဲကို ယခုနှစ် အောက်တိုဘာမတိုင်မီ ပြုလုပ် ရန် စီစဉ်ထားပြီး ဗဟိုအစိုးရအပါ အ၀င်သက်ဆိုင်ရာ ၀န်ကြီးဌာန များ၊ အရပ်ဘက်လူ့အဖွဲ့အစည်း မှ စီးပွားရေးပညာရှင်များ စုစည်း ပါဝင်လုပ်ဆောင်သွားမည်ဖြစ် ပြီး တစ်နိုင်ငံလုံး၏ မြေဈေးကြီး မြင့်မှုကို အဖြေရှာသွားမည်ဖြစ် ကာ လက်ရှိမြင့်တက်နေသည့် မြေဈေးကို ထိန်းချုပ်သွားရန်လည်းမူဝါဒအချို့ချမှတ်သွားရန် စီစဉ် နေကြောင်း အထက်ပါအင်ဂျင်နီ ယာမှူးကြီးကရှင်းပြသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ကြီး မြင့်လာသည့် မြေဈေးကို ထိန်း ချုပ်ရန် အစိုးရက ချမှတ်ခဲ့ရာတွင် မူဝါဒ အမျိုးမျိုး အောင်မြင်မှု နည်းပါးခဲ့၍အစိုးရက အခွန်စနစ်ဖြင့်သာ ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ ကြောင်း စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်က ပြောသည်။

အိမ်ခြံမြေ လောကတွင် ကောလာဟလများကြောင့်သာ မကြာခဏအရောင်းအ၀ယ်အေး နေတတ်ပြီး စီမံကိန်းနေရာများရှိ ခြင်းကို ခန့်မှန်းဈေးခေါ်ရောင်းချမှု ဈေးကစားသူများအပြင် ၀ယ်ယူ ပြီး ဈေးတက်ရန် မြေသိုလှောင်နေသူများကြောင့်လည်းဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း အထက်ပါလုပ်ငန်းရှင်ကဆိုသည်။

ရန်ကုန်တွင် မြေဈေးအပါ အ၀င် လူနေတိုက်ခန်းများ ဈေး နှုန်းကြီးမြင့်နေမှုမှာ တစ်ဦးချင်းစီ ၏ စီးပွားရေးမကောင်းခြင်းနှင့်ဝင် ငွေနည်းပါးခြင်းတို့ကြောင့်ဖြစ်ပြီး အစိုးရအနေဖြင့် တိုင်းပြည်၏ စီး ပွားရေးကောင်းမွန်လာအောင် လုပ်နိုင်မှသာ ၀ယ်ယူနိုင်စွမ်းမြင့် မားလာနိုင်ကြောင်း၊ လက်ရှိရောင်းချနေသည့် အိမ်ရာများကိုမူ ဈေးနှုန်းလျှော့၍ မရောင်းချနိုင်သေးကြောင်း Three Friends ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးကိုကိုလေးကဆိုသည်။

Ref : 7 days Daily


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးမည်ဟု အစိုးရအဖွဲ့ ပြောကြား

ဝင်ငွေနည်း ပြည်သူများအတွက် သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာများ စီစဉ်ဆောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်က ယနေ့ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ၃၃ ရက်မြောက်နေ့ အစီအစဉ်တွင် အစိုးရအဖွဲ့ကိုယ်စား ပြောကြားခဲ့သည်။

“တန်ဖိုးနည်းတိုက်ခန်းတွေကို ကျပ်သိန်း ၁၀၀ အောက် ရောက်ရှိစေရေးအတွက် နိုင်ငံတော်က Infrastructure အခြေခံအဆောက်အအုံလုပ်ငန်းတွေမှာ စိုက်ထုတ်အကုန်အကျခံရပါမယ်။ အဲဒီအတွက် ပြည်ထောင်စုအစိုးရထံ တင်ပြဆောင်ရွက်သွားပါ့မယ်”ဟု ၎င်းက အလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ အမေးကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

တန်ဖိုးနည်းအိမ်ရာများရှိ တိုက်ခန်းတစ်ခန်းတန်ဖိုးမှာ မြေတန်ဖိုးမပါဘဲ ပျမ်းမျှကျပ်သိန်း ၁၂၀ ခန့် ရှိနေသည်။ မြို့ပြလုပ်ငန်း(Civil Work) အဖြစ် သိန်းတစ်ရာအောက်ဖြစ်အောင် ဆောက်လုပ်နိုင်သော်လည်း ထရန်စဖော်မာအပါအ၀င် အတွင်း အပြင် လျှပ်စစ်လုပ်ငန်း၊ ရေသွယ်လုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ ရေဆိုးသန့်စင်လုပ်ငန်းတို့အပြင် ကွန်ကရစ်လမ်းနှင့် အုတ်ရေမြောင်းတို့ကိုပါ ပြည့်စုံစွာ စီမံဆောင်ရွက်ပေးရသဖြင့် အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ သို့ ရောက်ရှိရခြင်းဖြစ်သည်ဟု ဒု- ၀န်ကြီးက လွှတ်တော်သို့ ရှင်းပြသည်။

ကျပ်သိန်း ၁၀၀ အောက်သို့ ရောက်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနသည်တန်ဖိုးသင့်တင့်အိမ်ရာများ (Affor-dable Housing)နှင့်အဆင့်မြင့်အိမ်ရာများအား ပုဂ္ဂလိကလုပ် ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းကာ တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတန်ဖိုးများ လျော့ကျစေသည့် နည်းလမ်းကို အသုံးပြုနေသည်ဟုလည်း ၎င်းကပြောသည်။

“ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ စနစ်အရ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ၀င်ငွေနည်း ပြည်သူတွေရဲ့ တန်ဖိုးနည်းအိမ်ရာများကို ထောက်ပံ့ဖြည့်ဆည်းပေးခြင်း (Cross Subsidy) ဖြင့် တိုက်ခန်းတန်ဖိုးများ လျော့နည်းလာစေရန် စီမံဆောင်ရွက်လျက်ရှိပါတယ်”ဟု ဒု-၀န်ကြီးက ပြောသည်။

အလုံအမတ် ဦးခိုင်မောင်ရည်၏ ဒုတိယမေးခွန်းဖြစ်သော “တန်ဖိုးနည်း အိမ်ရာများ ၀ယ်ယူနိုင်စွမ်းမရှိသေးသည့် ၀င်ငွေနည်း ၀န်ထမ်းများ၊ ပင်စင်စားများအတွက် အငှားအိမ်ရာများ (Public Rental Housing) များ စီစဉ်ပေးနိုင်မှု ရှိ၊ မရှိဟူသည့် အမေးနှင့်ပတ်သက်၍လည်း ဦးစိုးတင့်က “အငှားအိမ်ရာတွေကို မြို့ပြစီမံကိန်းများအရ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနဲ့ ညှိနှိုင်းပြီး ဘဏ္ဍာငွေခွင့်ပြုမှု၊ အိမ်ရာ မြေနေရာရရှိမှု၊ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များရဲ့ ပူးပေါင်းဆောင်ရွက်မှုတို့အပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားပါမယ်”ဟု ဖြေကြားခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက လက်ရှိဆောက်လုပ်နေသည့် လှိုင်သာယာမြို့ နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို အပိုင်းသုံးပိုင်းခွဲပြီး တည်ဆောက်လျက်ရှိရာ ယခုအခါ ပထမအဆင့်ပြီးစီးပြီဖြစ် ၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအမံဖြင့် ရောင်းချသွားရန် ၂၀-၆-၂၀၁၄ နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားကြောင်း၊ ဆက်လက်တည်ဆောက်နေသည့် အပိုင်း(၂) နှင့်(၃)တို့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြီးစီးမည်ဟု ဆိုသည်။

မြန်မာနိုင်ငံရှိ လူဦးရေ တစ်သိန်းအထက်ရှိပြီး စီးပွားရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အချက်အချာကျသော မြို့ကြီး ၅၆ မြို့ တွင် မြို့ပြစီမံကိန်းများ ရေးဆွဲလျက်ရှိသည်ဟု ဒုတိယ၀န်ကြီးက ပြောသည်။

Ref : Mizzima


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

လှိုင်သာယာရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာဝယ်ချင်ရင် ၃၁.၇.၂၀၁၄ နေ့မတိုင်မီ အမြန်လျှောက်ကြပါ

၁၁.၇.၂၀၁၄ နေ့ထုတ်ကြေးမုံသတင်းစာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွာသာကြီးဘူတာအနီးတွင် မြန်မာမီးရထားပိုင် စီမံကိန်းမြေနေရာမှာ “ကုန်းတွင်းအိမ်” တည်ဆောက်တော့မယ်လို့ သတင်းစာမှာဖတ်ရှုရတာနဲ့ အိမ်ခြံမြေအရောင်းအ၀ယ်သမားတွေကတော့ တပ်နှင့်ချီပြီး ရွာသာကြီးဘူတာအနီးမှာ မြေကွက်အရောင်းအ၀ယ်တွေလုပ်ဖို့ ဈေးကစားနေကြပြီလေ။ သူတို့တွေအလုပ်ရှုပ်နေပေမယ့်လည်း ရောင်းစရာ မြေတစ်ကွက်မှမရှိတဲ့ ကျွန်ုပ်တို့အဖို့ အဝေးကသွားရေကျပြီး ရွာသာကြီးဘူတာက ရထားစီးပြီး မြို့ ထဲထွက်လာခဲ့တယ်။ မြို့ ထဲရောက်တော့ ရန်ကုန်မြို့ တော်ခန်းမရှေ့ ရောက်လာတယ်။ လူရှင်းနေတယ်။ အဆောက်အအုံငှာနအောက်မှာ ဗိုလ်ဗထူးအိမ်ရာနဲ့ ဗိုလ်မင်းရောင်အိမ်ရာ မဲပေါက်သူများစာရင်းကို ကြေညာထားတာတွေ့ရတယ်။ မဲပေါသူများစာရင်းဖတ်နေစဉ် “ရွှေလင်ဗန်းတန်ဖိုနည်းအိမ်ရာတိုက်ခန်းလျှောက်လွှာတွေရမယ်” ဆိုတော့ စာရေးသူလည်းစိတ်ဝင်စား သွားတယ်။ ဒါနဲ့လျှောက်လွှာပုံစံတစ်စုံ ၅၀၀ ပေးပြီး ဖတ်ကြည့်လိုက်တယ်။ လျှောက်လွှာပုံစံနဲ့အတူ ဆောက်လုပ်ပြီးတိုက်ခန်းများအရေအတွက်၊ အခန်းရောင်းဈေးများပါ ဖော်ပြထားတာကိုတွေ့ရတယ်။“ ၃ သိန်းဝင်ငွေရှိသူတိုင်းလျှောက်လို့ရတဲ့ရွှေလင်ဗန်းအိမ်ရာ” အသက် ၂၅ နှစ်ပြည့်သူ နိုင်ငံသားတိုင်းလျှောက်ထားနိုင်တာကိုတွေ့ရတယ်။ တစ်လအနည်းဆုံးဝင်ငွေ ၃ သိန်းရှိရမတဲ့။ စည်းကမ်းချက်အသေးစိတ်သိလိုရင်တော့ လှိုင်သာယာမြို့ နည်အထွေထွေအုပ်ချုပ်ရေးဦးစီးငှာနမှာ သွားပြိးစုံစမ်းရမယ်။ ၃၁.၇ .၂၀၁၄ ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမယ်။ မဲစနစ်နဲ့တိုက်ခန်းနေရာချထားပေးမယ်လို့လည်းဖော်ပြထားတယ်။ စာဖတ်သူများလည်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့  အသိပေးကြေညာချက်နဲ့ စည်းကမ်းချက်များကိုဖတ်ပြီး စာတိုက်မှတစ်ဆင့်ပေးပို့ လျှောက်ထားနိုင်ကြောင်းသိရပါတယ်။ စိတ်ဝင်စားသူများအသိနောက်မကျစေဖို့ “တိုက်ခန်းလျှောက်လွှာပုံစံ” အပြည့်အစုံကိုဖော်ပြလိုက်ပါတယ်။
“မသိသူကျော်သွားပေမဲ့သိသူရွှေလင်ဗန်းကို အမြန်သွားကြပါစို့” “အသိပေးကြေညာချက်”
၁။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ နယ် ၊ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းတွင် တစ်ခန်းလျှင် ၄၆၈ စတုရန်းပေစီရှိ ၆ ခန်းတွဲ ၄ ထပ် (Steel Structure ) Hall Type ၁၈ လုံး၊ ၆ ခန်းတွဲ ၄ ထပ် ၊ (RCC Structure ) Hall Type ၆ လုံး၊ စုစုပေါင်းတိုက်ခန်း ၂၄ လုံး၊ စုစုပေါင်းအခန်း ၅၇၆ ခန်းအားတည်ဆောက်ပြီးစီးပြီးဖြစ်ပါသည်။

၂။ အဆိုပါတိုက်ခန်းများအရစ်ကျ ငွေပေးချေစနစ်နှင့် ဘဏ်ချေးငွေဖြင့် ၀ယ်ယူသည့်စနစ်များဖြင့် ၀ယ်ယူနိုင်ပါသည်။ ရောင်းချမည့်ဈေးနှုန်းများကို အောက်ပါအတိုင်းသတ်မှတ်ထားပါသည်။ (က) ၆ ခန်းတွဲ ၄ ထပ် (Steel Structure)တွင် မြေညီထပ်ကျပ် ၁၂၀ သိန်း၊ ပထမထပ် ကျပ် ၁၁၅ သိန်း၊ ဒုတိယထပ်ကျပ် ၁၁၃ သိန်း၊ တတိယထပ်ကျပ် ၁၁၀ သိန်း၊ (ခ) ၆ ခန်းတွဲ ၄ ထပ် (RCC Structure) တွင် မြေညီထပ် ကျပ် ၁၂၅ သိန်း ၊ ပထမထပ် ကျပ် ၁၂၂ သိန်၊ ဒုတိယထပ်ကျပ် ၁၁၉ သိန်း၊ တတိယထပ်ကျပ် ၁၁၆ သိန်း။

၃။ လျှောက်ထားသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ပြီး အသက် ၂၅ နှစ်ထက်မငယ်သူဖြစ်ရမည်။ လစဉ်မိသားစုဝင်ငွေ စုစုပေါင်းကျပ် ၃ သိန်းရှိရမည်ဖြစ်ပြီး ၇ သိန်းကျပ်ထက်မကျော်လွန်သော ၀င်ငွေရှိမိသားစုဖြစ်ရမည်။ စည်းကမ်းချက်အသေးစိတ်အား မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးငှာနများတွင် စုံစမ်းနိုင်ပါသည်။

၎။ လျှောက်ထားသူသည် ကြော်ငြာသင်ပုန်းတွင်ကပ်ထားသည့် ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ ၊ တိုက်ခန်းလျှောက်လွှာပုံစံကို မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့  ၃၁.၇.၂၀၁၄ ရက်နေ့နောက်ဆုံးထား၍ စာတိုက်မှတစ်ဆင့် မှတ်ပုံတင်ပေးပို့ လျှောက်ထားရမည်။

၅။ တိုက်ခန်းများနေရာချထားမှုကို မဲစနစ်ဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး မဲနှိုက်မည့်အစီအစဉ်ကို ထပ်မံကြေညာမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ “ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့” “စည်းကမ်းချက်များ” ၁။ လျှောက်ထားသူသည် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။ (နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ ပူတွဲတင်ပြရမည်။) ၂။ အသက် ၂၅ နှစ်မငယ်သူဖြစ်ရမည်။ ၃။ တန်ဖိုးနည်းတိုက်ခန်းများအား နိုင်ငံဝန်ထမ်းများ၊ ပြည်သူများ၊ အငြိမ်းစားများ၊ အသင်းအဖွဲ့ဝင်များ၊ ကုမ္မဏီဝန်ထမ်းများနှင့် ပုံမှန်ဝင်ငွေရှိသောသူများ စသည်ဖြင့်မဲစနစ်ဖြင့်ရောင်းချမည်ဖြစ်ရာ- (က) နိုင်ငံဝန်ထမ်းများသည် ၀န်ထမ်းဖြစ်ကြောင်းသက်ဆိုင်ရာအကြီးအကဲငှာန၏ ထောက်ခံချက်ပါရှိရမည်။ (၀န်ထမ်းကတ်မိတ္တူ ပူတွဲတင်ပြရမည်။) (ခ) ပြည်သူများဖြစ်ပါက ပုံမှန်ဝင်ငွေရှိကြေင်းအာမခံပေးသူ ၂ ဦး၏ထောက်ခံချက်ပါရှိရမည်။ (ဂ) အငြိမ်းစားများဖြစ်ပါက အငြိမ်းစာလစာထုတ်ယူခွင့်စာအုပ်မိတ္တူ ဖြင့် တင်ပြလျှောက်ထားရမည်။ (ဃ) အသင်းအဖွဲ့ဝင်ဖြစ်ပါက အသင်းဝင်/အဖွဲ့ဝင်ကတ်ပါရှိရမည်။ (င) ကုမ္မဏီဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာကုမ္မဏီအကြီးအကဲ၏ထောက်ခံချက်ပါရှိရမည်။ ၄။ တန်ဖိုးနည်းတိုက်ခန်းများအား နည်းလမ်း ၂ သွယ်ဖြင့်ဝယ်ယူနိုင်ပါသည်။ (က) တိုက်ခန်းတန်ဖိုအား အရစ်ကျစနစ် ၄ လအတွင် ၄ ရစ်ဖြင့်အကြေပေးချေသောစနစ်၊ (ခ) ဘဏ်ချေးငွေဖြင့်ပေးယူသောစနစ်၊ (ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ပြီး ဘဏ်ချေးငွေအား ၄ နှစ်သတ်မှတ်၍ တိုက်ခန်းတန်ဖိုးအား ၄ နှစ်အတွင်း အရစ်ကျအကြေပေးချေရန်ဖြစ်ပါသည်။) ၅။ တန်ဖိုးနည်းတိုက်ခန်းဝယ်ယူရန်အတွက် လျှောက်ထားသူ၏လစဉ်မိသားစုဝင်ငွေစုစုပေါင်း အနည်းဆုံးကျပ် ၃ သိန်းရှိရမည်ဖြစ်ပြီး ၇ သိန်းထက်မကျော်လွန်သော ၀င်ငွေရှိမိသားစုဖြစ်ရမည်။

၆။ တန်ဖိုးနည်းတိုက်ခန်းဝယ်ယူရန် အတွက် လစဉ်မိသားစုဝင်ငွေစုစုပေါင်း ကျပ် ၃ သိန်းရှိ၍ ကျပ် ၇ သိန်းထက်မကျာ်လွန်ကြောင်း နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာငှာနအကြီးအကဲ၏ ထောက်ခံချက် ၊ ပြည်သူများ၊ အငြိမ်းစားများနှင့် အသင်းအဖွဲ့ဝင်များမှာ အာမခံပေးသူ ၂ ဦး၏ထောက်ခံချက်ပါရှိရမည်။ ကုမ္မဏီဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာကုမ္မဏီအကြီးအကဲ၏ ထောက်ခံချက်တို့ပါရှိရမည်။

၇။ တိုက်ခန်းဝယ်ယူခွင့်ရရှိသူမှ ကိုယ်တိုင်နေထိုင်ရမည်ဖြစ်ပြီး ၅ နှစ်အတွင်းငှားရမ်းခြင်း ၊ တစ်ဆင့်လွှဲပြောင်းရောင်းချခြင်းမပြု လုပ်ရ။ အခါအားလျော်စွာစစ်ဆေးတွေ့ရှိပါက တိုက်ခန်းအားပြန်လည်သိမ်းယူမည်ဖြစ်ပြီး စည်းကမ်းပျက်အမည်စာရင်း (Black List) သတ်မှတ်၍ တိုက်ခန်းလျှောက်လွှာထပ်မံတင်သွင်းခွင့်အား ရပ်ဆိုင်းခံရမည်ဖြစ်သည်။

၈။ သတ်မှတ်ကာလ ၅ နှစ်ပြည့်ပြီးနောက် ပြန်လည်ရောင်းချလိုပါက ရရှိထားသောတန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများကို အခြားအများပြည်သူများသို့ ပြန်လည်ရောင်းချနိုင်ရန်အတွက် မြို့ ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးငှာနမှ သတ်မှတ်သော တန်ဖိုးဖြင့် ငှာနသို့ပြန်လည်အပ်နှံရောင်းချရမည်။

၉။ အရစ်ကျစနစ် ၄ လအတွင်း ၄ ရစ်ဖြင့်အကြေပေးသွင်းသောစနစ် ဖြင့်ဝယ်ယူပါက မြို့ ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးငှာနသို့ ဆက်သွယ်ဆောင်ရွက်ရမည်။

၁၀။ ဘဏ်ချေးငွေစနစ်ဖြင့်ဝယ်လိုပါက အရစ်ကျ ၄ နှစ်ဖြင့် အောက်ပါအတိုင်းပေးသွင်းရမည်။ (က) တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းနှင့်ဘဏ်ဝန်ဆောင်ခ ၁ ရာခိုင်နှုန်းကို လက်ငင်းပေးသွင်းရပါမည်။ (ခ) ကျန် ၇၀ ရာခိုင်နှုန်းကို ပထမနှစ်တွင် အတိုးနှုန်း ၉ ရာခိုင်နှုန်း၊ ဒုတိယ၊ တတိယ၊ စတုတ္တနှစ်တို့တွင် အတိုးနှုန်း ၅ ရာခိုင်နှုန်းစီဖြင့် ပေးသွင်းရပါမည်။

၁၁။ ဘဏ်ချေးငွေဖြင့် တိုက်ခန်းဝယ်ယူခွင့်ရရှိသူသည် မြို့ ရွာနှင့်အိုးအိမ်ဦးစီးငှန၏ ထောက်ခံချက်ဖြင့် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်ရမည်။

shwesathtagan


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဝင်ငွေနည်းသူများအတွက် ရွှေလင်ပန်းအိမ်ရာ တိုက်ခန်းများ စတင်ရောင်းပြီ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ တိုက်ခန်းများ ဆောက်လုပ်ပြီးသွားပြီဖြစ်၍ ပြည်သူများ ဝယ်ယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး စာတိုက်မှတစ်ဆင့် လျှောက်ထားရန် သက်ဆိုင်ရာက နှိုးဆော်ချက် ထုတ်ပြန်ထားသည်။ အဆိုပါ စီမံကိန်းတွင် တစ်ခန်းလျှင် ၄၆၈ စတုရန်းပေစီရှိသော ခြောက်ခန်းတွဲ လေးထပ်တိုက် (Steel Structure) Hall Type ၁၈ လုံး၊ ခြောက်ခန်းတွဲ လေးထပ် (RCC Structure) Hall Type ခြောက်လုံး၊ စုစုပေါင်း ၂၄ လုံး၊ အခန်းပေါင်း ၅၇၆ ခန်းကို တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သည်။ ယင်းတိုက်ခန်းများကို အရစ်ကျ ငွေချေစနစ်ဖြင့် လည်းကောင်း၊ ဘဏ်ချေးငွေစနစ်ဖြင့် လည်းကောင်း ဝယ်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။ တိုက်ခန်းတန်ဖိုးမှာ ခြောက်ခန်းတွဲ လေးထပ် (Steel Structure) တွင် မြေညီထပ် ငွေကျပ် သိန်း ၁၂၀၊ ပထမထပ် ၁၁၅ သိန်း၊ ဒုတိယထပ် ၁၁၃ သိန်းနှင့် တတိယထပ် သိန်း ၁၁၀ သတ်မှတ်ထားသည်။ ခြောက်ခန်းတွဲ လေးထပ် (RCC Structure) တွင် မြေညီထပ် ငွေကျပ် ၁၂၅ သိန်း၊ ပထမထပ် ၁၂၂ သိန်း၊ ဒုတိယထပ် ၁၁၉ သိန်းနှင့် တတိယထပ် ၁၁၆ သိန်း သတ်မှတ်ထားသည်။ တိုက်ခန်းဝယ်ယူရန် လျှောက်ထားသူများသည် ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး အသက် ၂၅ ထက် မငယ်သူဖြစ်ရမည် ဖြစ်ကြောင်း၊ လစဉ် မိသားစုဝင်ငွေ စုစုပေါင်း ငွေကျပ် ကျပ်သုံးသိန်း ရှိရမည်ဖြစ်ကြောင်း၊ ဝင်ငွေမှာလည်း ကျပ်ခုနှစ်သိန်းထက် မကျော်လွန်ရကြောင်း ဖော်ပြထားသည်။ အဆိုပါ တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများ၊ ဝင်ငွေနည်း မိသားစုများ၊ အငြိမ်းစားဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများကို ဦးစားပေး ရောင်းချသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကြေညာချက်တွင် ဖော်ပြထားချက်အရ သိရသည်ဟု ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဝင်ငွေနည်းပြည်သူများအတွက် တန်ဖိုးနည်းတိုက် ခန်းများ

ဝင်ငွေနည်းပြည် သူများအတွက် တန်ဖိုးနည်းတိုက် ခန်းများ ၀ယ်ယူနိုင်ရန် ကျပ်သိန်း တစ်ရာအောက် ရောက်ရှိရေး ပြည်ထောင်စုအစိုးရထံ တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဦးစိုးတင့်က ပြောသည်။

‘‘တန်ဖိုးနည်းတိုက်ခန်းများ အား ကျပ်သိန်းတစ်ရာအောက် ရောက်ရှိစေရေးအတွက် နိုင်ငံ တော်မှ အခြေခံအဆောက်အအုံ လုပ်ငန်းများ (Infrastructure) လုပ်ငန်းများအား စိုက်ထုတ်ကုန် ကျခံနိုင်ရေးအတွက် ပြည်ထောင် စု အစိုးရထံ တင်ပြဆောင်ရွက် သွားမှာဖြစ်ပါတယ်’’ ဟု ဇူလိုင်လ ၂၂ ရက်တွင် ကျင်းပသော ပြည် သူ့လွှတ်တော်အစည်းအဝေး၌ ဒုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ် သည်။

တန်ဖိုးနည်းအိမ်ရာများ၏ တိုက်ခန်းတစ်ခန်းတန်ဖိုးမှာ မြေ တန်ဖိုးများ ထည့်သွင်းမတွက် ချက်သော်လည်း ပျမ်းမျှအားဖြင့် ကျပ်သိန်း ၁၂၀ ခန့်ရှိကြောင်း ဆောက်လုပ်ရေးဒုဝန်ကြီးက လွှတ်တော်သို့တင်ပြခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအနေဖြင့် တန်ဖိုးနည်း အိမ်ရာများကို ဆောက်လုပ်ပါက လက်ရှိမြင့်တက်နေသည့် ဆောက် လုပ်မှုကုန်ကျစရိတ်များကြောင့် ကျပ်သိန်း ၁၀၀ ဖြင့် ရောင်း၍မရနိုင်ကြောင်း ခေတ်၏အခြေအနေအရ လူနေထိုင်ရန် ပြည့်စုံလုံလောက်သည့် အခန်းပေအကျယ် ၀န် ဆောင်မှုများဖြင့် ပြည့်ပြည့်စုံစုံ ဆောက်လုပ်ပါက သိန်း ၁၀၀ အ ထက်ဖြင့် ရောင်းချနေရကြောင်း three friends ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကိုကိုလေးက ဆိုသည်။

လက်ရှိအခြေအနေတွင် တန် ဖိုးနည်းအိမ်ရာများ ၀ယ်ယူနိုင် ခြင်းမရှိသေးသည့် ၀င်ငွေနည်း နိုင်ငံဝန်ထမ်းများ၊ ပင်စင်စားများ၊ ၀င်ငွေနည်း ပြည်သူများအတွက် အငှားအိမ်ရာများကို မြို့ပြစီမံ ကိန်းများအရ သက်ဆိုင်ရာ တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရများ နှင့် ညှိနှိုင်းလျက်ရှိပြီး ပြည်ထောင် စုအစိုးရ၏ ဘဏ္ဍာငွေခွင့်ပြုမှု၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဘဏ္ဍာငွေခွင့်ပြုမှု၊ အိမ်ရာ ဆောက်လုပ်ရန် မြေနေရာရရှိမှု၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ပူး ပေါင်းဆောင်ရွက်မှုတို့အပေါ် မူ တည်၍ ဆောင်ရွက်သွားမည်ဟု လည်း ဆောက်လုပ်ရေး ဒုဝန်ကြီး က ပြောသည်။

လက်ရှိ နိုင်ငံတွင် အိမ်ရာဝယ်ယူလိုသူများအား ချေးငွေထုတ်ချေးမည့် ဘဏ်စနစ်ပြည်တွင်း၌ အားမကောင်းသေးသဖြင့်ဝယ်ယူလိုသူများဘက်က အခက်အခဲရှိနေခြင်းဖြစ်ပြီး ဘဏ်စနစ်အားကောင်း၍ ချေးငွေများ ချေး၍ ရပါက လက်ရှိရောင်းချနေသည့် အိမ်ရာတန်ဖိုး ပေါက်ဈေးအတိုင်း ၀ယ်ယူနိုင်ဖွယ်ရှိကြောင်း မြမြင့်မိုရ်ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက ဆိုသည်။

လက်ရှိ အိမ်ရာဝယ်လိုသူ များကို ချေးပေးမည်ဆိုသည့် အ သစ်ဖွင့်လှစ်လိုက်သော ဆောက် လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်အနေဖြင့်လည်း လုပ်ငန်း လည်ပတ်မှု နည်းပါးနေသေးပြီး အမှန်တကယ် အိမ်ရာဝယ်ယူလို သူများကို ငွေမချေးပေးနိုင်သေး ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်များက ပြောသည်။

အိမ်ရာမရှိသေးသည့် ပြည် သူများအတွက် တန်ဖိုးသင့်၊ တန် ဖိုးနည်း၊ တန်ဖိုးသက်သာ အိမ်ရာ များနှင့် အိမ်ငှားရမ်းခ သက်သာ သော အိမ်ငှားတိုက်ခန်းများကို နိုင်ငံတော်က တည်ဆောက်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးခိုင်မောင်ရည်၏ မေးမြန်းမှုကို ဆောက်လုပ်ရေးဒုဝန်ကြီး ဦးစိုးတင့်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရန်ကုန်၌ အစိုး ရက အိမ်ရာစီမံကိန်းပေါင်း ၁၁ ခု ကို အကောင်အထည်ဖော်နေပြီး အကြီးဆုံးစီမံကိန်းအနေဖြင့် ဒဂုံ ဆိပ်ကမ်းမြို့နယ်တွင် အခန်း ပေါင်း သောင်းကျော်ပါဝင်မည့် သရ၀ဏ်နှင့် ရတနာအိမ်ရာစီမံ ကိန်းကို အကောင်အထည်ဖော် နေကာ အစိုးရက အဆိုပါ အိမ်ရာစီမံကိန်းပြီးစီးပါက ရန်ကုန်၏ အခန်းလိုအပ်ချက်ကို အထိုက်အလျောက် ဖြေလျှော့ပေးနိုင်ရန် ရည်ရွယ်ထားသည်။

ရန်ကုန်မြို့တော်တွင် အစိုးရက ရောင်းချပေးနေသည့် အိမ်ရာစီမံကိန်းများမှာ ရောင်းချပေးနေသည့် ဌာနနှင့် တန်ဖိုးနည်း၊ တန်ဖိုးမျှတဟူ၍ ခွဲခြားထားပြီး အနည်းဆုံးသိန်း ၁၀၀ မှ အများဆုံး သိန်း ၃၀၀ ကျော်အထိ အရစ်ကျစနစ် ဖြင့် ရောင်းချပေးလျက်ရှိသည်။

အခန်းကိုမူဝယ်ယူလို သလောက်ဝယ်ယူ၍ မရဘဲ မဲပေါက်မှသာဝယ်ယူခွင့်ရမည်ဖြစ်သည်။

7Day News Journal


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ရန်ကုန်မြို့၌ အထပ် ၃၀ နှင့်အထက် အဆောက်အအုံ ၁၁ လုံးနှင့် အထပ် ၂၀ နှင့်အထက် ရှစ်လုံး ထပ်မံဆောက်ခွင့်ပြု


အရှေ့မြင်းပြိုင်ကွင်းလမ်းပေါ်ရှိ ၂၅ ထပ်အဆောက်အအုံ တစ်လုံး၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

ရန်ကုန်မြို့၌ အထပ် ၃ဝ နှင့် အထက် အဆောက်အအုံ ၁၁ လုံးနှင့် အထပ် ၂ဝ အထက် အဆောက်အအုံ ရှစ်လုံးထပ်မံ ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေးကော်မတီမှ သိရသည်။

အဆိုပါ အဆောက်အအုံများကို ပြည်လမ်း၊ အလုံလမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် စက်မှု ၁ လမ်းထောင့်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ သံသုမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်၊ ကံဘဲ့လမ်းရှိ တပ်မတော်ငွေစာရင်းရုံး နေရာတို့တွင် ဆောက်လုပ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထပ် ၃ဝ နှင့်အထက် အဆောက်အအုံ ၁ဝ လုံးမှာ အမှတ်(၃) ကံဘဲ့လမ်း တပ်မတော် ငွေစာရင်းရုံးနေရာတွင်  ၃၄ ထပ် ခုနစ်လုံး၊ ၃၁ ထပ်နှစ်လုံး၊ ၃ဝ ထပ်တစ်လုံးနှင့် ကမ္ဘာအေးစေတီလမ်းနှင့် စက်မှု ၁ လမ်းထောင့်တွင် ၃ဝ ထပ် တစ်လုံးတို့ ဖြစ်ကြောင်း သိရသည်။

အထပ် ၂ဝ အထက် အဆောက်အအုံ ရှစ်လုံးမှာ အမှတ် (၅၉) ကမ္ဘာအေးဘုရားလမ်းတွင် ၂၄ ထပ်တစ်လုံး၊ အမှတ် (၁၂ဝ) ပြည်လမ်းတွင် ၂၅ ထပ်တစ်လုံး၊ အမှတ် (၂၂၈) အလုံလမ်းတွင် ၂၁ ထပ်ခွဲတစ်လုံး၊ ကမ္ဘာအေးစေတီလမ်းနှင့် စက်မှု (၁) လမ်းထောင့်တွင် ၂၃ ထပ်တစ်လုံး၊ ၂၆ ထပ်တစ်လုံး၊ အမှတ် (၂ဝ၈) အရှေ့မြင်းပြိုင်ကွင်းလမ်းတွင် ၂၅ ထပ်တစ်လုံး၊ အမှတ် (၄) သံသုမာလမ်း နှင့် ဝေဇယန္တာလမ်းထောင့်တွင် ၂၅ ထပ် တစ်လုံးနှင့် ၂၇ ထပ်တစ်လုံးတို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ အဆောက်အအုံများအား ဆောက်လုပ်သည့် ကုမ္ပဏီများကိုမူ မူလတင်ပြထားသည့် ကုမ္ပဏီနှင့် အမှန်တကယ် ဆောက်လုပ်ရာတွင်မူ အပြောင်းအလဲ ရှိနိုင်သောကြောင့် ထုတ်ပြန်မရနိုင်ကြောင်း အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခင် ရန်ကုန်မြို့တွင် အထပ် ၂ဝ နှင့် အထက် အဆောက်အအုံ ၂၄ လုံးနှင့် အထပ် ၃ဝ နှင့်အထက် အဆောက်အအုံ သုံးလုံး ဆောက်လုပ်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် နိုင်ငံတကာကဲ့သို့ ခေတ်မီအထပ်မြင့် အဆောက်အအုံများကို ဆောက်လုပ်ခွင့် လျှောက်ထားခြင်းကို လုပ်ထုံးလုပ်နည်းများနှင့် အညီစိစစ်ပြီး လယ်ကူစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အထပ်မြင့်အဆောက်အအုံများ စစ်ဆေးရေးကော်မတီကို ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီသို့ တင်ပြလာသော အထပ်မြင့် အဆောက်အအုံများအား ဆောက်လုပ်ခွင့်ပြုရန် သင့်မသင့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့တင်ပြပြီး အစိုးရအဖွဲ့မှ ခွင့်ပြုချက်ရရှိပါက ဆောက်လုပ်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအထဲမှ အချို့အဆောက်အအုံများ၏ ဆောက်လုပ်ခွင့် တင်ပြသည့်နေရာမှာ ရန်ကုန်မြို့လယ် ရှေးဟောင်းအဆောက်အအုံများနှင့် နီးနေခြင်းစသည်တို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ ထပ်မံသဘောထား တင်ပြတောင်းခံခဲ့မှုများလည်းရှိပြီး ရန်ကုန်မြို့လယ်ရှိ အထပ် ၃ဝ ကျော်အဆောက်အအုံ တစ်လုံးမှာ ရှေးဟောင်းအဆောက်အအုံများနှင့် နီးနေခြင်း၊ ဘေးပတ်ဝန်းကျင်နေအိမ်များ၏ ထောက်ခံချက် မပြည့်စုံခြင်းတို့ကြောင့် ဆောက်လုပ်ခွင့်မပြုခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံများအား ကားပါကင်အလုံအလောက် ထည့်သွင်းရမည်ဖြစ်ပြီး ထည့်သွင်းခြင်း ရှိ မရှိ အဆောက်အအုံ တည်ဆောက်ပြီးသည့်အခါ မူလရေးဆွဲထားသည့် ကားပါကင်အကျယ်အဝန်းနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးအတည်ပြုပြီးမှ ခွင့်ပြုခြင်းဖြစ်ပြီး အဆိုပါ အထပ်မြင့်အဆောက်အအုံ များအတွက် စည်ပင်ကလည်း ရေပေးနိုင်မည် မဟုတ်ဘဲ မိမိအစီအစဉ်ဖြင့်သာ သုံးစွဲရမည်ဟု ထုတ်ပြန်ထားသည်။

Eleven Media


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အခွန်မဆောင်ရသေးသော အိမ်ခြံမြေရောင်းဝယ်ငှားများကို အခွန်ကောက်မည်

ရန်ကုန်မြို့တွင် ဇူလိုင် ၂၀ ရက်မှစ၍ အိမ်ခြံမြေရောင်း ၀ယ်ခြင်းနှင့် ငှားရမ်းခြင်းလုပ်ကိုင် သူများကို တွေ့ဆုံဆွေးနွေးပြီး အခွန်ဆောင်ရန် ကျန်ရှိသူများ ထံမှ အခွန်ကောက်ခံသွားမည်ဖြစ် ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန မှ သတင်းရရှိသည်။

‘‘မြို့နယ်တစ်မြို့နယ်ချင်းအလိုက် ရပ်ကွက်တိုင်းကို ဆွေးနွေးပွဲလုပ်သွားမယ်။ အခွန်ထမ်းဖို့ကျန်တဲ့သူတွေကို စစ်ဆေးခေါ်ယူပြီး အခွန်မဆောင်သေးတဲ့ စာ ရင်းပေါ်လာတဲ့အပေါ်မှာ အခွန် စည်းကြပ်သွားမယ်’’ ဟု တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ဇူလိုင် ၂၀ ရက်တွင် စမ်း ချောင်းမြို့နယ်ရှိ အိမ်ခြံမြေလုပ် ငန်းရှင်ဦးရေ ၂၀၀ ခန့်ကို ရပ် ကွက်ဓမ္မာရုံများသို့ ခေါ်ယူ၍ ၎င်း တို့အနေဖြင့် အခွန်ဆောင်ထား ခြင်းရှိ၊ မရှိ စတင်ဆွေးနွေးသွား မည် ဖြစ်သည်။ ထိုမှတစ်ဆင့် မြို့ တော်စည်ပင်၊ ပြည်တွင်းအခွန် ရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး များမှ ကောက်ခံရရှိထားသော အခွန်မဆောင်ထားသူ စာရင်း များ စုပေါင်း၍ စစ်ဆေးသွားမည် ဖြစ်သည်။

အခွန်ရုံးမှ အိမ်ခြံမြေရောင်းဝယ်ခြင်းနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် ဖိတ်စာပို့ထားသည်ကို ရရှိကြောင်း စမ်းချောင်းမြို့နယ်ရှိ ရွှန်းလဲ့ရောင်ခြည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။ အလားတူအိမ်ခြံမြေပွဲစားတစ်ဦးကလည်း ထိုနေ့ဆွေးနွေးပွဲမှာ အရေးကြီး၍လာတက်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောကြောင်း ပြောသည်။ ထိုကဲ့သို့ ပြုလုပ်ရခြင်းမှာ ကဏ္ဍအသီးသီး၌ အခွန်ရှောင်သူ ဦးရေ ၅၀ ရာခိုင်နှုန်းခန့်ရှိနေ သောကြောင့်ဖြစ်ပြီး အိမ်ရှင်အိမ် ငှားစာရင်းပေါ်ထွက်လာခြင်း၊ စာ ရင်း အမှန်ရရှိခြင်းနှင့် ပြည်သူများ အခွန်ဥပဒေအကြောင်း သိရှိ စေရန် ရည်ရွယ်သည်ဟု အဆိုပါ အရာရှိက ဆက်လက်ပြောဆို သည်။

ပြည်တွင်း အခွန်ရုံးမှ နိုင်ငံ ပိုင် သတင်းစာများ၌ ဇွန်လမှ စတင်၍ အိမ်ရှင်များကို အချက် အလက်နှင့် သုံးနှစ်စာ နောက် ကြောင်းပြန် အခွန်ဆောင်ခိုင်း သော်လည်း မြို့တွင်းရှိ မြို့နယ်အ နည်းငယ်သာ လာဆောင်ကြပြီး ယနေ့အချိန်ထိ အိမ်ခြံမြေအခွန် လာဆောင်သူဦးရေ ၁၀၀ သာ ရှိ သေးကြောင်း သတင်းရရှိသည်။

အခွန်ဆွေးနွေးပွဲများ ဆက် လက် ပြုလုပ်မည့် မြို့နယ်များမှာ လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ပုဇွန်တောင်၊ ရန်ကင်း၊ မရမ်းကုန်း၊ တာမွေ အစရှိသော မြို့နယ်ပေါင်း ၂၀ ရှိ ရပ်ကွက် ပေါင်း ၂၀၃ ခု၌ ပြုလုပ်သွားမည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် အခွန်ရရှိမှု ပမာဏမှာ ကျပ် ၇၀၀ ဘီလီယံ ၀န်းကျင်ရှိသည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ပထမလေးလအတွင်း ကျပ် ၂၂၆ ဘီလီယံရရှိထားပြီး ယခုနှစ်အတွက် လျာထားချက်မှာ ကျပ် ၆၁၄ ဘီလီယံဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ သတင်းရရှိသည်။

ယမင်း


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

လုပ်ငန်းမလုပ်သော စက်မှုဇုန်မြေကွက်များ ၀ယ်ဈေးအတိုင်းလျော်ကာ ပြန်သိမ်းမည်

ရန်ကုန်မြို့ရှိ စက်မှုဇုန် များတွင် လုပ်ငန်းမလုပ်ဘဲ မြေ ကွက်ဝယ်ယူ ရင်းနှီးမြှုပ်နှံထား သော မြေကွက်လွတ်များကို အစိုးရ စတင်ချပေးစဉ်က နှုန်း ထားအတိုင်း ပြန်လည်ပေးလျော် ၍ သိမ်းယူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒုသမ္မတ ဦးဆောင်ပြီး ဒီကိစ္စကို စီစဉ်နေတာပါ။ ငွေပြန် အမ်းမှာလည်း အစိုးရချဈေးအ တိုင်းပြန်ပေးမယ်လို့သိရတယ်’’ ဟု စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌတစ်ဦးကပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာစက်မှုဇုန်တွင် အသေး စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ဇူလိုင် ၁၈ ရက်၌ အစည်းအဝေးကျင်းပပြီး အများစု ဆွေးနွေးခဲ့သည်မှာ မြေပြန်သိမ်းရေးနှင့် ပတ်သက် ကြောင်း အစည်းအဝေး တက် ရောက်ခဲ့သော စက်မှုဇုန်စီမံခန့် ခွဲမှုကော်မတီဥက္ကဋ္ဌ တစ်ဦးက ပြောကြားသည်။

စက်မှုဇုန်မြေများကို သိမ်းယူရာတွင် နိုင်ငံတော်အစိုးရအနေ ဖြင့် အမှန်တကယ်လုပ်ငန်းလုပ် မည့်သူကို အစိုးရပေါက်ဈေးဖြင့် ပြန်ရောင်းပေးမည်ဖြစ်သည်။ ၀ယ်ယူသူအနေဖြင့်လည်း သတ်မှတ်ချိန်အတိုင်း လုပ်ငန်းအကောင်အ ထည်မဖော်နိုင်ပါက ထပ်မံပြန် လည်သိမ်းယူမည်ဖြစ်ကြောင်း သိ ရသည်။ စက်မှုဇုန်မြေကွက်များ သည် လက်ရှိအချိန်တွင် ကျပ်သိန်းထောင်ဂဏန်းရှိသော်လည်း နိုင်ငံ တော်မှ စတင်ရောင်းချပေးချိန် ၂၀၀၀ပြည့်နှစ်ရှေ့ပိုင်းက စတင် ခဲ့သော စက်မှုဇုန်များတွင် တစ် ဧကလျှင် ကျပ်သိန်းဆယ်ဂဏန်း ၀န်းကျင်သာဈေးရှိခဲ့သည်။ စက်မှုဇုန်မြေကွက်များကို အကွက်ဖော် ရောင်းချရာတွင် အများအားဖြင့် ဧကကွက်များသာဖြစ်သည်။

စက်မှုဇုန်များတွင် လုပ်ငန်း မလုပ်ဘဲ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၀ယ်ယူထားသည့် မြေကွက်အ လွတ် ၃၀၀၀ ရှိပြီး စက်မှုဇုန် အသေးတွင် ပိုများသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်း ရှိ စက်မှုဇုန်များတွင် မြေကွက် ဈေးသည် လက်ရှိပေါက်ဈေးမှာ တစ်ကွက်လျှင်ကျပ်သိန်း ၆၀၀၀ ထိရှိသည်။ ယင်းမှာ မြေကွက်လွတ် ပေါက်ဈေးသာဖြစ်ပြီး ခြံခတ်ပြီး အဆောက်အအုံပါလျှင် တစ်ဧက ကျပ်သိန်း တစ်သောင်းကျပ်ထိ ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များကဆိုသည်။

ယခင်က စက်မှုဇုန်များတွင် မြေကွက်လွတ်များနှင့် ပတ်သက် ၍ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦး စီးဌာနမှသာစည်းကမ်းချက်များ ထုတ်ခဲ့သည်။ မြေကွက်ဝယ်ယူပြီး သုံးလအတွင်းခြံခတ်ခြင်း၊ ခြောက်လအတွင်း အဆောက်အအုံများဆောက်လုပ်ခြင်း စသည့် စည်း ကမ်းချက်များထုတ်ပြန်ခဲ့သည်။

‘‘တကယ်သိမ်းမယ်ဆိုရင် ဒီဂယက်ကြောင့် ဈေးပြန်ကျနိုင် တယ်’’ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုအသင်းဒုတိယဥက္ကဋ္ဌ ဦးသန်းဦးကပြောကြားသည်။


‘‘ဒီလိုသိမ်းပြီး ပြန်ချပေးမယ် ဆိုရင် တကယ်အလုပ်လုပ်လိုသူ အတွက် ၀မ်းသာစရာပဲ။ အစိုးရ ရောင်းဈေးနဲ့ရရင် သက်သာတာ ပေါ့’’ ဟု လှိုင်သာယာစက်မှုဇုန် (၁) မှ ထုတ်ကုန်လုပ်ငန်းရှင် တစ်ဦးကပြောကြားသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှု နှေးကွေးနေခြင်းမှာ မြေယာဈေး မြင့်မှုလည်း ပါဝင်ကြောင်း နိုင်ငံ တော်အစိုးရက ပြောကြားလာ သည်မှာ နှစ်ချီကြာမြင့်ခဲ့ပြီဖြစ် သည်။ သို့သော် မြေဈေးကစားမှု များ၊ ငွေကြေးခ၀ါချလိုသူများ၏ ကစားမှုများကြောင့် ရန်ကုန်မြေ ဈေးမှာ အရှေ့တောင်အာရှ ၁၀ နိုင်ငံတွင် အမြင့်ဆုံးဖြစ်သည်။

မြေဈေးနှုန်းများကျဆင်းရန် အတွက် ဖွံ့ဖြိုးပြီး နိုင်ငံကြီးများမှာ ကဲ့သို့ပိုင်ဆိုင်မှုခွန်ကောက်ခံရန် စီးပွားရေးပညာရှင်များနှင့် လွှတ် တော်အမတ်အချို့က တိုက်တွန်း သော်လည်း လက်ရှိ အချိန်ထိ အကောင်အထည်ပေါ်မလာသေး ကြောင်း လုပ်ငန်းရှင်များက ပြော ကြားသည်။


ပြည်သိမ်း


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ရန်ကုန်မြို့၏ အိမ်ခြံမြေ အရောင်းနှင့် အငှားဈေးကွက် ကျဆင်း နေသော်လည်း ဈေးနှုန်းများ ဆက်လက် မြင့်တက်နေဆဲ ဖြစ်

အိမ်ခြံမြေဈေးကွက်အတွင်း အိမ်ခြံမြေနှင့် ကွန်ဒိုတိုက်ခန်းများ အရောင်း အ၀ယ်ပြု
လုပ်ခြင်းများမှာ ယခင်ကဲ့သို့ သွက်လက်မှုမရှိသော်လည်း အိမ်ခြံမြေ ဈေးနှုန်းများမှာ မြို့နယ်
အလိုက် ဈေးများမြင့်တက်နေသေးကြောင်း ရန်ကုန်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်များက ပြော
သည်။

"ရန်ကုန်မြို့ရဲ့ အိမ်ဈေး၊ မြေဈေးကတော့ ကျသွားတယ်ဆိုတာ မရှိပါဘူး။ အရင်တုန်းက တစ်ရှိန်
ထိုးမြင့်တက်ခဲ့တဲ့ ဈေးနှုန်းတွေက လည်း ကျမသွားတဲ့အပြင် အမြင့်ဈေးတွေကို ခေါ်နေတုန်းပဲ။
တကယ်အရောင်းအ၀ယ် ဖြစ်နိုင်တဲ့ဈေးထက် အမြင့်ဈေးကို အရင်ပိုခေါ်ကြတယ်။ ဒီကအိမ်ဈေး၊
မြေဈေးတွေက ကြာရင်ကြာသလို တန်ဖိုးကတက်နေတော့ မြေပိုင်ရှင်၊ အိမ်ပိုင်ရှင်တွေကလည်း
ဈေးတွေ ကို အမြင့်မှာပဲထားတယ်။ ဈေးတွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုတက်လာတယ်"
ဟု မြပန်းသခင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ အကြီးတန်းအကျိုးဆောင် ကိုမင်း မင်းစိုးက
ပြောသည်။

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်တွင် အိမ်ခြံမြေရောင်းဝယ်ဖောက်ကားမှု များပြား ပြီး မြေရင်းနှီး
မြှုပ်နှံမှု အများအပြား ပြုလုပ်ခဲ့ကြသည့် မြို့နယ်များ၏ အိမ်ခြံမြေဈေးနှုန်းများမှာ တစ်ဟုန်ထိုးမြင့်
တက်ခဲ့ကြပြီး ယခုလက်ရှိဈေးနှုန်းများမှာလည်း ဈေးအမြင့်ကိုသာ ဦးတည်နေကြောင်း ၎င်းက
ပြောသည်။

ပြီးခဲ့သည့်နှစ်အတွင်း အိမ်ခြံမြေဈေးနှုန်း များကောင်းမွန်ခဲ့သည့် ဒဂုံမြို့သစ် (မြောက် ပိုင်း)၊
တောင်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်းနှင့် ဒလ အစရှိသည့် မြို့နယ်များတွင်လည်း လက်ရှိ မြေဈေးများ
ကောင်းမွန်လျက်ရှိကာ စီးပွား ရေးနှင့် အခြေချနေထိုင်လိုသူများ၏ ၀ယ်လိုအားလည်း များပြား
လျက်ရှိသေးကြောင်း အိမ်ခြံမြေ အကျိုးဆောင်များကပြောသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မြေဈေးနှုန်းများမှာ ပျမ်းမျှအားဖြင့် မြေကွက် သေး
ပေ ၄၀x၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၈၀၀ နှင့် ၁,၀၀၀ ကြားရှိပြီး မြေကွက်ကျယ် များမှာ
သိန်းထောင်ချီလျက်ရှိသည်။ တောင်ဥက္ကလာပမြို့နယ်တွင်မူ ပျမ်းမျှ မြေဈေးမှာ ပေ ၄၀x၆၀
မြေကွက် တစ်ကွက် ကို ကျပ်သိန်း ၄,၀၀၀ နှင့် ၅,၀၀၀ ကြား ရှိသည်။ ဒဂုံဆိပ်ကမ်းမြို့နယ်
တွင်မူ မြေကွက်အကျယ်အ၀န်းပေါ်မူတည်ကာ ကျပ် သိန်း ၅၀ မှ ၁၂၀ အထိရှိကြောင်း
အကျိုးဆောင် များက ပြောသည်။

"ရန်ကုန်မြို့ရဲ့မြေဈေးတွေက တန်ဖိုးကျသွားတယ်ဆိုတာမျိုး မရှိဘူးဖြစ်နေတော့ မြေပိုင်ရှင်
တွေကလည်း ၀ယ်မယ့်သူမရှိ လည်း ဈေးကိုမပြောင်းလဲဘူး။ တကယ် လည်း ရန်ကုန်မြို့ရဲ့
မြေဈေးက တစ်နှစ်လောက် ကြာသွားတာနဲ့ ဈေးကနှစ်ဆလောက် မြင့် တက်သွားတယ်။ ပြီးခဲ့
တဲ့နှစ်က သိန်း ၃,၀၀၀ ၀န်းကျင် မြေဈေးတွေက ဒီနှစ်လောက် မှာ သိန်း ၆,၀၀၀ လောက်ဖြစ်
လာကြတယ်။ တကယ်လိုအပ်လို့ ၀ယ်တဲ့သူနဲ့တွေ့ရင် ဒီဈေးတွေက အကျိုးအမြတ်ဖြစ်လာတာ
ဆိုတော့ ရန်ကုန်မြို့ကမြေဈေးတွေက ကျဦးမှာမဟုတ်သေးဘူး" ဟု အိမ်ခြံမြေ လုပ်ငန်းကျွမ်းကျင်
သူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ မြေကွက်ဈေးနှုန်းများ ဆက် တိုက်မြင့်တက်နေမှုများကြောင့် အိမ်ခြံမြေ အရောင်း
အ၀ယ်လုပ်ငန်းများမှာ နှေးကွေး လျက်ရှိရာ ယခုအခါတွင် ဈေးကွက်အတွင်း အိမ်ခြံမြေ အကျိုး
ဆောင်လုပ်ငန်းများ ထက်ဝက်နီးပါးခန့် ကျဆင်းသွားပြီး အိမ် မြေ အရောင်းအ၀ယ် လုပ်ငန်းများ
အပြင် အိမ်၊ ကွန်ဒိုနှင့် တိုက်ခန်းများ ငှားရမ်းသည့် လုပ်ငန်းများပါ ကျဆင်းလာကြောင်း
ကိုမင်းမင်းစိုးက ပြောသည်။

"ကျွန်တော်တို့ဆီကို လုပ်ငန်းလာအပ်တဲ့သူတွေက တော်တော်နည်းသွားတယ်။ အကျိုးဆောင်
လုပ်ငန်းတွေ များပြားလာတာလည်းပါသလို ၀ယ်မယ့်သူတွေကလည်း အရင်လိုမဟုတ်တော့ဘဲ
စဉ်းစားချင့်ချိန်ပြီးတော့ ၀ယ်လာကြတယ်။ ဈေးတွေကလည်း တစ်နေ့တစ်မျိုးပြောင်းလဲပြီး ဈေး
အမြင့်ကိုပဲ ခေါ်နေကြတယ်။ ၀ယ်ရောင်းလုပ်ငန်းရော အငှားလုပ်ငန်းတွေပါ တော်တော်အေးသွား
တယ်။ ဈေးကွက်ပြန့်သွားတာလည်း ဖြစ်နိုင်ပါ တယ်။ အကျိုးဆောင်လုပ်ငန်းတွေရဲ့ ဈေးကွက်ထဲ
မှာတော့ လုပ်ငန်းတွေ တော် တော်အေးသွားပါတယ်" ဟု ၎င်းက ပြောသည်။

ယခင်က ရန်ကုန်မြို့တွင် နိုင်ငံခြားသား များ၏ အိမ်၊ ကွန်ဒိုနှင့် တိုက်ခန်းငှားရမ်းမှုနှုန်းမှာ မြင့်မား
လျက်ရှိရာ ယခုအခါတွင် ကွန်ဒိုတိုက်ခန်းငှားရမ်းမှုနှုန်း ကျဆင်းလာကြောင်း Phoniex အိမ်ခြံမြေ
အကျိုးဆောင် လုပ်ငန်းမှ ကိုထွန်းထွန်းက ပြောကြားသွား ခဲ့သည်။

"ကျွန်တော်တို့ဆီမှာ သင်္ကြန်ပြီးလောက် ကတည်းက လုပ်ငန်းကအရမ်းအေးနေခဲ့တာပါ။ အခု
ဝါ၀င်သွားတော့ ပိုပြီးအေးသွား ပါတယ်။ ကွန်ဒိုတိုက်ခန်း အငှားတွေလည်း ရှားသွားတယ်။ အရင်
က နိုင်ငံခြားသား ဖောက်သည်တွေ တစ်လကို လေး၊ ငါး၊ ၁၀ ဦးလောက် ကွန်ဒိုတိုက်ခန်းတွေ
ငှားကြ တယ်။ အခု အငှားဈေးကွက်က တော်တော်နည်းသွားတယ်။ နောက်ပြီး အိမ်ပိုင်ရှင်တွေ
ကလည်း ငှားမယ်လို့ပြောလိုက်တာနဲ့ ဈေးပို ခေါ်ကြတယ်။ တချို့တွေကျတော့ ဈေးမြင့်တာတွေ
ကြောင့် မငှားကြတာတွေ ရှိတယ်" ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ရှိ ကွန်ဒိုအရောင်းဈေးနှုန်းများ မှာလည်း ကွန်ဒိုတည်ရှိရာနေရာနှင့် ၀န်ဆောင်မှုများ
ပေါ်မူတည်ကာ တစ်ခန်းလျှင်ကျပ်သိန်း ၃၅၀ နှင့် ၄၀၀ ၀န်းကျင်၊ သိန်း ၈၀၀ နှင့် ၁,၀၀၀ မှ သိန်း
၂,၀၀၀ ခန့် အထိ ပေါက်ဈေးရှိကြောင်း အကျိုးဆောင် များကပြောသည်။

"ကွန်ဒိုဈေးတွေကလည်းမြင့်တော့ အငှား ဈေးတွေကလည်း မြင့်တယ်။ ဈေးနှုန်းတွေက ကွန်ဒို
အမျိုးအစားပေါ်မူတည်ပေမယ့် ဒီက ကွန်ဒိုတော်တော်များများကတော့ ဓာတ်လှေကား ပါတာနဲ့ ကွန်ဒိုလို့ပြောပြီး ဈေးတွေတင်နေကြတာပါပဲ။ နိုင်ငံခြားသား တော်တော်များများကတော့ ကွန်ဒို
တွေမှာ ငှားနေကြတာများတယ်" ဟု ကိုထွန်းထွန်းကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် နိုင်ငံခြားသား များ၏ နေထိုင်ခွင့်ကို ငါးနှစ်သက်တမ်းတိုးမြင့်ပေးသွားရန်
စီစဉ်နေသည့်အတွက် သက်တမ်းပိုမိုရရှိပါက ယခုထက်ပို၍ ကွန်ဒို တိုက်ခန်းအငှားဈေးကွက်
ကောင်းမွန်လာ နိုင်ကြောင်း ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အကျိုး ဆောင်များက သုံးသပ်သည်။

မြတ်ငြိမ်းအေး


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အခြေပစ္စည်းတွင်ပါဝင်သည့် မြေ၊ အိမ်၊ တိုက်ခန်း၊ အဆောက်အအုံ စသည်တို့ကို မေတ္တာဖြင့်ပေးကမ်းခြင်းအတွက် ၀င်ငွေခွန်ကင်းလွတ်ခွင့်ပြုထားပြီး တံဆိပ်ခေါင်းခွန် ငါးရာခိုင်နှုန်းသာ ပေးဆောင်ရမည်

ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အခြေပစ္စည်းတွင်ပါဝင်သည့် မြေ၊ အိမ်၊ တိုက်ခန်း၊ အဆောက်အအုံ အစရှိသည်တို့အား မေတ္တာဖြင့်ပေးကမ်းခြင်းအတွက် ၀င်ငွေခွန်ကင်းလွတ်ခွင့်ပြုထားပြီး တံဆိပ်ခေါင်းခွန် ငါးရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
အဆိုပါအခြေပစ္စည်းများအား မေတ္တာဖြင့် ပေးကမ်းခြင်းဖြစ်ပါက ပေးကမ်းသည့်အထောက်အထားများတင်ပြ၍ မေတ္တာဖြင့်ပေးကမ်းခြင်းနှင့် အကျုံးဝင်ခြင်း ရှိ မရှိ စိစစ်မှုခံယူရမည်ဖြစ်ကြောင်း၊ မေတ္တာဖြင့် ပေးကမ်းခြင်းဖြစ်ပါက ၀င်ငွေခွန်ပေးဆောင်ရန်မလိုကြောင်း၊ မေတ္တာဖြင့်ပေးကမ်းခြင်းအတွက် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည့်နှုန်းထားမှာ သတ်မှတ်တန်ဖိုးအပေါ်တွင် ငါးရာခိုင်နှုန်း ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိမြို့နယ်များအတွင်းရှိ အခြေပစ္စည်းဖြစ်ပါက တိုင်းဒေသကြီးကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ထံသို့လည်းကောင်း၊ ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိမြို့နယ်များနှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိမြို့နယ်များရှိ အခြေပစ္စည်းဖြစ်ပါက မြို့နယ်ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ) ထံသို့လည်းကောင်း၊ စာရွက်စာတမ်းများ ပြည့်စုံစွာတင်ပြ၍ ကာလတန်ဖိုးသတ်မှတ်ချက်ရယူရမည်ဖြစ်ကြောင်း သိရသည်။
ဝင်ငွေစိစစ်မှုခံယူရန် တင်ပြနိုင်ခြင်းမရှိပါက သတ်မှတ်အခွန်နှုန်းဖြင့် ကျသင့်အခွန်ကို ပေးသွင်းရမည်ဖြစ်ကြောင်း
ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့ မှ သတ်မှတ်ပေးသည့်တန်ဖိုးအပေါ် အခွန်ဆိုင်ရာရှင်းလင်းခြင်းနှင့် ကျသင့်ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်များထမ်းဆောင်နိုင်ရေးအတွက် အခြေပစ္စည်းတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
အခြေပစ္စည်းဝယ်ယူခြင်း သို့မဟုတ် တည်ဆောက်ခြင်းဖြစ်ပါက သတ်မှတ်ကာလတန်ဖိုးအပေါ် ၀င်ငွေရလမ်း အထောက်အထားအတိအကျတင်ပြနိုင်ပါက ယင်းအထောက်အထားများတင်ပြပြီး ၀င်ငွေစိစစ်မှုခံယူရန် တင်ပြနိုင်ခြင်းမရှိပါက သတ်မှတ်အခွန်နှုန်းဖြင့် ကျသင့်အခွန်ကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ကျသင့်အခွန်နှုန်းမှာ ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ သက်သာခွင့်များမနုတ်မီ စည်းကပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအပေါ် ၀င်ငွေခွန် ရာခိုင်နှုန်း ၃၀ ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်းတစ်ရပ်ရပ်ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းအတွက် တစ်ဦးလျှင် တစ်ကြိမ်သာခံစားခွင့်ရှိပြီး အသုံးပြုသည့်ဝင်ငွေမှ ၀င်ငွေရလမ်းတင်ပြနိုင်သည့် ၀င်ငွေအားနုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေအပေါ်တွင် ၀င်ငွေတစ်ကျပ်မှ သန်း ၅၀ အထိ သုံးရာခိုင်နှုန်း၊ ကျပ်သန်း ၅၀ မှ သန်း ၁၅၀ အထိကို ၁၀ ရာခိုင်နှုန်း၊ သန်း ၁၅၀ မှ သန်း ၃၀၀ အထိကို ရာခိုင်နှုန်း ၂၀ နှင့် သန်း ၃၀၀ မှအထက်ကို ရာခိုင်နှုန်း ၃၀ ၀င်ငွေခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

နီလာ


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

၂၀၁၅ အောက်တိုဘာအပြီးတည်ဆောက်မည်ဟုဆို

ပြည်တော်သာ အိမ်ရာစီမံကိန်း ကို ၂၀၁၅ ခုနှစ်အောက်တိုဘာလ အတွင်း အပြီးတည်ဆောက်မယ်လို့  သိရပါတယ်။

‘First Floor တောင်ပြီးပြီ၊ Second Floor စနေပြီ၊ ပြည်သူကို ၂၂၄ ခန်းပြန်ချပေးမယ်’ လို့ Triple Aung ဆောက်လုပ်ရေး ကုမ္ပဏီ ပရောဂျက် အင်ဂျင်နီယာ ဦးခင်မောင်ဦးကပြောပါတယ်။

‘နောက်နှစ် ကျောင်းဖွင့် ရက်အမီ ပြည်သူလူထုကို တင်နိုင်အောင်လုပ်တယ်၊ ကားပါကင်ကို Under Ground နဲ့ Ground Floor  မှာ ထည့်ဆောက်ထားလို့ နေထိုင်သူတွေအတွက် အဆင်ပြေမှာပါ ‘ လို့ ဦးခင်မောင်ဦးကပဲ ပြောပါတယ်။

အခန်းတွေကိုမဲနှိုက်တဲ့စနစ်နဲ့ ပြန်လည်နေရာချထားပေးတာဖြစ်ပြီး ၁၂ထပ် အမြင့်နဲ့ တည်ဆောက်မှာ ဖြစ်တယ်လို့  သိရပါတယ်။

‘အိမ်ရာနေထိုင်သူတွေရဲ့  ပြောင်းရွေ့ ကြေးအတွက် နှစ်နှစ်စာ ၃၆ သိန်းပေးခဲ့ပြီး အပြောင်းအရွေ့အတွက်ကတော့ မြို့ရွာ နှင့် အိုးအိမ်ကကားနဲ့ ပြောင်းရွေ့ဖို့ စီစဉ်ပေးခဲ့တယ်‘ လို့ မြို့ရွာနှင့် အိုးအိမ် ဖွံဖြိုးရေး ဦးစီးဌာန ညွှန့်ကြားရေးမှူး(စီမံ+အိမ်ရာ) ဌာန မှ ဦးယုခိုင်ကပြောပါတယ်။

kumudra


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ရွှေပြည်သာ ဆိုင်ခန်းတချို့ငှားခ သုံးဆနီးပါး တိုးတောင်းလာ



ရွှေပြည်သာမြို့နယ်ရှိ ဆိုင်ခန်းပိုင်ရှင်တချို့ ဆိုင်ခန်းငှားခကို သုံးဆနီးပါးလောက် ထပ်တိုးတောင်းတာတွေ ရှိလာတယ်လို့ အကျိုးဆောင်တစ်ချို့ထံမှ သိရပါတယ်။

'ဒီဆိုင်ခန်းက ဆောက်ထားတာ သိပ်တော့မကြာသေးဘူး၊ အခုဆိုင်ခန်းငှားခကို တစ်လ ၅၀၀,၀၀၀၊ ၆၀၀,၀၀၀ ရမှငှားမယ် လုပ်နေတယ်၊ လက်ရှိတခြားဘေး ဆိုင်ခန်းတွေတောင် ၁၀၀,၀၀၀ကျော်ဝန်းကျင်ပဲရှိတယ်၊ သူတို့ တိုးတောင်းတာ သူဌေးဈေးလို ဖြစ်နေတယ်၊ အငှားလဲအခု အထိ မရသေးဘူး' လို့ ရွှေပြည်သာမြို့နယ်မှ အာရှမြေ အိမ်ခြံမြေအကျိုးဆောင်မှ ကိုပိုင်မြင့်ကပြောပါတယ်။

အခုနောက်ပိုင်းဆိုင်ခန်းငှားခတွေမှာ အရင်ထက် သုံးပုံတစ်ပုံလောက်တက်လာတယ်လို့ သိရပါတယ်။

အရင်ထက် အငှားဈေး အသင့်အတင့်ရှိတဲ့ ဆိုင်ခန်းငှားခတွေမှာ တစ်လကိုကျပ် နှစ်သိန်းကနေ ကျပ်သုံးသိန်းအထိ ဈေးတက်ပေမဲ့ အငှားသွက်နေတယ်လို့ သိရပါတယ်။

'ဆိုင်ခန်းအငှားရော အရောင်းရော အရင်ထက်ဈေးတက်ပေမဲ့ အငှားသွက်တယ် အရောင်းအဝယ်လဲ ဖြစ်တယ် လမ်းမတန်းဘက်တွေဆိုရင်တော့ ဈေးပိုတက်တယ် ဈေးအမြင့်ကြီးတော့တက်နေတာမဟုတ်ဘူး' လို့ ကိုပိုင်မြင့်ကပဲပြောပါတယ်။

လမ်းမတန်းက ၉ ပေ x ၂၅ ပေ ကျယ်ရှိတဲ့ ဆိုင်ခန်းဆိုရင် ဆိုင်ခန်းငှားခ တစ်လကို တစ်သိန်းကျော်ဝန်းကျင်ရှိပါတယ်၊ လမ်းအတွင်းဘက်ဆိုရင်တော့ တစ်လကို ရှစ်သောင်းကျော်ဝန်းကျင်နဲ့ ရွှေပြည်သာ (၂) ရပ်ကွက်မှာ အငှားဈေး ဖြစ်နေတယ်လို့ သိရပါတယ်။

'ကျန်တဲ့ ဆိုင်ခန်းတွေက ထပ်တက်လဲ သောင်းဂဏန်းလောက်ပဲ တက်တာ၊ ဒီအဆောက်အအုံ  သုံးခန်းတွဲကို ငှားချင်လို့ တစ်ခန်းဘယ်လောက်လဲ သွားမေးတော့ တစ်ခန်းကိုခြောက်သိန်း တောင်းတယ် ' လို့ ရွှေပြည်သာမြို့နယ် (၂ )ရပ်ကွက် မှ အိမ်ခြံမြေအကျိုးဆောင် ဥိးဆန်းအောင်က ပြောပါတယ်။

kumudra


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

နိုင်ငံခြားသားတွေကိုကွန်ဒိုတိုက်ခန်းရောင်းချနိုင်တော့မည်

ကွန်ဒိုဥပဒေမှာ နိုင်ငံခြားသားတွေကို ဒေါ်လာငွေနဲ့ ကွန်ဒိုတိုက်ခန်းရောင်းချခွင့်ပြုဖို့ အဆိုတင်ပြထားတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဌေးသာက 'ကွန်ဒိုတွေကို နိုင်ငံခြားသားတွေပါ ဝယ်ယူခွင့်ရှိတယ်၊ ရာခိုင်နှုန်းတစ်ချို့တစ်ဝက် ရောင်းချခွင့်ရှိတယ်၊နိုင်ငံခြားသားက
ဝယ်ယူခွင့်ရှိတယ်၊ ပိုင်ဆိုင်ခွင့်ရှိတယ်' လို့ ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်က ဒေါ်လာနဲ့ ရောင်းချရလို့ နိုင်ငံခြားငွေ လည်းရရှိမှာ ဖြစ်ပြီး တိုင်းပြည်ထဲ နိုင်ငံခြားငွေ စီးဝင်လာမှာဖြစ်ပါတယ်။ နိုင်ငံခြားသားဝယ်ယူတာနဲ့ နိုင်ငံသားဝယ်တာနဲ့က ကွာခြားချက်မရှိပါပါဘူး။ ရောင်းချတဲ့ ဈေးနှုန်းအတူတူပဲ ရောင်းချမှာဖြစ်ပါတယ်။ နိုင်ငံခြားသားဝယ်ယူရင်လည်း အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ မြန်မာကျပ်ငွေ သိန်း ၁၀၀၀ ဆိုလည်း နိုင်ငံခြားသားကို သင့်လျော်တဲ့ ငွေလဲလှယ်နှုန်းနဲ့ ရောင်းချမှာဖြစ်ပါတယ်။ ဈေးနှုန်း နှစ်ဆ၊ သုံးဆ မြှင့်ပြီး ရောင်းလို့ အဆင်မပြေနိုင်ဘူး။ နိုင်ငံတကာမှာ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ကွန်ဒိုဝယ်ယူရင် ဈေးနှုန်းတစ်မျိးပဲ သတ်မှတ်ပြီး ရောင်းချတယ်လို့ သိရပါတယ်။ ကွန်ဒိုမီနီယံဥပဒေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ရေးဆွဲလျက်ရှိပြီး ၂၀၁၄ နှစ်ကုန်ပိုင်းလောက်မှာ ထွက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအငှားဖြစ်နေတဲ့ ကွန်ဒိုတိုက်ခန်းဈေးနှုန်း တွေကတော့ ကျပ် ၁၀သိန်းမှ ကျပ် ၆၅သိန်းအထိဖြစ်ပါတယ်။

kumudra


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဘီအိုတီစနစ်နဲ့ ပြည်ပက ဆောက်တဲ့ တိုက်ခန်း ဝယ်မယ်ဆိုရင်

ပြည်ပက ဆောက်လုပ်ရေးကုမ္ပဏီတွေက အစိုးရဆီက BOT စနစ်နဲ့ ငှားထားတဲ့ မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်း ဝယ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေ အများကြီးရှိပါတယ်။
 
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသာဌေးက 'အစိုးရဆီကနေ BOT နဲ့ ငှားထားတယ်၊ သူကိုယ်တိုင်တောင်မှ အစိုးရဆီကနေ ငှားထားရတော့ ပြည့်ရင် ပြန်အပ်ရမှာ၊ ဘိုးဘွားပိုင်ဂရန်မြေပေါ်မှာ ဆောက်တာလောက် အရှည်မကောင်းဘူး ' လို့ ပြောပါတယ်။
 
ဘီအိုတီက နှစ် ၅၀ ပေးထားရင် နှစ် ၅၀ ပြည့်ရင် အစိုးရကို ပြန်အပ်ရမှာ ဖြစ်ပါတယ်။ ထပ်ပြီးအဲသည့်မြေကို ငှား မငှား ကတော့ အဲသည့်အချိန်မှာ တိုင်းပြည်ကို စီမံခန့်ခွဲနေတဲ့ သူတွေရဲ့ အဆုံးအဖြတ်ပေါ်မူတည်နေတယ်လို့ သိရပါတယ်။
 

Capital Developement Limited  မှ အကြီးတန်းအရောင်းမြင့်တင်ရေးမန်နေဂျာ မလွင်မာအောင်က 'BOT စနစ်နဲ့ နိုင်ငံခြားကုမ္ပဏီတွေကနေ တိုက်ခန်းဆောက်ပြီး ရောင်းတာက ဘာနဲ့တူလဲဆိုရင် အိမ်ငှားနေပြီး၊ ပြန်ရောင်းတာနဲ့ တူတယ်၊ မမြင်နိုင်တဲ့ အမှားတွေ ရှိနိုင်တယ် ' လို့ ပြောပါတယ်။
 
နိုင်ငံခြားက BOT စနစ်နဲ့ အစိုးရဆီ မြေငှားရင် မြေငှားခ နှစ် ၅၀ စာ စသည်ဖြင့် တစ်ခါတည်း ပေးရတဲ့အပြင် တစ်နှစ်တစ်ခါ ထပ်ပြီးတော့ မြေငှားခပေးရတယ်။တချို့စီမံကိန်းတွေဆိုရင်တစ်ပေပတ်လည်ကို အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာလောက် အစိုးရကို လစဉ်ငွေပေးချေရတာကြောင့် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၅သိန်းလောက် ထပ်ပေးရတာမျိုးရှိတယ်လို့ သိရပါတယ်။
နှစ်ကြာလာတာနဲ့အမျှ နိုင်ငံခြားကုမ္ပဏီတွေက အဲသည့်ငွေပမာဏကို ပေးချေဖို့ အခက်အခဲတွေရှိ လာနိုင်တယ်လို့ မလွင်မာအောင်ကပြောပါတယ်။
 
kumudra 


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်

ဘီအိုတီမြေပေါ်ဆောက်တဲ့တိုက်ခန်းနဲ့ ဂရန်မြေပေါ်ဆောက်တဲ့ တိုက်ခန်းရဲ့  ကွာခြားချက်

BOT ( Build Operate Transfer ) စနစ်နဲ့ ငှားထားတဲ့ မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်းတွေနဲ့ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေပေါ်မှာ ဆောက်တဲ့ တိုက်ခန်းတွေရဲ့  ကွာခြားချက်တချို့ကိုနှုင်းယှဉ်ဖော် ပြပေးလိုက်ပါတယ်။

ဘီအိုတီစနစ်နဲ့ ငှားထားတဲ့မြေပေါ်မှာ ဆောက်တဲ့တိုက်ခန်းတွေကို ဝယ်ရင်

အစိုးရဆီကနေ ဘီအိုတီစနစ်နဲ့ ငှားထားတယ်။ တိုက်ခန်းဆောက်တဲ့ ကုမ္ပဏီကိုယ်တိုင်က အစိုးရဆီက ငှားထားရတော့ ငှားထားတဲ့သက်တမ်းပြည့်ရင် ပြန်အပ်ရမှာပါ။ Build Operate Transfer ဖြစ်တာကြောင့် ပြည့်ရင် အရှိတိုင်းပြန်အပ် ရမှာ ဖြစ်ပါတယ်။

ကွန်ဒိုမီနီယံတိုက်ခန်းဖြစ်လာရင် အခန်းဝယ်တဲ့သူက မြေကြီးပါ ရှယ်ယာပိုင်တဲ့ သဘောဖြစ်လာတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဌေးသာက 'ဘီအိုတီ စနစ်က နှစ် ၅၀ ငှားထားတယ်၊ ထပ်တိုး (Extension) ၁၀နှစ်၊ ၁၀နှစ်နဲ့ နှစ် ၇၀ ပြီးရင်တော့သက်တမ်းပြီးပြီပေါ့၊ သက်တမ်းထပ်တိုးပေးဖို့ကတော့ အဲဒီအချိန်မှာ တိုင်းပြည်ကို စီမံခန့်ခွဲနေတဲ့သူတွေရဲ့  အဆုံးအဖြတ်ပေါ့ ' လို့ ပြောပါတယ်။

သူကပဲ နှစ် ၇၀ လောက်ဆိုရင် အဆောက်အအုံရဲ့  သက်တမ်းကကုန်ပြီ။ သည်အဆောက်အအုံပေါ်မှာ နေတဲ့သူတွေက ဘာပိုင်ဆိုင်မလဲဆိုတာ ဦးတို့မပြောနိုင်ဘူး၊ ဝယ်တဲ့သူတွေက နှစ် ၅၀ ၊ ၇၀လောက်နေရရင် ကျေနပ်တယ်ဆိုရင် ဝယ်နိုင်တယ်။ သက်တမ်းကျန်သေးရင်တောင် အဆောက်အအုံတွေက ပြင်ကြမှပဲ။ အဲသည်အချိန်ကျရင်တော့ ပိုင်ဆိုင်မှု ရှုပ်ထွေးနိုင်တယ်လို့ ပြောပါတယ်။

ဘိုးဘွားပိုင်၊ ဂရန်မြေပေါ်မှာဆောက်တဲ့တိုက်ခန်းတွေကိုဝယ်ရင်

ကွန်ဒိုမီနီယံတိုက်ခန်းဖြစ်လာရင် အခန်းဝယ်တဲ့သူကမြေကြီးပါ ရှယ်ယာပိုင်တဲ့သဘောဖြစ်လာတာကြောင့် ဘိုးဘွားပိုင်၊ ဂရန်မြေပေါ်မှာ ဆောက်ရင် အဲသည်မြေကြီးပါပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။ ဂရန်သက်တမ်းကုန်သွားရင်လည်း အစိုးရဆီမှာ သက်တမ်းထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။ ကွန်ဒိုမီနီယံဥပဒေက မထွက်သေးတာကြောင့် တချို့ဆောက်လုပ်ရေး ကုမ္ပဏီတွေက မြန်မာနိုင်ငံကပြဋ္ဌာန်းတဲ့ ဘယ်ဥပဒေကိုမဆို လိုက်နာပါမည်ဆိုတဲ့ ခံဝန်ချက်နဲ့ စာချုပ်ချုပ်ပေးတယ်။ အဲသည်လိုမျိုးဝယ်ရင်တော့ ဝယ်တဲ့သူတွေ မနစ်နာနိုင်ဘူးလို့ သိရပါတယ်။

ဦးသာဌေးက 'အိပ်ခန်းတွေဝယ်တာ ရောင်းတာက ရှေ့နေနဲ့ လုပ်တာကောင်းတယ်၊ ဥပဒေပညာရှင်နဲ့ ဆွေးနွေးရမယ်၊ စင်ကာပူမှာဆိုရင် တရားဝင်မှတ်ပုံတင်ပြီး ရောင်းကြဝယ်ကြတယ်၊ ဘယ်သူမှ Black Market မရှိဘူး၊ ကြိုက်ရောင်း ကြိုက်ဝယ်နဲ့ အရပ်စာချုပ်နဲ့ ဝယ်တာမရှိဘူး၊ ဒီမှာလဲ အဲဒီလိုလုပ်သင့်တယ်၊ အခွန်ရှောင်တာ၊ အခွန်လျော့နည်းအောင် မလုပ်သင့်ဘူး ' လို့ ပြောပါတယ်။

လက်ရှိပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်အများစုက ဘိုးဘွားပိုင်မြေ၊ ဂရန်မြေတွေပေါ်မှာပဲ အဆင့်မြင့်အိမ်ရာတွေ တည်ဆောက်ရောင်းချတယ်လို့ သိရပါတယ်။

kumudra


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

သီလ၀ါ အထူးစီးပွားရေးဇုန်၌ မြေသိမ်းမိန့် ထုတ်ပြန်ထားပြီး စက်မှုမြေငှားဂရန် ထုတ်ပေးထား

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ၃၈၄၀ ဒသမ ၄၇၂ ဧကအား မြေသိမ်းမိန့် ထုတ်ပြန်ပေးထားပြီး ၅၀၂၇ ဒသမ ၀၂ ဧကအား စက်မှုမြေငှားဂရန် ထုတ်ပေးထားပြီးဖြစ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီမှ ဇူလိုင် ၁၃ ရက်က သတင်းရရှိသည်။

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းအဆင့်များတွင် ကြုံတွေ့နေရသည့် မြေယာဆုံးရှုံးမှုများကြောင့် စီမံကိန်းတွင် ပါဝင်ဖယ်ရှားပေးခဲ့ရသည့် ဒေသခံများက JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းအေဂျင်စီ) စစ်ဆေးရေးအရာရှိထံသို့ ဇွန် ၂ ရက်တွင် ကန့်ကွက်လွှာအား ဂျပန်နိုင်ငံသို့ သွားရောက်ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းကန့်ကွက်လွှာတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ဆောင်နေသည့် သီလ၀ါစီမံကိန်း ပထမအဆင့်စီမံကိန်း ဟက်တာ ၄၀၀ နှင့် ဒုတိယအဆင့်စီမံကိန်း ဟတ်တာ ၂၀၀၀ တွင် လယ်ယာမြေဆုံးရှုံးခြင်း၊ လယ်ယာမြေတွင် စိုက်ပျိုးခွင့်ဆုံးရှုံးခြင်း၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ ဆုံးရှုံးခြင်း၊ ဆင်းရဲနွမ်းပါးမှု ပိုမိုဖြစ်ပေါ်စေခြင်း၊ ပြန်လည်နေရာချထားသည့် မြိုင်သာယာရှိ အခြေခံအဆောက်အအုံနှင့် နေရာထိုင်ခင်း အဆင့်အတန်းနိမ့်ပါးမှု၊ သန့်ရှင်းသောရေ ရရှိမှုမရှိခြင်း စသည့်အချက်များ ပါဝင်သည်ဟု သီလ၀ါ လူမှုဘ၀ဖွံ့ဖြိုးရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ယင်းသို့ ကန့်ကွက်ခြင်းမှာ ယခု အကောင်အထည်ဖော်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန်ပါဝင်သော ပထမအဆင့်စီမံကိန်း ဟက်တာ ၄၀၀ တွင် ဒေသခံပြည်သူများမှ သတ်မှတ်ထားသည့်အတိုင်း လျော်ကြေးမရရှိခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဒုတိယအဆင့်စီမံကိန်း ဟတ်တာ ၂၀၀၀ တွင်လည်း အလားတူကိစ္စရပ်မျိုး မဖြစ်စေရန် ယခုကဲ့သို့ ကန့်ကွက်လွှာ ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ၀င်ရောက်မြှုပ်နှံမည့် Developer အတွက် မြေငှားခနှုန်းထားအား ငါးဒေါ်လာ/စကွဲယား မီတာနှုန်းဖြင့် နိုင်ငံတော်မှ သတ်မှတ်ထားပြီး Developer မှတစ်ဆင့် Invester ထံသို့ ထပ်ဆင့်မြေငှားခနှင့် ပတ်သက်၍ တင်ပြမည်ဖြစ်သည်။ Developer အနေဖြင့် အစိုးရထံမှ မြေငှားခနှင့် တည်ဆောက်မှုစရိတ်ပေါင်း ၃၇ ဒသမ ၆ ဒေါ်လာ/စကွဲယားမီတာ ရှိနေသဖြင့် သီလ၀ါအထူးစီးပွားရေးဇုန် မြေဈေးနှုန်းအား ဒေသတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်၍ မများလွန်း၊ မနည်းလွန်းသည့်ဈေးနှုန်း သတ်မှတ်နိုင်ရန် ဂျပန်နိုင်ငံအစိုးရနှင့် MJTD Developer မှ တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၆၅-၇၀ နှုန်း သတ်မှတ်ရန် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် အနီးပတ်လည်တွင် လက်ရှိပြင်ပ ပေါက်ဈေးနှုန်းမှာ တစ်ဧကလျှင် အနိမ့်ဆုံး ကျပ်သိန်း ၃၀၀၀ ကျော်အထိ ရှိနေပြီး ရန်ကုန်မြို့ရှိ အအောင်မြင်ဆုံး စက်မှုဇုန်များဖြစ်သည့် လှိုင်သာယာစက်မှုဇုန်တွင် မြေတစ်ဧကလျှင် ကျပ်သိန်းတစ်သောင်းခန့်အထိ ခေါ်ဈေးရှိနေသည်။ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့၏ မြို့လယ်မြေဈေးနှုန်းများထက် ပိုမိုကြီးမြင့်နေသည့် ရန်ကုန်မြို့၏ မြေတစ်ပေပတ်လည်ဈေးနှင့် နှိုင်းယှဉ်ပါက သီလ၀ါအထူးစီးပွားရေးဇုန်အတွက် လက်တလော အဆိုပြုထားသည့် ဈေးနှုန်းမှာ သင့်လျော်သောနှုန်းထား ဖြစ်နေသည်။

Eleven


အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ရန်ကုန်အတွက် အိမ် ခြံ မြေ စံသတ်မှတ်နှုန်း အသစ်ပြင်ဆင်

ရန်ကုန်မြို့တွင် မြေတစ် ပေပတ်လည်အပေါ် အရောင်းအ ၀ယ်ပြုလုပ်ရမည့် အိမ်ခြံမြေစံ နှုန်းသတ်မှတ်ချက်နှုန်းထားကို အသစ်ပြန်လည်ပြင်ဆင်ထားပြီး ယခုနှစ် အောက်တိုဘာတွင် ပြန်လည်အတည်ပြု သတ်မှတ် ပေးသွားမည်ဖြစ်ကြောင်း အိမ်ခြံ မြေကာလတန်ဖိုးစိစစ်သတ်မှတ် ရေးအဖွဲ့မှ ဦးကျော်ကျော်ကပြော သည်။

‘‘အိမ်ခြံမြေဈေးနှုန်းတွေက အမြဲပြောင်းလဲနေလို့ ကျွန်တော် တို့က ပြန်လည်ပြင်ဆင်သတ် မှတ်ပေးရတော့မှာဖြစ်ပါတယ်’’ ဟု ဦးကျော်ကျော်ကဆိုသည်။

၂၀၁၃ အောက်တိုဘာက သတ်မှတ်ထားသည့် နှုန်းထား အသစ်များကို ပြင်ဆင်ခြင်းဖြစ်ပြီး စံနှုန်းအသစ်တွင် ဈေးနှုန်းလျှော့ ချထားခြင်းနှင့် တိုးမြှင့်ထားခြင်း ကို လတ်တလောထုတ်ဖော်ပြော ဆိုသွားမည်မဟုတ်ကြောင်း ၎င်း ကပြောသည်။

ပြန်လည်ပြင်ဆင်ရေးဆွဲမည့် နှုန်းထားသစ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားပြီး လိုအပ်သည်များကို ထပ်မံဖြည့်စွက်ကာ ဗဟို အစိုးရသို့ ဆက်လက်တင်ပြပြီး ပါက အသစ်ပြန်လည်သတ်မှတ် ပေးမည်ဖြစ်ကြောင်း ဦးကျော် ကျော်က ရှင်းပြသည်။

စံနှုန်း သတ်မှတ်ချက်များ မည်သည့်အချိန်တွင် အသစ်ပြန် လည်သတ်မှတ်ပေးမည်ကို မသိရှိ ရသေးကြောင်း အိမ်ခြံမြေလော ကတွင် အရောင်းအ၀ယ်အေးနေ ကြောင်း စိုင်းခွန်နောင်အိမ်ခြံမြေ အကျိုးဆောင်မှ မန်နေဂျင်းဒါ ရိုက်တာ ဦးစိုင်းခွန်နောင်ကဆို သည်။ ရာဖြတ်တန်ဖိုးများ လက်ရှိ အနေအထားအရ နည်းပါးနေ ခြင်းကြောင့် ဌာနက မူလတန်ဖိုး ထက်တိုးမြှင့်ပြီး ရေးဆွဲထား သည်ဟု ကြားသိရကြောင်း ၎င်း ကဆက်လက်ပြောသည်။

‘‘ဌာနတွင်းမှာ ရာဖြတ်တွေ အသစ် ပြန်ဆွဲနေတာရယ်၊ ၀ါတွင်းကာလကြောင့်ရယ်၊ အ ရောင်းအ၀ယ်ကတော့ ဈေးကွက် ထဲ တော်တော်အေးနေတယ်’’ဟု ဦးစိုင်းခွန်နောင်ကပြောသည်။

မြန်မာနိုင်ငံတွင် အိမ်ခြံမြေဈေးနှုန်းမြင့်တက်နေခြင်းကို အစိုးရက ထိန်းချုပ်ရန် မြို့နယ် နှင့် လမ်းများအလိုက်တစ်ပေ ပတ်လည်အပေါ် အရောင်းအ၀ယ်ပြုလုပ်ရန် စံနှုန်းများ သတ် မှတ်လိုက်ပြီး ယခု လာမည့် အောက်တိုဘာလ တစ်နှစ်ပြည့် မြောက်ချိန်တွင် နှုန်းထားအသစ် ပြင်ဆင်သတ်မှတ်ရန် ဌာနက စီစဉ်နေခြင်းဖြစ်သည်။

7 Day



အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်

ရွှေလင်ပန်း အိမ်ရာစီမံကိန်းမှ အိမ်ခန်းဝယ်လိုသူများကို အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အရစ်ကျငွေချေးပေးရန် စီစဉ်

လှိုင်သာယာမြို့နယ် ရွှေ လင်ပန်းအိမ်ရာစီမံကိန်းမှ အိမ် ခန်းဝယ်လိုသူများကို ဆောက် လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်မှ အရစ်ကျစနစ်ဖြင့် ငွေချေးပေးမည်ဟု အဆိုပါဘဏ်မှ ဒါ ရိုက်တာ ဦးဝင်းဇော်က ပြော ကြားသည်။

အခန်းပေါင်း ၅၀၀ ကျော်ပါ ၀င်မည့် ရွှေလင်ပန်းတန်ဖိုးနည်း အိမ်ရာစီမံကိန်းကို အရစ်ကျ စနစ်ဖြင့် ၀င်ငွေနည်းပြည်သူများ ၀ယ်ယူနိုင်ရန်အတွက် အဆိုပါ ဘဏ်မှ ငွေချေးပေးသွားမည် ဖြစ်ပြီး ငွေပေးချေမည့်အတိုးနှုန်း နှင့် ၀ယ်ယူသူမှ ငွေပုံမှန်ပေး သွင်းနိုင်ရန် တာဝန်ခံမှု၊ ငွေပြန် ဆပ်နိုင်ရန် အစီအစဉ်တို့ကို ဌာန တွင်း အသေးစိတ်ပြန်လည်ဆွေး နွေးနေသည်ဟု ဦးဝင်းဇော်က ဆိုသည်။

စုစုပေါင်း တိုက်အလုံးပေါင်း ၂၄ လုံးအခန်းပေါင်း ၅၇၆ ခန်း တွင် တစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ကျော်မှ ၁၂၀ အထိ ကျသင့်မည် ဖြစ်ပြီး လစဉ်မိသားစုဝင်ငွေ သုံး သိန်းမှ ခုနစ်သိန်းထက်မကျော် လွန်သူများ အဆိုပါအိမ်ရာစီမံ ကိန်းမှ အခန်းဝယ်ယူခွင့်ကို မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးတွင် အသေးစိတ်စုံစမ်းနိုင်ပြီး လျှောက်လွှာကို မိမိအစီအစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး စာတိုက်မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်သည်။

လျှောက်ထားသူ အရေအ တွက် များပြားနိုင်သည့်အတွက် မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ် ပြီး မဲပေါက်သူအနေဖြင့် ဆောက် လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်တွင် ငွေချေးနိုင်ရန် အဆိုပါဘဏ်နှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနတို့ ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

‘‘စနစ်နှစ်မျိုးနဲ့ ရောင်းပေး မယ်။ ဌာနကနေ တိုက်ရိုက်ဝယ် ယူတဲ့ စနစ်နဲ့ ဘဏ်နဲ့ချိတ်ဆက် ပြီး လေးနှစ်အရစ်ကျပေးသွင်းနိုင် တဲ့ ပုံစံနဲ့ပါ။ အိမ်ဝယ်ဖို့ အခက် အခဲရှိသူတွေအတွက ဒီစီမံကိန်း က ရည်ရွယ်ပါတယ်’’ ဟု မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး တစ်ဦး ကပြောသည်။

ပြီးခဲ့သည့်လများကလည်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက တာဝန်ယူတည် ဆောက်သည့် ဗိုလ်မင်းရောင်နှင့် ဗိုလ်ဗထူး အိမ်ရာစီမံကိန်းအခန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့က မဲဖောက်ရောင်းချပေးပြီးဖြစ်သည်။

7 Day Daily



အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

လိုင်စင်မဲ့ အဆောက်အအုံများ အရေးယူနိုင်ရန် အကူအညီလို



ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့စွာ ဆောက်လုပ်
လျက်ရှိသည့် ကန်ထရိုက်အဆောက်အအုံဆောက်လုပ်သူများ ပိုမိုလျော့ပါးစေရန်အတွက် လိုင်စင်
မဲ့ကန်ထရိုက်ဆောက်သူများကိုအရေးယူနိုင်ရန် အဆိုပါမြို့နယ်များတွင်နေထိုင်ကြသည့် အိမ်ပိုင်
ရှင်၊ မြေပိုင်ရှင်များကို အမှုဖော်ထုတ်မှုတွင် ပူးပေါင်းပါဝင်စေလိုကြောင်း ရန်ကုန်မြို့တော် စည်ပင်
သာယာရေး ကော်မတီ၏ အင်ဂျင်နီယာဌာန (အဆောက် အအုံ) ဌာနမှူး ဦးသန်းဌေးက ဇူလိုင် ၇
ရက်နေ့ တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"အိမ်ရှင် မြေရှင်တွေကို မက်လုံးတွေပေးပြီး လိုင်စင်မဲ့ ကန်ထရိုက် ဆောက်လုပ်နေတဲ့သူတွေကို
တရားစွဲဆို ချင်ပါတယ်။ ဒါပေမဲ့ ဌာနဘက်ကလည်း ပိုင်ရှင်နဲ့ ကန်ထရိုက် သဘောတူပြီး ပေါင်း
ချုပ်ထားတဲ့ စာချုပ်သက်သေမရှိဘဲ တရားစွဲဆိုလို့မရပါဘူး။ အိမ်ရှင် မြေရှင်တွေက လည်း ကန်
ထရိုက်တွေဘက်က ကာပြီး သူတို့ပဲဆောက်တာပါလို့ ပြောကြပါတယ်။ သူတို့က ကန်ထရိုက်ကို
ဖော်ထုတ်မပေးတော့ ကျွန်တော်တို့ဘက်က တရားစွဲဆိုလို့ မရပါဘူး။ အဲဒါကြောင့် နေထိုင်သူတွေ
ရော အိမ်ရှင်မြေရှင်တွေရော ပူပေါင်းဆောင်ရွက် ဖို့ လိုပါတယ်" ဟု ၎င်းကပြောသည်။

လိုင်စင်မရှိသည့် ကန်ထရိုက်တိုက်ဆောက်လုပ်သူများ အများဆုံးလုပ်ငန်းလုပ်ကိုင်လျက်ရှိကြပြီး
ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ပြီး လိုင်စင်မဲ့ကန်ထရိုက် တိုက်များ အများဆုံးရှိရာ သင်္ဃန်းကျွန်း
မြို့နယ်တွင် ထိုကဲ့သို့အဆောက်အအုံများ ပိုမိုတည်ဆောက်လာကြခြင်းကို စိုးရိမ်လာ ကြကြောင်း
အဆိုပါမြို့နယ်တွင် နေထိုင် သူများက ပြောသည်။

"အခု လိုင်စင်မဲ့ကန်ထရိုက်တွေက အရမ်းကိုစည်းကမ်းမဲ့ပြီး မြို့နယ်တွေမှာ ပေါများလာပါတယ်။
သူတို့ကိုအရေးယူဖို့ အတွက် ကျွန်တော်တို့က အိမ်ရှင် မြေရှင်ကို အရင်အသိပေးပြီး သူတို့ကိုလည်း
အရေးယူ ရပါတယ်။ သူတို့တွေက သူတို့ ဆောက်တာ ပါဆိုပြီး ဒဏ်ငွေတွေဆောင်ကြတယ်။ အဲဒီ
ငွေတွေအတွက် ကန်ထရိုက်က နောက်က ပေးတယ်ဆိုပေမယ့် ဒီအဆောက်အအုံပြီးသွားလို့
သူတို့ထွက်ပြေးသွားလည်း အမှုကမပြီးသေးတဲ့အတွက် ဒီမပြီးပြတ်တဲ့ အမှုကို ကန်ထရိုက်နဲ့
ပူးပေါင်းတဲ့ အိမ်ရှင် မြေရှင်တွေပဲ ခံစားရမှာပါ" ဟု ဦးသန်းဌေး က ပြောသည်။

ထို့ပြင် ကန်ထရိုက်ဆောက်လုပ်သူများ ကို နေထိုင်ခွင့်ပါမစ်ရရှိသည့် အဆောက် အအုံများနှင့်
စံချိန်စံညွှန်းမီ အဆောက် အအုံများ တည်ဆောက်စေလိုသည့် အတွက် နိုင်ငံတော်အစိုးရနှင့်
ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အား ဆောင်ရွက်စေပေးလိုကြောင်း သင်္ဃန်း
ကျွန်းမြို့နယ် င/က ရပ်ကွက်၌ နေထိုင် သူများက ဇွန်လ ၃၀ ရက်နေ့က တောင်းဆို ခဲ့သည်။

"ကျွန်တော်တို့ရပ်ကွက်မှာ လိုင်စင်မဲ့ ကန်ထရိုက်တိုက်ဆောက်တဲ့သူတွေ အများ ကြီးရှိပါတယ်။
ဆောက်လုပ်ပြီးစီးသွားတဲ့ တိုက်ခန်းတွေလည်း နေထိုင်ခွင့်ပါမစ် လုံးဝ မရှိပါဘူး။ အဲဒီတိုက်ခန်းတွေ
မှာနေတဲ့သူတွေက အဲဒီမှာနေထိုင်နေပေမယ့် ခိုင်လုံတဲ့ ပိုင်ဆိုင်မှုဘာတစ်ခုမှမရှိဘဲ စိုးရိမ်စိတ်တွေ
နဲ့ နေနေရတယ်။ နေထိုင်သူ တော်တော် များများကလည်း သေချာမသိခဲ့ဘဲနဲ့ ကြိုပွိုင့် နဲ့ ပိုက်ဆံ
တွေပေးပြီး ၀ယ်ခဲ့ကြတယ်။ ဒါပေမဲ့ အခုဒီတိုက်ခန်းတွေက နေထိုင်ခွင့် ပါမစ်တွေ မရသေးတော့
နေထိုင်သူတွေအတွက် ဒီတိုက်ခန်းပါမစ်တွေ ရစေချင်ပါတယ်။ ပါမစ်မရသေးတဲ့အဆောက်အအုံ
တွေကို ပါမစ်ပေးစေချင်ပါတယ်။ ပါမစ်မလျှောက်တဲ့ ကန်ထရိုက်ဆောက်တဲ့သူတွေကိုလည်း
ပါမစ်လျှောက်လာအောင် တာဝန်ရှိတဲ့သူတွေကို ဆောင်ရွက်ပေးစေလိုပါတယ်" ဟု အဆိုပါ
ရပ်ကွက်တွင် နေထိုင်သူ ဦးတင်ထွန်းက ပြောသည်။

အဆိုပါ သင်္ဃကျွန်းမြို့နယ် င/က ရပ် ကွက်တွင် ဆောက်လုပ်ပြီးစီးသည့် လိုင်စင်မဲ့ကန်ထရိုက်
တိုက် စုစုပေါင်း ၁၀၀ နီးပါ ခန့်ရှိပြီး လက်ရှိဆောက်လုပ်ဆဲ လိုင်စင်မဲ့ ကန်ထရိုက်တိုက်မှာ ၁၂၆
လုံးခန့်ရှိကာ အချို့ဆောက်လုပ်ဆဲ လိုင်စင်မဲ့တိုက်ခန်း များကို ယခုအခါတွင် ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီက ဆောက် လုပ်ခွင့်ရပ်နားရန် သတိပေးဆိုင်းဘုတ် များကပ်ထား
ကြောင်း နေထိုင်သူများက ပြောသည်။

"အခု စည်ပင်သာယာက လိုင်စင်မဲ့ ဆောက်နေတဲ့ အဆောက်အအုံတွေ လုပ်ငန်းရပ်နားဖို့ ဆိုင်း
ဘုတ်တွေ ကပ်ထားပါတယ်။ အဲဒီလုပ်ငန်းတွေလည်း တကယ် ရပ်တန့်နေပါတယ်။ ဒါပေမဲ့ စည်
ပင်သာယာက အခုလိုအရေးယူတဲ့အခါကျတော့ ကြိုပွိုင့်နဲ့ပိုက်ဆံပေးပြီး အခန်းဝယ်ယူထားတဲ့ပြည်
သူတွေ အခက် အခဲ ဖြစ်နေပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒီလိုအဆောက်အအုံတွေမှာ
နေထိုင်ခွင့်ပါမစ်တွေ ပေးစေလိုပါ တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျပ် သိန်း ၁၄၀ နဲ့ အခန်း
တစ်ခန်း ကြိုပွိုင့် ၀ယ်ထားတာ အခုလုပ်ငန်းရပ်ဆိုင်းတဲ့ အထဲပါနေပါတယ်" ဟု ၎င်းကပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၁၂ ခုနှစ် ခန့်မှ စတင်ခါ ကန်ထရိုက်လုပ်ငန်းများ စတင်ဝင်ရောက်
လာပြီး ယခုအခါတွင် ယင်းမြို့နယ်ရှိရပ်ကွက်အများစုမှာ တဲနှင့် သွပ်မိုးပျဉ်ထောင်အိမ်မှ တိုက်ခန်း
များ အဖြစ်သို့ ပြောင်းလဲလာသည့်အတွက် နေထိုင်မှုပုံစံ မြင့်တက်လာသော်လည်း အိမ်ပိုင်ဆိုင်မှု
တွင် ခိုင်လုံခြင်းမရှိသည့် ပြဿနာများဖြင့် ကြုံတွေ့နေရကြောင်း နေထိုင်သူများကပြောသည်။

"အရင်တုန်းက ကျွန်တော်တို့ရပ်ကွက် တွေမှာ အိမ်တွေက တဲအိမ်၊ ပျဉ်ထောင် အိမ်တွေ ပူးကပ်
နေလို့ မီးရေးထင်းရေးအတွက် စိုးရိမ်ရပါတယ်။ ဒါပေမဲ့ အခုကျ တော့ မီးရေးထင်းရေး စိတ်ပူစရာ
မလိုတော့ဘူး နေထိုင်ရတာကလည်း အဆင့် ပိုမြင့်လာပေမယ့် ပါမစ်မရှိတဲ့ကန်ထရိုက် တွေကြောင့်
ကိုယ်နေထိုင်ရတဲ့နေရာ ဟာ ဘာပိုင်ဆိုင်မှုမှမရှိဘဲ နေနေရတယ် ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရင်တထိတ်
ထိတ်နဲ့ နေနေရတဲ့ဘ၀က ဆိုးတယ်"ဟု ယင်းရပ် ကွက်တွင်နေထိုင်သူတစ်ဦးက မြန်မာ တိုင်း(မ်)
ကိုပြောသည်။

မြတ်ငြိမ်းအေး  



အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate


မြေယာများကိုဈေးကစားခြင်းကြောင့် ပြည်တွင်း မြေဈေးနှုန်းများ အဆမတန် မြင့်တက်လာ

မြေဈေးနှုန်းများ ကြီးမြင့်ခြင်းကြောင့် ရန်ကုန် မြို့၏ အိမ်ဈေးနှုန်းများ၊ ကွန်ဒိုတိုက်ခန်း ဈေးနှုန်း
များနှင့် မြေငှားရမ်းခနှုန်းများအပြင် အိမ်၊ ကွန်ဒိုတိုက်ခန်းနှင့် ရုံးခန်း၊ ဆိုင်ခန်း ငှားရမ်းမှုများပါ
ဈေးကြီးမြင့်ခဲ့ရသည်။

အိမ်နှင့် မြေယာများသည် လူနေထိုင်ရန် အတွက်သာဖြစ်သောကြောင့် စီးပွားရေး ဆန်ဆန်
မဆင်မချင်မလုပ်ဆောင်သင့် ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု အသင်းမှ ဗဟို
အလုပ်အမှုဆောင် ဦးမောင်အေး ကပြောသည်။ "အိမ်မြေတွေကို စီးပွားရေးတစ်ခုလို လုပ်
နေကြတော့ မြေနေရာတွေကို စီးပွားရေး ဆန်ဆန် အကျိုးအမြတ်တွက်ပြီး ဈေးကစား ကြ
တယ်။ မြေဈေးကစားတာကို စီးပွားရေးပုံစံ မလုပ်သင့်တော့ဘူးလို့တော့ ကျွန်တော်ယူဆ
ပါတယ်" ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးများမှာ ဆက်လက်မြင့်မားလာနိုင်သည့် အနေအထား တွင်ရှိနေ
သော်လည်း လက်ရှိတွင်ဈေးကစားသူများက ရန်ကုန်မြို့၏အိမ်ခြံမြေ ၀ယ်ရောင်း ငြိမ်သက်နေ
မှုများကြောင့် မြေယာရင်းနှီး မြှုပ်နှံမှုအား ရပ်တန့်လာကြကြောင်း အိမ်ခြံ မြေအကျိုးဆောင်များ
က ပြောသည်။

"လက်ရှိ မြေဈေးနှုန်းတွေမကျပေမယ့် လည်း အရောင်းအ၀ယ်ကတော့ တော်တော်ကိုအေးနေ
ပါတယ်။ ဈေးကစားတဲ့သူတွေ လည်း ရင်းနှီးမြှုပ်နှံဖို့ကို ချင့်ချိန့်လာကြ တယ်။ သိပ်ပြီးဈေးမက
စားရဲကြတော့ဘူး" ဟု Phoenix Real Estate အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းပိုင်ရှင် ကိုထွန်းထွန်း
ကပြောသည်။

ရန်ကုန်မြို့၏ မြေဈေးအကြီးဆုံးနေရာ များမှာ စီးပွားရေးဆိုင်ရာစီမံကိန်းများ အခြေစိုက်ရန်
ပြင်ဆင်နေသော နေရာများ ဖြစ်ပြီး ယင်းစီမံကိန်းများကိုအကြောင်းပြုကာ မြေယာဈေးကစား
သူများသည် ရင်းနှီးမြှုပ်နှံ လာခြင်းကြောင့် မြေယာဈေးနှုန်းများ လည်း အဆမတန်မြင့်တက်
လာခဲ့သည်။

သို့သော် ယင်းစီမံကိန်းလုပ်ငန်းများ တစ်ရှိန်ထိုး မဖြစ်ပေါ်လာသည့်အချိန်တွင် အဆိုပါနေရာ
များရှိမြေယာများကို လူအများ စိတ်ဝင်စားမှုလျော့နည်းသွားပြီး မြေယာ အရောင်းအ၀ယ်
လုပ်ငန်းများ နှေးကွေးသွား ခြင်းများက အိမ်ခြံမြေဈေးကစားရင်းနှီးမြှုပ်နှံ သူများကို အထိ
နာစေခဲ့ကြောင်း ကိုထွန်းထွန်း က ပြောသည်။

"အခုနောက်ပိုင်း ခံရတာတွေကများနေတော့ မြေကိုသိပ်ပြီး မ၀ယ်ရဲကြတော့ဘူး။ လှုပ်လှုပ်
ရှားရှားဖြစ်တဲ့ နေရာတိုင်း ဈေး အမြင့်နဲ့ဝယ်ထားပြီး ကိုယ့်လက်ထဲမှာ ငွေက မြုပ်နေကြတယ်။
တကယ်တမ်း အဲဒီနေရာ တွေက ထင်သလောက်အကောင်အထည်လည်းမပေါ်ရော ပြန်ရောင်း
ထုတ်ဖို့ ခက်ခဲ သွားရော" ဟု ၎င်းက ပြောသည်။ စီမံကိန်းများ အကောင်အထည်မပေါ် သေး
သည့်နေရာများရှိ မြေဈေးနှုန်းများမှာ အမြင့်ဈေးနှုန်းနှင့်သာ ဆက်လက်တည်ရှိနေပြီး ဈေးကွက်
အတွင်း စီးပွားရေး အမှန် တကယ်လုပ်ဆောင်မည့် လုပ်ငန်းရှင်များ၏ ၀ယ်ယူမှုများသာ ရှိတော့
ကြောင်း Phoenix Real Estate အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းပိုင်ရှင် ကိုထွန်းထွန်း က ပြောသည်။

"စက်ရုံဆောက်ဖို့အတွက် မြေလိုတဲ့သူတွေရဲ့အ၀ယ်တွေတော့ ရှိတယ်။ သီလ၀ါ အထူးစီးပွားရေး
ဇုန်ဘက် ရွှေပြည်သာနဲ့ မင်္ဂလာဒုံတို့ဘက်မှာတော့ ၀ယ်ချင်တဲ့သူ တွေ ရှိတယ်။ သူတို့တွေက
တကယ်စီးပွားရေးလုပ်ဖို့ စက်ရုံဆောက်မှာဆိုတော့ အမှန်တကယ်ဝယ်ကြတယ်။ ၀ယ်ရင်လည်း
မြေဧက အများကြီးဝယ်ကြတယ်။ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်ငန်းတချို့ကတော့ လာကြည့်ရုံနဲ့ လေ့
လာ ရုံသက်သက်လောက်ပဲ ရှိပါတယ်။ စက်ရုံဆောက်မယ့်သူတွေကတော့ ၀ယ်ကြတယ်။
အများစုက အထည်ချုပ်စက်ရုံတည်ဆောက်ဖို့ အတွက် မြေနေရာတွေကြည့်တာများတယ်" ဟု
၎င်းကပြောသည်။

သန်လျင်မြို့ သီလ၀ါအထူးစီးပွားရေးဇုန်အတွင်းရှိ မြေဈေးများမှာ တည်နေရာအနေအထားပေါ်
မူတည်၍ တစ်ဧကလျှင် ကျပ်သိန်း ၂,၀၀၀ ခန့်မှ ၅,၀၀၀ ခန့်ထိ ရှိပြီး ဒလမြို့နယ်တွင်မူ ပျမ်းမျှ
တစ်ဧကလျင် သိန်း ၁,၀၀၀ ခန့်ရှိကာ ပဲခူး ရန်ကုန် အမြန်လမ်းမ ပေါ်ရှိ စက်မှုဇုန်မြေများမှာ သိန်း
၂,၀၀၀ ခန့် ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"ဒလမြိုကဆိုရင်လည်း တံတားထိုးမယ်ဆိုလို့ အကုန်လုံးအဲဒီဘက်မှာပဲစုပြီး မြေတွေဆင်းဝယ်ကြ
တော့ ဈေးတွေတင် ရောင်းကြတယ်။ တံတားကချက်ချင်း အကောင်အထည်ဖော်မယ့် အခြေအနေ
လည်း မဟုတ်ရော ၀ယ်တဲ့သူတွေလည်း ဆက်ပြီး မ၀ယ်ရဲကြတော့ဘူး ပြန်ရောင်းဖို့လည်း ခက်
သွားကြရော။ ပဲခူးလည်း အဲဒီအတိုင်းပဲ သတင်းစာတွေထဲမှာ ပုံတွေနဲ့ဖော်ပြလာတော့ အားလုံးက
အဲဒီဘက်ကိုဦးတည်သွား ကြပြီး ဈေးတွေကလည်း အဆမတန်မြင့်ကုန် တယ်။ အခုတော့ အဲဒီမှာ
လည်း ဘာမှ လုပ်လို့မရတော့ဘူး"ဟု ကိုထွန်းထွန်းက ပြောသည်။

မြတ်ငြိမ်းအေး

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ( Phoenix အကျိုးဆောင် ) page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate