အကျိုးဆောင်မပါဘဲ စာချုပ်ချုပ်ဆိုရင် သတိပြုပါ

အိမ်ခြံမြေတွေကို အကျိုး ဆောင် မပါဘဲ စာချုပ်ချုပ်ဆိုရောင်းဝယ် ကြမယ်ဆိုရင် စာချုပ်ပါအကြောင်းအရာတွေကို သေသေချာချာ စစ်ဆေးသင့်တယ်လို့ သိရပါတယ်။

“သေချာမစစ်ဆေးဘဲ ဝယ်ယူတာတွေကြောင့် စလစ်အတု၊ ပါမစ်အတုတွေ ဝယ်မိတယ်ဆိုတဲ့ ပြဿနာတွေ ဖြစ်ပေါ်နေ ရတာပါ၊ သေချာစစ်ဆေးမယ်ဆိုရင်တော့ ဒီပြဿနာတွေ မဖြစ်နိုင်ဘူး”လို့ အိမ်ခြံမြေ အကျိုးဆောင် ဦးမြင့်အေးက ဆိုပါတယ်။

အိမ်ခြံမြေဆိုင်ရာ စာချုပ် ချုပ်ဆိုတဲ့ အခါမှာ သတိထားရမယ့် အချက်တွေနဲ့ အ ရေးကြီးအချက်တွေကို ရောင်းဝယ်သူ တ ချို့ အမှတ်တမဲ့ ထားရှိတတ်ပါတယ်။ မြေ အမျိုးအစားအလိုက် ပိုင်ဆိုင်မှုအထောက်အထားတွေကို နားလည်တတ်ကျွမ်းသူ တွေနဲ့ စစ်ဆေးသင့်ပါတယ်။ ဝယ်ရောင်း တချို့က စာရွက်စာတမ်းတွေကို အပေါ်ယံ လောက်ပဲ ကြည့်ရှုစစ်ဆေးတတ်ကြတာ ကြောင့် သေချာစစ်ဆေးဖို့ လိုအပ်ပါ တယ်။ ဒါ့အပြင် ယခုနောက်ပိုင်းမှာ ဂရန်၊ စလစ်မြေ၊ ပါမစ်မြေတွေရဲ့ စာရွက်စာတမ်း အတုတွေ ထွက်နေတဲ့အတွက် သေချာစစ် ဆေးသင့်တာ ဖြစ်တယ်လို့ သိရပါတယ်။

စာချုပ်စာတမ်းပါ အချက်အလက် တွေကိုလည်း သေချာစွာဖတ်ရှုသင့်ပါ တယ်။ ငွေကြေးဆိုင်ရာ ကိန်းဂဏန်းတွေ၊ ရက်စွဲတွေ၊ စာချုပ်ပါစကားလုံးတွေကို တစ်လုံး ချင်းစီ သေသေချာချာစစ်ဆေးမှ သာ စာချုပ်ပါ အချက်အလက်နဲ့ ကွဲပြားမှု တွေကို သိရှိနိုင်မှာပါ။ ဒါ့အပြင် မှတ်ပုံတင် ပါ အချက်အလက်တွေ၊ တိုက်ခန်းမြေကွက် တည်နေရာတွေကိုလည်း စာချုပ် စာတမ်းနဲ့ ကိုက်ညီမှု ရှိ မရှိ တိုက်ဆိုင်စစ် ဆေးသင့်တယ်လို့ သိရပါတယ်။

နောက်တစ်ခု သတိထားရမှာကတော့ စာချုပ်ပါ အချက်တချို့ကို အမှားပြင်ဆင် ချက်နဲ့ အမှားပြင်ဆင်တာတွေ ဖြစ်ပါ တယ်။ စာချုပ်ထဲမှာ အမှားတစ်စုံတစ်ရာ ရှိ ပါက ပြင်ဆင်ချက်ကို သေချာစွာ စစ်ဆေး ရပါမယ်။ စာချုပ်တွေကို စစ်ဆေး တဲ့အခါ အမှားတွေ့ရင် correction pen ကို မသုံးဖို့ ကလည်း သတိပြုစရာတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ correction pen အသုံးပြုမိပြီး အမှား  ပြင်ဆင်ချက်ကို initial sign (လက်မှတ်အတို ကောက်) ထိုးထားပေမဲ့ မသမာသူတွေက correction pen ကို အသုံးပြုပြီး ထပ်ပြီး အမှားပြင်ဆင်နိုင်တာကြောင့် ဖြစ်ပါ တယ်။

လက်မှတ်အတိုကောက်ထိုး
စာချုပ်မှာ အမှားတွေ့ရှိမယ်ဆိုရင် လုပ်ဆောင်ရမယ့် အကောင်းဆုံးအချက် ကတော့ အမှားစကားလုံးပေါ်မှာ cross မျဉ်းတစ်ကြောင်းသာခြစ်ပြီး အပေါ်မှာ အမှားပြင်ဆင်ချက်ရေးကာ initial sign (လက်မှတ်အတိုကောက်) ထိုးပေးခြင်းပဲ ဖြစ်ပါတယ်။

“ကိုယ်ဝယ်တဲ့ချိန်မှာ ဒီလိုအမှားမျိုး ကို ရပါတယ်လို့ သဘောထားလိုက်ပေမဲ့ ပြန်ရောင်းတဲ့အခါကျတော့ အခက်တွေ့ ရော အဲဒီလိုအမှားပြင်ဆင်ချက်က သို့ လော သို့လော ဖြစ်စေပါတယ်”လို့ အထက် တန်း ရှေ့နေ မသိင်္ဂီအေးက ဆိုပါတယ်။

အခုလိုအမှားမျိုးတွေကို စာချုပ်မှာ တွေ့ရှိလာတယ်ဆိုရင် အရောင်းအဝယ် ပိုင်းမှာ အခက်အခဲတချို့ရှိလာပြီး ပြဿနာ တက်နိုင်တာကြောင့် ရောင်းသူနဲ့ ဝယ်သူ ကြားမှာ နှစ်ဦးသဘောတူ စာချုပ်အသစ် တစ်ခု ထပ်မံချုပ်ဆိုလို့ရတယ်လို့ သိရပါ တယ်။ ဝယ်ယူသူအနေနဲ့ သံသယရှိတယ် ဆိုရင် ရောင်းသူကို မူရင်း ပထမပိုင်ရှင်နဲ့ တိုက်ရိုက် စာချုပ်ချုပ်ဆိုခွင့် တောင်းဆိုလို့ ရသလို ချုပ်ဆိုခွင့်ရှိတယ်လို့လည်း သိရပါ တယ်။ ဒါ့အပြင် သက်သေထည့်သွင်းတဲ့ နေရာမှာလည်း နားလည်သူတွေကိုသာ သက်သေအဖြစ် ထည့်သွင်းသင့်တယ်လို့ သိရပါတယ်။

“အသိမိတ်ဆွေမို့လို့၊ လမ်းကြုံလို့ စ တာတွေကို သက်သေထိုးခိုင်းတာကလဲ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာရင် သူတို့ က စာချုပ်ပါအကြောင်းအရာကို မသိ တော့ အခက်တွေ့ရတယ်၊ ဒါကြောင့် သူ တို့ကို သက်သေလုပ်ခိုင်းမယ်ဆိုရင် သေချာသိအောင် အရင်ပြောထားသင့်တယ်”လို့ အထက်တန်းရှေ့နေ မသိင်္ဂီအေးက ဆက်ပြောပါတယ်။

Credit: Kumudra
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ပါမစ်မြေ ဝယ်ယူမယ်ဆိုရင်

အိမ်ခြံမြေဈေးကွက်အတွင်းမှာ အရှုပ်အရှင်းပြဿနာတစ်စုံတစ် ရာ မပေါ်ပေါက်စေဖို့ မြေချပါမစ်နဲ့ ပတ်သက်တာတချို့ကို ဖော်ပြပေးလိုက်ပါ တယ်။

အိမ်ခြံမြေရောင်းဝယ်မှုမှာ မြေချပါမစ် ဝယ်ယူမယ်ဆိုရင် သက်ဆိုင်ရာ မြေယာ ရုံး ခွဲတွေမှာ စစ်ဆေးသင့်သလို အိုးအိမ်နဲ့ စည်ပင်မှာလည်း စာရွက်စာတမ်းပြည့်စုံမှု ရှိ မရှိကို စစ်ဆေးရပါမယ်။ ပါမစ်တစ်စုံမှာ အိမ်ရာရွှေ့ပြောင်းသူရဲ့ ရာဇာဝင်၊ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်၊ မှီခိုသူမိသားစု စာရင်း စတာတွေကို မဖြစ်မနေစစ်ဆေး သင့်ပါတယ်။ အိုးအိမ်ဦးစီးဌာနရဲ့ ဦးစီး လက်မှတ်၊ ဒုညွှန်မှူး လက်မှတ်တွေ ပါမပါ ကြည့်ရှုရပါမယ်။ မြေပုံနဲ့ မြေရာဇဝင်ပါရှိက ပိုကောင်းတယ်လို့ သိရပါတယ်။

ပါမစ်မူရင်းဆိုတိုင်း စိတ်မချရပါဘူး။ ပါမစ်ပျောက်ဆိုပြီး ပြန်လည်လျှောက်ယူသူတွေ ရှိနေပါတယ်။ ပါမစ်ပျောက်ဆုံးဆို ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ ရဲစခန်းထောက်ခံစာတွေနဲ့အတူ တရားသူ ကြီးရှေ့မှာ ကျမ်းကျိန်လွှာတို့နဲ့ မှတ်ပုံတင် ပြနိုင်ရင် စည်ပင်မှာ ပါမစ်ပျောက်၊ ဂရန် သစ် လျှောက်ထားလို့ရပါတယ်။ ဒါကြောင့် စာရွက်စာတမ်း အစုံအလင်ရှိပေမဲ့ မြေကွက်ကိုလည်း အချိန်ပေးပြီးသွားရောက် ကြည့်ရှုသင့်တယ်လို့ သိရပါတယ်။

ဂရန်သစ်လျှောက်တဲ့အခါမှာ ကန့်ကွက်မှု ရှိမရှိကို နိုင်ငံပိုင်သတင်းစာတွေကနေ ကြော်ငြာရပါမယ်။

သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူး ရုံးကိုလည်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာစာပေးပို့ရမှာ ဖြစ်ပါတယ်။

 မြေတိုင်းဆင်း အဆင့်ဆင့် ဆောင်ရွက်ပြီး ကန့်ကွက်သူ မရှိပါက ဂရန် အသစ်ချပေးမှာ ဖြစ်ပြီး ဂရန်သစ်လျှောက်ထားချိန် အ နည်းဆုံး တစ်နှစ်ကြာမြင့်တယ်လို့ သိရပါတယ်။

Credit: Kumudra
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

မြေရှင်အသိအမှတ်က တိုက်ခန်းနေအတွက် အရေးကြီး

တိုက်ခန်း၊ ကွန်ဒို ဝယ်ယူ မှုတွေမှာ မြေရှင်ရဲ့ အသိအမှတ်ပြုခြင်းက လည်း ခိုင်မာမှုအတွက် အရေးကြီးတယ် လို့ သိရပါတယ်။

“မြေရှင်လက်မှတ်ထိုးခဆိုတာက မြေ ရှင်ကို အမည်ပြောင်းခအနေနဲ့ ပေးရတာ ပါ၊ ဒီပိုက်ဆံကို မပေးချင်လို့ ကျော်လိုက် မယ်ဆိုရင် တိုက်နဲ့ ပတ်သက်ပြီး တစ်စုံ တစ်ခုဖြစ်လာရင် ပြဿနာရှိနိုင်တယ်”လို့ မြန်မာ့ ရတနာမြေ အကျိုးဆောင်လုပ်ငန်း မှ အိမ်ခြံမြေအကြံပေးရှေ့နေ ဦးကိုကိုက ပြောပါတယ်။

မြေရှင်လက်မှတ်ဆိုတာက တိုက်ခန်း ဝယ်ယူရာမှာ အမည်ပြောင်းအဖြစ် မြေရှင် က အသိအမှတ်ပြုပေးတာ ဖြစ်ပါတယ်။ မြေရှင်အသိအမှတ်ပြုခြင်းက တိုက်ခန်း နေသူတွေအတွက် အရေးကြီးပြီး တိုက် ခန်းနေသူတွေ တိုက်ပြိုကျခြင်း၊ တိုက်ခန်း ပျက်စီးခြင်းဖြစ်ပေါ်ပါက မြေရှင် အသိ အမှတ်မပြုရင် တိုက်ခန်းပြန်ရဖို့ မလွယ်ကူ ဘူးလို့ သိရပါတယ်။

တိုက်ခန်း၊ကွန်ဒိုရောင်းဝယ်ရာမှာ မြေ ရှင် လက်မှတ်ထိုးခ (တစ်နည်း) အမည် ပြောင်းခ ပေးရပါတယ်။ နေရာဒေသ အ လိုက် အရောင်းတန်ဖိုး တစ်ရာခိုင်နှုန်းက နေ သုံးရာခိုင်နှုန်းအထိ ပေးရပါတယ်။ မြေ ရှင် လက်မှတ်မပါဘဲ ဥပဒေနှင့် ညီညွတ်ပါ က ရောင်းချခွင့်ရှိတယ်ဆိုပေမဲ့ မြေရှင် အသိအမှတ်မပြုပါက ဆုံးရှုံးမှုတွေ ဖြစ်ပေါ် လာနိုင်တယ်လို့ သိရပါတယ်။

အိမ်လခပေးရတာက
အပျောက်တိုက်ခန်းဝယ်ယူသူကို ဥပဒေအရ အိမ်ငှားခ သတ်မှတ်ထားလို့ ၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေကို လိုက်နာရတာကြောင့် အပျောက်တိုက်ခန်းဝယ်ယူသူတွေအနေနဲ့ ငှားရမ်းခွင့်နဲ့ တစ်ဆင့် ပြန်လည်ရောင်းချခွင့် ရှိပေမဲ့ ဥပဒေအရ အိမ်ငှားဟုဆိုတာ ကြောင့် အိမ်လခပေးဖို့ တာဝန်ရှိပါတယ်။ မြေရှင် က သတ်မှတ်ထားတဲ့ အိမ်လခကို တိုက်ခန်းနေသူတွေက ပေးရတာဖြစ်ပြီး အိမ်လခတွေကိုတော့ နားလည်မှုနဲ့ သတ် မှတ်ကြတယ်လို့ သိရပါ တယ်။

“မြေယာနှင့် အခွန်က သတ်မှတ်ထား တဲ့ အိမ်လခက ၂၀ဝ/၂၅၀ (ကျပ်)၊ ဒါက ခု နဲ့ မကိုက်ညီတော့ဘူး၊ ခုတော့ နားလည်မှု နဲ့ ပေးနေကြတာပါ၊ ထောင်ဂဏန်းဝန်း ကျင် ပေးရပါတယ်”လို့ အိမ်ခြံမြေ အကြံ ပေး ရှေ့နေဦးကိုကိုက ဆိုပါတယ်။

လခပေးလည်း မခိုင်မာသေးပါ
မြေရှင်ကို အိမ်လခ မှန်မှန်ပေးသွင်း နေပေမဲ့၊ အိမ်ရှင်အသိအမှတ်ပြုတယ်ဆို ပေမဲ့ အမည်ပေါက်နေရာမှာ မူလပိုင်ရှင်ရဲ့ အမည်နဲ့သာ ဆက်လက်တည်ရှိနေတာ ကြောင့် တိုက်ခန်းနဲ့ ပတ်သက်တဲ့ တစ်စုံ တစ်ခု ဖြစ်ပေါ်လာပါက ပိုင်ဆိုင်မှုမှာ မူလ ပိုင်ရှင်နာမည်နဲ့သာ ရရှိမှာဖြစ်ပါတယ်။ အိမ်ရှင်အနေနဲ့လည်း မိမိနဲ့ သင့်မြတ်သူ ကိုသာ ထောက်ခံပေးခြင်းမျိုး ဖြစ်ပေါ်လာ နိုင်တယ်လို့ သိရပါတယ်။

“အခု အဖြစ်များနေတာက တိုက် ဟောင်းပြီး ပြိုကျလာမှုတွေပေါ့၊ မြေရှင်ကို အိမ်လခတော့ သွင်းတယ်၊ ဒါပေမဲ့ အရက် မူးပြီး နေ့တိုင်းသောင်းကျန်းနေတော့ ကန် ထရိုက်နဲ့ တိုက်အသစ်ပြန်ဆောက်တော့ မြေရှင်က အခန်းမပေးတော့ဘူးဆိုပြီး ပြဿနာတွေ တက်နေတယ်”လို့ ဦးကိုကို က ဆိုပါတယ်။

ငှားရမ်းခ တိုးလို့
၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေမှာ အိမ်ရှင်အခွင့်အရေးအရ ငှားရမ်းခ တိုးတောင်းခွင့်ရှိတယ်လို့ ပါရှိပါ တယ်။ ဥပဒေ အရ ငှားရမ်းခတိုးတောင်း နိုင်ပေမဲ့ အိမ်ရှင်တွေအနေနဲ့ ငှားရမ်းခ နှစ် စဉ် တိုး မြှင့်ကောက်ခံနေတာကြောင့် အ ပျောက် တိုက်ခန်း ဝယ်ယူသူတွေ အခက် တွေ့ကြရပါတယ်။ ယခုဆိုရင် အိမ်လခ တစ်လ ကျပ် ၅၀ဝ၀ အထိ ပေးကြရသလို အိမ်လခကိုလည်း ပုံစံအမျိုးမျိုးနဲ့ ကောက်ခံနေကြတယ်လို့ သိရပါ တယ်။

“ကျွန်မတို့ဘက်မှာတော့ အိမ်လခ ရယ်လို့ မဟုတ်ဘဲ ရေခွန်၊ မီးခွန်ဆိုပြီး တစ် လကို ကျပ် ၃၀ဝ၀ ပေးရတယ်၊ တချို့ တိုက် တွေမှာတော့ ဒီထက်များတယ်ပြော တယ်”လို့ လှိုင်မြို့နယ်မှာ နေထိုင်သူ မမော်လေး က ဆိုပါတယ်။

Credit: Kumudra
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

စံနှုန်းသတ်မှတ်အပြီး ခြောက်လအတွင်း အိမ်၊ ခြံ၊ မြေ အခွန်ဆောင်သူ သုံးထောင်ကျော်ရှိ

အိမ်၊ ခြံ၊ မြေ စံနှုန်းသတ်မှတ်ပြီးနောက် ခြောက်လတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပြုလုပ်မှုများအတွက် ၃၂၆၇ ဦး အခွန်လာရောက် ပေးဆောင်ကြောင်းကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အခွန်နှုန်းထားများကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ယင်းသတ်မှတ်ချက်များအတိုင်း အခွန် ပေးဆောင်ခဲ့ရခြင်း ဖြစ်ပြီး မြို့သစ်များမှ အခွန်လာရောက် ဆောင်သူ ပိုမိုများပြားကာ မြို့တွင်းမှ အနည်းငယ်သာ ရှိကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တကယ်တော့ ဈေးနှုန်း ကွာခြားခြင်းကလည်း အခွန်ဆောင်ရာမှာအတားအဆီးတစ်ခု ဖြစ်နေတာပေါ့။ မြို့သစ်တွေက ဈေးနည်းတယ်လေ။ မြို့ထဲတွေကျ ပြင်ပပေါက်ဈေးကအရမ်းများနေတော့ အခွန် လာမဆောင်နိုင်ဘူး ဖြစ်နေတာ။ ပြီးတော့ မြို့သစ်ဘက်တွေက အရောင်းအဝယ် ဖြစ်တာလည်း များတာကြောင့်ပါ” ဟု ၎င်းကဆိုသည်။

မတ်လ ပထမပတ်အတွင်းမှ စတင်၍ အရောင်းဘက်မှ အခွန်ဆောင်သူ ပိုမို များပြားလာလျက်ရှိပြီး အဝယ်ဘက်တွင်မူ ပုံမှန်အတိုင်းသာ ရှိကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံးထံမှ သိရသည်။

အရောင်းဘက်မှ အခွန်ဆောင်သူ တိုးလာခြင်းမှာ ကုမ္ပဏီများက နှစ်ချုပ်စာရင်းများ အပြီးသတ်ချုပ်ရန်နှင့် အပြီးသတ် စည်းကြပ်မှု ခံယူရန်တို့ကြောင့် ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။

the voice
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ထိန်းသိမ်းရန်‌ခက်‌ခဲသည့်‌ ရန်‌ကုန်‌မြို့ရှိ ‌ရှေး‌ဟောင်းအ‌မွေအနှစ်‌အ‌ဆောက်‌အအုံများ

ရန်ကုန်မြို့တွင် သမိုင်းဝင်ကိုလိုနီခေတ်လက်ရာ အဆောက်အအုံပေါင်း ၁၈၉ လုံးရှိရာ အဆိုပါအဆောက် အအုံများကို မူလလက်ရာမပျက် ထိန်းသိမ်းထားရှိသွားရန် လိုအပ်သကဲ့သို့ အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မည်ဆိုပါကလည်း စနစ်တကျ လေ့လာပြီးမှသာ သတ်မှတ်သင့်သည်ဟု ရန်ကုန်မြို့ပြ အမွေ အနှစ်ကို ထိန်းသိမ်းသွားလိုသူများက မဇ္ဈိမကိုပြောသည်။



ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့  Yangon Heritage Trust-YHT မှ သုတေသ နပညာရှင် မသက်နှင်းကြည်ဖြူက ရှေးဟောင်းအမွေအနှစ် လက်ရာကြွယ်ဝသည့် ကိုလိုနီခတ်လက်ရာ သမိုင်းဝင် အဆောက်အအုံများသည် လက်ရှိကာလတွင် ထိန်းသိမ်းရခက်ခဲသည့် အခြေအနေသို့ ရောက် ရှိလာသည့်အတွက် အဖွဲ့မှကြိုးပမ်းထိန်းသိမ်းလျက်ရှိနေသည်ဟု ပြောသည်။



“ကိုလိုနီခေတ်က တည်ဆောက်ခဲ့တဲ့ သမိုင်းဝင်လက်ရာ အဆောက်အအုံတွေကို ထိန်းသိမ်းဖို့ အခုခေတ် မှာတော်တော်လေး ခက်ခဲလာတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဆောက်အအုံတွေက စည်ပင်ကနေ အန္တရာယ်ရှိ အဆောက်အအုံလို့ သတ်မှတ်ပြီးမှ ရှေးဟောင်းအမွေအနှစ် အဆောက်အုံ (heritage building) လို့သိရတယ်၊ ဒါကြောင့် heritage building တွေကို ထိန်းသိမ်းဖို့ တော်တော်လေးခက်ခဲလာ တယ်၊ ဒါပေမယ့် တစ်ချို့သော heritage building အဆောက်အအုံပိုင်ရှင်တွေကတော့ သူတို့အဆောက် အအုံက ရှေးဟောင်းလက်ရာ အဆောက်အအုံတစ်ခု ဟုတ်မဟုတ်ဆိုတာ စစ်ပေးဖို့လာ ပြောကြတယ်၊

ဒီလိုမျိုး ပိုင်ရှင်တွေကနေတစ်ဆင့် အသိပေးတာကတော့ လက်ရှိအချိန်မှာ နည်းနေသေးတယ်။ YHT က ရန်ကုန်မြို့မှာရှိတဲ့ ရှေးဟောင်းအဆောက်အအုံ အရေအတွက်ကို စာရင်းပြုစုနေတာဆိုတော့ YHT ကို ရန်ကုန်ကလူတွေက သိနေကြပါတယ်” ဟု မသက်နှင်းကြည်ဖြူ က ပြောသည်။



ရန်ကုန်မြို့ရှိ သမိုင်းဝင်အဆောက်အအုံ တစ်ခုဖြစ်သော အမှတ် ၂၃၃-၂၃၅၊ ပန်းဆိုးတန်း အထက်လမ်းရှိ ယခင် တို့ဗမာအစည်းအရုံးတည်ရှိခဲ့ရာ အဆောက်အအုံမှာ ယခင်က အန္တရာယ်ရှိ အဆောက်အအုံအဖြစ် စည်ပင်မှ သတ်မှတ်ခဲ့သော်လည်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သမိုင်းဝင် အဆောက်အအုံ တစ်ခုဖြစ်ခြင်းကြောင့် အချိန်မီထိန်းသိမ်းနိုင်ခဲ့သည့်အတွက် ရန်ကုန်မြို့ပြ အမွေ အနှစ် ထိန်းသိမ်းရေးကိုများစွာ အထောက်အကူ ပြုနိုင်ခဲ့သည်ဟုလည်း သိရသည်။



ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း မည် သည့် အဆောက်အအုံမဆို အန္တရာယ်ရှိလာသော အခြေအနေတွင် အန္တရာယ်ရှိ အဆောက်အအုံ (dan-ger building-DB) ဟုသတ်မှတ်ရမည်ဖြစ်ပြီး ထိုသို့သတ်မှတ်လိုက်ရခြင်းက ရန်ကုန်မြို့ရှိ ရှေးဟောင်း ကိုလိုနီလက်ရာ အဆောက်အအုံ အရေအတွက်ကို နည်းပါးသွားစေလို၍ မဟုတ်ကြောင်း ရှင်းပြသည်။

“ တကယ်တမ်း အန္တရာယ်ရှိတဲ့ အဆောက်အအုံဖြစ်လာရင် အန္တရာယ်ရှိ အဆောက်အအုံလို့ သတ်မှတ် ရမှာပါပဲ၊ စည်ပင်က ဆောင်ရွက်နေတဲ့ အန္တရာယ်ရှိ အဆောက်အအုံ လုပ်ငန်းစဉ်တွေက တစ်ဦးထဲ တစ် ယောက် ဆောင်ရွက်တာ မဟုတ်ပါဘူး၊ ကော်မတီဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်တာပါ၊ နောက်တစ်ချက်က ရန်ကုန်မြို့မှာရှိတဲ့ အဆောက်အအုံတွေကို ကော်မတီက သေချာစစ်ဆေးပြီး တကယ်အန္တရာယ်ရှိပြီး လူ နေထိုင်ဖို့ မသင့်လျော်တဲ့ အခြေအနေကျမှ သတ်မှတ်တာပါ။ ဒါကြောင့်အခုလို ဌာနရဲ့DB သတ်မှတ်ချက် လုပ်ထုံးလုပ်နည်းအပေါ် ဝေဖန်နေတာတွေက နည်းလမ်းမကျဘူးလို့ ပြောချင်တယ်၊ ဌာနရဲ့လုပ်ထုံး လုပ် နည်းအပေါ် ပြောဆိုလိုတယ်ဆိုရင် ရန်ကုန်မြို့ရဲ့ ဘယ်နေရာမှာရှိတဲ့ အဆောက်အအုံကတော့ DB လို့ မသတ်မှတ်သင့်ဘဲနဲ့ သတ်မှတ်ထားတယ်ဆိုတာကို လိပ်စာနဲ့ အတိအကျပြောပါ၊ ဌာနကသတ်မှတ်ထား တဲ့ အန္တရာယ်ရှိ အဆောက်အအုံ စာရင်းကိုလည်း သတင်းစာကနေတစ်ဆင့် တရားဝင် ကြော်ငြာနေတဲ့ အတွက် ဘယ်နေရာက အဆောက်အအုံဆိုတာ အတိအကျပြောပါလို့ ပြောချင်တယ်”ဟု အဆိုပါ တာဝန် ရှိသူက ပြောသည်။

သို့သော်လည်း မြို့ပြအမွေအနှစ်ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ YHT ကိုလည်း ဌာန၏ အားနည်းချက် ကို ထောက်ပြသည့်အတွက် ၎င်းတို့အဖွဲ့အစည်းကို အပြစ်တင် ဝေဖန်လိုခြင်းမရှိဟုလည်း ၎င်းအရာရှိက ပြောသည်။



“DB ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ထောက်ပြပြောဆိုတာတွေ ရှိပေမယ့် YHT ကို အပြစ်တင်လို တဲ့ ဆန္ဒမရှိပါဘူး၊ သူတို့ အဖွဲ့အစည်းကလည်း ဌာနရဲ့ဆောင်ရွက်ချက်တွေကို ဘာမှ လာလွှမ်းမိုးလို့ မရ ပါဘူး၊ ဥပမာ ပန်းဆိုးတန်းက အဆောက်အအုံဆိုရင် သမိုင်းဝင်ဟုတ် မဟုတ်ဆိုတာ သက်သေပြစရာ အထောက်အထား အခိုင်အမာ မရှိသေးပါဘူး၊ ဒီတော့ YHT ဘက်က တစ်ဖက်သတ်လုပ်လို့ မရပါဘူး၊အဆောက်အအုံကို ဒီဇိုင်းလှတိုင်း ရှေးဟောင်း အဆောက်အအုံလို့ ပြောလို့မရပါ ဘူး၊ ဒီအဆောက်အအုံ နဲ့ပတ်သက်ပြီး ပြန်လည်တည်ဆောက်တဲ့အခါမှာ YHT က အဆောက်အအုံ ရှေ့မျက်နှာစာကို မဖျက်ဘဲ ချန်ထားပါလို့ ပြောတယ်။ ရှေ့မျက်နှာစာကိုချန်ပြီး နောက်က အသစ်တည်ဆောက်မယ့် အဆောက်အအုံ နဲ့တွဲပါဆိုတော့ ဒါကြီးက ပြိုမကျနိုင်ဘူးလား၊ စည်ပင်ရဲ့လုပ်ထုံး လုပ်နည်းတွေကိုသာ ဝေဖန်နေပြီး ဒါမျိုး အချက်တွေကိုရော ထည့်သွင်းစဉ်းစားရဲ့လားဆိုတာ မေးစရာ ဖြစ်လာပါတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။



ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မည်သည့် အဆောက်အအုံမျိုးကိုမဆို အန္တရာယ်ရှိလာ သော အခြေအနေ ဖြစ်လာပါက အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ရမည် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။



“အဆောက်အအုံတစ်ခုက အန္တရာယ်ရှိလာပြီဆိုရင် ဘယ်အဆောက်အအုံပဲ ဖြစ်ဖြစ် DB လို့ သတ်မှတ် မှာပါပဲ၊ နောက်တစ်ချက် YHT ကိုပြောချင်တာက ရန်ကုန်မြို့ထဲမှာရှိတဲ့ ရှေးဟောင်း အဆောက်အအုံတွေ ကို သူများနိုင်ငံတွေမှာလို မူလလက်ရာမပျက်ယွင်းအောင် ပြန်လည်ပြုပြင်ပြီး art gallery တို့၊ ဟိုတယ်တို့ ဖွင့်မယ်ဆိုရင် ဒီလိုလုပ်နိုင်အောင် ဘယ်အဖွဲ့အစည်းက ထောက်ပံ့ပေးမှာလဲ၊ နေထိုင်သူတွေအတွက် ဘယ်လို စဉ်းစားပေးမလဲ၊ YHT ကလက်တွေ့ချပြဖို့ ကောင်းတယ်၊ ရှေးဟောင်း အဆောက်အအုံ တစ်ခု အန္တရာယ်ရှိ အဆောက်အအုံဖြစ်နေတာကို ပြန်မဆောက်ဘဲ မူလလက်ရာမပျက် ထိန်းသိမ်းခိုင်းနေတော့ ဒါကို အန္တရာယ်မရှိအောင် YHT က ဘယ်လိုလုပ်ပေးမှာလဲ၊ ဒီလိုပဲပြန် မေးချင်ပါတယ်။ စည်ပင်က ကိုယ့် တာဝန်ကိုယ် ထမ်းဆောင်နေတာပါလို့ ပြောချင်ပါတယ်” ဟု ၎င်းတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ရှိ နာမည်ရ ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးကလည်း ရန်ကုန်မြို့တွင် ရှေးဟောင်း အဆောက်အအုံ များစွာရှိသည့်အတွက် ၎င်းအအုံများကို ထိန်းသိမ်းထားရန် လိုအပ်သော်လည်း ကိုလိုနီ ခေတ်လက်ရာဟု ယူဆရသည့် သက်တမ်းကြာ တိုက်များကိုမူ ထိန်းသိမ်းမထားသင့်ဘဲ ဖြိုဖျက်တည် ဆောက်သင့်သည်ဟု ပြောသည်။



“ရန်ကုန်မြို့မှာရှိတဲ့ ကိုလိုနီခေတ်လက်ရာ လူနေတိုက်တွေကိုတော့ သက်တမ်းကြာလို့ အိုလာပြီဆိုရင် ဖြိုဖျက်ပြီး ပြန်ဆောက်တာ အကောင်းဆုံးပါပဲ၊ နေထိုင်သူတွေ ရှိနေတယ်ဆိုရင်တောင် ရှေးဟောင်း အဆောက်အအုံ ဖြစ်ခဲ့မယ်ဆိုရင်တောင် ပြန်ဆောက်ဖို့ လိုပါတယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။



ရန်ကုန်မြို့တွင် အန္တရာယ်ရှိ အဆောက်အအုံပေါင်း ၁,၆၆၁ လုံးရှိနေပြီး အများစုမှာ သက်တမ်း ၆၀ မှ ၈၀ နှစ်ကြားရှိကြောင်း သိရသည်။

mizzima
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဂျပန်အကြီးစား စီးပွားရေး လုပ်ငန်းများ သီလဝါထက် ထားဝယ်ကို ပိုစိတ်ဝင်စား

ဂျပန်နိုင်ငံမှ အကြီးစား စီးပွားရေး လုပ်ငန်းကြီးများက သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံခြင်းထက် ထားဝယ် အထူးစီးပွားရေးဇုန်တွင် လုပ်ငန်း လုပ်ကိုင်ရန် ပိုမို စိတ်ဝင်စားကြောင်း ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်မှုအဖွဲ့မှ အမှုဆောင် အုပ်ချုပ်မှု ဒါရိုက်တာ Mr. Masaki Takahara က The Voice သို့ ပြောကြားသည်။
“သီလဝါက မြစ်ထဲကို ပြန်ဝင်ရတာ ရှိပေမယ့် ထားဝယ်က ပိုပြီးကြီးတယ်။ ဒါ့အပြင် ဘန်ကောက်မြို့ အနောက်ဘက် ကီလိုမီတာ ၃၂၀ အကွာမှာ ရှိတာရယ်။ လွတ်လွတ်လပ်လပ် လုပ်နိုင်တာကြောင့် ထားဝယ်ကို စိတ်ဝင်စားကြတယ်” ဟု ၎င်းကဆိုသည်။

ထားဝယ် အထူးစီးပွားရေးဇုန်၏ တည်ဆောက်မှု အခြေအနေမှာ လတ်တလောတွင် ဆိုင်းငံ့ထားပြီး ယခင်ဇုန်တည်ဆောက်ရေး တာဝန်ခံ အီတာလျံ-ထိုင်းကုမ္ပဏီ နုတ်ထွက်ပြီးနောက်တွင် စီမံကိန်း၏ နောက်ဆုံး အခြေအနေ သိရှိရန် တိုင်းတာစစ်ဆေးမှုများ (Due Diligent) ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဟံစိန်က ပြောကြားထားသည်။

“ထားဝယ်စီမံကိန်းက စလုပ်မယ့် ကနဦး စီမံကိန်းမှာ Light Industries (အပေါ့စား စက်မှုလုပ်ငန်းများ)၊ Labor Intensive (လုပ်အားစူးစိုက်လုပ်ငန်းများ) လုပ်ငန်းတွေကို အဓိက ခွင့်ပြုသွားမှာပါ” ဟု ၎င်းကဆိုသည်။

ကနဦး စီမံကိန်းပြီးစီးမှသာ သံရည်ကျို လုပ်ငန်းများကဲ့သို့ အကြီးစား စီမံကိန်းကြီးများကို လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်ရန်အတွက် ငွေကြေးအင်အား တတ်နိုင်သည့် ကုမ္ပဏီ မရှိကြောင်း ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်း ရေးဆွဲရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ထားဝယ် စီမံကိန်းတွင် တတိယမြောက် ပူးပေါင်း အကောင်အထည်ဖော်မည့် မိတ်ဖက်အဖြစ် ပါဝင်ရန် ဂျပန်အစိုးရကို ဖိတ်ခေါ်ထားပြီး သုံးပွင့်ဆိုင် ဆွေးနွေးပွဲနှင့် နှစ်နိုင်ငံအစိုးရချင်း သီးသန့်ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိသည်။

the voice
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ပြည်တွင်းတွင် ဟိုတယ်အခန်းများ တိုးချဲ့ရန် ရှန်ဂရီလာအုပ်စုကို IFC ဒေါ်လာသန်း ၈၀ ချေးမည်

ပြည်ပခရီးသွားများ ဝင်ရောက်မှု မြင့်တက်လျက်ရှိသော မြန်မာနိုင်ငံတွင် ဟိုတယ်အခန်းများ တိုးချဲ့နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင် အခြေစိုက် ရှန်ဂရီလာ အာရှလီမိတက် (Shangri-la Asia Limited) ကို IFC (အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း) က အမေရိကန်ဒေါ်လာ သန်း ၈၀ ချေးပေးမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။

ရှန်ဂရီလာက အဆိုပါ ချေးငွေများကို ၂၀၁၄ ခုနှစ်အတွင်း ပြီးစီးရန် အကောင်အထည် ဖော်နေသော ရန်ကုန်မြို့တော်ရှိ ကုန်သည်ကြီးများ ဟိုတယ်ကို အခန်းပေါင်း ၂၇၀ မှ ၄၈၅ ခန်းအထိ တိုးချဲ့ခြင်းနှင့် အခန်းပေါင်း ၂၄၀ ပါဝင်သော ရန်ကုန် ရှန်ဂရီလာ လူနေအဆင့်မြင့်အိမ်ရာ (Shangri-La Residences Yangon) တို့ ဆောက်လုပ်ရာတွင် အသုံးပြုမည် ဖြစ်ကြောင်း IFC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟိုတယ်နှင့် အဆင့်မြင့်လူနေ တိုက်ခန်းများ တည်ဆောက်ခြင်းဖြင့် မြန်မာ့ခရီးသွား လုပ်ငန်းကဏ္ဍ တိုးတက်လာခြင်းနှင့်အတူ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ကြောင်း IFC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Vikram Kumar က ပြောကြားသည်။

ပြည်တွင်းကို နိုင်ငံတကာ ခရီးသွားများ ဝင်ရောက်မှု များပြားလာပြီး အခန်းလုံလောက်မှု မရှိသည့် ပြဿနာနှင့် ရင်ဆိုင်ရဖွယ် ရှိချိန်တွင် ဟိုတယ်အခန်းများ တိုးချဲ့ဆောက်လုပ်ခြင်းမှာ မြန်မာ့ခရီးသွား လုပ်ငန်းအတွက် အထောက်အကူပြုကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင် ဦးအေးကျော်က ပြောဆိုသည်။
“ခရီးသွားလုပ်ငန်းအတွက် အထောက်အကူ ဖြစ်တယ်။ ဧည့်သည်တွေ ဝင်လာရင် အခန်းခတွေ ဈေးကြီးလို့ မရဘူး” ဟု ၎င်းကဆိုသည်။

ရှန်ဂရီလာ အာရှကုမ္ပဏီသည် ဟောင်ကောင်အခြေစိုက် ဟိုတယ်လုပ်ငန်းစုကြီး တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံပေါင်း ၂၀ ကျော်တွင် ဟိုတယ်နှင့် အပန်းဖြေစခန်း တစ်ရာဝန်းကျင် ဖွင့်လှစ်ထားကာ မြန်မာနိုင်ငံတွင် ကုန်သည်ကြီးများ ဟိုတယ်ကို ဖွင့်လှစ်ထားသည်။

the voice
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

သီလဝါ အထူးစီးပွားရေး ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုများ နည်းဥပဒေ ထွက်ရှိမှသာ လုပ်ငန်းစတင်မည်

သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများကို မေလဆန်းတွင် ခွင့်ပြုနိုင်ရန် ရည်မှန်းထားပြီး အထူးစီးပွားရေးဇုန် နည်းဥပဒေ ထုတ်ပြန်ပြီးမှသာ တရားဝင်လုပ်ငန်း စာချုပ်ချုပ်ဆိုကာ လုပ်ငန်းများ လည်ပတ်မည် ဖြစ်ကြောင်း မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးရေးကုမ္ပဏီ (MJTD) ဥက္ကဋ္ဌ Mr. Takashi Yanai က The Voice သို့ ပြောကြားသည်။

အဆိုပါ နည်းဥပဒေကို လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိ အထူးစီးပွားရေးဇုန် ဌာနက တာဝန်ယူ ရေးဆွဲလျက်ပြီး အထူးစီးပွားရေးဇုန် အကောက်ခွန် လုပ်ငန်းစဉ်များကို ဆွေးနွေး ညှိနှိုင်းလျက် ရှိကြောင်း အဆိုပါ ဌာနထံမှ စုံစမ်း သိရှိရသည်။

“အကောက်ခွန်နဲ့ ပတ်သက်ပြီး အကောက်ခွန်ဌာန တာဝန်ရှိသူတွေရယ်၊ နောက် ဂျပန်ဘက်က Nippon Koei က တာဝန်ရှိသူတွေရယ်နဲ့ ဒီဧပြီလဆန်းမှာ ဆွေးနွေးညှိနှိုင်းဖို့ ရှိသေးတယ်” ဟု Mr. Takashi Yanai က ပြောဆိုသည်။

သင်္ကြန်ပွဲတော် ကာလဖြစ်သည့် ဧပြီလတွင် အစိုးရရုံး ပိတ်ရက်များ ရှိနေခြင်းနှင့် နည်းဥပဒေ ရေးဆွဲပြီးပါက ရှေ့နေချုပ်ရုံးသို့ တင်ပြခြင်းစသည့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ရှိသေးသည့် အတွက် မေလတွင် ထုတ်ပြန်နိုင်ခြင်း ရှိ၊ မရှိကိုမူ အတိအကျ မပြောနိုင်သေးကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အဆိုပြုထားသော ကုမ္ပဏီ ၁၇ ခုရှိပြီး ကုမ္ပဏီ အများစုမှာ ဂျပန်၊ ဟောင်ကောင်နိုင်ငံတို့မှ ဖြစ်ကြောင်း MJTD ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးဝင်းအောင်က ဆိုသည်။

အဆိုပါ ကုမ္ပဏီများတွင် လုပ်သားအင်အား အသုံးပြု အထည်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်းနှင့် မော်တော်ယာဉ် တပ်ဆင်ခြင်း လုပ်ငန်းများမှာ အများစု ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုများအတွက် မြေငှားရမ်းခြင်းကို လက်ရှိ စက်မှုဇုန် ပေါက်ဈေး များထက် သက်သာသော နှုန်းထား၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်သော နှုန်းထားများဖြင့် ရောင်းချရန် စီစဉ်ထားကြောင်း တာဝန်ရှိသူများက ပြောဆိုထားသော်လည်း မည်သည့် ဈေးနှုန်းဖြင့် ရောင်းချမည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်ကို မြေဟက်တာ ၄၀၀ နီးပါး ဝန်းကျင်တွင် လုပ်ငန်းစတင် လည်ပတ်မည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းများ စတင် လည်ပတ်နိုင်မည် ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားထားသည်။

the voice
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ရန်ကုန်-ပြည်လမ်းအား ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ကုန်အပြီး လမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်သွားမည်

မတ်လ ၂၆ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် သာယာဝတီမဲဆန္ဒနယ်မှ ဦးမောင်မောင်က BOT စနစ်ဖြင့် ယူထားသော ကုမ္ပဏီမှ ရန်ကုန်-ပြည်လမ်းအား လမ်းအကျယ် ၂၄ပေ တိုးချဲ့ပေးရန်နှင့် အဆင့်မြင့် နိုင်လွန်ကတ္တရာခင်းပေးရန် အစီအစဉ်ရှိ/မရှိ ကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဒု-ဝန်ကြီးဦးစိုးတင့်က ရန်ကုန်-ပြည်-မကွေးလမ်း၏ မိုင်တိုင် ၂၂/၃မှ ၈၀/၀ထိ (၅၇)မိုင်(၅)ဖာလုံ
အား တစ်ဖက် ၃ ပေအကျယ် ဂဝံလမ်းပုခုံးခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးဖြစ်၍ မိုင် ၈၀/၀ မှ ၁၀၅/၀ ထိ (၂၅)မိုင်ကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်
ကုန်အပြီး ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်အပိုင်းများကို အဆင့်ဆင့် တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှလည်း B.O.T စနစ်နှင့် ဆောင်ရွက်
လျက်ရှိသည့် မက်စ်မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်သို့
သတ်မှတ် စံချိန်စံညွှန်းများအတိုင်း လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်
ပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

တက်‌မှာလား ကျမှာလား

ခုတ‌လော အိမ်‌ခြံ‌မြေ အခွန်‌ကိစ္စနဲ့ပါတ်‌သက်‌လို့ အသံအမျိုးမျိုးထွက်‌‌နေကြတယ်‌
တက်‌မှာလား ကျမှာလား
‌မြေဝယ်‌မကျဆိုသလိုပဲ မြန်‌မာနိုင်‌ငံမှာ‌မြေဝယ်‌ပြီးကျတယ်‌ဆိုတာထက်‌ ငြိမ်‌သွားပြီး ‌အေးသွားတယ်‌ဆိုတာပဲရှိခဲ့တာ ‌ခေါင်းကိုက်‌ ဗိုက်‌နာဆိုရင်‌တမျိုး‌ပေါ့

‌မြေ‌ဈေးတက်‌ရိပ်‌ကလဲ ‌တော်‌ရုံ လုပ်‌ငန်း‌တွေက ရတဲ့အကျိုးမြတ်‌ကမမှီနိုင်‌ဘူး ဒါ့‌ကြောင့်‌လဲအိမ်‌‌ခြံ‌မြေ‌ဈေးဘက်‌ကိုလှည့်‌‌နေကြတာ

တိုက်‌ခန်း‌ဈေးကွက်‌‌ပေါ်ကိုပါသက်‌‌ရောက်‌‌နေကြတယ်‌ ဒါ‌တောင်‌
နိုင်‌ငံခြားသား‌တွေတရားဝင်‌ဝယ်‌ဖို့ condo law ကမထွက်‌‌သေးဘူး‌နော်‌

နိုင်‌ငံခြားရင်းနှီးမြုပ်‌နှံမှု‌တွေဖိတ်‌‌ခေါ်ပြီးအိမ်‌ယာ‌တွေ‌ဆောက်‌ဖို့စီစဉ်‌‌နေကြပြီး‌ကောင်းပါတယ် ‌မြေ‌တွေက မနည်းဘူး‌

A နိုင်‌ငံခြားသားပိုင်‌ + B မြန်‌မာနိုင်‌ငံသားပိုင်‌=
C joint company (နိုင်‌ငံခြားသား+မြန်‌မာနိုင်‌ငံသားပိုင်‌) ကိုသာ‌မြေဝယ်‌ခွင့်‌ပြုမယ်‌ဆိုရင်‌ ‌မြေ‌ဈေး‌တွေမ‌တွေးရဲဘူး လတ်‌တ‌လော‌တော့မလုပ်‌‌သေးဘူးထင်‌ ပါထင်‌တယ်‌

အိမ်‌ခြံ‌မြေက ထပ်‌တက်‌မှာလား ကျမှာလားဆို‌တော့ ထပ်‌တက်‌ဖို့မြင်‌တယ်‌
အထူးသဖြင့်‌ အထပ်‌မြင့်‌‌ဆောက်‌လို့ ရတဲ့‌နေရာ‌တွေဆို ပြည်‌ပ ရင်းနှီးမြုပ်‌နှံမှု‌တွေ ဝင်‌လာလို့ ‌မြေရှင်‌‌တွေက စင်‌‌ပေါ်ကပဲ
အခွန်‌နှုန်းသတ်‌မှတ်‌လိုက်‌လို့ ကျသလားဆို‌တော့ ဘယ်‌နားက အိမ်‌‌မြေ‌ဈေးကျတာကြားသလဲ...

ဒီတ‌လောအထပ်‌မြင့်‌‌ဆောက်‌လို့ရတဲ့‌နေရာ‌တွေဆို ပို‌တောင်‌တက်‌‌သေးတယ်‌

ပူစီ‌ဖောင်းကြိုးတန်းလန်းနဲ့ကွဲ မလား မိုး‌ပေါ်ပျံတက်‌ရင်းနဲ့ကွဲမလား

အင်းးးး

Credit: ko sai
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အိမ်ခြံမြေပူဖောင်း ပေါက်၊ မပေါက်

စီးပွားရေးလုပ်ငန်းရှင်များ ငွေမည်းများကို ငွေဖြူပြုလုပ်ရန် အိမ်ခြံမြေပိုင်ဆိုင်မှု ဖန်တီးပေးချိန်တွင် မြေဈေးနှုန်းများမှာ မြန်မာနိုင်ငံသည် အာရှတိုက်၌ စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိလာသည်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုအတွက် တွန်းအားတစ်ခုဖြစ်မည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများမှာလည်း မြေဈေးကြီးလွန်းမှုက ကြီးမားသည့် အတားအဆီးကြီးတစ်ခု ဖြစ်နေသည်။

နိုင်ငံရေးရှုပ်ထွေးမှုများ၊ ပဋိပက္ခများကြားထဲတွင် အစိုးရသစ် ဖြေရှင်းနေရချိန် မြန်မာ့စီးပွားရေးမှာ ဈေးကစားသူများ ငွေဖြူ၊ ငွေမည်း လုပ်ကိုင်သူများကြောင့် အိမ်ခြံမြေဈေး မိုးထောင်တက်နေမှုကို အစိုးရက ယခုအချိန်အထိ မထိန်းချုပ်နိုင်သေးပေ။

‘‘အစိုးရအနေနဲ့ အိမ်ခြံမြေကို ၀င်ထိန်းဖို့မလွယ်ဘူး’’ဟု နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ပြောကြားထားသည်။

၂၀၁၁ ခုနှစ်က လှိုင်မြို့နယ် ပြည်လမ်းမပေါ်ရှိ မြေတစ်ပေပတ်လည်တန်ဖိုးမှာ ကျပ်ငါးသိန်းဝန်းကျင်ရှိရာမှ ၂၀၁၄ ခုနှစ်တွင် တစ်ပေပတ်လည်လျှင် ကျပ် ၁၂ သိန်းကျော်အထိ နှစ်ဆကျော်မြင့်တက်လာသည်။ နှစ်များစွာ အကျမရှိဘဲ ဈေးဆက်တိုက်မြင့်တက်နေပြီး ပြည်တွင်းငွေကြေးအများစုမှာလည်း အိမ်ခြံမြေရောင်းဝယ်မှုအတွင်း၌သာ ရောက်နေပြီး လုပ်ငန်းရှင်များကြား ငွေလည်ပတ်မှုနည်းလာခြင်းမှာ အိမ်ခြံမြေပူစီဖောင်း ပေါက်တော့မည်လားဟု စီးပွားရေးအသိုင်းအ၀ိုင်းက စိုးရိမ်နေသူများရှိသည်။

အိမ်ခြံမြေဈေးကွက်မှာ ယခင်ကဲ့သို့ မြို့နယ်နေရာဒေသတစ်ခုအလိုက် မြင့်တက်ခြင်းမျိုး မဟုတ်တော့ဘဲ တစ်နိုင်ငံလုံးတွင် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။ တရားမ၀င် ငွေကြေးဝင်ရောက်မှု လွန်စွာများပြားနေပြီး စတော့အိတ်ချိန်းဈေးကွက် မရှိသေးခြင်း၊ အစိုးရသစ်လက်ထက် မူဝါဒအပြောင်းအလဲကြောင့် ကားဈေးကွက်ပျက်သွားခြင်း၊ ရွှေနှင့် ဒေါ်လာ ဈေးကွက်ပျက်သွားခြင်းနှင့် အခြားစီးပွားရေးလုပ်ငန်းများ အားမကောင်းခြင်းတို့ကြောင့် အခြားလုပ်ငန်းမျိုးစုံမှ အိမ်ခြံမြေဘက်သို့ အင်နှင့်အားနှင့် ၀င်ရောက်ရင်းနှီးမြှုပ်နှံလာကြသည်။

‘‘အိမ်ခြံမြေ၀ယ်ထားရင် ထမင်းမကျွေး၊ ရေမတိုက်ရဘူး။ ၀န်ထမ်းစရိတ်လည်း ကုန်စရာမလို၊ အိပ်နေရုံနဲ့တင် ဈေးက ဘိုးဘိုးအောင်မ,သလို နှစ်ဆတက်နေတော့ လုပ်ကြတာပေါ့’’ဟု Farmer ဖိုးရာဇာအထွေထွေဝန်ဆောင်မှု ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဒေါက်တာစိုးထွန်းကပြောသည်။

စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ် သြဂုတ်လမှစတင်ပြီး အိမ်ခြံမြေ၀ယ်ယူရာတွင် ငွေမည်း (တရားမ၀င်ငွေကြေး)ဖြင့် ၀ယ်ယူပါက အမည်ပေါက်ပြုလုပ်လျှင် အခွန်နှုန်းထားများကို ၁၅ ရာခိုင်နှုန်းသတ်မှတ်ပေးခဲ့သည်။ ယခင်က တရားမ၀င်ငွေကြေးဖြင့် အိမ်ခြံမြေ၀ယ်ယူပါက အမည်ပေါက်ပြုလုပ်လျှင် ၅၀ ရာခိုင်နှုန်းအထိ အခွန်ပေးဆောင်ခဲ့ရသည်။ ထို့ကြောင့် လျှော့ချလိုက်သည့် ယင်းအခွင့်အရေးကိုရယူ၍ ငွေမည်းမှ ငွေဖြူပြုလုပ်သူများသည် အိမ်ခြံမြေများ ၀ယ်ယူစုဆောင်းကြတော့သည်။

အစိုးရသစ်လက်ထက် အပြောင်းအလဲများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရန်ရှိနေသဖြင့် ပြည်တွင်းလုပ်ငန်းရှင်ကြီးများက ၎င်းတို့နှင့်ယှဉ်ပြိုင်ရန် ထိတ်လန့်ပြီး အခက်အခဲဖြစ်စေရန် အိမ်ခြံမြေဈေးနှုန်းများ မြင့်မားရေးကို ပြုလုပ်ခဲ့ကြသည်ဟု လုပ်ငန်းရှင်အချို့က ဆိုပါသည်။ ထို့အပြင် အိမ်နီးချင်းတရုတ်နိုင်ငံကလည်း အမေရိကန်၊ အီးယူ စသော အနောက်နိုင်ငံများနှင့် ဂျပန်၊ ကိုရီးယား စသောနိုင်ငံများ လာရောက်ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်နိုင်ရန် ပြည်တွင်း၌ ငွေထုပ်ပိုက် ၀င်ရောက်ဝယ်ယူမှုများကြောင့် အိမ်ခြံမြေဈေးနှုန်း လွန်ကဲစွာမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း အကျိုးဆောင်များကဆိုသည်။

‘‘ဈေးကွက်ထဲမှာ အရောင်းအ၀ယ်အများဆုံးဖြစ်နေတာက ဈေးကစားသူအချင်းချင်းတွေပဲ ဖြစ်နေတာများတယ်’’ဟု အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးက ပြောကြားသည်။

ယင်းကဲ့သို့ အိမ်ခြံမြေဈေးကွက် ဆက်တိုက်မြင့်တက်လာမှုများကြောင့် အိမ်ခြံမြေပူဖောင်း ပေါက်တော့မည်လားဟု စိုးရိမ်သူများရှိနေသကဲ့သို့ လက်ရှိအခြေအနေအရ ပူဖောင်းမပေါက်နိုင်ဟု ထင်မြင်နေသူများလည်းရှိသည်။

စီးပွားရေးလုပ်ငန်းရှင်အများစုက ၎င်းတို့ရှိသည့် ငွေကြေးအမြောက်အမြားကို မြေ၀ယ်ယူခြင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားခြင်းတို့ကြောင့် ကာလကြာရှည်လာပါက ငွေကြေးလည်ပတ်မှု နည်းပါးလာနိုင်ကြောင်း စီးပွားရေးပညာရှင်ဦးလှမောင်က သုံးသပ်သည်။

‘‘လက်ထဲမှာ ငွေလည်ပတ်မှုနည်းလာရင် အိမ်ခြံမြေပူဖောင်း မပေါက်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ဘူး’’ဟု ၎င်းကပြောသည်။

အရှေ့အာရှတွင် ၁၉၉၇ ခုနှစ်က ဟောင်ကောင်၌ အိမ်ခြံမြေဈေးနှုန်းများ လွန်ကဲစွာမြင့်မားခဲ့ပြီးနောက် ရုတ်တရက် ဈေးနှုန်းများ ပြန်လည်ကျဆင်းရာမှ အိမ်ခြံမြေပူဖောင်းပေါက်ခဲ့သည့်အတွက် အာရှတစ်တိုက်လုံး စီးပွားရေးပျက်ကပ်ဆိုက်ခဲ့သည်။ တရုတ်နိုင်ငံတွင်လည်း အိမ်ခြံမြေဈေးနှုန်းများ လွန်စွာမြင့်မားလာမှုကြောင့် အခက်အခဲများစွာနှင့် ကြုံတွေ့ခဲ့ရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများစွာ လည်ပတ်နိုင်မှု အားနည်းပြီး ငွေကြေးစီးဆင်းမှုကျပ်တည်းနေချိန်တွင် အိမ်ခြံမြေဈေးနှုန်းများ မြင့်မားသော်လည်း ပြိုကျနိုင်ခြင်းမရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။

‘‘ငွေကျပ်တာက အလည်အလတ်လုပ်ငန်းရှင်တွေပဲ။ အိမ်ခြံမြေကစားနေတာက လုပ်ငန်းရှင်အကြီးကြီးတွေဆိုတော့ ပူဖောင်းပေါက်မှာ စိုးရိမ်စရာမရှိဘူး’’ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းကသုံးသပ်သည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် အိမ်ခြံမြေအခွန်များကို ထပ်မံလျှော့ချပေးခြင်း၊ အိမ်ခြံမြေများဝယ်ယူပါက အကျိုးအမြတ်ဆုံးရှုံးနိုင်မှုမရှိခြင်းကို လုပ်ငန်းရှင်အများစုက ယုံကြည်ထားခြင်းကြောင့် ဈေးကွက်ပျက်ရန် မဖြစ်နိုင်ကြောင်း ၎င်းကရှင်းပြသည်။

နှစ်စဉ်၊ လစဉ် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာမှုမှာ အစိုးရ၏ မူဝါဒအပြောင်းအလဲအချို့တွင်သာ ဈေးကွက်အေးသွားခြင်း၊ အရောင်းအ၀ယ်ရပ်တန့်ခြင်းမျိုးသာ ဖြစ်ဖူးပြီး ကျန်ကာလများတွင်မူ အရောင်းအ၀ယ်မှာ အမြင့်ဈေးဖြင့်ပင် ပုံမှန်ဖြစ်နေကြောင်း ကြယ်စင်မြေအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာကဆိုသည်။

‘‘အဓိက အရောင်းအ၀ယ်က ပုံမှန်ဖြစ်နေလို့ ၀ယ်မယ့်သူမရှိမှ ဈေးပြန်ကျမယ်။ ဒါမှ ပူဖောင်းပေါက်တယ်လို့ ပြောလို့ရမှာ။ ဒါကြောင့် ပူဖောင်းပေါက်ဖို့ဆိုတာ အခုချိန်မှာ မဖြစ်နိုင်သေးဘူး’’ဟု အထက်ပါ ဒါရိုက်တာကဆိုသည်။

ဖွံ့ဖြိုးမှုနိမ့်ကျနေသည့် မြန်မာနိုင်ငံကို ကမ္ဘာ့နိုင်ငံများက တံခါးဖွင့်စီးပွားရေးလုပ်ငန်းများအကြား အကူအညီပေးရန် ပြင်ဆင်နေချိန်တွင် မြန်မာ့အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်လာမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများကို အခက်အခဲဖြစ်စေပြီး ယင်းအိမ်ခြံမြေဂယက်ကြောင့်ပင် မြန်မာ့စီးပွားရေး အထနှေးနိုင်သေးကြောင်း ဂျာမနီနိုင်ငံ ကိုလုံးတက္ကသိုလ်ပါမောက္ခက သူ၏ မြန်မာ့အရေးနှင့်ပတ်သက်သော စာတမ်းတစ်စောင်တွင် ရေးသားဖော်ပြထားသည်။

အိမ်ခြံမြေဈေးနှုန်းများ လွန်ကဲစွာမြင့်မားပြီး ပြိုကျမှုများမဖြစ်စေရန် ပိုင်ဆိုင်မှုအခွန်ကို နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီး ကောက်ယူသင့်ကြောင်း၊ ဖွံ့ဖြိုးမှုအားကောင်းသည့် နိုင်ငံများမှာလည်း ယင်းအခွန်ကို ပြဋ္ဌာန်းထားရှိကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင် ဦးမျိုးသူရအေးက အကြံပြုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဈေးနှုန်းများမြင့်တက်လာသည့် မြန်မာ့အိမ်ခြံမြေဈေးကွက်ကို အစိုးရက ၀င်ရောက်ထိန်းသိမ်းရန် လျော့ရဲနေချိန်တွင် ငွေဖြူ၊ ငွေမည်း ဈေးကစားသူများနှင့် ငွေရှိလျှင် မြေ၀ယ်စုနေသူများကြောင့် မြန်မာ့အိမ်ခြံမြေ မည်သည့်အချိန်တွင် ပူဖောင်းပေါက်လာမည်လဲဆိုသည်ကို အမြင်မျိုးစုံ ရှုမြင်လာကြသည်။

7Day New Journal
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း အနီး မြေကွက်များ အ၀ယ်လိုက်လာ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာတန်ဖိုးနည်းအိမ်ရာစီမံကိန်းအနီးရှိ မြေကွက်များကို ရေရှည် ရင်းနှီး မြှုပ်နှံ လိုသူများက ၀ယ်ယူလျက်ရှိသဖြင့် ယခု တစ်ပတ်အတွင်း အရောင်းအ၀ယ်ပြန် လိုက်လာ ကြောင်း မန္တလေးမြို့သစ် အိမ်ခြံ မြေအကျိုးဆောင်များက ပြောသည်။

တန်ဖိုးနည်းစီမံကိန်းရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီးစသည့် စနစ်များ ကောင်းမွန်လာနိုင်မည့် အလားအလာကို မျှော်ကိုး၍ လည်းကောင်း၊ အိမ်ခြံမြေ အခွန်နှုန်းစံသတ်မှတ်ချက်အသစ်ကြောင့် လည်း ကောင်း ရေရှည်ရင်းနှီးမြှုပ်နှံနိုင်မည့် အိမ်ခြံမြေကို ပြန်လည်အာရုံစိုက်လာခြင်း ဖြစ်ကြောင်း ဖိုးလမင်း အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းမှ ဦးဝဏ္ဏစိုးက ပြောသည်

တစ်နေ့ကို လေးငါးကွက်လောက် ပုံမှန်အရောင်းအ၀ယ်ပြန်ဖြစ်နေတယ်။ ၀ယ်တဲ့သူတွေကတော့ မြန်မာ လုပ်ငန်းရှင် တွေလည်းပါတယ်။ ရှမ်းပြည်ဘက်က လူတွေလည်း ဆင်းဝယ်တာတွေရှိတယ်”ဟု ၎င်းက ပြောသည်။

စီမံကိန်းပတ်လည်ရှိ ၄၉ လမ်းမပေါ် တွင် ပေ ၄၀ဍ္ဍ၆၀ မြေတစ်ကွက်ကို ကျပ် သိန်း ၂,၀၀၀၀န်းကျင်ရှိပြီး၊ ဂန်္ဓာမာလမ်း ပေါ်ရှိ မမ ၆၊ ၇၊ ၈အကွက်များတွင် ကျပ်သိန်း ၁,၀၀၀ကျော်နှင့် ကြားကွက် များတွင် သိန်းငါးရာခန့် ဈေးပေါက်ကြောင်း မြို့သစ်အိမ်ခြံမြေဈေးကွက်ထံမှ သိရသည်။

ယခင်က ၄င်းမြေနေရာသည် လူနေထိုင်မှုမရှိဘဲ ကွင်းပြင်ကြီးသာဖြစ်ပြီး ယခုအခါ အိမ်ရာစီမံကိန်းကြောင့် ၀ယ်ရောင်း အချို့နှင့် ရေရှည်ရင်းနှီးမြှုပ်နှံသူတို့က ၀ယ် ယူခြင်းကြောင့် အရောင်းအ၀ယ် လိုက်ကာ မြေဈေးများ အဆမတန်တက် လာခြင်းဖြစ် ကြောင်း မြို့သစ်ရှိအိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြော သည်။

ထို့အပြင် ၄၉လမ်းသည်လည်း မြို့ သစ်နှင့် စက်မှုကို ဆက်သွယ်ပေးသော လမ်းမတစ်ခုအဖြစ် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် တွင် စည်ပင်သာယာက လမ်းခင်းလျက်ရှိ သဖြင့် ၄၉လမ်းမပေါ်ရှိ အိမ်ခြံမြေဈေး သည်လည်း လမ်းမဖောက်ခင်ကထက် သိန်း ၅၀၀ ခန့် ဈေးပိုမြင့်သွားကြောင်း ဦးဝဏ်္ဏစိုးက ပြောသည်။

mizzima
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ရန်ကုန်မြို့တော်၌ လူကူးခုံးကျော်တံတား သုံးစင်း ဆောက်လုပ်မည်

ရန်ကုန်မြို့တော်၌ လူကူးခုံးကျော်တံတား သုံးစင်းကို လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ လူကူးခုံးကျော် တံတားများကို ကမ်းနားလမ်းနင့် ပန်းဆိုးတန်း လမ်းထောင့် ကူးတို့ဆိပ်ကမ်း အနီးတွင် FMI ကုမ္ပဏီက လည်းကောင်း၊ ကမ္ဘာအေးဘုရားလမ်း ကမ္ဘာအေးဘုရား အနီးတွင် လည်းကောင်း၊ ပြည်လမ်းနှင့် ခရေပင် လမ်းထောင့်တွင် လည်းကောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တည်ဆောက်မည် ဖြစ်ပြီး အဆိုပါ တံတားများကို မိုးလုံလေလုံ ခုံးကျော် တံတားများအဖြစ် တည်ဆောက်မည် ဖြစ်ပြီး ရိုးရိုး လှေကားအပြင် အများပြည်သူများ အလွယ်တကူ အသုံးပြုနိုင်စေရန် စက်လှေကားပါ ပူးတွဲ တပ်ဆင် တည်ဆောက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် လက်ရှိ လူကူးခုံးကျော်တံတား ခုနစ်စင်းရှိကာ သံကူကွန်ကရစ် ခုံးကျော်တံတားများ ဖြစ်ကြောင်း၊ အဆိုပါ လူကူးခုံးကျော်တံတား သုံးစင်းအတွက် အသုံးပြုမည့် ခန့်မှန်း ကုန်ကျစရိတ်ကို လတ်တလောတွင် ပြောကြားနိုင်ခြင်း မရှိသေးကြောင်း အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

the voice
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဟံသာဝတီ လေဆိပ် စီမံကိန်း အတွက် အစိုးရက ၅၀ ရာခိုင်နှုန်း ငွေထုတ်ချေးမည်

ပဲခူးမြို့ အနီး တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် စီမံကိန်း လုပ်ကိုင်ခွင့် တင်ဒါ လျှောက်ထားသည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ သူများအား မြန်မာ အစိုးရက ပြည်ပ ချေးငွေ ၅၀ ရာခိုင်နှုန်း ထုတ်ချေး ပေးမည်ဟု သိရသည်။

“အစိုးရဘက်က ပြည်ပချေးငွေ ၅၀ ရာခိုင်နှုန်းထက် မပိုတဲ့ နှုန်းထားကို ထုတ်ချေးပေးမယ်၊ ပြန်ဆပ်ဖို့အတွက် သက်ဆိုင်ရာ ကုမ္ပဏီက တာဝန်ယူ ရမယ်၊ အဲဒီကိစ္စအတွက် စီမံကိန်းတင်ဒါ ခေါ်ခဲ့တုန်းက လျှောက်ခဲ့တဲ့ ကုမ္ပဏီ ၄ ခုကို အကြောင်းကြား စာ ပို့ထားတယ်”ဟု ယနေ့ကျင်းပသည့် မြန်မာ့လေကြောင်း ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောဆိုသည်။

တင်ဒါ လျှောက်ထားခဲ့သော ကုမ္ပဏီများဖြစ်သည့် တောင်ကိုရီးယားနိုင်ငံမှ Incheon အပြည်ပြည်ဆိုင်ရာ လေဆိပ် ကော်ပို ရေးရှင်း၊ စင်္ကာပူနိုင်ငံမှ Yongnam Holding Ltd.,၊ ဂျပန်နိုင်ငံမှ Taisei Corporation နှင့် ပြင်သစ်နိုင်ငံမှ VinciSA Company တို့ကို ဖေဖော်ဝါရီ ၂၁ ရက်က အကြောင်းကြားစာ ပေးပို့ထားပြီး စဉ်းစားချိန် ၂ လ သတ်မှတ် ပေးထားသည်ဟု လည်း ၎င်းက ပြောသည်။

ဟံသာဝတီ လေဆိပ် စီမံကိန်း တည်ဆောက်မှု လုပ်ငန်း ဆောင်ရွက်ရန် ပုဂ္ဂလိကသို့ တင်ဒါ ခေါ်ယူခဲ့ရာတွင် ပြီးခဲ့သည့်နှစ် သြဂုတ် လပိုင်းက တောင်ကိုရီးယားနိုင်ငံ Incheon အပြည်ပြည်ဆိုင်ရာ လေဆိပ် ကော်ပိုရေးရှင်းအဖွဲ့က တင်ဒါ အောင်မြင်ခဲ့ သည်။

သို့သော် ယင်းစီမံကိန်းတွင် ရင်းနှီး မြှုပ်နှံရမည့် ငွေကြေးပမာဏမှာ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ကုန်ကျမည် ဖြစ်သောကြောင့် Incheon ကော်ပိုရေးရှင်းက မြန်မာအစိုးရကို စီမံကိန်း အပေါ် ပြည်တွင်း ပုဂ္ဂလိက ဘဏ်များမှတဆင့် ချေးငွေ ထုတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ပုဂ္ဂလိက ချေးငွေ အနေဖြင့် ထုတ်ပေးရန် မဖြစ်နိုင်ကြောင်း အကြောင်းပြန်ခဲ့သည့် အတွက် Incheon ကော်ပိုရေးရှင်းက စီမံကိန်းကို ရပ်နားထားကြောင်း သိရသည်။

အလားတူ အရန် ကုမ္ပဏီအဖြစ် ရွေးချယ်ခံခဲ့ရသည့် စင်္ကာပူနိုင်ငံမှ Yongnam Holding ltd., ကလည်း ငွေကြေး အခြေ အနေကြောင့် နောက်ဆုတ်သည့် အနေအထား ဖြစ်ပေါ်နေသည်။

ယင်းအခြေအနေများကြောင့် လုပ်ကိုင်ခွင့် တင်ဒါ ရရှိထားသည့် အဆိုပါ ကုမ္ပဏီများကို အစိုးရက ချေးငွေ ၅၀ ရာခိုင်နှုန်း ထုတ်ချေးပြီး စီမံကိန်း ပြန်လည် လုပ်ကိုင်နိုင်ရန် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်ဟု ဦးတင်နိုင်ထွန်းက ဆိုသည်။

“နည်းပညာပိုင်းနဲ့ ပတ်သက်ပြီးတော့ ပြောစရာ မရှိခဲ့ပေမယ့် ငွေကြေးပိုင်းမှာတော့ သူတို့အတွက် အခက်အခဲ အနည်းငယ် ရှိနေခဲ့တယ်၊ ဒါကြောင့်မို့လို့ ချေးငွေ ၅၀ ရာခိုင်နှုန်းထက် မပိုတဲ့ အနေအထားကို စိတ်ဝင်စားသေးရင် အကြောင်း ပြန်နိုင် တယ် လို့ သူတို့ဆီကို စာပို့ ထားတယ်”ဟု ဦးတင်နိုင်ထွန်းက ပြောသည်။

၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် လျာထားသည့် ခရီးသည် ၆ သန်းကျော် ဝင်ရောက်လာမည့် ပမာ ဏ အတွက် လက်ရှိ အသုံးပြုနေသည့် နိုင်ငံတကာ လေဆိပ်ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တိုးချဲ့မှု လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန် အဆင်မပြေတော့သည့် အတွက် ဟံသာဝတီ လေဆိပ် စီမံကိန်းကို အကောင် အထည်ဖော်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လေဆိပ် စုစုပေါင်း ၆၉ ခု ရှိပြီး လက်ရှိ အသုံးပြုနေသည့် လေဆိပ် ၃၃ ခုရှိကာ အရန်အသင့် ထားသည့် လေဆိပ် ၃၆ ခု ရှိကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပို့ဆောင်ရေး ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်များကို အဆင့်မြှင့်တင်နိုင်ရန် ပြည်တွင်းရှိ နိုင်ငံ တကာ လေဆိပ်တချို့ကို ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း မကြာသေးမီက ကြေညာထားသည်။

ဧရာဝတီ
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

"ကူးစက်မြန် ဘီဒိုအိမ်ရာ (ဘီအိုတီ ကွန်ဒို) ရောဂါ"

'ဘီအိုတီ' အိမ်ရာမှာမူ ဆောက်လုပ်သူက ‘‘မပိုင်ဝက်မွေး’’ ဆိုသကဲ့သို့ မိမိလုံးဝပိုင်ဆိုင်မှုမရှိသော မြေပေါ်၌ အိမ်ရာများ ဆောက်လုပ်ခြင်းဖြစ်၏။ အချိန်တန်လျှင် အဆောက်အအုံနှင့် မြေကို မူလမြေပိုင်ရှင်အား ပြန်လည်လွှဲပြောင်းပေးအပ်ရမည်သာဖြစ်၏။
ကွန်ဒိုနှင့် ဘီဒို (ဘီအိုတီ ကွန်ဒို) အတူတူပါပဲဟုဆိုလျှင် နောင်တွင် မည်သူမျှ ကွန်ဒိုဆောက်တော့မည်မဟုတ်ဟု ထင်မြင်မိပေသည်။ ဘီဒိုနောက်ကိုသာ အပြေးအလွှား လိုက်ကြမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘီဒိုက မြေတန်ဖိုးကို တစ်လုံးတည်းဝယ်ပြီး ရင်းနှီးရန်မလိုအပ်သဖြင့် မ,တည်ငွေ အရင်းအနှီးလျော့နည်း၏။ ထို့အပြင် အကျိုးတူစီမံကိန်းနှင့်မတူဘဲ ဆောက်လုပ်သမျှ မိမိတစ်ဦးတည်းသာ ရရှိရုံမျှမက B.O.Tအတွက် ပေးသွင်းရန် ငွေကြေးကိုလည်း တဖြည်းဖြည်း အရစ်ကျပေးသွင်း၍ရ၏။
------------------------------------------
ဤရောဂါ စတင်ပေါ်ပေါက်လာသည်မှာ မကြာသေး။ မြို့ပြရောဂါဆန်းတစ်ရပ်ပင် ဖြစ်၏။ မြို့ပြဟုဆိုရာတွင်လည်း ယခုလောလောဆယ် စီးပွားရေးမြို့တော် ရန်ကုန်မြို့၌ အလွန်အဖြစ်များ၏ ရက်ပိုင်းအတွင်း လူပေါင်းရာထောင်ချီ၍ ကူးစက်သောရောဂါဖြစ်၏။ ရောဂါကူးစက်သော နယ်ပယ်မှာမူ အကန့်အသတ်ရှိ၏။ အိမ်ရာဆောက်လုပ်ရေးနယ်ပယ်အတွင်း၌သာ အရှိန်အဟုန်ဖြင့် ကူးစက်ခြင်းဖြစ်၏။ ဘီဒိုဟု ခေါ်ဆိုခြင်းမှာ ဘီအိုတီ (BOT) နှင့် ကွန်ဒို (Condo) နှစ်ခုပေါင်း၍ ဘီဒို (B.Do)ဟု အတိုကောက်ခေါ်ဆိုခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံသားများသုံးစွဲသော အင်္ဂလိပ်စာကို Singapore နှင့် English စကားလုံးနှစ်လုံးပေါင်း Singlish ဟု ခေါ်သကဲ့သို့ဖြစ်၏။
ဘီအိုတီ (B.O.T) ၏ အဓိပ္ပာယ်မှာ တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (Build, Operate & Transfer)ဟု အဓိပ္ပာယ်ရ၏။ နိုင်ငံတော်အစိုးရပိုင်မြေပေါ်တွင် ရင်းနှီးမြှုပ်နှံသူက သူ၏ငွေကြေးအရင်းအနှီးဖြင့် လုပ်ငန်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခွင့်ရှိ၏။ တည်ဆောက်ပြီးသော အဆောက်အအုံများတွင် စီးပွားရေးလုပ်ငန်းကို သတ်မှတ်သည့် နှစ်ကာလအတွင်း လည်ပတ်လုပ်ကိုင်၍ အကျိုးအမြတ်ရယူခံစားခွင့်ရှိ၏။ သတ်မှတ်သော နှစ်ကာလကုန်ဆုံးသောအခါ တည်ဆောက်လည်ပတ်နေသော အဆောက်အအုံများနှင့်တကွ မြေကိုမူလပိုင်ရှင်ဖြစ်သော နိုင်ငံတော်အစိုးရအား ပြန်လည်လွှဲပြောင်းပေးအပ်ရ၏။ အလွယ်ဆုံးဥပမာပေးရလျှင် နတ်ပြည်မှ နတ်ဘုံနတ်နန်းတွင် နတ်စည်းစိမ်ခံစားသည်နှင့်တူ၏။ အချိန်စေ့၍ နတ်သက်ကြွေလျှင် သူ့လမ်းသူကြွရုံသာရှိ၏။ နတ်ဘုံနတ်နန်းကို သည်အတိုင်းထားခဲ့ရ၏။ နတ်သမီးငါးရာမှ တစ်ပါးတောင် ခေါ်သွားခွင့်မရှိ။ မိမိဝတ်သည့် နတ်ယူနီဖောင်းကိုပါ ချွတ်ထားခဲ့ရ၏။
မြို့ပြတွင် မြေသည် နတ်ဘုံနတ်နန်းပမာဖြစ်၏။ မြေကိုရင်း၍ စီးပွားရေးအကျိုးအမြတ်ခံစားနိုင်သူသည် နတ်စည်းစိမ်ခံစားနေရသော နတ်သားနှင့်တူ၏။ အဖိုးတန်မြေကိုပိုင်လျှင် အမြင့်ဆုံးဝဿ၀တီဘုံ ရောက်သကဲ့သို့ရှိ၏။ (မြေမဲ့၊ ယာမဲ့ကျူးကျော်ဘ၀ရောက်ရလေ သူတို့မှာ ငရဲဘုံရောက်သည်နှင့်တူ၏။) ထို့ကြောင့် နိုင်ငံတော်အစိုးရပိုင် အဖိုးတန်လှသောမြေများကို ပုဂ္ဂလိကများလက်ဝယ်သို့ အပြီးအပိုင်မရောက်ရှိစေရေးအတွက် ဘီအိုတီစနစ် ပေါ်ပေါက်လာခြင်းဖြစ်၏။
သို့သော် ‘‘မြေမရှိလျှင် စီမံကိန်းမရှိ’’ ‘‘စီမံကိန်းမရှိလျှင် တိုးတက်မှုမရှိ’’ဆိုသည့်အတိုင်း မြေကို ကွက်လပ်အတိုင်းပစ်ထားလျှင်လည်း လူမှုစီးပွားရေး ဖွံ့ဖြိုးရေးလုပ်ငန်းများ လုံးဝအကောင်အထည်ပေါ်လာမည် မဟုတ်ပေ။ ဖွံ့ဖြိုးနိုင်ခြေရှိပါလျက် မဖွံ့ဖြိုးသောမြေ (Undeveloped Developable Land)ဧရိယာများ အလွန်များပြားလျှင် မြို့ပြသည် စည်ပင်ဝပြောမှု မရှိနိုင်တော့ပေ။ အထူးသဖြင့် တိုင်းရင်းသားလုပ်ငန်းရှင်များသာမက နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ အမြန်ဆုံးဝင်ရောက်လာစေရန်အတွက် ဘီအိုတီနည်းလမ်းကို ကျင့်သုံးကြခြင်းလည်း ဖြစ်ပေသည်။ နိုင်ငံခြားသားကို မြေပိုင်ဆိုင်မှုမပေးဘဲ နှစ်ရှည်လုပ်ငန်း လုပ်ကိုင်ခွင့်ပေးခြင်းဖြင့် သူ့ထံမှ ဒေါ်လာနှင့်နည်းပညာများကို ညှို့ယူဖမ်းစားခြင်းဟု ဆိုနိုင်၏။ သို့သော် အောက်ဈေးဖြင့် ပေးမိလျှင်မူ ကိုယ့်ဆီက ရှိစုမဲ့စုပါသွားနိုင်သည်ကိုလည်း သတိပြုရပေမည်။
ဥပမာ-ကမ္ဘာအေးဘုရားလမ်းရှိ ယခင်စက်မှု(၁)ရုံးကြီးအား ဗီယက်နမ်နှင့် B.O.T ဆောင်ရွက်ရာ၌ တစ်ဧက ဒေါ်လာနှစ်သန်းပေးသွင်းရန်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါသတင်းမှန်လျှင် သတ်မှတ်နှုန်းနည်းသည်ဟု ထင်မြင်မိပါသည်။ မြန်မာငွေဖြင့် တစ်ဧကလျှင် ကျပ်သိန်းပေါင်းနှစ်သောင်းမျှသာဖြစ်ရာ တစ်စတုရန်းပေလျှင် ကျပ် ၄၅,၀၀၀ ခန့်သာရှိ၍ နည်းနေသေးသည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။
.
ဆက်လက်၍ အမေရိကန်တို့က ကွန်ဒိုဟုခေါ်လေ့ရှိသော ကွန်ဒိုမီနီယံ (Condominium) အကြောင်းကို ဖော်ပြလိုပါသည်။ ကွန်(Con)ဆိုသည်မှာ ‘‘အတူတကွ’’ (Together)ဟု အဓိပ္ပာယ်ရပြီး ဒိုမီနီယံ (Dominium) ဟူသည်မှာ ‘‘ပိုင်ဆိုင်မှုအခွင့်အလမ်း (Right of Ownership)ဟု အဓိပ္ပာယ်ရရှိပါသည်။ ထို့ကြောင့် ကွန်ဒိုမီနီယံ (သို့မဟုတ်) ကွန်ဒိုဟုဆိုလျှင် အတူတကွနေထိုင်သူများ စုပေါင်းပိုင်ဆိုင်သော အဆောက်အအုံဟူ၍ အဓိပ္ပာယ်ရရှိပါသည်။
မြန်မာနိုင်ငံတွင် စုပေါင်းပိုင်အဆောက်အအုံဟု အကျဉ်းချုံး၍ ခေါ်ဆိုကြပါသည်။ ‘‘စုပေါင်းပိုင်’’ဟုဆိုရာ၌ အဆောက်အအုံသာမက အဆောက်အအုံဆောက်လုပ်ထားသောမြေပါ အကျုံးဝင်၏။ မြန်မာနိုင်ငံတွင် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာဥပဒေ (မူကြမ်း)ကို ပြည်သူ့လွှတ်တော်သို့ တင်ပြထားပြီးဖြစ်ကြောင်း သိရှိရ၏။ အဆိုပါ ဥပဒေထွက်ပေါ်လာသောအခါတွင် ကွန်ဒိုအဆောက်အအုံဟူသည်ကို ပြည်သူတို့ အပြည့်အ၀သဘောပေါက်ကြမည် ဖြစ်ပါသည်။ အဆောက်အအုံနှင့် မြေကိုပါ စုပေါင်းပိုင်ဆိုင်သကဲ့သို့ ရေ၊ မီး၊ ဆေး၊ မိလ္လာစနစ်တို့နှင့်တကွ အများနှင့်သက်ဆိုင်သော ဥယျာဉ်မြေကွက်လပ် စသည်တို့အား စုပေါင်း၍ ထိန်းသိမ်းစောင့်ရှောက်မှုကို တရားဝင်အဖွဲ့အစည်းဖွဲ့၍ တာဝန်ယူ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ပုဂ္ဂလိကပိုင်မြေတွင်လည်းကောင်း၊ အစိုးရမြေပေါ်တွင် အကောင်အထည်ဖော်သော အကျိုးတူစီမံကိန်းအရ ပုဂ္ဂလိကအပိုင်းမှ ခွဲဝေပိုင်ဆိုင်ခွင့်ရရှိသော မြေတွင်လည်းကောင်း ကွန်ဒိုမီနီယံများကို အပြိုင်အဆိုင် တည်ဆောက်လျက်ရှိကြရာ အဆိုပါဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပေးရန် လိုအပ်လျက်ရှိပေသည်။
.
ဆောင်းပါးအစတွင် ဖော်ပြခဲ့သော ‘ဘီိဒို’ (ဘီအိုတီ ကွန်ဒို) ဟူသည် ၂၀၁၄ ခုနှစ်မှ စတင်ပေါ်ပေါက်လာသော အဆောက်အအုံအမျိုးအစားဖြစ်၏။ အစိုးရမြေ (အရပ်ဘက်ဌာနဆိုင်ရာမြေ၊ တပ်မတော်ပိုင်မြေ)ကို ဘီအိုတီစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ခွင့်ရရှိ၏။ အဆိုပါလုပ်ငန်းတွင် အထပ်မြင့်အိမ်ရာများ ပါဝင်ကြောင်း တွေ့ရှိ ရ၏။ အဆိုပါအိမ်ရာများကိုလည်း ကွန်ဒိုဟုခေါ်ပြီး အိမ်ခန်းများကို ကြိုပွိုင့် (Pre-Sale)စနစ်ဖြင့် ရောင်းချကြ၏။ အဆောက်အအုံက Model ပုံစံငယ်မျှသာပြီးသေးသည်။ Pre-Sale စနစ်အရ ငွေကို သိန်းပေါင်းသောင်းချီ၍ အရောင်းအ၀ယ်ဖြစ်ကြောင်း သိရှိရ၏။ ငါးကြင်းဆီနှင့် ငါးကြင်းကြော်မည့် ‘‘ဘီဒို’’များဖြစ်၏။ မြေပိုင်ရှင်အစိုးရက အငွေ့မျှသာရှူရသေးသည်။
လုပ်ကိုင်ခွင့်ရသူများက ဗီရိုအပြည့်ငွေများ သိမ်းယူရရှိနေပြီဟု ဆိုနိုင်၏။ ဗီရိုပြည့်သော ဗီရိုစီမံကိန်းများဟုပင် ခေါ်ဆိုထိုက်လှ၏။
ယခင်က နိုင်ငံပိုင်မြို့ပြမြေယာများပေါ်တွင် ဘီအိုတီစနစ်ဖြင့် ဆောင်ရွက်ရာ၌ ဟိုတယ်လုပ်ငန်း၊ ရုံးခန်း၊ Serviced Apartment ဟူသော ဝန်ဆောင်မှုဆိုင်ရာအခန်းများနှင့် ဈေးဆိုင်များ ဆောက်လုပ်ငှားရမ်းခြင်း စသည်တို့ကိုသာ ခွင့်ပြုခဲ့၏။ အိမ်ရာများ ဆောက်လုပ်ရောင်းချခြင်းကို ခွင့်ပြုခဲ့သည့် သာဓကများမရှိခဲ့ပေ။
ယခု ဒီမိုကရေစီအစိုးရလက်ထက်မှ စတင်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း တွေ့ရှိရ၏။ ဈေးကွက်အတွင်း အထင်အရှားရောင်းချသည့် (Marketing)လုပ်ငန်းကို ရန်ကင်းမြို့နယ်ရှိ တပ်မတော်ပိုင် CMA ရုံး မြေ ၈ ဒသမ ၃ ဧကခန့်ကို စင်ကာပူကုမ္ပဏီအား ဘီအိုတီခွင့်ပြုခဲ့သည့် Golden City အိမ်ရာစီမံကိန်းမှ စတင်ခဲ့ကြောင်း တွေ့ရှိရ၏။
အမှန်အားဖြင့် ကွန်ဒိုနှင့် အထက်ပါဘီအိုတီအိမ်ရာတို့မှာ လုံးဝခြားနား၏။
ကွန်ဒိုတွင် ဝယ်ယူသူသည် အိမ်သာမက မြေကိုပါ စုပေါင်းပိုင်ဆိုင်ခွင့်ရှိ၏။ သားစဉ်မြေးဆက် အမွေဆက်ခံခွင့်ရရှိမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဆောက်လုပ်သည့်မြေမှာ ဂရန်မြေ (သို့မဟုတ်) ဘိုးဘွားပိုင်မြေဖြစ်ပြီး ဆောက်လုပ်သူမှ ဝယ်ယူထားခြင်း (သို့မဟုတ်) အကျိုးတူဆောင်ရွက်မှုအရ ခွဲဝေပိုင်ဆိုင်ခွင့်ရှိထားသော မြေအမျိုးအစားဖြစ်ခြင်းကြောင့်ဖြစ်၏။
'ဘီအိုတီ' အိမ်ရာမှာမူ ဆောက်လုပ်သူက ‘‘မပိုင်ဝက်မွေး’’ ဆိုသကဲ့သို့ မိမိလုံးဝပိုင်ဆိုင်မှုမရှိသော မြေပေါ်၌ အိမ်ရာများ ဆောက်လုပ်ခြင်းဖြစ်၏။ အချိန်တန်လျှင် အဆောက်အအုံနှင့် မြေကို မူလမြေပိုင်ရှင်အား ပြန်လည်လွှဲပြောင်းပေးအပ်ရမည်သာဖြစ်၏။
ထို့ကြောင့် အိမ်ခန်းဝယ်ယူသူများသည် အိမ်ခန်းကို နှစ်အကန့်အသတ်နှင့်သာ ပိုင်ဆိုင်ခွင့်ရ၏။ နှစ်စေ့၍ မူလမြေပိုင်ရှင်က ခွင့်မပြုလျှင် နေထိုင်ခွင့်လည်းမရှိတော့ပေ။ ‘‘ကျားသနားမှ နွားချမ်းသာ’’ရမည့် ဘဝဖြစ်၏။ မူလပိုင်ရှင်က သူ့လက်ထက်တွင် အိမ်ကိုဖျက်၍ ပုံစံသစ်ဆောက်လျှင်လည်း ဖယ်ရှားပေးရမည်သာဖြစ်၏။ ဝယ်ယူနေထိုင်သူ၌ ကွန်ဒိုမီနီယံကဲ့သို့ သားစဉ်မြေးဆက်စုပေါင်းပိုင်မှု အခွင့်အရေးလုံးဝမရှိပေ။ ဤခြားနားချက်ကို ပြည်သူတို့အား အတိအလင်းအသိပေးထားရန် လိုအပ်သည်ဟု ယူဆ၏။ ကွန်ဒိုယောင်ယောင် အထင်အမြင်မှားစေရန် ဘီအိုတီကွန်ဒို (သို့မဟုတ်) ဘီဒိုဟုရောယောင်၍ပြောလျှင် လှည့်ဖြားရာ ရောက်ရှိနိုင်ပေသည်။
အမှန်အားဖြင့် ဘီအိုတီစနစ်ဖြင့် အိမ်ရာဆောက်လုပ်ခွင့်ပေး သင့်၊ မသင့်ကိစ္စကို အလေးအနက်စဉ်းစားသင့်၏။ ထိုကဲ့သို့ စဉ်းစားပြီးနောက်မှ ခွင့်ပြုမည်ဟုဆိုလျှင်လည်း မြေပိုင်ဆိုင်မှုအခွင့်အရေး (Land Tenure right) မည်သို့ရှိမည်ကို မူတစ်ရပ်သတ်မှတ်ပြီး ဝယ်ယူမည့် ပြည်သူတို့အား အတိအလင်းအသိပေးသင့်၏။ ဘီအိုတီကာလ နှစ်(၆၀)၊ နှစ်(၇၀)ပြည့်လျှင် ဦးပေါ်ဦး၏ ဆင်ဖြူတော်လျှောက်ထုံးလို နောက်အနှစ်(၄၀)ကြာလျှင် ဘုရင်လည်း မရှိ၊ ဆင်လည်းမရှိ၊ ငါလည်းမရှိ၊ ထို့ကြောင့် ဆင်ကမဖြူဘဲ မည်းသွားလျှင်လည်း ဘာမျှကိစ္စမရှိဟု သဘောထားရန် မသင့်လျော်ပေ။ မရွှေ့ပြောင်းနိုင်သော ပစ္စည်းဖြစ်သည့် အိမ်ရာဟူသည် သားစဉ်မြေးဆက်နေရေးပြဿနာကို စိတ်ချလက်ချဖြည့်ဆည်းပေးနိုင်မှ ရတက်အေးရမည်၊ အိမ်ရာပီသမည်ဖြစ်ပေသည်။

•ကွန်ဒိုနှင့် ဘီဒို (ဘီအိုတီ ကွန်ဒို) အတူတူပါပဲဟုဆိုလျှင် နောင်တွင် မည်သူမျှ ကွန်ဒိုဆောက်တော့မည်မဟုတ်ဟု ထင်မြင်မိပေသည်။ ဘီဒိုနောက်ကိုသာ အပြေးအလွှား လိုက်ကြမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘီဒိုက မြေတန်ဖိုးကို တစ်လုံးတည်းဝယ်ပြီး ရင်းနှီးရန်မလိုအပ်သဖြင့် မ,တည်ငွေ အရင်းအနှီးလျော့နည်း၏။ ထို့အပြင် အကျိုးတူစီမံကိန်းနှင့်မတူဘဲ ဆောက်လုပ်သမျှ မိမိတစ်ဦးတည်းသာ ရရှိရုံမျှမက B.O.Tအတွက် ပေးသွင်းရန် ငွေကြေးကိုလည်း တဖြည်းဖြည်း အရစ်ကျပေးသွင်း၍ရ၏။ ကွန်ဒိုတစ်လုံးနှင့် ဘီဒိုတစ်လုံးသည် အရွယ်တူ၊ နေရာတူဖြစ်သော်လည်း အရင်းအနှီးတွင် ကွန်ဒိုက ငါးဆမှဆယ်ဆအထိ ပိုနိုင်၏။ ထို့ကြောင့် ရောင်းဈေးကို ဘီဒိုက ကွန်ဒိုထက်လျှော့ပြီး ရောင်းနိုင်ကြောင်း တွေ့ရရှိရ၏။

အထူးသဖြင့် ‘ဘီဒို’များတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အများပြားပါဝင်နေသဖြင့် ကိုယ်တိုင်မြေ၀ယ်၍ အိမ်မပိုင်နိုင်ကြသော်လည်း အိမ်ခန်းဆောက်လုပ်ရောင်းချ ခွင့်ရယူပြီး ငွေလုံးငွေရင်း အမြောက်အမြားကို နိုင်ငံခြားသို့ အချိန်တိုကာလအတွင်း လွှဲပြောင်းသယ်ယူနိုင်ခြေရှိကြောင်း တွေ့ရှိရ၏။
၂၀၁၄ ခုနှစ်မှစ၍ ဘီဒိုများ တာထွက်ကောင်းပြီး ကွန်ဒိုများ တဖြည်းဖြည်း ဆုတ်ယုတ်ကျဆင်းလာနိုင်ခြေရှိ၏။ ထိုအခါမှ ကွန်ဒိုမီနီယံဥပဒေကြီးပြဋ္ဌာန်းလျှင် ဖုန်တက်သွားမည့် အလားအလာလည်း တွေ့ရ၏။
မည်သို့ဆိုစေ အရေးကြီးဆုံးအချက်မှာ "ဘီအိုတီစနစ်ဖြင့် ဆောက်လုပ်သော အိမ်ရာများတွင် ၀ယ်ယူနေထိုင်ကြကုန်သော ပြည်သူတို့သည် မြေကိုပိုင်ဆိုင်ခွင့် ရှိပါသလော၊ တစ်နည်းအားဖြင့် အချိန်စေ့လျှင် မြေအမည်ပေါက်ပိုင်ဆိုင်သူအား ပြန်လည်လွှဲပြောင်းပေးရသည့် မြေပေါ်တွင် ဆောက်လုပ်မည့် အိမ်ရာနှင့် ဂရန်(သို့မဟုတ်) ဘိုးဘွားပိုင်မြေများပေါ်တွင် ဆောက်လုပ်သည့်အိမ်ရာတို့သည် မြေပိုင်ဆိုင်မှုအခွင့်အရေး မည်သို့ကွာခြားပါသနည်း။" ... ဤအချက်များကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားသော စုပေါင်းအဆောက်အအုံဥပဒေ(မူကြမ်း) အတည်ပြုပြဋ္ဌာန်းရေးကိစ္စနှင့် တစ်ပါးတည်းတာဝန်ရှိသူများက စဉ်းစားသင့်သည်ဟု ယူဆပါသည်။ သို့မှသာ ဘီဒိုနှင့်ကွန်ဒိုကို စည်းခြားပြီးဖြစ်မည်ဟု ယုံကြည်ပါသည်။ လောလောဆယ်တွင် ရန်ကုန်မြို့တော်ကြီး၌ ဘီဒိုရောဂါကူးစက်မှုမှာ အလွန်မြန်ဆန်လျက်ရှိကြောင်း တွေ့ရှိရ၏။
.
------------------------------------------
"ကူးစက်မြန် ဘီဒိုအိမ်ရာ (ဘီအိုတီ ကွန်ဒို) ရောဂါ"

မြင့်မိုရ်ဆွေ
7Day News Journal
မတ်လ ၁၉ ရက်၊ ၂၀၁၄ ခုနှစ်
အတွဲ (၁၃)၊ အမှတ်(၃)

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

တိုက်ခန်း၊ မြေကွက်ဝယ်လျှင်လက်ရောက်ရဖိုတော့လိုပါသည်

လွန်ခဲ့သော (၁၅) နှစ်ခန့်က ကျွန်မ မိတ်ဆွေ တစ်ယောက် Shopping Mall ဖွင့်လှစ်ရန် မြေအကွက်အကွင်းကောင်းကောင်းလိုက်ရှားရင်း ဈေးနှုန်းချိုသာသော မြေကွက်တစ်ကွက်ကို တွေ့ခဲ့ရပါသည်။ ဈေးနှုန်းကလည်း ချိုသာ၊ မြေနေရာကလည်းကောင်းကောင်းဆိုတော့ ဈေးညှိပြီး ဝယ်ခဲ့ပါတယ်။ ထုံးစံအတိုင်း မြေအရောင်းအဝယ်စာချုပ်ကို ရန်ကုန်မြို့စာချုပ်စာတမ်းရုံးမှာ ရောင်းသူ၊ ဝယ်သူ နှင့် အသိသက်သေများ လက်မှတ်ရေးထိုး ချုပ်ဆိုပြီး ဝယ်ခဲ့ပါတယ်။ ဝယ်သူက မဝယ်ခင်မှာလည်း ဝယ်သူတစ်ယောက်အနေနှင့် အရောင်းအဝယ်ကို မှန်မှန်ကန်ကန်တိတိကျကျဖြစ်အောင် သက်ဆိုင်ရာမြေစာရင်းရုံးမှာ ရောင်းသူအမှန်အကန် အမည်ပေါက်ရဲ့လာ၊ ပိုင်ဆိုင်မှုစာရွက်စာတမ်းများ မှန်ကန်ရဲ့လား စုံစမ်းပါတယ်။ အရောင်းအဝယ်လုပ်ဖို့စရန်ငွေစတင်ပေးစဉ်ကလည်း သတင်းစာ ထဲမှာ ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာထည့်သွင်းခဲ့ပါသေးတယ်။ အားလုံးရှင်းလင်းပြီဆိုမှ မြေအရောင်းအဝယ်စာချုပ်ကို ရန်ကုန်မြို့စာချုပ်စာတမ်းရုံးမှာ ရောင်းသူ၊ ဝယ်သူ နှင့် အသိသက်သေများ လက်မှတ်ရေးထိုး ချုပ်ဆိုပြီး ဝယ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း နေရာကောင်း၊ ဈေးနှုန်းချိုသာ၊ ပိုင်ရှင်မှန်ကန်ပါလျှက် ဒီမြေကွက်ကို ဝယ်သူ ကျွန်မ မိတ်ဆွေ လက်ရောက်မရရှိခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမြေကွက်ထဲမှာ ရောင်းသူပိုင်ရှင်လက်ထက်မတိုင်ခင်ကတည်းက ကျုးကျော်ဝင်ရောက်နေထိုင်သူများ ရှိနေလို့ပါပဲ။
ဒါကြောင့် ကျွန်မမိတ်ဆွေခင်မျာ အခွန်အခများစွာ ထမ်းဆောင်ပြီး တရားဝင်စာချုပ် ချုပ်ဆိုဝယ်ယူထားသောမြေကွက်ပေါ်မှာ မူလကတည်းက ကျုးကျော်ဝင်ရောက်နေထိုင်သူများကို ဖယ်ရှားဖို့ကြိုးစားရပြန်ပါတော့တယ်။

ကဲ ဒီလိုဆို ဒီကျုးကျော်သူများကို ဘယ်လိုတရားစွဲမလဲ၊ ဘယ်တရားရုံးမှာ စွဲမှာလဲ၊ မြေကွက်ပေါ်က ကျုးကျော်သူများကို ဖယ်ရှားနိုင်ပါ့မလား အစရှိသည်တို့ကို သက်ဆိုင်ရာ ဥပဒေ ကျွမ်းကျင်သူတို့ထံ ပြေးတိုင်ပင်ရပြန်တာပေါ့ရှင်။ ဒီနေရာမှာ ကျုးကျော်ဆိုတာလေးကို ထပ်ရှင်းပြပါရစေ။ ကျုးကျော်မှာ သာမန်လက်ရှိနဲ့ ဆန့်ကျင်လက်ရှိဆိုပြီး (၂) မျိုးရှိပါတယ်။ သာမန်လက်ရှိဆိုတာ ပိုင်ရှင်ဘယ်သူဘယ်ဝါမှန်းမသိဘဲ မြေကွက်လွတ်နေလို့ ဝင်ရောက်နေထိုင်သူကိုခေါ်တာပါ။

ဥပဒေအရဆိုလျှင် "သာမန်လက်ရှိ " ဆိုသော ကျုးကျော်သူများကို ရုံးတော်မှာ တရားစွဲပြီး နှင်ထုတ်ဖို့အတွက် "ကာလစည်းကမ်းသတ်" ဆိုတဲ့ အချိန်ကာလ မရှိပါဘူး။ ကြိုက်တဲ့အချိန်မှာ တရားစွဲဆိုနိုင်ပါတယ်။ "ဆန့်ကျင်လက်ရှိဆိုလျှင်တော့" ပိုင်ရှင်တွေအတွက် တကယ့်အခက်အခဲပါဘဲ။ "ဆန့်ကျင်လက်ရှိ" ဆိုတဲ့သဘောကတော့ ပိုင်ရှင်ဘယ်သူဘယ်ဝါဆိုတာကိုသိပေမယ့် ပွင့်ပွင့်လင်းလင်းနဲ့ ပိုင်ရှင်ကိုဆန့်ကျင်ပြီး ကျုးကျော်ဝင်ရောက်နေထိုင်ခြင်းကို ပြောခြင်းဖြစ်ပါတယ်။ ဒီလို "ဆန့်ကျင်လက်ရှိ" များကို နှင်ထုတ်ဖို့ ရုံးတော်မှာ တရားစွဲဆိုရင်တော့ "ကာလစည်းကမ်းဆိုတဲ့ "အချိန်ကာလ ရှိပါတယ်။ စတင်ကျုးကျော်တာကိုသိသည့်အချိန်မျစ၍ (၁၂) နှစ်အတွင်း တရားစွဲရပါမယ် လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

မည်သို့ပင်ဆိုစေကာမူ ကျူးကျော်ဝင်ရောက်နေသူများရှိနေတဲ့ မြေကွက်ကို သိလျှက်နှင့်ဖြစ်စေ၊ မသိရှိလို့ဖြစ်စေ၊ ဝယ်ယူမိပါက ဝယ်ယူသူများအနေနှင့် ကျွန်မမိတ်ဆွေတွေ့ကြုံခံစားနေရသော စိတ်သောကများကို ရရှိခံစားရမှာ ဖြစ်သည့်အတွက် မိမိဝယ်ယူမည့် မြေကွက်ကို လက်ရောက်ရရှိဖို့မှာ ဝယ်ယူသူတစ်ယောက်အတွက် အင်မတန်အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Source : မဖြူဖြူလွင်
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အခွန်နှုန်းထား အပြောင်းအလဲကြောင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်တက်နိုင်ဟုဆို

ပြည်ထောင်စုလွှတ်တော်က အခွန်ဥပဒေများကို အတည်ပြုလိုက်ပြီး ဝင်ငွေရလမ်း မဖော်ပြနိုင်သော အခွန် (စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်) ပမာဏများကို လျှော့ချလိုက်သဖြင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ မြင့်တက်နိုင်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အချို့က ပြောကြားသည်။

ဝင်ငွေရလမ်း မဖော်ပြနိုင်သော (စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်) ဥပဒေ ပြင်ဆင်ချက်တွင် ယခင် ပေးဆောင်ရသည့် ၃၀ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်ခြင်းကြောင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် တိုးလာမည် ဖြစ်ပြီး ဈေးနှုန်းလည်း လိုက်ပါ မြင့်တက်နိုင်ဖွယ် ရှိကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောဆိုသည်။

“ဈေးက ကျဖို့တော့ မဖြစ်နိုင်ပါဘူး။ အခွန်နှုန်းထားက လျှော့ပေးလိုက်တာ ဖြစ်တဲ့အတွက် အတက်ဘက်ကိုသာ သွားမှာပါ။ ပြီးတော့ အထူးကိုယ်စားလှယ် လွှဲစာတွေနဲ့ အရောင်းအဝယ် လုပ်တာတွေလည်း လျော့ကျသွားမှာပါ” ဟု ၎င်းကဆိုသည်။

အခွန်နှုန်းထား လျှော့ချ ပေးလိုက်သဖြင့် လတ်တလော အရောင်းအဝယ် အေးစက်လျက် ရှိသော အိမ်၊ ခြံ၊ မြေဈေးကွက် ကောင်းမွန်လာမည် ဖြစ်ပြီး အခွန်ဆောင်သူ ပမာဏလည်း များပြားလာမည် ဖြစ်ကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးနေမျိုးအောင်က ပြောဆိုသည်။

အဆိုပါ အခွန်နှုန်းထားများကို ပြည်ထောင်စုလွှတ်တော်မှ မတ်လ ၁၁ ရက်နေ့တွင် ပြောင်းလဲခဲ့ခြင်း ဖြစ်ပြီး ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ “ဝင်ငွေရလမ်း မဖော်ပြနိုင်သော အခွန်နှုန်း” ဆိုသည့် စကားရပ်အစား “စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်” ဟူ၍ လည်းကောင်း၊ နှုန်းထား ပြင်ဆင်ချက်များမှာ တစ်ကျပ်မှ ကျပ်သိန်း ၅၀၀ အထိကို အခွန် ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၅၀၀ အထိကို ၁၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၅၀၀ မှ ကျပ်သိန်း ၃၀၀၀ အထိကို ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ကာ တံဆိပ်ခေါင်းခွန်မှာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့တွင် ၅ ရာခိုင်နှုန်းနှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ၃ ရာခိုင်နှုန်းသာ ပေးဆောင်ရမည် ဖြစ်သည်။

ယခင် ဝင်ငွေရလမ်း မဖော်ပြနိုင်သော အခွန် (စည်းကြပ်မှုမှ ကင်းလွတ်နေသော အခွန်) နှုန်းထားများကို ၃၀ ရာခိုင်နှုန်းအထိ သတ်မှတ် ကောက်ခံလျက် ရှိပြီး တံဆိပ်ခေါင်းခွန်ကိုမူ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ခုနစ် ရာခိုင်နှုန်းနှင့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ငါးရာခိုင်နှုန်း အထိ ပေးဆောင်ခဲ့ရခြင်း ဖြစ်သည်။

The Voice
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

မဟာရန်ကုန်စီမံကိန်း ဖော်ဆောင်ရန် ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ရှိမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ထား


မဟာရန်ကုန်စီမံကိန်း (Greater Yangon) အား အကောင်အထည်ဖော်ရန် ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ ကုန်ကျမည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားကြောင်း ရန်ကုန်မြို့တွင် ကျင်းပသည့် Myanmar infrastructure summit မှရရှိသော သတင်းများအရ သိရသည်။

“Greater Yangon စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ နိုင်ငံတကာလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။

စီမံကိန်းကို ၂၀၄၀ target ထားပြီး ဖော်ဆောင်နေတာပါ။ အဓိကအားဖြင့် project ၇၇ ခုရှိပြီး ၂၆ ခုက မြို့ပြဖွံ့ဖြိုးမှုနဲ့ ဆိုင်ပါတယ်။ ကျန်တဲ့ ၅၁ ခုက အခြေခံအဆောက်အအုံပိုင်း ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း နှင့် မြေယာစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာနမှူး ဒေါက်တာတိုးအောင်က ဆိုသည်။

ယင်းကဲ့သို့ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် စီမံကိန်းများဖြင့် အကောင်အထည်ဖော်နေသည့်အပိုင်း ဖြစ်သော်လည်း မြေဈေးနှုန်းများ ကြီးမြင့်နေခြင်း၊ မြေအသုံးချမှုမူ ၀ါဒမှာ ရေးဆွဲနေဆဲဖြစ်ခြင်းကြောင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် နှောင့်နှေးမှုများလည်း ရှိနေကြောင်း သိရသည်။

“ကျွန်တော်တို့  project တွေကို အကောင်အထည်ဖော်တဲ့ကိစ္စ ဘာကြောင့် နောက်ကျရလဲဆိုတော့ အဓိကမြေပြဿနာတွေကြောင့်ပါ။  မြေသိမ်းဆည်းတဲ့ကိစ္စမှာ အရင်တုန်းကရှိခဲ့တဲ့ ၁၈၉၂ မြေသိမ်းဥပဒေ တစ်ခုတည်းပဲ ရှိသေးတဲ့အတွက် အဲဒါကို ပြန်ပြီးသုံးသပ်ပြီးတော့ ပြုပြင်သင့်တာတွေရော မြေသိမ်းဆည်းတဲ့ကိစ္စ၊ လျော်ကြေးပေးတဲ့ ကိစ္စ၊ ဒီမှာနေထိုင်သူတွေကိစ္စ ထည့်သွင်း စဉ်းစားသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် contract farming လုပ်ငန်းများ၊ သီလ၀ါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုအပိုင်း၊ အလားတူ ကျောက်ဖြူနှင့် ထားဝယ်စီမံကိန်းများ အကောင်အထည်ဖော်မှုတို့တွင် မြေယာကိစ္စများနှင့် ပတ်သက်၍ ကိုင်တွယ်ရခက်ခဲသည့် အနေအထားများ ရှိခဲ့ကြောင်း သိရသည်။

“စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ အကောင်းဆုံးလုပ်ပေမယ့်လည်း တစ်ဖက်မှာ အများပြည်သူကို ထိခိုက်တာတွေလည်း ရှိပြန်တယ်။ ခြုံပြီးတော့ကြည့်ရင်တော့ ဒီစီမံကိန်းတွေက နိုင်ငံတော်အတွက် အကျိုးအမြတ်အများကြီး ရတယ်။ တစ်ဖက်မှာ ကြည့်ပြန်တော့ နေထိုင်တဲ့သူတွေကို ထိခိုက်တာရှိတယ်။ ဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့အတွက် မြေအသုံးချမူဝါဒကို ခိုင်ခိုင်မာမာ ရေးဆွဲနိုင်ဖို့ လိုပါတယ်။ ပြီးတော့မှ စနစ်တကျ ဆောင်ရွက်သင့်ပါတယ်။ ဒါပေမဲ့ မြေအသုံးချမူဝါဒက မူကြမ်းအဆင့်ပဲ ရှိပါသေးတယ်။ ဘယ်တော့ထွက်လာမလဲ မပြောနိုင်သေးဘူး” ဟု ဒေါက်တာတိုးအောင်က ပြောကြားသည်။

အလားတူ မဟာရန်ကုန်စီမံကိန်းနှင့် ပတ်သက်၍“ကျွန်တော်တို့ Greater Yangon  ဧရိယာကို ဖော်ဆောင်ဖို့အတွက် အများသိအောင် ကြေညာထားပြီးသားပါ။ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေက proposal တင်မယ်ဆိုရင်လည်း သူတို့တင်တဲ့အပေါ်မှာ ကြည့်ပြီးတော့ ကျွန်တော်တို့က ဆုံးဖြတ်ရမှာပါ။ တချို့နေရာတွေမှာ ယှဉ်ပြိုင်သင့်တဲ့ဟာမျိုး ဆိုရင်တော့ တင်ဒါစနစ်နဲ့ သွားမှာပါ။ အခု ချက်ချင်းမှာတော့ ကျွန်တော်တို့ စမလုပ်နိုင်သေးပါဘူး။ တစ်ဆင့်ချင်း တစ်ဆင့်ချင်းသွားရမယ့် သဘောမျိုးကြောင့်ပါ။  ဒီ ၇၇ ခုထဲမှာ ကဏ္ဍ တော်တော်စုံပါတယ်။ ရေပေးဝေရေးကဏ္ဍလည်း ပါမယ်။ ပို့ဆောင်ရေး ကဏ္ဍလည်း ပါမယ်။ အမှိုက်စွန့်ပစ်ရေးပါမယ်။ ကျွန်တော်တို့နဲ့ဆိုင်တာက ရေစီး ရေလာကိစ္စရှိမယ်။ လမ်းရှိမယ်။ ပို့ဆောင်ရေးမှာ အများပြည်သူပို့ဆောင်ရေးကို ရှေးရှုမယ့် စနစ်တွေပါတယ်။ ဥပမာ-အမြန်ရထားစနစ်တို့၊ ဘတ်စ်ကားစနစ်တို့လည်း ပါလာမယ်။ တစ်ခုချင်းမှာ ဘယ်ဟာကို အကောင်အထည်ဖော်လို့ ရမလဲဆိုတာကို သုံးသပ်ပြီးမှ ဘယ်နှစ်မှာ ဘယ်ဟာကို အကောင်အထည်ဖော်မယ်ဆိုတာမျိုး ဆွဲထားတာပါ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ Greater Yangon အစီအစဉ်အား JICA နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယင်းအနက် အချို့မှာ ဂျပန်အစိုးရ၏ ချေးငွေဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဂျပန်အစိုးရ၏ အထောက်အပံ့နှင့် သွားသည့်ကဏ္ဍများတွင် JICA မှ တိုက်ရိုက် ပါဝင်ပတ်သက်နေကြောင်း၊ အမှိုက်စွန့်ပစ်ရေးနှင့် ရေပေးဝေရေးကဏ္ဍများတွင် ဂျပန်အနေဖြင့် အတိုင်းအတာတစ်ခုအထိ ပါဝင်နေကြောင်း သိရသည်။

“တကယ်တမ်း အကောင်အထည်ဖော်တဲ့အပိုင်းကျတော့ public concern  ဖြစ်နေတဲ့ မြေပြဿနာကို ဖြေရှင်းဖို့လိုလာတယ်။ ဥပမာ- ပို့ဆောင်ရေးတစ်ခုလုပ်မယ်ဆိုကတည်းက  ဒီနေရာမှာ ဘယ်သူတွေ ထိခိုက်နိုင်သလဲဆိုတဲ့ social impact ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ပြီးတော့မှ impact အနည်းဆုံးဟာကို အရင်ဦးစားပေးပြီး လုပ်ကြရမှာပါ။ ကျွန်တော်တို့ ဒီအစီအစဉ်နဲ့ ပတ်သက်လို့ မနှစ်ကတည်းက seminor တွေလုပ်ပြီးတော့ ကြေညာပြီးသားပါ။ တချို့ နိုင်ငံခြားကုမ္ပဏီတွေ သိတာတွေလည်း ရှိတယ်။ မသိတာတွေလည်း ရှိတယ်။ တချို့ဟာတွေက သူတို့အဆိုပြုလွှာတွေပေါ်မှာ ကြည့်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ရမှာဖြစ်သလို တချို့ဟာတွေကျတော့ သူတို့အဆိုမပြုခင် ကျွန်တော်တို့ဘက်ကစပြီး တင်ဒါခေါ်ထားတာလည်း ရှိပါတယ်”ဟု ၎င်းကပြောကြားသည်။

“မြန်မာနိုင်ငံမှာ မြေဈေးနှုန်းတွေ ကြီးမြင့်နေတာကို အစိုးရက ဘယ်လိုထိန်းချုပ်ပေးမလဲ ဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ အဲဒါတွေက ဈေးကစားမှုတွေကြောင့် ဖြစ်တယ်ဆိုတာတော့ ကျွန်တော်တို့ သိထားပါတယ်။
အစိုးရဌာနတစ်ခုက ပြောတာတော့ မြေဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက zoning committee တွေဖွဲ့ပြီး လုပ်သွားဖို့ရှိတယ်လို့ တော့ ပြောပါတယ်။ အခုချိန်ထိတော့ ဘာမှတိတိကျကျ မသိသေးပါဘူး” ဟု အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော စင်ကာပူနိုင်ငံမှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

Eleven Media
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဟံသာဝတီလေဆိပ် တင်ဒါကိစ္စ တစ်က ပြန်စ

မြန်မာနိုင်ငံမှာ အကြီးဆုံး ဖြစ်လာမယ့် ပဲခူး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး တင်ဒါအောင် ကုမ္ပဏီတွေနဲ့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာန ဆွေးနွေးရာမှာ အဆင်မပြေမှုတွေနဲ့ နောက်ထပ် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ ရှိလာတာကြောင့် နဂို တင်ဒါ တင်သွင်းခဲ့တဲ့ ကုမ္ပဏီကြီးအားလုံး တင်ဒါအသစ် ပြန်လည် တင်သွင်းကြဖို့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနက အကြောင်းကြားထားပါတယ်။

လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနဟာ တင်ဒါအောင်ထားတဲ့ ကိုရီးယား အင်းချွန် ကုမ္ပဏီနဲ့ ဆွေးနွေးမှုလုပ်ရာမှာ နဂို တင်ဒါတင်စဉ်က ဖော်ပြမထားတဲ့အချက်တွေ တောင်းဆိုလို့ ဆိုပြီး ဆွေးနွေးမှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။

ဒုတိယရွေးချယ်ထားတဲ့ စင်ကာပူအခြေစိုက် ရန်နန်ကုမ္ပဏီနဲ့ ဆွေးနွေးရာမှာတော့ နိုင်ငံခြားကနေ တရားဝင် ဖွံဖြိုးမှုအကူအညီ(အိုဒီအေ) ၅၀ ရာခိုင်နှုန်း ရယူ တည်ဆောက်မယ် ဆိုပြီး တင်ပြလာတဲ့အတွက် အခြားကုမ္ပဏီတွေကိုပါ ဒီအခွင့်အရေး တန်းတူ ပေးချင်တာကြောင့် တင်ဒါ အသစ်ပြန်ခေါ်ခဲ့တာလို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတဦးက ရှင်းပြပါတယ်။

တင်ဒါတွေကို လာမယ့် ဧပြီ ၂၂ ရက်နေ့ နောက်ဆုံးထား တင်ပြရမှာ ဖြစ်ပြီး တင်ဒါ ဘုတ်အဖွဲ့က စစ်ဆေးအတည်ပြုမယ် ဖြစ်ပါတယ်။

DBV
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အိမ်ရာ တည်ဆောက်ရေး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်

ရန်ကုန်မြို့မှာ အိမ်ရာလိုအပ်ချက်များစွာ ပေါ်ပေါက်နေပြီး အစိုးရကရော၊ ပြည်တွင်း ပုဂ္ဂလိကပိုင်းကပါ မဖြည့်ဆည်းနိုင်တဲ့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ပါတယ်လို့ မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနရဲ့ ညွှန်မှူး ဒေါ်အေးအေးမြင့်က ပြောပါတယ်။
မတ် ၁၈ ရက်နေ့က ရန်ကုန် ကုန်သည်ကြီးများဟိုတယ်မှာ ကျင်းပနေတဲ့ မြန်မာ့ အခြေခံအဆောက်အဦ အစည်းအဝေးမှာ သူက ခုလို ဖိတ်ခေါ်လိုက်တာပါ။

ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း ရန်ကုန်မှာ အိမ်ရာ လိုအပ်ချက် ၁ နှစ် အခန်းပေါင်း ၂ သောင်းခွဲလောက် ရှိပေမယ့် လက်တွေ့မှာ ၁ နှစ် အခန်းပေါင်း ၇ ထောင်ကျော်နဲ့ ညီမျှတဲ့ အခန်းစုစုပေါင်း ၃ သောင်း ၆ ထောင်ကိုပဲ ဖန်တီးပေးနိုင်တယ်လို့ သူက ပြောပါတယ်။

အဲဒီ အထဲမှာမှ အစိုးရက ၃၀ ရာခိုင်နှုန်းလောက်ပဲ ဖော်ထုတ်နိုင်ပြီး ပုဂ္ဂလိကပိုင်းက ၇၀ ရာခိုင်နှုန်းလောက် ဖော်ထုတ်ပေးခဲ့တာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ခုဆို အိမ်ရာ ဆောက်လုပ်ရေးလုပ်ငန်းမှာ နိုင်ငံခြားကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံနိုင်အောင် ဥပဒေပိုင်းဆိုင်ရာတွေ ဆောက်ရွက်နေပြီလို့ ဒေါ်အေးအေးမြင့်က ပြောပါတယ်။

DVB
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဂျပန်အကြီးစား စီးပွားရေး လုပ်ငန်းများ သီလဝါထက် ထားဝယ်ကို ပိုစိတ်ဝင်စား

ဂျပန်နိုင်ငံမှ အကြီးစား စီးပွားရေး လုပ်ငန်းကြီးများက သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံခြင်းထက် ထားဝယ် အထူးစီးပွားရေးဇုန်တွင် လုပ်ငန်း လုပ်ကိုင်ရန် ပိုမို စိတ်ဝင်စားကြောင်း ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်မှုအဖွဲ့မှ အမှုဆောင် အုပ်ချုပ်မှု ဒါရိုက်တာ Mr. Masaki Takahara က The Voice သို့ ပြောကြားသည်။
“သီလဝါက မြစ်ထဲကို ပြန်ဝင်ရတာ ရှိပေမယ့် ထားဝယ်က ပိုပြီးကြီးတယ်။ ဒါ့အပြင် ဘန်ကောက်မြို့ အနောက်ဘက် ကီလိုမီတာ ၃၂၀ အကွာမှာ ရှိတာရယ်။ လွတ်လွတ်လပ်လပ် လုပ်နိုင်တာကြောင့် ထားဝယ်ကို စိတ်ဝင်စားကြတယ်” ဟု ၎င်းကဆိုသည်။

ထားဝယ် အထူးစီးပွားရေးဇုန်၏ တည်ဆောက်မှု အခြေအနေမှာ လတ်တလောတွင် ဆိုင်းငံ့ထားပြီး ယခင်ဇုန်တည်ဆောက်ရေး တာဝန်ခံ အီတာလျံ-ထိုင်းကုမ္ပဏီ နုတ်ထွက်ပြီးနောက်တွင် စီမံကိန်း၏ နောက်ဆုံး အခြေအနေ သိရှိရန် တိုင်းတာစစ်ဆေးမှုများ (Due Diligent) ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဟံစိန်က ပြောကြားထားသည်။

“ထားဝယ်စီမံကိန်းက စလုပ်မယ့် ကနဦး စီမံကိန်းမှာ Light Industries (အပေါ့စား စက်မှုလုပ်ငန်းများ)၊ Labor Intensive (လုပ်အားစူးစိုက်လုပ်ငန်းများ) လုပ်ငန်းတွေကို အဓိက ခွင့်ပြုသွားမှာပါ” ဟု ၎င်းကဆိုသည်။

ကနဦး စီမံကိန်းပြီးစီးမှသာ သံရည်ကျို လုပ်ငန်းများကဲ့သို့ အကြီးစား စီမံကိန်းကြီးများကို လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည် ဖော်ရန်အတွက် ငွေကြေးအင်အား တတ်နိုင်သည့် ကုမ္ပဏီ မရှိကြောင်း ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်း ရေးဆွဲရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ထားဝယ် စီမံကိန်းတွင် တတိယမြောက် ပူးပေါင်း အကောင်အထည်ဖော်မည့် မိတ်ဖက်အဖြစ် ပါဝင်ရန် ဂျပန်အစိုးရကို ဖိတ်ခေါ်ထားပြီး သုံးပွင့်ဆိုင် ဆွေးနွေးပွဲနှင့် နှစ်နိုင်ငံအစိုးရချင်း သီးသန့်ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိသည်။

The Voice
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ကွန်ဒိုအခန်းသစ်အမြောက်အမြားရှိလာမည်ဖြစ်၍ ကွန်ဒိုအခန်းဈေးနှုန်း ကျဆင်းတော့မည်

ရန်ကုန်ကွန်ဒိုဈေးကွက် အတွင်း ဆောက်လုပ်ဆဲကွန်ဒိုများ ပြီးစီး တော့မည်ဖြစ်ရာ အခန်းသစ် အမြောက်အ မြားရှိလာမည်ဖြစ်ရာ ကွန်ဒိုအခန်းဈေးနှုန်း များ ကျဆင်းလာနိုင်ကြောင်း ရန်ကုန်မြို့ ဝါ ရင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်သူများ ကပြောသည်။

အသစ်ထွက်လာမည့် ကွန်ဒိုအ ခန်းများနှင့် နာမည်ရ ဆောက်လုပ်ရေးလုပ် ငန်းများက ကွန်ဒိုအမြောက်အမြားဆောက် လုပ်နေသည့်အတွက်ကြောင့် ကွန်ဒိုအခန်း ဈေးနှုန်းများ ကျဆင်းလာနိုင်သည်ဟု ပြော ဆိုခြင်းဖြစ်ပြီး လက်ရှိ ကွန်ဒိုအခန်းဈေး နှုန်းများမှာ ငြိမ်သက်နေကြောင်း ယင်းတို့ က ဆိုသည်။

ရွှေကံမြေ အိမ်ခြံမြေအကျိုး ဆောင်မှ ကိုခင်မောင်အေးက ''နောက်ထပ် ထွက်မယ့်ကွန်ဒိုတွေ ဈေးကွက်ထဲမှာအများ ကြီးရှိလာပြီ။ အခန်းလွတ်တွေ များနေတယ်။ ဝယ်သူစိတ်တိုင်းကျ ရွေးချယ်ဝယ်လို့ရတော့ မယ့်အတွက် ဈေးတွေက ငြိမ်လာတယ်။ အထပ်မြင့် အဆင့်မီကွန်ဒိုတွေလဲ ထပ်ထွက် လာမယ့်အတွက် ကွန်ဒိုဈေးတွေက ကျလာ နိုင်တယ်''ဟု ပြောသည်။

ကွန်ဒိုတိုက်ခန်း အရောင်း၊ အ ငှားများသည် လုံးချင်းမြေကွက် အရောင်း၊ အငှား မရှိသလောက် နည်းပါးခဲ့သည့်အချိန် ကတည်းက အရောင်း၊ အငှားလိုက်ခဲ့သဖြင့် ဈေးများလည်း အဆမတန်တက်ခဲ့ကြောင်း ယင်းက ဆိုသည်။

လက်ရှိ အိမ်ခြံမြေဈေးကွက် အ တွင်း ကွန်ဒိုအခန်းဈေးနှုန်းများ ငြိမ်သက်နေ ပြီး အရောင်းအဝယ်များ တုံ့ဆိုင်းနေသည် ဟု အိမ်ခြံမြေလုပ်ကိုင်သူများက လတ်တ လော ဈေးကွက်အခြေအနေပေါ်တွင် သုံး သပ်ပြောဆိုသည်။
ဝါရင့် အိမ်ခြံမြေလုပ်ကိုင်သူ ကိုဇော်လတ်က ''ဈေးတွေကတော့ ငြိမ် တယ်လို့ ပြောလို့ရတယ်။ ဈေးကတော့ အ များကြီး မကျနိုင်ဘူး။ ကွန်ဒိုနဲ့ပတ်သက်တဲ့ ဥပဒေကလဲ မထွက်သေးဘူး။ အခန်းရှင် ကလဲ ငွေမလိုသ၍ ဈေးကိုကိုင်ထားမှာပဲ။ မတရားဈေးနဲ့ ထိုးရောင်းတယ်ဆိုရင် အိမ် ရှင် ငွေလိုနေလို့ပဲနေမယ်။ ဈေးတွေ မတ ရား မကျနိုင်ဘူး''ဟု ပြောသည်။

ရန်ကုန်မြို့တွင်း ကွန်ဒိုအခန်း ဈေးနှုန်းများ တည်ငြိမ်နေသည်ဟု ဆိုသော် လည်း တချို့မြို့နယ်များမှ ကွန်ဒိုများတွင် အခန်းများ အရောင်းအဝယ်ဖြစ်နေပြီး တစ် မြို့လုံး အတိုင်းအတာအားဖြင့် အရောင်း အဝယ်များ ကျဆင်းနေခြင်းအား ပြောဆို ၍မရကြောင်း တချို့သော ဝါရင့်အိမ်ခြံမြေ လုပ်ကိုင်သူများက ဆိုသည်။

မင်းမဟာ အိမ်ခြံမြေအကျိုး ဆောင်မှ ဦးမင်းမင်းက ''အရောင်းအဝယ် တုံ့ဆိုင်းနေတယ်လို့တော့ ပြောလို့မရဘူး။ တချို့မြို့နယ်တွေက ကွန်ဒိုတွေရော တိုက် ခန်းတွေက အရောင်းအဝယ်ဖြစ်နေတယ်။ အိမ်ခြံမြေ အကျိုးဆောင်ချင်းလဲ အရောင်း အဝယ်ဖြစ်မှု မတူဘူး''ဟု ပြောသည်။
ရန်ကုန်မြို့တွင်း ကွန်ဒိုများ၏ဈေးနှုန်းများသည် တစ်ပေပတ်လည်လျှင် နှစ်သိန်းနှင့် သုံးသိန်းဝန်းကျင်ထိ ပေါက်နေ ပြီး ယခင်က တစ်ပေပတ်လည်လျှင် သုံး သိန်းအထက်တွင် ရှိကြောင်း သိရသည်။

Flower New Journal
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

မီးရထားရုံးချုပ်ကို ပင်နီဆူလာရန်ကုန်ဟိုတယ်အဖြစ် ပြင်ဆင်ရန်စီစဉ်


၁၈ဝဝပြည့်နှစ်ဝန်းကျင် လောက်ကတည်းကတည်ရှိခဲ့သော ရန်ကုန် မြို့ရှိ ကိုလိုနီအဆောက်အအုံတစ်ခုဖြစ်သည့် မြန်မာ့မီးရထားကုမ္ပဏီရုံးချုပ်အား The Peninsula ဟိုတယ်အဖြစ် ပြင် ဆင်မွမ်းမံရန် The Hongkong and Sha-nghai Hotels, Limited (HSH) နှင့် Yo-ma Strategic Holdings Ltd တို့သည် သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအဆောက်အအုံသည် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမပေါ် ရန်ကုန်မြစ် ၏မြောက်ဘက် တစ်ကီလိုမီတာအကွာ စ ကော့ဈေး(ဗိုလ်ချုပ်ဈေး)နှင့်ကပ်လျက် တည် ရှိနေခြင်းဖြစ်ပြီး ယခင်ကတည်းက ဟိုတယ် ဆောက်လုပ်ရန်ပြင်ဆင်ထားသော်လည်း အခြေအနေအရပ်ရပ်ကြောင့် မပြုပြင်ဖြစ်ဘဲ ထားရှိသည့်အဆောက်အအုံဖြစ်သည်။

''မြန်မာနိုင်ငံက ကမ္ဘာ့စိတ်လှုပ် ရှားဖွယ်အကောင်းဆုံး ထင်ရှားပေါ်ထွက် လာတဲ့ ဈေးကွက်တစ်ခုဖြစ်ပြီး ဒီနိုင်ငံမှာ တကယ့်အဆင့်မြင့် Luxury ခရီးသွားလုပ် ငန်းအတွက် အလားအလာကောင်းတွေရှိ နေတယ်လို့မြင်ပါတယ်။ ဒီစီမံချက်ကို အောင် မြင်အောင်ဆောင်ရွက်နိုင်ဖို့ ရေရှည်လုပ် ငန်းအမြော်အမြင်ရှိပြီး မြန်မာနိုင်ငံမှာရင်း နှီးမြှုပ်နှံမှုတွေကို အောင်မြင်အောင်ဆောင် ရွက်နိုင်ကြောင်းသက်သေပြနိုင်တဲ့ Yoma နဲ့ အကျိုးတူလက်တွဲလုပ်ကိုင်ရတာကို ကျွန် တော်တို့ ဝမ်းမြောက်ဂုဏ်ယူပါတယ်''ဟု Hongkong and Shanghai Hotels Limited rS Managing Director နှင့် Chief Executive Officer Mr.Clement K.M. Kwok က ပြောသည်။

ရှေးဟောင်းအဆောက်အအုံ တစ်ခုကိုအပျက်အစီးခံမည့်အစား ဂုဏ်ယူ ဖွယ်ဟိုတယ်တစ်ခုအနေဖြင့်ထိန်းသိမ်းခြင်း က ကောင်းမွန်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ တွဲဖက်အထွေထွေအ တွင်းရေးမှူးက ယခုကဲ့သို့ဆိုသည်။

'' Peninsula ဟိုတယ်ဆိုတာက နိုင်ငံတကာမှာလဲ နာမည်ကြီးပါ၊ ဘန်ကောက် မှာလဲရှိတယ်။ ဒီလိုဟိုတယ်မျိုးရှိလာတဲ့အ တွက် အရမ်းကိုကောင်းမှာပါ။ ဒါပေမဲ့ ဒီလို ဟိုတယ်ထပ်တိုးလာလို့ ယခင်ရှိလက်စဟို တယ်တွေရဲ့ခရီးသွားတွေ ဝင်ရောက်မှုအ ပေါ် ထိခိုက်မယ်လို့တော့မထင်ပါဘူး။ ဘာ ကြောင့်လဲဆိုတော့ လူတိုင်းက သူ့အကြိုက်နဲ့ သူရှိတယ်''ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ တွဲဖက်အထွေထွေအတွင်းရေး မှူး ဦးဖြိုးဝေရာဇာက ဆိုသည်။

မြန်မာ့မီးရထားကုမ္ပဏီရုံးချုပ် မှာ မြန်မာနိုင်ငံ၏ ထင်ရှားသောအဆောက် အအုံများမှတစ်ခုအပါအဝင်ဖြစ်ကြောင်း Yo-ma Strategic Holdings Ltd.,
၏ Chairman ဖြစ်သူ Mr Serge Pun က ဆိုသည်။

''အရင် မြန်မာမီးရထားကုမ္ပဏီ ရုံးချုပ်ဟာ မြန်မာ့နိုင်ငံရဲ့တကယ်ထင်ရှား တဲ့အဆောက်အအုံတစ်ခုပါ။ အာရှရဲ့အခိုင် မာဆုံးဟိုတယ်ပိုင်ရှင်လုပ်ငန်းစုလည်းဖြစ်၊ ကမ္ဘာ့အဆင့်မီထိပ်တန်းအတွေ့အကြုံတွေ ကို ဖန်တီးပေးနိုင်သူတွေလဲဖြစ်တဲ့ ဒီလိုအ ဖွဲ့အစည်းကြီးနဲ့ အလုပ်အတူလုပ်ခြင်းက ဒီအဆောက်အအုံကို ယခင်က ခံ့ညားထည် ဝါမှုမပျက်အောင် ပြန်လည်ပြင်ဆင်မွမ်းမံ နိုင်မှာဖြစ်သလို ရန်ကုန်ကိုလဲ အကောင်း ဆုံးအတွေ့အကြုံတွေ ယူဆောင်ပေးလာ နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
ဒီလိုကြီးမားတဲ့လုပ်ငန်းအားထုတ်မှုမှာ ပါ ဝင်ဆောင်ရွက်နိုင်တာဟာ အလွန်ကောင်း မွန်တဲ့အခွင့်အရေးတစ်ခုပါ''ဟု ¤င်းက ပြော သည်။
လာရောက်တည်ဆောက်မည့် Hong Kong and Shanghai Hotels Limited
သည် ၁၈၆၆ ခုနှစ်တွင် စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး အာရှ၊ အမေရိကန်နိုင်ငံ နှင့် ဥရောပတိုက်များတွင်လုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး Yoma Strategic Ho-lding Ltd., သည် မြန်မာနိုင်ငံနှင့်တရုတ် နိုင်ငံတွင် အိမ်ခြံမြေ၊ လယ်ယာမြေနှင့် မော် တော်ယာဉ်လုပ်ငန်းများ ဆောင်ရွက်နေ သောကုမ္ပဏီတစ်ခုဖြစ်သည်။

 Flower News Journal
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

မန္တလေး တန်ဖိုးနည်းအိမ်ရာ ဧပြီလကုန် စတင် ရောင်းချပေးမည်

မန္တလေးမြို့တော်တွင် တည်ဆောက်လျက် ရှိသည့် တန်ဖိုးနည်း အိမ်ရာများကို တည်ဆောက်မှု ပြီးစီးသည့် ဧပြီလကုန်ပိုင်းတွင် စတင် ရောင်းချပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ဝန်ကြီး ဦးအောင်မောင်းက ပြောကြားသည်။
အဆိုပါအိမ်ရာ တည်ဆောက်မှုမှာ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး တန်ဖိုးနည်း အိမ်ရာ တစ်ခန်းလျှင် ကျပ်သိန်းတစ်ရာအောက် ဈေးနှုန်းဖြင့် ရောင်းချပေးရန် စီစဉ်ထားကြောင်း၊ လျှောက်ထားမှုနှင့် ဈေးနှုန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆွေးနွေး ညှိနှိုင်းနေပြီ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ဈေးနှုန်း တစ်ခုတည်း သတ်မှတ်ပြီး အခန်းအားလုံးကို မဲနှိုက်ပြီး ရောင်းပေးမှာပါ။ အလွှာလိုက် ဈေးနှုန်း သတ်မှတ်တာမျိုး မဟုတ်ဘဲ တစ်ခုလုံးကို ဈေးတစ်မျိုးတည်းနဲ့ ရောင်းချပေးမှာပါ” ဟု ၎င်းက ထပ်မံဆိုသည်။
မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက်နှင့် အောင်သာယာ ရပ်ကွက်တွင် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၃၄၄ ခန်းကို ပထမအဆင့် အနေဖြင့် တည်ဆောက်နေခြင်း ဖြစ်သည်။

အဆိုပါ တန်ဖိုးနည်း တိုက်ခန်းများကို မြို့ပြ စီမံကိန်း ဆောင်ရွက်ရန် အတွက် သိမ်းဆည်းထားသည့် ချမ်းမြသာစည်မြို့နယ် ကံကြီးကုန်းနှင့် ဇီးအုပ် ကျေးရွာများမှ ဝယ်ယူထားခဲ့သူများ အားလုံးကို ဦးစားပေး ရောင်းချပေးမည် ဖြစ်ကြောင်း၊ အငြိမ်းစား ဝန်ထမ်းများ၊ နေထိုင်ရေး ခက်ခဲနေသည့် ဝန်ထမ်းများနှင့် ပြည်သူများကို ရောင်းချပေးရန် စီစဉ်ထားကြောင်း ဝန်ကြီး ဦးအောင်မောင်းက ပြောကြားသည်။

အဆိုပါ ကံကြီးကုန်းနှင့် ဇီးအုပ်ကျေးရွာတွင် သိမ်းဆည်း ခံထားရသည့် လယ်ယာမြေများကို ဝယ်ယူမှု မပြုရန် တားမြစ်ထားသော်လည်း လက်ရှိ ပေ ၃၀၊ ပေ ၄၀ မြေတစ်ကွက်လျှင် ကျပ်ခြောက်သိန်းဖြင့် ဝယ်ကာ နေထိုင်သူများ တိုးလာကြောင်း ဇီးအုပ် ကျေးရွာဒေသခံ ဦးစိုးမိုးအောင်က ပြောကြားသည်။
“လူတွေက နေစရာ မရှိတော့ နေစရာ ရလိုရငြား ဆိုပြီး ဝယ်နေကြတာ၊ အရင်ကထက်တောင် ပိုတိုးလာတယ်၊ မပိုင်မှန်း သိပေမယ့်လည်း ဘယ်လောက်ပဲ နေရနေရ ဆိုပြီး ဝယ်ကြတာ” ဟု ၎င်းကဆိုသည်။
ယင်းသို့ တန်ဖိုးနည်းအိမ်ရာ ရောင်းချပေးမည်ဟု ဆိုသော သတင်း ထွက်ပေါ်နေမှုများကြောင့် လျှောက်လွှာများ စတင် လက်မခံသေးသော်လည်း မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ပေးပို့ လာသော လျှောက်လွှာပေါင်း ထောင်ကျော် ရှိကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

The Voice
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ကျူးကျော်များကို အလုပ်အကိုင်မပေးပါက ကျူးကျော်မှုဆက်လက်ဖြစ်နေမည်ဟု ၀န်ကြီးပြောကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်များကိုအလုပ်အကိုင်မပေးနိုင်သေးသရွေ့
ကျူးကျော်နေထိုင်မှုများ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း၊ ကျူးကျော်ပြသနာသည် အလုပ်အကိုင်အခွင့်အလမ်း မရှိခြင်းကြောင့်
ဖြစ်ပွားနေရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းလုံခြုံရေးဝန်ကြီး ဗိုလ်မှူးတင်ဝင်းက ပြောကြားခဲ့သည်။

ကျူးကျော်နေထိုင်သူအများစုသည် ၎င်းတို့၏မူလအရပ်ဒေသများ၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေခြင်းကြောင့်အလုပ်အကိုင်ရှာဖွေရင်း ကျူးကျော်နေထိုင်မှုများဖြစ်ပေါ်လာရခြင်းဖြစ်ပြီး ကျူးကျော်နေ ထိုင်မှုများကို ရှင်းလင်းမည်ဆိုပါကလည်း ၁၉၈၈ ခုနှစ်
အောက်မြန်မာနိုင်ငံ မြို့ရွာနှင့်ကျေးလက်ဥပဒေဖြင့်သာ အရေးယူရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျူးကျော်တွေနဲ့ပတ်သတ်ပြီးတိုင်းဒေသကြီး အစိုးရက
နေရာပေးမယ်ဆိုရင်တောင် ကျူးကျော်တွေကအလုပ်အကိုင်မရှိတဲ့ အတွက် ကျူးကျော်မှုတွေဆက်ပြီးဖြစ်နေဦးမှာပါ။
ကျူးကျော်တွေကိုနေရာရွှေ့ရုံနဲ့ ပြသနာကပြေလည်သွားမှာ မဟုတ်ပါဘူး ” ဟုဝန်ကြီးကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်ဟုသတ်မှတ်ထားသော
လူဦးရေ ၅၃၆၀၀ ကျော်ရှိကြောင်း သတင်းများအရသိရသည်။

Source : ရွှေဆဋ္ဌဂံ
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

သီလ၀ါအထူးစီးပွားရေးဇုန် ပထမအဆင့် မြေပြင်တည်ဆောက်မှု ၉၀ ရာခိုင်နှုန်းပြီးစီး

သီလ၀ါအထူးစီးပွားရေးဇုန်ပထမအဆင့် တည်ဆောက်ရေး၏ မြေပြင်တည်ဆောက်မှုသည် ၉၀ ရာခိုင်နှုန်း
ပြီးစီးနေပြီဖြစ်၍ မေလတွင် စက်ရုံများစတင်ရောင်းချတော့မည်
ဖြစ်ကြောင်း မြန်မာသီလ၀ါ အထူးစီးပွားရေးဇုန်အများပိုင် ကုမ္ပဏီလီမိတက်ဥက္ကဌ ဦးဝင်းအောင်က ပြောသည်။

အဆိုပါလုပ်ငန်းများတည်ဆောက်ရေးလုပ်ငန်းကို နိုဝင်ဘာ ၃၀ ရက်က စတင်ဆောင်ရွက်ခဲ့ ပထမအဆင့် ဟက်တာ ၄၀၀ (ဧက ၉၀၀) ကျော်ကို လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများမှာ ပြီးလုနီးပါးရှိနေပြီဟုဆိုသည်။ အဆိုပါဇုန်ကိုလာမည့် ၂၀၁၅ နှစ်လယ်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သီလ၀ါစီမံကိန်းဖွင့်ပွဲတွင် ထုတ်ဖော်ပြောကြားထားသည်။

သီလ၀ါအထူးစီးပွားရေးဇုန်တွင် ၀င်ရောက်လုပ်ကိုင်လိုသူများကို တစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ရှယ်ယာများကို မတ် ၃ရက်က စတင်ရောင်းချခဲ့ရာ မတ်လ ၁၀ရက်အထိ ကျပ် ၆ ဘီလီယံဖိုး ၀ယ်ယူရန် အဆိုပါတင်းသွင်းမှုများ ရရှိထားကြောင်းလည်း သတင်းများရရှိသည်။

အစုရှယ်ယာများ ရောင်းချရာတွင် တစ်ဦးချင်းဝယ်ယူနိုင်သည့် ပမာဏ သတ်မှတ်ထားခြင်းမရှိဘဲ မိမိဝယ်ယူမည့် ပမာဏအလိုက် ကြိုတင်ငွေများပေး
သွင်းထားနိုင်သည်။

အဆိုပါရောင်းချသည့် ရက်ငါးပတ်ပြည့်ပါက ပိတ်သွားမည်ဖြစ်၍ ဧပြီလဆန်းပိုင်းတွင် ရှယ်ယာ ရောင်းဝယ်မှု ရပ်နားသွားမည်ဖြစ်သည်။
အစုရှယ်ယာဝယ်ယူသူများမှာ ကျပ်တစ်သိန်းမှစ၍ ကျပ်သိန်းငါးရာအထိ ၀ယ်ယူထားသူများရှိနေသည်။

သီလ၀ါ စီးပွားရေးဇုန်ကအစုရှယ်ယာပေါင်းနှစ်သန်းကျော်အထိ ရောင်းချသွားမည်ဖြစ်
ပြီးအဆိုပါ အစုရှယ်ယာများကို ရှယ်ယာတန်ဖိုးမြင့်တက်အောင်
စတော့အိတ်ချိန်း ဈေးကွက်တွင်ဝင်ရောက်ပြုလုပ်သွား မည်ဖြစ်ကြောင်း
ဒေါက်တာဆက်အောင်က သီလ၀ါသတင်းစာရှင်းလင်းပွဲတွင် ပြောကြား
သည်။

လက်ရှိတွင် ရှယ်ယာများကို ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ သမ၀ါယမဘဏ်၊ ရိုးမဘဏ် နှင့် ကမ္ဘောဇဘဏ်များတွင် ၀ယ်ယူနိုင်ပြီး အဆိုပါဘဏ်များဖွင့်လှစ်ထားရာ နေရာများတွင်ရောင်းချပေးနေသည်။

7day daily
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

မန္တလေးတန်ဖိုးနည်းအိမ်ရာများ ရောင်းမှားဝယ်မှားခဲ့သူနှင့် အငြိမ်းစားဝန်ထမ်းများအတွက် ရောင်းပေး မည်ဟုဆို

မန္တလေးမြို့တွင် တည်ဆောက်လျက်ရှိသော တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ၊ တန်ဖိုးနည်း အိမ်ရာများအား ရောင်းမှားဝယ်မှားဖြစ်သူ၊ အငြိမ်းစားဝန်ထမ်းနှင့် နေထိုင်ရေးအခက်ခဲဖြစ်နေသူများအား အဓိ ကထားရောင်းချပေးသွားမည်ဖြစ်ကြောင်းမန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက တိုင်းဒေသကြီး လွှတ် တော်တွင်ပြောသည်။

“တန်ဖိုးနည်းအိမ်ရာများကို မြရည်နန္ဒာ၊ကံကြီးကုန်းနှင့်ဇီးအုပ်အပါအ၀င် ရောင်းမှားဝယ်မှားရှိခဲ့သူများ နှင့် ဥပဒေနှင့်အညီဖယ်ရှားခဲ့ရသော အိမ်ပိုင်ရှင်များ၊အငြိမ်းစားဝန်ထမ်းများနှင့် နေထိုင်ခွင့်ကျပ်တည်းနေသော ၀န်ထမ်းများနှင့်ပြည်သူများကို စနစ်တကျစိစစ်ပြီးရောင်း
ချပေးသွားမှာဖြစ်ပါတယ်”ဟု ဦးအောင်မောင်း က ပြောသည်။
တန်ဖိုးနည်းအိမ်ရာစီမံကိန်းများတည်ဆောက်နေသည်မှာ ငါးဆယ်ရာခိုင်နှုန်းကျော်ပြီးစီးနေပြီ ဖြစ်သော် လည်း ယနေအချိန်ထိမည်သို့ရောင်းချမည်၊ မည်သူ့ကို
ရောင်းချမည်ကို ဒေသခံပြည်သူလူထုသိရှိရခြင်း မရှိသေးဘဲ
ဒေသခံများက တန်ဖိုးနည်းအိမ်ရာ များအပေါ်များစွာမျှော်လင့်နေပြီး မည်သို့ရောင်းချပေးမည် ကိုလည်းသိရှိလိုနေကြသည်ဟု မန္တလေးတိုင်းဒေသကြီးချမ်းမြေသာစည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းကမန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင်မေးမြန်းခဲ့သည်။

တည်ဆောက်မှုလုပ်ငန်း ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး လက်ရှိအချိန်တွင် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများရောင်းချရန်
လျှောက်လွှာများလက်မခံသေးဘဲ တန်ဖိုးနည်းအိမ်ရာရောင်းချမှုများအတွက် တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းမြို့
တော်စည်ပင်သာယာရေးကော်မတီအဆောက်အုံနှင့် ကုန်ရုံဌာနမှူးဦးမျိုးအောင်ကပြောသည်။

လျှောက်လွှာများလက်မခံသေးသော်လည်း တန်ဖိုးနည်းအိမ်ရာ
တိုက်ခန်းများဝယ်ယူရန် စာတိုက်မှ တစ်ဆင့် လျှောက်ထားသည့်
လျှောက်လွှာပေါင်းများစွာမှာ မန္တလေးမြို့ တော်စည်ပင်သာယာ
ရေးကော်မတီသို့ ရောက်ရှိနေပြီဟု ဦးမျိုးအောင်ကပြောသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရက်ကွက် မမ(၂၅)နှင့် မမ(၂၆) ရှိ မြေဧက (၉၀) ကျော် ပေါ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးစီးကာတန်ဖိုးနည်းအိမ်ရာများတည်ဆောက်လျက်ရှိသည်။ ၎င်းမြေများပေါ်
တွင် ရှစ်ခန်းတွဲခုနစ်ထပ်အဆောက်အုံ ၂၇လုံး၊ လေးခန်းတွဲ
လေးထပ်အဆောက်အအုံ ၃၀ လုံး၊ စုစုပေါင်းအဆောက်အအုံ ၅၇ လုံးတွင် အခန်းပေါင်း ၁၃၄၄ ခန်းကို အကောင်ထည်ဖော်တည်ဆောက် လျက်ရှိသည်။

7 day daily
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာ လျှောက်လွှာစတင်ရောင်း

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ရောင်းချသည့် ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာ စီမံကိန်း အတွက် လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။
မြို့တော်စည်ပင်၏ ဒုတိယမြောက် အိမ်ရာစီမံကိန်းဖြစ်သည့် ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းတွင် ဗိုလ်ဗထူးအိမ်ရာ စီမံကိန်း၌ လျှောက်ထားသူများအား ပါဝင်လျှောက်ထားခါင့် မပြုဘဲ မဲနှိုက်ကာ ရောင်းချမည်ဖြစ်သည်ဟုဆိုသည်။

ဒဂုံမြို့သစ်မြောက်ပိုငးတွင်လေးခန်းတွဲ ရှစ်ထပ်တိုက် ၂၅ လုံးစတင်တည်ဆောက်မည်ဖြစ်ပြီး ကိုယ်တိုင် လက်ရေးမူဖြင့်အစိုးရ အငြိမ်းစား ၀န်ထမ်းများဖြစ်ပါက ဌာန၏ထောက်ခံချက်ဖြင့် စတင်လျှောက်ထားနိုင် ကြောင်း မြို့တော်စည်ပင်၏
ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အခန်းတစ်ခန်းလျှင်
သိန်း ၂၀၀ ကျော် မှ သိန်း ၃၀၀ ကျော်အထိရှိပြီး တစ်လ၀င်ငွေ သုံးသိန်းကျပ်မှ ငါးသိန်းကျပ်ရှိသူများသာ အဓိကလျှောက်ထားနိုင် မည်ဖြစ်ကာ ရောင်းချမှုကိုလည်း နှစ်ရှည်အရစ်ကျပုံစံဖြင့်
ရောင်းချပေးသွားမည်ဖြစ်သည်။

ပြီးခဲ့သည့်ဇန်န၀ါရီကလည်း မြို့တော်စည်ပင်မှ ပထမဆုံးဆောင်ရွက်သည့် ဗိုလ်ဗထူးအိမ်ရာစီမံကိန်းကို
လျှောက်လွှာတင်ပြသူ အရေအတွက်ကို ယနေ့အထိဌာနမှ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။
စည်ပင်သာယာရေးကော်မတီမှ ယခုဆောက်လုပ်မည့် အိမ်ရာစီမံကိန်းနှစ်ခုလုံးကို ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် တွဲဖက်တည်ဆောက်မည်ဖြစ်ပြီး အခန်းမဲဖောက်မည့်အချိန်ကိုမူ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှူးက တိတိကျကျပြောဆိုပေးခြင်းမရှိပေ။

ရန်ကုန်တွင် အိမ်ရာစီမံကိန်းများကို စည်ပင်သာယာရေးကော်မတီအပြင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနကလည်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ လှိုင်သာယာမြို့နယ်များတွင် ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မြေဈေးကြီးမြင့် နေခြင်းကြောင့်ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် ကိုယ်ပိုင်အိမ်ရာစီမံကိန်းတွင်မမြှပ်နှံနိုင်ဘဲ အစိုးရနှင့်ပူးတွဲ လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ဆိုသည်။

ရန်ကုန်မြို့တွင် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှ စတင်ကာ အိမ်ထောင်စုအရေအတွက် သိသိသာသာတိုးပွားလာကာ ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ခြောက်နှစ်တာကာလအတွင်း အိမ်ခန်းဆောက် လုပ်နိုင်သမှုမှာ ၃၆၀၀၀ ကျော်သာရှိခဲ့ပြီး တစ်နှစ်လျှင်ပျမ်းမျှ ၇၀၀၀ ကျော်သာဆောက်လုပ်နိုင်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့် ဆွေက၇န်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စာရင်းကို ကိုးကားပြီး ပြောကြားသည်။

7 day daily
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

ရန်ကုန်မြို့မှ အိမ်ရာဟောင်း ၁၁ ခုကို အသစ်ပြန်ဆောက်ရန် သမ္မတညွှန်ကြားထား

ယခုဘဏ္ဍာနှစ်အတွင်းရန်ကုန်မြို့မှ အိမ်ရာဟောင်း ၁၁ ခုကို အသစ်ပြန်လည်တည်ဆောက်ရန် နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင် ကပြောသည်။

“သမ္မတကြီးက ဒါတွေကို အမြန်ဆုံးလုပ်ပါလို့ ညွှန်ကြားထားတာတွေ ရှိပါတယ်” ဟုအထက်ပါ ညွှန်ကြားရေးမှူးကပြောသည်။ အဆိုပါ
အိမ်ရာ ၁၁ ခုမှလက်ရှိတွင်လမ်း ၅၀ အိမ်ရာနှင့် လမ်းသစ်အိမ်ရာများကို
ဖြိုဖျက် ၍ အသစ်စတင်တည်ဆောက်နေပြီဖြစ်ပြီး မူလနေထိုင်သူများကို ၂၀၁၅ ဇွန်လတွင် ပြန်လည်နေရာချထားရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရည်ရွယ်ထားသည်။

လက်ရှိတွင် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမှ အခန်း ၂၀၀ ကျော်ပါဝင်သည့် လမ်းသစ်အိမ်ရာကို အသစ်ပြန်လည်
တည်ဆောက်ရန် မူလနေထိုင်သူများနှင့် ဌာနက အသေးစိတ်
ဆွေးနွေးထားပြီး မကြာမီတွင် စီမံကိန်းလုပ်ဆောင်ရန် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း ဦးယုခိုင်ကပြောသည်။

“ဌာနက လာညှိတယ်။ရွှေ့ပြောင်းတဲ့ စရိတ်ရယ်။ တည်ဆောက်နေစဉ် ကာလအတွင်းပြင်ပမှာ နေထိုင်ရမယ့် စရိတ်တွေ ထုတ်ပေးမယ်လို့ပြောတယ်။ ဒါပေမဲ့ ငှားနေရမယ့် နေရာကမြို့ တွင်းပိုင်း မဟုတ်တော့ အခက်အခဲတော့ရှိတယ်။ ပြီးရင်တော့
မြို့လယ်ကောင်မှာ တိုက်ခန်းအသစ်နဲ့ ပြန်နေရမှာတော့ အဆင်ပြေတယ်” ဟု လမ်းသစ်အိမ်ရာတွင် နေထိုင်သူ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အိမ်ရာစီမံကိန်း အသစ်ဆောက် လုပ်မည့်ကာလမှာ
ဆာက်လုပ်မည့်အိမ်ရာ၏ အိမ်ခန်းအနည်း အများပေါ်မူတည်၍ ကြာမြင့်မည်ဖြစ်သည်။ နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိ
ရန်ကုန်မှ အိမ်ရာအဟောင်းများ တည်ဆောက်ပြီးစီးပါက မူလငှားရမ်းနှုန်းထားများမှာ ခေတ်နှင့် လျော်ညီမှုမရှိတော့သဖြင့် ပြန်လည်ပြင်ဆင်သတ်မှတ် ကောက် ခံသွားမည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိအိမ်ရာများ၏ ငှားရမ်းခနှုန်းထားမှာ
ထောင်ဂဏန်းမှ သောင်းဂဏန်း အထိသာရှိသည်။

ယင်းသို့ အသစ်ပြန်လည်တည်ဆောက်သွားမည့် အိမ်ရာများမှာ ကျန်စစ်သားအိမ်ရာ၊ အောင်ဇေယျအိမ်ရာ၊ ပြည်တော်သာအိမ်ရာ၊ တောင်ဥက္ကလာပအိမ်ရာ၊ ဗိုအောင်ကျော်အိမ်ရာနှင့် တညင်းကုန်းအိမ်ရာ အစရှိသည့်အိမ်ရာများကို အသစ်ပြန်တည်ဆောက်မည်ဖြစ်ပြီး လတ်တလောတွင် လက်ရှိနေထိုင်သများနှင့် ညှိနှိုင်းဆောင်ရွက်ရန်
ဆောက်လုပ်ရေးဝန်ကြီးဌာနက ရည်ရွယ်ထားသည်။

7 day daily
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

မော်လမြိုင်မြို့တွင် ကျပ်သိန်း ၁၂၀ မှ ၁၃၅ သိန်းအထိကျသင့်မည့် သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း စတင်ဆောက်လုပ်

မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီက တာဝန်ယူတည်ဆောက်မည့် မော်လမြိုင်မြို့ သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းလုပ်ငန်းများကို မတ်လဒုတိယအပတ်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်ထံမှ သိရသည်။

“သီရိမင်္ဂလာရပ်ကွက်က စည်ပင်သာယာပိုင် မြေကိုးဧကထဲက မြေနှစ်ဧကပေါ်မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အဆောက်အအုံပုံစံက ရှစ်ခန်းတွဲ လေးထပ်တိုက်ငါးလုံး စုစုပေါင်းတိုက်ခန်း ၁၆၀ ခန်းရှိပြီးတော့ တစ်ခန်းကို ၆၀၀ စတုရန်းပေရှိမှာပါ။ အခန်းတန်ဖိုးတွေက မြေညီထပ်ကို ၁၃၅ သိန်း၊ ပထမထပ်ကို သိန်း ၁၃၀၊ ဒုတိယထပ်ကို ၁၂၅ သိန်းနဲ့ တတိယထပ်ကို သိန်း ၁၂၀ သတ်မှတ်ထားပါတယ်။ အဆောက်အအုံတွေကို ပြည်နယ်စည်ပင်သာယာရေး ကော်မတီကပဲ ကမ္ဘောဇဘဏ်ကချေးငွေနဲ တစ်နှစ်တွင်း အပြီးတည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “တိုက်ခန်းပေါင်း ၁၆၀ ထဲက ၃၂ ခန်းကို သီရိမင်္ဂလာရပ်ကွက်မှာ နေထိုင်တဲ့ ကိုယ်ပိုင်နေအိမ်မရှိတဲ့ သတ်မှတ်ဈေးနှုန်းကို ၀ယ်ယူနိုင်တဲ့သူကို မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ကြီးကြပ်မှုနဲ့ ညှိနှိုင်းရောင်းချပေးသွားပါမယ်။ ကျန်တဲ့ ၁၂၈ ခန်းကိုတော့ ၀န်ထမ်းလုပ်သက်များပြီး အိမ်ပိုင်မရှိသေးတဲ့ မော်လမြိုင်မှာ အခြေပြုနေထိုင်မယ့် ၀န်ထမ်းတွေကို သက်ဆိုင်ရာဌာန အကြီးအကဲတွေရဲ့ ထောက်ခံချက်နဲ့ စိစစ်ရွေးချယ် ရောင်းချပေးသွားမှာပါ။ လျှောက်လွှာတွေကိုတော့ မတ် ၂၄ ရက်နေ့ နောက်ဆုံးထား တင်ရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

တိုက်ခန်းများကို ဘဏ်ချေးငွေစနစ်ဖြင့် တည်ဆောက်ရသည့်အတွက် ၀ယ်ယူခွင့် ရရှိသူများမှ တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ကို ကနဦး ပေးချေရမည်ဖြစ်ကြောင်း၊ ဘဏ်အတိုးနှုန်းမှာ ပထမနှစ်တွင် ၉ ရာခိုင်နှုန်းနှင့် နောက်နှစ်များတွင် ၅ ရာခိုင်နှုန်း ပေးချေသွားရမည်ဖြစ်ကြောင်း၊ တိုက်ခန်းပိုင်ဆိုင်ကြောင်း အထောက်အထားများကို ငါးနှစ်အတွင်း ငွေချေပြီးမှ ပေးသွားမည်ဖြစ်ကြောင်း၊ လက်ပြောင်းလက်လွှဲ ရောင်းချခွင့်မရှိကြောင်းနှင့် ငွေဆက်မသွင်းနိုင်ပါက ပေးသွင်းငွေများပြန်ပေးကာ ဒုတိယဦးစားပေး ၀န်ထမ်းများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လျှောက်ထားသူ များပါက အိမ်ရာအသစ်များ ထပ်မံဆောက်လုပ် သွားမည်ဖြစ်ကြောင်း ဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။

“တိုက်ခန်းတန်ဖိုးတွေက သာမန်ဝန်ထမ်းတွေ အတွက်တော့ အခက်အခဲ ရှိနိုင်ပါတယ်။ ငွေပြန်ဆပ်ရမယ့်ကာလ တိုးပေးမယ်ဆိုရင် လုပ်သက်များတဲ့ သာမန်ဝန်ထမ်းတွေလည်း အခွင့်အရေး ရလာနိုင်ပါတယ်” ဟု လုပ်သက်ရင့် ကျောင်းဆရာတစ်ဦးက ပြောကြားသည်။

Eleven
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

မြန်မာ့ဆောက်လုပ်ရေးတွင် ရင်းဂစ်သန်း ၄၀၀ မလေးရှား ရင်းနှီးမြှုပ်နှံမည်

မလေးရှားနိုင်ငံ အခြေစိုက် ဆောက်လုပ်ရေး လုပ်ငန်းများက မြန်မာ့ဆောက်လုပ်ရေး ကဏ္ဍတွင် ရင်းဂစ် သန်း ၄၀၀ ရင်းနှီး မြှုပ်နှံရန် မျှော်မှန်းထားကြောင်း မလေးရှား နိုင်ငံခြား ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ မလေးရှားနိုင်ငံ အခြေစိုက် Bernama သတင်းတွင် ဖော်ပြထားသည်။

မလေးရှား အစိုးရနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းများက အဆိုပါ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး စီးပွားရေး အဆောက်အအုံများ၊ဈေးဝယ်စင်တာများ၊ ဟိုတယ်များနှင့် လူနေ အဆောက်အအုံ များကို ဆောက်လုပ်ရန် ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။

ယင်းသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းသို့ ဝင်ရောက်လာခြင်းသည် စီးပွားရေးအရ ပြိုင်ဆိုင်မှု ပြင်းထန်လာသော်လည်း နိုင်ငံ့စီးပွားရေး တိုးတက်ရန်အတွက် ကောင်းမွန်သော အလားအလာ ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်များ စီမခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။

“တိုင်းရင်းသားကိုလည်း ဦးစားပေးလွန်းလို့တော့ မရဘူး။ ကိုယ့်ဘက်ချည်းပဲ ကြည့်ရင်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုက လာမှာမဟုတ်ဘူး” ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သူ ၎င်းက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အတွင်းကလည်း ဗီယက်နမ်နိုင်ငံ အခြေစိုက် HAGL ကုမ္ပဏီသည် ရန်ကုန်မြို့တော်တွင် HAGL Myanmar Center ကို အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံခဲ့သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုအတွက် မလေးရှား ဆောက်လုပ်ရေးလုပ်ငန်း ကိုးခုသည် လာမည့် မတ်လ တတိယပတ်အတွင်း ရန်ကုန်မြို့တော်၌ ကျင်းပပြုလုပ်မည့် Myanmar Infrastructure Summit 2014 တွင် ဆွေးနွေးမည် ဖြစ်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စာရင်းများအရ မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၆၂၅ သန်းကျော် ရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် အဆင့် (၇) နေရာ၌ ရပ်တည်လျက်ရှိသည်။

the voice
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အမေရိကန်ဒေါ်လာ သုံးသန်းကုန်ကျမည့် ကူးတို့ဆိပ်ခံတံတား ဒလတွင် တည်ဆောက်မည်

ဒလ သင်္ဘောဆိပ်ကမ်းတွင် ခရီးသည် အတက်အဆင်းအတွက် ဆိပ်ခံတံတား တစ်စင်းသာ ရှိသည့်အတွက် ခရီးသည်များ ပိုမိုချောမွေ့စွာ သွားနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ သုံးသန်း ကုန်ကျမည့် ကူးတို့ ဆိပ်ခံတံတားတစ်ခုကို တည်ဆောက်မည် ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် မတ်လ ၁၂ ရက်နေ့က ဒလ-ကူးတို့ ဆိပ်ခံတံတား ပြန်လည် တည်ဆောက်ရေး ရှေ့ပြေး စီမံကိန်း စတင်သည့် အခမ်းအနား၌ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မြန်မာမှ ဌာနေ ကိုယ်စားလှယ် မစ္စတာမာဆာဟီကို တာနာကာက ပြောကြားသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီး နောက်ပိုင်းတွင်ပျက်စီးသွားသော ဆိပ်ခံတံတားများကို ဂျပန်အစိုးရ အနေနှင့် ပြန်လည် ပြုပြင်ပေးရန် ရည်ရွယ်၍ ယင်းကဲ့သို့ တည်ဆောက်ပေးရခြင်း ၎င်းက ပြောကြားသည်။

တစ်ရက်လျှင် လူဦးရေ သုံးသောင်းခန့်ရှိသော ဒလ - ရန်ကုန် အသွားအပြန် ဖြတ်ကူး လုပ်ကိုင်နေသူများသည် ဆိပ်ခံတံတား တစ်ခုတည်းကိုသာ အသွားအလာအတွက် အသုံးပြုနေရသဖြင့် ဒလမြို့နယ်တွင် ကူးတို့ ဆိပ်ခံတံတား တည်ဆောက်ရန် ရည်ရွယ်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

ဒလ သင်္ဘောဆိပ်ကမ်းတွင် ခရီးသည် အတက်အဆင်းအတွက် တံတားတစ်စင်းသာ ရှိသဖြင့် ခရီးသည်များ ပိုမို ချောမွေ့စွာ သွားနိုင်ရန် ဆိပ်ခံတံတားအသစ်၊ ဗောတံတားအသစ်နှင့် ခရီးသည် နားနေဆောင် အသစ်တို့ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ဒလ- ပန်းဆိုးတန်း လူစီးကူးတို့ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှ ရေကြောင်းဌာနမှူးချုပ် ဦးဝင်းသိန်းက ပြောကြားသည်။

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) အနေနှင့် Greater Yangon Transportation Master Plan စီမံကိန်းတွင် ကုန်းလမ်း၊ ရထားလမ်း၊ ရေကြောင်းတို့အတွက် Master Plan ရေးဆွဲနေကြောင်း မစ္စတာ မာဆာဟီကိုတာနာကာက ပြောကြားသည်။

ဒလ-ပန်းဆိုးတန်း ဆိပ်ကမ်းတွင် နေ့စဉ် နံနက် ၅ နာရီမှ ည ၉ နာရီ ၃၀ မိနစ်ထိ မိနစ် ၂၀ လျှင်တစ်ခေါက် လူစီးကူးတို့ နှစ်စင်းက တစ်ပြိုင်နက် ပြေးဆွဲပေးလျက်ရှိပြီး တစ်ရက်လျှင် ခရီးသည်ဦးရေ သုံးသောင်းခန့် လူစီးကူးတို့ကို စီးနင်းလျက် ရှိကြောင်း ပြည်တွင်းရေကြောင်း လက်မှတ် အရောင်းဌာနက သိရသည်။

ပြည်တွင်း ခရီးသွားများကို ၂၀၁၃ ဧပြီလ ၂၈ ရက်ခန့်ကစ၍ ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းတွင် ခရီးသည် တစ်ဦးလျှင် ၅၀ ကျပ်မှ ၁၀၀ ကျပ်နှုန်းသို့ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ် ဌာနခွဲက တိုးမြှင့် ပြောင်းလဲ ကောက်ခံခဲ့သည်။

the voice
အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

လွှတ်တော်မှ အတည်ပြုလိုက်သော အခွန်များ

မတ်လ ၁၁ရက်နေ့က အတည်ပြုလိုက်တဲ့ ၀င်ငွေခွန်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းအရ လစာ ၁သိန်း၆သောင်းကျော်ရရှိတဲ့ ၀န်ထမ်းအားလုံး တနည်းအားဖြင့် ၁ နှစ်လစာငွေ သိန်း ၂၀ နှင့်အထပ် ရရှိသူတွေအားလုံး အခွန်ဆောင်ဖို့ ပြည်ထောင်စုလွှတ်တော်ကအတည်ပြုလိုက်ပါတယ်။

လွှတ်တော်ကအတည်ပြုလိုက်တဲ့ အခွန်နှုန်းထားတွေကတော့ တစ်နှစ်တာ လာစာငွေ စုစုပေါင်း သိန်း ၂၀ ကနေ သိန်း ၅၀ကြားကို ၅ ရာခိုင်နှုန်း၊ သိန်း ၅၀ ကနေ သိန်း ၁၀၀ ကြားကို၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀ ကနေ သိန်း ၂၀၀ကြားကို ၁၅ ရာခိုင်နှုန်း သိန်း ၂၀၀ ကနေ သိန်း ၃၀၀ ကြားကို ၂၀ ရာခိုင်နှုန်းနဲ့ သိန်း ၃၀၀ နှင့် အထပ်ကို ၂၅ ရာခိုင်နှုန်းအဖြစ် သက်မှတ် လိုက်ပါတယ်။

ငွေမည်းလို့ခေါ်တဲ့ ၀င်ငွေရလမ်းမဖော်ပြနိုင်တဲ့ ငွေ နဲ့ အခြေပစ္စည်း တစ်ရပ်ရပ် ကိုဝယ်ယူတာ၊တည်ဆောက်တာ ၊ရယူတာအတွက်ကတော့ ၁ ကျပ်ကနေ သိန်း ၅၀၀ အတွင်း အတွက် ၃ ရာခိုင်နှုန်း သိန်း၅၀၀ ကနေ သိန်း ၁၅၀၀ အတွင်းအတွက် ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၅၀၀ ကနေ သိန်း ၃၀၀၀ ထောင်အတွင်းအတွက် ၂၀ ရာခိုင်နှုန်း နဲ့သိန်း ၃ ထောင်နဲ့အထပ်ကိုတော့ ၃၀ ရာခိုင်နှုန်းအခွန်ပေးဆောင်ရမှာပါ။

ဒီဥပဒေကို ၂၀၁၄ ဘားဂျက် နှစ်အမှီ ပြဌာန်းနိုင်ဖို့အတွက် မတ်လ ၁၀ ရက်နေ့က ည ၈ နာရီဝန်းကျင်အထိ ပြည်ထောင်စုလွှတ်တော်မှာ စံချိန် တင်ဆွေးနွေးခဲ့ကြပါတယ်။ ဒီဥပဒေကြမ်းကိုအတည်ပြုဖို့အတွက် နိုင်ငံတော်သမ္မတထံ ပေးပို့ရမှာဖြစ်ပါတယ်။

စည်သူဇေယျ

အိမ် ခြံ မြေ ရောင်း ၀ယ် ငှားလိုရင် ဒီ page ကို Like လုပ်ထားမှ အဆင်ပြေမယ်နော်
https://www.facebook.com/phoenixestate

အိမ်ရာနဲ့ ကားပါကင်စီမံကိန်း လျှောက်ထားသူ ၁၀ဝ ခန့် ရှိ



မတ်လ ၃၁ ရက် နေ့ နောက်ဆုံးထား တင်ဒါခေါ်ယူထားတဲ့ တန်ဖိုးမျှတအိမ်ရာစီမံကိန်း၊ မြို့ပြအိမ်ရာ စီမံကိန်းနဲ့ ယာဉ်ရပ်နားစခန်း၊ အဆင့်မြင့် ယာဉ်ရပ်နား အဆောက်အအုံ စီမံကိန်းတွေ တည်ဆောက်ဖို့ လျှောက်ထားသူ ၁၀ဝ ဝန်းကျင်ခန့် ရှိနေပြီလို့ သိရပါတယ်။

၎င်းစီမံကိန်းတွေကို မြောက်ဥက္ကလာ ပ မြို့နယ်၊ ရွှေပေါက္ကံ၊ ပုဂံလမ်းနဲ့ ဟံသာ ဝတီလမ်းထောင့်ရှိ မြေဧရိယာ ၁၀ . ၉၃  ဧကခန့်မှာ မြို့ပြအိမ်ရာစီမံကိန်းဆောင် ရွက်ဖို့ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ရာဇာဓိ ရာဇ်လမ်း၊ မြေဧရိယာ ၁၁ ဧကခန့်မှာတော့ တန်ဖိုးမျှတအိမ်ရာစီမံကိန်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးလမ်း မြေဧရိယာ ဝ . ၃၆၄ ဧကခန့်မှာတော့ မြို့ပြအိမ်ရာစီမံ ကိန်းတွေ ဆောင်ရွက်ဖို့ လုပ်ဆောင်နေပါ တယ်။

သည့်အပြင် ဗိုလ်တထောင်မြို့နယ် ဗဟာဗန္ဓုလလမ်းနဲ့ သိမ်ဖြူလမ်းထောင့်ရှိ မြေဧရိယာ ၃. ဝ၆၈ ဧကခန့်မှာ မြို့ပြ အိမ် ရာစီမံကိန်းနဲ့ ယာဉ်ရပ်နားစခန်း၊ ဗိုလ်တထောင်မြို့နယ် ၄၅ လမ်း မြေဧရိယာ ၂ . ၅၆၁ ဧကခန့်မှာ မြို့ပြအိမ်ရာစီမံကိန်းနဲ့ ယာဉ်ရပ်နားစခန်း၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနဲ့ ထန်းတပင် လမ်းထောင့်ရှိ မြေဧရိယာ တစ်ဧကရဲ့ တစ်စိတ်တစ်ဒေသ ဝ.၁၀၃ ဧကခန့်ကို PAE စနစ်နဲ့ အဆင့်မြင့်ယာဉ်နားစီမံကိန်းတွေအတွက် တင်ဒါခေါ်ယူနေတာလို့ သိရပါတယ်။

၎င်းစီမံကိန်းအတွက် တင်ဒါခေါ်ယူမှုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စတင် ခေါ်ယူခဲ့တာဖြစ်ပြီး စည်ပင်အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှာ တင်ဒါလျှောက်လွှာ ရောင်းချနေတယ်လို့ သိရပါတယ်။

မြို့ပြအိမ်ရာစီမံကိန်းမှာ ကွန်ဒိုတိုက်ခန်းတွေ တည်ဆောက်မှာဖြစ်ပြီး မြောက် ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (မြောက် ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) အတွက် တင်ဒါစာရွက်စာတမ်းကို (အမေရိကန် ဒေါ်လာ ၃၀ဝ ) မြန်မာငွေ ကျပ် ၃၀ဝ,ဝ၀ဝ နဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။

ဗိုလ်တထောင်မြို့နယ်၊ ကမာရွတ်မြို့ နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်တို့အတွက် တင်ဒါစာရွက်တွေကိုတော့ (အမေရိကန် ဒေါ်လာ ၅၀ဝ ) မြန်မာကျပ်ငွေ ၅၀ဝ,ဝ၀ဝ နဲ့ ဝယ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

သည်စီမံကိန်းရဲ့ တချို့စီမံကိန်းတွေကို နိုင်ငံခြားကုမ္ဗဏီတချို့က လာရောက် ကမ်းလှမ်းတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။


Kumudra

ကိုရီးယားဆောက်လုပ်ရေးကုမ္ပဏီများ မြန်မာကိုမျက်စိကျ



တောင်ကိုရီးယား ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာ လုပ်ငန်းကုမ္ပဏီများသည် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် အကြီးစားဆောက်လုပ်ရေးနှင့် စက်ရုံ တည်ဆောက်ရေး ကန်ထရိုက်ကြီးများကို ရရှိရန် အစိုးရ၏ အပြည့်အဝ ထောက်ခံ အားပေးမှုဖြင့်ကြိုးပမ်းလျက်ရှိသည်ဟု ကိုရီးယား တိုင်းသတင်းစာက မတ်လ ၂ ရက်နေ့တွင် ရေးသားဖော်ပြထားသည်။

တောင်ကိုရီးယား နိုင်ငံမြေယာ၊ အခြေခံ အဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီး ဌာနမှဝန်ကြီး Suh Seoung hwan ဆူ ဆောင်ဝှမ်း ဦးဆောင်သော အစိုးရအထူး ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားဆောက် လုပ်ရေး လုပ်ငန်းရှင်များကို ဦးဆောင်၍ မတ်လ ၂ ရက်နေ့တွင် ကိုရီးယားမှ ထွက်ခွာသွားသည်။

ထိုအဖွဲ့တွင် Hyundai Engineering & Construction (E&C), Samsung C&T Daelim Industrial and Ssangyong E&Cနှင့် နိုင်ငံပိုင် ကိုရီးယားအရင်းအမြစ် ကော်ပိုရေးရှင်း၊ ကိုရီးယားအမြန်လမ်း ကော်ပိုရေးရှင်းနှင့် ကိုရိးယားရထားလမ်း ကွန်ယက် အာဏာပိုင်အဖွဲ့အပါအဝင် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီ (၁ဝ) ကျော်မှ ကိုယ်စားများ ပါဝင်ကြသည်။

မတ်လ ၂ ရက်မှ ၆ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်အတွင်း ကိုရီးယား ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနှင့် မြန်မာနိုင်ငံမှအစိုးရ အရာရှိများနှင့် တွေ့ ဆုံပြီး အမြန်ရထားလမ်းကွန်ယက် ဆောက် လုပ်ရေး၊ ရေနံချက်စက်ရုံ၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံ၊ ရေစီမံခန့်ခွဲမှုတို့ အပါအဝင် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများကို ဆွေး နွေးကြမည်ဟု ဝန်ကြီးဌာနမှ သိရှိရသည်။

ဤလုပ်ငန်းများအတွက် တင်ဒါကြော်ငြာ များကို ယခုနှစ် ပထမနှစ်ဝက် အစောဆုံး ကြေငြာမည်ဟု ယူဆရသည်။ ကိုရီးယားကုမ္ပဏီများသည် မနှစ်က ပြည်ပတွင် ဆောက်လုပ်ရေးအတွက် ဒေါ် လာ ၆၅ ဘီလျံ တည်ဆောက်ရေး ကန်ထ ရိုက်များရရှိခဲ့သည်ဟုသိရှိ ရသည်။


Mizzima

စီမံကိန်း ခေတ္တရပ်နားသည်ဆို၍ လေဆိပ်အနီးမြေကွက်များ ဈေးကျ



ပဲခူးမြို့အနီးတွင်တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်မှာ လတ်တလောအချိန်တွင် ခေတ္တ ရပ်ဆိုင်းနေသည်ဟူသည့် သတင်းများ ကြောင့် လွန်ခဲ့သည့်သီတင်းပတ်များမှ စတင်ကာ လေဆိပ်အနီးရှိမြေကွက် အရောင်းအဝယ်များ ပြန်လည်တုံ့ဆိုင်းသွား ခဲ့သည့်အပြင် ဈေးနှုန်းများလည်းကျဆင်း သွားခဲ့သည်ဟု ပဲခူးမြို့ရှိ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင်များက ပြောသည်။

''လေဆိပ်စီမံကိန်းစတင်ဖို့ ညှိနှိုင်းမှု အဆင့်မှာ အဆင်မပြေသေးတာကြောင့် ခေတ္တရပ်ဆိုင်းနေတယ်လို့ ကြားတယ်၊ ဒါကြောင့် လွန်ခဲ့တဲ့ သုံးလေးပတ်လောက် ကစပြီး မြေကွက်အရောင်း အဝယ်တွေ တော်တော်လေးအေးသွားခဲ့တယ်။ ကြား မိသလောက် လေဆိပ်စီမံကိန်းကို ပထမ တုန်းက ကိုရီးယားကအင်ချွန်း ကုမ္ပဏီနဲ့ လက်တွဲလုပ်ကိုင်ဖို့ အစိုးရကသဘောတူ ထားတာ။ ဒါပေမယ့် ကိုရီးယားနဲ့ညှိနှိုင်း မှုအဆင်မပြေတာကြောင့် ခဏရပ်နေပြီး အခု ဂျပန်မှာရှိတဲ့ စင်ကာပူကုမ္ပဏီ တစ်ခုနဲ့ စီမံကိန်းဆက်လက်ဆောင်ရွက်ဖို့ ညှိနှိုင်းနေတယ်လို့ကြားတယ်။ ဒီတော့ အရင်ကဈေးကောင်းရခဲ့တဲ့ စီမံကိန်းဝန်း ကျင်တဝိုက်ကမြေကွက်တွေတောင် ဈေး တွေကျကုန်တယ်'' ဟု ပဲခူးမြို့အခြေစိုက် ကျော်သီဟ အိမ်ခြံမြေအကျိုးဆောင်လုပ် ငန်းပိုင်ရှင် ကိုကျော်ဝင်းကပြောသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေ ဆိပ်စီမံကိန်းကြောင့် ဥသာမြို့သစ်၏ အဓိကအချက်အချာနေရာများ ဖြစ်သည့် မြို့ရှောင်လမ်းရှိမြေကွက်များနှင့်လေဆိပ် အဝင်လမ်းရှိမြေကွက်များမှာ ယမန်နှစ် နှောင်းပိုင်းကစတင်၍ ဈေးနှုန်းများ အဆ မတန်မြင့်တက် လာခဲ့ခြင်းဖြစ်သည်ဟု ပဲခူးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင်များက မဇ္ဈိမကို ပြောသည်။

လေဆိပ်ပြီးစီးချိန်တွင် စီးပွားရေးဈေး ကွက်အရ ပိုမိုအချက်အချာ ကျလာနိုင် သည့်အတွက် ဈေးတက်လာမည့်အချိန် ကိုစောင့်မျှော်၍ ကြိုတင်ရင်းနှီးမြှုပ်နှံလာ ကြခြင်းကြောင့် မြေကွက်ဈေးနှုန်းများမြင့် တက်ခဲ့ခြင်းဖြစ်သည်ဟု ပဲခူးမြို့ရှိ ဝါရင့် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

'' မြို့သစ်ဧရိယာတဝိုက်ကလေဆိပ်စ မံကိန်းနဲ့နီးတဲ့အပြင် အဲဒီမှာဌာနဆိုင်ရာ လူကြီးတွေကိုချပေးထားတဲ့ မြေကွက် တွေလည်း ရှိတယ်၊ မြို့သစ်က စတုရန်းပေ ၈,ဝဝဝ လောက်ရှိတဲ့မြေကွက်က လက်ရှိ အချိန်မှာ သိန်း ၁,၅ဝဝ လောက် ပေါက် ဈေးရှိနေတယ်။ လွန်ခဲ့တဲ့နှစ်တွေ တုန်းက ဆိုရင် သိန်း ၁၅ဝ လောက်ပဲရှိတယ် လေဆိပ်စီမံကိန်းဆိုတဲ့ သတင်းကြောင့် မြို့သစ်ကမြေကွက်တွေကတော့ ဝယ်လို အား များပြီး ဈေးလည်းမြင့်နေခဲ့တယ်''ဟု ပဲခူးမြို့အခြေစိုက Bago Land အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဝါရင့်အိမ်ခြံမြေ အကျိုးဆောင် ဦးဥာဏ်လင်းက ပြောသည်။

လေဆိပ်စီမံကိန်းကြောင့် မြေကွက်များ ဈေးမြင့်တက်လာခြင်းသာမက ပဲခူးစက်မှု ဇုန်ဖွံ့ဖြိုးလာမှုအရှိန်ကြောင့်လည်း အဆိုပါ အနီးတဝိုက်ရှိ မြေကွက်များမှာ ဈေး ကောင်းလာခဲ့သည်ဟုလည်း ဦးဥာဏ်လင်း က ပြောသည်။

'' အရင်တုန်းက ပဲခူးမြို့စွန်ဘက်တွေ ဆိုရင်စိတ်ဝင်စားတဲ့သူ နည်းတယ်လို့ပြော နိုင်တယ်။ ဒါပေမဲ့ ဟံသာဝတီလေဆိပ် စီမံကိန်းရှိလာတော့မယ်ဆိုတဲ့ သတင်း လည်းကြားရော ရင်းနှီးမြှုပ်နှံမယ့်သူတွေ ကပဲခူးအနီးတဝိုက် အချက်အချာနေရာက မြေကွက်တွေကို စီးပွားရေးအခွင့်အလမ်း တွေရှိလာရင်လုပ် ကိုင်နိုင်ဖို့အပြိုင်အဆိုင် ဝယ်ယူလာကြတဲ့အတွက် ဈေးတွေအဆ မတန် တက်လာခဲ့တယ်။ စီမံကိန်းသတင်း မကြားခင် လွန်ခဲ့တဲ့နှစ်တွေထက် အဆ တစ်ရာလောက်တောင် ဈေးတက်လာတယ် လို့ ပြောနိုင်ပါတယ်''ဟု အဆိုပါဝါရင့် အကျိုးဆောင်က ပြောသည်။

ပဲခူးမြို့သည် ပြည်ပရင်းနှီးမြှုပ်နှံသူများ အတွက် လိုအပ်ချက်များရှိနေ သော်လည်း ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ စက္ကူပုံးထုတ်လုပ်သည့် လုပ်ငန်းများနှင့် ဖိနပ်ထုတ်လုပ်ခြင်းလုပ် ငန်းများအတွက် စက်ရုံတည်ဆောက်ရန် ပဲခူးစက်မှုဇုန်တွင် မြေနေရာရှာဖွေပေးရ ခြင်းများရှိသည်ဟုလည်း ဦးဥာဏ်လင်း ကပြောသည်။

''ခန့်မှန်းရသလောက် လေဆိပ်စီမံ ကိန်းပြီးစီးသွားတဲ့အချိန်မှာ မြို့သစ်ကတော့ ဈေးအကောင်းဆုံးဖြစ်မှာပါပဲ။ ရင်နှီးမြှုပ် နှံသူတွေ အခုထက်ပိုဝင်လာမယ်ဆိုရင် တော့လေဆိပ်စီမံကိန်းကြောင့် ပဲခူးမြို့ရဲ့ မြေဈေးနဲ့အိမ်ဈေးတွေက ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အိမ်ခြံမြေဈေးကွက်တွေ အတိုင်း ဖွံ့ဖြိုးမှုရှိလာနိုင်မယ်လို့ ခန့်မှန်း ရပါတယ်'' ဟု ၄င်းကပြောသည်။

ကိုကျော်ဝင်းကလည်း ''ဘီယာစက်ရုံ တို့၊ လက်အိတ်စက်ရုံတို့ဆောက်ဖို့အတွက် ပဲခူးစက်မှုဇုန်မှာ လုပ်ငန်းရှင်တွေက မြေ  ကွက်ကျယ်တွေဝယ်လာ ကြတာကြောင့် လွန်ခဲ့တဲ့လတွေတုန်းက ဝယ်လိုအားတက် ခဲ့တယ်။ ပဲခူးစက်မှုဇုန်မှာ မြေဈေးတွေက သက်သာတယ်။ နောက်တစ်ချက်က လျှပ်စစ်မီးလည်းရနေပြီဆိုတော့ လုပ်ငန်း ရှင်တွေအတွက် လုပ်ငန်းလုပ်ကိုင်ဖို့ အဆင်ပြေတာလည်းပါတယ်။အနာဂတ်မှာ တော့ လေဆိပ်စီမံကိန်း အခြေအနေပေါ်မူ တည်ပြီး လေဆိပ်အနီးတဝိုက်က စီးပွား ရေးအရ အချက်အချာကျတဲ နေရာတွေမှာ ဈေးနှုန်းနှစ်ဆနီးပါးလောက် မြင့်တက် သွားနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ သိန်း ၁,ဝဝဝ တန်မြေကွက်တွေက သိန်း၂ဝဝဝ လောက်ထိ ဈေးတက်သွားတာမျိုးပေါ့'' ဟုပြောသည်။

မြို့သစ်ရှိ လေဆိပ်အဝင်လမ်းတွင် နေ ထိုင်သူတစ်ဦးဖြစ်သူကိုသက်ဦးက လေဆိပ် စီမံကိန်းစတင်လာခြင်းက ပဲခူးမြို့ဖွံ့ဖြိုးတိုး တက်ရန်အတွက် အရှိန်အဟုန်ရလာစေရန် အထောက်အကူပြုမည် ဟုပြောသည်။

''ပဲခူးမြို့ရဲ့မြို့ပြအင်္ဂါရပ်က ရန်ကုန်နဲ့ နှိုင်းယှဉ်ရင်အားနည်းတယ်လေ။ ဒါပေမယ့် ဟံသာဝတီလေဆိပ်ကြောင့် ပဲခူးမြို့ရဲ့မြို့ ပြအင်္ဂါရပ်တွေပိုမို တိုးတက်လာလိမ့်မယ်လို့ ပြောနိုင်တယ်။ စီမံကိန်းတိုးတက်လာမှုက လေဆိပ်အဝင်လမ်းတစ်လျှောက်နဲ့လေ ဆိပ်အနီးနားက လမ်းတွေပါမကျန်ဈေး တွေကောင်းလာနိုင်တယ်။ ဒီအနီးအနား တဝိုက် ကအတွင်းလမ်းတွေမှာ တောင် ဈေးတွေ ဆယ်ဆမကတက်လာခဲ့တယ်။

စီမံကိန်းသာ တကယ်စပြီဆိုရင်မြေဈေး တွေ ဒီထက်မြင့်လာဦးမှာ သေချာပါတယ်'' ဟုလည်း ၄င်းက ပြောသည်။

ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ရှိပြီး ၂ဝ၁၈ ခုနှစ်တွင် စီမံကိန်းပြီးစီးမည်ဟု ခန့်မှန်းထားသည်။ စီမံကိန်းအကျယ်အဝန်း မှာဧက ၁ဝ,ဝဝဝ နီးပါးခန့်ရှိပြီး တည်ဆောက်ပြီးစီးပါက မြန်မာနိုင်ငံတွင်အကြီးဆုံး အပြည်ပြည် ဆိုင်ရာလေဆိပ်တစ်ခုဖြစ် လာမည်ဟု သိရသည်။ အပြည်ပြည်ဆိုင်ရာ လေဆိပ် သည် နှစ်စဉ်ခရီးသည် ပေါင်း ၁၂ သန်း ခန့်ကို ဝန်ဆောင်မှုပေးနိုင်မည်ဟုလည်း သိ ရသည်။


Mizzima

ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေပေါ်တွင် ဟိုတယ်နှင့် အဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းကို မြန်မာ-စင်ကာပူ ကုမ္ပဏီနှစ်ခုမှ ဖက်စပ်လုပ်ကိုင်မည်ဖြစ်ပြီး မြှုပ်နှံရန် အဆိုပြုငွေမှာ ဒေါ်လာ ၂၆၇ ဒသမ ၈၇၆ သန်းဖြစ်



ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုအား လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်းအား တွေ့ရစဉ်

ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေပေါ်တွင် ဟိုတယ်နှင့် အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းကို မြန်မာ-စင်ကာပူ ကုမ္ပဏီနှစ်ခုမှ ဖက်စပ်လုပ်ကိုင်မည်ဖြစ်ပြီး မြှုပ်နှံရန် အဆိုပြုငွေမှာ အမေရိကန်ဒေါ်လာ ၂၆၇ ဒသမ ၈၇၆ သန်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လုပ်ငန်းလုပ်ကိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၇/၂၀၁၄ ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုမိန့် ချထားပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေများအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တင်ဒါခေါ်ယူခဲ့ရာတွင် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်ကို ကာကွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် တင်ပြလာမှုအပေါ် စိစစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

လုပ်ငန်းအကောင်အထည်ဖော် လုပ်ကိုင်မည့် တည်နေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေဟု သိရပြီး မြန်မာနိုင်ငံဘက်မှ Thu Kha Yadanar Co.,Ltd နှင့် စင်ကာပူဘက်မှ Marga One Investment Pte Ltd တို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဖက်စပ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေကို BOT စနစ်ဖြင့် အဆင့်မြင့်ဟိုတယ်၊ Service၊ Apartment၊ Office၊ Retail လုပ်ငန်းများကို အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေအချို့ပေါ်တွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအရ လုပ်ငန်းလုပ်ကိုင်ရန် တင်ပြလာသည့် အဆိုပြုချက်များကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့်ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင်အစည်းအဝေးတွင် စိစစ်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။

ယခု စင်ကာပူအခြေစိုက် ကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်းလုပ်ကိုင်မည့် Thu Kha Yadanar Co.,Ltd သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ထောက်ချုပ်ရုံးပိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ် ၁၊ မော်တော်ယာဉ်တပ်ရင်း နေရာဟောင်းဖြစ်သည့် မြေတိုင်းရပ်ကွက်အမှတ် ၆၁ နှင့် ၆၃ ရှိ မြေ ၇ ဒသမ ၆၉၅ ဧက ပေါ်တွင်လည်း BOT စနစ်ဖြင့် မြေငှားရမ်း၍ ဟိုတယ်နှင့် အခြားအဆောက်အအုံများအား တည်ဆောက်၍ ငှားရမ်းခြင်းလုပ်ငန်းကို နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိထားကြောင်း သိရသည်။  

Eleven