မြေမဲ့ ယာမဲ့ အိမ်ရာမဲ့ စာရင်းကောက်ရန် ညွှန်ကြားထားပြီး မြေနေရာရှာခိုင်းထား

မြို့နယ်အလိုက် အမှန်တကယ် မြေမဲ့ယာမဲ့များစာရင်းကို တိတိကျကျကောက်ပြီး မြေနေရာများရှာထား ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရက ညွှန်ကြားထားသည်ဟု ခရိုင်မှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက မဇ္ဈိမကို ပြောသည်။

“တိုင်းဒေသကြီးက ညွှန်ကြားတာပါ။ မြို့နယ်အလိုက် မြေမဲ့အိမ်မဲ့စာရင်း ကောက်ခိုင်းတာပေါ့။ ကျူးပေါ့။ တကယ်နေစရာမရှိတဲ့ ကျူးကောက်ခိုင်းတာ”ဟု မအူပင်ခရိုင်အုပ်ချူပ်ရေးမှူး ဦးအေးသောင်းက မဇ္ဈိမကို ပြောသည်။

လမ်းဘေးများတွင် ဆိုင်ဖွင့်ပြီး လူနေထိုင်သည့် ကျူးကျော်များ၊ လယ်ယာစိုက်ပျိုးချိန်တွင် လာရောက်တဲ ထိုးပြီးနေထိုင်သူများပါဝင်ခြင်းမရှိဟု ဆိုသည်။ စာရင်းကောက်ခံခြင်းအဆင့်ထိသာဖြစ်ပြီး မည်သို့ဆောင် ရွက်ပေးမည်ကို ညွှန်ကြားထားခြင်းမရှိဘဲ ပြည်ထောင်စုအစိုးရက ဆောင်ရွက်ပေးမည့် စီမံကိန်းဖြစ်နိုင် သည်ဟု ၎င်းက ဆိုသည်။

“မြေနေရာကြည့်ထားဖို့တော့ပြောတယ်။ ဒါပေမဲ့ အခုအခါမှာတော့ မြေနေရာက တစ်လက်မတောင် အ လကားမရတော့ဘူး”ဟု ဦးအေးသောင်းက ပြောသည်။ မြေမဲ့ယာမဲ့၊ အိမ်ရာမဲ့စာရင်းများကို တိုင်းအစိုးရ အဖွဲ့များက တာဝန်ယူကောက်ခံကာ ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ ပြန်လည်တင်ပြပေးရမည်ဟု နိုင်ငံ တော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

မြေမဲ့၊ ယာမဲ့၊ အိမ်ရာမဲ့ အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရအနေဖြင့် City Development Plan, Township Development Plan ကို ရေးဆွဲနေပြီးဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးစိုးသိမ်းက သမ္မတရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် မြေမဲ့ယာမဲ့နေရာချထားမှု အစည်း အဝေးတွင် ပြောကြားခဲ့သည်ဟု ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတာဝန်ရှိသူများသည် မြေမဲ့၊ ယာမဲ့များအတွက် လုပ်ဆောင်ရာတွင် အနာဂတ်အတွက် မထိခိုက်စေရန် စနစ်တကျဆောင်ရွက်ပြီး စာရင်းကောက်ယူမှုအခက်အခဲကို ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်သည်ဟု ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက “မြေနေရာတော့မရှိဘူး။ အစိုးရအနေနဲ့ ၀ယ်ပြီး ဆောင် ရွက်ပေးမယ်ဆိုရင်တော့ ရမယ်”ဟု ပြောသည်။

Mizzima

မှော်ဘီတစ်ဝိုက် မြေဈေးတက်ပြီး ၀ယ်လက်မရှိဘဲ အရောင်းအေးနေ

မှော်ဘီမြို့နယ်တွင် ဥယျာဉ်စိုက်ပျိုးပြီးသား လယ်ယာမြေများအား နေထိုင်ရန် ၀ယ်ယူသူများပြား
လာသဖြင့် မြေဈေးနှုန်းများမြင့်တက်လာသော်လည်း အရောင်းအ၀ယ်အေးနေကြောင်း ဒေသခံနှင့်
အိမ်ခြံမြေ အကျိုးဆောင်များ က ပြောသည်။

ခြံဝင်းကျယ်ကျယ်နှင့် နေထိုင်လိုသူများပြား လာခြင်းကြောင့် မှော်ဘီမြို့နယ်တစ်ဝိုက်တွင် မြေနေ
ရာများ ၀ယ်လိုအားတက်လာခဲ့ပြီး လယ်မြေများကိုပါ ခြံမြေအဖြစ်ရောင်းချခြင်း များ ရှိလာကြောင်း
ဒေသခံများကပြောသည်။

"လောလောဆယ် မှော်ဘီမှာ လယ်ယာမြေတွေကို ပြန်ရောင်းတာများနေတယ်။ တစ်မြို့နယ်
လုံးနီးပါးပါပဲ။ အရင်ကတော့ ရန်ကုန်မြို့တွင်းမှာနေတဲ့လူတွေက ခြံဝင်းနဲ့နေထိုင်ချင်လာကြတာ
ကြောင့် မှော်ဘီဘက်မှာ ခြံလာဝယ်ထားကြတယ်။ တရုတ်တွေလည်း လာဝယ်ကြတယ်။
လမ်းမတန်းတစ်ဧကကို သိန်း ၂၀၀ ရှိပြီး အတွင်း လမ်းတွေဆိုရင် သိန်း ဆယ်ဂဏန်းရှိတယ်"
ဟု ဒေသခံ ကိုသက်နိုင်က ပြောသည်။

မှော်ဘီမြို့နယ်သည် မြို့နယ်အဆင့်အဖြစ်သတ်မှတ်ထားသော်လည်း ကျေးရွာများလည်းပါဝင်
နေဆဲဖြစ်ပြီး ယခင်က အငြိမ်းစားအရာရှိ နှင့် အစိုးရ၀န်ထမ်းအချို့ အေးဆေးစွာ အနားယူ ရန်
ခြံမြေများဝယ်ယူလေ့ရှိကြသည်။

သို့သော် ၂၀၁၁ ခုနှစ်မှစတင်၍ မှော်ဘီတွင် ခြံဝင်းဝယ်ယူသူအရေအတွက် များပြားလာခဲ့ကြောင်း
ဒေသခံများက ပြောသည်။

"၂၀၁၁ လောက်ကနေစပြီး ဒီဘက်မှာ ခြံမြေ အရောင်းအ၀ယ်တွေ သိသိသာသာဖြစ်လာ တယ်။
အများဆုံးကတော့ ၂၀၁၃ ခုနှစ်ပါပဲ။ ဒါပေမဲ့ အစိုးရက လယ်ယာပုံစံ ၇ ထုတ်ပြီး နောက်မှာတော့
အရောင်းအ၀ယ် နည်းနည်း အေးသွားတယ်။ မှော်ဘီဘက်မှာတော့ အကျိုး ဆောင်လုပ်ငန်းတွေနဲ့
ချိတ်ဆက်လုပ်တာ ထက် အရပ်ပွဲစားခေါ်တဲ့ ဒေသခံ အကျိုးဆောင် တွေနဲ့ပဲ လုပ်ကြတာများတယ်''
ဟု ကိုသက်နိုင် က ပြောသည်။

မှော်ဘီမြို့နယ်တွင် ပြီးခဲ့သည့်လအထိ မြေ အရောင်းအ၀ယ်များပြားခဲ့သော်လည်း ၂၀၁၄ နှစ်ဆန်း
ပိုင်းမှစ၍ အရောင်းအ၀ယ်အေးလျက် ရှိကြောင်း ဒေသခံ အကျိုးဆောင်တစ်ဦးက ပြောသည်။

"၀ယ်ချင်သူများတော့ ပိုင်ရှင်တွေက ကြိုက် ဈေးတွေခေါ်လာတယ်။ ဒီတော့ဈေးတွေ ကမြင့်နေပြီး
ဝယ်မယ့်လူမရှိတော့ဘူး။ ခေါ်ဈေး ပဲရှိတော့တယ်။ စောင်ကြည့်ရမှာပေါ့" ဟု ၎င်းက ပြောသည်။

နိုနိုအောင်

ရန်ကုန်မြို့လယ်ရှိ ဆိုင်ခန်းများ ဈေးတက်

ရန်ကုန်မြို့တွင်း အချက်အချာကျသည့် မြို့လယ်လမ်းမတန်းများပေါ်တွင် တည်ရှိသည့်ဆိုင်ခန်း
ဈေးများမှာ အဆမတန်မြင့်မားလျက်ရှိပြီး အချို့ဆိုင်ပိုင်ရှင်များမှာ နေရာပြောင်းရွှေ့ သွားကြကြောင်း
အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။

မြို့၏အချက်အချာကျသည့် နေရာများတွင် အိမ်ခြံမြေဈေးကွက်မှာ အတက်ဘက်သို့သာ ဦးတည်
နေပြီး ယခုအခါ နိုင်ငံတကာနှင့် ဆက်သွယ်မှုများလည်း ပိုမိုကျယ်ပြန့်လာကာ ပစ္စည်းများရောင်း
ချရန် ဆိုင်ခန်းများ လိုအပ်လာသည့် အတွက် မြို့လယ်ရှိဆိုင်ခန်းအငှားဈေးကွက်မှာ အဆမတန်
တက်နေကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေမှ အထွေထွေမန်နေဂျာ ဦးရန်အောင် က ပြောသည်။

"မြို့ထဲလမ်းမတန်းက အငှားဈေးတွေက မြေညီထပ်က ၁၅ ပေလောက်အကျယ်ရှိတဲ့ အခန်းတွေ
ဆိုရင် တစ်လကို ၂၅ သိန်းကနေ စပြီး သိန်း ၅၀ နဲ့ ၁၀၀ ၀န်း ကျင်လောက်ရှိတယ်။ အရောင်းပြ
ခန်းဖွင့်မယ်ဆိုရင်တော့ ဈေးက တစ်မျိုးပေါ့"ဟု ၎င်းက ပြောသည်။ ရန်ကုန်မြို့၏ အချက်အချာ
ကျသည့် မြို့လယ်လမ်းမများသည် စီးပွားရေးပြုလုပ်ရာ တွင် အရေးပါသည့်နေရာများဖြစ်သည့်
အတွက် ဈေးမှာပုံမှန်တက်နေပြီး ငှားရမ်းမည့်သူများ၍ ဆိုင်ခန်းနည်းနေသည့်အတွက် ဈေးမှာ
အတက် ဘက်သာဦးတည်နေကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။

"မြို့ထဲဘက်ကဆိုင်ခန်းတွေက တစ်နှစ် တစ်ခါ စာချုပ်ပြီးငှားကြတာများတယ်။ တစ်ခါ ချုပ်ပြီး
နောက်တစ်ခါထပ်ချုပ်ရင် ဈေးကတက် သွားတာပဲ။ တချို့ဒီဘက်က ဆိုင်ခန်းဈေးကို မတတ်နိုင်တဲ့
သူတွေကတော့ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်းနဲ့ ပုဇွန်တောင်ဘက် က လမ်းမတန်း
တွေကို ပြောင်းငှားကြတယ်"ဟု ရွှေကံမြေ အိမ်ခြံမြေမှ ဦးခင်မောင်အေးက ပြောသည်။

ရန်ကုန်မြို့လယ် လမ်းမတန်းပေါ်ရှိ ဆိုင်ခန်း ဈေးနှုန်းများ မြင့်မားမှုကြောင့် ဆိုင်ပိုင်ရှင်အချို့ သည်
ဈေးသင့်သည့် အခြားဆင်ခြေဖုံးမြို့နယ်များရှိ လမ်းမတန်းများသို့ ပြောင်းရွှေ့ဖွင့်လှစ် ခြင်းကြောင့်
၎င်းနေရာများတွင်လည်း ဈေးနှုန်းများမြင့်တက်လာကြောင်း ထိုနေရာတွင် နေထိုင်သူများက ပြော
သည်။

"တောင်ဥက္ကလာနဲ့ သင်္ဃန်းကျွန်းလမ်းမတွေ ဆိုရင် ဈေးနှုန်းတွေတက်လာတယ်။ ရတနာ လမ်းမ
ပေါ်မှာဆို ရင် ပေ ၄၀ ထ ၆၀ ကို တစ်လ သိန်း ၅၀ ၀န်းကျင် ပေးရတယ်။ တချို့နေရာ တွေက
တော့ သိန်း ၃၀ ၀န်းကျင်လောက်ရှိတယ်"ဟု မြပန်းသခင်အိမ်ခြံမြေမှ ကိုမင်းမင်း စိုးက ပြောသည်။

ဆိုင်ခန်းများငှားရမ်းသည့်အခါ အချို့မှာ တစ်နှစ်စာချုပ်ချုပ်ကြပြီး နှစ်ဦးသဘောတူညီမှုနဲ့ တစ်နှစ်
လျှင်ရာခိုင်နှုန်းမည်မျှတက်မည်ကို ကြိုတင်သဘောတူညီမှုများရှိကြပြီး အချို့မှာမူ ကာလပေါက်
ဈေးပေါ်မူတည်၍ ဈေးတက် ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

မြို့လယ်လမ်းမတန်းရှိ မြေညီထပ်တိုက်ခန်းအငှားဈေးကွက်မှာ မြင့်တက်လျက်ရှိသကဲ့သို့ ပထမ
ထပ်တွင် ဆိုင်ခန်းဖွင့်ရန် သင့်တော်သည့် အတွက် ဈေးနှုန်းများလည်း မြင့်တက်လာပြီး ၁၅ ပေ
အကျယ်ခန့်ရှိ တစ်ခန်းကို အနည်းဆုံး တစ်လလျှင် ကျပ် ၅၀၀,၀၀၀ ၀န်းကျင်ရှိကြောင်း လသာမှ
အိမ်ငှားနေထိုင်သူတစ်ဦးက ပြော သည်။

"ကျွန်တော်က ၀ယ်ယူသူတွေအဆင်ပြေပြေ နဲ့ ၀ယ်လို့ရအောင်ဖွင့်ချင်လို့ မြို့ထဲမှာပဲရွေး ပြီး
ဖွင့်ဖြစ်တာပါ။ ဆိုင်ခန်းခကဈေးကြီးပေမယ့် လည်း ရောင်းအားက ကောင်းနေမယ်ဆိုရင် တော့
အဆင်ပြေပါတယ်။ ဆိုင်ခန်းငှားခက အိမ်ရှင်ရဲ့ အခြေအနေပေါ်မှာလည်း အဓိက မူတည်နေပါ
သေးတယ်။ တချို့က အဆင်ပြေ ပေမယ့် တချို့တွေကတော့ တဖြည်းဖြည်းနဲ့ တိုးပြီးတောင်း
တယ်။ ဆိုင်ခန်းငှားခ ဈေးတက် ပြီး ရောင်းအားကပုံမှန်ပဲဆိုရင်တော့ အဆင် မပြေဘူး"ဟု
ဗိုလ်အောင်ကျော်လမ်းမပေါ်တွင် ဖွင့်လှစ်ထားသော RUN YGN အထည်ဆိုင်က ပြောသည်။

မြတ်နိုးဦး

ယခင် နိုင်ငံခြားသားအမည် ပေါက် မြေပေါ်တွင် အဆောက်အအုံ ဆောက်လုပ် ခွင့်ပြုမည်

ယခင်က ခွင့်မပြုခဲ့သည့် နိုင်ငံခြားသားအမည်ပေါက်မြေပေါ်တွင် အဆောက်အအုံတည်ဆောက်
ခွင့်အား ယခုနှစ်စပိုင်းမှ စတင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှ တာဝန်ရှိသူများက ပြောသည်။

"အရင်တုန်းက နိုင်ငံခြားသားအမည်ပေါက် မြေပေါ်မှာ အဆောက်အအုံအသစ်တည်ဆောက်တာ
ဖြိုဖျက်တာတွေကို ခွင့်မပြုခဲ့ဘူး။ တစ်ကယ်လို့ ဆောက်လုပ်ခွင့် တင်ပြလာတာတွေက နိုင်ငံခြား
သားအမည်ပေါက်ဖြစ်နေရင် စည်ပင်သာယာက ဆုံးဖြတ်လို့မရဘူး။ ပြည်ထဲရေးကို ပြန်တင်ပြ
ရတယ်။ အခု ပြည်ထဲရေးကနေပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို
ဆက်လက်ဆောင်ရွက် ခွင့်ပေးလိုက်တာပါ" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
အင်ဂျင် နီယာ (အဆောက်အအုံ) ဌာနမှ လက်ထောက်ဌာနမှူးဖြစ်သူ ဦးနေ၀င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်လက်ထက်၌ နေထိုင်ခဲ့သည့် နိုင်ငံခြားသားများပိုင်ဆိုင်သောမြေဧက
များပေါ်တွင် မြေဧကငယ်များ စိတ်ပိုင်းရောင်းချပြီး ရောင်းဝယ် သူအချင်းချင်း အရပ်စာချုပ်များဖြင့်
သာချုပ်ဆိုကာ အဆင့် ဆင့် လက်ဆင့်ကမ်းပြောင်းရွှေ့နေထိုင်မှုများ သည် ရန်ကုန်မြို့နယ်များ
တွင် အများအပြား ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ထိ အဆိုပါမြေနေရာပေါ်တွင် အဆောက်
အအုံ တည်ဆောက်ခွင့် မပြုခဲ့ပေ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနတွင် ယင်း
ကဲ့သို့ နိုင်ငံခြား အမည်ပေါက်မြေများပေါ်တွင် နှစ်ထပ်နှင့် သုံးထပ်ရှိသော အဆောက်အအုံများ
ဆောက်လုပ်ရန် ဆောက်လုပ်ခွင့်တင်ထားသည့်အဆောက်အအုံ အလုံး ၂၀၀ ခန့်ရှိကြောင်း
၎င်းက ပြောသည်။

"ကျွန်တော်တို့ဆုံးဖြတ်တာကတော့ ဒီမြေကိုပိုင်ဆိုင်ခဲ့တဲ့နိုင်ငံခြားသားတွေလည်း အခုချိန်မှာမရှိ
တော့ဘူး။ လက်ရှိ အဲဒီမြေနေရာမှာနေထိုင်ကြတဲ့သူတွေကလည်း ၁၅ နှစ် အနှစ်၂၀ ရှိတယ်ဆို
တော့ သူတို့ကိုဆောက်ခွင့်ပေးလို့ရတယ်ဆိုပြီး ဆောက်ခွင့်ပေးလိုက် တာပါ။ လောလောဆယ်
ကျွန်တော်တို့ အမြင့်ဆုံးသုံးထပ်ရှိတဲ့ အဆောက်အအုံလောက် ပဲပေးဆောက်ထားပါတယ်" ဟု
၎င်းက ပြောသည်။

ရန်ကုန်မြို့၏ တွင်ကျယ်လျက်ရှိသော မြေအရောင်းအ၀ယ်များသည် ရောင်းဝယ်သူအချင်းချင်း
သာ နားလည်မှုဖြင့်စာချုပ်ချုပ် ဆိုကာ ရောင်းချဝယ်ယူကြပြီး အစိုးရထံတွင် အခွန်ပေးဆောင်ကာ
မြေအားပိုင်ဆိုင်သူအမည်ပေါက်ရအောင် ပြုလုပ်သူ နည်းနေသေးနည်းကြောင်း စည်ပင်သာယာမှ
တာဝန်ရှိသူများက ပြောသည်။

မူလမြေပိုင်ရှင်၏ မြေဧကများမှ တစ်စိတ် တစ်ပိုင်း မြေ၀ယ်သူများသည် မိမိဝယ်ယူထားသော
မြေအား နှစ်ဦးသဘောတူ တရားဝင်အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုရပြီး ရန်ကုန် မြို့တော်
စည်ပင်သာယာတွင် ၀ယ်ယူထားကြောင်းတင်ပြရသည်။

ထိုသို့စာရင်းသွင်းပြီးချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာမှ အင်ဂျင်နီယာများက ၀ယ်ယူ
ထားသည့်မြေဧရိယာအတိုင်း တိုင်းတာသတ်မှတ်ပြီး ၀ယ်ယူသူအမည်ဖြင့် စာရင်းသွင်းသတ်မှတ်
မှသာလျှင် ပိုင်ဆိုင်မှုမှန်ကန်ကာ အဆိုပါမြေမှာ ၀ယ်ယူသူ၏အမည်ပေါက်ဖြစ်ကြောင်း ဌာနမှ
တာဝန်ရှိသူများက ပြောသည်။

"တော်တော်များများက ဒီနေရာမှာ သားစဉ်မြေးဆက်နေလာကြတယ်။ ဒါပေမဲ့ အမည်ပေါက်
အောင်မလုပ်ကြဘူး။ ရုံးလာ ရတာတို့ အခွန်ဆောင်ရတာတို့ကို မလုပ်ချင်ကြဘူး။ အဲဒီလိုမြေ
နေရာတွေကို ကျွန်တော်တို့က ပိုင်ဆိုင်မှုမမှန်ဘူးလို့ သတ်မှတ်ထားတယ်။ ပိုင်ဆိုင်မှုမမှန်တဲ့မြေ
က မြန်မာနိုင် ငံသားပိုင်တယ်ဆိုရင်တော့ ပြဿနာမရှိဘူး ။ ဆောက်ချင်ရင် သုံးထပ်ထိပေး
ဆောက်တယ်။ နိုင်ငံခြားသားအမည်ပေါက်ဆိုရင် အရင်က ဆောက်ခွင့်မပေးဘူး။ အခုတော့
သူ့ကိုလည်း သုံးထပ်ထိဆောက်ခွင့်ပေးထားတယ်" ဟု ဦးနေ၀င်းကပြောသည်။

ယခုလက်ရှိ ရန်ကုန်မြို့တွင် နိုင်ငံခြားသားအမည်ပေါက်မြေများမှာ နည်းပါးသွားပြီဖြစ်သော်လည်း
အချို့နေရာများတွင်မူ ကျန်ရှိသေးကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ အင်းစိန်
မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်များတွင် ယင်းကဲ့သို့ မြေများကျန်ရှိသေးသော်
လည်း ယခင်ပိုင်ဆိုင် ခဲ့သည့် ကျယ်ဝန်းသည့်မြေဧရိယာများပေါ်တွင် ယခုအခါတွင် မြေဧကများစွာ
ခွဲစိတ်ရောင်းချမှုများကြောင့် နေထိုင်သူများစွာဖြင့် နေထိုင်ကြကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ
အကျိုးဆောင်မှ အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

"ကိုယ်ဝယ်ထားတဲ့မြေကို ကိုယ့်နာမည်ပေါက် လုပ်ထားတာ အကောင်းဆုံးပါပဲ။ ကိုယ့်မြေက
လက်ဆင့်ကမ်းပြီး အရပ်စာချုပ်နဲ့ရောင်းထားတဲ့မြေဖြစ်ပေမယ့် ကိုယ့်လက်ထက်မှာတော့ ကိုယ့်
နာမည်ဖြစ်အောင် လုပ်သင့်တယ်။ နိုင်ငံခြားသားအမည်ပေါက်ဖြစ်နေတယ်ဆိုရင်လည်း တရားရုံး
မှာ ကိုယ့်အမည်ပြောင်းလျှောက်တင်ပြီး အခွန်ဆောင်မယ်ဆိုရင် ရတယ်။ ကိုယ့်မြေက ကိုယ်ဝယ်
ထားပြီး ကိုယ့်အမည်မပေါက်ရင် တစ်ချိန်ချိန် မှာ အဆင်မပြေဖြစ်နိုင်တယ်" ဟု ၎င်းက ပြောသည်။

မြတ်ငြိမ်းအေး  

အဆင့်မြှင့်ပြောင်းလဲမည့် ရုပ်ရှင်ရုံနေရာဟောင်းများ ပုံမပေါ်သေး


အထပ်မြင့်အဆောက်အအုံနှင့် အဆင့်မြင့်ရုပ်ရှင်ရုံအဖြစ် ပြောင်းလဲတည်ဆောက်ရန်ရှိသည့် ရန်ကုန်မြို့၊ မြေနီကုန်းရှိ တပင်ရွှေထီးရုပ်ရှင်ရုံကို တွေ့ရစဉ်။ ဓာတ်ပုံ - ဘူးသီး

မြန်မာရုပ်ရှင်လုပ်ငန်းက လွန်ခဲ့သည့်နှစ်နှစ်ခန့် က ရန်ကုန်မြို့တွင် နှစ်ရှည်စီမံကိန်းဖြင့်ငှားရမ်း
ထားသည့် နိုင်ငံပိုင်ရုပ်ရှင်ရုံအချို့အား ပုဂ္ဂလိက လုပ်ငန်းရှင်များထံ အပြီးပိုင်ရောင်းချ ပြီးသည့်
နောက်ပိုင်းတွင် လုပ်ငန်းရှင်အများစု မှာ ယင်းရုပ်ရှင်ရုံနေရာများတွင် ခေတ်မီအထပ် မြင့်အဆောက်
အအုံများနှင့်အတူ အသေးစား ရုပ်ရှင်ရုံများကို ထည့်သွင်းတည်ဆောက်ရန် ပြင်ဆင်မှုများ
ရှိလာသည်။

မြန်မာ့ရုပ်ရှင်လုပ်ငန်းနှင့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မတီကလည်း ပုဂ္ဂလိကလုပ်ငန်း များထံ
နှစ်ရှည်စီမံကိန်းဖြင့် ငှားရမ်းထားရှိ သောရုပ်ရှင်ရုံများကို ၂၀၁၃ ခုနှစ်၊ ဇွန်လခန့်မှ စတင်ခါ ပြသမှု
ပုံစံနှင့် ရုပ်ရှင်ရုံအပြင်အဆင် များ ပြောင်းလဲရန် တရားဝင် သတင်းထုတ်ပြန် ခဲ့သည်။

သို့သော် ၂၀၁၄ ခုနှစ်သို့ စတင်ကူးပြောင်းလာခဲ့ပြီဖြစ်သော်လည်း ရန်ကုန်မြို့တွင် အဆင့်မြင့်
ရုပ်ရှင်ရုံများနှင့် ခေတ်မီအထပ်မြင့်အဆောက် အအုံအဖြစ်ပြောင်းလဲ တည်ဆောက်ရန်ဖြိုဖျက်
ထားသည့် ပုဂ္ဂလိကပိုင်ရုပ်ရှင်ရုံများမှာ ယခု အချိန်ထိ ရုပ်လုံးပေါ်မလာသေးပေ။

လက်ရှိရန်ကုန်မြို့တော်အပါအ၀င် မြန်မာ နိုင်ငံတစ်ဝန်းရှိမြို့များတွင်လည်း ရုပ်ရှင်ရုံ လုပ်ငန်းနှင့်
အဆင့်မြင့်ရုပ်ရှင်ရုံများမှာ လက်ချိုး ရေတွက်နိုင်သည်အထိ နည်းပါးနေသေးသည်။ လုပ်ငန်းရှင်
များမှာလည်း ရုပ်ရှင်ရုံလုပ်ငန်း တစ်ခုတည်းနှင့်ပင် စီးပွားဖြစ်မရပ်တည်နိုင် သည့်အတွက် အဆင့်
မြှင့်ပြင်ဆင်ကာ ဒစ်ဂျစ် တယ်စနစ်သုံးရုပ်ရှင်ပြသမှုများကို ကူးပြောင်း ရန်မလွယ်ကူနိုင်သည့်
အတွက် ကြန့်ကြာနေကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်ရုံကော်မတီမှ ဥက္ကဋ္ဌ ဦးဌေးအောင်က
မြန်မာတိုင်း(မ်) ကို ပြောသည်။

"ဖလင်စနစ်နဲ့ပြသနေတဲ့ အရင်ရုပ်ရှင်ရုံအဟောင်းတွေကို အဆင့်မြင့်အောင်ပြုပြင်ရ မယ်ဆိုရင်
ရင်းနှီးမြှုပ်နှံမှုပိုင်းက အတော်ကိုများ ပါတယ်။ ရုပ်ရှင်ပြစက်ပြောင်းရမယ်၊ ထိုင်ခုံတွေ ပြောင်းရမယ်၊
ပြီးတော့ ရုံအပြင်အဆင်နဲ့ လေအေး ပေးစက်တွေတပ်ပြီးတော့ အဆင့်မြင့်တဲ့ရုပ်ရှင်ရုံပြောင်းမယ်
ဆိုရင် အနည်းဆုံး သိန်းနှစ်ထောင် ကနေ သုံးထောင်လောက် ကုန်ကျမှာပါ။ ပြုပြင် မယ့်သူတွေ
ကလည်း ဒီစရိတ်ကို ပြန်ကာမိနိုင်မ လားလို့ တွေးနေကြတယ်။ ဒီတော့ ပြောင်းလဲမှု က ကြန့်ကြာ
နေတာပါ" ဟု ၎င်းက ပြောသည်။

ဝယ်ယူထားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ မှာလည်း ရုပ်ရှင်ရုံလုပ်ငန်းတစ်ခုတည်းနှင့် စီးပွားဖြစ်
မရပ်တည်နိုင်သည့်အတွက် ရန်ကုန်မြို့တွင် လိုအပ်လျက်ရှိသော မြေနေရာ နှင့် ခေတ်မီအထပ်မြင့်
အဆောက်အအုံများ အတွက် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပူးပေါင်းကာ တည်ဆောက်မှုများ
ပြုလုပ်ကြမည် ဖြစ်ကြောင်း ဦးဌေးအောင်က ပြောသည်။

"အစိုးရကနေပြန်ဝယ်ထားတဲ့ တချို့ရုပ်ရှင် ရုံတွေက ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပူးပေါင်း ပြီး အထပ်မြင့်အဆောက်အအုံတွေဆောက်ဖို့ ပြုလုပ်နေတာတွေ တွေ့ရပါတယ်။ အဆောက်အအုံ
ထဲမှာ ဈေးဝယ်စင်တာတွေထည့်ဆောက် မယ်၊ လူနေထိုင်ဖို့ ကွန်ဒိုတိုက်ခန်းတွေထည့်ဆောက်
မယ်ဆိုရင် ရုပ်ရှင်ရုံလုပ်ငန်းအပြင် တခြားလုပ်ငန်းတွေကလည်း အကျိုးအမြတ်တွေရလာမှာ။
ရုပ်ရှင်ရုံလုပ်ငန်း တစ်ခုတည်းနဲ့ ကတော့ အခုခေတ်မှာ ဘယ်လိုမှမရပ်တည်နိုင် ဘူး" ဟု ၎င်းက
ပြောသည်။

သို့သော် ရန်ကုန်မြို့တွင် အထပ်မြင့်ဆောက် လုပ်ရန်အတွက် ရုပ်ရှင်ရုံအချို့မှာ ဖြိုဖျက်ထား
သည်မှာ ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း ယခုအချိန် ထိ အကောင်အထည် ပေါ်မလာသေးပေ။ ထို
ကဲ့သို့ အကောင်အထည်မပေါ်သေးသည့် အခြေအနေများမှာလည်း အထပ်မြင့်ဆောက် လုပ်ရေး
အတွက် ဆောင်ရွက်မှုအဆင့်များ မပြီး မြောက်နိုင်သည့်အတွက် ကြာမြင့်နေခြင်းဖြစ် ကြောင်း
ဆုထူးပန်ရုပ်ရှင်ရုံအား ပြန်လည်ပြု ပြင်တည်ဆောက်မည့် ၀ါဝါ၀င်းရုပ်ရှင်လုပ်ငန်း မှ ဒေါ်ဝါ၀ါဝင်း
ရွှေက ပြောသည်။

"အရင်က ၁၃ နှစ်လောက် အစိုးရဆီကနေ အငှားယူခဲ့တယ်။ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်း လောက်မှာ
အစိုးရဆီကနေ၀ယ်ယူထားတာပါ။ အဲဒီအချိန်မှာ ရုံကလည်းဟောင်းနွမ်းနေပြီဆိုတော့ ဖြိုဖျက်ပြီး
အထပ်မြင့်အဆောက်အအုံ ဆောက်ပြီး အထဲမှာ အသေးစားရုပ်ရှင်ရုံ လေးတွေ ထည့်သွားဖို့
စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အထပ်မြင့်ဆောက်ဖို့က မှန်းသလောက် မလွယ် ဘူး။ ရုံးလုပ်နည်းတွေ
အရ အဆင့်ဆင့်သွား ရတယ်။ အခုလည်းလုပ်နေတုန်းပါပဲ ဒါပေမဲ့ ဒီနှစ်ထဲမှာ အကောင်အထည်
ဖော်နိုင်အောင် တော့ ကြိုးစားနေပါတယ်"ဟု ၎င်းကပြောသည်။

ထို့ပြင် ရန်ကုန်မြို့၏ လက်ရှိရုပ်ရှင်ရုံလုပ်ငန်း အခြေအနေများကြောင့် နောက်ပိုင်းတွင် ရုပ်ရှင် ရုံ
များမှာ အသေးစားရုပ်ရှင်ရုံများအဖြစ်သို့ ပြောင်းလဲသွားနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်
သည်။

"အရင်တုန်းက ရုပ်ရှင်ရုံတစ်ရုံကို ခုံ ၈၀၀ က နေ ၉၀၀ ဆံ့တဲ့ရုံကြီးတွေက အကုန်လုံးရုံပြည့်
တယ်။ အခုနောက်ပိုင်းမှာ ခုံ ၃၀၀ လောက်တောင် မပြည့်ချင်ဘူး။ ရုပ်ရှင်ရုံလူဝင်နှုန်းက သုံးပုံ
တစ်ပုံလောက်ပဲ ရှိတော့တဲ့အခြေအနေ ဆိုတော့ နောက်ပိုင်းမှာရုံပိုင်ရှင်တွေက ထိုင်ခုံ ၂၀၀
ကနေ ၃၀၀ ပဲဆံ့တဲ့ အသေးစားရုပ်ရှင်ရုံတွေတည်ဆောက်ဖို့ပဲ များလာတော့တယ်" ဟု
ရွှေမန်းရုပ်ရှင်ရုံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးသက်ကပြောသည်။

မြန်မာနိုင်ငံ ရုပ်ရှင်လုပ်ငန်းမှာလည်း ယခင် ရုပ်ရှင်ရုံအဟောင်းများကို ပိုင်ဆိုင်ထားသည့် သူများ
မှာ ခေတ်မီအထပ်မြင့် အဆောက်အအုံ ပြန်လည်တည်ဆောက်မည်ဆိုပါက အနည်းဆုံး အသေး
စားရုပ်ရှင်ရုံ နှစ်ရုံခန့် ထည့်သွင်းတည်ဆောက်ရန် ထုတ်ပြန်ထားပြီးဖြစ်သည်။ သို့သော် အစိုးရက
ပုဂ္ဂလိကလုပ်ငန်းရှင်များ ထံ ရောင်းချထားသည့် ရုပ်ရှင်ရုံများမှာ ရန်ကုန် မြို့တွင် ၁၀ ရုံခန့်ရှိပြီး
အချို့သောလုပ်ငန်းရှင် များမှာ ဆောက်လုပ်ရေးလုပ်ငန်းများထံ ပြန်လည် ရောင်းချမှုများလည်း
ရှိသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များမှာ ရုပ်ရှင်ရုံမြေနေရာများကို ရွေးချယ်ဆောက်လုပ်ခြင်းမဟုတ်ဘဲ
အဆောက် အအုံတည်ဆောက်ရန် နေရာအချက်အချာကျကာကောင်းမွန်ပြီး ရန်ကုန်မြို့တော်
စည်ပင် သာယာက ခွင့်ပြုပါက မည်သည့်နေရာတွင်မဆိုတည်ဆောက်နိုင်မည်ဖြစ်ကြောင်း
နိုင်ဂရု(ပ်) ဆောက်လုပ်ရေးလုပ်ငန်းမှ လုပ်ငန်းပိုင်းဆိုင်ရာ အရာရှိဖြစ်သူ ဦးစောမြင့်အောင်က
ပြောသည်။

ယင်းကဲ့သို့ ရုပ်ရှင်ရုံမြေနေရာများတွင် အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ် လာခြင်း
များနှင့် ပတ်သက်၍ ဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဖြစ်သူ ဦးသာဌေးက
အဆောက်အအုံများ ထဲတွင် ရုပ်ရှင်ရုံများ ပြန်လည်ထည့်သွင်း တည်ဆောက်ပေးခြင်းက
ပိုမိုကောင်းမွန်ကြောင်း ပြောသည်။

"ဆောက်လုပ်ရေး လုပ်ငန်းတွေကတော့ ရုပ်ရှင်ရုံမြေနေရာတွေဆိုပြီး ရွေးပြီးဆောက်တာ တော့
မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ရုပ်ရှင်ရုံ နေရာမှာ အထပ်မြင့်အဆောက်အအုံဖြစ်ပြီး ရုပ်ရှင်ရုံ ပြန်
မဖြစ်လာဘူးဆိုရင်တော့ ရုံတွေအားနည်းလာမှာပေါ့။ ပြန်ပြီးထည့်သွင်းတည်ဆောက်ပေးတာ
က ပိုကောင်းပါတယ်။ တခြား နိုင်ငံတွေမှာလည်း ဒီလိုပဲအဆောက်အအုံတွေထဲမှာ ရုပ်ရှင်ရုံတွေ
ပြန်ထည့်ပြီး တည်ဆောက်နေကြတာပါပဲ" ဟု ၎င်းက ပြောသည်။

ရုပ်ရှင်ရုံလုပ်ငန်းမှာ ရန်ကုန်မြို့တွေသာမက အခြားမြို့ကြီးအချို့နှင့် နယ်မြို့နယ်များတွင် လည်း
အားနည်းသည့်အတွက် ယင်းဒေသများ တွင်လည်း တိုးတက်ရန်လိုအပ်ကြောင်း ဦးဌေးအောင်က
ပြောသည်။

ရုပ်ရှင်ရုံလုပ်ငန်းမှာ ရန်ကုန်မြို့တွေသာမက အခြားမြို့ကြီးအချို့နှင့် နယ်မြို့နယ်များတွင် လည်း
အားနည်းသည့်အတွက် ယင်းဒေသများ တွင်လည်း တိုးတက်ရန် လိုအပ်ကြောင်း ဦးဌေးအောင်
က ပြောသည်။

"ရုပ်ရှင်ရုံလုပ်ငန်းက ရန်ကုန်မှာရှိသလိုမျိုး တခြားမြို့ကြီးတွေနဲ့ နယ်မြို့တွေမှာလည်း ရှိသင့်တယ်။
တချို့မြို့တွေဆိုရင် ရုပ်ရှင်ရုံရှိပေ မယ့် မပြဘဲထားတာတို့။ တချို့ဆိုရင် အစိုးရ ဆီက၀ယ်ထားပြီး
မှ ရုပ်ရှင်မပြစားပဲ ဂိုဒေါင် လုပ်ပစ်တာတွေ ရှိတယ်" ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် ရုပ်ရှင်ရုံစုစုပေါင်းမှာ ရုပ်ရှင် လုပ်ငန်းလက်အောက်တွင် မြန်မာရုပ်ရှင် ဇာတ်ကား
များသာပြသသည့် ရုံပေါင်း ၂၀ ခန့် သာရှိပြီး အစိုးရမှ ရောင်းချထားသည့် ရုံမှာ ၁၀ ရုံ ၀န်းကျင်
ခန့်ရှိကာ ခေတ်မီအထပ်မြင့် အဆောက်အအုံ ပြန်လည်တည်ဆောက်ရန် ဖြိုဖျက်ထားသည့် ရုံ
မှာ သုံးလေးရုံခန့်ရှိသည်။ အစိုးရက လက်ရှိငှားရမ်းထားသည့် ရုပ်ရှင်ရုံ များအား ဒစ်ဂျစ်တယ်
စနစ်ပြသမှုနှင့် အဆင့် မြင့်ရုပ်ရှင်ရုံများအဖြစ်ပြောင်းလဲမှသာ ငှားရမ်း မှု နှစ်ရှည်အား ရှစ်နှစ်အထိ
တိုးပေးသွားမည် ဖြစ်ပြီး မပြောင်းလဲပါက ရုံများအား ပိတ်သိမ်း သွားမည်ဖြစ်သည်။

မြတ်ငြိမ်းအေး

အစိုးရမြေယာစီမံကိန်းများကြောင့် မြေဈေးကျနိုင်

အစိုးရမှ ရေးဆွဲဆောင်ရွက်မည့် မြေ ယာဆိုင်ရာ စီမံကိန်းများ အမှန်တကယ် ပေါ်ပေါက်လာရန် လိုအပ်လျက်ရှိပြီး ယင်း စီမံကိန်းများပေါ်ထွန်းလာမှသာလျှင် အိမ် ခြံမြေဈေးနှုန်းများ လျော့ကျလာနိုင်သည် ဟု အိမ်ခြံမြေလုပ်ငန်းရှင်အသိုင်းအဝိုင်း က သုံးသပ်ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အိမ်ရာမဲ့ များအတွက် City Development Plan  နှင့်Township Development Plan  များ ရေး ဆွဲခြင်းကို စတင်ဆောင်ရွက်နေသည် ဟု သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ဖေဖော်ဝါရီ ၂၁ ရက် တွင် ထုတ်ဖော်ပြောကြားထားပြီး ယင်း စီမံကိန်းများ အမှန်တကယ်ဖြစ်ထွန်းလာ ပါက မတန်တဆမြင့်တက်နေသည့် အိမ်ခြံ မြေဈေးနှုန်းများမှာ အတန်အသင့်လျော့ ကျသွားနိုင်သည်ဟု လုပ်ငန်းရှင်အသိုင်းအဝိုင်းက သုံးသပ်သည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ''စီမံကိန်းတွေက ပြောထား တဲ့အတိုင်း တကယ်ပဲ အကောင်အထည် ပေါ်ထွန်းလာမယ်ဆိုရင်တော့ ကသောင်း ကနင်းဖြစ်နေတဲ့ အိမ်ခြံမြေဈေးနှုန်းတွေကို အထိုက်အလျောက် ထိန်းသိမ်းပြီးသား ဖြစ်လာနိုင်တယ်'' ဟု မဇ္ဈိမကိုပြောသည်။

ရန်ကုန်မြို့ရှိ ဝါရင့် အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင်တစ်ဦးကမူ ရန်ကုန်မြို့ စွန်ရှိနေရာအချို့တွင် လမ်းပန်းဆက်သွယ် ရေး၊ လျှပ်စစ်မီး စသည့် အခက်အခဲများ ရှိနေသောကြောင့် လူနေထိုင်မှု နည်းပါး လျက်ရှိရာ ယင်းနေရာများ ဖွံ့ဖြိုးတိုးတက် စေရန် ဦးစားပေးဆောင်ရွက်သင့်သည် ဟု ဆိုသည်။

စိုင်းခွန်နောင် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးရန်အောင်က ''ရန်ကုန်မှာက အိမ်ခန်း ငှားရမ်းနေထိုင်တဲ့သူတွေ အရမ်းများတယ်။ ဒါကြောင့် စီမံကိန်းအသစ်တွေထက် ရှိပြီး သား စီမံကိန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် အရင်လုပ်ပေးဖို့လိုအပ်ပါတယ်။ ဖွံ့ဖြိုးတဲ့ နေရာတွေများလာရင်တော့ အိမ်ခြံမြေဈေး နှုန်းတွေက မျှတလာမယ်။ အရင်ဦးဆုံး အိမ်ခန်းငှားနေသူတွေအတွက် အဆင်ပြေ လာမယ်'' ဟု ပြောသည်။

လက်ရှိအစိုးရက အကောင်အထည် ဖော်လျက်ရှိသော တန်ဖိုးမျှတအိမ်ရာများ သည် လူလတ်တန်းစားများ ဝယ်ယူနိုင် မည့်ဈေးနှုန်းများမဟုတ်ဟုလည်း အိမ်ခြံ မြေလုပ်ငန်းရှင်များက ပြောသည်။

အစိုးရသစ်တက်လာပြီးနောက်တွင် ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးနှုန်းများသည် အိမ်နီးချင်းနိုင်ငံများထက်ပင် အဆမတန် ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး ယင်း၏ အကျိုးဆက်အဖြစ် အိမ်ရာမဲ့များနှင့် ကျူး ကျော်နေထိုင်သူများ ပိုမိုများပြားလာခဲ့ သည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်း ရှင်များကပြောသည်။

အစိုးရ၏ City Development Plan နှင့် Township Development Plan စီမံကိန်းများမှာ အခြေခံလူတန်းစားနှင့် လူလတ်တန်းစား များအပေါ် အကျိုးသက်ရောက်မည့် စီမံ ကိန်းဖြစ်ရန် လိုအပ်သည်ဟု လုပ်ငန်းရှင် များက သုံးသပ်သည်။


Mizzima

၂ဝ၁၅ နောက်ပိုင်းမှသာ ပိုမိုဖွံ့ဖြိုးလာနိုင်မည့် ရန်ကုန် ကွန်ဒိုဈေးကွက်

ရန်ကုန်မြို့ရှိ ကွန်ဒိုဈေးကွက်တွင် လို အပ်ချက်အရထွက်ပေါ်လာသည့် ကွန်ဒို အရေအတွက်သာများပြားနေပြီး ပံ့ပိုးမှု အင်္ဂါရပ်ပြည့်စုံသည့် ကွန်ဒိုစစ်စစ်များမှာမူ ကွန်ဒိုဥပဒေအတည်ပြုပြီးသည့် ၂ဝ၁၅ နောက်ပိုင်းမှသာ ပေါ်ထွက်လာနိုင်ဖွယ်ရှိ သည်ဟု ကွန်ဒိုတည်ဆောက်သူများနှင့် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

ကွန်ဒိုဈေးကွက်မှာလည်း ၂ဝ၁၅ ခုနှစ် နောက်ပိုင်းမှသာ အရှိန်အဟုန်ဖြင့် ပိုမို ဖွံ့ဖြိုးလာနိုင်မည်ဖြစ်သည်ဟု ၄င်းတို့က ဆိုသည်။

လှိုင်မြို့နယ်ရှိ Capital Development Limited မှ မလွင်မာ အောင်က ''အဆင့်မြင့်ကွန်ဒိုတစ်ခု တည် ဆောက်နိုင်ဖို့အတွက် မြေအမျိုးအစားက ဂရမ်မြေဖြစ်ဖို့လိုအပ်ပါတယ်။ ဒီအချက်က ဝယ်ယူသူတွေအတွက် ပိုင်ဆိုင်မှုခိုင်မာဖို့နဲ့ ကွန်ဒိုတစ်ခုရဲ့ ပံ့ပိုးမှုအင်္ဂါရပ်တွေ ပြည့်စုံ ဖို့ အဓိကအထောက်အကူဖြစ်စေပါတယ်။

ကွန်ဒိုရဲ့ အရည်အသွေးက ဝန်ဆောင်မှု ပိုင်း၊ ပံ့ပိုးမှုပိုင်း ပြည့်စုံပြီး ကွန်ဒိုရဲ့အရည် အသွေးအားသာချက်ရှိတာကလည်း ဈေး ကွက်ထိုးဖောက်မှုအပိုင်းမှာ အထောက်အ ကူဖြစ်စေနိုင်ပါတယ်။ ဈေးကွက်မှာဖြစ်နေ တာက အဆင့်မြင့်ကွန်ဒိုတစ်ခုမှာ facility အနေနဲ့ ကားပါကင်ပါတယ်ဆိုရင် ဈေးက သိန်း ၃,ဝဝဝ ဖြစ်နေပြီ၊ တချို့ဟာတွေက ကွန်ဒိုလို့သာ ပြောနေကြတာ တကယ်တော့ high-end apartment  တွေပါပဲ'' ဟု မဇ္ဈိမ ကို ပြောသည်။

ရန်ကုန်မြို့ရှိ ကွန်ဒိုအများစုသည် တည်ဆောက်သူဘက်မှ ပံ့ပိုးမှုအင်္ဂါရပ်များ ပြည့်စုံအောင် ထည့်သွင်းထားမှုမရှိကြောင်း နှင့် ယင်းအချက်က ကွန်ဒိုဈေးကွက် ပီပြင် စွာပေါ်ပေါက်လာစေရန် အတားအဆီး တစ်ရပ်သဖွယ်ဖြစ်နေသည်ဟုလည်း ၄င်း က ပြောသည်။

ကမာရွတ်မြို့နယ်ရှိ Perfect Home Generation Real Estate & Construction မှ ဈေးကွက်မန်နေဂျာ ကိုရန်အေးကလည်း မြန်မာပြည်ရှိ ကွန်ဒိုများသည် ဈေးနှုန်း အနေအထားမြင့်မားသည့်အတွက် ငွေ ကြေး အသင့်အတင့်သာတတ်နိုင်သော သူများအတွက် အလှမ်းဝေးနေဆဲဖြစ်သည် ဟု ဆိုသည်။

''ကွန်ဒိုတွေက ဈေးများနေ တော့ ဈေးကွက်ထဲမှာ တိုက်ခန်းတွေပဲ အ ရောင်းအဝယ်သွက်နေပါတယ်'' ဟုလည်း ၄င်းကဆိုသည်။

''မြန်မာပြည်မှာရှိတဲ့ ပံ့ပိုးမှုအင်္ဂါရပ် ပြည့်စုံတဲ့ ကွန်ဒိုတွေဆိုရင် ဈေးနှုန်း သိန်း ၂,၅ဝဝ လောက်ရှိတယ်၊ တကယ်တမ်း ပြောရမယ်ဆိုရင် ကွန်ဒိုတွေက အောက် ခြေလူတန်းစားတွေနဲ့ အရမ်းအလှမ်းဝေး နေတယ်၊ သူတို့တွေအတွက် ကွန်ဒိုမပြော နဲ့ တိုက်ခန်း အပေါ်ဆုံးထပ်ကိုတောင် မတတ်နိုင်တဲ့သူတွေရှိတယ်၊ ဈေးကွက်မှာ အမေးများတာကလည်း သိန်း၂၅ဝ နဲ့ သိန်း ၃ဝဝ ကြား တိုက်ခန်းတွေပဲ အမေးများ တယ်''ဟု မဇ္ဈိမသို့ ပြောသည်။

၂ဝ၁၄ ခုနှစ်တွင် ကွန်ဒိုအရောင်းအ ဝယ်များနည်းပါးခဲ့သည်ဟု မဆိုနိုင်သော် လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ပိုမိုဝင်ရောက်လာနိုင်မည့်၂ဝ၁၅ ခုနှစ်တွင် မူ အရောင်းအဝယ်ပိုဖြစ်လာနိုင်သည်ဟု လည်း ကိုရန်အေးက ပြောသည်။

''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ မြန်မာပြည်ကိုလာမယ်ဆိုရင်တော့ ကွန်ဒို အရောင်းအဝယ်ရော၊ အငှားရော ပိုဖြစ် မှာပါ၊ ကမ္ဘာအေးဗီလာမှာဆိုရင် တစ်လကို အမေရိကန်ဒေါ်လာ ၃,၅ဝဝ လောက် အငှားဈေးရှိတယ်၊ အဆင့်မြင့်ကွန်ဒိုတွေ ရဲ့ အရောင်း အငှားဈေးကွက်က ၂ဝ၁၅ မှာ ပိုမိုပီပြင်စွာ ဖြစ်တည်လာမှာပါ'' ဟု ၄င်းကပြောသည်။

ရန်ကုန်မြို့ရှိ မြေကွက်ကျဉ်းများပေါ် တွင် ဓာတ်လှေကားထည့်၍တည်ဆောက် ထားကြသော ကွန်ဒိုဟုခေါ်ဆိုနေသည့် အထပ်မြင့်တိုက်များသည် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်ညီသော အဆင့်မြင့် ကွန်ဒို စစ်စစ်များမဟုတ်ဟုလည်း ကိုရန်အေး က ပြောသည်။

ဗဟန်းမြို့နယ်ရှိ စိုးကမ္ဘာ အိမ်ခြံမြေ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကမူ ကွန်ဒို ဝယ်ယူသူများသည် အဓိကအားဖြင့် ဈေး နှုန်း၊ ပံ့ပိုးမှုအင်္ဂါရပ် ၊ ရေရှည်တွင်ဝယ်ယူ သူအတွက် ကိုက်ညီမှုရှိ၊ မရှိ စသော အချက်များကိုကြည့်၍ ကွန်ဒိုများကို ရွေး ချယ်ဝယ်ယူလေ့ရှိသည်ဟုပြောသည်။

''အတွေ့အကြုံအရ ၂ဝ၁၁ ခုနှစ်က နေ ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ ကွန်ဒို ဈေးနှုန်းတွေ တော်တော်မြင့်တက်လာခဲ့ တာကိုတွေ့ရတယ်၊ ခန့်မှန်းမိသလောက် ဈေးနှုန်းတွေက ၂ဝ၁၁ ကထက် သုံးဆ လောက် ပိုတက်လာတယ်၊ ဝယ်သူတွေက ဈေးနှုန်း၊ ဓာတ်လှေကား၊ ကားပါကင်စတဲ့ facility တွေကို ဘတ်ဂျက်နဲ့ချိန်ဆပြီး ရွေး ချယ်ဝယ်ယူလာကြတာအပြင် ရေရှည် အတွက်ကောင်းတဲ့နေရာ ဥပမာ-ရုံးခန်း ဖွင့်မယ်ဆိုလည်း အဆင်ပြေမယ့်နေရာမျိုး မှာရှိတဲ့ အဆင့်မြင့်ကွန်ဒိုတွေကို ရွေးချယ် လာကြတယ်။

ဈေးကွက်ကနေ လေ့လာမိသလောက် ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ကွန်ဒိုတချို့ ဈေးကြီးတယ်ဆိုတာက ကွန်ဒိုမှာ ထည့် သွင်းပေးထားတဲ့ ပံ့ပိုးမှုအင်္ဂါရပ်တွေက စုံ လင်တယ်၊ ကားပါကင်၊ လုံခြုံရေးအပြင် တခြား facility တွေ ပါပါတယ်၊ ဒါပေမဲ့ ဈေးနှုန်းတူပြီး facility ကွာတဲ့ကွန်ဒိုတွေ လည်းဈေးကွက်မှာရှိတယ်။ တချို့ကွန်ဒို တွေမှာ ကားပါကင် မပါဘူးလားဆိုရင် တော့ ပါတယ်၊ ဒါပေမဲ့ နိုင်ငံခြားကုမ္ပဏီ တွေ ရုံးခန်းဖွင့်ဖို့အတွက်ကျတော့ အဆင့် မြင့်ကွန်ဒိုမဟုတ်တဲ့အတွက် အဆင်မပြေ ဘူး။ ဒါမျိုးကွန်ဒိုတွေကတော့ ဈေးကွက် မှာ အောင်မြင်ဖို့ ခဲယဉ်းသွားမှာပါ''ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ Assistant Manager မခင်မာနွယ်က''လက် ရှိအချိန်မှာတော့ ကွန်ဒိုဥပဒေက မူကြမ်း အဆင့်ပဲထွက်သေးတဲ့အတွက် ကွန်ဒိုလို့ သတ်မှတ်ရမယ့်အချက်တွေနဲ့ ပတ်သက် ပြီး တိတိကျကျ မသိရသေးဘူး၊ ကိုယ့် အဆောက်အအုံတွေက ကွန်ဒိုဥပဒေထွက် လာလို့ အဲဒီမှာထည့်သွင်းဖော်ပြထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတယ်ဆိုရင် ကွန်ဒိုလို့ သတ်မှတ်ခံရမယ်၊ ကွန်ဒိုဆိုတာ အထပ်မြင့်အဆောက်အအုံကို ပြောတာ မဟုတ်ဘူး'' ဟု ပြောသည်။

ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်ဖွယ်ရှိသည့် ကွန်ဒိုဈေးကွက်အတွက် အချို့သော ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ကွန် ဒိုများကို စံချိန်စံညွှန်းများနှင့်အညီ တည် ဆောက်မှုများရှိလာနေသည်ဟုလည်း ကွန် ဒိုဆောက်လုပ်သည့် လုပ်ငန်းရှင်အချို့က ပြောသည်။

မလွင်မာအောင်က ''ပံ့ပိုးမှုအင်္ဂါရပ် နှင့်ပြည့်စုံသည့် ကွန်ဒိုများသာ ဈေးကွက် တွင် ရေရှည်ရပ်တည်နိုင်မည်ဖြစ်သည်'' ဟု ဆိုသည်။

Mizzima

ဒဂုံမြို့နယ်ရှိ စစ်ထောက်ချုပ်ရုံးပိုင် မော်တော်ယာဉ်တပ်ရင်း (နေရာဟောင်း) မြေခုနစ်ဧကပေါ်တွင် ဟိုတယ်နှင့်စီးပွားရေး အဆောက်အအုံများ တည်ဆောက်သွားမည်

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ထောက်ချုပ်ရုံးပိုင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ အမှတ် (၁) မော်တော်ယာဉ်တပ်ရင်း (နေရာဟောင်း) ရှိ မြေ ၂၉ ဒသမ ၇၂၇ ဧက အနက် ၇ ဒသမ ၆၉၅ ဧကအား BOT စနစ်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ်နှင့် Office Building & Commercial Building များ တည်ဆောက်၍ ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်တွင် ဖေဖော်ဝါရီ တတိယပတ်အတွင်းက ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးတွင် အဆိုပါလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခွင့်ကို Thu Kha Yadanar Co.,Ltd အား ခွင့်ပြုမိန့် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

အလားတူ မန္တလေးတိုင်းဒေသကြီးရှိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားပိုင် မန္တလေးဘူတာကြီး၏ စတုတ္ထထပ်မှ သတ္တမထပ် (ခေါင်မိုးပြင်) အထိ စုစုပေါင်း လေးလွှာကိုလည်း Adventure Myanmar Tour and Incentives Co.,Ltd  သို့ လုပ်ကိုင်ခွင့်ပြုခဲ့သည်။

ယင်းလုပ်ငန်းများကို မြန်မာနိုင်ငံ ရင်းနှီးမြ§ုပ်နှံမှုကော်မရှင်မှ ခွင့်ပြုပေးရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့်ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံပြီး ခွင့်ပြုပေးခဲ့သည်။

 ၂ဝ၁၄ ခုနစ် ဇန်နဝါရီ ၃ဝ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂ဝ၁၄) အစည်းအဝေးတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်း မြေတိုင်းရပ်ကွက် အမှတ် (၆၃)နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် (ဝင်းဟောင်း) နယ်မြေရှိ မြေ ၇ ဒသမ ၄၂၇ ဧကပေါ်တွင် နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်ဟိုတယ်၊ Shopping Mall၊ စီးပွားရေး အဆောက်အအုံနှင့် Service Apartment လုပ်ငန်းများ လုပ်ကိုင်ရန် Adventure Myanmar Tour & Incentives Co.,Ltd က လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်းလည်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလကုန်အထိ ဆောက်လုပ်ရေး၊ စွမ်းအင်၊ ကုန်ထုတ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး အစရှိသည့် လုပ်ငန်းများတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ် ၃၉၅၂ ဘီလျံကျော်ရှိကြောင်း သိရသည်။

EMG

နိုင်ငံတော် စီမံကိန်းများ၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများနှင့်အတူ အမြင့်ဈေးနှုန်းများမှ အိမ်ခြံမြေဈေး ထပ်မံခုန်တက်


မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း အိမ်ခြံမြေဈေးများ တစ်စတစ်စ မြင့်တက်လာခဲ့ရာမှ အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်စီမံကိန်းများ ဖော်ထုတ်မည့် သတင်းများနှင့်အတူ ရန်ကုန်မြို့၏ မြင့်တက်လာသည့် လူဦးရေနှင့်အတူ လိုက်ပါဖြည့်ဆည်း မပေးနိုင်သည့် အိမ်ရာအဆောက်အအုံ လိုအပ်ချက်များအတွက် ပေါ်ပေါက်လာသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကြောင့် အိမ်ခြံမြေဈေးကွက်သည် ယခင်ရှိရင်းစွဲ အတက်ဈေးမှ ထပ်မံမြင့်တက်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် ယခင်က အိမ်ခြံမြေတိုက်တာ အဆောက်အအုံများ ဝယ်ယူပါက ရာခိုင်နှုန်း ၅ဝ ကျော် အခွန်ဆောင်ရသည့် စနစ်မှ ၂ဝဝ၇ ခုနှစ်နောက်ပိုင်း ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ပါက ဝင်ငွေရလမ်း ဖော်ပြစရာမလိုဘဲ ဝယ်ယူခွင့်ရခဲ့သည့်အတွက် အိမ်ခြံမြေဈေးကွက်အတွင်းသို့ ငွေမည်းများ ဝင်ရောက်လာခဲ့သည်ဟု သိရသည်။ ထို့အတူ နှစ်စဉ်ပြုလုပ်နေသော ကျောက်ပွဲများ၊ သစ်မှောင်ခို၊ ဘိန်းမှောင်ခို စသည့်လုပ်ငန်းများမှ ငွေများလည်း အိမ်ခြံမြေဈေးကွက်အတွင်း အရင်းအနှီးများစွာ ထည့်ဝင်၍ ဝင်ရောက်လာသည့်အတွက် ၂ဝဝ၇ ခုနှစ်နောက်ပိုင်း အိမ်ခြံမြေဈေးနှုန်းမှာ တစ်စတစ်စ ကောင်းလာခဲ့သည်။

အလားတူ မြန်မာနိုင်ငံတွင် ဥပဒေအရ နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့် မရှိသော်လည်း နိုင်ငံသားအမည်ပေါက်နှင့် ဝယ်ယူမှုများ ရှိနေသည့်အတွက် အိမ်ခြံမြေဈေးကွက်တွင် မလိုအပ်ဘဲ ဈေးမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ဥပဒေအရမူ ဝယ်ယူသူရော တစ်ဆင့်ခံ ဝယ်ပေးသူပါ အရေးယူ ခံရနိုင်သော်လည်း မြန်မာနိုင်ငံတွင် Law Enforcement အားနည်းသောကြောင့် ယင်းကဲ့သို့ လက်တစ်လုံးခြား ဝယ်ယူနေသည့်အတွက် အိမ်ခြံမြေဈေးနှုန်းများ တစ်စတစ်စ မြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ရန်ကုန်မြို့နှင့် တစ်ဖက်ကမ်း ဒလမြို့အား ကိုရီးယားနိုင်ငံက ချစ်ကြည်ရေးအနေဖြင့် တံတားထိုးပေးမည်ဆိုသော သတင်းများကြောင့် တံတားထိုးမည့်ဧရိယာ ပတ်ဝန်းကျင်နေရာများ ဈေးအလွန်မြင့်တက်လာခဲ့ပြီး ကြည့်မြင်တိုင်၊ ဗားကရာဘက်တွင် တံတားထိုးမည်ဟူသော သတင်းများကြောင့် ယင်းဒေသရှိ လယ်မြေများလည်း ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

“မြေအမျိုးအစားတွေကတော့ ခွဲထားတယ်။ နောက်တစ်ခုရှိတာကတော့ ဒလနဲ့ ကြည့်မြင်တိုင်အပြင် သန်လျင်ဘက်လည်း ပြောသံကြားတယ်။ ဒီသန်လျင်ကတော့ တံတားဟောင်းရှိတာပေါ့။ အဲဒီဘက်မှာ တံတားတစ်စင်း ထိုးမယ်ဆိုပြီးတော့လည်း ဖြစ်တယ်။ သန်လျင်ကတော့ သိသိသာသာ မဟုတ်ပါဘူး။ နဂိုကတည်းက တံတားရှိပြီးသားကို တံတား-၁၊ တံတား-၂ ရှိတယ်။ ၂ ဆိုတာ ဒဂုံဆိပ်ကမ်းဘက်ကထိုးတာ၊ ကုလားဝဲကျေးရွာဘက်က ထိုးတာ။ အဲဒီကျတော့ ကွန်တင်နာသွားမယ့် တံတား။ ဒီဘက်ကတော့ ဘတ်စ်ကားတွေ၊ လူစီးတဲ့ယာဉ်တွေ ဖြတ်တဲ့နေရာကတော့ ဆောက်ထားတာတော့ ကြာပြီ။ အဓိကကတော့ အဲဒီနေရာနှစ်ခုပေါ့။ နောက်တစ်ခု ရွှေလင်ပန်းနဲ့ ဒဂုံမြောက်၊ အဲဒီဘက်လည်း တံတားထိုးမယ်ဆိုပြီး သတင်းထွက်တယ်။ အဲဒီဘက်မှာတော့ အကွက်မြေက သိပ်မများတော့ အဲဒီလောက်ထိ ဟော့မဖြစ်ဘူး” ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပြသည်။

ကျွန်တော်တို့နိုင်ငံမှာ အဓိကပြဿနာက ငွေမည်းတွေကို မထိန်းချုပ်တာပဲ။ ငွေမည်းတွေကို မထိန်းချုပ်တော့ အိမ်ခြံမြေကဏ္ဍထဲ ဝင်လာတယ်။ ငွေမည်းဆိုတာ အခွန်မဆောင်တိုင်းလည်း မဟုတ်ဘူး။ ဥပမာ-စက်မှုဇုန်တွေမှာဆို မြေကွက်တွေယူထားပြီး ခုချိန်ထိ အကောင်အထည် မဖော်သေးတဲ့သူတွေ ရှိသေးတယ်။ ဒါတွေကိုလည်း ထိထိရောက်ရောက် အရေးယူနိုင်ဖို့လိုတယ်။ စက်မှုဇုန်တွေမှာ နှစ်ပေါင်း ၂ဝ လောက် စက်ရုံငှားစားသူတွေ ဒီနေ့ဒီအချိန်အထိ . . . . .
“ဥပမာ-ဒလဘက်မှာဆိုရင် တံတားထိုးမယ့် ချဉ်းကပ်လမ်းနဲ့ နီးတဲ့နေရာတွေဆိုရင် တော်တော်တက်တယ်။ အရင်က ၄ဝ×၆ဝ ကို သိန်း ၂ဝဝဝ ကနေ အခု သိန်း ၄ဝဝဝ ရှိတယ်။ ဒလမှာပဲ ကျန်နေရာတွေကတော့ နဂိုကထဲက တက်ပြီးသား။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်ကတည်းက တက်တယ်။ အခုတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက အခုအစိုးရလက်ထက်မှာ မလုပ်တော့ဘူးဆိုတော့ နည်းနည်းငြိမ်သွားတယ်။ အခုဆိုရင် သိန်း ၃ဝ လောက်နဲ့ ဝယ်ထားတဲ့ အကွက်တွေက လေးဆလောက် တက်သွားတယ်။ သိန်း ၁၄ဝ လောက် ဖြစ်သွားတယ်။ အဲဒီ ၄ဝဝဝ လောက်ခေါ်တဲ့ နေရာတွေက အစတော့ သိန်း ၇ဝဝ လောက်ပဲရှိတယ်။ နောက်တော့ ၂ဝဝဝ၊ တံတားထိုးမယ်ဆိုတော့ ၄ဝဝဝ လောက်ဖြစ်သွားတယ်။ ကြည့်မြင်တိုင်ဘက်မြေတွေက လယ်မြေတွေများတယ်။ ဒါပေမဲ့ သူကဆယ်ဂဏန်းကနေ တစ်ရာဂဏန်းလောက် ဖြစ်သွားတယ်။ သူကတော့ နှစ်ဆလောက်ပဲ တက်တယ်။ ဦးစိုးသိန်းကတော့ အဲဒီနှစ်ခုလုံးကို သူတို့အစိုးရလက်ထက် မလုပ်တော့ဘူးလို့ ပြောတယ်။ ရွေးကောက်ပွဲက ၂ဝ၁၅ မှာ လုပ်မယ်ဆိုတော့ ဒီကြားထဲမှာ လုပ်မယ်ဆိုရင် ဒီ Plan တွေက ပြီးဖို့မလွယ်ဘူး။ ရန်ကုန်မြို့ကို တိုးချဲ့မယ်ဆိုရင် ခရမ်းတို့ပါပါတယ်။ စတုရန်းမိုင်နဲ့တွက်တာ။ ခရမ်းဘက်ဆိုရင် စတုရန်းမိုင်ဘယ်လောက်၊ သန်လျင်ဘက်ဆိုရင် ဘယ်လောက်စတုရန်းမိုင်နဲ့ တွက်ခဲ့တာရှိတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

လက်ရှိတွင် ဖြစ်ပေါ်နေသော အနေအထားများအရ လူဦးရေသိပ်သည်းမှုနှင့် Demand နှင့် Supply မမျှတသည့် အနေအထားများကြောင့် ရန်ကုန်မြို့အား ထပ်မံတိုးချဲ့ရန် စီစဉ်ထားကြောင်း သိရသည်။ ရန်ကုန်မြို့တိုးချဲ့ရန် လျာထားချက်အရ ကြည့်မြင်တိုင် အနောက်ဘက် ၂၆ စတုရန်းမိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ၃၈ စတုရန်းမိုင်၊ သန်လျင်နှင့် ခရမ်းတွင် ၅ဝ စတုရန်းမိုင်၊ ဒလ၊ တွံတေးတွင် ၃၇ ဒသမ ၅ စတုရန်းမိုင်၊ ရွှေပြည်သာ၊ မှော်ဘီတွင် ၃၉ ဒသမ ၉ စ တုရန်းမိုင်၊ ကော့မှူး၊ ကွမ်းခြံကုန်းတွင် ၂၉ စတုရန်းမိုင် ထပ်မံတိုးချဲ့လိုပါက ထပ်ချဲ့နိုင်သည့် နေရာများအဖြစ် လျာထားကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြေဧက ၇ဝ ခန့်တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ မြို့ပြအိမ်ရာ စီမံကိန်း၊ ယာဉ်ရပ်နားစခန်းနှင့် မြို့ပြအိမ်ရာ စီမံကိန်း၊ အဆင့်မြင့်ယာဉ်ရပ်နားရန် အဆောက်အအုံ စီမံကိန်းများကို ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် တင်ဒါခေါ်ယူရေး ကော်မတီမှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တင်ဒါထုတ်ပြန်ချက်အရ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံရှိ မြေဧက ၁ဝ ဒသမ ၉၃ ဧက၊ ဒဂုံမြို့သစ်မြောက်ပိုင်း ရာဇဓိရာဇ်လမ်းရှိ မြေဧက ၄ဝ ဒသမ ၄၉၃ ဧက၊ ကြည့်မြင်တိုင်ဈေးကြီးလမ်းရှိ ဝ ဒသမ ၃၆၄ ဧက စသည့်မြေနေရာများတွင် မြို့ပြအိမ်ရာ စီမံကိန်း လုပ်ငန်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒဂုံမြို့သစ်အရှေ့ပိုင်း မင်းရဲကျော်စွာလမ်းရှိ မြေ ၁၁ ဧကတွင် တန်ဖိုးမျှတအိမ်ရာစီမံကိန်း လုပ်ငန်းဆောင်ရွက်ရန်၊ ဗိုလ်တထောင်မြို့နယ်အတွင်း မဟာဗန္ဓုလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြေ ၃ ဒသမ ဝ၆၈ ဧကနှင့် ၄၅ လမ်းရှိ မြေ ၂ ဒသမ ၅၆၁ ဧကတို့တွင် မြို့ပြအိမ်ရာစီမံကိန်းနှင့် ယာဉ်ရပ်နားစခန်း၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေ ဝ ဒဿမ ၁ဝ၃ ဧကတွင် အဆင့်မြင့်ယာဉ်ရပ်နားရန် အဆောက်အအုံ စီမံကိန်း စသည့်လုပ်ငန်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ အဓိကပြဿနာက ငွေမည်းတွေကို မထိန်းချုပ်တာပဲ။ ငွေမည်းတွေကို မထိန်းချုပ်တော့ အိမ်ခြံမြေကဏ္ဍထဲ ဝင်လာတယ်။ ငွေမည်းဆိုတာ အခွန်မဆောင်တိုင်းလည်း မဟုတ်ဘူး။ ဥပမာ-စက်မှုဇုန်တွေမှာဆို မြေကွက်တွေယူထားပြီး ခုချိန်ထိ အကောင်အထည် မဖော်သေးတဲ့သူတွေ ရှိသေးတယ်။ ဒါတွေကိုလည်း ထိထိရောက်ရောက် အရေးယူနိုင်ဖို့လိုတယ်။ စက်မှုဇုန်တွေမှာ နှစ်ပေါင်း ၂ဝ လောက် စက်ရုံငှားစားသူတွေ ဒီနေ့ဒီအချိန်အထိ အခွန်မဆောင်ကြတာလဲ ရှိတယ်။ အခွန်ကို စနစ်တကျ ကောက်ခံနိုင်ဖို့လည်း လိုပါတယ်။ ငွေမည်းတွေ ငွေဖြူလုပ်ဖို့ အိမ်ခြံမြေကဏ္ဍထဲ ဝင်လာတာတွေကြောင့်လည်း စက်မှုဇုန်မြေဈေးတွေ တခြားမြေဈေးတွေ တက်နေတာပါ” ဟုလည်း လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အခုဆို ဈေးကစားတာတွေအပြင် တစ်ဆင့်ခံဝယ်လက်တွေကနေ ပြန်ပြန်ဝယ်နေရတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေတောင် လန့်ပြေးကုန်ကြတယ်။ ဒါတွေကို အစိုးရက လုပ်ပေးမယ်ဆိုရင် လုပ်လို့ရပါတယ်။ ဒီမြေတွေ ဘယ်သူပိုင်လဲဆိုတာ ပြန်စိစစ်လိုက်ရုံပါပဲ။ ဥပမာ လူတစ်ယောက်တည်းက မြေတွေဘယ်လောက် ပိုင်ထားလဲ။ ဘယ်တုန်းက ဝယ်တာလဲ။ အခွန်ဘယ်လောက် ဆောင်ထားလဲ။ ပြန်စစ်လိုက်ရင် ပေါ်လာမှာပါ။ ဘာကြောင့် အဲလိုမလုပ်သေးတာလဲဆိုတာ စဉ်းစားမရဘူး ဖြစ်နေတယ် . . . . .
“စီမံကိန်းတစ်ခု ရှိပြီဆိုရင် အဲဒီနေရာက မြေဈေးလိုက်တာ သဘာဝပဲ။ နေရာတစ်ခု ဖွံ့ဖြိုးလာတာနဲ့အမျှ တက်လာတာပဲ။ နောက်တစ်ခုက ဈေးခေါ်တာတွေကြောင့်လည်း ပါတာပေါ့။ တကယ်လို့ ဈေးခေါ်မယ်ဆိုရင်လည်း ဝယ်တဲ့သူလည်း ဝယ်နိုင်၊ ရောင်းတဲ့သူတွေလည်း အဆင်ပြေနိုင်မယ့် ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ အနေအထားမျိုးပဲ ဖြစ်သင့်တာပေါ့။ အခုတော့ တချို့နေရာတွေက မတန်တဆဈေးတွေ ဖြစ်နေတယ်” ဟု အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လိုအပ်ချက်တွေများတော့ တန်ဖိုးနည်းအိမ်ရာတွေ ဖော်တယ်။ အခု လှိုင်သာယာဘက်က တန်ဖိုးနည်း အိမ်ရာတွေကို သိန်း ၁ဝဝ၊ ၁၂ဝ ဈေးနဲ့ ရောင်းမယ်ဆိုတော့ ကြည့်မြင်တိုင်တို့ လှိုင်တို့ဘက်က တိုက်ခန်းဈေးတွေ လိုက်တက်တယ်။ ကွန်ဒိုတွေ ဈေးခေါ်တော့ တိုက်ခန်းဈေးက လိုက်တက်သလိုပေါ့။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ အစိုးရက စီမံကိန်းတွေဆိုပြီး အကောင်အထည်ဖော်တယ်။ အိမ်ရာတွေဆောက်တယ်။ ဆောက်လာတာနဲ့အမျှ ဈေးကလည်း လိုက်တက်နေတယ်။ ဒါတွေကို ဘယ်လိုပုံစံနဲ့ ထိန်းသိမ်းပေးနိုင်မလဲ။ အစိုးရကပဲ လုပ်နိုင်မှာလေ” ဟု အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

“ထပ်တိုးချဲ့နိုင်တယ်လို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ အချို့က လယ်မြေတွေမပါသလို အချို့လွတ်နေတဲ့ နေရာတွေလည်း ရှိနေတယ်။ ဒါက ချဲ့လို့ရတဲ့ စတုရန်းမိုင်ကိုပဲ ဖော်ပြထားတာ။ အသေးစိတ်က ဒီမြေတွေ ဘယ်သူပိုင်မပိုင် ဆိုတာတော့ မသိပါဘူး။ ချဲ့မယ်ဆိုရင် ဒီလောက်အထိ ချဲ့လို့ရတယ်ဆိုတာ ပြောထားတာ” ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။


“အခု တန်ဖိုးနည်းအိမ်ရာတွေက ဈေးများတယ်။ သိန်း ၃ဝဝ ဆိုတာ မြို့ထဲမှာ မြင့်ရင်မြင့်ပါစေ။ အလွှာမြင့်မှာ နေလို့ရတယ်။ တစ်ခုရှိတာက မြို့ထဲကတော့ လက်ငင်းပေးဝယ်ရတယ်။ အဲဒီကတော့ Hire Purchase နဲ့ ရောင်းမယ်ပြောတယ်။ ဒါတော့ကွာတာပေါ့။ တွက်ကြည့်တာတော့ ဈေးကြီးနေတာပေါ့။ အခွန်ကတော့ အရင်တုန်းက ၁၅၊ အခု ၃၇ ဆိုတော့ ပိုများတာပေါ့။ သိန်း ၁ဝဝ တန်ဝယ်ရင် ၁၃၅ လောက် ဖြစ်နိုင်ပေမယ့် တစ်ခုရှိတာက အစိုးရဖြတ်တဲ့ဈေးက အပြင်ပေါက်ဈေးထက် နည်းတယ်ဆိုရင်တော့ ၂ဝဝ တန်လောက်ဝယ်ရင် ၂၃၇ လောက်ပေးရမှာပါ။ ဒါပေမဲ့ အချို့နေရာတွေ ဘာတွေကျတော့လည်း သိပ်မကွာဘူး။ ကမ္ဘောဇလမ်းတို့ ဘာတို့ဆိုရင်လည်း အပြင်ဈေးနဲ့ မကွာဘူး။ ဒါပေမဲ့ များတာပေါ့။ များတယ်ဆိုတာလည်း နှစ်ပိုင်းပေါ့။ အိမ်ခြံမြေဈေးနှုန်း မြင့်လာတဲ့အတွက် ဆောင်ရတဲ့ အခွန်နှုန်းကလည်း မြင့်လာတယ်။ အားလုံးခြုံကြည့်ရင်တော့ များပါတယ်။ ဒါကြောင့် အရောင်းအဝယ် အေးတာပေါ့။ လူလတ်တန်းစားတွေတောင် ဝယ်ဖို့က တော်တော်ခဲယဉ်းသွားတယ်။ မလွယ်တော့ဘူး” ဟု ရန်ကုန်မြို့ခံ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

“လောလောဆယ်က အခွန်နှုန်း ကြီးမြင့်တဲ့အတွက် အိမ်ခြံမြေဈေးနှုန်းတွေက မတက်တော့ဘူး ထင်တယ်။ တက်ဖို့လည်း သိပ်တော့မလွယ်ဘူး။ တကယ်လို့ ၂ဝ၁၅ နောက်ပိုင်းမှာ နိုင်ငံရေး အလားအလာတွေ ကောင်းလာရင်တော့ တစ်မျိုး၊ စောစောကပြောသလို တန်ဖိုးနည်းတွေချပြီး မြို့ကွက်တွေ ဖော်ပေးမယ်ဆိုရင် ထပ်မတက်နိုင်တော့ဘူး။ အဲဒီလိုမဟုတ်ဘဲ ဒီအထဲမှာပဲ အားလုံးက လည်နေမယ်ဆိုရင်လည်း တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တာပဲ။ အပြင်မှာချဲ့ပြီး သွားရေးလာရေး လွယ်ကူအောင် လုပ်ပေးနိုင်ရင်တော့ ကျသွားမှာပေါ့။ အခုတော့ ရှိတဲ့နေရာလေး တစ်ကွက်စာလောက်ကို လုပ်နေရတော့ အခုလိုပဲ တက်နေမှာပေါ့” ဟု ၎င်းကဆက်လက်ပြောပြသည်။

“နောက်တစ်ခု မကျရတဲ့ အကြောင်းရင်းက မြို့ပြရွှေ့ပြောင်း နေထိုင်မှုလည်း ပါတယ်။ အခု တိုက်ခန်းတွေ ဘယ်လောက်ဆောက်ဆောက် လွတ်နေတာမှ မရှိတာ။ တကယ်တမ်း ပြောမယ်ဆိုရင်တော့ စီးပွားရေး အနေအထားလည်း ကောင်းမယ်။ နိုင်ငံရေး အနေအထားလည်း ကောင်းမယ်ဆိုရင် ကျဖို့တော့ မရှိတော့ဘူး။ လောလောဆယ်မှာတော့ ဈေးနှုန်းက နည်းနည်းတန့်နေတာ” ဟု ၎င်းကဆက်လက် ပြောပြသည်။

“နိုင်ငံတကာ Project တွေ ဝင်လာရင်လည်း ကျမကျဆိုတာက သူတို့ Project ရဲ့ ဈေးနှုန်းပေါ်မူ တည်တာပေါ့။ အဲဒီတော့ အခုကျတော့ မြန်မာနိုင်ငံမှာ ကွန်ဒိုတွေ နည်းနေသေးတယ်။ ထားပါတော့ ကွန်ဒိုက သိန်း ၄ဝဝဝ၊ ၅ဝဝဝ။ နောက်အပြိုင်အဆိုင် များလာလို့ နိုင်ငံခြား ကုမ္ပဏီတွေက လျှော့ရောင်းရင် တစ်မျိုးပေါ့။ အခုက အဲဒီလို မလုပ်နိုင်ကြဘူးလေ။ အားလုံးက ကွန်ဒိုဆောက်လိုက်ရင် သူ့ရဲ့ Cost က အခုအသစ်တွေဆိုရင် One Square Feet ဆိုရင် နှစ်သိန်းပေးရမယ်ဆိုတော့ လျှော့မရောင်းနိုင်ကြဘူး။ အဲဒီလျော့အောင် ဆောက်နိုင်ဖို့လည်း အခက်အခဲရှိတယ်။ မြေဈေးနှုန်းနဲ့ဆိုတော့ မလွယ်ဘူး။ များသောအားဖြင့် မြေဈေးနှုန်းတက်တဲ့ အခါမှာ အိမ်ရှင်ကို ပြန်ပြီးတော့မှ အခန်းပေးအခန်းယူ နည်းသွားကြတာကိုး။ ကိုယ်ပိုင်ဆောက်တာ နည်းတယ်။ မြေဈေးနှုန်းမြင့်တော့ အခန်းဈေးနှုန်းတွေလည်း လိုက်မြင့်တာပေါ့” ဟု အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) မှ ၂ဝ၁၃ ခုနှစ် စက်တင်ဘာလအတွင်းက သတ်မှတ်ခဲ့ပြီးနောက် အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်တွင် အရောင်းအဝယ် အေးလျက်ရှိကြောင်း၊ ယခုသတ်မှတ်လိုက်သည့် အိမ်ခြံမြေ ဈေးနှုန်းများမှာ အချက်အချာကျသည့် နေရာများတွင် ယခင်ပေါက်ဈေးထက် ပိုမိုနည်းပါးလျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်ပြောကြားသည်။

ယခုကဲ့သို့ သတ်မှတ်ခဲ့ခြင်းကို အစိုးရအနေနှင့် အခွန်မှန်မှန်ကန်ကန် ဆောင်စေလိုခြင်း (သို့မဟုတ်) အိမ်ခြံမြေဈေးနှုန်း ကျဆင်းရန် ထိန်းချုပ်လိုခြင်း ဆိုသည်မှာ မေးခွန်းထုတ်စရာ ရှိလာပြီး ရည်ရွယ်ချက် တိကျမှန်ကန်ရန် လိုအပ်ကြောင်းလည်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ်ပြောကြားခဲ့သည်။

“အစိုးရအနေနဲ့ အိမ်ခြံမြေဈေးနှုန်း ကျဆင်းချင်တယ်ဆိုရင် ရန်ကုန်မြို့မှာ လူဦးရေ တိုးပွားလာတာနဲ့အမျှ အိမ်ရာလိုအပ်ချက်တော့ ရှိမှာပဲ။ အဲဒီမှာ ရောင်းလိုအား၊ ဝယ်လိုအားမမျှတော့ ဈေးတွေတက်ကုန်တယ်” ဟု Estate Myanmar အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဟိန်းမိုးမြင့်လွင်က ပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် တစ်ပေပတ်လည် မြေဈေးနှုန်းများကို သတ်မှတ်ရခြင်းမှာ မြေနေရာတန်ဖိုးအလိုက် တံဆိပ်ခေါင်းခွန်ကို အပြည့်အဝ ဆောင်စေရန်နှင့် အခွန်တိမ်းရှောင်မှုကို ထိန်းချုပ်ရန် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ သတ်မှတ်ပြီးပါက ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း သတ်မှတ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားခဲ့သည်။

တစ်ပေပတ်လည် မြေဈေးနှုန်းများကို ကာလပေါက်ဈေးအလိုက် သတ်မှတ်ပေးထားသော်လည်း ယင်းသတ်မှတ်ချက်အတိုင်း အရောင်းအဝယ်ပြုလုပ်သူ မရှိဘဲ ကြိုက်ရောင်း၊ ကြိုက်ဝယ် ဈေးများဖြင့်သာ အရောင်းအဝယ် ပြုလုပ်မှုများ ရှိလာကြောင်းလည်း သိရသည်။ လက်ရှိသတ်မှတ်ထားသော အိမ်ခြံမြေ အရောင်းဝယ်များအတွက် ဝင်ငွေခွန် ရာခိုင်နှုန်း ၃ဝ နှင့် တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်း စုစုပေါင်း ၃၇ ရာခိုင်နှုန်း ပေးဆောင်နေရကြောင်း သိရသည်။ ထိုသို့ သတ်မှတ်ထားသော်လည်း ဝယ်ယူသူများမှာ အခွန်ကို အတိအကျ ပေးဆောင်ရမည် စိုးသောကြောင့် အမည်ပေါက် မပြောင်းဘဲ နားလည်မှုဖြင့် အရောင်းအဝယ် ပြုလုပ်နေကြကြောင်း သိရသည်။

“ရန်ကုန်မြို့မှာ အိမ်ခြံမြေဈေးတွေ ကြီးမြင့်နေတယ်ဆိုတာ ဒီအိမ်ခြံမြေကို ဘယ်သူတွေ ပိုင်တယ်ဆိုတာ သိတဲ့အတိုင်းပဲ။ အခုဆို ဈေးကစားတာတွေအပြင် တစ်ဆင့်ခံဝယ်လက်တွေကနေ ပြန်ပြန်ဝယ်နေရတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေတောင် လန့်ပြေးကုန်ကြတယ်။ ဒါတွေကို အစိုးရက လုပ်ပေးမယ်ဆိုရင် လုပ်လို့ရပါတယ်။ ဒီမြေတွေ ဘယ်သူပိုင်လဲဆိုတာ ပြန်စိစစ်လိုက်ရုံပါပဲ။ ဥပမာ လူတစ်ယောက်တည်းက မြေတွေဘယ်လောက် ပိုင်ထားလဲ။ ဘယ်တုန်းက ဝယ်တာလဲ။ အခွန်ဘယ်လောက် ဆောင်ထားလဲ။ ပြန်စစ်လိုက်ရင် ပေါ်လာမှာပါ။ ဘာကြောင့် အဲလိုမလုပ်သေးတာလဲဆိုတာ စဉ်းစားမရဘူး ဖြစ်နေတယ်” ဟု ရန်ကုန်မြို့မှ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

Eleven Media Group

သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ မြေဈေးနှုန်းကို လက်ရှိစက်မှုဇုန်ဈေးကွက် ပေါက်ဈေးထက် ရာခိုင်နှုန်း ၃၀ သက်သာရန် စီစဉ်ထားပြီး ဈေးနှုန်းများကို မကြာမီထုတ်ပြန်မည်

စက်မှုဇုန်မြေဈေးနှုန်း ကြီးမြင့်မှုများက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုသော် လည်းကောင်း၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကိုသော် လည်းကောင်း အဟန့်အတား ဖြစ်စေသည့်အတွက် လက်ရှိဖော်ဆောင်နေသည့် သီလ၀ါ အထူးစီးပွားရေးဇုန်၏ မြေဈေးနှုန်းကို လက်ရှိစက်မှုဇုန်ဈေးကွက် ပေါက်ဈေးထက် ရာခိုင်နှုန်း ၃၀ သက်သာစေရန် စီစဉ်ဆောင်ရွက်ထားကြောင်းနှင့် ဈေးနှုန်းများကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ဖေဖော်ဝါရီ ၁၉ ရက်က ပြောကြားသည်။

“စက်မှုဇုန်တွေ မြေဈေးကြီးမြင့်မှုက နိုင်ငံခြားအတွက်ရော၊ နိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံမှုအတွက်ရော အဟန့်အတားတစ်ခု ဖြစ်စေတဲ့အတွက် အခုဖော်ဆောင်မယ့် သီလ၀ါ အထူးစီးပွားရေးဇုန်ရဲ့ ဈေးနှုန်းကို အခုလက်ရှိပေါက်ဈေးထက် ရာခိုင်နှုန်း ၃၀ လောက် သက်သာအောင် စီစဉ်ထားပါတယ်။ အတိအကျကိုတော့ မကြာခင်မှာ ထုတ်ပြန်ပေးမယ်” ဟု သီလ၀ါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ စိတ်ဝင်တစား လာရောက်စုံစမ်းမှုများ ပြုလုပ်လျက်ရှိရာ အများစုမှာ အထည်ချုပ်လုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများနှင့် မော်တော်ယာဉ်တပ်ဆင်မှု လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

“လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ စားသောက်ကုန်လုပ်ငန်းတွေနဲ့ မော်တော်ယာဉ်တပ်ဆင်မှုလုပ်ငန်းတွေ လာကြတာများတယ်” ဟု ဦးဝင်းအောင်က ဆက်လက်ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်သည် အခြားစက်မှုဇုန်များကဲ့သို့ မဟုတ်ဘဲ သတ်မှတ်ထားသည့်လုပ်ငန်းများ၊ အမှန်တကယ်လုပ်ကိုင်မည့် ကုမ္ပဏီများကိုသာ နှစ်ရှည်မြေငှားရမ်းလုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ပြီး ထိုကဲ့သို့ ငှားရမ်းထားသည့် ကုမ္ပဏီများမှ သတ်မှတ်ကာလအတွင်း စီးပွားဖြစ် စတင်လည်ပတ်နိုင်ခြင်း မရှိပါက မြေပြန်လည်သိမ်းယူခြင်းကဲ့သို့ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် တင်းကျပ်သည့် စည်းကမ်းများ ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြေငှားတာကတော့ ၅၀+၁၀+၁၀ ဆိုတော့ နှစ် ၇၀ ပေါ့။ စက်ရုံလည်ပတ်တယ်။ ပြန်ပြီးရောင်းမယ်ဆိုလည်း ရတယ်ဆိုတော့ ငှားရမ်းကာလအပြည့်က နှစ် ၇၀။ သတ်မှတ်ကာလအတွင်းက တကယ့်ကို စစ်မှန်တဲ့ရင်းနှီးသူတွေအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်အောင်၊ ဈေးကွက်ပျက်အောင် ဆောင်ရွက်တာတွေ မဖြစ်ရအောင် အချောသတ် ဆွေးနွေးညှိနှိုင်းနေတယ်။ ပထမတော့ ခြောက်လသတ်မှတ်ထားတယ်။ အခုတော့ တစ်ဖက်က ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရတာလည်း ရှိဦးမှာဆိုတော့ ဒီသတ်မှတ်ကာလကို ပြန်ပြီးညှိနှိုင်းနေပါတယ်” ဟု ဦးဝင်းအောင်က ပြောကြားသည်။

ထို့ပြင် သီလ၀ါအထူးစီးပွားရေးဇုန်၏ မြေကွက်ပေါက်ဈေးများကို လာမည့်ဧပြီလကုန် မေလဆန်းခန့် ထုတ်ပြန်နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အကောင်အထည်ဖော်ပြီး စက်မှုဇုန်များမှာမူ ဈေးနှုန်းအားဖြင့် ကွာခြားမှုရှိနေပြီး အထူးသဖြင့် လှိုင်သာယာစက်မှုဇုန်မှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်ကြောင်း၊ တစ်ဧကပေါက်ဈေး (ခေါ်ဈေး)ကျပ်သိန်း ၄၀၀၀ နှင့် ၅၀၀၀ ကြားရှိပြီး ကမ်းနားဘက်အခြမ်း ဆိုပါက သိန်း ၅၀၀၀ ကျော်အထိ ခေါ်ဈေးရှိကြောင်း၊ အတော်အတန် ဖွံ့ဖြိုးပြီးဖြစ်သော ရွှေလင်ဗန်းစက်မှုဇုန် ပေါက်ဈေးမှာမူ တစ်ဧကသိန်း ၂၅၀၀ နှင့် ၃၀၀၀ ကြား၊ ၀ါးတစ်ရာစက်မှုဇုန်မှာမူ တစ်ဧကသိန်း ၁၂၀၀ နှင့် ၁၅၀၀ ကြား၊ မြောင်းတကာစက်မှုဇုန်မှာမူ သိန်း ၃၀၀ မှ ၆၀၀ ခန့်အထိရှိကြောင်း၊ လက်ရှိအကောင်အထည် ဖော်နေသော သီလ၀ါ အထူးစီးပွားရေးဇုန်၏ ပေါက်ဈေးမှာ တစ်ဧက သိန်း ၂၅၀၀ နှင့် ၃၀၀၀ အကြားရှိနေကြောင်း သိရသည်။

Eleven Media

ပုဂံရှေးဟောင်းနယ်မြေဇုန်အတွင်း ခွင့်ပြုချက်မရဘဲ အဆောက် အအုံသစ် ထပ်မံဆောက်လုပ်ခြင်းကြောင့် တရားဝင်တားမြစ်ထား


ပုဂံမြို့ဟောင်းနယ်နိမိတ်အတွင်း တရားဝင်ဆောက်လုပ်ခွင့်ရယူကာ တည်ဆောက်ထားပြီးဖြစ်သော ဟိုတယ်အဆောက်အအုံအချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဉာဏ်လင်းအောင်

ပုဂံမြို့ ရှေးဟောင်းနယ်မြေဇုန်အတွင်း အဆောက်အအုံထပ်မံတိုးချဲ့ဆောက်လုပ်ရန် မန္တလေးတိုင်း
ဒေသကြီး စည်ပင်သာယာရေး ကော်မတီသို့ တင်ပြထားသော်လည်း ကော်မတီ မှ ခွင့်ပြုချက်
မထုတ်ပြန်မီ အချိန်တွင် အဆောက်အအုံ ဆောက်လုပ်ခဲ့ခြင်းကြောင့် ယင်းဆောက်လုပ်ရေး
လုပ်ငန်းကို တားမြစ် ထားကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ယခင်အစိုးရလက်ထက်က ပုဂံမြို့ဟောင်းနယ်မြေအတွင်း ဟိုတယ်များကိုဆောက်လုပ်ခွင့်ပြုခဲ့ရာ
တွင် ဆောက်လုပ်ထားခဲ့သည့် Aye Yar River View Resort အဆောက်အအုံဝင်းအတွင်း
ဟိုတယ်ဘန်ဂလို အခန်းတိုးချဲ့ရန် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီသို့
တင်ပြခဲ့ပြီး ကော်မတီခွင့်ပြုချက် မရမီအချိန်တွင် ဆောက်လုပ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့တားမြစ်
ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

" အခုလောလောလောဆယ်မှာ ဧရာဟိုတယ်ကိုတားထားတယ်။ သူတို့ကို ဆက်ပြီးမဆောက်
လုပ်ဖို့တားထားတာပါ။ ဆက်လုပ်မယ်ဆိုရင်တော့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားရမှာပါ" ဟု
ပုဂံမြို့ရှေးဟောင်းနယ်မြေတွင်တာဝန်ထမ်းဆောင်နေသည့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း
ယဉ်ကျေးမှုဦးစီးဌာန (ပုဂံ ရှေးဟောင်းနယ်မြေ) ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း က မြန်မာတိုင်း(မ်)ကို
ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ Aye Yar River View Resort မန်နေဂျာ ဦးထွန်းထွန်းအောင် ကို
ဇန်န၀ါရီလအတွင်းက ဆက်သွယ်မေးမြန် ခဲ့ရာတွင် တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိဘဲ
ပြန်လည်ဆက်သွယ်ရန်သာပြောကြား ခဲ့သည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အဆိုပါဟိုတယ်၏
ရန်ကုန်ရုံးချုပ်နှင့် ပုဂံရှိ ဟော်တယ်သို့ ထပ်မံဆက်သွယ်ရာတွင်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်
၍ ပြောဆိုခွင့်မရှိကြောင်း သာ အကြောင်းပြန်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီ မြေယာနှင့် အဆောက်အအုံဌာနမှ ဌာနမှူး
ဦးမျိုးအောင်ထံ ဆက်သွယ်မေးမြန်း ခဲ့ရာတွင်လည်း ယင်းကိစ္စသည် မိမိတို့ ကိုင်တွယ် သည့်ကိစ္စ
မဟုတ်ဘဲ တိုင်းအဆင့်မှ ကိုင်တွယ် သည့် ကိစ္စဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

ရှေးဟောင်း အဆောက်အအုံများရှိရာ ဒေသတွင် အဆောက်အအုံသစ်များ ထပ်မံ ဆောက်လုပ်
ခြင်းမပြုရန် ရှေးဟောင်း ယဉ်ကျေးမှုဌာနက ထုတ်ပြန်ထားခဲ့သော် လည်း သတ်မှတ်ချက်များနှင့်
ကိုက်ညီပါက အဆောက်အအုံ ထပ်မံဆောက်လုပ်ခွင့်ကိုပြုထားကြောင်း ရှေးဟောင်းယဉ်ကျေးမှု
ဦးစီး ဌာနက ယခုလ ၆ ရက်နေ့က ထုတ်ပြန် ကြေညာ ခဲ့သည်။

"ဖြစ်သင့်တာကတော့ ၀န်ကြီးဌာနကို အရင် တင်ပြမယ်။ ၀န်ကြီးဌာနကစိစစ်ပြီး ခွင့်ပြုနိုင်တဲ့ အနေ
အထားဆိုရင် ခွင့်ပြုမယ်၊ ခွင့်မပြုသင့်တဲ့ အနေအထားဆိုရင် ခွင့်မပြုဘူးပေါ့၊ ဒါပေမဲ့ ဧရာဟိုတယ်
က ခွင်ြ့ပုချက်တစ်စုံတစ်ရာ မရ သေးခင်မှာ ဆောက်နှင့်ထားပြီး ဖြစ်နေလို့ပါ" ဟု ဦးနိုင်ဝင်းက
ပြောသည်။

ပုဂံမြို့ဟောင်းအတွင်းရှိ ရှေးဟောင်းနယ်မြေများတွင် အဆောက်အအုံသစ်ထပ်မံ ဆောက်လုပ်လို
ပါက ယင်းကိစ္စများအပေါ် စည်ပင်သာယာရေး၊ မြေစာရင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှေးဟောင်းဌာနတို့က စိစစ် ခွင့်ပြုခြင်း ဖြစ်သည်။

"လုံးဝမလုပ်ဖို့ တားမြစ်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း စီးပွားရေးသမားတွေက
အတင်းတိုးချဲ့လာပြီး၊ စည်းမျဉ်းစည်းကမ်းတွေကို မျက်ကွယ်ပြုလာတဲ့ ပုံစံတွေဖြစ်လာတော့
လုံးလုံးကို တင်းကြပ်ထားရတဲ့အနေအထား ဖြစ်လာတယ်" ဟု ဦးနိုင်ဝင်း က ပြောသည်။

သို့ရာတွင် ရှေ့ဟောင်းနယ်မြေဇုန်အတွင်း အအောက်အအုံသစ်များ ဆောက်လုပ်မှု ကို တင်းကျပ်
စွာ တားမြစ်ထားခြင်းကြောင့် အဆောက်အအုံသစ် ထပ်မံဆောက်လုပ်မှု အတော်နည်းပါးသွား
ကြောင်း ညောင်ဦးမြို့မှ ကားအငှားဝန်ဆောင်ရေးလုပ်ကိုင်သူ ဦးထွန်းထွန်းဦးက ပြောသည်။

ပုဂံရှေးဟောင်းနယ်မြေအတွင်း ဟိုတယ်များဆောက်လုပ်ခြင်း၊ ဆောက်လုပ်သည့် ဟိုတယ်များက
ဒေသခံများ၏မြေယာများကို သိမ်းဆည်းခြင်းကြောင့် ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ပြီး ယခုနှစ်နောက်
ပိုင်း ယခင်စစ်အစိုးရ လက်ထက်ကသတ်မှတ်ပေးထားခဲ့သည့် ဇုန်နယ်မြေ ၄ တွင်သာ ဟိုတယ်
များ ထပ်မံ ဆောက်လုပ်မှုကို ခွင့်ပြုခဲ့ ကြောင်း ပုဂံမြို့သစ်တွင်နေထိုင်သူ ဦးခင်မောင်ဝင်းက
ပြောသည်။

၎င်းသည် ယခင်က ပုဂံမြို့ဟောင်းတွင်နေထိုင် ခဲ့သော်လည်း ယခင်အစိုးရလက်ထက်က ဟိုတယ်
များဆောက်လုပ်ရန် မြို့ဟောင်းတွင် နေထိုင်သူများကို မြို့သစ်များသို့ရွှေ့ပြောင်း ပေးရာတွင်
ရွှေ့ပြောင်းခဲ့ရသူဖြစ်ပြီး ၁၉၉၈ ခုနှစ် မှစတင်ခါ မြို့သစ်၌ အခြေချနေ ထိုင်ခဲ့သူ ဖြစ်သည်။

"မြို့ဟောင်းမှာသာ ဟိုတယ်တွေတစ်လုံးပြီး တစ်လုံး ဆောက်လုပ်ခွင့်ပြုတယ်။ အကွက်တွေ
ရိုက်ပြီး စီမံကိန်းတွေဖော်ပေးတယ်။ အခု မြို့သစ် တည်လာတာ ၂၅ နှစ်ကျော်နေပေမယ့် အခြေ
မကျနိုင်သေးဘူး။ စီမံကိန်းဆိုတာလည်း ဘယ် နေမှန်းမသိသေးဘူး။ မြို့ဟောင်းမှာကျတော့
ဟိုတယ်တွေကို ထပ်ဆောက်ခွင့်ပြုတယ်။ အခု ဒီမှာ ပုဂံမြို့သစ်ကလူတွေ ဘုန်းကြီးကျောင်း
သွားရတာဝေးလို့ မိုးကုတ်ဝိပဿနာကျောင်းလေးဆောက်ဖို့ကျတော့ ခွင့်မပြုဘူး" ဟု
ဦးခင်မောင်ဝင်းက မြန်မာတိုင်း(မ်)ကိုပြောသည်။

ပုဂံရှေးဟောင်းနယ်မြေအတွင်း အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်
ထားသောဥပဒေသည် တိကျပြတ်သားမှုမရှိခြင်းကြောင့် ယခုကဲ့သို့ ပြဿနာများ ဖြစ်ပွားခြင်းဖြစ်
ကြောင်း ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

ဥပဒေ တွင် အဆောက်အအုံသစ်ဆောက်လုပ်ရန် သတ်မှတ်ထားသည့်အချက်များနှင့် ကိုက်ညီမှု
ရှိ မရှိ စိစစ်ပြီးနောက် ခွင့်ပြုသွားမည်ဆိုသည့်အချက်သည် စိစစ်ခွင့်ပြုနိုင်ရန် သက်ဆိုင်သည့်
အဖွဲ့အစည်းများတွင် ပါဝင်ပတ်သက်သူများကို အဂတိလိုက်စားမှုဖြစ်လာရန် တွန်းအားပေး သည့်
အချက်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"လုံးဝထပ်မံဆောက်လုပ်ခွင့် မပြုဘူးဆို မပြုဘူးဘဲ ဖြစ်ရမယ်။ အဲဒီလိုမဟုတ်ဘဲ ဥပဒေ မှာကို အလျော့အတင်းလုပ်ထားပေးတဲ့အတွက် ဆောက်လုပ်ရန်အချက်နဲ့ ကိုက်ညီကြောင်း တင်ပြမယ်။
မကိုက်ညီရင်လည်း ကိုက်ညီ ကြောင်း အတည်ပြုပေးဖို့အတွက် ပါဝင်ပတ်သက် သူတွေကို
လာဘ်ထိုးနိုင်မယ်။ ဆိုတော့ ဥပဒေ ကကို မပြတ်သားတဲ့အတွက် ဘေးထွက်ဆိုးကျိုး ကိုဖြစ်စေ
တာပဲ" ဟု ၎င်းက ပြောသည်။

အဆိုပါ Aye Yar River View Resort ၀င်းအတွင်း အဆောက်အအုံ ထပ်မံတိုးချဲ့ ဆောက်
လုပ်ခြင်းနှင့်ပတ်သက်၍ လတ်တလောတွင် စည်ပင်သာယာရေး ကော်ခွင့်ပြုချက်မရမီဆောက်
လုပ်ခြင်းအတွက် တားမြစ်ထားခြင်းသာဖြစ်ပြီး ဆောက်လုပ်ရန်ကိုက်ညီကြောင်း စိစစ်တွေ့ရှိပြီး
နောက်ပိုင်းမှသာ ဆောက်လုပ် ရန် သင့်မသင့်ကို ရှေးဟောင်းယဉ်ကျေးမှုဌာန က ထပ်မံစိစစ်
သွားမည်ဖြစ်ကြောင်း ဦးနိုင်ဝင်း က ပြောသည်။

ဥာဏ်လင်းအောင်  

ပါမစ်မရှိသည့် အဆောက်အအုံများအား အရေးယူသွားမည်


တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ခွင့်ပြုမိန့်ရ ဆောက်လုပ်ဆဲ ကန်ထရိုက်တိုက်ဆောက်အအုံတစ်လုံးကိုတွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ခွင့်ပြုမိန့်ရ ဆောက်လုပ်ဆဲ ကန်ထရိုက်တိုက်ဆောက်အအုံတစ်လုံးကိုတွေ့ရစဉ်။ ဓာတ်ပုံ - အောင်ဌေးလှိုင်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က ရန်ကုန်မြို့တွင်းရှိ ဆောက်လုပ်ရေးကန်ထရိုက်
များစည်းကမ်းရှိစေရန်အတွက် စည်ပင်သာယာမှ ဆောက်လုပ်ခွင့်ပါမစ်မရရှိ သေးသည့် ကန်ထရိုက်
တိုက်များအား ဖြိုဖျက် သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ
ရေးကော်မတီ ၏ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ဒုတိယဌာနမှူးဖြစ်သူ ဦးနေ၀င်းက
ပြောသည်။

"စည်ပင်သာယာဆီကနေ ဆောက်လုပ်ခွင့် မရဘဲနဲ့ ဆောက်နေကြတဲ့ ကန်ထရိုက်တိုက် အဆောက်
အအုံတွေကို ဖြိုဖျက်တဲ့အထိ အရေးယူသွားမှာ။ အထပ်မြင့်ကြီးတွေကိုတော့ တစ်လုံးလုံးဖြိုချမှာ
မဟုတ်ပေမယ့် စည်းကမ်းလိုက်နာအောင် စံနမူနာအနေနဲ့ စပြီးအုတ်မြစ်ချတည်ဆောက်နေတဲ့
အဆောက်အအုံတွေကို မဖြစ်မနေဖြိုဖျက် အရေးယူသွားမှာပါ" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။

ရန်ကုန်မြို့တွင်းရှိ ကန်ထရိုက်များမှာ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီထံတွင်
ဆောက်လုပ်ခွင့်တောင်းခံကာ တည်ဆောက် ရသော်လည်း အချို့ ကန်ထရိုက်အဆောက်
အအုံများမှာ ပါမစ်မရရှိဘဲတည်ဆောက်ကြ သည့်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာ
ရေးကော်မတီက အဆိုပါစည်းကမ်းမဲ့မှုများ အား ထိန်းသိမ်းနိုင်ရန် ထိုနည်းဥပဒေကိုရေးဆွဲ ခဲ့ပြီး
လွှတ်တော်ကလည်း အတည်ပြုပြီးဖြစ်သည်။

"ဒီလိုမျိုးတွေနည်းပါးအောင် စည်ပင်သာယာ ကဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာတွေကို
လွှတ်တော်ကိုတင်ပြခဲ့တယ်။ အခုလွှတ်တော် ကလည်း အတည်ပြုပြီးပြီဖြစ်တဲ့အတွက် ကျွန်တော်
တို့ နည်းဥပဒေအသစ်တွေရေးဆွဲပြီး လုပ်ဆောင်သွားမှာပါ။ အဲဒါကြောင့် နောက်ပိုင်း မှာ တစ်မြို့
နယ်ကို လေးငါးလုံးလောက် နမူနာ အနေနဲ့ ပါမစ်မရဘဲ စတင်ဆောက်နေတဲ့ ကန်ထရိုက်တိုက်
တွေကို ဖြိုဖျက်သွားမှာပါ" ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ကန်ထရိုက်အဆောက်အအုံ ဆောက်လုပ်သူများသည် စည်ပင်သာယာရေး ကော်မတီ
၏ ဆောက်လုပ်ခွင့်ပါမစ်မရရှိဘဲ တည်ဆောက်နေပါက နမူနာ ဖြိုဖျက်မှုများထဲတွင်မပါဝင်ရန်
ဥပဒေနှင့်အညီ တည်ဆောက်သွားသင့်ကြောင်း ၎င်းက ပြောသည်။ ထိုကဲ့သို့ ပါမစ်မရရှိဘဲ
တည်ဆောက်ထား သည့် ကန်ထရိုက်များမှာ အကြောင်းတစ်စုံ တစ်ရာပေါ်လာပါက အဆိုပါ
အဆောက်အအုံ တွင် နေထိုင်သူများ အခက်အခဲ ကြုံတွေ့ရမည် ဖြစ်သည့်အတွက် ယခုကဲ့သို့
စည်ပင်သာယာက အရေးယူလျှင် ပါမစ်မရဘဲတည်ဆောက်သည့် ကန်ထရိုက်များ လျော့နည်း
သွားနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုကဲ့သို့ ရန်ကုန်မြို့တော် စည်ပင်သာယာမှ ခွင့်ပြုချက် ပါမစ်မရရှိဘဲ
တည်ဆောက်လျက်ရှိသည့် အဆောက်အအုံပေါင်းမှာ ၂၀၁၃ ၁၄ ဘဏ္ဍာနှစ် တွင် အလုံးပေါင်း
၁,၀၀၀ ကျော်ရှိပြီး အဆိုပါ အဆောက်အအုံများအား တရားစွဲဆိုထားကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်မြိုကတော် စည်ပင်သာယာရေးမှ ၂၀၁၃ ၁၄ ဘဏ္ဍာနှစ်အတွင်းတွင် ဆောက်လုပ် ခွင့်ပြုထား
သည့် အထပ်မြင့်အဆောက်အအုံ မှာ ၆၂၅ လုံး၊ လုံးချင်း အဆောက်အအုံ ၂,၄၉၆ လုံးနျင့် ခြံစည်ရိုး
၁၃၂ ခုတို့ ဖြစ်သည်။

မြတ်ငြိမ်းအေး

လှိုင်သာယာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့၌ တိုက်ခန်းပေါင်း ၂၅,၀၀၀ ခန့်ကို ၂၀၁၄ - ၁၅ ဘဏ္ဍာနှစ်တွင် အပြီးဆောက်လုပ်မည်



နေ့စဉ် ၀င်ငွေနည်းပါးကာ အိမ်ရာလိုအပ်ချက် များစွာရှိလာသည့် ရန်ကုန်မြို့တွင်းရှိ အခြေခံ
လူတန်းစားများအတွက် ရည်ရွယ်ကာ တန်ဖိုး နည်းအိမ်ရာများကို တည်ဆောက်လျက်ရှိရာ
လှိုင်သာယာမြိုကနယ်ရှိ ရွှေလင်ဗန်းတန်ဖိုးနည်း အိမ်ရာ၊ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာများ
ကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း အပြီး ဆောက်လုပ်မည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုး
ရေးဦးစီးဌာန စီမံကိန်းဌာနခွဲဦးစီးအရာရှိ ဦးမင်းအောင်အေးက ပြောသည်။

လှိုင်သာယာမြိုကနယ်တွင် တည်ဆောက်နေ သော ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာနျင့် ကျန်စစ်မင်း
တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းပေါင်း ၅,၀၀၀ ကျော်ကို တစ်ခန်း လျှင် ကျပ်သိန်း ၁၂၀ ခန့်ဖြင့်
ရောင်းချပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး
ဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်သည်။ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် အနီး မြေတိုင်း
အမှတ် ၂၃ မှ ၂၆ ကြားတွင် တည်ဆောက်လျက်ရှိသော ရွှေလင်ဗန်း တန်ဖိုး နည်းအိမ်ရာစီမံကိန်း
ကို အဆင့်လေးဆင့်ခွဲကာ ပထမအဆင့်တွင် အခန်းတစ်ခန်းလျှင် ၄၆၈ စတုရန်းပေရှိ ၇၆၈ ခန်း
ပါဝင်မည့် ခြောက်ခန်းတွဲ အဆောက်အအုံ ၃၂ လုံး တည်ဆောက်မည် ဖြစ်သည်။

ဒုတိယ အဆင့်တွင် ၄၈၄ နျင့် ၅၂၈ စတုရန်းပေ အကျယ်ရှိသော အိမ်ခန်း ၄၉၆ ခန်း တည်ဆောက်
မည်ဖြစ်သည်။ ပထမအဆင့်နှင့် ဒုတိယအဆင့်များကို ၂၀၁၃ ၁၄ ဘဏ္ဍာနှစ် တွင် အပြီးဆောက်
လုပ်မည်ဖြစ်ပြီး တတိယ အဆင့်နှင့် စတုတ္ထအဆင့်များကို ၂၀၁၄ ၁၅ ဘဏ္ဍာနှစ်တွင် အပြီးဆောက်
လုပ်မည်ဖြစ်ကာ စုစုပေါင်း ၂,၂၅၆ ခန်း ပါဝင်မည်ဖြစ်ကြောင်းထိုစီမံကိန်းကို တာဝန်ယူလုပ်ဆောင်
နေသော ဦးမင်းအောင်အေးက ပြောသည်။

လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းပေါ် ရှိ တိုက်ခန်းပေါင်း ၂,၉၂၀ ခန်းပါဝင်သော ကျန်စစ်မင်း
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို လည်း ၂၀၁၄ ၁၅ ဘဏ္ဍာနှစ်တွင် အပြီး ဆောက်လုပ်မည်ဖြစ်သည်။

ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ၅၂ ဧက အကျယ်ရှိသော မြေနေရာတွင် တည်ဆောက်
မည်ဖြစ်သည်။ ထိုတန်ဖိုးနည်းအိမ်ရာများကို ပုံမှန်ဝင်ငွေရှိသော အစိုးရ၀န်ထမ်းများ၊့ င်စင်စားများ၊
ကုမ္ပဏီဝန်ထမ်းများ၊ ၀င်ငွေနည်းပြည်သူများ ကို ဦးစားပေးအဆင့်အလိုက် တစ်ခန်းလျှင် ကျပ်သိန်း
၁၂၀ ဖြင့် အရစ်ကျရောင်းချမည်ဖြစ်ပြီး ငွေပေးချေရာတွင် သတ်မှတ်ဘဏ်များမှတစ်ဆင့် အရစ်ကျ
ပေးချေသွားရမည် ဖြစ်သည်။

တိုက်ခန်းများ ရောင်းချမည့်လျှောက်လွှာပုံစံ ကို မေလတွင် နိုင်ငံတော်ပိုင် သတင်းစာများတွင် ကြေ
ညာမည်ဖြစ်ပြီး ကနဦးပေးချေရမည့်ငွေ၊ွှရစ်ကျပေးသွင်းရမည့် ပမာဏနှင့် အသုံးပြု မည့်ဘဏ်ကို
လည်း ကြေညာသွားမည် ဖြစ် သည်။ ဒဂုံဆိပ်ကမ်းမြိုကနယ်တွင် စတင်တည်ဆောက် နေသော
ဧရာဝဏ်နျင့် ရတနာတန်ဖိုးမျှတ အိမ်ရာစီမံကိန်းတို့တွင် တစ်ခန်းလျှင် စတုရန်း ပေ ၆၀၀ ရှိ ၂၄
ခန်းတွဲ ၁၈ ထပ်အဆောက်အအုံ ၄၉ လုံးတည်ဆောက်မည်ဖြစ်ပြီး စုစုပေါင်း တိုက်ခန်း ၁၉,၆၀၀
ခန်း ပါဝင်မည်ဖြစ်သည်။

"အခုဆောက်နေတဲ့စီမံကိန်းက တန်ဖိုးမျှတ အိမ်ရာဖြစ်လို့ အစိုးရကချပေးတဲ့ ငွေအပေါ်မှာ
မူတည်ပြီး ဆောက်လုပ်ရတာဖြစ်တဲ့အတွက် ဈေးကိုတော့လောလောဆယ် အတိအကျ
ထုတ်ပြောဖို့ စောပါသေးတယ်။ တတ်နိုင်သလောက်တော့ အသက်သာဆုံးလျှော့ပြီး ရောင်းဖို့
စီစဉ်သွားမှာပါ။ အသေးစိတ်ကိုတော့ သတင်းစာမှာ ကြေညာပေးသွားမှာပါ" ဟု ဧရာဝဏ်နှင့်
ရတနာ တန်ဖိုးမျှတအိမ်ရာစီမံကိန်း တာဝန်ခံက ပြောသည်။

တင်ရတနာထွန်း

ငှားရမ်းသူ များပြားလာခြင်းကြောင့်၊ကွန်ဒိုအငှားဈေးများ မြင့်တက်



လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစတင် ဈေးမြင့်တက်လာ သည့် ကွန်ဒိုတိုက်ခန်း အရောင်းနှင့် အငှားဈေး
များမှာ ဆက်လက်မြင့်တက်လျက်ရှိပြီး အထူး သဖြင့် အငှားဈေးကွက် ပိုကောင်းလာကြောင်း
အိမ်ခြံမြေလုပ်ငန်း ကျွမ်းကျင်သူများက ပြော သည်။

ရန်ကုန်မြို့လယ် ခြောက်မြို့နယ်နှင့် အခြားမြို့နယ်များအတွင်း အချက်အချာကျသောလမ်းမကြီး
များပေါ်ရှိ ၀န်ဆောင်မှု မြင့်မား သော ကွန်ဒိုများ၏ ငှားရမ်းခနှုန်းများမှာ အဆမတန်မြင့်မားလျက်
ရှိကြောင်း ၎င်းတို့က ပြောသည်။

ထိုကဲ့သို့ ဈေးကွက်ကျယ်ပြန့်လာရခြင်းမှာ နိုင်ငံခြားသားများ ငှားရမ်းနေထိုင်မှုများခြင်းကြောင့်
ယခုနောက်ပိုင်းတွင် ရန်ကုန် မြို့၏ အချက်အချာကျသောနေရာများ၌ ၀န်ဆောင်မှု ကောင်းသည့်
အခန်းကျယ် ကွန်ဒိုမီနီယံ အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်လာခြင်းကြောင့် ဖြစ်ကြောင်း
လည်း လုပ်ငန်းရှင်များက ပြောသည်။ သို့သော် ရန်ကုန်မြို့၏ လက်ရှိ ကွန်ဒို ဈေးကွက်တွင် ငှား
ရမ်းနေထိုင်လိုသူ ပိုများပြီး အငှားနှုန်းမြင့်တက်လာခြင်းကြောင့် အငှားဈေး မှာ သိသာစွာမြင့်တက်
လာကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ အထွေထွေအတွင်းရေးမှူးဖြစ်သူ
ဒေါ်မို့မို့အောင်က မြန်မာ တိုင်း(မ်)ကို ပြောသည်။

"ရန်ကုန်မြို့က ကွန်ဒိုအငှားဈေးတွေ မြင့် လာတယ်။ အခန်းအကျယ်နဲ့ ၀န်ဆောင်မှုပေါ် မူတည်တဲ့
အတွက် ၀န်ဆောင်မှုကောင်းပြီး အခန်းကျယ်လေ ပိုပြီးဈေးများလေပဲ။ ဈေးတွေ တက်တာကတော့
ငှားမယ့်အခန်းကနည်းနေပြီး ငှားမယ့်သူတွေက များနေလို့ပါ။ အခုနောက်ပိုင်း မှာတော့ ကွန်ဒိုမီနီယံ
တွေ တော်တော်ဆောက် လာကြပါတယ်။ ဒါပေမဲ့လည်း လက်ရှိ ဈေးကွက်ထဲမှာ ရှိတဲ့အခန်းထက်
ငှားမယ့် နှုန်းက အဆမတန်ပိုများနေတော့ ဈေးတွေက အလိုလိုမြင့်တက်ကုန်တယ်" ဟု ၎င်းက
ပြောသည်။

ရန်ကုန်မြို့ရှိ ကွန်ဒိုဈေးကွက်တွင် ရောင်းဈေး မှာ တစ်စတုရန်းမီတာလျှင် ကျပ် ၂၀၀,၀၀၀ နှင့်
၃၀၀,၀၀၀ ကြားရှိပြီး အငှားဈေးမှာ နေထိုင်သူ များအတွက် ပြင်ဆင်ပေးထားသော အိမ်သုံး
ပရိဘောဂများနှင့် ကွန်ဒိုတွင် ပါဝင်ရမည့် အင်္ဂါရပ်များပေါ်တွင်မူတည်ကာ တစ်လလျှင် အနည်း
ဆုံး ကျပ် ၁၅ သိန်းမှ သိန်း ၃၀ အထိရှိကာ အမြင့်ဆုံး ၄၅ သိန်းအထိ ပေါက်ဈေးရှိကြောင်း
လုပ်ငန်းရှင်များက ပြောသည်။

ကွန်ဒိုမီနီယံများ၏ အခန်းအကျယ်များသည် စတုရန်းပေ ၁,၂၅၀၊ ၂,၀၀၀၊ ၂,၅၀၀ နှင့် ၃,၀၀၀
အထိရှိကြပြီး တည်နေရာနှင့် အချက်အချာကျမှု၊ ပါဝင်သည့် အထူးဝန်ဆောင်မှုများ ဖြစ်သည့်
ကားပါကင်၊ အားကစားလေ့ကျင့်ရေးစင်တာ၊ ဈေးဝယ်စင်တာများနှင့် အပန်းဖြေနေရာများအပြင်
ပရိဘောဂအပြည့်အစုံပါရှိမှု များပေါ်မှုတည်ကာ ငှားရမ်းခဈေးနှုန်းများ ကွာဟမှုရှိကြောင်း လုပ်ငန်း
ရှင်များက ပြော သည်။

အခန်းအကျယ် စတုရန်းပေ ၁,၂၅၀ ခန့်ရှိ ကွန်ဒိုတစ်ခန်းမှာ ငှားရမ်းခ ကျပ် ၁၅ သိန်းဝန်းကျင်
ခန့်ရှိပြီး အထူးဝန်ဆောင်မှုများ ပါဝင် သည့် စတုရန်းပေ ၃,၀၀၀ ခန့်ထိရှိသော တိုက်ခန်းငှားရမ်းခ
မှာ ၄၅ သိန်းခန့်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များက ပြောသည်။

ယခုနောက်ပိုင်းတွင် တည်ဆောက်လာကြ သည့် ကွန်ဒိုမီနီယံများမှာ ကွန်ဒိုများနှင့်မတူဘဲ ပုံစံများ
ပြောင်းလဲကာ ပိုမိုအဆင့်မြင့်သောပုံစံများဖြင့် တည်ဆောက်လာကြကြောင်း ဒေါ်မို့ မို့အောင်က
ပြောသည်။

"အရင်က ဓာတ်လှေကားပါရင် ကွန်ဒိုလို့ သတ်မှတ်ကြတယ်။ အခုနောက်ပိုင်း ကွန်ဒိုမီနီယံတွေက
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့တည်ဆောက်လာကြတော့ အဆင့်အတန်းမီလာကြတယ်။ ဒီဇိုင်းတွေ
ရော ကွန်ဒိုမီနီယံ တစ်ခုမှာပါသင့်တဲ့ဝန်ဆောင်မှုတွေကိုပါ မဖြစ်မနေထည့်ပြီး တည်ဆောက်လာ
ကြတယ်။ ဒီလို ပြောင်းလဲလာသလို ဈေးတွေကလည်း ပိုပြီး ကောင်းလာကြတယ်" ဟု ၎င်းက
ပြောသည်။

အိမ်ခြံမြေ အကျိုးဆောင်များကလည်း ရန်ကုန်အိမ်ခြံမြေဈေးကွက်တွင် လုံးချင်းအိမ် နှင့် မြေငှားရမ်း
ရောင်းဝယ်သည့်လုပ်ငန်းထက် ကွန်ဒိုအငှားနှင့် ရောင်းဝယ်မှုများက ပိုမို ကောင်းမွန်လျက်ရှိကြောင်း
ပြောသည်။၏

"လတ်တလော အိမ်ခြံမြေဈေးကွက်ထဲမှာ တော့ လုံးချင်းအိမ်တွေ မြေတွေ ၀ယ်ရောင်း လုပ်တာ
ထက် ကွန်ဒိုအငှားနဲ့ အရောင်းအ၀ယ် တွေ ပိုများလာတာကို တွေ့ရ တယ်။ တချို့ရင်းနှီး မြှုပ်နှံတဲ့
သူတွေတောင် အိမ်တွေခြံတွေကို မလုပ်တော့ဘဲ ကွန်ဒိုတွေဘက်ကို လှည့်လာကြတယ်။ ၀ယ်
ထားပြီး ပြန်ငှားတာတွေလည်း လုပ်လာ ကြတယ်။ ဒါကလည်း ကွန်ဒိုဈေးကွက် က ပိုသွက်လာပြီး
ငှားမယ့်သူလည်းများလို့ပါ" ဟု မိုးမြင့်သော်တာ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူ
မမြတ်သူက ပြောသည်။

ရန်ကုန်မြို့ ကမ်းနားလမ်း၊ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာ လမ်းမကြီးများ ပေါ်တွင် တည်ရှိ
သော ကွန်ဒိုများနှင့် အင်းလျားလမ်းနှင့် ပြည်လမ်းတစ်လျှောက်ရှိ ကွန်ဒိုမီနီယံများမှာ လက်ရှိ
ကွန်ဒိုဈေးကွက်အတွင်း အငှား သွက်ကာ ဈေနှုန်းများမြင့်တက်လျက်ရှိသော နေရာများဖြစ်ကြောင်း
အိမ်ခြံမြေလုပ်ငန်းရှင်များ က ပြောသည်။

ယခုနောက်ပိုင်း ရန်ကုန် အင်းစိန်လမ်းမကြီး တစ်လျှောက်တွင်လည်း ကွန်ဒိုမီနီယံများ တည်
ဆောက်လာပြီး ဈေးနငန်းများလည်း ကောင်းမွန်လျက်ရှိသည်။ ၂၀၁၂ ခုနှစ်ခန့်မှစတင်၍ ဈေးနှုန်း
များ မြင့်တက်လာသော ရန်ကုန်မြို့၏ ကွန်ဒိုငှားရမ်းခနှုန်းသည် ယခုနှစ်တွင် ၅၀ ရာခိုင်နှုန်း ခန့်
ဆက်လက်မြင့်တက်ခဲ့ပြီး နိုင်ငံခြားသားများ ငှားရမ်းနေထိုင်မှုနှုန်းနျင့် ကုမ္ပဏီရုံးခန်းများ ဖွင့်လှစ်မှု
နှုန်းမှာလည်း ပြီးခဲ့သည့်နှစ်မှစတင် ခါ သိသာစွာမြင့်တက်လာခဲ့ပြီး လွန်ခဲ့သော နှစ်များထက်
ထက်ဝက်ကျော်ခန့် မြင့်တက်လာကြောင်း အိမ်ခြံမြေလုပ်ငန်း ကျွမ်းကျင်သူ များက ပြောသည်။

ထို့ပြင် ကွန်ဒိုမီနီယံများတည်ဆောက်မှုတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၌ ၅၀ ရာခိုင်နှုန်းမှာ
မြေတန်ဖိုးဖြစ်သည့်အတွက် မြေတန်ဖိုးများ မြင့်မားမှုများကြောင့် ကွန်ဒိုဈေးနှုန်းများလည်းမြင့်မား
လာပြီး ယခုထက်ပိုမိုသက်သာသည့်ကွန်ဒိုမီနီယံများ တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်
အစိုးရက မြေယာများတိုးချဲ့ကာ နေရာချထားပေးမှသာလျှင် ကွန်ဒိုမီနီယံများ ယခုထက်ပိုမိုပေါ်
ထွက်လာကာ ဈေးနငန်းများ လည်းကျဆင်းသွားနိုင်မည်ဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်း ကျွမ်းကျင်
သူများနျင့် ကွန်ဒိုမီနီယံတည်ဆောက်သူများက ပြောသည်။

မြတ်ငြိမ်းအေး

တိုက်ခန်း ရောင်း၊ ဝယ်၊ ငှား ဈေးနှုန်းများ ၃ဝ ရာခိုင်နှုန်းခန့် တက်

ရန်ကုန်မြို့ရှိ တိုက်ခန်းအရောင်းအ ဝယ်နှင့် အခန်းငှားရမ်းခဈေးနှုန်းများမှာ ယခင်နှစ်ထက် ၃ဝ ရာခိုင်နှုန်းခန့်ထိ ဈေးနှုန်းမြင့်တက်လာသည်ဟု အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောသည်။

၂ဝ၁၃ ခုနှစ်အတွင်း တစ်ပေပတ် လည်မြေဈေးနှုန်းများ ထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့ရှိ မြေအရောင်းအဝယ်ဈေးကွက် အေးစက်သွားခဲ့ပြီးနောက်တွင် အရောင်း အဝယ်လုပ်သူများအနေဖြင့် တိုက်ခန်း အရောင်းအဝယ်ဈေးကွက်ဘက်သို့ ဝင် လာခြင်းကြောင့် ဈေးနှုန်းများမြင့်တက် လာခြင်းဖြစ်သည်ဟု ယင်းတို့ကပြော သည်။

စိုင်းခွန်နောင် အိမ်ခြံမြေဝန်ဆောင် မှုလုပ်ငန်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးရန်အောင်က ''တိုက်ခန်းအရောင်းအဝယ် ရော၊ အငှားဈေးပါ ရန်ကုန်မြို့တစ်ခုလုံး အတိုင်းအတာနဲ့ ဈေးတက်လာတယ်။ မြေ ဘက်မှာ အရောင်းအဝယ်တွေတန့်ပြီး နောက်မှာ ဝယ်ရောင်းတွေက တိုက်ခန်း ဘက်ကို ပြန်လှည့်လာတယ်။ တိုက်ခန်း အရောင်းအဝယ်တွေလည်း တော်တော် ဖြစ်ကြတယ်။ နှစ်ဆန်းကတည်းက အ ရောင်းအဝယ် သိသိသာသာဖြစ်လာနေ တယ်''ဟု မဇ္ဈိမသို့ ပြောသည်။

ယခုအချိန်တွင် အိမ်ခြံမြေရောင်းဝယ် မှု အခွန်နှုန်းထား ၃၇ ရာခိုင်နှုန်းအား ၂၂ ရာခိုင်နှုန်းသို့ ပြင်ဆင်လျှော့ချရန် လွှတ် တော်တွင် ဆောင်ရွက်လျက်ရှိသောကြောင့် အိမ်ခြံမြေအရောင်းအဝယ် အခွန်နှုန်းထား များ လျော့ကျသွားရန်ရှိနေသည့်အတွက် လုပ်ငန်းရှင်များက မြေယာအရောင်းအဝယ် ထက် တိုက်ခန်းအရောင်းအဝယ်ဘက်သို့ ပိုမိုအာရုံစိုက်လာကြခြင်းဖြစ်သည်ဟု ယင်း က ဆိုသည်။

တာမွေမြို့နယ်မှ အိမ်ခြံမြေအကျိုး ဆောင် ဦးစိန်ဝင်းက ''ဒီဘက်မှာ တိုက်ခန်း အငှားဈေးတွေက အရင်ကထက် သုံး သောင်းကနေ ငါးသောင်းကြားလောက် ကို ဈေးတက်လာတယ်။

တိုက်ခန်းအရောင်း မှာလည်း ဒီလမှာ သိန်း ၁ဝဝ လောက်နဲ့ ဝယ်ပြီးနောက် တစ်လလောက်လဲကြာရော ၁၂ဝ လောက်နဲ့ ပြန်ရောင်းကြတာမျိုးရှိ တယ်။  အရောင်းအဝယ်ဈေးကွက်မှာတော့ ဈေးမြင့်ပြီးခေါ်နေကြတာပါပဲ''ဟု ပြောသည်။

အစိုးရက တစ်ပေပတ်လည်မြေဈေး နှုန်း သတ်မှတ်ချက်ထုတ်ပြန်ပြီးနောက် တွင် မြေအရောင်းအဝယ်များ တန့်သွားခဲ့ သော်လည်း ဈေးနှုန်းများမှာမူ ဆက်လက် မြင့်တက်နေဆဲဖြစ်ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များထံမှသိရသည်။

ဦးရန်အောင်က ''အိမ်ခြံမြေမူဝါဒတွေ က ခဏခဏပြောင်းနေတယ်။ တစ်ပေပတ် လည်ဈေးနှုန်းထွက်တာ လပိုင်းပဲရှိသေး တယ်။ အိမ်ခြံမြေအခွန်လျှော့မယ့်သတင်း နဲ့ တစ်ပေပတ်လည်မြေဈေးနှုန်းပါ ပြောင်း သွားနိုင်တယ်ဆိုတဲ့ သတင်းတွေက အမျိုး မျိုးထွက်နေတဲ့အတွက် မြေဘက်မှာ အ ရောင်းအဝယ်အေးနေတယ်။

တိုက်ခန်း တွေဘက်မှာတော့ ဝယ်ရောင်းတွေက အ ရောင်းအဝယ်လုပ်ကြတော့ ဝယ်လိုအား ကများပြီး ဈေးကတက်လာတယ်'' ဟု ပြောသည်။ နိုင်ငံခြားသားအများဆုံး ငှားရမ်းဖွင့် လှစ်သည့် ရန်ကုန်မြို့ရှိ နေရာအကွက် ကောင်းသည့် ကွန်ဒိုတိုက်ခန်းငှားရမ်းခ ဈေးနှုန်းများမှာ တစ်လလျှင် ကျပ်သိန်း  ၂ဝမှ သိန်း ၃ဝ ကြားရှိပြီး ယခင်နှစ်ထက် ဈေးနှုန်းနှစ်ဆနီးပါး မြင့်တက်ခဲ့ခြင်းဖြစ် သည်ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း များက ပြောသည်။

Mizzma

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြေဧက ၇၀ ခန့်တွင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် အဆောက်အအုံ စီမံကိန်း လုပ်ငန်းများကို အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြေဧက ၇၀ ခန့်တွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ မြို့ပြအိမ်ရာ စီမံကိန်း၊ ယာဉ်ရပ်နားစခန်းနှင့် မြို့ပြအိမ်ရာ စီမံကိန်း၊ အဆင့်မြင့်ယာဉ်ရပ်နားရန် အဆောက်အအုံ စီမံကိန်းများကို ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး တင်ဒါခေါ်ယူရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တင်ဒါထုတ်ပြန်ချက်အရ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံရှိ မြေဧက ၁၀ ဒသမ ၉၃ ဧက၊ ဒဂုံမြို့သစ်မြောက်ပိုင်း ရာဇဓိရာဇ်လမ်းရှိ မြေဧက ၄၀ ဒသမ ၄၉၃ ဧက၊ ကြည့်မြင်တိုင်ဈေးကြီးလမ်းရှိ ၀ ဒသမ ၃၆၄ ဧက စသည့်မြေနေရာများတွင် မြို့ပြအိမ်ရာစီမံကိန်း လုပ်ငန်းများကို အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒဂုံမြို့သစ်အရှေ့ပိုင်း မင်းရဲကျော်စွာလမ်းရှိ မြေ ၁၁ ဧကတွင် တန်ဖိုးမျှတအိမ်ရာ စီမံကိန်း လုပ်ငန်းဆောင်ရွက်ရန်၊ ဗိုလ်တစ်ထောင်မြို့နယ်အတွင်း မဟာဗန္ဓုလမ်းနှင့် သိမ်ဖြူလမ်းထောင်ရှိ မြေ ၃ ဒသမ ၀၆၈ ဧကနှင့် ၄၅ လမ်းရှိမြေ ၂ ဒသမ ၅၆၁ ဧကတို့တွင် မြို့ပြအိမ်ရာစီမံကိန်းနှင့် ယာဉ်ရပ်နားစခန်း၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေ ၀ ဒသမ ၁၀၃ ဧကတွင် အဆင့်မြင့် ယာဉ်ရပ်နားရန် အဆောက်အအုံ စီမံကိန်း စသည့်လုပ်ငန်းများကို အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းတို့တွင် လုပ်ဆောင်မည့် မြို့ပြအိမ်ရာစီမံကိန်း လုပ်ငန်းများအတွက် တင်ဒါပုံစံတစ်စုံလျှင် ဒေါ်လာသုံးရာ (သို့) ကျပ်သုံးသိန်း ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါတင်သွင်းပါက အာမခံအဖြစ် ပြည်တွင်း (သို့) မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်က လက်ခံနိုင်သည့် ဒေါ်လာ ငါးသောင်းတန်ဖိုးရှိ ဘဏ်အာမခံ ပါဝင်ရမည်ဖြစ်ပြီး ယင်းဘဏ်အာမခံကို ပြည်ပဘဏ်မှ ထုတ်ပေးခြင်းဖြစ်ရမည်ဟု သိရသည်။

ကြည့်မြင်တိုင်၊ ဗိုလ်တထောင်နှင့် ကမာရွတ်မြို့နယ်တို့တွင် လုပ်ဆောင်မည့် စီမံကိန်းလုပ်ငန်းများအတွက် တင်ဒါပုံစံ တစ်စုံလျှင် ဒေါ်လာငါးရာ (သို့) ကျပ်ငါးသိန်းဖြင့် ၀ယ်ယူနိုင်ပြီး တင်ဒါတင်သွင်းပါက အမေရိကန်ဒေါ်လာ တစ်သိန်းတန်းဖိုးရှိ ဘဏ်အာမခံ ပါဝင်ရမည်ဟု သိရသည်။  

EMG

စီးပွားရေးလုပ်ငန်းများအတွက် ကုမ္ပဏီရုံးခန်းဖွင့်လှစ် လုပ်ကိုင်ရန် လူကြိုက်များသည့်နေရာ ဖြစ်လာသည့် မြို့လယ်က ဒဂုံမြို့နယ်



မြင့်တက်လာသည့် ပြည်တွင်းပြည်ပစီးပွားရေးရင်းနှီးမြှုပ်နှံမှုများကြောင့် ရန်ကုန်မြို့တွင်း စီးပွားရေး လုပ်ငန်းများမှာ ၂၀၁၃ ခုနှစ်အတွင်း သိသာစွာများပြားလာခြင်းကြောင့် ရန်ကုန်မြို့ ၏ အချက် အချာကျသည့်နေရာတွင်ရှိသည့် ဒဂုံမြို့နယ်သည် ပြည်တွင်းပြည်ပလုပ်ငန်းများ ကုမ္ပဏီနှင့် ရုံးခန်းဖွင့်လှစ်အခြေချရာ မြို့နယ်တစ်ခု ဖြစ်လာကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များက ပြောသည်။

"ဒဂုံမြို့နယ်က အရင်ကတည်းက မြို့လယ်နဲ့ လည်းနီးတယ်။ အချက်အချာကျတဲ့နေရာမှာလည်း ရှိပြီး စည်ကားတဲ့နေရာထဲမှာပါတယ်။ အခုနောက်ပိုင်းမှာ နိုင်ငံတကာက အဖွဲ့အစည်း တွေ စီးပွား ရေးရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဝင်လာ တော့ ဒဂုံမြို့နယ်ကို သူတို့ရဲ့ ကုမ္ပဏီတွေရုံးခန်း တွေ ဖွင့်ဖို့ ရွေး လာကြတယ်။ ဟိုတယ်နဲ့ ဘဏ် တွေလည်းရှိ မြို့လယ်ကောင်နဲ့လည်းနီးပြီး သွားရေးလာရေးက လည်း အဆင်ပြေတော့ ဒဂုံမြို့နယ်ကို ရွေးလာကြတယ်" ဟု မြပန်းသခင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ကိုမင်းမင်းစိုး က ပြောသည်။

ထိုသို့တိုးမြင့်လာသည့် စီးပွားရေးလုပ်ငန်းများကြောင့် ဒဂုံမြို့နယ်အတွင်း ကွန်ဒိုတိုက်ခန်းတည် ဆောက်မှုများမှာလည်း များပြားလာပြီး အရောင်းနှင့် အငှားဈေးနှုန်းများလည်း မြင့်တက်လာကာ ကုမ္ပဏီနှင့်ရုံးခန်းများသီးသန့်ဖွင့်လှစ်နိုင်ရန်အတွက် စီးပွားရေးစင်တာများ ကိုလည်း တည်ဆောက် လာခဲ့သည်။

"ဒဂုံမြို့နယ်က အချက်အချာကျတဲ့အတွက် အိမ်ခြံမြေနဲ့ ကွန်ဒိုတိုက်ခန်းဈေးနှုန်းတွေက အစကတည်းက ဈေးမြောက်တယ်။ ဒါပေမဲ့ အခု နောက်ပိုင်းမှာ ပိုပြီးဈေးတွေမြင့်လာတယ်။ စီးပွားရေးလုပ်ငန်း တော်တော်များများ ကလည်းဒဂုံမြို့နယ်ထဲက ကွန်ဒိုနဲ့ တိုက်ခန်းတွေမှာ ရုံးခန်းနဲ့ ကုမ္ပဏီတွေဖွင့်ဖို့အတွက် ပိုပြီး စိတ်ဝင်စားလာတော့ အငှားဈေးနှုန်းတွေက အရမ်းမြင့် တယ်" ဟု ၎င်းကပြောသည်။

ဒဂုံမြို့နယ်၏ ကွန်ဒိုတိုက်ခန်း အငှားဈေးနှုန်း မှာ စတုရန်းပေ ၁,၅၅၀ ရှိသည့်တစ်ခန်းကို တစ်လ လျှင် ကျပ်သိန်း ၂၀ ရှိပြီး ရန်ကုန်မြို့ ကွန်ဒိုတိုက်ခန်းငှားရမ်းမှု၏ ၇၀ ရာခိုင်နှုန်းခန့် မှာ ဒဂုံမြို့နယ် တွင်အများဆုံးဖြစ်ကာ ငှားရမ်း သူအများစုမှာ နိုင်ငံခြားသားများဖြစ်ကြောင်း ဖီးနစ် အိမ်ခြံမြေ အကျိုးဆောင် ပိုင်ရှင် ကိုထွန်းထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"အကျိုးဆောင်တစ်ယောက် အမြင်နဲ့ပြောရရင်တော့ ကွန်ဒိုငှားတဲ့နေရာမှာ ဒဂုံမြို့နယ်က အများ ဆုံးပဲ။ ဒီထဲမှာ နိုင်ငံခြားသားတွေငှားတာက ပိုများတယ်။ နောက်ပြီး ကုမ္ပဏီနဲ့ ရုံးခန်းဖွင့်ဖို့အတွက် လည်း ကွန်ဒိုနဲ့ တိုက်ခန်းငှားတာတွေ တော်တော်များလာတယ်။ မြို့ထဲနဲ့ နီးတဲ့နေရာဆို ယောမင်း ကြီးလမ်းနဲ့ မြို့ထဲနဲ့နည်းနည်း ဝေးတဲ့နေရာဆို ပြည်လမ်းမပေါ်နဲ့ ဦးဝိစာရလမ်းတွေက ကွန်ဒိုတိုက် ခန်းတွေ အငှားသွက်တယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် ဒဂုံမြို့နယ်အတွင်း ကုမ္ပဏီနှင့် ရုံးခန်း များ သီးသန့်တည်ရှိနိုင်မည့် စီးပွားရေးစင်တာများကို လည်း တည်ဆောက်လျက်ရှိကြောင်း ၎င်းက ပြောသည်။ "ဒဂုံမြို့ထဲဘက်မှာဆိုရင် လပြည့်ဝန်း ပလာဇာ က ဈေးဝယ်စင်တာမဖွင့်တော့ဘဲနဲ့ ရုံးခန်းတွေ သီးသန့်ဖွင့်တဲ့ စီးပွားရေးစင်တာမျိုးပြန်ဖွင့်ဖို့ ပြင်ဆင်နေကြတယ်။ နောက်ပြီး ဒဂုံမြို့နယ် ပြည်လမ်းမပေါ်မှာရှိတဲ့ အရင်နိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အအုံကိုလည်း ပြန်ပြင် ပြီးတော့ စီးပွားရေးစင်တာဆိုပြီး ဆောက်နေတယ်။

ဒါတွေအားလုံးက မကြာခင်ဒဂုံမြို့နယ်ထဲမှာ စီးပွားရေးစင်တာတွေဖြစ်လာမယ့် ဥပမာတွေပဲ။ နောက် ထပ်လည်း ဒီလိုစီးပွားရေးစင်တာတွေ ဒဂုံမြို့နယ်ထဲမှာ တိုး လာဦးမှာပါ" ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ပြောင်းလဲလာသည့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသည့်အခြေ အနေများအပေါ်မူတည်ကာ လုပ်ငန်း ပြောင်းလဲလာခြင်းဖြစ်ကြောင်း လပြည့်ဝန်း ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးဖြစ်သူ မခင်ထွေးလှိုင် က ပြောသည်။

"ကျွန်မတို့က ပလာဇာထဲမှာရှိတဲ့ဆိုင်ခန်းတွေကိုမဖွင့်တော့ဘူးဆိုပြီး ပြောင်းခိုင်းတာမျိုး မဟုတ် ပါဘူး။ ဆိုင်ခန်းတွေကိုယ်တိုင်က ဈေးကွက်စီးပွားရေးအရ ဈေးဝယ်စင်တာတွေ အရမ်းများလာလို့ ဒီကနေပြောင်းသွားကြတာ လို့ပဲ မြင်ပါတယ်။ ပလာဇာမှာ ဆိုင်ခန်းတွေမရှိတော့ ဒီနေရာတွေမှာ လိုအပ်ချက်များနေတဲ့ ရုံးခန်းတွေ၊ ကုမ္ပဏီတွေ လာဖွင့်နိုင်ဖို့အတွက် ပိုပြီးအဆင်ပြေသွားတာပေါ့" ဟု ၎င်းက ပြောသည်။

ထို့ပြင် ဒဂုံမြို့နယ် ပြည်လမ်းမတွင် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သော June XI စီးပွားရေးစင်တာမှာလည်း အဆောက်အအုံ ပြင်ဆင်မှုပိုင်းပြီးမှသာ စတင် ငှားရမ်းမည် ဖြစ်သည်။

အဆိုပါစင်တာအတွင်း ရှိ ရုံးခန်းငှားရမ်းခမှာ ပြည်လမ်းမအားမျက်နှာ မူထားသည့်အခန်းများမှာ တစ်ပေပတ်လည်လျှင် ကျပ် ၂၀၀,၀၀၀ ၀န်းကျင်ခန့်ဖြစ်ပြီး အနောက် ဘက်ခြမ်းရှိအခန်းများမှာ တစ်ပေပတ်လည် လျှင် ကျပ် ၈၀,၀၀၀ ၀န်းကျင် ဈေးပေါက် လျက်ရှိသည်။

ဒဂုံမြို့နယ်၏ ကွန်ဒိုတိုက်ခန်းငှားရမ်းမှု ဈေးနှုန်းမှာ ၂၀၁၂ ခုနှစ်ခန့်တွင် ပျှမ်းမျှ ကျပ်ဆယ်သိန်းဝန်း ကျင်ခန့်သာရှိခဲ့ပြီး ၂၀၁၃ ခုနှစ် မှစတင်ခါ ဈေးနှုန်းများမြင့်တက်လာရာ ယခု အခါတွင် ပျမ်းမျှ ကျပ် သိန်း ၂၀ ခန့်အထိ ဈေးမြင့် လာခြင်းဖြစ်သည်။ ဒဂုံမြို့နယ်တွင် ရုံးခန်းဈေးများသည် ပြီးခဲ့ သည့်နှစ် ထက် ၄၀ ရာခိုင်နှုန်းခန့် ထပ်တိုး မြင့် တက်ခဲ့ပြီး အဆင့်မြင့်အဆောက်အအုံ ထပ်တိုး တည်ဆောက် မှုများ မပြီးစီးသေးသည့်အချိန်ထိ ရုံးခန်းလိုအပ်ချက်များဆက်လက်ရှိနေနိုင်ပြီး ဈေးများလည်းမြင့် တက်လာနိုင်သေးကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ ရုံးခန်း မရှိသလောက်ရှားနေတယ်။ အရင်က ခရီးသည် တွေ မလာလို့ ဟိုတယ်တွေမှာပဲ ရုံးခန်းဖွင့်တာ များတယ်။ အခု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာပြီး နိုင်ငံခြား သားခရီးသည်တွေ အလာများလာလို့ ဟိုတယ်တွေတောင် အခန်းမလောက်ဖြစ်လာ ပြီး ကုမ္ပဏီ ရုံးခန်းတွေ မငှားနိုင်တော့လို့ စည်ကားတဲ့ ဒဂုံမြို့နယ်ကတိုက်ခန်းတွေမှာ ပြောင်းရွှေ့ဖွင့်လာကြ တာ"ဟု စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရန်အောင်က ပြောသည်။

ယင်းကဲ့သို့ စီးပွားရေးပွင့်လင်းလာမှုနှင့် အတူ ခရီးသွားလုပ်ငန်းမှာလည်း ပိုမိုဖွံ့ဖြိုးလာသည့်အတွက် ဟိုတယ်များတွင် ရုံးခန်းများ မဖွင့်လှစ်နိုင်တော့သည့်အတွက် ရုံးခန်း လိုအပ်ချက် မြင့်မားလာမှုသည် လည်း ဒဂုံမြို့နယ်တွင်သာမက ရန်ကုန်မြို့တွင်းရုံးခန်းအငှားဈေးများ ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။

"အထပ်မြင့်အဆောက်အအုံတွေ မဆောက်ပြီးခင်အထိ ရုံးခန်းလိုအပ်ချက်တွေက ဆက်ရှိနေဦးမှာပဲ။ ဆင်ခြေဖုံးနေရာတွေမှာ အဆင့်မြင့် အဆောက်အအုံတွေပေါ်လာပြီး ၂၀၁၅ နောက်ပိုင်းလောက်မှာ ရုံးခန်းနဲ့ တိုက်ခန်း ဈေး သက်သာသွားနိုင်တယ်။ ဆောက်လုပ်ဆဲ အဆင့် မြင့် အဆောက်အအုံတွေ မပြီးခင်ထိ ဈေး ဆက် တက်နိုင်တယ်" ဟု ၎င်းက ဆက်ပြောသည်။ ထို့ပြင် ဒဂုံမြို့နယ်ရှိလမ်းများ သည် နိုင်ငံတကာ အဆင့်မီလမ်းများဖြစ်သည့်အတွက် နိုင်ငံခြားသားများမှာ အခြားမြို့နယ်များ ထက် ဒဂုံမြို့နယ်တွင် ရုံးခန်းဖွင့်ရန် ပိုစိတ်ဝင်စားကြကြောင်း ဦးရန်အောင်က ပြောသည်။

ဒဂုံမြို့နယ်သည် အချက်အချာကျသော နေရာတွင်တည်ရှိပြီး အဆောက်အအုံ အသစ် များ တည် ဆောက်ရန် ကန့်သတ်မှုများ များပြား သည့်အတွက် ဒဂုံမြို့နယ်၏ ကွန်ဒိုတိုက်ခန်းနှင့် ရုံးခန်းဈေး များ ထပ်မကျနိုင်သေးသော်လည်း မြို့ပြင်ဧရိယာများတွင် နိုင်ငံတကာအဆင့်မီအဆောက်အအုံ များ ထပ်တိုးတည်ဆောက်ပြီး ပါက ဈေးများငြိမ်သွားနိုင်ကြောင်း ကျွမ်းကျင် သူများက ပြောသည်။

MM Times

မြရည်နန္ဒာအိမ်ရာ စီမံကိန်းမေလပြီးမည်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းမှ ကနဦး တည်ဆောက်နေသော အဆောက်အအုံများကို၂ဝ၁၄ခုနှစ်၊ မေလ တွင် အပြီးတည်ဆောက်သွားရန် ခန့်မှန်း ထားကြောင်း မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''လက်ရှိတည်ဆောက်နေတဲ့ အကွက် နှစ်ကွက် (မမ ၁၅၊ ၁၆)က မေလမှာ ပြီးဖို့ မှန်းထားတယ်။ ဒါပြီးရင် ဘတ်ဂျက်အခြေ အနေအရ ဆက်ဆောက်သွားမယ်။ ဈေး နှုန်းကတော့ အထပ်လိုက်မှာ နည်းနည်းစီ ကွာသွားမယ်''ဟု ၄င်းက ပြောသည်။

မမ - ၁၅ အကွက်ပေါ်တွင် အခန်း ပေါင်း ၈၆၄ ခန်းရှိသော ရှစ်ခန်းတွဲ လေး ထပ် အဆောက်အအုံ၂၇လုံးနှင့် မမ - ၁၆ အကွက်ပေါ်တွင် အခန်းပေါင်း ၄၈ဝ ရှိ သည့် လေးခန်းတွဲလေးထပ်အဆောက် အအုံအလုံး ၃ဝ တည်ဆောက်လျက်ရှိသည်။

အဆိုပါ အခန်းများ တည်ဆောက်ရန် ပြည်ပမှ နည်းပညာများ ရယူကာ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဘတ်ဂျက်ဖြင့် ၂ဝ၁၃ခုနှစ် စက်တင်ဘာ ၁ဝ ရက်က ကနဦးတည် ဆောက်ခဲ့သည်။

တည်ဆောက်မည့် အထပ်နှင့် အခန်း နေရာအလိုက် ဈေးနှုန်းသတ်မှတ်ချက်ကွာ ခြားသွားမည်ဖြစ်ပြီး မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီက အဆိုပါ စီမံကိန်း၏ မြေညီထပ်အခန်းများကို အခကြေး ငွေဖြင့် နှစ်ရှည်ငှားရမ်းကာ ရရှိလာသည့် ငွေကြေးဖြင့် နောက်ထပ်အဆောက်အ အုံများ ထပ်တိုးတည်ဆောက်မည်ဖြစ်သည်။

၎င်းအိမ်ရာစီမံကိန်းက အဆောက်အ အုံများ ပြန်လည်ရောင်းချရာတွင်လည်း ယခုနေရာ၌ ယခင်က ရောင်းမှား၊ ဝယ်မှား ဖြစ်ခဲ့သူများနှင့် အစိုးရဝန်ထမ်း ပင်စင်စား များကို စာရင်းကောက်ယူ၍ အဓိကဦး စားပေး ရောင်းချသွားမည်ဖြစ်သည်။

Mizzima

“ အစုရှယ်ယာတစ်စုကို ကျပ် ၁၀၀၀၀ နှုန်းနဲ့ ၀ယ်ယူနိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်သလို လူတစ်ယောက်တည်းကလည်း လက်ဝါးကြီးအုပ် ၀ယ်မသွားနိုင်အောင် လုပ်ဆောင်ပေး ပါ့မယ်။ ဒီစီမံကိန်းကို နိုင်ငံတကာကလည်း စိတ်ဝင်စားမှုရှိနေတဲ့အပြင် စီမံကိန်း အမြန်ဆုံးတိုးတက်ဖို့အတွက်အမှန်တကယ်ရင်းနှီးမြှပ်နှံခွင့်ပြုမယ့် ကုမ္ပဏီဆိုင်ရာအချက်အလက် တွေကို မတ်လအတွင်း ထုတ်ပြန်ပေးပါ့မယ်’’ ဟု ဦးဝင်းအောင်က ဆိုသည်။

သီလ၀ါအထူး စီးပွားရေးဇုန်အဖြစ် မြေဧက ၆၀၀၀ နီးပါးအား ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း နယ်နိမိတ်သတ်မှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ယင်းသို့သတ်မှတ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ နယ်နိမိတ်တိုင်းတာပြီးစီးမှု အမှတ်ပေါင်း ၁၇၉ ခုဖြစ်သည့် နယ်မြေဧရိယာ စတုရန်း ကီလိုမီတာအားဖြင့် ၂၃ ဒသမ ၄၂၂၁ (ဧရိယာ အကျယ်အ၀န်းအားဖြင့် ၅၇၈၇ ဒသမ ၇၁၈ ဧက)ကို သီလ၀ါအထူး စီးပွားရေးဇုန်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

သီလ၀ါအထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ခဲ့သည့် နယ်နိမိတ်အတွင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ ဖန်ချက်စက်ရုံ၊ ဖိနပ်စက်ရုံများအပါအ၀င် ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ ရပ်ကွက်များနှင့် ဘာသာရေးအဆောက်အအုံများ အသုံးပြုထားသည့် အ၀န်းအ၀ိုင်းများတည်ရှိရာ ၁၃၄၅ ဒသမ ၆၄၄ ဧကကို ချန်လှပ်ထားရမည်ဟု ထည့်သွင်းဖော်ပြထားကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်းဝင်ရောက်မြှပ်နှံလိုသည့် နိုင်ငံတကာကုမ္ပဏီအများအပြား ရှိနေသော်လည်း မြေဈေးနှုန်းကြီးမြင့်လွန်းသည်ဟုဆိုကာ ရင်းနှီးမြှပ်နှံမှုများ တွန့်ဆုတ်နေသောကြောင့် ဂျပန်နိုင်ငံနှင့် ပူးပေါင်းတည်ထောင်မည့် သီလ၀ါအထူးစီးပွားရေး ဇုန်စီမံကိန်းတွင် မြေဈေးနှုန်းသတ်မှတ်မှုအား လက်ရှိ ရန်ကုန်မြို့၏ စက်မှု ဇုန်ဈေးနဥှုန်းများထက် နည်းပါးစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးဝင်းအောင်ကပြောသည်။

Daily Eleven

မြို့ပြအိမ်ရာများ တင်ဒါခေါ်မည်

မြို့ပြအိမ်ရာစီမံကိန်း၊ တန်ဖိုးမျှတအိမ်ရာစီမံကိန်း၊ မြို့ပြအိမ်ရာ စီမံကိန်းနှင့် ယာဉ်နားစခန်းအဆင့်မြင့် ယာဉ်နားစခန်းအဆင့်မြင့်ယာဉ်ရပ်နားရန် အဆောက်အအုံစီမံကိန်းများကို မနက်ဖြန်တင်ဒါခေါ်ဖို့ ကြော်ငြာမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။
တင်ဒါခေါ်ဖို့ ကြော်ငြာကို နိုင်ငံပိုင်သတင်းစာမှ ကြော်ငြာမယ်လို့သိရပါတယ်။ တင်ဒါစာရွတ်စာတမ်းတွေကို ဖေဖော်ဝါရိ 25 ရက်နေ့ရုံးချိန်အတွင်းအင်ဂျင်နီယာဌာန (အဆောက်အအုံ) ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှာ ၀ယ်ယူနိုင်ပါတယ်။
တင်ဒါစာရွတ်စာတမ်းအပြည့်အစုံကို အမေရိကန်ဒေါ်လာ သုံးရာမြန်မာကျပ်ငွေသုံးသိန်းနဲ့ အမေရိကန်ဒေါ်လာ ငါးရာ မြန်မာကျပ်ငွေငါးသိန်းနဲ့ရောင်းချမယ်လို့ သိရပါတယ်။
တင်ဒါတွေကို 2014 မတ်လ 31ရက်နေ့နောက်ဆုံးထားပြီး အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှာ တင်ရပါမယ်။
တင်ဒါခေါ်ပြီးဆောက်ရွတ်မယ့်နေရာက မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ကမာရွတ်မြို့နယ်တို့မှာ စီမံကန်းဆောင်ရွတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ရွှေလင်ပန်း၊ ကျန်စစ်မင်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အိမ်ရာစီမံကိန်းများမှရရှိမည့် အိမ်ခန်းပေါင်း 25000 ခန့်အား တစ်ခန်းလျှင် ကျပ်သိန်း 120 ခန့်ဖြင့် အရစ်ကျရောင်းချမည်



ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြို့ရေးဦးစီးဌာနမှ တည်ဆောက်နေသည့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း၊ ကျန်စစ်မင်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက် နေသည့် ဧရာဝဏ်နှင့် ရတနာတန်ဖိုးနည်းအိမ်ရာစီမံကိန်းများမှ အိမ်ခန်းယူနှစ်ပေါင်း 25000 ခန့်ရရှိမည်ဖြစ်ရာ တစ်ခန်းလျှင် ကျပ်သိန်း 120 ခန့်နှင့် ဘဏ်ချေးငွေစနစ်ဖြင့် အရစ်ကျရောင်းချပေးမည်ဖြစ်ကြောင်း ပို့ဆောင်ဆက် သွယ်ရေးဆောက်လုပ်ရေးဆပ်ကော်မတီ၏ ဖေဖော်ဝါရီ 11 ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ၀င်ငွေနည်းပြည်သူများ၏ အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တန်းဖိုးနည်းအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် ရွှေလင်ပန်းတန်ဖိုး နည်းအိမ်ရာစီမံကိန်းကို အပိုင်းလေးပိုင်းခွဲ၍ အဆင့်လိုက် အကောင်အထည်ဖော်ဆောင်ရွတ်လျက်ရှိကြောင်း သိရသည်။

အဆိုပါစီမံကိန်းအရ 2013-2014 ခုနှစ်တွင် ပထမအဆင့်အနေဖြင့် အခန်းတစ်ယူနစ် (468 စတုရန်းပေ)ရှိ ခြောက်ခန်းတွဲ လေးထပ်အဆောက်အုံ 32 လုံး၊ အခန်းယူနှစ်ပေါင်း 768 ခန်းနှင် ဒုတိအဆင့်တွင် အခန်းတစ်ယူနစ် (484 စတုရန်းပေ) နှင့် (528 စတုရန်းပေ) ရှိ ရှစ်ခန်းတွဲ လေးထပ်အဆောက်အအုံ 16 လုံး၊ အခန်းယူနစ်ပေါင်း 496 ခန်းအား အကောင်အထည်ဖော်ဆောင်ရွတ်နေကြောင်း သိရသည်။

အဆိုပါစီမံကိန်းမှ အပိုင်း (၃) နှင့် အပိုင်း (၄) ကို 2014-2015 ဘဏ္ဍနှစ်တွင်ပြီးစီးရန် ဆောက်လုပ်မည် ဖြစ်သဖြင့် ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အခန်းပေါင်း 2000 ကျော်ရရှိမည်ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းအား 2014-2015ဘဏ္ဍနှစ်တွင်စတင်အ ကောင်အထည်ဖော်ဆောက်ရွက်
မည်ဖြစ်ပြီးခန်းယူနစ်ပေါင်း 2920 ခန်းရရှိမည်ဖြစ်ကြောင်း ပို့ဆောင်ဆက် သွယ်ရေး ဆောက်လုပ်ရေးဆပ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တန်ဖိုးသင့်တင့်၍ အများပြည်သူများ ၀ယ်ယူနိုင်စွမ်းရှိသည့်အိမ်ရာ (Affor dable Housing) အား ရန်ကုန် တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေပြီး အခန်းတစ်ယူနစ် (600 စတုရန်းပေ) ရှိ 24 ခန်းတွဲ 18 ထပ် အဆောက်အအုံ 49 လုံးတည်ဆောက်နေသဖြင့် အခန်းယူနစ်ပေါင်း 19600 ရရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာများ၏အခန်းတစ်ခန်းတန်ဖိုးအား ကျပ်သိန်း 120 ခန့်ဖြင့် ရောင်းချမည်ဖြစ်ပြီး စီမံကိန်းဆောင်ရွတ်ပြီးပါက ပွင့်လင်းမြင်သာမှုရရှိရန်အတွက် သတင်းစာမှ လျှောက်လွှာခေါ်ယူ၍ ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

တန်ဖိုးနည်းနှင့် တန်ဖိုးမျှတ၍ ၀ယ်ယူနိုင်စွမ်းရှိသော အိပ်ခန်းများအား ရောင်းချရာတွင် ပုံမှန်ဝင်ငွေရှိ နိုင်ငံ ၀န်ထမ်းများ၊ ပင်စင်စားများ၊ ကုမ္ပစီဝန်ထမ်းများ၊ ၀င်ငွေနည်း ပြည်သူများစသည်ဖြင့် ဦးစားပေးအဆင့်အလိုက် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းများအား ကျပ်သိန်း 120 ခန့်ဖြင့် ရောင်းချရာတွင် တိုက်ခန်းတန်ဖိုးများအား ဘဏ်ချေး ငွေစနစ်ဖြင့် အရစ်ကျပေးချေနိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေး ဆောက်လုပ်ရေးဆပ်ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Daily Eleven

အိမ်ခန်းငှားခများ ယမန်နှစ်ထက် ငါးဆယ်ရာခိုင်နှုန်းနီးပါး ဈေးတက်

အိမ်ခြံမြေ ဈေမြင့်မားစမှုကြောင့် အပိုင်ဝယ်ယူနိုင်ခြင်းမရှိဘဲ ငှားရမ်းမှုသာ များလာပြီး အခန်းငှားခများ ယခင်နှစ်ထက် ၅၀ရာခိုင်နှုန်းနီးပါးထိ ဈေးမြင့်လာ ကြောင်း အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းများမှသတင်းရရှိသည်။
"မနှစ်က သိန်းနှစ်ဆယ်တန်က သုံးဆယ်ဖြစ်တယ်။ ဆယ်သိန်းတန်က ဆယ့်ငါးသိန်းလောက်ထိ တက်လာတယ်" ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှု အသင်း ဒုတိယဥက္ကဌ ဦးသန်းဦးက ပြောကြားသည်။
လက်ရှိပြည်တွင်း အိမ်ခြံမြေ ဈေးကွက်မှာ အရောင်းအပယ်ထက် အငှားကသာ ဦးဆောင်နေပြီး နိုင်ငံခြားသားငှားရမ်းမှုလည်း မြင့်တက်လာကြောင်း အကျိုးဆောင် များကပြောသည်။
တရုတ်နှင့် ကိုရီးယားနိုင်ငံမှ အများဆုံးငှားရမ်းကြပြီး အနောက်နိုင်ငံသားများ လည်းရှိသည်ဟု ဆိုသည်။ အထူးသဖြင့် ကွန်ုဒိုတိုက်ခနမ်းများသာ ငှားရမ်းမှုများပြီး လုံးချင်းအိမ်များတွင် သံတမန်အများစုငှားရမ်းနေထိုင်ကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ်မှ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကဆိုသည်။
အိမ်ခြံမြေ အရောင်းအ၀ယ်မှာ လက်ရှိအချိန်တွင် ကျပ်သိန်းသုံးထောင်မှ ငါးထောင်ကြားတန်ဖိုးရှိသော အရောင်းအ၀ယ်အနည်ငယ်ရှိပြီး မြို့သစ်များရှိ ပါမစ်မြေ ကွက်များမှာ အရောင်းအ၀ယ်ပိုဖြစ်နေသည်။
မြောက်ဒဂုံ၊ သန်လျင်၊ ရွှေပြည်သာမြို့နယ်များရှိ ပါမစ်မြေကွက်များမှာ ယခုရက်ပိုင်းတွင် ကျပ်သိန်းသုံးရာမှ သိန်းလေးရာကြား အရောင်းအ၀ယ်ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များကပြောသည်။

7 Days

တံတားဦးဟိုတယ်ဇုန်စီမံကိန်းအတွက် မြေယာလျော်ကြေး ပေးအပ်နေပြီး ယခုနှစ်အတွင်း စီမံကိန်းစတင်မည်

မန္တလေးတိုင်းဒေသကြီး တံတားဦးဟိုတယ်ဇုန် စီမံကိန်းအတွက် မြေယာ လျော်ကြေးများ စတင်ပေးအပ်နေပြီး ယခုနှစ်အတွင်း စီမံကိန်းစတင်အကောင် အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။

လွန်ခဲ့သည့် တစ်လခန့်မှ စတင်ကာ စီမံကိန်းအတွင်းပါဝင်သော မြေယာ များအတွက် မြေတစ်ဧကလျှင် ကျပ်သိန်း 50 နှုန်းဖြင့် နစ်နာကြေးပေးခြင်းဖြစ်ကြောင်း တံတားဦးဟိုတယ်ဇုန်စီမံကိန်းဖွံ့ဖြိုးရေးအဓိကလုပ်ဆောင်မည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်တွင်ပါဝင်သော မန္တလေးတိုင်းဒေသကြီး ဟိုတယ်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်အောင်ကပြောသည်။

"စီမံကိန်းဧရိယာထဲမှာ ပါတဲ့ မြေတွေကို နစ်နာကြေးပေးနေပါပြီ။ တည်ဆောက် ရေး လုပ်ငန်းတွေကိုတော့ အခုလာမယ့် ဘတ်ဂျက်နှစ်ထဲမှာ စတင်ဆောင်ရွက်မှာပါ" ဟု ဦးမြင့်အောင်ကပြောသည်။
မြန်မာ့ခရီးသွား ကဏ္ဍတွင် ဟိုတယ်လိုအပ်ချက် ပြည့်မီစေရန်နှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းသို့လာရောက် လည်ပတ်သူများတည်းခိုနေထိုင်ရန်အတွက် တံတား ဦးဟိုတယ်ဇုန် စီမံကိန်းကို တံတားဦးမြိုကအနီး မြေဧက ၅၄၈၈ ပေါ်တွင် တည်ဆောက်မည်ဖြစ်သည်။ ယင်းစီမံကိန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးများ လုပ်ဆောင်မည်ဖြစ်သည်။

စီမံကိန်း ဧရိယာတွင် တံတားဦးမြို့နယ်အတွင်းမှ ကတိုးဆိပ်ရွာ၊ ခေါင်းကွဲရွာ၊ လက်ဆောင်ယူရွာ၊ ကျီးပင်ရွာ၊ ငါးရာပြားရွာစသည်တို့ ပါဝင်ကြောင်း၊ မြေယာ လျော်ကြေးနှင့် ပတ်သက်၍ စီမံကိန်းအကောင်အထည်ဖော်မည့် အဖွဲ့နှင့် ဌာနဆိုင်ရာများက ဒေသခံများအား ရှင်းရှင်းလာရောက်အသိပေးမှု မရှိသော်လည်း သီးနှံစိုက်ပျိုးဖြစ်ထွန်းမှုနည်းသော မြေယာများ ပိုင်ဆိုင်သည့် တောင်သူများက လျော်ကြေး ငွေကျပ်သိန်း ၅၀ ထုတ်ယူကြောင်း ဒေသခံများကပြောသည်။

"စီမံကိန်းအကြောင်း လာရှင်းပြတာ၊ မြေယာလျော်ကြေးကိစ္စ ညှိနှိုင်းတာတော့ မရှိဘူး။ ဒါပေမယ့် တချို့တောင်သူတွေကတော့ လျော်ကြေးငွေ ထုတ်ယူကြတယ်။ မြေယာမှတ်ပုံတင်ပုံစံ (၇)ကျပြီးသား တောင်သူတွေက မန်းလေးသွားပြီး လျော်ကြေး ငွေ ထုတ်ယူကြတယ်"ဟု ခေါင်းကွဲ ကျေးရွာမှ တောင်သူတစ်ဦးကပြောသည်။ လက်ရှိ အချိန်ထိ မြေဧက ၂၀၀ ကျော်အတွက် နစ်နာကြေးငွေပေးအပ်ပြီးဖြစ်ကြောင်း ဦးမြင့်အောင်ကပြောသည်။

တံတားဦးဟိုတယ်ဇုန်စီမံကိန်းအတွင်း ပါဝင်သောမြေယာများသည် ဧရာဝတီမြစ်ရေ သောက်နုန်းတင၈်ကျွန်းနုမြေများ ဖြစ်ကြောင်း၊ မြေသြဇာ ကောင်းမွန် ပြီး သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသောကြောင့် တောင်သူအချို့မှာ မြေယာစွန့်လွှတ်မှု မရှိဟု ခေါင်းကွဲရွာမှ တောင်သူအချို့ပြောသည်။

7 Days

***မြန်မာနိုင်ငံအတွင်းရှိ ငါးပုစွန်ကန်များမှာ မှတ်ပုံတင်ခွင့် ရရှိနေပြီဖြစ်ရာ ပိုင်ဆိုင်ကြောင်း အထောက်အထားရှိပါက ဘဏ်များတွင် တရားဝင် ပေါင်နှံခွင့်ရမည်***

မြန်မာနိုင်ငံအတွင်းရှိ ငါးပုစွန်ကန်များမှာ ပိုင်ဆိုင်ကြောင်း အထောက်အထားအဖြစ် မှတ်ပုံတင်ခွင့်ရရှိနေပြီ ဖြစ်ပြီး ပိုင်ဆိုင်မှု အထောက်အထားရှိပါက ဘဏ်များတွင် တရားဝင်ပေါင်နှံခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါး လုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ ငါးပုစွန်ကန်ပေါင်း ၄၅၀၀၀၀ ခန့်ရှိပြီး ငါး၊ ပုစွန်ကန်အနည်းစုသာ လန ၃၉ ရှိကြပြီး အများစုမှာ ငါးမွေးမြူရေး နှစ်စဉ် လုပ်ဆောင်နေသည့် လုပ်ငန်းလိုင်စင်သာရှိသည့်အတွက် ဘဏ်များ ၏ စည်းမျဉ်းအရ ပိုင်ဆိုင်ကြောင်း အထောက်အထားအဖြစ် မသတ်မှတ်သည့်အတွက် အာမခံအနေဖြင့် ပေါင်နှံခွင့် မရသေးကြောင်း သိရသည်။
“ ငါးကန်၊ ပုစွန်ကန်ပိုင်ရှင်တွေက ပိုင်ဆိုင်ခွင့် မှတ်ပုံတင်လုပ်ခွင့်ရှိပါတယ်။ အခုလက်ရှိ မြေယာဥပဒေအရ လယ်သမားတွေကို ပိုင်ဆိုင်ခွင့်မှတ်ပုံတင်တွေပြုလုပ်ပေးနေပါတယ်။ ဘာအခွင့်အရေးတွေ ခံစားခွင့်ရှိလဲဆိုရင် ဒီ လယ်ယာမြေနဲ့ ငါးကန်၊ ပုစွန်ကန်ကို ဘဏ်မှာ တရားဝင်ပေါင်ခွင့်ရမယ်။ နောက် ဒီကန်တွေကို တရားဝင် ရောင်းခွင့်ရမယ်။ နောက်ထပ် အမွေပေးလို့ရတယ် ” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေး မှူး ဦးဝင်းကြိုင် က ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းရှင်များအား ကမ္ဘာ့ရတနာဘဏ်မှ ချေးငွေထုတ်ချေးလျက်ရှိ ကြောင်း သိရပြီး ငါး၊ ပုစွန်ကန်များ ပိုင်ဆိုင်ကြောင်း အထောက်အထားများ ပြနိုင်ပါက မွေးမြူရေးလုပ်ငန်းရှင်များ အား ယူနိုက်တက်အမရာဘဏ်မှ ချေးငွေများ ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ မှတ်ပုံတင်ခွင့်ပြုတယ်လို့ ခွင့်ပြုထားပေမယ့် စလုပ်ရမှာက ငါးကန်၊ ပုစွန်ကန် ပိုင်ရှင်တွေစပြီး လျှောက် ရမှာပါ။ ဘယ်ကမှ လာပြီးလုပ်ပေးမှာ မဟုတ်ပါဘူး။ မှတ်ပုံတင်လို့ အခက်အခဲ အဟန့်အတားတွေရှိရင် ဖြေရှင်းလို့ ရတဲ့ အခြေအနေတွေရှိပါတယ်။ ကျွန်တော်တို့မှာ အရင်းအနှီး နည်းနေတယ်လို့ ပြောနေကြတယ်။ ကိုယ့်ရဲ့ ငါးကန်၊ ပုစွန်ကန်ပိုင်ဆိုင်မှု အထောက်အထားနဲ့ ဘဏ်တွေမှာ ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းစနစ်အရ ငွေချေးခွင့်ရ တယ်ဆိုရင် ကျွန်တော်တို့အတွက် အတိုးသက်သာတဲ့ အရင်းအနှီးရမယ်။ ဒီအတွက် ကုန်ထုတ်လုပ်မှုလည်း တက် လာမယ်။ အကျိုးအမြတ်တွေလည်းရနိုင်တယ်” ဟု အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ဆက်လက်ပြော ကြားသည်။

EMG

မော်လမြိုင်စက်မှုဇုန် စီမံကိန်းမြေ သတင်းကြိုတင်ရသူများ လိုက်လံဝယ်ယူ

မွန်ပြည်နယ်အစိုးရက ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင်လုပ်ကိုင်မည်ဟု စီမံကိန်းရေးဆွဲထား သော မော်လမြိုင်စက်မှုဇုန် (ကျောက်တန်းစက်မှုဇုန်) မြေများကို ပြည်နယ်အစိုးရနှင့် နီးစပ်ပြီး သတင်းအချက် အ လက် ကြိုတင်ရရှိထားသည့် အဖွဲ့အစည်းများက လက်ဦးမှုရယူကာ လိုက်လံဝယ်ယူလျက်ရှိကြောင်း မော်လမြိုင် မြို့ ကျောက်တန်းရပ်ကွက်တွင် နေထိုင်သူများက ပြောကြားသည်။
အဆိုပါ စက်မှုဇုန်ကို တပ်မတော် အစိုးရလက်ထက် ၁၉၉၇ ခုနှစ်ကတည်းက သတ်မှတ်ထားသော မြေနေ ရာတွင် ပြန်လည်တည်ဆောက်ရန် မွန်ပြည်နယ် အစိုးရက စီစဉ်ထားခြင်းဖြစ်ကြောင်း မွန်ပြည်နယ် စက်မှုဝန်ကြီး ဌာန ၀န်ကြီး ဦးနိုင်လ၀ီအောင် က ပြောကြားသည်။
အဆိုပါ စက်မှုဇုန်မြေနေရာအဖြစ် သတ်မှတ်ထားသော လယ်ယာမြေများကို မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးရေးကော်မတီ အထောက်အကူပြု ကော်မတီ၊ လယ်ယာမြေစီမံခန့်ခွဲကော်မတီတို့တွင် ပါဝင်ခွင့်ရရှိထားသည့် စီးပွားရေး လုပ်ငန်းရှင်အချို့က လိုက်လံဝယ်ယူနေခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ အတွင်းရေးမှူး ဦးလှရှိန်က ဆိုသည်။
အဆိုပါ စက်မှုဇုန်စီမံကိန်းအတွက် မြေဧက ၂၅၄ ဧက သတ်မှတ်ထားရာ အဆိုပါ ကော်မတီတွင်ပါဝင် သော စီးပွားရေးလုပ်ငန်းရှင်အချို့က မြေဧက ၂၀၀ နီးပါး လက်ဦးမှုရယူကာ ၀ယ်ယူခဲ့ကြောင်း အဆိုပါ ရပ်ကွက် တွင်နေထိုင်သူ ဦးသောင်းရှိန်က ရှင်းပြသည်။
“ ဒီစီမံကိန်းရှိတယ်ဆိုတာ ပြည်သူတွေကို အစိုးရအပါအ၀င် အထောက်အကူပြု ကော်မတီတွေက ချပြ ဖို့ တာဝန်ရှိတယ်။ အဲ့လို ချပြရမယ့်အစား သူတို့ကိုယ်တိုင် လိုက်ဝယ်နေတာတော့ မဖြစ်သင့်ဘူး ” ဟု ဦးလှရှိန် က ဆိုသည်။
အဆိုပါ စီမံကိန်းအတွက် မြေ လိုက်လံဝယ်ယူမှုများ ရှိနေသည်ကို သိရှိထားခြင်းမရှိကြောင်း၊ ယင်း စက်မှုဇုန်မြေနေရာတွင် စက်ရုံတည်ဆောက်ရန်အတွက် လျှောက်ထားသည့် ကုမ္ပဏီတစ်ခုသာ ရှိသေးကြောင်း၊ အဆိုပါ ကုမ္ပဏီက မြေ ၂၇ ဒသမ ၅ ဧကကို လျှောက်ထားခဲ့ကြောင်း မွန်ပြည်နယ် စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးနိုင်လ၀ီအောင် က ဆိုသည်။
အဆိုပါ စက်မှုဇုန်စီမံကိန်းအတွင်းရှိ လယ်ယာမြေများသည် ကာလပေါက်ဈေး တစ်ဧက ကျပ် ငါးသိန်း နီးပါးသာရှိသောလည်း ကျပ် နှစ်ဆယ့်နှစ်သိန်းမှ ကျပ်သိန်း ငါးဆယ်အထိ ပေးဝယ်နေကြောင်း ဦးသောင်းရှိန် က ဆိုသည်။
“ စက်မှုဇုန်က မြေကိုပိုင်တိုင်း စက်ရုံဆောက်ခွင့်ရမှာ မဟုတ်ပါဘူး။ တကယ် စက်ရုံတည်မယ့်သူတွေကို ပြည်နယ်အစိုးရက ရင်းနှီးမြှုပ်နှံခွင့်ပြုသွားမယ်။ ဒါပေမဲ့ ဒီမြေအားလုံးကိုတော့ တစ်ဦးတစ်ယောက်တည်း ပိုငဆိုင် ခွင့်တော့မပြုဘူး။ ဆောက်မယ့်စက်ရုံကသေးပြီး မြေနေရာများနေရင်လည်း ခွင့်မပြုဘူး။ နောက် အဲဒီစက်ရုံက ဘေးထွက်ဆိုးကျိုး ဘယ်လောက်ရှိလဲ၊ ဒေသခံတွေကို ဘယ်လောက်အလုပ်ပေးနိုင်မလဲဆိုတာတွေကြည့်ပြီးမှ ခွင့် ပြုမှာပါ ” ဟု ဦးနိုင်လ၀ီအောင် က စက်မှုဇုန်စီမံကိန်းမြေလက်ဦးမှုရယူခြင်းနှင့် ပတ်သက်ပြီး မွန်ပြည်နယ်အစိုးရက ချမှတ်ထားသည့် မူဝါဒကို ရှင်းပြသည်။
အစိုးရက မြေဧက ၂၅၄ ဧကကို စက်မှုဇုန်မြေနေရာအဖြစ် သတ်မှတ်ပေးထားကြောင်း၊ ယင်းကြောင်း အဆိုပါ စက်မှုဇုန်နယ်မြေအတွင်း လယ်ယာမြေပိုင်ဆိုင်ထားသော လယ်သမားများကို ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးနိုင်လ၀ီအောင် က ဆိုသည်။
အဆိုပါ မြေနေရာတွင် ၁၉၉၇ ခုနှစ်ကတည်းက တပ်မတော်အစိုးရက စက်မှုမြေနေရာအဖြစ် သတ်မှတ် သိမ်းယူခဲ့ပြီး စီမံကိန်းစတင်ရန် လမ်းများနှင့် တံတားများ တည်ဆောက်အပြီးတွင် စီမံကိန်းပြန်ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။
၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ယင်းစက်မှုဇုန်မြေနေရာ၏ မူလပိုင်ရှင်ျားကို လယ်ယာလုပ်ပိုင်ခွင့် ပြန်လည်ပေးအပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ဖိုးနည်းအိမ်ရာတိုက်ခန်းများကို ဘဏ်ချေးငွေ ၊ အရစ်ကျပေးချေစနစ်ဖြင့် ပင်စင်စား ၊ ၀န်ထမ်းနှင့် ပုံမှန်ဝင်ငွေရှိသူများသို့ ဦးစားပေးရောင်းချမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်နေသည့် တန်ဖိုးနည်းအိမ်ရာများရှိ တိုက်ခန်းခကို ဘဏ်ချေးငွေ ၊ အရစ်ကျ ပေးချေစနစ်ဖြင့် ပင်စင်စား ၊ ၀န်ထမ်းနှင့် ပုံမှန်ဝင်ငွေရှိသူများသို့ ဦးစားပေးစနစ်ဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်စိန်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ၊ အ.ထ.က (၄) အလုံတွင် ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ
ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့် ဦးဆောင်သည့်အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်ညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာများကိုမည်သည့်ပုံစံမျိုးနှင့်ရောင်းချသွားမည်ဆိုသည်ကို သိလိုကြောင်း မေးမြန်းခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးခင်စိန်က ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ရန်ကုန်မြို့မှာ တည်ဆောက်နေတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ကျပ်သိန်း 120 ပတ်ဝန်းကျင်နဲ့ ရောင်းချသွားမှာပါ။ ဒီလို ရောင်းချရာမှာလည်း ပွင့်လင်းမြင်သာမှုရှိစွာ သတင်းစာကနေ ခေါ်မယ်။ဈေးနှုန်းကိုတော့ ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့နဲ့ညှိပြီး ရောင်းချသွားမှာပါ" ဟုလည်း
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ အိမ်ရာများကို ကျပ်သိန်း 120 အထက် မကျော်စေပဲရောင်းချတော့မည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

သို့သော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်အကောင်အထည်လျက်ရှိသည့် တန်ဖိုးနည်း ၊ တန်ဖိုးမျှတအိမ်ရာ အချို့မှာ ကျပ်သိန်း 200 ၀န်းကျင်ခန့် ကုန်ကျမည်ဖြစ်သောကြောင့် အမှန်တကယ်လိုအပ်နေသူများ ၀ယ်ယူနိုင်စွမ်းမရှိသည့်တိုက်ခန်းဈေးနှုန်းများဖြစ်နေကြောင်းလည်း
ဝေဖန်မှုအချို့ရှိနေသည်။

လုံးချင်းအိမ် ၊ကွန်ဒိုနှင့်တိုက်ခန်းအိမ်ဝယ်ယူလိုသူများ
ချေးငွေလိုအပ်ပါက ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ ထို့ပြင် မိမိပိုင်မြေပေါ်တွင် အထပ်မြင့်အိမ်ရာနှင့် လုံးချင်းအိမ်ဆောက်လုပ်လိုသော မြေပိုင်ရှင်များလည်းချေးငွေလိုအပ်ပါက ဆက်သွယ်နိုင်ကြောင်း ၊ဆောက်လုပ်ရေးအထူးချေးငွေအနေဖြင့် ဆောက်လုပ်ရေးကုမ္ပဏီကြီးများ
ချေးငွေလိုပါကလည်း အဆိုပါဘဏ်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ှSource : Daily Eleven

***ဆင်ခြေဖုံးမှာလည်း ကန်ထရိုက်နဲ့ အကျိုးတူဆောက်လာ***

အခန်းပေး အခန်းယူစနစ်နဲ့ အကျိုးတူဆောက်လုပ်တဲ့ ကန်ထရိုက် အထပ်မြင့်ဆောက်လုပ်မှုတွေ မြို့တွင်း အပြင် ဆင်ခြေဖုံးနဲ့ မြို့သစ်တွေမှာပါ တွေ့လာရပါတယ်။
အရင်ကတော့ ကိုယ်ပိုင်နေဖို့ဆောက်တဲ့ သုံးထပ်၊ သုံးထပ်ခွဲသာ အမြင့်ဆုံးဖြစ်ပြီး ပုဂ္ဂလိက အိမ်ရာတွေ လောက်သာရှိတာပါ။
အကျိုးတူ
မြောက်ဒဂုံမြို့နယ် ၂၇ ရပ်ကွက်နေ မြေရှင်တစ်ဦးက “ ငါးထပ်မြင့် ဆောက်ဖို့ လာစပ်တဲ့ ကန်ထရိုက်ရှိ တယ်၊ ဒါပေမဲ သုံးထပ်ခွဲပဲ ဆောက်ခွင့်ရလို့ မကိုက်ဘူးဆိုပြီး မဆောက်ဖြစ်တာ၊ အရင်က သင်္ဃန်းကျွန်းမြို့နယ် ဘက်သာ ဆောက်ကြတာများတယ်၊ အခုကျတော့ ဒီဘက်မှာလည်း အကျိုးတူဆောက်တာတွေ ရှိလာတယ်၊ နေစရာလည်း မပျောက်ဘူး၊ အပိုဝင်ငွေကလည်း ငှားစားရင် ရတယ်၊ ပြန်ရောင်းပြီး စီးပွားရေးလုပ်လည်း ရတာ ကြောင့် အကျိုးတူလုပ်ကြတာ” လို့ပြောပါတယ်။
အကျိုးတူဆောက်လုပ်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကလည်း သည်နောက်ပိုင်းမှာ စာစောင်၊ သတင်းစာတွေမှာ ကြော်ငြာထည့်သွင်းပြီး မြေပိုင်ရှင်ကိုရှာတာမျိုးတွေ များလာပါတယ်။
မြေပိုင်တဲ့သူတိုင်း ပိုင်ဆိုင်မှုခိုင်မာရင် ကန်ထရိုက်နဲ့ ညှိလို့ အဆင်ပြေရင် ဆောက်လို့ရပါတယ်။ သက်ဆိုင်ရာဌာနရဲ့ ဆောက်လုပ်ခွင့်ကျတာနဲ့ ဆောက်လို့ရနေတော့ စိတ်ဝင်စားကြတယ်။ ကြိုပွိုင့်စနစ်နဲ့ ရောင်းပြီး ဆောက်လုပ်စရိတ်ကို သက်သာအောင် လုပ်ကြတာလည်းရှိပါတယ်။ မြောက်ဒဂုံ၊ ဇာမဏီအကျိုးဆောင် က ဦးကျော်စွာ က “ ဦးတို့ဘက်မှာတော့ ကန်ထရိုက်တွေများလာတယ်၊ မိန်းလမ်းမတန်းတွေမှာဆိုရင် ခြောက်ထပ် အမြင့်အထိ ဆောက်နေတဲ့ တိုက်တွေရှိတယ်၊ တစ်နေရာနဲ့တစ်နေရာ ဆောက်လုပ်ခွင့်ရတဲ့အထပ်မြင့် ကွာတယ်၊ အများစုကတော့ သုံးထပ်ခွဲတွေများတယ်” လို့ပြောပါတယ်။
ခွဲဝေတဲ့အခါ
မြေရှင်နဲ့ ကန်ထရိုက် အကျိုးတူခွဲဝေတဲ့အခါမှာ ရင်ကွဲတိုက်တွေဆိုရင် တစ်ခြမ်းစီ ခွဲဝေယူကြပါတယ်။ ရင်ကွဲမဟုတ်ရင်တော့ အထပ်အလိုက် ခွဲဝေကြပါတယ်။ အောက်ထပ်ယူတဲ့သူကတော့ အထပ်လျှော့ယူကြရတယ် လို့ သိရတယ်။
“ ကန်ထရိုက်ဆောက်လုပ်တဲ့အခါမှာ ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့ရင် သတ်မှတ်ထားတဲ့ စည်းကမ်းကို ကျော်လွန်ပြီး ဆောက်ရင် အရင်က မြေရှင်ကို အရင်ဆုံး အရေးယူစစ်ဆေးပေမဲ့ ဒီနောက်ပိုင်းမှာ မြေရှင်အပြင် ကန်ထရိုက်ရော ဆောက်လုပ်မှုမှာ ပါဝင်သူအားလုံးကို အရေးယူမှာဖြစ်ကြောင်း စည်ပင်က ထုတ်ပြန်ထားတယ်၊ ဒါကလည်း ကန်ထရိုက်နဲ့ အကျိုးတူဆောက်တဲ့အခါမှာ ပြဿနာတွေ အဖြစ်များလာလို့ပါ၊ အဓိကကတော့ မြေရှင် က သေချာအောင် စုံစမ်းပြီးမှ လက်ခံရမှာ” လို့ အိမ်၊ခြံ၊မြေ အကျိုးဆောင်ရှေ့နေတစ်ဦးက ရှင်းပြပါတယ်။
မြောက်ဒဂုံမြို့နယ် ၂၉ ရပ်ကွက်နေသူတစ်ဦးက “ ပေ40× ပေ၆၀ မြေအကျယ်ကို ကန်ထရိုက်နဲ့ အကျိုးတူ ဆောက်တာ သုံးထပ်ခွဲအမြင့်ပေါ့၊ ရင်ကွဲဆိုတော့ သူတစ်ခြမ်း ကိုယ်တစ်ခြမ်းယူဖို့ ပြောထားတယ်၊ ဒီနောက်ပိုင်း အကျိုးတူဆောက်တာတွေ၊ ဆောက်ဖို့ စိတ်ဝင်စားသူတွေ၊ ဆက်သွယ်ချင်သူတွေ ရှိလာတယ်၊ နောက်ပိုင်းဆိုရင် ကန်ထရိုက်တိုက်တွေ များလာဖို့ရှိတယ် ” လို့ သူ့အမြင် ပြောပါတယ်။

***ဗိုလ်မှူးဗထူးလမ်း တန်ဖိုးမျှတအိမ်ရာပြီးပါက ဗိုလ်မင်းရောင်အိမ်ရာ ထပ်မံချပေးမည်***

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဗိုလ်မှူးဗထူးလမ်းမပေါ်ရှိ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းအား မဲစနစ်ဖြင့် ချထားပေးမည်ဖြစ်ပြီး အဆိုပါစီမံကိန်းပြီးစီးပါက ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာစီမံကိန်းအတွက် လျှောက်လွှာ များ ထပ်မံခေါ်ယူချထားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ဒုတိယဌာနမှူး ဦးနေ၀င်း က ပြောသည်။
“ ဗိုလ်မင်းရောင် တိုက်ခန်းတွေက ဒဂုံမြို့သစ်(မြောက်ပိုင်း) ၄၂ ရပ်ကွက်ထဲက ဗိုလ်မင်းရောင်လမ်းထဲမှာ ရှိပါတယ်။ ဆောက်လက်စပဲ ရှိပါသေးတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့က လုပ်တာဖြစ်လို့ ဘယ်အချိန်စချပေး မလဲဆိုတာကိုတော့ အတိအကျမသိသေးပါဘူး။ ဒါပေမဲ့ ဗိုလ်မှူးဗထူးလမ်းမက အိမ်ရာတွေ ပြီးရင်တော့ ဗိုလ်မင်း ရောင် အိမ်ရာစီမံကိန်း ချထားပေးဖို့ ဖြစ်လာမှာပါ။ အခုလောလောဆယ်တော့ ဒီစီမံကိန်းနှစ်ခုရှိနေတာပေါ့ ” ဟု ဦးနေ၀င်း က ပြောသည်။
လက်ရှိတွင် ဗိုလ်မှူးဗထူးလမ်းမပေါ်ရှိ တန်ဖိုးမျှတအိမ်ရာစီမံကိန်းတွင် ရောင်းချမည့် တိုက်ခန်းဈေးနှုန်းများ မှာ ၉၀၀ အမျိုးအစား ပုံစံအေ၏ စတုရန်းပေ ၉၂၇ပေ ရှိ အခန်း ၉၀ အား တစ်ခန်းလျှင် ကျပ် ၃၄၇ သိန်း၊ ပုံစံဘီ၏ စတုရန်းပေ ၈၈၇ပေ ရှိ အခန်း ၆ ခန်းအား တစ်ခန်းလျှင် ကျပ် ၃၂၉သိန်း၊ ၆၀၀ အမျိုးအစား ပုံစံအေ စတုရန်းပေ ၆၁၄ပေ ရှိ အခန်း ၃၃၀ အား တစ်ခန်းလျှင် ကျပ် ၂၅၅သိန်း၊ ပုံစံဘီစတုရန်းပေ ၅၆၅ပေ ရှိ အခန်း ၂၂ ခန်းအား တစ်ခန်းလျှင် ကျပ် ၂၃၇သိန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။
စုစုပေါင်း တိုက်ခန်း ၄၄၈ ခန်း ရောင်းချမည့် ဗိုလ်မှူးဗထူးလမ်းရှိ တန်းဖိုးမျှတအိမ်ရာ လျှောက်လွှာများကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၆ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီ ယာဌာန(အဆောက်အအုံ)တွင် ရောင်းချပေးခဲ့ပြီး လျှောက်လွှာပေါင်း ၁၃,၀၀၀ ကျော် လာရောက်လျှောက်ထားပြီး ဖြစ်ကြောင်း ဦးနေ၀င်း က ပြောသည်။
အဆိုပါတိုက်ခန်းများအား အရစ်ကျ (သို့မဟုတ်) ဘဏ်ချေးငွေစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာ ရောင်းချမည့်တိုက်ခန်းအားလုံးမှာ ၄၄၈ ခန်းဖြစ်ပြီး လျှောက်ထားသူများအား လျှောက်ထားသည့် အခန်းအမျိုးအ စားအလိုက် မဲစနစ်ဖြင့် ချထားပေးမည်ဖြစ်သည်။ ရောင်းချမှုစနစ်အရ တန်ဖိုး၏ သုံးဆယ်ရာခိုင်နှုန်းကို ပထမအရစ် အဖြစ် ပေးသွင်းရမည်ဖြစ်သည်။
“ ဒီအစီအစဉ်ကို တိုင်းဒေသကြီး အစိုးရက လုပ်တာဖြစ်တဲ့အတွက် မဲစနစ်ကိုလည်း သူတို့ပဲလုပ်မှာပါ။ ကျွန်တော်တို့ဌာနကတော့ အိမ်ရာလျှောက်လွှာတွေကို လက်ခံဆောင်ရွက်ပေးတာပဲရှိပါတယ်”ဟု ဦးနေ၀င်း က ပြောသည်။

***အမေရိကန်ဘဏ်အချို့ တန်ဖိုးနည်းအိမ်ရာများအတွက် နှစ်ရှည်ချေးငွေ ထုတ်ပေးသောလုပ်ငန်းလုပ်ကိုင်လို***

ခိုင်မာသော အာမခံချက်များရရှိမည်ဆိုပါက တန်ဖိုးနည်းအိမ်ရာများအတွက် နှစ်ရှည်ချေးငွေ ထုတ်ပေး မည့်လုပ်ငန်းများကို အမေရိကန်ဘဏ်အချို့က လုပ်ကိုင်လိုနေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ သတင်းရရှိသည်။
“ အမေရိကန်မှာ တွေ့စဉ်က မြန်မာပြည်မှာ ချေးငွေပေးဖို့ ဒေါ်လာ ၂ ဘီလီယံလောက် သီးသန့်ဖယ်ထား တယ်လို့ ဘဏ်တစ်ခုက ပြောဖူးတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဌတစ်ဦးက ဆိုသည်။
အဆိုပါဘဏ်သည် အစိုးရ၀န်ထမ်းများအား တန်ဖိုးနည်းအိမ်ရာများ ၀ယ်ယူနိုင်ရန် နှစ် ၃၀ နှစ်ရှည်ချေးငွေ များပေးရန် စီစဉ်ထားသည်။
သို့သော် ယင်းကဲ့သို့ ချေးငွေများပေးရာတွင် မြန်မာနိုင်ငံအစိုးရအဖွဲ့၏ အသိအမှတ်ပြု အာမခံချက်များ၊ ဘဏ်ဖွင့်လှစ်ခွင့်များပေးရန်လိုအပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။
အမေရိကန်ပို့ကုန်၊ သွင်းကုန်ဘဏ်က မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့ရာတွင် အမေရိကန်လုပ်ငန်းရှင် များအား ငွေထုတ်ချေးမည်ဟု ယခုရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ထို့အတူ ငွေကြေးလွှဲပြောင်းရာတွင်လည်း ၆ လ မှ ၁၂ လထိ ရေတို အာမခံပေးမည်ဟု ကြေညာချက်တွင် ပါဝင်သည်။
အမေရိကန်နိုင်ငံမှ လူသုံးကုန်များ၊ စိုက်ပျိုးရေးနှင့် သတ္ထုတွင်း တူးဖော်ရေးစက်ပစ္စည်းကရိယာများ တင်သွင်းရန် စီစဉ်နေကြောင်း ပြည်တွင်းလုပ်ငန်းရှင်များကပြောသည်။
မြန်မာနိုင်ငံအနေဖြင့် အပြောင်းအလဲများ ပေါ်ပေါက်လာပြီး အမေရိကန်နိုင်ငံ၏ စီးပွားရေးအရ ပိတ်ဆို့မှုများ လျှော့ပေါ့ခဲ့သော်လည်း ကုန်သွယ်ရေးကဏ္ဍမှာ ယနေ့အချိန်ထိ တိုးတက်လာခြင်းမရှိသေးပေ။ အမေရိကန်နိုင်ငံသို့ ယနေ့ချိန်ထိ မြန်မာပို့ကုန်များ တင်ပို့ရန် ဈေးကွက်ရှာသည့်လုပ်ငန်းများမှာ ရေထွက်ကုန်နှင့် လက်ခစား အထည်ချုပ်လုပ်ငန်းများသာ အများဆုံးဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များကဆိုသည်။
အမေရိကန်နှင့် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏမှာ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ သန်း ၁၅၀ ကျော်သာရှိပြီး မြန်မာနိုင်ငံမှ ပို့ကုန်တန်ဖိုး သန်း ၃၀ ၀န်းကျင်သာရှိခဲ့သည်။

7 days New

Adventure Myanmar Tours & Incentives ကုမ္ပဏီမှ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်းတွင် စီးပွားရေးအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၄၆၀၀၀ မြှုပ်နှံမည်


ရွှေတိဂုံဘုရားလမ်းရှိ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မြတ်ကို)

Adventure Myanmar Tours & Incentives ကုမ္ပဏီမှ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်းနယ်မြေရှိ မြေ ၇ ဒသမ ၄၂၇ ဧကပေါ်တွင် လုပ်ကိုင်မည့် ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၄၆၀၀၀ မြှုပ်နှံမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

အဆိုပါကုမ္ပဏီမှ လုပ်ငန်းလုပ်ကိုင်ရန် အဆိုပြုတင်ပြထားချက်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၃၀ ရက်က ပြုလုပ်သည့် ၄/၂၀၁၄ ကြိမ်မြောက်အစည်းအဝေးတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့်ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်နှင့် စိစစ်ချက်များအပေါ် အခြေခံ၍ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရလုပ်ကိုင်ရန် ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

လုပ်ကိုင်ခွင့်ရရှိခဲ့သည့် အဆိုပါကုမ္ပဏီသည် မြေနေရာအား BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခြင်းဖြစ်ပြီး ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ်၊ Shopping Mall ၊ Business Centre နှင့် Service Apartment လုပ်ငန်းများကို အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် နိုင်ငံသားနှင့် နိုင်ငံခြားလုပ်ငန်းကုမ္ပဏီများမှ အဆိုပြုတင်ပြလာသည့် လုပ်ငန်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လအတွင်းက နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်းနယ်မြေရှိ မြေ ၁၂ ဒသမ ၆၀၄ ဧကကို BOT စနစ်ဖြင့် မြေငှားရမ်း၍ နိုင်ငံတကာအဆင့်မီ ဟိုတယ်၊ Service Apartment နှင့် Shopping Complex များ တည်ဆောက်ခြင်းလုပ်ငန်းကို Shwe Taing  Development ကုမ္ပဏီအား လုပ်ကိုင်ခွင့်ချထားပေးခဲ့ပြီး ယခုအခါ Adventure Myanmar Tours & Incentives ကုမ္ပဏီမှ အဆိုပါဝင်းအတွင်း၌ပင် လုပ်ငန်းလုပ်ကိုင်ရန် အဆိုပြုချက်အပေါ် ထပ်မံခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

Shwe Taing  Development ကုမ္ပဏီမှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကျပ်သန်းပေါင်းတစ်သိန်းကျော်အထိ မြှုပ်နှံလုပ်ကိုင်မည်ဟု သိရသည်။

Eleven Media
ချမ်းမြေ့သူ