အရပ်စာချုပ်များဖြင့် အထပ်မြင့်များ ဆောက်ခွင့်မပြု

မြေ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အရပ်စာချုပ် သာရှိပါက အထပ်မြင့် ဆောက်လုပ်ခွင့်မပြုကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာ ရေးကော်မတီမှသိရသည်။ ယင်းအပြင် ဆိတ်ငြိမ်ရပ် ကွက်နှင့် အင်းလျားကန် နှင့် ဆက် စပ်နေရာများတွင်လည်း အထပ် မြင့် ဆောက်လုပ် ခွင့်မပြုကြောင်း သိရသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင် နီယာဌာန (အဆောက် အအုံ) ဌာနမှူးဦးမောင်မောင်ဇော်က ''ဂရန်အမည်ပေါက်ဆိုရင် လုပ် ထုံးလုပ်နည်းနဲ့အညီ အထပ်မြင့် ဆောက် လို့ရပါ တယ်။ အဆင့်ဆင့် ရောင်းချထားတဲ့ အရပ် စာချုပ်ဆိုရင်တော့ သုံးထပ်အဆောက် အအုံ ဆောက်လုပ်ခွင့်ပြုပါတယ်'' ဟု အောက်တိုဘာ ၂၉ရက်က ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ(၁၀)ထပ်ရုံး၌ ကျင်း ပသောအဆောက်အအုံဆောက် လုပ်ခွင့်များ ဆောင်ရွက်ပေးမှု နှင့် ပတ်သက် သည့် သတင်းစာရှင်း လင်းပွဲတွင်ပြောသည်။ အဆောက်အအုံဆောက် လုပ်ရန်ခွင့်ပြုချက် တောင်းခံရာ တွင် အရပ်စာချုပ်ဖြင့်လျှောက် ထားမှုမှာ ၂ဝရာခိုင်နှုန်းရှိနေ ကြောင်းသိရသည်။ အရပ်သားစာချုပ်ဖြစ်ပါ ကသုံးထပ်အဆောက်အအုံ သာ ဆောက်လုပ် ခွင့်ပြုသော် လည်း ဆောက်လုပ်ခွင့်တင်ပြပါက နှစ် လခွဲအတွင်း ဆောက် လုပ်ခွင့်ပါ မစ်ကိုချထားပေးကြောင်း၊ ဂရန် အမည်ပေါက်ဖြင့် မြေပိုင်ဆိုင်မှု မှန်ကန်ပါက သုံးထပ်ခွဲ အဆောက် အအုံများကို ၄၅ရက်အတွင်း ခွင့် ပြုပေးသည် ဟု သိရသည်။ ဆောက်လုပ်ရေး လုပ်ငန်း ရှင်တစ်ဦးက ''ဒီမှာက အရပ်စာ ချုပ်တွေနဲ့ချုပ်ကြတာ များတာ ကိုတွေ့ရတယ်။ အိမ်အရောင်းအ ဝယ်တွေကလဲ လွယ်လွယ်ကူကူ လက်လွှဲ ရောင်း ပြီး စာချုပ်ကိုအ ရင် စာချုပ်ချုပ်ကြတာဆိုတော့ သူတို့တွေမှာအထပ်မြင့် ကန်ထ ရိုက်ပေးတာတွေ လုပ်မယ်ဆိုရင် အခက်အခဲတွေ ကြုံနိုင်တာကို ဘယ်လိုဆောင်ရွက်ပေးမ လဲဆို တာ ထပ်မံညှိနှိုင်းပေးဖို့လိုမယ် ထင်ပါတယ်''ဟု သုံးသပ် ပြောသည်။

အဆောက်အအုံများ တရားမဝင် တည်ဆောက်မှုအား တရားစွဲရာတွင်မြေရှင် သာမက ပန်းရန်၊ လက်သမား အဆင့်အထိ အရေးယူတော့မည်

အဆောက်အအုံများ တရားမဝင် တည်ဆောက်မှုအတွက် တရားစွဲဆိုရာတွင် မြေရှင် သာမကဘဲ ပန်းရန်၊ လက်သမား အဆင့်ထိ တရားစွဲဆိုမှု ဆောင်ရွက်သွားမည်ဟု ရန်ကုန်စည်ပင် အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က ပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ယခုနှစ် စက်တင်ဘာလတွင် အတည်ပြုခဲ့ပြီး ဖြစ်ပြီး ယင်းဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ၎င်းက ပြောသည်။ တရားမဝင် အဆောက်အအုံများ၊ ဆောက်လုပ်သည့် ပန်းရန်၊ လက်သမားများအား တရားစွဲဆိုရေးနှင့် ပတ်သက်၍ “ဥပဒေပြီးရင် နည်းဥပဒေတွေ လိုပါတယ်။ ဘယ်လိုလုပ်မလဲပေါ့။ ခုက နည်းဥပဒေတွေ ရေးဆွဲနေတော့ အဲဒါပြီးရင် စတင် အကောင်အထည်ဖော်ပါမယ်” ဟု ၎င်းက ပြောသည်။ လက်ရှိတွင်မူ တရားမဝင် အဆောက်အအုံများ ဆောက်လုပ်ပါက မြေရှင်ကိုသာ တရားစွဲဆိုနေခြင်းဖြစ်ပြီး တရားမဝင် အဆောက်အအုံ ဆောက်လုပ်သည်များမှာ လိုင်စင်မဲ့ ကန်ထရိုက်များမှ ဆောင်ရွက်မှုများ ဖြစ်ကြောင်း၊ တရားမဝင် အဆောက်အအုံ ဆောက်လုပ်သည့် ကန်ထရိုက်များမှာ စည်ပင်မှ လိုင်စင်ချထားပေးသူများ မဟုတ်၍ ၎င်းတို့ကို အရေးယူ၍မရ ဖြစ်နေသည်ဟု သိရသည်။ ဥပမာအားဖြင့် ခွင့်ပြုမိန့်ဖြင့် ဆောက်လုပ်ပါက ၂၃ ပေx၄၇ ပေ သုံးထပ် အဆောက်အအုံအတွက် ရန်ကုန်စည်ပင်သို့ ငွေ ၁၁၆၇၄၈ ကျပ်သာ ပေးသွင်းရမည် ဖြစ်သော်လည်း ခွင့်ပြုချက်မဲ့ ဆောက်လုပ်ပါက ကြိုတင်ဆောက် ဒဏ်ကြေးဖြင့် ၈၁၀၇၅၀၀ ကျပ် ပေးသွားရမည်ဟု ရန်ကုန်စည်ပင်မှ သိရသည်။ ယခုနှစ်အတွင်း ရန်ကုန်စည်ပင်မှ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၁၁၅၇ လုံးကို တရားစွဲဆို အရေးယူနိုင်ခဲ့ပြီး ခွင့်ပြုချက်ထက် ကျော်လွန်ဆောက်လုပ်သည့် အဆောက်အအုံ ၅၅ လုံးကိုလည်း တရားစွဲ အရေးယူနိုင်ခဲ့သည်ဟု သိရသည်။ အဆောက်အအုံ တည်ဆောက်မည်ဆိုပါက ရှစ်ထပ်ခွဲအထိ ရန်ကုန်စည်ပင် (အဆောက်အအုံ)ဌာနမှ စိစစ်ခွင့်ပြုပြီး ၉ ထပ်မှ ၁၁ ထပ်ခွဲထိကို ရန်ကုန်စည်ပင် ညှိနှိုင်းဆောင်ရွက်ရေး ဌာနက စိစစ်ခွင့်ပြုကြောင်း၊ ယင်းထက် ကျော်လွန်ပါက အထပ်မြင့် အဆောက်အအုံ စိစစ်ခွင့်ပြုရေး (CQHP) သို့ ထပ်မံတင်ပြရကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ကွန်ဒိုဥပဒေ

ကွန်ဒိုမီနီယမ်တိုင်းမှာ သက်ဆိုင်ရာကွန်ဒိုဥပဒေရှိပါတယ်။ ကွန်ဒိုမီနီယမ်တည်ဆောက်မယ့် စီမံကိန်းကို မှတ်ပုံတင်တာနဲ့ တစ်ပြိုင်တည်း အဲဒီကွန်ဒိုမှာပါဝင်မယ့်သူတွေနဲ့ သက်ဆိုင်တဲ့ ကွန်ဒိုကော်ပိုရေးရှင်းကို ကြီးကြပ်ကွပ်ကဲမယ့် ဥပဒေတွင် လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ကွန်ဒိုအခန်းပိုင်ရှင်များဟာ မိမိတို့ကွန်ဒိုနဲ့ ဆီလျော်မှုရှိမယ့် ဥပဒေအပြောင်းအလဲတွေကို တရားဝင်လုပ်ဆောင်ခွင့် ရှိပါတယ်။ ကွန်ဒိုဥပဒေကို ဘယ်လိုအနေအထားမျိုးတွေမှာ တရားဝင်ပြောင်းလဲခွင့်ရှိသလဲဆိုတော့ အခန်းပိုင်ရှင်တွေထဲက ၇၅ရာခိုင်နှုန်းသဘောတူညီမယ်ဆိုရင် ကွန်ဒိုဥပဒေကို ပြောင်းလဲလို့ရပါတယ်။ ဒါမှမဟုတ် ကွန်ဒိုကြီးတစ်ခုလုံးမှာ မိမိပိုင်ဆိုင်တဲ့ အခြမ်းဟာ ယူနစ် ၇၅၀၀ ထက်မလျော့နည်းဘူးဆိုရင် အဲဒီ ကွန်ဒိုရဲ့ တရားဝင်ဥပဒေကို အပြောင်းအလဲ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ကွန်ဒိုဘုတ်အဖွဲ့က မြေယာမှတ်ပုံတင်ရုံးမှာ မိမိတို့ပြောင်းလဲမယ့် ဥပဒေကို မှတ်ပုံတင်ပြီးရင် ကွန်ဒိုဥပဒေအပြောင်းအလဲဟာ တရားဝင်အာဏာတည်လာမှာ ဖြစ်ပါတယ်။ ပိုင်ရှင်တွေ၊ ကွန်ဒိုအခန်းတစ်ခန်းမှာ နေထိုင်ကြတဲ့သူတွေဟာ ကွန်ဒိုကောက်ပိုရေးရှင်းရဲ့ ဥပဒေတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ ကွန်ဒိုဥပဒေနဲ့ ကွန်ဒိုအိမ်ခြံမြေဥပဒေအတိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကွန်ဒိုအိမ်ခြံမြေဥပဒေနဲ့ သတ်မှတ်ထားတဲ့ ကွန်ဒိုဥပဒေတို့က ပိတ်ပင်တားမြစ်မှုတွေကို ပြုလုပ်ခွင့်ရှိနေပါတယ်။ ဥပဒေနဲ့ မညီတဲ့ ပိုင်ရှင်တွေကို ဒဏ်ငွေချမှတ်တာမျိုးကို ကွန်ဒိုကော်ပိုရေးရှင်းက လုပ်ခွင့်ရှိပါတယ်။ SSTG

ကွန်ဒိုမီနီယမ်နဲ့သက်ဆိုင်တဲ့ အခကြေးငွေများ

ကွန်ဒိုမီနီယမ်ကော်ပိုရေးရှင်းတစ်ခုဟာ ကော်ပိုရေးရှင်းရဲ့ ငွေကြေးတာဝန်ခံမှုအပိုင်းတွေပြည့်မီအောင် ဆောင်ရွက်ဖို့ ငွေလိုအပ်ပါတယ်။ အာမခံပရီမီယမ်ကြေးပေးဖို့ ငွေလိုပါတယ်။ ရှည်လျားနေတဲ့ မြက်တွေဖြတ်ဖို့ ငွေလိုပါတယ်။ အများပိုင်ကွန်ဒိုအဆောက်အအုံကြီးတစ်ခုလုံး ပြန်ပြင်ဖို့ ငွေလိုပါတယ်။ ကော်ပိုရေးရှင်းအတွက် အဓိက၀င်ငွေရပေါက် လမ်းကတော့ ကွန်ဒိုအခန်းပိုင်ရှင်တွေပေးတဲ့ ငွေပဲဖြစ်ပါတယ်။ ဒီငွေကို ကွန်ဒိုမီနီယမ်အခကြေးငွေလို့လည်း ခေါ်နိုင်ပါတယ်။ ကွန်ဒိုအခကြေးငွေကို နှစ်စဉ်ပုံမှန်ကောက်ခံပါတယ်။ လစဉ်လည်းကောက်ခံပါတယ်။ ဒါပေမဲ့သီးသန့်ငွေလိုအပ်တဲ့ ကိစ္စတွေအတွက် ဘုတ်အဖွဲ့က လိုအပ်တဲ့ ကိစ္စတွေအတွက် ဘုတ်အဖွဲ့က လိုအပ်တဲ့ ငွေပမာဏကိုလည်း အရေးပေါ် ကောက်ခံတာတွေလည်း ရှိပါတယ်။ ဘုတ်အဖွဲ့ဟာ ကော်ပိုရေးရှင်းရဲ့ လိုအပ်ချက်တွေအတွက် ဘက်ဂျက်ရေးဆွဲပြီး ငွေထည့်ဝင်ခိုင်းတာမျိုးရှိပါတယ်။ ဒါ့အပြင် ပိုင်ရှင်တစ်ဦးက မိမိပိုင်ဆိုင်တဲ့ ကွန်ဒိုအကျယ်အ၀န်းအလိုက် ငွေထည့်ဝင်ရတာမျိုးလည်း ရှိပါတယ်။ ကွန်ဒိုမီနီယမ် အခကြေးငွေကို ခွဲဝေသုံးစွဲဖို့ ကော်ပိုရေးရှင်းတွေက ဖော်မြူလာကို အပြောင်းအလဲလုပ်နိုင်ပါတယ်။ ကွန်ဒိုမီနီယမ်ထည့်ဝင်ငွေကို ဘယ်ပုံဘယ်နည်းတွက်သလဲဆိုတာ ပိုင်ရှင်တွေသိအပ်တဲ့အရာဖြစ်ပါတယ်။ ကွန်ဒိုမီနီယမ်နဲ့ ပက်သက်တဲ့ ကောက်ခံငွေပမာဏဟာ အတက်အကျရှိတာကို သတိပြုရမှာ ဖြစ်ပါတယ်။ မပေးရသေးတဲ့ငွေတွေအတွက် ကွန်ဒိုမီနီယမ် ကော်ပိုရေးရှင်းက တောင်းခံကောက်ယူခွင့်ရှိပါတယ်။ ကော်ပိုရေးရှင်း အနေနဲ့ ကွန်ဒိုပိုင်ရှင်က အပေါင်ကုမ္ပဏီတစ်ခုထံပေးစရာငွေတွေ ကျန်နေသေးရင် ဒီငွေကို ကော်ပိုရေးရှင်းက တောင်းပေး ရပါတယ်။ ကော်ပိုရေးရှင်းအနေနဲ့ မပေးရသေးတဲ့ ကွန်ဒိုအခကြေးငွေကို စိုက်ထုတ်သုံးစွဲပေးထားဖို့ လစဉ်အားဖြင့် ပိုင်ရှင်တွေရဲ့ ငှားခထဲကနေ သုံးစွဲပေးရပါတယ်။ ပိုင်ရှင်ရဲ့ အိမ်ငှားခ၊ ကောက်ပိုရေးရှင်းထံကို လစဉ်ပေးရတဲ့ ငှားခငွေအား ကွန်ဒိုအခကြေးငွေအဖြစ် ပြောင်းလဲတောင်းခံလို့ရပါတယ်။ ကွန်ဒိုကော်ပိုရေးရှင်းက ပိုင်ရှင်တစ်ဦးဦးအတွက် စိုက်ထုတ်သုံးစွဲပေးထားရတဲ့ငွေပေါ် တစ်နှစ်အတိုး ၁၈ရာခိုင်နှုန်း ကောက်ခံနိုင်ပါတယ်။ ပေးစရာရှိတဲ့အတိုး၊ ပေးစရာရှိတဲ့ငွေ၊ ဥပဒေနဲ့သက်ဆိုင်တဲ့ စရိတ်တွေအတွက် ကော်ပိုရေးရှင်းက ပိုင်ရှင်ကို တရားစွဲနိုင်ပါတယ်။ နောက်ဆုံးအခန်းကိုပါ ပိုင်ဆိုင်မှု ရုတ်သိမ်းတဲ့အထိလုပ်နိုင်ပါတယ်။ SSTG

အခွန်စည်းကြပ်ကောက်ခံခြင်း

၁၉။ မြို့နယ်ကော်မတီနှင့် မြို့နယ်ခွဲကော်မတီသည် ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်တွင်ဖြစ်စေ၊ မြို့နယ်ခွဲစည်ပင်သာယာရေးနယ်မိတ်တွင်ဖြစ်စေ အောက်ပါအခွန်များကို စည်းကြပ် ကောက်ခံ နိုင်သည်။ (က) အဆောက်အအုံနှင့်မြေခွန်၊ (ခ) ရေခွန်၊ လမ်းမီးခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်၊ အများသုံးအိမ်သာခွန်၊ (ဂ) ယာဉ်များ၊ လူစီးနှင့်ဝန်တင်တိရ စ္ဆာန်များ၊ (ဃ) ပြင်ပမှ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းသို့ ဖြတ်သန်း သွားလာသောယာဉ်များ၊၀င်ရောက်ရပ်နားသော ယာဉ်များ၊ လူစီးနှင့်ဝန်တင်တိရ စ္ဆာန်များအပေါ် ကောက်ခံသည့် အခွန်၊ (င) ထိုဥပဒေက ခွင့်ပြုသည့် စည်ပင်သာယာရေးဆိုင်ရာအခွန်များ။ ၂၀။ မြို့နယ်ကော်မတီသည် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အောက်ပါအချက်များအပေါ်အခြေခံ၍ အခွန်စည်းကြပ်ခြင်း၊ ကောက်ခံခြင်းပြုရမည်။ (က) အဆောက်အအုံနှင့် မြေခွန်တို့ကို စည်းကြပ်ရာတွင် တစ်နှစ်ငှားရမ်းခတန်ဖိုး၏ ၁၀ရာခိုင်နှုန်းထပ်မပိုစေဘဲ စည်းကြပ်ရန်၊ (ခ) ၀န်ဆောင်ခွန်များစည်းကြပ်ရာတွင် ၀င်ငွေနှင့် အသုံးစရိတ်မျှတစေရန်၊ (ဂ) စည်ပင်သာယာရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်စေရန် (ဃ) အဆောက်အအုံနှင့် မြေခွန်ကို ပိုင်ရှင်ထံမှ စည်းကြပ်ကောက်ခံရန်နှင့် ၀န်ဆောင်ခွန်ကိုလက်ရှိနေထိုင်သူထံမှ စည်းကြပ်ကောက်ခံရန်၊ (င) ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲသောဌာနဆိုင်ရာအဆောက်အအုံနှင့် မြေခွန်တို့ကို စည်းကြပ်ရာတွင် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း၊ အစိုးရက စီမံခန့်ခွဲသော ဌာနဆိုင်ရာအဆောက်အအုံနှင့် မြေခွန်တို့ကို စည်းကြပ်ရာတွင် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လည်းကောင်း၊ ယင်းအဆောက်အအုံနှင့်မြေအား တစ်နှစ်ငှားရမ်းခတန်ဖိုး၏ ၅ရာခိုင်နှုန်းထက်မပိုစေဘဲ စည်းကြပ်ရန်၊ (စ) ပြည်ထောင်စုအစိုးရက စီမံခန့်ခွဲသောအစိုးရပိုင်မြေတွင် ပုဂ္ဂလိက အဆောက်အအုံနှင့် ပတ်သက်၍ အဆောက်အအုံ နှင့် မြေခွန်ကို စည်းကြပ်ရာတွင် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့် လည်းကောင်း၊ အစိုးရအဖွဲ့က စီမံခန့်ခွဲသော အစိုးရပိုင်မြေတွင် ပုဂ္ဂလိကအဆောက်အအုံနှင့် ပက်သက်၍ အဆောက်အအုံနှင့် မြေခွန်ကို စည်းကြပ်ရာတွင် အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း ယင်းအဆောက်အအုံနှင့်မြေမှ တစ်နှစ်ဝင်ငွေ၏ ၇ရာခိုင်နှုန်းထက်မပိုစေဘဲ စည်းကြပ်ရန်။ ၂၁။ မြို့နယ်ကော်မတီ သို့မဟုတ် မြို့နယ်ခွဲကော်မတီသည် အဆောက်အအုံနှင့် မြေခွန်၊ ၀န်ဆောင်ခွန်များစည်းကြပ် ကောက်ခံရန် အဆောက်အအုံနှင့်မြေ၏ တစ်နှစ်ငှားရမ်းခတန်ဖိုးကို အခါအားလျော်စွာသတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း ပြုနိုင်သည်။ ၂၂။ မြို့နယ်ကော်မတီ သို့မဟုတ် မြို့နယ်ခွဲကော်မတီသည် စည်ပင်သာယာရေးဆိုင်ရာလိုင်စင်ခများ၊ အဖွဲ့ပိုင်ဈေးများမှ ဈေးဆိုင်ခန်းမ၊ ဈေးကောက်များနှင့် ပုဂ္ဂလိကပိုင်ဈေးများတည်ထောင်ခွင့် လိုင်စင်ခတို့ကို အခါအားလျော်စွာ သတ်မှတ် ကောက်ခံခြင်း၊ ပြင်ဆင်ကောက်ခံခြင်း တို့ပြုနိုင်သည်။ ၂၃။ မြို့နယ်ကော်မတီ သို့မဟုတ် မြို့နယ်ခွဲကော်မတီသည် အခွန်တစ်ရပ်ရပ်ကို ဖျက်သိမ်းခြင်း၊ အခွန်ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ လျှော်ပစ်ခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။ (က) စည်းကြပ်သောအခွန်တစ်ရပ်ရပ်ကို ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဖျက်သိမ်းခြင်း သို့မဟုတ် နှုန်းထားပြင်ဆင်ခြင်း သို့မဟုတ် လျှော်ပစ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း။ ၂၄။ အမှုဆောင်အရာရှိ သို့မဟုတ် မြို့နယ်ခွဲအမှုဆောင်အရာရှိသည် အခွန်ကြွေးကျန်တို့နှင့် စပ်လျဉ်း၍ မြို့နယ် ကော်မတီ သို့မဟုတ် မြို့နယ်ခွဲကော်မတီ၏ သဘောတူညီချက်ဖြင့် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။ (က) အခွန်ကြွေးကျန်များကို မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ ကောက်ခံခြင်း၊ (ခ) ပုဒ်မခွဲ (က) ပါကိစ္စ ဆောင်ရွက်ရန် အလို့ငှာ တည်ဆဲဥပဒေများအရ ကော်လိတ္တော်အရာရှိ၏ လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ခြင်း။ SSTG

ပုဂ္ဂလိကပိုင်တိုက်ခန်း


ပုဂ္ဂလိကပိုင်တိုက်ခန်းဆိုတာကတော့ ဂရန်အမည်ပေါက် ဒါမှမဟုတ် ဘိုးဘွားပိုင်မြေကွက်ပေါ်မှာ မြေပိုင်ရှင်က သူ့ပိုင်ငွေနဲ့သူ ဆောက်လုပ်တာရှိတယ်။ ဒါမှမဟုတ် ကန်ထရိုက်တာနဲ့အခန်းပေး၊ အခန်းယူဆောက်လုပ်သည့် တိုက်ခန်းဆိုပြီး နှစ်မျိုးရှိတယ်။ အဲဒီလိုမျိုး ပုဂ္ဂလိကပိုင်တိုက်ခန်းကို ၀ယ်ရင်တော့ ၁၉၆၀ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေအရ မြေပိုင်ရှင်ကို အိမ်လခပေးရတယ်။ အိမ်ကအခန်းဝယ်တယ်ဆိုပေမယ့် နေထိုင်ခွင့်နှင့် ထပ်ဆင့်လွှဲပြောင်းရောင်းချ၊ ငှားရမ်းပိုင်ခွင့်ရှိသောအိမ်ငှား (TANANT) ဖြစ်တယ်လေ။
ပုဂ္ဂလိကပိုင်တိုက်ခန်းဆိုပေမယ့် အိုးအိမ်ဦးစီးဌာနမှ ပုဂ္ဂလိကသို့ အပြီးအပြတ်ရောင်းသောအခန်းများလည်းရှိတယ်။ ဥပမာ-ယုဇနဥယျာဉ်မြို့တော်က တိုက်ခန်းတွေဟာ ပုဂ္ဂလိကပိုင်ဆိုင်ပေမယ့် အိုးအိမ်ဦးစီးဌာနတိုက်ခန်းတွေနဲ့ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ပိုင်တဲ့ တိုက်ခန်းတွေလည်းပါရှိနေတယ်လို့ သိရတယ်။ အဲဒီလို အိုးအိမ်နဲ့ စည်ပင်က တဆင့် ပြန်ဝယ်တဲ့ တိုက်ခန်းတွေဆိုရင် အိမ်လခပေးစရာမလိုဘူး။ မိမိနာမည် ပေါက်ပြောင်းချင်ရင်လည်း အဲဒီ ဌာနမှာ သွားပြီးလျှောက်လို့ရတယ်လို့သိရတယ်။

SSTG

ကျပ် ၆၀၀ိ/- တန်ဖိုးမပြည့်သည့် တံဆိပ်ခေါင်း တရားဝင်/မ၀င်

အိမ်၊ ခြံ၊ မြေ အရောင်းအ၀ယ်ကတိစာချုပ် ချုပ်ဆိုရာတွင် တန်ဖိုး ၆၀၀ိ/-ကျပ် သတ်မှတ်ထားသော်လည်း ၁၀၀ိ/၊ ၂၀၀ိ/၊ ၃၀၀ိ/၊ ၄၀၀ိ/၊ ၅၀၀ိ/ အခွန်တံဆိပ်ခေါင်းများဖြင့် တန်ဖိုးလျှော့၍ ချုပ်ဆိုသည့် စာချုပ်များကိုလည်း မကြာခဏတွေ့ဖူးသည်။ တစ်ခါတစ်ရံဖြစ်တတ်သည်မှာ စာချုပ်ဝယ်သူကိုယ်တိုင်မသိ၍ ၀ယ်မိသူများရှိသကဲ့သို့ ရောင်းသည့် ဆိုင်ရှင်ကိုယ်တိုင် ကလည်း တန်ဖိုးသတ်မှတ်ချက်ကို နားမလည်သည်ကိုလည်း တွေ့ရသည်။ တံဆိပ်ခေါင်းများမှာ ၁၀၀ိ/တန်မှ ၁၀၀၀ိ/တန်အထိ အခွန်ရုံးများတွင် မူလဈေးရင်းအတိုင်း ရောင်းချပေးသော်လည်း ပြင်ပ ဆိုင်များတွင် (၁၀)ဆမှ အဆ(၂၀)အထိဈေးကြီး ပေး၍ ၀ယ်ကြရလေ့ရှိသည်။ ပြင်ပဈေးတွင် အခွန်တံဆိပ်ခေါင်းအလွတ် ၁၀၀ိ/တန်မှ ၁၀၀၀ိ/တန်အထိ တံဆိပ်ခေါင်းတစ်ရွက်လျှင် ၁၄၀၀ိ/(တစ်ထောင့်လေးရာ)အထိ ဈေးကြီးပေး၍ ပြန်ဝယ်ကြရ သည်။ ယင်းကဲ့သို့ ပြင်ပပေါက်ဈေးတူညီမှုကြောင့် တန်ဖိုးနည်း ၁၀၀ိ/-တန်တံဆိပ်ခေါင်းဖြင့် စာချုပ်လျှင်လည်းရသည်ဟု အမှတ်မှားသွားကြသည်။ ဥပမာ။ ။ ဂရန်အမည်ပေါက်သူထံမှ မြေနှင့်အိမ်ဝယ်ယူရာတွင် ၁၀၀ိ/တန် တံဆိပ်ခေါင်းစာချုပ်ဖြင့် ၀ယ်ယူခဲ့သည် ဆိုပါစို့။ အဆိုပါဂရန်အမည်ပေါက်ရောင်းသူက အိမ်နှင့်မြေတန်ဖိုးငွေများကို လက်ရောက်ယူပြီးနောက်၊ ၀ယ်ယူသူမှ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ်ပေးရန် တောင်းဆိုသည့်အခါ လိုက်နာခြင်းမရှိပါက ၀ယ်သူက ရောင်းသူသို့ မှတ်ပုံတင်ရုံးတွင် အရောင်းအ၀ယ်စာချုပ်ပေးရန် တရားရုံးတွင် တရားစွဲဆိုယူရလေ့ရှိသည်။ တရားရုံးတွင် ရောင်းသူနှင့် ၀ယ်သူတို့ အရောင်းအ၀ယ်ပြုလုပ်ထားသည့် ကတိစာချုပ်ကို သက်သေခံအဖြစ် တင်သွင်းရ သည်။ ထိုအခါ တံဆိပ်ခေါင်းခွန် အက်ဥပဒေအရ တန်ဖိုး၆၀၀ိ/-ကျပ်မပြည့်လျှင် တရားရုံးတွင် သက်သေခံတင်သွင်းခွင့် မရပါ။ ထိုအခါ တန်ဖိုး ၆၀၀ိ/-ကျပ်ပြည့်ရန် အခွန်ရုံးတွင် လိုအပ်သည့် တံဆိပ်ခေါင်းကို ထပ်မံကပ်ပြီးမှ သက်သေခံ တင်သွင်းခွင့်ရပါသည်။ ထို့ကြောင့် အစကောင်းမှ အနှောင်းသေချာ ဆိုသလို မူလအစကပင် ၆၀၀ိ/-ကျပ်တန်တံဆိပ်ခေါင်း ပေါ်တွင် စာချုပ်ခြင်းက ပိုမိုကောင်းမွန်ပြီး နောင်ရေးစိတ်အေးရပါသည်။ မှတ်ချက် ။ ။ ယခုတင်ပြသည့်အချက်မှာ တရားမမှုများအတွက် ရည်ညွှန်းခြင်းဖြစ်ပါသည်။ ပြစ်မှုဆိုင်ရာဥပဒေ/ ရာဇ၀တ်မှုများနှင့် မသက်ဆိုင်ပါ။ ရာဇ၀တ်မှုများတွင် တံဆိပ်ခေါင်းတန်ဖိုး သတ်မှတ်ချက်မရှိပါ။ မည်သည့်တံဆိပ်ခေါင်း ပေါ်တွင် ချုပ်ဆိုထားသည့် မူရင်းစာချုပ်စာတမ်းမဆို သက်သေခံတင်သွင်းခွင့်ရပါသည်။ AKYOSAUNG

အိမ်ရှင်မများအတွက် သတင်းလက်ဆောင်


(၁) (ပုရွက်ဆိတ်တွေကြောင့်စိတ်ညစ်နေပါသလား?) ပုရွက်ဆိတ်တွေက
သခွားသီးကိုမုန်းတယ်လေ။ ဒါကြောင့် သခွားသီးအခွံ တွေကို
ပုရွက်ဆိတ်အိမ်(အသိုက်အအုံ)နားမှာ ချထားပေးလိုက်ပါ။
(၂) (ရေခဲရေ သန့် သန့် သောက်ချင်ပါသလား ?) ဦးစွာ
ရေနွေးပွက်ပွက်ဆူအောင်ကြိုပါ။ ပြီးရင်အအေးခံပြီးတော့ သင့်တော်ရာ
ပုလင်းထဲထဲ့ပြီး ရေသေတ္တာထဲ ထဲ့လိုက်တော့ ရေခဲရေသန့် သန့် ရပြီပေါ့။
(၃) (မှန်တွေ ကြည်ကြည်လင်လင်ဖြစ်ချင်ပါသလား ?) Spriteအချိုရည်နဲ့ 
မှန်ကိုသုတ်ပေးလိုက်ပါ။
(၄) (အ၀တ်အထည်တွေပေါ်မှာ ပီကေတွေကပ်နေလို့ ဖျက်ရခက်နေပါသလား ?)
အဲဒီအ၀တ်အထည်ကို ရေခဲသေတ္တာတဲ ၁-နာရီ လောက်ထဲ့ပေးပြီးနောက်မှာတော့၊
ပီကေတွေခွာလို့ ရပါပြီ။
(၅) (အ၀တ်ဖြူတွေကို ဖြူဖြူစင်စင်လေး ဖြစ်စေချင်ပါသလား?) ဇလုံတစ်ခုထဲမှာ
နွေးပူပူထဲ့ပြီးရင် သံပုရာသီး တစ်စိပ်လောက် ညှစ်ထဲ့ပေးလိုက်ပါ။
အဲဒီဇလုံထဲကို အ၀တ်ဖြူ ၁၀-မိနစ်လောက်စိမ်ထားပြီးမှ
ပုံမှန်အတိုင်းဆပ်ပြာတိုက် လျှော်ဖွတ်ပေးပါ။
(၆) (ဆံသားတွေ တောက်ပြောင်ချင်ပါသလား ?) ရှာလကာရည် ၁-ဇွန်းလောက်ကို
ဆံပင်အနှံ့ လိမ်းကျံပေးပြီးရင်၊ ရေအေးနဲ့  လျော်ချလိုက်ပါ။(ရေခဲရေ
မဟုတ်ပါ)
(၇) (သံပုရာသီးထဲကအရည်တွေ ကုန်စင်အောင်ညှစ်ယူချင်ပါသလား ?) ဦးစွာ
သံပုရာသီးအလုံးလိုက်ကို ရေနွေးပူပူထဲမှာ တနာရီ လောက်စိမ်ပါ။ ပြီးမှ
အရည်ညှစ်ယူပါ။
(၈) (ဂေါ်ဖီထုပ်ဟင်းချက်တဲ့အခါ စိမ်းစော်နံနေတာကို ဘယ်လိုဖျောက်ရမလဲ ?)
ဂေါ်ဖီထုပ်ချက်နေတဲ့ ဟင်းအိုးထဲကို ပေါင်မုန့်  အပိုင်းအစလေး
ထဲ့ချက်လိုက်ရုံပါဘဲ။
(၉) (ကြက်သွန်နီလှီးနေတုန်း မျက်ရည်မကျအောင် ဘယ်လိုလုပ်ရပါ့ ?) ပီကေ
ဝါးရင်း ကြက်သွန်နီ လှီးပေးပါ။
(၁၀) (အာလူးပြုတ်တွေ မြန်မြန်နူးစေချင်ပါသလား ?) မပြုတ်ခင်မှာ အာလူးရဲ
့တဖက်တချက်စီကို အခွံနွှာပေးပါ။ (အကုန်အခွံနွှာ ရန်မလိုအပ်ပေ)
(၁၁) (အ၀တ်ပေါ်က မှင်စက်အစွန်းအထင်းတွေ ဖယ်ရှားရခက်နေပါသလား?)
မှင်ကွက်အစွန်းအထင်းပေါ် သွားတိုက်ဆေး များများအုံပြီးနောက်၊
အဲဒီသွားတိုက်ဆေးတွေ လုံးဝခြောက်သွေ့ တဲ့အခါမှ အ၀တ်လျှော်လိုက်ပါ။
(၁၂) (ကန်စွန်းဥတွေ အခွံမြန်မြန်ခွာချင်ပါသလား ?) ပြုတ်ပြီးစ
ကန်စွန်းဥပူပူကျစ်ကျစ်ကို အိုးထဲကဆယ်ယူပြီး၊ ရေအေးထဲ ချက် ချင်း
နှစ်စိမ်ပေးလိုက်ပါ။ (ရေခဲရေမဟုတ်ပါ)
(၁၃) (ကြွက်တွေကို ဘယ်လိုနှိမ်နင်းရပါ့ ?) ကြွက်တွေလာတတ်တဲ့နေရာကို
ငြုပ်ကောင်းမှုန့် (အမဲရောင်) ဖြူးပေးထားရုံပါဘဲ။ ငြုပ်ကောင်းမှုန့် ရနံ
့ကြောင့် ကြွက်တွေထွက်ပြေးကုန်ပါလေရော။
(၁၄) (နှလုံးရောဂါသည်တွေ ညအိပ်ယာမ၀င်ခင် ဘာလုပ်သင့်သလဲ ?)
နှလုံးရောဂါသည်များ သောက်ရေအေး ၁-ခွက် (သို့ မ ဟုတ်) ၂-ခွက်သောက်ပြီးမှ
ညအိပ်ယာဝင်ပါ။ ဒါဆို နံက်အိပ်ယာထ အမောမဖောက်စေတော့ပါဘူး (ရေခဲရေ မဟုတ်ပါ)
အိမ်ရှင်မများ ပြုံးပျော်နိုင်ကြပါစေရှင်။

(ပေါက်ပေါက်…..မျှဝေသည်)

သစ်သီး(လုံးဝ) မစားသင့်ဆုံးအချိန်


“ ဗိုက်ထဲမှာ ဘာအစာမျှမရှိတဲ့အချိန်မှသာ သစ်သီးတွေကိုစားသင့်ပြီး၊ ထမင်းစားပြီးပြီးချင်းမှာတော့ သစ်သီး(လုံးဝ)မစားသင့်” ကြောင်း အင်တာနက်သတင်းလွှာဖြစ်တဲ့ American Daily Health Tips မှာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်နေ့ က အောက်ပါ အတိုင်း အကျယ်တ၀င့်ဖော်ပြသွားခဲ့ပါတယ်။

“ဖရဲသီးစားပြီးတိုင်း လေချဉ်တက်တယ်” “ပန်းသီးစားတဲ့အခါတိုင်း လေပွလာတယ်” “ဌက်ပျောသီးစားပြီးတာနဲ့ ဗိုက်နာသလိုလို ဖြစ်လို့ သန့် စင်ခန်းဝင်ရတယ်” စသည်ဖြင့် အချို့ က သစ်သီးနဲ့ ပတ်သက်လို့ စောဒကတက်ကြပါတယ်။ ဒီပြဿနာတွေနဲ့ ပတ် သက်လို့ သစ်သီးများဆိုင်ရာခန္ဒာဗေဒသုတေသီ တစ်ဦးဖြစ်သူ အမေရိကန်လူမျိုး ဒေါက်တာ Herbert Shelton က “ တကယ် တော့ ဗိုက်ဆာနေတဲ့အချိန် (အစာအိမ်ဟောင်းလောင်းဖြစ်တဲ့အချိန်) သစ်သီးတမျိုးတည်းစားရင် အဲဒီလိုကျန်းမာရေးပြဿနာမျိုး တွေ မဖြစ်စေပါဘူး။ ထမင်းစားပြီးခါစ ချက်ချင်းဆိုသလို အသီးတွေတန်းစားမိတဲ့အခါ(ဒါမှမဟုတ်)သစ်သီးကို တခြားအစားအစာ တွေနဲ့ တွဲစားတဲ့အခါမှသာဖြစ်တာပါ။ သစ်သီးနဲ့ အဲဒီအစားအစာတို့  ပေါင်းစပ်ဓာတ်ပြုပြီးတော့ ဂက်စ်ထွက်လာပြီး၊ အချဉ်ဖေါက် လာတာမျိုးပေါ့ ” လို့  ဆိုပါတယ်။

ဆက်လက်၍ “ဥပမာပေါ့ဗျာ … ခင်ဗျားတို့ ..ပေါင်မုန့် ၂-ချပ်ကို ပန်းသီး ၁-စိပ်နဲ့ တူတူစားမိတယ်ဆိုပါစို့ ၊ အစာအိမ်ထဲရောက် လို့  မိနစ်အနည်းငယ်အတွင်းမှာဘဲ အစာချေရည်တွေက သစ်သီးတွေ၊ ပေါင်မုန့် တွေနဲ့ ဓာတ်ပြုပြီးတော့ အက်ဆစ်အချဉ်ပေါက် လာပါတယ်။ တချိန်းတည်မှာဘဲ အစာတွေပုပ်သိုးဆွေးမြေ့ သွားတော့တာပါဘဲ၊ အကယ်၍ ပေါင်မုန် နဲ့ တခြားအစာတွေမပါဘဲ သစ်သီးတမျိုးတည်း သူ့ ချည်းဘဲစားရင်တော့ အစာအိမ်၊ အူတွေထဲ ပုံမှန်အတိုင်းတောက်လျှောက်ရောက်သွားပြီး အစာကျေ ညက်ဖို့ ဘာပြဿနာမှ မဖြစ်စေနိုင်ဘူးလေ ” လို့  ဒေါက်တာ က ပြောပါတယ်။

ဒါတင်မကသေးပါဘူး။ တာရှည်ခံအောင်ပြုပြင်ထားတဲ့ သံဗူး/ပုလင်း(ဖျော်ရည်-သစ်သီးဗူး)တွေမှာ သစ်သီးတွေကို အပူပေးပြုပြင် ထားတာမို့ ဗီတာမင်နဲ့  အာဟာရဓာတ်တွေ ပျောက်ဆုံးကုန်ပါပြီတဲ့။ အကယ်၍ ထိုသစ်သီးဖျော်ရည်ဗူးကို မဖြစ်မနေသောက် ရတဲ့အခါမှာ ချက်ချင်းမြိုမချဘဲ ခေတ္တငုံထာားပြီးမှသာ မျိုချသင့်ကြောင်း၊ အဲဒီလိုပြုခြင်းက အချိုရည်နဲ့ ခံတွင်းထဲက တံတွေး တို့ ပေါင်းစပ်မိပြီး အချိုရည်ထဲမှာပါတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ တွေ ပျက်ပြယ်သွားကာ အစာအိမ်ကိုဘေးဥပါသ် မဖြစ် စေတော့ပါဘူးတဲ့။

လတ်ဆတ်တဲ့ အော်ဂဲနစ်သစ်သီးဝလံတွေဟာ အဆိပ်အတောက်ပြေစေခြင်း၊ ခန္ဒာကိုယ်အလေးချိန်ကျစေခြင်း၊ သက်ရှည်ကျမ္မာ စေခြင်း၊ ကျန်းမာစွာဘ၀နေထိုင်မှုကိုပံ့ပိုးခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိစေပါတယ်။ ဒါ့ပြင် ဗိုက်ဆာ(အစာအိမ် ဟောင်းလောင်း ဖြစ်) နေတဲ့အချိန် သစ်သီးတွေစားခြင်းက ဆံပင်မဖြူစေကြောင်း၊ ဦးခေါင်းထိပ်မပြောင်စေကြောင်း၊ စိတ်ဖိစီးမှုကိုထိန်းချုပ်ပေးနိုင် ကြောင်း၊ မျက်ကွင်းညိုခြင်းကို သက်သာစေကြောင်း ဒေါက်တာ Shelton က ဆိုထားပြန်ပါတယ်။

သစ်သီးဝလံတွေ အစားသင့်ဆုံးအချိန်များကတော့ (က)နံက်အိပ်ယာထ ရေသောက်ပြီးတဲ့အချိန် (ခ) ထမင်းမစားခင် ၁-နာရီ ခန့် အလို (ဂ) ထမင်းစားပြီးနောက် ၂-နာရီအကြာ …စတဲ့ အချိန်တွေဖြစ်ပါတယ်။ ဆက်လက်၍ ဒေါက်တာက သစ်သီးတမျိုးစီနဲ့  ပတ်သက်လို့  အောက်ပါအတိုင်း ထပ်လောင်းအကြံပြုသွားခဲ့ပါတယ်။

(ကီဝီသီး) ပိုတက်စီယမ်၊ မဂနီစီယမ်၊ ဗီတာမင်အီး၊ အမျှင်ဓာတ်တို့ ပါရှိလို့  ကျန်းမာရေးကိုဘက်စုံကောင်းစေပါတယ်။ ဒါ့ပြင် ကီဝီသီးထဲမှာပါတဲ့ ဗီတာမင်စီက လိမ္မော်သီးထက် ၂-ဆပိုပါတယ်။

(ပန်းသီး) ပန်းသီးထဲမှာ ဗီတာမင်စီ ပါဝင်မှုမများပေမယ့်၊ ကျန်းမာရေးအတွက်မရှိမဖြစ် ဓာတ်တိုးဆန့် ကျင်ပစ္စည်းများနဲ့  ဖလေဗို နွိုက်ဓာတ်ပေါင်းစုတို့ ပါရှိလို့  အူမကြီးကင်ဆာ၊ နှလုံးရောဂါ နဲ့  လေဖြတ်ခြင်း စသည့်ရောဂါများ ဖြစ်လာနိုင်ချေ အလားအလာကို လျော့ပါးသက်သာစေပါတယ်။

(စတော်ဘယ်ရီ) ဓာတ်တိုးဆန့် ကျင်ပစ္စည်းမြင့်မားတဲ့ အသီးဖြစ်၍၊ ကင်ဆာရောဂါများကို ကာကွယ်ပေးပါတယ်။ မလိုလားအပ် တဲ့ free radicals များကိုတိုက်ထုတ်ပေးပြီး သွေးကြောများပိတ်ဆို့ ခြင်းမဖြစ်စေတော့ပါဘူး။

(ပေါက်ပေါက်…မျှဝေသည်)

လူကိုခွန်အားဖြစ်စေမယ့် အစားအသောက်(၁၈)မျိုး


(၁) (အစိမ်းရောင်အရွက်ဖားဖားဟင်းရွက်များ) ဟင်းနုနယ်၊ ကိုက်လန်၊ မုန်ညင်းစိမ်း၊ ကန်စွန်းရွက် စတဲ့ စိမ်းရောင်ခြယ်အရွက် တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါရှိပြီး၊ ကယ်လိုရီနဲပါးတဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါ့ပြင် ဗီတာမင်အေ၊ ဗီတာမင်စီ နဲ့  ဖောလိပ်ဓာတ်တို့  ကြွယ်ဝတာမို့  ခွန်အားတိုးပွားစေရုံမျှုမက၊ စိတ်ကျရောဂါတွေကိုပါ တိုက်ထုတ်ပေးပါတယ်။
(၂) (အစေ့အဆံများ) ဗာဒံစေ့၊ သစ်အယ်သီး၊ သစ်ကျားသီး၊ သီဟိုစေ့ စတဲ့ အစေ့အဆံတွေမှာ ခံနိုင်ရည်စွမ်းအားထောက်ပံ့ပေး တဲ့ ပရိုတင်းတွေပါရှိနေပါတယ်။ ၄င်းတို့ ကိုစားသုံးပြီးတဲ့အခါမှာ ခန္ဓာကိုယ်တွင်းရှိကောင်းကျိုးပြုဆဲလ်တွေကို စွမ်းအားပြည့် ထုတ်လုပ်ပေးနိုင်အောင် တဖက်တလမ်းမှ အထောက်အပံ့ဖြစ်ပေးပါတယ်။
(၃) (အဆီမပါသောအသားများ) ကြက် နဲ့ ကြက်ဆင်သားတွေကိုအရေခွံမပါဘဲစားပေးပါ။ အနီရောင်အသားတွေ စားတဲ့အခါမှာ အဆီကိုရှောင်ပါ။ ထို ကြက်၊ ကြက်ဆင်၊ အနီရောင်အသားတွေမှာပါတဲ့ အမိုင်နိုအက်ဆစ်တွေက ပင်ပန်းနွမ်းနယ်မှုကို တိုက် ထုတ်ပေးပါတယ်။ ဒါ့ပြင် သံဓာတ်၊ ဗီတာမင်ဘီ နဲ့ ပရိုတင်းများပါရှိလို့ ကြွက်သားများသန်မာစေပါတယ်။ (အားကစားသမားများ သက်လုံ ကောင်းစေပါတယ်)
(၄) (ပင်လယ်ငါးများ) ပင်လယ်ငါးဟင်းလျာများကို အနည်းဆုံး ရက်သတ္တတ် ၁-ပတ်မှာ ၃ ရက်ခန့်စားပေးပါ။ ပင်လယ်ငါးထဲမှာ ပါတဲ့ ဖက်တီးအက်ဆစ်တွေက အင်ဆူလင်ပမာဏကိုထိန်းညှိပေးတဲ့အပြင်၊ ဦးနှောက်ကိုကောင်းစွာ အလုပ်လုပ်စေပါတယ်။ ဒါ့ ပြင် ရောင်ရမ်းနာများကို သက်သာစေခြင်း၊ အရိုးအဆက်များ သက်တောင့်သက်သာအကွေးအဆန့် ပြုလုပ်နိုင်ခြင်း စသည်တို့ ကို ကောင်းကျိုးပြုကာ၊ ကြွက်သားများ တွဲကျခြင်းကိုမဖြစ်စေပါဘူး။
 (၅) (ကြက်ဥများ) သက်သက်လွတ်စားသူတွေအတွက် အသားအစားထိုးအဖြစ် ခွန်အားပြည့် ကြက်ဥ ကိုစားပေးသင့်ပါတယ်။ ကြက်ဥထဲမှာလဲ အသားတွေလိုဘဲ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ ဗီတာမင်များနဲ့ သံဓာတ်တွေပါရှိနေပါတယ်။
(၆) (ကောက်နှံများ) လူး၊ ဆပ်၊ ဂျုံ၊ အုတ်၊ စပါး စတဲ့ကောက်နှံတွေကို စားသောက်ပြီးတဲ့နောက် အချိန်တိုအတွင်းမှာပင် ခွန်အား ဖြစ်စေပါတယ်။ အထူးသဖြင့် ပြုပြင်ထားခြင်းမရှိတဲ့ ဆန်လုံးညိုတွေနဲ့  အညိရောင်ပေါင်မုန့် တွေက အာနိသင်ပိုရှိကြပါတယ်။
(၇) (ကော်ဖီ) ကော်ဖီထဲမှာပါတဲ့ ကဖိန်းဓာတ်တွေက ကြည်လင်လန်းဆန်းမှုကို တခဏအတွင်းပေးနိုင်စွမ်းလို့ ကမ္ဘာပေါ်ရှိ သန်း ပေါင်းများစွာသော လူသားများ ခွန်အားသစ်ဖြည့်တင်းပေးတဲ့ ကော်ဖီကို နံက်အိပ်ယာထ သောက်လေ့ရှိနေကြပါတယ်။
(၈) (လ္ဘက်ရည်) လ္ဘက်ရည်(အချို)/လ္ဘက်ရည်ကြမ်း(ရေနွေးကြမ်း)/green tea များမှာလဲ ကော်ဖီထဲမှာလိုဘဲ ကဖိန်းဓာတ်များပါ ရှိနေပါတယ်။ ဒါ့ပြင် L-theanine(ခေါ်)အမိုင်နိုအက်ဆစ်တစ်မျိုး ပါရှိတာကြောင့် လူကိုလန်းဆန်းတက်ကြွစေတဲ့အပြင် မှတ် ဥာဏ်အား ကောင်းစေပါတယ်။
(၉) (ပဲသီး(ခေါ်) ပဲတောင့်ရှည် နဲ့ ဗိုလ်စားပဲသီးများ) အစိမ်းရောင် ပဲသီးတွေထဲမှာ သံဓာတ်၊ ဗီတာမင်ဘီ နဲ့ အမိုင်နိုအက်ဆစ် များအပြင် အနီရောင်အသားတွေမှာတွေ့ ရတဲ့ ပရိုတင်းဓာတ်များလဲ ပါရှိနေတာကြောင့် ခွန်အားဖြစ်စေပါတယ်။ ဒါ့ပြင် အမျှင် ဓာတ်ကြွယ်ဝလို့ အစာချေစံနစ်ကိုကောင်းမွန်စေကာ ကျမ္မာရေးနဲ့ ညီညွတ်စေပါတယ်။
(၁၀) (ပန်းသီးများ) ပန်းသီးထဲမှာ ဓာတ်တိုးဆန့် ကျင်ပစ္စည်တွေအပြင်၊ ဗီတာမင်စီနဲ့  အမျှင်ဓာတ်တွေပါရှိသဖြင့် ခွန်အားကိုတိုး ပွားစေပါတယ်။ အထူးသဖြင့် ပန်းသီးထဲမှာပါရှိတဲ့ fructose ဓာတ်က တခဏအတွင်းမှာပင် ကိုယ်ခံစွမ်းအားကို တိုးပွားလာစေပါ တယ်။
(၁၁) (ဌက်ပျောသီးများ) ပိုတက်စီယမ်ကြွယ်ဝတဲ့ ဌက်ပျောသီးတွေက ခန္ဓာကိုယ်ကြွက်သားတွေကို ကောင်းစွာတည်ဆောက်ပေး လို့ ခန္ဓာကိုယ်အတွက် အကောင်းဆုံး အဖော်မွန်ဖြစ်ပါတယ်။ ဒါ့ပြင် သစ်သီးမှရတဲ့ သဘာဝသကြားဓာတ်များဖြစ်သော fructose နဲ့  glucose များက ခွန်အားဖြစ်စေပြီး၊ လန်းဆန်းတက်ကြွမှုကိုဖြစ်စေပါတယ်။
(၁၂) (ရွှေဖရုံစေ့များ) အမှတ်စဉ်(၂)မှာ ဖော်ပြထားတဲ့ အစေ့အဆန်များလိုဘဲ၊ ရွှေဖရုံစေ့ထဲမှာ ဗီတာမင်၊ ပရိုတင်များနဲ့  ကျန်းမာ ရေးအတွက် အထောက်အကူဖြစ်စေတဲ့ အဆီဓာတ်တွေ ပါရှိနေပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်အတွက် မရှိမဖြစ် မဂနီစီယမ်ဓာတ် ပါရှိလို့ ခွန်အားဖြစ်စေပါတယ်။
(၁၃) (သံပုရာသီးဖျော်ရည်) နုံးချိအားနည်းနေတဲ့အခါ သံပုရာရည်တစ်ခွက် သောက်ပေးခြင်းဖြင့် ဇီဝကမ္မဖြစ်စဉ်ကို တိုးတက် ကောင်းမွန်လာပြီး၊ ခွန်အားဖြစ်စေပါတယ်။ (ထို့ နည်းတူစွာ သဘာဝအုန်းစိမ်းရည် စစ်စစ်ကလဲ လူကို ခွန်အားဖြစ်စေပါတယ်)
(၁၄) (ဖရဲသီး) ရေဓာတ်အမြောက်အများရှိတဲ့ ဖရဲသီးကိုစားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက်ရေဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ် ပေးတဲ့အပြင်၊ ဗီတာမင်ဘီ၊ ပိုတက်စီယမ်နဲ့  fructose(ခေါ်)သဘာဝသကြားဓာတ်တို့ ပါရှိသဖြင့် ကိုယ်ခံစွမ်းအား ကောင်းစေပါ တယ်။
(၁၅) (ဘလူးဘယ်ရီသီး) ကြွက်ငယ်များနဲ့ ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ ဘလူးဘယ်ရီသီးထဲမှာ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေ အလုံအလောက်ပါရှိခြင်းကြောင့် အရွယ်တင်နုပျိုစေတဲ့ “စူပါအသီးအနှံ” လို့ ခေါ်ကြပါတယ်တဲ့။ ဒါ့ပြင် အမှတ်စဉ်(၂)မှာ ဖော်ပြ ထားတဲ့ အစေ့အဆံများလိုဘဲ omega-3 ဖက်တီးအက်ဆစ်တွေ ကြွယ်ဝစွာပါရှိတာမို့  ဦးနှောက်ကိုခွန်အားဖြစ်စေပါတယ်။
(၁၆) (ပန်းငရုပ်ပွသီး) ပန်းငရုပ်ပွသီးတွေထဲမှာ မယုံကြည်နိုင်လောက်အောင် ဗီတာမင်စီတွေ များပြားစွာပါရှိနေပါတယ်။ ဒါ့ပြင် အ မျှင်ဓာတ်၊ ဗီတာမင်ဘီနဲ့  phytochemical lycopene ဓာတ်တို့ ပါရှိနေလို့  ရောင်ရမ်းနာများ ကိုသက်သာစေကာ၊ အလွန်အမင်း မောပန်းနွမ်းနယ်မှုကိုပါ ပြေလျော့စေပါတယ်
(၁၇) (အနက်ရောင်ချောကလက်) လေ့လာစမ်းစစ်ချက်များအရ၊ အမဲရောင်ချောကလက်တွေဟာ ဦးနှောက်သို့ သွေးလည်ပတ် စီးဆင်းမှုအားကောင်းစေလို့ ၊ ချောကလက်စားပြီးနောက် ၂-နာရီ(သို့ မဟုတ်) ၃-နာရီအတွင်းမှာပင် သိသိသာသာ စိတ်ဖိစီးမှု တွေ ပြေလျော့သွားပြီး၊ မှတ်ဥာဏ်အားကောင်းလာစေပါတယ်။
(၁၈) (ဒိန်ချဉ်) အနီရောင်အသားတွေမှာကဲ့သို့ အမိုင်နိုအက်ဆစ်ပါရှိတာကြောင့် သက်သက်လွတ်စားသူများ ဒိန်ချဉ်တွေသောက် ရင်း ခွန်အားဖြစ်စေပါတယ်။ ဒိန်ချဉ်က လေးလံထိုင်းမှိုင်းခြင်းနဲ့ မောပန်းနွမ်းနယ်မှုတွေကိုပါ ပြေပျောက်စေပါတယ်။

(ပေါက်ပေါက်…မျှဝေသည်)

အရစ်ကျဝယ်ယူမှု၏နောက်ကွယ်


ယခုတလော အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှာ အတွေ့များလာတာကတော့
ကြိုပွိုင့်စနစ်နှင့် အရစ်ကျပေးချေမှုစနစ်ကို Customer တွေ ၀ယ်လိုအား လိုက်လာတာတွေ့ရပါတယ်။ ထိုကဲ့သို့ အရစ်ကျရောင်းချမှုမျိုးကို ဟိုယခင်က နိုင်ငံခြားမှာပဲ ကြားဖူးခဲ့ပါတယ်။ယခုလက်ရှိ မြန်မာနိုင်ငံမှာလည်း
အရစ်ကျရောင်းဝယ်မှုတွေအဖြစ်များ လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ထိုအရစ်ကျ ၀ယ်ယူမှုများသည် အမှုအများဆုံးလည်း ဖြစ်ကြတာကို
တွေ့မြင်ရပါတယ်။ ဒါကြောင့် ထိုကဲ့သို့အရစ်ကျဝယ်ယူမှုများ
ပြုလုပ်သည့်အခါ -

(၁) ဆောက်လုပ်မည့် တိုက်ခန်း၏ မြေအမျိုးအစား၊
(၂) တိုက်ခန်းလက်ဝယ်ရောက် ပြီးစီးမည့် ခုနှစ်
(၃) အရစ်ကျပေးချေမှုစနစ်

စသည့် အခြေခံအချက်အလက်များနှင့်အတူ အချက်အလက်အပြည့်အစုံကို
သေချာလေ့လာပြီးမှ ၀ယ်ယူသင့်ကြောင်း အကြံပြုအပ်ပါတယ်……

MSSMA

နိုင်ငံခြားသား အမည်ပေါက် မြေကွက်များတွင် ဆောက်လုပ်ခွင့်တင်သော အဆောက်အအုံ ၁၄၀ ခန့်အား ခွင့်ပြုရန် ပြည်ထဲရေး ၀န်ကြီးဌာနသို့ တင်ထား


ရန်ကုန်မြို့တော် အတွင်းရှိ နိုင်ငံခြားသား အမည်ပေါက်နေသည့် မြေကွက်များတွင် ဆောက်လုပ်ခွင့် တင်လာသော အဆောက်အအုံ ၁၄၀ ခန့်ရှိနေပြီး အဆိုပါ အဆောက်အအုံများအား စည်ပင်မှတစ်ဆင့် ပြည်ထဲရေး ၀န်ကြီးဌာနသို့ ဆက်လက်တင်ပြထားရာ ငါးလခန့် ကြာသည်အထိ အကြောင်းပြန်လာခြင်း မရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။
အခုထိတော့ အကြောင်းမပြန် သေးပါဘူး။ သူတို့ဆီကို တရားဝင် စာထုတ်ပြီး တင်ထားပြီးသားဖြစ်လို့ ထပ်ပြီးတော့ ပို့တာတော့ မရှိသေးပါဘူး။ သူတို့ဆီက ဘာပြန်မလဲ ဆိုတာကိုပဲ စောင့်နေပါတယ် . . . . .
နိုင်ငံခြားသား အမည်ပေါက် ပိုင်ဆိုင်သည့် မြေကွက်များတွင် အဆောက်အအုံ ဆောက်လုပ်ခြင်း ခွင့်မပြုရန် ပြည်ထဲရေး ၀န်ကြီးဌာနမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အမိန့်စာ ထုတ်ပြန်၍ အသိပေးထားသည့်အတွက် ယင်းမြေများပေါ်တွင် ဆောက်လုပ်ခွင့် တင်ပြလာသည့် အဆောက်အအုံ ၁၄၀ ကို စည်ပင်မှတစ်ဆင့် နေပြည်တော်ရှိ ပြည်ထဲရေး ၀န်ကြီးဌာနသို့ မေလအတွင်းက တင်ပြခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယင်းသို့ တင်ပြရာတွင် နိုင်ငံခြားသား မြေအမည်ပေါက်သော်လည်း မြေအမည်ပေါက် ပိုင်ဆိုင်မှုနှင့် မသက်ဆိုင်သည့် အမြင့်ဆုံး သုံးထပ်အထိ ဆောက်လုပ်ခွင့်ပြုရန် တင်ပြထားခြင်းဖြစ်ကြောင်း ယခုထိ အကြောင်းပြန်လာခြင်း မရှိသေး၍ အဆောက်အအုံ ဆောက်ချင်သူများ ဆောက်လုပ်၍ မရသေးကြောင်း သိရသည်။ "ပြည်ထဲရေးကို ငါးလပိုင်းက တင်ပြထားတာပါ။ အခုထိတော့ အကြောင်းမပြန် သေးပါဘူး။ သူတို့ဆီကို တရားဝင် စာထုတ်ပြီး တင်ထားပြီးသားဖြစ်လို့ ထပ်ပြီးတော့ ပို့တာတော့ မရှိသေးပါဘူး။ သူတို့ဆီက ဘာပြန်မလဲ ဆိုတာကိုပဲ စောင့်နေပါတယ်။ အဆောက်အအုံ ဆောက်ချင်တဲ့ သူတွေကိုလည်း နိုင်ငံခြားသား အမည်ပေါက်ဖြစ်လို့ ပြည်ထဲရေးကို ဆက်တင်ထားလို့ ရှင်းပြထားတဲ့အတွက် သူတို့လည်း စောင့်နေကြပါတယ်။ အချို့ကျတော့လည်း မစောင့်နိုင်လို့ နေပြည်တော်ကို လိုက်သွားတာမျိုးလည်း ရှိတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မြေပိုင်ဆိုင်မှု တရားဝင် အမည်ပေါက်တွင် မြန်မာနာမည်နှင့် မဟုတ်ဘဲ အင်္ဂလိပ်လိုနာမည် ဖြစ်နေပါက ယင်းကို နိုင်ငံခြားသား အမည်ပေါက် ပိုင်ဆိုင်သည်ဟု ယူခြင်းဖြစ်ပြီး ယင်းသို့ နိုင်ငံခြားသား အမည်ပေါက် ဖြစ်နေသည့် မြေကွက်များ ဖြစ်နေခြင်းမှာ ရှေးယခင် ထုတ်ပေးခဲ့မှုများ ရှိခဲ့၍ဖြစ်ပြီး ယခုနောက်ပိုင်းတွင်မူ နိုင်ငံခြားသားမြေ အမည်ပေါက်များကို ထုတ်ပေးခြင်း မရှိတော့ကြောင်း သိရသည်။            ရန်ကုန်မြို့တော်တွင်း အန္တ ရာယ်ရှိ အဆောက်အအုံဖြစ်၍ အသစ်ပြန်လည် တည်ဆောက်ရမည့် အဆောက်အအုံများတွင်လည်း နိုင်ငံခြားသား ပိုင်ဆိုင်သည့် အဆောက်အအုံ ၆၀ ခန့် ရှိခဲ့ရာ အန္တရာယ်ရှိသောကြောင့် မဖြစ်မနေ ပြန်လည်ဆောက်လုပ် ရမည်ဖြစ်၍ ပြန်ဆောက်ခွင့် ပြုခဲ့ကြောင်းနှင့် အဆိုပါ အဆောက်အအုံများမှာ မြို့တွင်း (Down Town) မြို့နယ်များတွင်ဖြစ်ကြောင်း သိရသည်။

Eleven

နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ခုံးကျော်တံတားကို ယခုလကုန်တွင် စတင်အသုံးပြုခွင့် ရမည်


ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် တည်ဆောက်လျက်ရှိသည့် ခုံးကျော်တံတား စီမံကိန်းများအနက် နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင်လမ်းမကြီးပေါ် ဖြတ်သန်းတည်ဆောက်ထားသည့် ဘုရင့်နောင် ခုံးကျော်တံတားကို အောက်တိုဘာလကုန်တွင် စတင်အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။
"ဘုရင့်နောင် လမ်းမကြီးပေါ်မှာ တည်ဆောက်ထားတဲ့ အောက်ကဘုရင့်နောင် ခုံးကျော်တံတားကို ဒီလကုန်မှာစပြီး ဖြတ်သန်းခွင့်ရမှာ ဖြစ်ပါတယ်။ သမိုင်းဘူတာရုံ လမ်းပေါ်က ခုံးကျော်တံတားကတော့ အသုံးပြုခွင့် မရသေးပါဘူး" ဟု ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားခဲ့သည်။
ဘုရင့်နောင် ခုံးကျော်တံတားသည် နှစ်ထပ်တံတား စီမံကိန်းဖြစ်ပြီး ဘုရင့်နောင် လမ်းမကြီးပေါ်တွင် တစ်စင်း၊ သမိုင်းဘူတာရုံ လမ်းပေါ်တွင် တစ်စင်း တည်ဆောက်လျက်ရှိကြောင်း၊ ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလကုန်က စတင်ခဲ့ပြီး FMI Co.,Ltd မှ ဆောက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၂၁ ဘီလျံ ရှိနိုင်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့ပြင် ရန်ကုန်မြို့တွင် တည်ဆောက်နေဆဲ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတားများကို လာမည့်ဒီဇင်ဘာ အပြီးတည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ညွှန်ကြားထားကြောင်း သိရသည်။
"ဘုရင့်နောင် ပွဲရုံဝင်းထဲမှာရော၊ လမ်းမကြီးမှာပါ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပါတယ်။ ခုံးကျော်တံတား တည်ဆောက်နေတော့ ပိုကျပ်တယ်။ ဒါပေမဲ့ လမ်းမကြီးပေါ်က တံတားက ဒီလကုန် ဖြတ်သန်းခွင့် ရတော့မှာဆိုတော့ လက်ရှိကြုံတွေ့နေတဲ့ ယာဉ်ကြောပိတ်ဆို့မှု လျော့သွားမှာပါ။ ၀င်းထဲမှာလည်း နေ့စဉ်နဲ့အမျှ ယာဉ်ထိန်းတွေနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်" ဟုလည်း ဦးခင်ဟန်က ဆက်လက်ပြောကြားသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းသက်သာစေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားလေ့ရှိသည့် လှည်းတန်းလမ်းဆုံ၌ လှည်းတန်းခုံးကျော်တံတား တည်ဆောက်ခဲ့ရာ ၂၀၁၃ ခုနှစ် ဧပြီ ၁၀ ရက်က စတင်အသုံးပြုခွင့် ရခဲ့ကြောင်း၊ လက်ရှိတည်ဆောက်ဆဲ ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းများမှာ ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ဘုရင့်နောင် ခုံးကျော်တံတားမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလကုန်တွင် စတင်အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။

Eleven

ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ရေပေါ်ဟိုတယ်သစ်အား ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်


ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် ရေပေါ်ဟိုတယ်သစ်အား လာမည့်ဒီဇင်ဘာတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဗိုလ်တထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တိုးချဲ့တည်ဆောက်ရန် ဆိပ်ကမ်းအမှတ် (၃) ဗောတံတားမှ အမှတ် (၁) ကုန်းတွင်း ကုန်သေတ္တာစင် ထိပ်အထိ ကမ်းနားတစ်လျှောက် ရေကာတံတိုင်း ဆောက်လုပ်၍ မြေဖို့ပြီး မြေနေရာ တိုးချဲ့ခြင်းများ ပြုလုပ်ရန် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက သတ်မှတ်ခဲ့သည်။
အဆိုပါ ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ လှလှပပ ကုမ္ပဏီ လီမိတက်က ရေပေါ်ဟိုတယ် တည်ဆောက်ရေး စီမံကိန်းအား စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှလှပပ ကုမ္ပဏီမှ ရေပေါ်ဟိုတယ် ဖွင့်လှစ်ရန် ဖင်လန်နိုင်ငံမှ တန်ချိန် ၂၀၀၀ ကျော်ရှိသည့် စက်မဲ့သင်္ဘော တစ်စီးအား ၀ယ်ယူခဲ့ကြောင်း သိရသည်။ ယင်းသင်္ဘောသည် သြဂုတ် ၁၈ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိပြီး ယင်းသင်္ဘောအား ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို မြန်မာ့သင်္ဘောကျင်းရှိ ၁၂၀၀၀ ရေလုံသင်္ဘောကျင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ စက်မဲ့သင်္ဘောသည် အလျား ၁၀၆ မီတာ၊ အကျယ်အ၀န်း ၁၈ ဒသမ ၄ မီတာ၊ ရေစူးနှစ်မီတာနှင့် တန်ချိန် ၂၀၀၀ ကျော်ရှိကြောင်း သိရသည်။
သင်္ဘောအား ပြုပြင်ခြင်း လုပ်ငန်းများကို စက်တင်ဘာလမှ စတင်လုပ်ဆောင်လျက်ရှိပြီး ဒီဇင်ဘာလအတွင်း အပြီးသတ် ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် လှလှပပ ကုမ္ပဏီပိုင် ရေပေါ်ဟိုတယ် သင်္ဘောတွင် နှစ်ယောက်ခန်း ၁၀၄ ခန်း ပါဝင်ပြီး စားသောက်ခန်း နှစ်ခန်းနှင့် ဘားကောင်တာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Eleven

ပဲခူးတိုင်း ဒေသကြီးရှိ မြေဧက ၈၀ ခန့်ပေါ်တွင် Nissan ကားထုတ်လုပ်သည့်စက်ရုံ လာရောက်တည်ဆောက်မည်


ပဲခူးတိုင်းဒေသကြီးရှိ မြေဧက ၈၀ ခန့်ပေါ်တွင် Nissan (နစ်ဆန်း) ကားထုတ်လုပ်သည့်စက်ရုံ ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ အတွင်း၌ မြန်မာနိုင်ငံတွင် Nissan တံဆိပ် မော်တော်ကားများ ဖြန့်ချိခွင့် ကိုယ်စားလှယ်ကို United Diamond Motor ကုမ္ပဏီမှ ရရှိခဲ့ပြီး ယခုအခါ စက်ရုံလာရောက် တည်ထောင်၍ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ မလေးရှား အခြေစိုက် ETC(MM) Pte Ltd အား ပဲခူးတိုင်းဒေသကြီး အတွင်း၌ Nissan တံဆိပ် မော်တော်ကားများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် လုပ်ကိုင်ရန် ၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၅ ရက်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆောက်ရွက်သွားမည်ဟု သိရသည်။
"Nissan က မြန်မာနိုင်ငံမှာ ကားထုတ်တဲ့စက်ရုံ လာထောင်မယ်။ စက်ရုံတည်ဆောက် ပြီးတာနဲ့ ဈေးကွက်စဖြန့်မယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီကို မြန်မာနိုင်ငံမှာ Nissan ကားဖြန့်ချိခွင့်  ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတာ ဖြစ်တဲ့အတွက် စက်ရုံဆောက်လုပ်ပြီးလို့ ဈေးကွက်စဖြန့်တဲ့ အချိန်မှာ ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ကိုင်မှာလား၊ သူတို့ပဲ တိုက်ရိုက်ဖြန့်မှာလား ဆိုတာကို သေချာဆွေးနွေးမှု မလုပ်ရသေးပါဘူး" ဟု United Diamond Motor ကုမ္ပဏီမှ ဦးအေးထွန်းက ပြောကြားသည်။
မလေးရှား အခြေစိုက် Tan Choung Group သည် အရှေ့တောင် အာရှတွင် ဂျပန်ရှိ Nissan အုပ်စုနှင့် အဓိကချိတ်ဆက် လုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့တွင် ကားဝန်ဆောင်မှု စင်တာများ၊ ရောင်းချရေး စင်တာများနှင့် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံများကို တည်ထောင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Eleven

စင်ကာပူအိမ်ရာဈေးကွက် နှေးကွေးစွာ ကျဆင်းလာ


စင်ကာပူ ပရော့ပါတီဈေးကွက်ဟာ နှေးကွေးမှု စတင် ဖြစ်ပေါ်နေပါတယ်။ ဈေးကွက်မှာ ပါဝင်တဲ့ ကဏ္ဍတွေဟာ

ပရော့ပါ တီရောင်းချ ရမှုနဲ့ ပတ်သက်ပြီး သူတို့ရဲ့လုပ်ငန်းအပေါ် အကျိုးသက်ရောက်မှု ရှိတယ်လို့ စတင်ခံစား

လာရတဲ့အတွက် ဖြစ်ပါတယ်။ ဒါဟာ ပရော့ ပါတီ ကုမ္ပဏီအားလုံးအတွက် ဈေးကွက်အောက်ကို နိမ့်ကျတဲ့အဖြစ်

မဟုတ်ပါဘူး။ လုပ်ငန်းများစွာဟာ ပုဂ္ဂလိကနေအိမ်ဆိုင်ရာ ပရော့ ပါတီဈေးကွက်မှာ အခွင့်လမ်းကောင်းတွေ ဆက်ရှာ

နိုင်ပါသေးတယ်။ စင်ကာပူရှိ ပရော့ပါတီ အကြံပေးလုပ်ငန်း Savills က ယခုနှစ် တတိယသုံးလပတ်မှာ စုစုပေါင်း

အိမ်ခြံမြေ လွှဲပြောင်းရောင်းဝယ်မှု စင်ကာပူဒေါ်လာ ၁ဝ.၁၅ ဘီလျံဖိုးပဲရှိလို့ ၂ဝ၁၂ တတိယ သုံးလကထက်

၄၅ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ပုဂ္ဂလိကနေအိမ် ပရော့ပါတီရောင်းချမှုတွေထဲမှာ တန်ဖိုးကြီး

ကွန်ဒိုတိုက်ခန်းတွေ လည်း ပါဝင်ပြီး ယခုနှစ် စက်တင် ဘာလအထိ တတိယသုံးလမှာ ၆၄ဝဝ သာ ရောင်းချခဲ့ရတာကို

၂ဝ၁၂ တတိယသုံးလမှာ ၁၂၃ဝ၄ ယူနစ် ရောင်းချခဲ့ရတာနဲ့ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။ ပရော့ပါတီ ရောင်းဝယ်ရေး

လုပ်ငန်းတွေ လုပ်ငန်းသုံးပုံတစ်ပုံကျဆင်းခဲ့ပေမယ့် လူအင်အားလျှော့ဖို့ အစီအစဉ် မရှိသေးပါဘူး။ ဆောက်လုပ်ရေး

လုပ်ငန်းဟာ ပရော့ ပါတီဈေး ကွက် ကျဆင်းမှုအလယ်မှာ ကွဲပြားလျက် ရှိပြီး စင်ကာပူ အစိုးရကတော့ အများပြည်သူ

အတွက် တိုက်ခန်းများနဲ့ မီးရထား လမ်းပိုင်း ဆိုင်ရာ အခြေခံအဆောက်အအုံများ တည် ဆောက်နိုင်ဖို့ စုံစမ်းကြည့်ရှု

လျက် ရှိကြောင်း သိရပါတယ်။

CNA

မြန်မာနိုင်ငံ၌ အမြင့်ဆုံးဖြစ်လာမည့် ၃၄ ထပ်မြင့် အဆောက်အအုံ အင်းလျားကန်အနီး တည်ဆောက်မည်


မြန်မာနိုင်ငံ၌ အမြင့်ဆုံး ၃၄ထပ် အမြင့်ရှိ လူနေကွန်ဒိုမီနီယမ်တစ်ခုကို မရမ်းကုန်း မြို့နယ်၊
အင်းလျားကန်အနီး၊ ဦးထွန်းငြိမ်းလမ်းပေါ်တွင် Mandalay Golden Wings(MGW) ဆောက်လုပ်
ရေးက အမေရိကန်ဒေါ်လာ သန်း ၆၀အကုန်အကျခံကာ ၂၀၁၅ခုနှစ်အပြီး တည်ဆောက်သွားမည်
ဖြစ်သည်။

ဒိုင်းမွန်းအင်လျားကွန်ဒိုကို ဧရိယာ နှစ်ဧကကျော်ကျယ်သည့် မြေကွက်လပ်တွင် လာမည့်နိုဝင်ဘာ
လဆန်းမှ စတင်တည်ဆောက်မည်ဖြစ်သည်။

ထို အဆောက်အအုံသည် အင်းယားလိတ်ခ် ဟိုတယ်အနီး၊ ပါရမီလမ်းမနှင့်လည်း နီးမည်ဖြစ်သည်။

ဒိုင်းမွန်းအင်းလျားကွန်ဒို တည်ရှိရာ နေရာသည် ယခင် အမှတ်(၁)စက်မှု ၀န်ကြီးဌာနပိုင် မျက်နှာ
သုတ်ပ၀ါစက်ရုံ ဟောင်းတည်ရှိခဲ့သည့် နေရာဖြစ်ကာ အစိုးရက လေလံတင်ရောင်းချခဲ့သည့်
မြေကွက်လည်းဖြစ်သည်။

အင်းလျားကန်နှင့် ပေ ၁၀၀ ခန့်သာဝေးကွာပြီး ပတ်ဝန်းကျင်တွင် လူနေအိမ်ခြေများနှင့်ဆိုင်ခန်းများ
တည်ရှိသည်။

၃၄ ထပ်မြင့်မည့် အဆိုပါကွန်ဒိုတွင် အခန်းစုစုပေါင်း ၄၀၆ ခန်း ပါဝင်မည် ဖြစ်ကာ ပထမထပ်မှ
ဆဋ္ဌမထပ်အထိ ကားစီးရေ ၅၆၀ ဆံ့သော ကားပါကင် အဖြစ် ထည့်သွင်းမည်ဖြစ်သည်။

သတ္တမအထပ်နှင့် ၃၂ ထပ်တွင် ကွန်ဒိုနေထိုင်သူများအတွက် ၀န်ဆောင်မှု ပေးမည့် Service floor
facilities ၄၅ ရာခိုင်နှုန်းနှင့် အခန်းဧရိယာ ၅၅ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်သည်။

ဖျော် ဖြေရေးအတွက် ရုပ်ရှင်ရုံငယ်လေးများ အပြင် အားကစားအတွက်လည်း အဆင် ပြေစေမည့်
နေရာများ ဖန်တီးပေးထား မည်ဖြစ်သည်။

အဋ္ဌမထပ်မှ ၃၄ ထပ်အထိ လူနေ အခန်းများဖြစ်ကာ အများဆုံး အိပ်ခန်း လေးခန်းပါရှိသည့်
စတုရန်းပေ ၃,၀၀၀ အကျယ်မှ အကျဉ်းဆုံး အိပ်ခန်းတစ်ခန်း သာပါဝင်သည့် စတုရန်းပေ ၈၅၀
အကျယ် အခန်းစုစုပေါင်း ၄၀၆ ခန်း ပါဝင်မည်ဖြစ်သည်။

အပေါ်ဆုံးထပ်တွင် တစ်လုံးလျှင် စတုရန်းပေ တစ်သောင်းကျော် ကျယ်သည့်ခေါင်မိုးအိမ်လေးလုံး
လည်းပါရှိ မည်ဖြစ်သည်။

"တိုင်းရင်းသားပိုင် ဖြစ်ပါတယ်။အခန်းတွေကို ပြည်တွင်းကော နိုင်ငံခြားသားတွေကိုပါ မျှပြီး
ရောင်းချမှာ ဖြစ်ပါ တယ်"ဟု အဆိုပါစီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းအဆောက်အအုံသည် အင်္ဂလိပ်အက္ခရာ အယ်လ်ရှိတ်ဖြစ်ပြီး အဆောက်အအုံသုံးခုတွဲထား
သည့် ပုံစံဖြစ်ကာ ဓာတ်လှေကား စုစုပေါင်း ၁၄ စင်း ပါရှိမည် ဖြစ်သည်။

အများသုံးနေရာများ၊ အိုလံပစ်အဆင့်ရှိ ရေကူးကန်၊ အားကစားခန်းမ၊ မီနီမတ်ကက်တို့ ပါရှိမည်
ဖြစ်ပြီး လုံခြုံရေးအတွက် စီစီတီဗီကင်မရာများ နေရာ အနှံ့တပ်ဆင်ထားမည်ဟု ဆိုသည်။

"အရေးပေါ် မီးသတ်ဖို့အတွက် ထွက် ပေါက်တွေ၊ အချက်ပေးကိရိယာတွေ၊ မီးသတ်စက်အကြီးစား
နဲ့ ဂါလန်သုံးသိန်းကျော်ဆံ့တဲ့ မီးသတ်ရေကန်လည်း ပါရှိပါမယ်"ဟု အဆိုပါစီမံကိန်းမှအင်ဂျင်နီယာ
ချုပ် ဦးချစ်ဆွေညွန့်က ပြောသည်။

"အခန်းတိုင်းလိုလိုကို မီးလောင်တာနဲ့ အချက်ပေးမယ့်ကိရိယာတွေပါရှိမယ်။ ဒီအတွက် မီးလောင်
ရင် အချိန်မရွေး သုံး နိုင်မယ့် ဓာတ်လှေကားလည်းပါဝင်မယ်"ဟု စီမံကိန်းအင်ဂျင်နီယာဦးချစ်မောင်
က လည်း ပြောသည်။

အဆိုပါ ကွန်ဒိုမီနီယမ်စီမံကိန်းတွင် ၃၄ ထပ်အမြင့် ရှိမည်ဖြစ်သောကြောင့် အင်းလျားကန်နှင့်
နီးသဖြင့်လည်း မြေစမ်းသပ်မှုများကို လနှင့်ချီဆောင်ရွက်ထားပြီး လေတိုက်နှုန်း တစ်နာရီ မိုင်
၁၂၀ ဒဏ်နှင့် ငလျင်ဒဏ်ကိုလည်း ၈ ဒသမ ၅ ရစ်ခ်ျတာစကေးအထိ ခံနိုင်ရည်ရှိအောင်
တည်ဆောက်မည်ဖြစ်သည်။

ဒိုင်းမွန်းအင်းလျားကွန်ဒိုကို ထိုင်းနိုင်ငံ အခြေစိုက် Process Myanmar အဖွဲ့ က ဒီဇိုင်းရေးဆွဲပေးပြီး
မြန်မာအင်ဂျင် နီယာများနှင့်အတူ တည်ဆောက်မည် ဖြစ်သည်။

ထို့ပြင် အဆောက်အအုံ အရည်အသွေးနှင့်ပတ်သက်ပြီး ထိုင်း နိုင်ငံရှိ AIT တက္ကသိုလ်မှ ပညာရှင်
တစ်ဦး ဦးဆောင်သည့်အဖွဲ့ကလည်း ကူညီမည် ဖြစ်သည်။

လူနေအိမ်ခန်းများကို နိုဝင်ဘာ ၁ ရက် နေ့မှ စတင်အရောင်းဖွင့်မည်ဖြစ်ကာ ဘဏ်ချေးငွေများဖြင့်
အရစ်ကျဝယ်ယူ နိုင်ရန်လည်း စီစဉ်မည်ဖြစ်သည်။

ယခုဒိုင်းမွန်းအင်းလျားကွန်ဒိုမီနီယမ်ကို တည်ဆောက်မည့် ဆောက်လုပ်ရေးကုမ္ပဏီသည်
မန္တလေးမြို့ရှိ ရတနာပုံဒိုင်းမွန်းပလာဇာကို တည်ဆောက်ခဲ့သည့် ဆောက်လုပ်ရေး ကုမ္ပဏီလည်း
ဖြစ် ကာ အစုရှယ်ယာဝင် အများအပြား ဖြင့် တည်ထောင်ထားခြင်းဖြစ်သည်။

လတ်တလော မြန်မာနိုင်ငံ၌ အမြင့်ဆုံးအထပ်မြင့် အဆောက်အအုံမှာ ကုန်သည်ကြီးများ ဟိုတယ်
ဖြစ်ပြီး စုစုပေါင်း ၂၂ ထပ် မြင့်မားသည်။

MMT

မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံများ စီမံကိန်းအတွက် စိတ်ဝင်စားသော ပြည်တွင်းနာမည်ကြီး ကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီ ၁၇ ခု ရှိနေ


ရန်ကုန်မြို့လယ်နှင့် နီးကပ်နေသည့် မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံများ စီမံကိန်းအတွက် မြေငှားရမ်း လုပ်ကိုင်လိုသော ပုဂ္ဂလိက ပြည်တွင်းပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူထားရာ စိတ်ဝင်စား၍ တင်ဒါလျှောက်လွှာ ၀ယ်ယူထားသည့် ပြည်တွင်းနာမည်ကြီး ကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီ ၁၇ ခုအထိ ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်တီမှ သိရသည်။

စီးပွားရေးအရ ဖွံ့ဖြိုးလာမည့် အလားအလာများကို မျှော်မှန်း၍ ပြည်တွင်းနှင့်အတူ ပြည်ပလုပ်ငန်းရှင်များကိုပါ ပါဝင်နိုင်ရန် ရည်ရွယ်၍ မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံများ စီမံကိန်းကို  ဗိုလ်မင်းရောင်လမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မြေဧရိယာ ၈ ဒသမ ၅၁၈ ဧကပေါ်တွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး စီမံကိန်းတွင် ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊ ပြခန်းကြီးများ၊ ကဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်ကြီးများ၊ အီလက်ထရွန်နစ် စင်တာများ၊ အရောင်းပြခန်းမကြီးများ (Shopping Mall)၊ ရုံးခန်းအဆောက်အအုံများနှင့် လူနေကွန်ဒို တိုက်ခန်းများ တည်ဆောက်လုပ်ကိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။

ယင်းစီမံကိန်းအတွက် မြေငှားရမ်းရန် လုပ်ကိုင်လို၍ လျှောက်လွှာဝယ်ယူထားသည့် ကုမ္ပဏီ ၁၇ ခုတွင် ပြည်ပနှင့် ပြည်တွင်းဖက်စပ် ကုမ္ပဏီ အနေဖြင့် Daiwa Housing Industry Co.Ltd  (Tokyo) & Shin Ye Htut Construction Management and Developer Co:ltd၊ ပြည်တွင်းရှိ နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် Capital Development Co.Ltd၊ A1 Construction၊ Asia Picific Construction၊ New Innovation Co.Ltd၊ Ga Mone Pwint Co.Ltd၊ IGE Co.Ltd အပြင် TDDPC Co.Ltd၊ KYAY "O" KYEE Construction၊ Electrum Construction စသည့် ကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။

"ဒီစီမံကိန်းအတွက် တင်ဒါလျှောက်လွှာ ကုမ္ပဏီ ၁၇ ခု ရှိနေပါပြီ။ စီမံကိန်းအတွက် တင်ဒါလျှောက်လွှာကို ကျပ် ၁၀ သိန်းနဲ့ ရောင်းတာဆိုတော့ ၀ယ်တဲ့ကုမ္ပဏီက စိတ်ဝင်စားလို့ ၀ယ်တယ်လို့ပဲ ယူဆတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းလုပ်ငန်းအတွက် လုပ်ကိုင်လိုသူများ အနေဖြင့် တင်ဒါနှင့်အတူ တင်ဒါတင်သွင်းမှု အာမခံ စပေါ်ငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်သန်းနှင့် သက်တမ်းခြောက်လရှိသော ဘဏ်အာမခံ ပါရှိရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။        

EMG

အမြန်ဝိတ်ကျစေမည့် အစား ၁၀ မျိုး


ခန္ဓာကိုယ်တွင် မလိုအပ်သော အဆီပိုများ ရှိပါက အမြန်ဆုံး ကျဆင်းစေရန် ရည်ရွယ်၍ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစား ၁၀ မျိုးကို စားပါက မလိုအပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်းစေနိုင် ပါတယ်။

ဂျုံ
===
ဂျုံများများ စားပါ။ ဂျုံစားခြင်းအားဖြင့် ကိုလက်စရောဓာတ်ကို လျော့ကျ စေတဲ့ အပြင် အစာခြေ စနစ်ကိုလည်း ကောင်းမွန်စေ ပါတယ်။ ဒါကြောင့် ဂျုံကို များများ စားသင့်ပါတယ်။

ဥမျိုးမျိုး
====
ဥမျိုးမျိုးကို စားသုံးပါက ခန္ဓာကိုယ်ရှိ ကြွက်သားများကို ကြီးထွား စေနိုင်တဲ့အပြင် ကိုလက်စရောဓာတ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

ပန်းသီး
=====
ဝိတ်ကျလိုသူများ ညဘက်ထမင်း မစားပါက ပန်းသီး စားနိုင်ပါတယ်။ ပန်းသီးဟာ ခန္ဓာကိုယ်အတွက် ခွန်အားရှိစေတဲ့ အပြင် အဆီတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ငရုတ်သီးစိမ်း
=======
ငရုပ်သီးစိမ်းဟာ ခန္ဓာကိုယ်ကိုယ် ဖွံဖြိုးစေတဲ့ အပြင် အဆီတွေကို ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ငရုတ်သီး အစိမ်းကို မှီဝဲ ပေးပါ။

ကြက်သွန်ဖြူ
=========
ကြက်သွန်ဖြူဟာ အဆီပိုတွေကို ကျဆင်းစေရုံသာ မက ကင်ဆာရောဂါ အတွက်လည်း ကောင်းမွန်စေပါတယ်။ ထို့ပြင် ခန္ဓာကိုယ်အတွက် ခွန်အား ဖြစ်စေတာကြောင့် စားသုံးသင့်ပါတယ်။

ပျားရည်
======
ပျားရည်ဟာ ခန္ဓာကိုယ်အတွက် ခွန်းအား ဖြစ်စေပါတယ်။ ထို့ပြင် အဆီကိုလည်း သိသိသာသာ ကျဆင်းစေနိုင်ပါတယ်။ ပျားရည်ကို နေ့စဉ်မှီဝဲပေးပါ။

လက်ဖက်ရည်ကြမ်း
==========
လက်ဖက်ရည်ကြမ်း များများ သောက်ခြင်းဟာ ဝိတ်ကျစေနိုင်တယ်လို့ ဆိုပါတယ်။ များများမသောက်နိုင်ဘူးဆိုရင်တောင် တစ်နေ့ကို နှစ်ခွက် လောက် သောက်ပေးပါ။

ခရမ်းချဉ်သီးစားပါ
=========
ခရမ်းချဉ်သီးကို နေ့တိုင်း စားပေးခြင်းအားဖြင့် အဆီများကို ကျဆင်းစေနိုင် တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးစားပေးပါ။

ချောကလက်
========
ချောကလက်ကို စားပေးပါ။ ဘာကြောင့်လဲ ဆိုသော ၎င်းဟာ ဝိတ်ကို အမြန်ကျ စေပါတယ်။

သံပုရာရည်
=======
သံပုရာရည်ကို ဝိတ်ကို အလျင်အမြန်ကျစေ နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သံပုရာရည် သောက်သင့်ပါတယ်။ နိဂုံးချုပ်အားဖြင့် အကြံပေးချင်တာက လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်း လုပ်ဖို့ အချိန်အများကြီး မပေးနိုင်ရင်တောင် မနက်ခင်းတိုင်း လမ်းလျှောက် စေချင်ပါတယ်။

ရေ (လုံးဝ) မသောက်သင့်ဆုံးအချိန်


“ထမင်းအသက် (၇)ရက်၊ ရေအသက် (၁)မနက်” ဆိုတဲ့ ရှေးစကား ရှိပါတယ်။ လူသားတွေအတွက် ရေက ဘာ့ကြောင့် မရှိမဖြစ်လိုအပ်ပါသလဲ ?

(၁) ဦးနှောက်ရဲ့ ၇၅% ကို ရေဓာတ်နဲ့ ဖွဲ့ စည်းတည်ဆောက်ထားပါတယ်။
(၂) ခန္ဒာကိုယ်တွင်းအပူချိန်ကို မျှတစေပါတယ်။
(၃) သွေးရဲ့ ၈၃% က အရေဓာတ်များဖြစ်ပါတယ်။
(၄) ကြွက်သားကို ရေဓာတ် ၇၅% နဲ့ ပြုလုပ်ထားပါတယ်။
(၅) အရိုးထဲမှာ ရေဓာတ် ၂၂% ပါရှိပါတယ်။
(၆) ခန္ဒာကိုယ်ထဲသို့ ရောက်ရှိလာတဲ့ အစားအစာတွေကို ခွန်အားအဖြစ်ပြောင်းလဲပေးပါတယ်။
(၇) ခန္ဒာကိုယ်ထဲမှာ ပိုလျှံပြီးမလိုလားအပ်တဲ့ အရည်တွေနဲ့ အဆိပ်အတောက်တွေကို ဆီး/၀မ်း/သွေး/ချွေး/ချွဲသလိပ် အဖြစ်စွန့် ထုတ်ပေးပါတယ်။
(၈) ခန္ဒာကိုယ်အတွက် အာဟာရဖြစ်အောင် ကူညီပေးပါတယ်။
(၉) အသက်ရှုခြင်းကို အထောက်အပံ့ ဖြစ်စေပါတယ်။
(၁၀) အရိုးအဆက်များ ပွန်းတိုက်စားခြင်းမှ သက်သာစေပါတယ်။
(၁၁) ခန္ဒာကိုယ်တွင်းဆဲလ်များကို အောက်စီဂျင် မပြတ်လပ်စေတော့ပါဘူး။
(၁၂) သက်လုံကောင်းစေပါတယ်။
(၁၃) ခေါင်းကိုက်သက်သာစေပါတယ်။
(၁၄) ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေကာ၊ စိတ်ကြည်လင် လန်းဆန်းစေပါတယ်။
(၁၅) ကင်ဆာဖြစ်နိုင်ချေ အလားအလာကို လျော့ပါးသွားစေပါတယ်။
(၁၆) အမောအပမ်းခံနိုင်ပြီး၊ လေ့ကျင့်ခန်းကြာကြာ လုပ်နိုင်လာပါတယ်။
(၁၇) အသားအရေကောင်းပြီး၊ ရွယ်တင်နုပျိုစေပါတယ်။
(၁၈) ၀က်ရူးပျံ၊ တီဘီ၊ ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊ နှာခေါင်း၊ ၀မ်းချုပ်၊ လိပ်ခေါင်းရောဂါ တို့ကို သက်သာစေပါတယ်။
(၁၉) အမြင်အာရုံ တိုးတက်ကောင်းမွန်စေပါတယ်။

- ဘယ်အချိန်များက ရေသောက်ရန်အသင့်တော်ဆုံး အချိန်များဖြစ်ပါသလဲ?
(ရေခဲရေနဲ့ ရေနွေးတွေကို မဆိုလိုပါ။ ရိုးရိုးသောက်ရေသန့်ကိုသာသောက်ပါ)

(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်း ကလီစာများကို ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက်အိပ်ယာ ထတာနဲ့ သောက်ရေ ၂-ခွက် သောက်ပေးရပါမယ်။

(၂) အစာကြေညက်စေဖို့ ထမင်းမစားခင် နာရီဝက်ကြိုတင်၍ ရေ ၁- ခွက် သောက်ပေးရပါမယ်။

(၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့ ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။

(၄) လေဖြတ်/နှလုံးရောဂါတွေ မဖြစ်အောင် ညမအိပ်ခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။

(၅)အိပ်ပျော်နေစဉ် ခြေသလုံးကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တရေးနိုးတဲ့အခါ ရေထသောက်ပေးပါ။

- ရေ(လုံးဝ) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ ?
အမေရိကန် ကျန်းမာရေးသုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲ့ ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်းဆုံး ဖြစ်ကြပါတယ်တဲ့။

အကြောင်းရင်းကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ/ ရိုးရိုးရေအေး မသောက်ကြဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လ္ဘက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါဘဲ။

အထူးသဖြင့် ထမင်းစားရင်း ရေခဲရေ အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာ ပါရှိတဲ့ အဆီအနှစ်တွေက (ဥပမာပြရရင် ရေခဲရေနဲ့ တွေ့တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး၊ အစာကောင်းစွာ မချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။
ဒါ့ပြင် ထမင်းဟင်း ပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့ အခါများမှာလည်း၊ အပူအအေး တပြိုင်နက်တည်း တွေ့ လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ်စေပါတယ်။ အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်ဆစ်ထွက်ရှိမှုကို ကမောက်ကမ ဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါတော့တယ်။

ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ(သို့မဟုတ်)ရေနွေးဖြူ(သို့မဟုတ်)ရေနွေးကြမ်းတို့ဖြင့်သာ ထမင်းလုပ် မနင်အောင်မျှောချကြပါရန်နှင့် ထမင်းစားပြီး အနည်းဆုံး နာရီဝက်ကျော်ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိ ကျမ္မာရေးသုတေသီများက Daily Health Tips (ခေါ်) အင်တာနက်သတင်းမှာ အကြံပေးဖော်ပြသွားခဲ့ပါတယ်။

သို့ပါ၍ ဤကျန်းမာရေးဆောင်းပါးကို ဖတ်ရှုပြီးနောက်၊ မိမိကိုယ်ကို ဆင်ခြင်ကြပြီး၊ မိသားစု/ဆွေမျိုး/မိတ်ဆွေများအားလုံးကိုလည်း ကျန်းမာရေးအသိပေး မျှဝေပေးခြင်းဖြင့် လူ ၁၀-ယောက်မှာ အနည်းဆုံး၁-ယောက်ကို အသက်ကို ကင်တင်နိုင်မှာ ဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ်။

ယခုနှစ်အတွင်း ဒလမြို့၏ အိမ်ခြံမြေဈေးကွက် အခြေအနေအား ကိုရီးယား နိုင်ငံသားများ အများဆုံး လာရောက်လေ့လာနေ


ဒလမြို့နယ်ဘက်သို့ လာရောက်လည်ပတ်နေသော ကိုရီးယား လူမျိုးများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ယခုနှစ် ဒလမြို့၏ အိမ်ခြံမြေဈေးကွက် အခြေအနေအား ကိုရီးယား နိုင်ငံသားများ အများဆုံး လေ့လာနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ပန်းဆိုးတန်း ဆိပ်ကမ်းဘက်မှ ဒလမြို့ တစ်ဖက်ကမ်းသို့ နိုင်ငံခြားသား ခရီးသွားဦးရေ နေ့စဉ်ပျမ်းမျှ ၈၀ ဦးခန့် လာရောက်နေပြီး အများစုမှာ ကိုရီးယား နိုင်ငံသားများဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ် ဌာနခွဲ) ရုံးမှ မန်နေဂျာဖြစ်သူ ဦးအေးမြင့်မောင်က ဆိုသည်။
ကိုရီးယား နိုင်ငံသားများသည် ဒလမြို့နယ်တွင်းရှိ ရာဇသင်္ကြန်ရပ်ကွက်၊ ရွှေစာရံ စေတီနှင့် ဈေးကြီးအတွင်းသို့ ဆိုက်ကားများနှင့် လှည့်လည်ကာ လည်ပတ်လေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
"ဒီရက်ပိုင်း အတွင်းမှာ ဒလမြို့ထဲကိုလာတဲ့ နိုင်ငံခြားသား ဧည့်သည်တွေထဲမှာ ကိုရီးယားနိုင်ငံသား တော်တော်များလာတယ်။ သူတို့ရောက်လာပြီဆိုရင် အဖွဲ့လိုက် ဆိုက်ကားတွေနဲ့ မြို့အနှံ့ခြံတွေကို လိုက်ကြည့်ကြတယ်။ တကယ်ဆိုရင် ကျွန်တော်တို့မြို့မှာ ဘာမှလည်ပတ်စရာ နေရာမရှိဘူး။ မြေတွေပဲ ရှိပါတယ်" ဟု ရာဇသင်္ကြန် ရပ်ကွက်တွင် နေထိုင်ပြီး ဆိုင်ကယ်ကယ်ရီမောင်းသည့် ဒေသခံတစ်ဦးက ဆိုသည်။
ဒလမြို့နယ် အထွေအထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက "မြို့ထဲကိုတော့ ကိုရီးယားမှ မဟုတ်ပါဘူး။ တခြားနိုင်ငံသားတွေလည်း လာရောက်လည်ပတ် ကြပါတယ်။ ဒါပေမဲ့ ကိုရီးယားတွေ အခုတလော အ၀င်အထွက် များလာတာကိုတော့ သတိထားမိတယ်။ ဘာကြောင့်လဲ ဆိုတာတော့ မပြောတတ်ပါဘူး" ဟု ပြောကြားသည်။
ဒလမြို့အား ယခုထက် ပိုမိုဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားစီမံကိန်းအား ကိုရီးယားနိုင်ငံမှ ဆောက်လုပ်ပေးမည် ဖြစ်သောကြောင့် ယခုကဲ့သို့ ကိုရီးယား လူမျိုးများ ဒလအိမ်ခြံမြေ ဈေးကွက်ကို လာရောက်ကြည့်ရှုခြင်း ဖြစ်နိုင်သည်ဟုလည်း သုံးသပ်နေကြသည်။ ထို့ပြင် ကိုရီးယားနိုင်ငံမှ ဒလမြို့တွင် စက်မှုဇုန်တစ်ခု တည်ထောင်ရန် စိတ်ဝင်စားနေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။
မြေကွက်များကို အ၀ယ်လိုက်ရာတွင် မြေပွဲစားများနှင့် ငွေကြေးတတ်နိုင်သူများ၏ ကိုယ်စားလှယ်များက အဓိက ပါဝင်နေကြောင်း အိမ်ခြံမြေ ပွဲစားများထံမှ သိရသည်။
ဒလမြို့နယ်ရှိ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက "အခုတလော နိုင်ငံခြားသားတွေ အ၀င်များလာတာက ပွင့်လင်းရာသီ ရောက်လာတာနဲ့ ဆိုင်တယ်ထင်တယ်။ ဒါပေမဲ့ ကိုရီးယားလူမျိုး ၀င်ရောက်မှုကတော့ များလာတယ်။ အိမ်၊ ခြံ၊ မြေ လုပ်ငန်းမှာ လာပြီးစုံစမ်းတာတော့ မရှိသေးပါဘူး။ သူတို့အနေနဲ့ ရန်ကုန်နဲ့နီးတဲ့ ဒလကို ကျေးလက်အရသာ ခံစားချင်တဲ့ အနေနဲ့ ရောက်လာတာလည်း ဖြစ်နိုင်သလို မြေကွက်တွေကို စိတ်ဝင်စားလို့ လာလေ့တာလည်း ဖြစ်နိုင်တယ်" ဟု ပြောကြားသည်။
"ကျွန်တော် သိရသလောက်တော့ မြေကွက်တွေ လိုက်ဝယ်နေတဲ့ထဲမှာ တရုတ်လူမျိုးတွေလည်း ပါလာတယ်။ စကားပြန်တွေနဲ့ လာကြည့်ကြတာ။ ကျွန်တော့်ခြံဘေးက ခြံကိုတောင် တရုတ်ကြီးတစ်ယောက် ၀ယ်ထားပြီးပြီ။ သူတို့ ဘယ်ကလဲဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမဲ့ မြေကွက်တွေရဲ့ဈေးက နည်းနည်းငြိမ်လာတယ်" ဟု ဒလမြို့နယ်၊ ပျော်ဘွယ်လေး ကျေးရွာတွင် နေထိုင်သော ဒေသခံ တစ်ဦးကဆိုသည်။
ရန်ကုန် ပန်းဆိုးတန်း ဆိပ်ကမ်းမှ ဒလမြို့ တစ်ဖက်ကမ်းသို့ နိုင်ငံခြားသား တစ်ဦးလျှင် ရေယာဉ်အသုံးပြု လက်မှတ်ခ နှစ်ဒေါ်လာ သတ်မှတ်ထားကြောင်း သတင်းရရှိသည်။

Eleven

တောင်ငူမြို့အနီး မြေဧက ၅၃၀၀ ပေါ်တွင် စက်မှုဥယျာဉ် မြို့တော်နှင့် အိမ်ရာစီမံကိန်း တည်ဆောက်ရန် ကေတုမတီ အများပိုင် ကုမ္ပဏီက အစိုးရသို့ တင်ပြ


နိုင်ငံတကာ အဆင့်မီ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် အိမ်ရာစီမံကိန်း တည်ဆောက်မည့် မြေနေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အနီးရှိ မြေဧက ၅၃၀၀ ပေါ်တွင် နိုင်ငံတကာ အဆင့်မီ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် အိမ်ရာစီမံကိန်း နှစ်ခုကို တည်ဆောက်ရန်အတွက် ကေတုမတီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် Kaytumadi Development Public Co.,Ltd က သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သတင်းရရှိသည်။
တောင်ငူလေဆိပ်နှင့် တောင်ငူဘူတာ ကြီးတို့နှင့် နီးစပ်သည့် နေရာရှိ လယ်ယာမြေနှင့် ဥယျာဉ်မြေ ဧရိယာ ဧက ၄၈၀၀ ပေါ်တွင် နိုင်ငံတကာ အဆင့်မီ စက်မှုဥယျာဉ် မြို့တော် အမည်ရှိ စီမံကိန်းကို Kaytumadi Development Public Co.,Ltd မှ အကောင်အထည်ဖော်ရန် စီစဉ်ထားခြင်းဖြစ်သည်။
တောင်ငူမြို့ရှိ ကောင်းမှုတော်ဘုရား ကြီးနှင့် ကျုံးကြီးအနီး၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသို့ ဆက်သွယ်ထားသော ထီးလှိုင်လမ်းမကြီး နံဘေးရှိ မြေဧက ၅၀၀ ပေါ်တွင် အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
စက်မှုဥယျာဉ်မြို့တော် စီမံကိန်းတွင် ဟိုတယ်၊ စက်မှု အပါအ၀င် စီးပွားရေး လုပ်ငန်းပေါင်းများစွာ ထည့်သွင်းရန် စီစဉ်ထားကြောင်း၊ လုပ်ငန်းပေါင်း ၂၅ ခုအထိ ထည့်သွင်းလုပ်ကိုင်ရန် စီစဉ်ထားသည်။ အိမ်ရာစီမံကိန်းတွင် လုပ်ငန်းပေါင်း ခုနစ်ခုအထိ ထည့်သွင်း တည်ဆောက်မည် ဖြစ်ကြောင်း...

စက်မှုဥယျာဉ် စီမံကိန်းအတွက် လယ်နှင့် ဥယျာဉ်ခြံမြေ ဧက ၄၈၀၀၊ အိမ်ရာစီမံကိန်း အတွက် ဧက ၅၀၀ စုစုပေါင်း မြေဧရိယာ ဧက ၅၃၀၀ ဖြစ်ပြီး အဆိုပါ မြေများမှာ Kaytumadi Development Public Co.,Ltd က ပိုင်ဆိုင်သော မြေများဖြစ်သည်ဟု ထည့်သွင်းတင်ပြ ထားကြောင်းလည်း သိရသည်။
Kaytumadi Development Public Co.,Ltd သည် အဆိုပါ စီမံကိန်းနှစ်ခုကို ငါးနှစ်အတွင်း အပြီးတည်ဆောက် လိုကြောင်းနှင့် စီမံကိန်း နှစ်ခုအတွက် ငွေကျပ်သန်းပေါင်း ၅၀၀၀ အထိ မြှုပ်နှံသွားမည်ဟု တင်ပြထားကြောင်း သိရသည်။
စက်မှုဥယျာဉ်မြို့တော် စီမံကိန်းတွင် ဟိုတယ်၊ စက်မှု အပါအ၀င် စီးပွားရေး လုပ်ငန်းပေါင်းများစွာ ထည့်သွင်းရန် စီစဉ်ထားကြောင်း၊ လုပ်ငန်းပေါင်း ၂၅ ခုအထိ ထည့်သွင်းလုပ်ကိုင်ရန် စီစဉ်ထားသည်။ အိမ်ရာစီမံကိန်းတွင် လုပ်ငန်းပေါင်း ခုနစ်ခုအထိ ထည့်သွင်း တည်ဆောက်မည် ဖြစ်ကြောင်းနှင့် ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ Kaytumadi Development Public Co.,Ltd က တင်ပြထားကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း ယခုအခါ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များသို့ ဆက်လက် တင်ပြထားပြီး Kaytumadi Development Public Co.,Ltd သည် ကျပ်သန်းပေါင်း ၃၀၀၀၀၀ ဖြင့် မတည်ထားသော ကုမ္ပဏီဖြစ်ကြောင်း၊ CB ဘဏ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်အေးနှင့် ဆက်စပ်သော ကုမ္ပဏီဖြစ်သည်။

EPJ

မန္တလေးမြို့တွင် ကုန်ဆိပ်ကမ်းကြီး တစ်ခု တည်ဆောက်မည်


နိုင်ငံတစ်ဝန်း ကုန်စည်စီးဆင်းမှုများ ပိုမိုများပြားလာသည်။ ရထား၊ ကားတို့ဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် ပေးနေသလို ရေကြောင်းခရီးစဉ်မှလည်း သဘောင်္များ၊ ရေယာဉ်များဖြင့် နေ့စဉ်ပို့ဆောင်ကာ ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည်။ ထို့သို့ ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် လွယ်ကူလျင်မြန်ကာ အဆင်ပြေစေရန် မန္တလေးမြို့၌ ကုန်ဆိပ်ကမ်းကြီး တစ်ခုတည်ဆောက်ရန် စီစဉ်လျက်ရှိပြီ ဖြစ်သည်။ “ကုန်ပစ္စည်းတွေ အတင်အချပြုလုပ်နိုင်မယ့် ဆိပ်ကမ်းကြီးတစ်ခု မန္တလေးမြို့မှာ တည်ဆောက်ဖို့ ကြိုတင်လေ့လာမှုတွေ ပြုလုပ်နေပါတယ်။ ဒါ့အပြင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကမ်း နေရာအချို့မှာလည်း ကုန်ဆိပ်ကမ်းခြောက်ခု ပြုလုပ်ဖို့လည်း မျှော်မှန်းထားပါတယ်” ဟု ဂျပန်နိုင်ငံ ဂျာကာအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Royal Tree Services မှ ဒါရိုက်တာ ဦးအေးသီဟက ပြောကြားသည်။ မန္တလေးမြို့တွင် ကုန်တင်ကုန်ချ ပြုလုပ်နိုင်မည့် ဆိပ်ကမ်းတည်ဆောက်ရာ၌ မရွှေ့ပြောင်းနိုင်သည့် နေရာဖြစ်ရန် လိုအပ်သည်ဖြစ်ရာ ယခုပြုလုပ်ရန် စီစဉ်ထားသည့် နေရာအနီးတွင် နေထိုင်သော ဒေသခံများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုရှိမရှိ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိ၊ အကျိုးအပြစ်များစသည့် တို့ကို လေ့လာ ဆန်းစစ်ပြီး ဒေသခံများနှင့်လည်း တွေ့ဆုံကာ သဘောထားများ ရယူသွားမည်ဖြစ်သည်။ အဆိုပါ ကုန်တင်ကုန်ချ ဆိပ်ကမ်းကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မြို့ပတ်လမ်းနှင့် ဧရာဝတီမြစ်ကမ်းအနီးတွင် တည်ဆောက်သွားရန် လောလောဆယ်၌ သတ်မှတ်ထားသည်။ ယင်းဆိပ်ကမ်းကို တစ်နှစ်လျှင် ကုန်တင်ချိန် နှစ်သိန်းခန့် ပို့ဆောင်နိုင်ရေးအတွက် တည်ဆောက်သွားရန် စီစဉ်လျက်ရှိသည်။ လောလောဆယ်တွင် လေ့လာမှုများ ပြုလုပ်ထားပြီး အတည်ပြုချက်ရရှိရန် ဆောင်ရွက်လျက်ရှိသည်။ စီးပွားရေး လုပ်ငန်းများ ဖြန့်ကြက်လုပ်ကိုင်မှု ပိုမိုများပြားလာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှုများ ပိုမိုဖြစ်ပေါ်လာမည်ဖြစ်ရာ မြန်မာနိုင်ငံ အထက်ပိုင်းတွင်လည်း ကုန်ဆိပ်ကမ်းများ လိုအပ်လာမည်ဖြစ်သည်။ မန္တလေးဆိပ်ကမ်း တည်ဆောက်ရေးအတွက် ဒေသခံများ၏ သဘောထား၊ လိုလားချက်များကို သိရှိလေ့လာရန် မန္တလေးမြို့ပေါ်တော်မူ ဘုရားဝင်းအတွင်း အောက်တိုဘာ ၂၆ ရက် နံနက် ၁၀ နာရီတွင် တာဝန်ရှိသူများနှင့် ဒေသခံများ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

မန္တလေး Green City Plan အတွက် မန်းစည်ပင်နှင့်အာရှဖွံ့ဖြိုးရေးဘဏ် ပူးပေါင်းကာ စစ်တမ်းကောက်မည်


မန္တလေးမြို့အား စိမ်းလန်းသောမြို့တော် (Green City Plan) ဖြစ်လာရန် မန္တလေး စည်ပင်သာယာရေး ကော်မတီနှင့် အာရှဖွံ့ ဖြိုးရေးဘဏ် (ADB) တို့ ပူးပေါင်းပြီး လှုမှုစီး ပွားဖွံ့ဖြိုးတိုးတက်မှု ကိန်းဂဏန်းအချက်အ လက်များကို အောက်တိုဘာလ၂၆ရက်မှ စတင် ကာ ကောက်ယူသွားမည်ဟု မန္တလေး စည် ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးမျိုးအောင်က မဇ္ဈိမကို ပြော ကြားသည်။

''စိမ်းလန်းသောမြို့တော်ဆိုလို့ သစ်ပင် တွေစိုက်ပြီး မြို့ကိုအလှဆင်သွားမှာ မဟုတ် ဘူး။ မန္တလေးမြို့တော်ကို နေချင်စဖွယ်လှပ အောင် ဆောင်ရွက်ကြမှာပါ။ ဒီလိုဆောင် ရွက်နိုင်အောင် စစ်တမ်းတွေလိုက်ကောက် တာပါ။ ကောက်တဲ့အချိန်မှာ မြို့လူထုအ နေနဲ့ အမှန်ကန်ဆုံး ဖြေပေးစေချင်တယ်''ဟု အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးမျိုး အောင်က မဇ္ဈိမကို ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်တွင် နေထိုင်သူများ၏ လူနေ မှုဘဝကိန်းဂဏန်း အချက်အလက်များကို ကောက်ခံမည်ဖြစ်ပြီး တစ်မြို့နယ်လျှင် အိမ် ထောင်စု ၁ဝဝနှုန်းဖြင့် အိမ်ထောင်စု၆ဝဝကို အခြေပြု၍ စစ်တမ်းများ ကောက်ယူသွားဖြစ်သည်။

ထိုသို့ကောက်ခံရာတွင် ဆင်းရဲသော အိမ် ၄ဝရာခိုင်နှုန်း၊ အလယ်အလတ်ချမ်းသာသော အိမ်၃ဝရာခိုင်နှုန်း၊ အချမ်းသာဆုံးအိမ် ၁ဝ ရာခိုင်နှုန်းနှင့် ဝန်ထမ်း၂ဝရာခိုင်နှုန်းကို အ ခြေပြုကောက်ခံသွားမည်ဖြစ်ဟု ဦးမျိုးအောင် က ပြောသည်။

''အဖွဲ့တွေ နေ့စဉ်ကောက်ယူမှုတွေကို နေ့စဉ်မှတ်တမ်းတင်သွားမယ်။ စီမံချက်ရက် ပြည့်တာနဲ့ အားလုံးကို စိစစ်သွားမယ်''ဟု အ ဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးမျိုးအောင် က ပြောသည်။

စစ်တမ်းကောက်ယူမှုကို မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီလက် အောက် ရှိ ဌာနအသီးသီးမှ ဝန်ထမ်းများ ပါဝင်သည့် အဖွဲ့ငယ်များဖွဲ့စည်းကာ ခေါင်းစဉ်ငါးမျိုးနှင့် စစ်တမ်းအချက်အလက်ပေါင်း၇၃ကို မြို့နယ် အလိုက် ကွင်းဆင်းကောက်ယူသွားမည် ဖြစ် ကြောင်းသိရသည်။

ထိုသို့ စစ်တမ်းများကို အောက်တိုဘာ လ၂၆ရက်မှ နိုဝင်ဘာလ ၅ရက်အထိ ကောက် ယူမည်ဖြစ်ပြီး ကောက်ခံရရှိသော ပကတိ မြေပြင်ကိန်းဂဏန်း အချက်အလက်ပေါ် မူ တည်၍ မန္တလေးမြို့ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့် အချက်အလက်များကို ဖြည့် ဆည်းဆောင်ရွက်မည်ဟုလည်း ဦးမျိုးအောင် က ပြောသည်။

 Mizzima

တန်းဖိုးသင့်အိမ်ရာများ ရောင်းချရာတွင် လက်ထပ်ပြီးစ လူငယ်များအတွက် ဦးစားပေးမည့် ဥပဒေရေးဆွဲတင်ပြမည်


အစိုးရ လက်ရှိဆောက်လုပ်နေသည့် တန်ဖိုးသင့်တင့်အိမ်ရာများ
ရောင်းချရာတွင် အဂတိလိုက်စားမှုမှ ကာကွယ်ကာ လက်ထပ် ပြီးစ
လူငယ်များနှင့် အမှန်တကယ် လိုအပ် သူများကိုသာ ရောင်းချပေးမည့် ဥပဒေတစ် ရပ်ရေးဆွဲတင်ပြမည်ဟု ရန်ကုန်တိုင်း၊ ဗဟန်း မြို့နယ်မှ
တိုင်းအမတ်ဒေါက်တာ ညိုညိုသင်း က ပြောဆိုလိုက်သည်။

''အစိုးရကို အားကိုးလို့ မရဘူး။ မြန်မာ တွေရဲ့ ထုံးစံအရ ပိုက်ဆံရှိတဲ့သူတွေက ရင်းနှီးမြှုပ်နှံဖို့အတွက် မဟုတ်ဘဲ
တကယ်လိုအပ်တဲ့ သူတွေကိုသာ ရောင်းဖို့ ဒီဥပဒေထဲ ထည့်ဆွဲမှာပါ'' မဇ္ဈိမကို ပြောသည်။

အိမ်ယာများအတွက် ဥပဒေတစ်ရပ်ရေး ဆွဲရန် အစိုးရကိုတိုက်တွန်းသည့် အဆိုကို စက်တင်ဘာ၁၈ရက်ကပြုလုပ်သည့် ရန်ကုန် တိုင်း
လွှတ်တော်တွင် ဒေါက်တာညိုညိုသင်း ကတင်ပြထားသော်လည်း ''ကိုယ်တိုင်ရေး ဆွဲပြဋ္ဌာန်းပြီးတော့လွှတ်တော်ကို တင်သွင်း လို့ရှိရင်တော့
အစိုးရကို ရေးဆွဲခိုင်းပြီး လွှတ် တော်ကို တင်သွင်းခိုင်းတာထက် ပိုပြီးတော့
မြန်ဆန်မယ်''ဟုဆိုကာ အဆိုကို ပြန်ရုပ်သိမ်းခဲ့သည်။

''ကျွန်မတို့ တိုင်းပြည်မှာက ပြဿနာတစ်ခုရှိပါတယ်။ မူကတော့ အမြဲတမ်းကောင်းပါတယ်။ ဒါပေမဲ့ ဒီမူတွေကိုအကောင်အထည်
ဖေယ်တဲ့လူတွေကတော့ ခေတ်အဆက်ဆက်ဆက် မကောင်းကြတာများပါတယ်ရှင့်။
မ ကောင်းတဲ့သူတွေကို ထိန်းကျောင်းဖို့ ဆိုတာ ကျွန်မတို့က ဥပဒေဆိုတာလိုပါတယ်''ဟု ဒေါ် ညိုညိုသင်းက
လွှတ်တော်တွင် ပြောဆိုသည်။

ကိုယ်တိုင်ရေးဆွဲမည့် ဥပဒေတွင် အိမ်မရှိသေးသည့် လက်ထပ်ပြီးစ လူငယ်စုံတွဲ များနှင့် သား၊သမီးများပြီး အိမ်မရှိသေးသည့်အိမ်ထောင်သည်
များကိုဦးစားပေးရောင်း ချနိုင်ရန် ဥပဒေတွင် ထည့်သွင်းရေးဆွဲမည် ဟုလည်း သူက ဆိုသည်။

ထိုဥပဒေကို နောက်တစ်ကြိမ်ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် တင်ပြမည်ဖြစ်ပြီး ''အစိုးရက သဘောတူ
မတူတော့ မသိဘူးပေါ့။ ဒါပေမဲ့ မတူလောက်ဘူးဆိုပြီး ဒီအတိုင်းနေလို့လည်းမဖြစ်ဘူးလေ'' ဟု ဒေါ် ညိုညိုသင်းက
ပြောသည်။

ဥပဒေတွင် ပြည်သူများဘက်မှ စိတ်ချယုံကြည်သည့် အိမ်ရာရောင်းချရေးကော်မ တီတစ်ရပ်ကို ဖွဲ့စည်းထားမည်ဖြစ်ပြီး
ထို ကော်တီက ရောင်းချမည့် ထိုအိမ်ရာများကို ပိုင်ဆိုင်ခွင့်မရှိစေရန် ပြဋ္ဌာန်းသွားမည်ဟု လည်း အမတ်များကို သူက
ရှင်းပြသည်။

အစိုးရက ယခင်က ''တန်ဖိုးနည်းအိမ်ရာ'' ဟုဆိုရာ အိမ်ရာများ ဆောက်လုပ်ရန် စီမံသော်လည်း သတ်မှတ်ထားသည့်
အိမ် ဈေးနှုန်းမှာ ကျပ်သိန်း ၁၅ဝ မှ ၂ဝဝအထိ ဖြစ်နေသဖြင့် အခြေခံလူတန်းစား လက်လှမ်း မီသည့် ဈေးမဟုတ်ဟု
ဆိုကာ မီဒီယာများ နှင့် လူမှုအဖွဲ့အစည်းများက ဝေဖန်မှုများ ရှိ နေသည်။

နောက်ပိုင်းတွင် အစိုးရက အိမ်ရာစီမံ ကိန်းများကို ''တန်းဖိုးသင့်တင့် အိမ်ရာများ'' ဟု ပြောင်းလဲသုံးနှုန်းခဲ့သော်လည်း
ဈေးနှုန်း မှာမူ မပြောင်းလဲခဲ့ပေ။

တန်ဖိုးသင့် အိမ်ရာများ ဆောက်လုပ်ပြီးပါက ပြီးပါက လစာနည်းသည့် ဆရာ/ ဆရာမများ ဝယ်ယူနိုင်အောင်စီမံပေးမည်ဟုလည်း ပြည်
ထောင်စုဆောက်လုပ်ရေး ဒု-ဝန်ကြီးဦးစိုး တင့်က ဇူလိုင် ၂၉ ရက်က အောက်လွှတ်တော် တွင် အစည်းအဝေးတွင်
ပြောဆိုထားသည်။

ဒုတိယပတ်က ရန်ကုန်မြို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုံတိုးလာပြီးနောက် မြေ ဈေးများ အဆမတန်တက်လာ
သဖြင့် နွမ်း ပါးသူများ အိုးမဲ့အိမ်မဲ့ဖြစ်လာကြကြောင်း စက် တင်ဘာဒုတိယပတ်က အေအက်ဖ်ပီ သတင်း ဌာနတွင်
ဖေါ်ပြခဲ့သည်။

Mizzima

ဆီဒိုးနားဟိုတယ်၏ တိုးချဲ့ ၂၉ ထပ် အဆောက်အအုံသစ် ၂၀၁၆ တွင် ဖွင့်မည်


ပြည်ပဧည့်သည်အ၀င် တိုးတက်လာသည်နှင့်အမျှ ဟိုတယ်အခန်း လိုအပ်ချက်ဖြည့်ဆည်းရန်
ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်ဝင်းအတွင်း ၂၉ ထပ် မြင့် ဟိုတယ်သစ်တစ်လုံးကို လက်ရှိ
ဟိုတယ်နှင့်တွဲကာ ၂၀၁၅ ခုနှစ်အတွင်း အပြီးတည်ဆောက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း
စင်ကာပူ အခြေစိုက် Keppel Land ၏ အမှုဆောင် အရာရှိချုပ် မစ္စတာ Ang Wee Gee က
အောက်တိုဘာလ ၂၂ ရက်နေ့က ပြုလုပ်သည့် စီမံကိန်း စတင်သည့် အခမ်းအနားတွင်
ပြော ကြားသည်။

"အခုလို လက်ရှိဟိုတယ်ကို ပြန်လည်မွမ်းမံခြင်းနဲ့ အသစ်တိုးချဲ့ တည်ဆောက်ခြင်းက အဆင့်မြင့်
ဟိုတယ် အခန်း တောင်းဆိုမှု မြင့်တက်လာချိန် နဲ့ အံကိုက်ဖြစ်ပါတယ်။ အခုလောလောဆယ်
တော့ အဆင့်မြင့် ဟိုတယ်အခန်းက ရန်ကန်မှာ နည်းနေပါသေးတယ်။ လက်ရှိ ရန်ကုန်ဆီဒိုးနား
ဟိုတယ်မှာဆို ၀န်ထမ်းပေါင်း ၅၀၀ ကျော်လောက်ရှိပါတယ်။ အခုဒီ ၂၉ ထပ် ဟိုတယ်အသစ်ကို
၂၀၁၆ ခုနှစ် စတင်ဖွင့်လှစ်ချိန်မှာ ၀န်ထမ်း ၂၅၀ ကျော်လောက် ထပ်လိုအပ်ပါတယ်။

တစ်နည်းအားဖြင့် မြန်မာ့စီးပွားရေးနယ်ပယ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်းတီးပေးဖို့
ရာ အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ခေတ်မီ ဗိသုကာလက်ရာနဲ့ ဆီဒိုးနားဟိုတယ်အသစ်
ကြီးက ပြောင်းလဲနေ တဲ့ ရန်ကုန်မြို့ အထပ်မြင့်အဆောက်အအုံတွေမှာ သမိုင်းဝင်နှစ်လိုဖွယ်ဖြစ်
မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါ တယ်" ဟု ၎င်းကပြောသည်။

ဆီဒိုးနား ဟိုတယ်သည် နိုင်ငံခြား မှ ရင်းနှီးမြှုပ်နှံထားသည့် ကြယ်ငါးပွင့် အဆင့် ဟိုတယ်အနည်း
စုအနက် တစ်ခု အပါအ၀င်ဖြစ်သည်။ လက်ရှိဟိုတယ် အဆောက်အအုံအား ၁၉၉၇ ခုနှစ်တွင်
စုစုပေါင်း အခန်း ၃၆၆ ခန်းဖြင့် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးနှင့် အပန်းဖြေ ခရီးသွား ဧည့်သည်
များအကြိုက် ဟိုတယ်အဖြစ် ရပ်တည်ခဲ့သည်။

ယခု တိုးချဲ့တည်ဆောက်မည့် ဒုတိယပိုင်း အထပ် ၂၉ ထပ်မြင့် ဟိုတယ်တွင် အခန်း ပေါင်း ၄၂၀
ထည့်သွင်းတည်ဆောက် မည်ဖြစ်ကာ လက်ရှိ အခန်းများနှင့် ပေါင်းပါက ၂၀၁၆ ခုနှစ်တွင် အခန်း
၇၈၆ ခန်း အထိရှိသွားမည်ဖြစ်သည်။ ထို့ပြင် ဟိုတယ်တည်ဆောက်ပြီးချိန် တွင် ဆီဒိုးနားဟိုတယ်
အဆောက်အအုံ သည် ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံများတွင် အပါအ၀င် ဖြစ်လာမည်
ဖြစ်သည်။

လက်ရှိ ဒုတိယပိုင်းတည်ဆောက် ရေးလုပ်ငန်း ကုန်ကျစရိတ်ကို အမေရိ ကန် ဒေါ်လာသန်း ၈၀
သတ်မှတ်ထား သည်။ ထို့ပြင် ယခင်ဟိုတယ် အဆောက် အအုံကိုလည်း လက်ရှိအနေအထား
မပျက် ပြင်ဆင်မှုများအတွက် ဒေါ်လာ ၂၅ သန်း ကုန်ကျမည်ဖြစ်ပြီး ယခုနှစ်မကုန်မီ အပြီးသတ်
ပြင်ဆင် မည်ဖြစ်သည်။

ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင်ခရီးသည်အ၀င် သုံးသန်းနှင့်
၂၀၂၀ ပြည့်နှစ် တွင် ၇ ဒသမ ၅သန်းအထိ မျှော်မှန်းထားကြေင်း အဆိုပါ အခမ်းအနားတွင် ပြော
ကြားသည်။

"ကျွန်တော်တို့ အကြီးစား ခရီးသွား စီမံကိန်းအရ ၂၀၂၀ ပြည့်နှစ်မှာ ခရီးသွား လုပ်ငန်းကနေ
ဝင်ငွေ ဒေါ်လာ ၁၀ ဒသမ ၈ ဘီလီလျံအထိ မျှော်မှန်း ထားပါ တယ်။ ကျွန်တော်တို့ရဲ့ ပို့ဆောင်
ရေး ပိုမိုကောင်းမွန်ဖို့အတွက် လမ်းတွေ၊ မီးရထားလမ်းတွေကိုလည်း ပြုပြင် တည်ဆောက်ဖို့
ရှိပါတယ်။ဒါ့ပြင် ပဲခူး မြို့မှာလည်း ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကိုလည်း တည်
ဆောက်တော့မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

Keppel Land သည် ၁၉၉၃ ခုနှစ် တွင် စတင်ဝင်ရောက်ခဲ့ရာ လက်ရှိ ဆီဒိုနားဟိုတယ်
(ရန်ကုန်)နှင့် ဆီဒိုးနား ဟိုတယ် (မန္တလေး)တို့ကို ပိုင်ဆိုင်ထား သည်။ မြန်မာနိုင်ငံရှိ ၎င်း၏ဒုတိယ
မြောက်ဟိုတယ်ဖြစ်သည့် ဆီဒိုးနား ဟိုတယ်(မန္တလေး)ကိုလည်း ဒေါ်လာ ခုနစ်သန်း အကုန်အကျ
ခံကာ အဆင့်မြင့်ပြင်ဆင်မှုများ ပြုလုပ်သွား မည်ဖြစ်သည်။

MMTPJ

မြင်းခြံ အိမ်၊ ခြံ၊ မြေ ရုတ်တရက် အ၀ယ်တန့်


မြင်းခြံမြို့နယ်တွင် တက်ဈေးစောင့်ဆိုင်းနေခြင်းနှင့်မြေယာထိန်းချုပ်မှု များကြောင့် ရုတ်တရက် အ၀ယ်တန့်နေကြောင်း မြင်းခြံမြို့ အခြေစိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။

ဆီးမီးခုံဆိပ်ကမ်းနှင့် စက်မှုဇုံ စီမံကိန်းများကြောင့်ပြီးခဲ့သည့် မတ်လ အတွင်းမှစတင်ကာ မြင်းခြံအိမ်ယာမြေဈေးကွက်မှာ ရုတ်တရက် မြင့် တက်လာခဲ့ပြီးနောက် အစိုးရအနေဖြင့် မြေယာဈေးကွက်ကိုထိန်းချုပ်ရန် ကြိုးစားနေမှုများကြောင့်လည်ကောင်းမြင်းခြံအိမ်ခြံမြေ ဈေးကစားသူများက တက်ဈေးကိုစောင့်ဆိုင်နေခြင်းကြောင့် အ၀ယ်တန့် နေကြောင်း
မြင်းခြံမြို့နယ်တွင် စီးပွားရေးလုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောကြား သည်။

“အခုက အရင်ထက် ၀ယ်လိုအားများတော့ ၀ယ်ယူမှုအတိုင်းအတာ တစ်ခု ပြည့်သွားတာလည်း ပါမယ်။အဲဒီလို မြေဈေး ထိန်းချုပ်မှုကြောင့်လည်း ပါမယ်။
ဒါကြောင့် အ၀ယ်တန့်တာ”ဟု မန္တလေးတိုင်းဒေသကြီးမြင်းခြံမြို့မှ မနောဖြူ အိမ်၊ ခြံ၊မြေမှ ဒေါ်ကြယ်စင်ထွန်းကပြောကြား သည်။

မြင်းခြံမြို့နယ် မြို့သစ်ရပ်ကွက် အိမ်၊ ခြံ၊ မြေ ပေ ၄၀ပေ ၆၀ တစ်ကွက်လျှင် ယခင်ကျပ်သိန်း ၄၀၀မှ ကျပ်သိန်း ၅၀၀ခန့်ဈေးရှိပြီး ယခုစီမံ ကိန်းများ စတင်နေချိန်တွင် ပေ၄၀ ပေ၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၁၅၀၀ ခန့်အထိ ဖြစ်လာကြောင်း ၎င်းက People Power သတင်းစာသို့ ပြောကြားသည်။

မြင်းခြံမြို့နယ်တွင် စီမံကိန်းလုပ်ငန်းစတင်လုပ်ကိုင်လျက်ရှိသည့် ဆီမီးဆိပ်ကမ်းဇုံ စီမံကိန်းနှင့် သံမဏိစက်ရုံအနီးရှိ မြေကွက်ဝယ်ယူသူ အများစုမှာရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြောင်း
အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

“အခု အစ်မတို့က မြင်းခြံလမ်းမဘေး မြေကွက်တွေကိုဝယ်ထားတယ်၊ ဒီဆီမီးခုံစီမံကိန်းသာပြီးရင် ပိုပြီး ဈေးကောင်းလာနိုင်တယ်”ဟု မြင်းခြံ မြို့မှ ၀ါရင့်အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။

မျိုးပပစန်း

ကွန်ဒိုဥပဒေ


ကွန်ဒိုမီနီယမ်တိုင်းမှာ သက်ဆိုင်ရာကွန်ဒိုဥပဒေရှိပါတယ်။ ကွန်ဒိုမီနီယမ်တည်ဆောက်မယ့် စီမံကိန်းကို မှတ်ပုံတင်တာနဲ့ တစ်ပြိုင်တည်း အဲဒီကွန်ဒိုမှာပါဝင်မယ့်သူတွေနဲ့ သက်ဆိုင်တဲ့ ကွန်ဒိုကော်ပိုရေးရှင်းကို ကြီးကြပ်ကွပ်ကဲမယ့် ဥပဒေတွင် လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
ကွန်ဒိုအခန်းပိုင်ရှင်များဟာ မိမိတို့ကွန်ဒိုနဲ့ ဆီလျော်မှုရှိမယ့် ဥပဒေအပြောင်းအလဲတွေကို တရားဝင်လုပ်ဆောင်ခွင့် ရှိပါတယ်။ ကွန်ဒိုဥပဒေကို ဘယ်လိုအနေအထားမျိုးတွေမှာ တရားဝင်ပြောင်းလဲခွင့်ရှိသလဲဆိုတော့ အခန်းပိုင်ရှင်တွေထဲက ၇၅ရာခိုင်နှုန်းသဘောတူညီမယ်ဆိုရင် ကွန်ဒိုဥပဒေကို ပြောင်းလဲလို့ရပါတယ်။ ဒါမှမဟုတ် ကွန်ဒိုကြီးတစ်ခုလုံးမှာ မိမိပိုင်ဆိုင်တဲ့ အခြမ်းဟာ ယူနစ် ၇၅၀၀ ထက်မလျော့နည်းဘူးဆိုရင် အဲဒီ ကွန်ဒိုရဲ့ တရားဝင်ဥပဒေကို အပြောင်းအလဲ လုပ်နိုင်မှာ ဖြစ်ပါတယ်။ ကွန်ဒိုဘုတ်အဖွဲ့က မြေယာမှတ်ပုံတင်ရုံးမှာ မိမိတို့ပြောင်းလဲမယ့် ဥပဒေကို မှတ်ပုံတင်ပြီးရင် ကွန်ဒိုဥပဒေအပြောင်းအလဲဟာ တရားဝင်အာဏာတည်လာမှာ ဖြစ်ပါတယ်။
ပိုင်ရှင်တွေ၊ ကွန်ဒိုအခန်းတစ်ခန်းမှာ နေထိုင်ကြတဲ့သူတွေဟာ ကွန်ဒိုကောက်ပိုရေးရှင်းရဲ့ ဥပဒေတွေကို လိုက်နာရမှာ ဖြစ်ပါတယ်။ ကွန်ဒိုဥပဒေနဲ့ ကွန်ဒိုအိမ်ခြံမြေဥပဒေအတိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကွန်ဒိုအိမ်ခြံမြေဥပဒေနဲ့ သတ်မှတ်ထားတဲ့ ကွန်ဒိုဥပဒေတို့က ပိတ်ပင်တားမြစ်မှုတွေကို ပြုလုပ်ခွင့်ရှိနေပါတယ်။ ဥပဒေနဲ့ မညီတဲ့ ပိုင်ရှင်တွေကို ဒဏ်ငွေချမှတ်တာမျိုးကို ကွန်ဒိုကော်ပိုရေးရှင်းက လုပ်ခွင့်ရှိပါတယ်။

SSTG

ကွန်ဒိုမီနီယမ်ကော်ပိုရေးရှင်း


ကွန်ဒိုဆောက်မယ့်သူက အယ်ဘာတာပြည်နယ်၏ မြေယာမှတ်ပုံတင်ရုံးတွင် ကွန်ဒိုပုံစံကို မှတ်ပုံတင်သည့်အခါ ကွန်ဒိုမီနီယမ်ကော်ပိုရေးရှင်း ဖြစ်လာပါတယ်။ ကွန်ဒိုမီနီယမ်ကော်ပိုရေးရှင်းမှာ ပိုင်ရှင်အားလုံး ပါဝင်လာမှာ ဖြစ်ပါတယ်။ ကွန်ဒိုမီနီယမ်တည်ဆောက်မယ့်ပုံစံကြမ်းထဲမှာ ပါဝင်လာမယ့် ကွန်ဒိုအခန်းပိုင်ရှင်တွေအားလုံး ပါဝင်လာတာကို ကွန်ဒိုမီနီယမ်ကော်ပိုရေးရှင်းလို့ ခေါ်ပါတယ်။
ဥပဒေဘောင်ထဲက တရားဝင်ပြောမယ်ဆိုရင်တော့ ဘုံပိုင်ကွန်ဒိုပျက်စီးမယ်ဆိုရင် တရားစွဲပိုင်ခွင့်ရှိပါတယ်။ ပိုင်ရှင်အားလုံးက တရားလိုပြုလုပ်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတေ၊ွအတွက် တရားစွဲနိုင်ပါတယ်။ ကွန်ဒိုအိမ်ရာကြီး တစ်ခုလုံးမှာ ပါဝင်တဲ့ ကွန်ဒိုပိုင်ရှင်တွေအတွက် ကိုယ်စားပြုပေးတဲ့ အေးဂျင့် ဒါမှမဟုတ် အဲဒီကွန်ဒိုကော်ပိုရေးရှင်းရဲ့ ၀န်ထမ်းဟာ ကော်ပိုရေးရှင်းကိုယ်စားတရားစွဲတာတွေကို ဆောင်ရွက်ခွင့်ရှိပါတယ်။
ပြဌာန်းထားတဲ့ တရားဝင်ဥပဒေကလည်း ကော်ပိုရေးရှင်းကို ထိန်းကြောင်းနိုင်စွမ်းရှိပါတယ်။ ဒီဥပဒေတွေက ကွန်ဒိုတစ်ခန်း ချင်းစီရဲ့ စီမံခန့်ခွဲမှု အုပ်ချုပ်မှုနဲ့ ထိန်းချုပ်မှုတို့အတွက် အသုံးဝင်ပါတယ်။ ကွန်ဒိုကော်ပိုရေးရှင်းရဲ့ ဒါရိုက်တာအဖွဲ့ကို ကွန်ဒိုအခန်းပိုင်ရှင်များက ရွေးကောက်တင်မြှောက်ပါတယ်။ ဒါရိုက်တာအဖွဲ့ဟာ ကွန်ဒိုကော်ပိုရေးရှင်း တာဝန် ၀တ္တရား တွေကို ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။
ကွန်ဒိုတရားဝင်ဥပေဒမှာတော့ အကြီးအကျယ်ကွဲလွဲနေတာမျိုးတွေရှိပါတယ်။ အဲဒီအထဲက တစ်ချို့ကိုဖော်ပြချင်ပါတယ်။ ကွန်ဒိုပရ၀ဏ်ထဲမှာ ကလေးတွေ၊ အိမ်မွေးတိရ စ္ဆာန်တွေကို ခွင့်မပြုတာမျိုးတွေရှိပါတယ်။ တစ်ခြားကွန်ဒိုအိမ်ရာတွေမှာ တော့ ကိုယ့်ကွန်ဒိုအခန်းရဲ့ အတွင်းပိုင်းကို ပြန်လည်ပြန်ဆင်မယ်ဆိုရင်တောင် ကွန်ဒိုကော်ပိုရေးရှင်းဒါရိုက်တာအဖွဲ့ ထံကနေ သဘောတူညီချက်ရယူပါတယ်။ မိမိပြင်ဆင်မယ့် အခန်းကြောင့် ကွန်ဒိုအဆောက်အအုံကြီးတစ်ခုလုံးကို ထိခိုက်မှုမရှိပါဘူးလို့ အာမခံရပါတယ်။ ပြင်ဆင်လုပ်ဆောင်တာမှန်သမျှကိုလည်း ဘုတ်အဖွဲ့ထံတင်ပြပြီး ပြင်ဆင် ဆောင်ရွက်မယ့်ကိစ္စတွေကို မိတ္တူတင်ပြပေးရပါတယ်။
မိမိပိုင်နက်ကွန်ဒိုနဲ့ ပက်သက်တဲ့ လုပ်ပိုင်ခွင့်တွေ၊ တာဝန်ဝတ္တရားတွေကို တိတိကျကျသိရှိထားရမှာ ဖြစ်ပါတယ်။ ဒါမှ ဆောင်ရန်ရှောင်ရန်ကိစ္စတွေကို သိရှိမှာ ဖြစ်ပါတယ်။

SSTG

လတ်တလော ရန်ကုန်အိမ်ခြံမြေ


ရန်ကုန်မြို့တွင်း မြေအရောင်း၊ အ၀ယ်ဈေးကွက် လုံးဝအေးစက်နေတာတော့မဟုတ်ပါဘူး။ တစ်ပေပတ်လည်ဈေးနှုန်း

တရားဝင်မဖြစ်သေးတာကြောင့် အနည်းငယ် ငြိမ်နေခြင်းပဲ ဖြစ်ပါတယ်။

အစိုးရ၏ တစ်ပေပတ်လည်ဈေးနှုန်းထုတ်ပြန် ထားသော်လည်း တကယ်တမ်း ရောင်းသူနှင့် ၀ယ်သူဘက်မှာတော့

ဝယ်မယ့်သူကလည်း ကိုယ့်မှာရှိတဲ့ ငွေနှင့်ချိန်ပြီး ၀ယ်မှာဖြစ်သလို ရောင်းတဲ့သူကလည်း ကိုယ်မှန်းထားတဲ့ဈေးရမှ

ရောင်းမှာ ဖြစ်ပါတယ်။ ထို့ကြောင့် နှစ်ဦးနှစ်ဖက် ကျေနပ်သည့် ဈေးဖြင့်သာ အရောင်း၊ အ၀ယ် ဖြစ်နေကြမှာပါ။

တစ်ပေပတ်လည်ဈေးနှုန်းတရားဝင်ကြေညာပြီးသွားတဲ့ အချိန်မှာတော့ အရောင်း၊ အ၀ယ်အေးမယ်ဆိုရင်တောင်

ရက်ပိုင်း အတွင်းဘဲ အေးသွားပြီးနောက်ပိုင်းမှာတော့ ပုံမှန်အနေအထားအတိုင်းဘဲ ရောင်း၊ ၀ယ်ကြ လိမ့်မယ်လို့

မျှော်လင့်မိပါတယ်။ တိုက်ခန်း၊ ကွန်ဒိုတွေကတော့ ပုံမှန်အတိုင်း အရောင်း၊ အ၀ယ်ဖြစ်နေကြပါတယ်။

မရွှေမေသန်း

တိုက်ခန်း၊ ဆက်စပ်စာချုပ်နှင့် မြေပိုင်ရှင်လက်မှတ်


တိုက်ခန်းဝယ်တော့မည်ဆိုလျှင် စေ့စပ်သေချာစွာ စစ်ဖို့ လိုအပ်တာကတော့ အရောင်းအ၀ယ် ဆက်စပ်စာချုပ်အဆင့်ဆင့်ကို စစ်ဖို့ လိုအပ်သလို ဆက်စပ်စာချုပ်တိုင်းမှာလည်း မြေရှင်ရဲ့လက်မှတ် ပါရန် သတိပြုဖို့ လိုအပ်ပါတယ်။

ဆက်စပ်စာချုပ် ဆိုတာကလည်း first owner မှ second owner ၊ second owner မှ third owner အဆင့်ဆင့် တစ်ယောက်ပြီးတစ်ယောက်
နှစ်ဦးသဘောတူအရောင်းအ၀ယ် ပြုလုပ်ထားကြတဲ့စာချုပ်များ ဖြစ်ပါတယ်။
စည်ပင်၊ ကုမ္ပဏီ၊ အိုးအိမ်ပိုင် တိုက်ခန်းတွေဆိုရင်တော့ သက်ဆိုင်ရာ
ရုံးခန်းကိုသွားပြီး Owner Book မှာ နာမည်ပေါက် ဖောက်လို့ ရပေမယ့် ပုဂ္ဂလိကမြေရှင် ပိုင်ဆိုင်တဲ့ တိုက်ခန်းတွေမှာတော့ အဆင့်ဆင့်ချုပ်ဆို
ထားတဲ့ ဆက်စပ်စာချုပ်ပြနိုင်မှသာ ပိုင်ဆိုင်မှု အရှုပ်အရှင်း ခိုင်မာ မှန်ကန် မှာဖြစ်တဲ့အတွက် သတိပြုစေလိုပါတယ်။

တချို့ Owner တွေကျတော့ တိုက်ခန်းကို ပေါင်ထားပြီး အပေါင်လက်ခံသူနဲ့ နှစ်ဦးသဘောတူ အရောင်းအ၀ယ် စာချုပ်ချုပ်ဆို ထားပါတယ်။ ဒါပေမဲ့ အပေါင်လက်ခံသူမှာ ဆက်စပ်စာချုပ်မရှိသလို
မြေရှင်လက်မှတ်လည်း မပါပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် တိုက်ခန်း မရွေးနိုင်လို့ ဖြစ်စေ၊ တခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ဆုံးရှုံးသွားတဲ့အခါ အပေါင်လက်ခံသူက ပြန်ရောင်းသည့် တိုက်ခန်းဖြစ်လျှင် သတိထားပြီး အရောင်းအ၀ယ်မလုပ်မိဖို့ လိုပါတယ်။ ဒါကြောင့် တိုက်ခန်းဝယ်တော့မယ်ဆိုရင် နားလည်တတ်ကျွမ်းသည့် အကျိုးဆောင်ကုမ္ပဏီ (သို့) ရှေ့နေများနှင့် စေ့စပ်သေချာစွာ စစ်ဆေး၍ ဆက်စပ် စာချုပ်နှင့် အရှုပ်အရှင်းကင်းရှင်းကြောင်း ခိုင်မာမှုရှိမှသာ ၀ယ်ယူသင့်ကြောင်း အကြံပြုလိုပါတယ်။

မစီစီမြင့်အောင်

ကွန်ဒို၊ တိုက်ခန်း ၀ယ်ယူသူများသို့


အိမ်၊ ခြံ၊ မြေ ကွန်ဒို၊ တိုက်ခန်း ၀ယ်ယူခြင်းအတွက် အကြံပြု သတိပေးလိုပါသည်။ လုံးချင်းအိမ်၊ မြေကွက် ၀ယ်ယူသူ များသည် မည်သူမဆို မိမိကြိုက်နှစ်သက်သော အိမ်ခြံမြေကို ဈေးသင့်၍ ၀ယ်ယူလိုက်ပြီဆိုတာနှင့် လိုအပ်သော စာရွက်စာတမ်းများကို စစ်ဆေးပြီး စရံပေးကြတယ်။ ပြီးတော့ သတင်းစာမှာ ကြော်ငြာထည့်ကြပါတယ်။ အရှုပ်အရှင်းကင်းတယ်ဆိုတော့မှ ကျန်တဲ့ငွေကို ဆက်ပေးပြီး အမည်ပေါက်ဖောက်ကြပါတယ်။ ဒါကတော့ လုံးချင်းအိမ်နှင့် မြေကွက်ဝယ်ယူသူများ ပြုလုပ်ကြပါသည်။

ကွန်ဒို၊ တိုက်ခန်း၊ ၀ယ်ယူသူများ တစ်ချို့ကတော့ မိမိကြိုက်နှစ်သက်သောနေရာ၊ ဈေးနှုန်းနှင့် ၀ယ်ယူပြီး လိုအပ်သော စာရွက်စာတမ်းများ စစ်ဆေး၍ စရံပေးကြပါတယ်။ ကွန်ဒို၊ တိုက်ခန်းဆိုတဲ့အခါမှာတော့ ၀ယ်ယူသူများက မိမိတို့၏ စိတ်ထဲတွင် မြေကွက်၊ လုံးချင်းအိမ်လောက် အလေးအနက်မထား
ကြဘူးလို့ ထင်ပါတယ်။ ဒါကြောင့် တော်ရုံ၊ တန်ရုံ သတင်းစာ ကြော်ငြာ မလုပ်ကြပါဘူး။ ကွန်ဒို၊ တိုက်ခန်းဝယ်ယူသူများကလည်း စရံပေးပြီးလျှင် အိမ်ရှင်ဘက်က ဘယ်လောက်ပဲ အရှုပ် အရှင်းကင်းတယ်၊ တာဝန်ယူပါတယ် ဆိုပါစေ လုပ်ငန်းသဘောတရားအရ သတင်းစာမှာ ကြေငြာထည့်ပြီးမှ ကျန်ငွေများကို ဆက်လက်ပေးစေလိုပါတယ်။ ဒါမှလည်း ရောင်းသူ၊ ၀ယ်သူ နှစ်ဘက်စလုံးက တစ်ယောက်အပေါ် တစ်ယောက် သံသယကင်းရှင်းပြီး ရေရှည်မှာ မိတ်ကောင်းဆွေကောင်းအဖြစ် ဆက်ဆံကြရမှာ ဖြစ်ပါတယ်လို့ သတိပေးလိုပါတယ်…

မရွှေမေသန်း

တိုက်ခန်းဝယ်ယူရာတွင် သတိပြုရမည့်အချက်


တိုက်ခန်းဝယ်ယူသူများအနေဖြင့် ၀ယ်ယူသည့်အခါ ဆက်စပ်စာချုပ်မှန်ကန်မှု BCC ကျပြီး မိတ္တူရှိ၊ မရှိ မြေပိုင်ရှင်မှ လက်မှတ်ထိုးပေးနိုင်ခြင်းရှိ၊ မရှိ တို့ကို သေချာစွာ စစ်ဆေးမေးမြန်းပြီးမှ ၀ယ်ယူသင့်ပါသည်။ လက်ရှိပိုင်ရှင်ထံ၌ BCC စာရွက်မရှိခဲ့ပါလျှင် မြေပိုင်ရှင်ထံမှ BCC မူရင်းစာရွက်ကို မိတ္တူကူးယူထားသင့်ပါသည်။

စာချုပ်ချုပ်ဆိုသောအခါ၌ အရောင်း အ၀ယ်ပြုလုပ်သည့် အခန်း၏ လိပ်စာနှင့် အကျယ်အ၀န်းကို သေချာစွာစစ်ဆေးရန် လိုအပ်ပါသည်။ တိုက်အမှတ်၊ အခန်း၊ လမ်း၊ ရပ်ကွက်နှင့် မြို့နယ်တို့ကို တိကျရန်လိုအပ်ပြီး အရောင်းအ၀ယ်ပြုလုပ်သည့် အခန်းကိုမူ အဆောက်အအုံ၏ လက်ယာဘက်ခြမ်း (သို့) လက်ဝဲဘက်ခြမ်း (သို့) အဆောက်အအုံ၏ ခေါင်းရင်းခန်း (သို့) ခြေရင်းခန်း စသည်ဖြင့် တိကျစွာ ဖော်ပြရန် လိုအပ်ပါသည်။ မြေပိုင်ရှင်ထံ၌ လက်ရှိရောင်းချသူမှ မြေလခပေးသွင်းပြီး နာမည်ပေါက်ရရှိ ထားကြောင်းကို စစ်ဆေးရန် လိုအပ်ပါသည်။

ကိုပြည်ဟိဏ်း

ဝါကျွတ်ကာလ အိမ်ခြံမြေအခြေအနေ


မိုးကုန်ဆောင်းကူး၊ ၀ါကျွတ်ကာလသို့ ရောက်ပြီဖြစ်၍
အငှားတွေလဲ အဖြစ်မြန်နေပါတယ်။

အိမ်ရှင်တွေရဲ့ သင့်တော်တဲ့ ဈေးတစ်ခုနဲ့
ပေါက်ဈေးခေါ်ထားတဲ့ တိုက်ခန်းနှင့် လုံးချင်းအိမ်တွေကတော့ အငှားသွက်နေပါတယ်။

အရောင်းအ၀ယ် မှာတော့ သိန်း (2000)၀န်းကျင် ကွန်ဒိုနှင့်
သိန်း (4000) အောက် လုံးချင်းမြေကွက်တွေ အရောင်းသွက်နေပါတယ်။

တစ်ချို့ကတော့ သိန်း (1000) ၀န်းကျင်တန် မြေကွက်တွေကို
မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံလို နေရာမျိုးတွေမှာ ရင်းနှီးမြှုပ်နှံမှုလေးတွေ လုပ်လာကြပါတယ်။
အစရှိတဲ့ မြို့နယ်တွေမှာ ရင်းနှီးမြှုပ်နှံထားခြင်းဟာ
အကျိုးအမြတ် ရရှိနိုင်ပါတယ်။

ငွေပိုငွေလျှံရှိသူများအဖို့ မြေရင်းနှီးမြှုပ်နှံခြင်းဟာ ရလဒ်ကောင်းများ ရရှိနိုင်ပါတယ်။

မနွယ်နီဝင်း

Down Town (၆)မြို့နယ်နှင့် လှိုင်၊ ကမာရွတ်၊ စမ်းချောင်း


အခုနောက်ပိုင်းတိုက်ခန်း၊ ၀ယ်သူ၊ ငှားရမ်းသူတွေဟာ Down Town (၆)မြို့နယ် အပြင် လှိုင်၊ ကမာရွတ်၊ စမ်းချောင်းဘက် တွေကို ၀ယ်၊ ငှား လိုက်လာတာတွေ့ရပါတယ်။ တိုက်ခန်းဈေးနှုန်းတွေကလဲ Down Town (၆)မြို့နယ်ထက် လှိုင်၊ ကမာရွတ်ဘက်က ဈေးသက်သာခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုသက်သာခြင်း၊ ကားပါကင်အများစု အဆင်ပြေခြင်းတို့ ကြောင့် အရောင်းအ၀ယ်ပါ အဖြစ်များတာ တွေ့ရပါတယ်။

ဒါပေမဲ့ တိုက်ခန်းဝယ်တော့မယ်ဆိုရင် လတ်တလော ပိုင်ရှင် ရှိပြီး မနေတော့တဲ့ တိုက်ခန်းတွေကို စာချုပ်စာတမ်း အတုလုပ်ပြီး ရောင်းချမှုများ အနည်းငယ် ရှိလာပါတယ်။ ပုံမှန်ပေါက်ဈေးထက် အလွန်တရာ
ဈေးလျော့ပေးနေတဲ့ တိုက်ခန်းတွေဟာ ပိုင်ရှင်ကိုယ်တိုင်က အမှန်တကယ်ရောင်းချင်တဲ့ တိုက်ခန်းရှိသလို တခြားအကြောင်းအရာ
တွေကြောင့် ရောင်းတဲ့ကိစ္စတွေ လဲရှိတဲ့အတွက် အရောင်းအ၀ယ်ကို တာဝန်ယူဖြေရှင်း ပေးနိုင်တဲ့ ရှေ့နေ၊ အကျိုးဆောင် စတာတွေနဲ့ တိုင်ပင်ပြီးမှ ရွေးချယ်ဝယ်ယူသင့်တယ်လို့ အကြံပြုလိုပါတယ်။

ကိုနိုင်လင်း

အိမ်၊ ခြံ၊ မြေ စံနှုန်းသတ်မှတ်လျှင် ပြောင်းလဲနိုင်


အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ စံနှုန်း သတ်မှတ်ခြင်းမှာ နှုန်းသေမဟုတ်ဘဲ မြို့နယ်အလိုက် ပေါက်ဈေးပြောင်းလဲမှုပေါ်

မူတည်၍ သတ်မှတ်နှုန်းထားများ ပြောင်းလဲမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး

ဦးကျော်ကျော်က The Voice သို့ပြောကြားသည်။

ယင်းသို့ ဈေးနှုန်းပြောင်းလဲခြင်းများသည် အချိန်အကန့်အသတ်မရှိပဲ ပြောင်းလ မှုရှိလျှင်ရှိချင်း အခွန်စံနှုန်းများကို

ပြောင်းလဲသတ်မှတ် မည်ဖြစ်ကြောင်း ဦးကျော်ကျော်က ဆိုသည်။

“ဈေးနှုန်းပြောင်းလဲတဲ့ မြို့နယ်ကိုပဲ ပြောင်းလဲမှာပါ။ ဘာမှ ပြောင်းလဲမှုမရှိတဲ့ မြို့နယ်တွေကိုတော့ မပြောင်းပါဘူး။

ဒီစံနှုန်းက ကိန်းသေ မဟုတ်ပါဘူး” ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်မြို့တော်တွင် နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးသတ်မှတ်ရခြင်းမှာ အဆမတန် ကြီးမြင့်နေသည့်

အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို ထိန်းချုပ်ရန်မဟုတ်ပဲ အခွန်အပြည့်အ၀ ကောက်ခံရရှိနိုင်ရန်အတွက်သာ ဖြစ်ကြောင်း

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားထားသည်။

အခွန်ဆောင်ရန် မြေဈေးစံနှုန်းသတ်မှတ်ခြင်းကြောင့် လတ်တလော အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းတွင် ဈေးနှုန်း

အပြောင်းအလဲ မရှိသေးသော်လည်း အရောင်းအ၀ယ်မှာ အေးစက်လျက်ရှိကြောင်း ဇေယျာမြေ အိမ်၊ ခြံ၊ မြေ

အကျိုးဆောင်လုပ်ငန်းမှ ဦးမင်းမင်းက ပြောဆိုသည်။

လက်ရှိမြေဈေးသတ်မှတ်ချက် အမြင့်ဆုံးမှာ တစ်ပေပတ်လည်လျှင် ကျပ် ၃၂၅,၀၀၀ မှ ကျပ် ၃၅,၀၀၀ သတ်မှတ်ထား

သည့် ဗဟန်းမြို့နယ်ဖြစ်ပြီး အနည်းဆုံး သတ်မှတ်ချက်မှာ တစ်ပေပတ်လည် ၂၀၀ ကျပ် မှ ၁၁၀၀ ကျပ်ထိ သတ်မှတ်

ထားသော ခရမ်းမြို့နယ် ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ်ထုတ်ပြန်ရေးရုံး ကြောငြာချက်အရ သိရသည်။

The Voice

အိမ်တွင်း အလှဆင်ထားတဲ့ နံရံ နဲ့ နံရံကပ် စက္ကူတွေကို ဘယ်လိုသန့် ရှင်းရေး လုပ်မလဲ


မိမိ အိမ်တွင်းမှာ အလှခြယ်သထားတဲ့ နံရံတွေမှာ အစွန်းရာတွေ ထင်သွားရင် ဖျတ်ရခက်ပါတယ်။ အထူးသဖြင် တစ်ခုခု ပေနေတဲ့ လက်နဲ့ ကိုင်မိတာ ဖြစ်ဖြစ်
အရည်တွေ စွန်းသွားတာ ဖြစ်ဖြစ် ညစ်ပေသွားတဲ့ နံရံများဟာ သာမန်ဆပ်ပြာရည်နဲ့ ဖျတ်ရင် ဆေးတွေ ကျွတ်သွားပြီး အကွက်တွေ ဖြစ်သွားတက်ပါတယ်။

အခု တင်ပြမဲ့ နည်းလမ်းလေးကတော့ မိမိ အိမ်မှာ နှစ်သက်ရာ အရောင်နဲ့ အလှဆင်ထားတဲ့ အိမ်တွင်း နံရံက အစွန်းတွေကို လွယ်လွယ်ကူကူဖျတ်နိုင်မဲ့
နည်းလမ်းလေးပဲ ဖြစ်ပါတယ်။

သန့် ရှင်းရေး လုပ်ဖို့ အတွက် ရေပုံးတစ်ပုံ ယူထားပါ။

ထို ရေပုံးမှာ ရေနွေး တစ်ဂါလံခန် ကို ထည့်ပါ။
ဒီတားဂျင့်ပါတဲ့ ပန်းကန်ဆေးရည် ထည့်ပါ။ သာမန်စွန်းရုံ အညစ်အကြေးများကို ဒီနည်းနဲ့ ဆေးကြောပါ။

အဲ့ဒီထက် ပိုပြီး စွန်းသွားတဲ့ အစွန်းအထင်းတွေ အတွက် ဆိုရင်တော့

ရေနွေးတစ်ဂါလံမှာ ၊ အစွန်းချွတ်နိုင်တဲ့ အမိုးနီးယားမှုန့် တစ်ခွက်ထည့်ပါ။
အဖြူရောင် ဗီနီကာရည် တစ်ခွက် ၊ အ၀တ်လျှော် ဆိုဒါ တစ်ခွက်ထည့်ပါ။

ရေမြုပ်ကိုသုံးပြီး ဆေးကြောပေးပါ။ ဆေးကြောတဲ့ အခါမှာလည်း အပေါ်အောက် ၊ ဘေးနှစ်ဘေး ပုံစံဖြစ် တိုက်သွားပါ။

နံရံကပ် စက္ကူ တွေကို သန့် စင်မယ် ဆိုရင်..

အရင်ဆုံး ထုတ်လုပ်တဲ့ စက္ကူအမျိုးအစားကို လေ့လာပါ။
ဝက်မှင်ဘီးနဲ့ နံရံက ဖုန်တွေကို သန့် စင်ပေးပါ။
ဟောင်းနေတဲ့ စက္ကူများအတွက် ခြောက်သွေ့ တဲ့ ရေမြုပ်ကို သုံးပေးပါ။
အကြမ်းခံပြီး ဆေးကြောလို့ ရတဲ့ စက္ကူ တွေကိုတော့ ရေမြုပ်အကြမ်းကို သုံးပြီး ဆေးကြောနိုင်ပါတယ်။
လက်ချောင်းရာတွေ ထင်နေတဲ့ နေရာကိုတော့ ရာဘာခဲဖြတ်နဲ့ ဖြေးညှင်စွာ ဖျတ်ပေးပါ။
ကော်ပတ်နဲ့ တိုက်ပြီး သန့် စင်ခြင်း မလုပ်ပါနဲ့ ။

အထက်ပါ နည်း အတိုင်း မိမိတို့ အခန်းမှ ညစ်ပေနေတဲ့ နံရံများကို သန့် စင်ပေးနိုင်ပါတယ်။

ကိုလင်း

အိမ်တွင်းအလှဆင်နိုင်မယ့် နည်းလမ်း (၇) မျိုး


စရိတ်က ကြီးကြီးမားမား ကုန်ကျစရာမလိုဘဲ

အသေးစား ပြုပြင်ဆင်မှုလေးတွေနဲ့တင်မိမိတို့ နေထိုင်ရာ သီရိဂေဟာကို

သေသပ်လှပအောင် ဖန်တီးနိုင်ပါတယ်။ ဒါကြောင့် မိမိ အိပ်ခန်းအလှကို

ကိုယ်တိုင် ပြင်ဆင်ဖန်တီးနိုင်စေဖို့ အိမ်တွင်း

အလှဆင်ပညာရှင်တွေရဲ့နည်းလမ်း ၇ မျိုးကိုဖော်ပြ လိုက်ပါတယ်။


၁။ လင်ပန်းတစ်ခုကို အသုံးပြုပါ။

သင့်အိမ်တွင်းက စားပွဲပေါ်မှာ ပစ္စည်းလှလှလေးတွေ တင်ထားဖို့

မှန်လင်ပန်းလေးတစ်ခုကို အသုံးပြုပါလို့

Johnathan O’Hea (Jona-than O’Hea Antiques & Design) က

ဆိုပါတယ်။ မှန်နဲ့ပြုလုပ်ထားတဲ့ လင်ပန်းပေါ်က

ပစ္စည်းလေးတွေရဲ့အောက်ခြေမှာ မှန်ရဲ့ရောင်ပြန်ဟပ်မှုနဲ့

ပုံနှစ်ထပ်လေးတွေ မြင်ရတာကပိုပြီး အမြင်တင့်တယ်စေ

ပါတယ်။

၂။ လှပတဲ့ စာအုပ်စင်နဲ့ ဖုံးကွယ်ပါ။

သင့်အိမ်ခန်းတစ်ခုလုံးကို ပြင်ဆင်ခြယ်သဖို့လောလောဆယ်မှာ

အဆင်မပြေသေးဘူး ဆိုရင်တော့ အဲဒါကိုစာအုပ်စင်နဲ့

ဖုံးကွယ်လိုက်ပါ။ လှပသေသပ်စွာ ဖန်တီးထားတဲ့ စာအုပ်စင်ဟာ

သင့်အခန်းကို တင့်တယ်သပ်ရပ်နေဟန် ပေါက်စေမှာ

တော့ အမှန်ပါပဲ။

၃။ စာညွှန်းလေးတွေ ကပ်ပါ။

သင့်အိမ် မီးဖိုချောင်ထဲက ထည့်စရာဖန်ဘူးလေးတွေကို

ရှင်းရှင်းလင်းလင်းဖြစ်နေစေဖို့ စာညွှန်းလေးတွေ ကပ်ထားပေးပါ

အဲဒါမှ သင့်အနေနဲ့ ဆားလား၊ သကြားလားဆိုတာ တွေဝေနေစရာမလိုဘဲ

အလုပ်ပြီးမြောက်စေနိုင်ရုံမက သင့်မီးဖိုချောင်

ကိုလည်း သေသေသပ်သပ်လေး ဖြစ်နေစေမှာပါ။

၎။ တွန်းရွေ့လို့ရအောင် ဖန်တီးထားပါ။

ပရိဘောဂပစ္စည်းတွေမှာ ဘီးလုံးလေးတွေတပ်ဆင်ထားတာဟာ

တစ်နေရာကနေတစ်ရာ ပြောင်းရွေ့သယ်ဆောင်ဖို့

လွယ်ကူစေမှာ ဖြစ်ပါတယ်။ မီးဖိုချောင်မှာပဲဖြစ်ဖြစ် ဘီးတပ်ထားတဲ့ စားပွဲ၊

ဗီရိုတွေကို အသုံးပြုမယ်ဆိုရင် ဘယ်သူ့အကူ

အညီမှ မလိုဘဲ မိမိဘာသာ သင်သောင့်သက်သာ ပြောင်းရွေ့နိုင်မှာပါ။

၅။ ထိုင်ခုံဘားတန်းလေးတွေ တပ်ထားပေးပါ။

အခန်းတွင်းမှာ ထားတဲ့ထိုင်ခုံတွေကို ပြောင်ရှင်းကြီးထားတာထက်

ဘားတန်းပါတဲ့ ထိုင်ခုံတွေထားတာဟာ သင့်အိမ်တွင်း

ကို ပိုပြီးသက်သောင့် သက်သာဖြစ်စေတဲ့ အသွင်မျိုးပေါက်စေပါတယ်။

အထူးသဖြင့် ထိုင်ခုံမှာ ဖောင်းကြွလေးတွေ

လုပ်ထားတဲ့ ဘားတန်းမျိုး တပ်ဆင်ထားရင်တော့ သင့်အခန်းကို

ပိုမိုလှပသွားစေမှာပါ။

၆။ ကရားထဲမှာ မီးထွန်းညှိထားပါ။

စားပွဲပေါ်မှာ သမားရိုးကျစားပွဲတင်မီးတွေတင်မယ့်အစား မီးထွန်းထားတဲ့

ဖန်ကရားလေးတွေ ထားတာက

သင့်အိမ်ခန်းကို ပိုပြီးကဗျာဆန် လှပစေမှာပါ။

၇။ ဘုံဘိုင်ခေါင်းအသစ် တပ်ဆင်ပေးပါ။

သင်အိမ်ရေချိုးခန်းရဲ့ မျက်နှာသစ်ဘေစင်က ရေဘုံဘိုင်ခေါင်းကို သန့်ရှင်းပြီး

အခန်းအနေအထားနဲ့ လိုက်ဖက်မယ့်

ရေဘုံဘိုင်ခေါင်းကို အစားထိုး တပ်ဆင်ပေးပါ။

MPJ

သင့်အိပ်ခန်းကို ဘယ်လိုအရောင် သုတ်မလဲ


အခန်းကို လိမ္မော်ရောင်သုတ် ခြင်းသည် ယုံကြည်သက်ဝင်မှုနှင့် စွမ်းအားရှိခြင်း သင်္ကေတများဖြစ်စေ ၍
အကောင်းမြင်သည့် ခံစားချက် နှင့် ပျော်ရွှင်ခြင်းကို ပေးစွမ်းစေ သည်။

အ၀ါရောင်ဆေးသုတ်ခြင်းသည် စိတ်ရှည်ခြင်း၊ ဉာဏ်ပညာကြီးခြင်းအပြင် နေအလင်းရောင်ထွက် လာသည့်
အလားအလာသဏ္ဌာန် ဆောင်သည်။

ပန်းရောင်မှာ အိပ်ခန်းနံရံအ တွက် သင့်လျော်မှုရှိစေပြီး ပျော်ရွှင် ၀မ်းမြောက်ခြင်း သရုပ်ကိုပြသည့် မည်သို့သော
ပန်းရောင်မဆို အိပ်ခန်း မကြီးအတွက် အလှဆုံးအရောင်ဖြစ် သည်။

မရမ်းရောင်သည် ယုံကြည်အား ထားခြင်း၊ လေးစားခြင်း သစ္စာရှိခြင်း တည်းဟူသော စိတ်ဓာတ်ကို ကိုယ် စားပြုသည်။
လိုက်ကာ အိပ်ယာခင်း၊ ခေါင်းအုံးများတွင် အသုံးပြုနိုင်သော် လည်း အိပ်ခန်းအတွက် လွန်ကဲသော သက်ရောက်မှုကို
ဖြစ်စေ၍ နံရံအ ရောင်အဖြစ် မသုံးမိပါစေနှင့်။

အခန်းအပြာရောင်သည် မှန်ကန်သောရွေးချယ်မှုဖြစ်ပြီး ကြီးပွား တိုးတက်မှု စိတ်အေးချမ်းသာမှုရှိစေ သော
ပတ်ဝန်းကျင်ကိုဖြစ်စေသည်။ စိမ်းပြာရောင်ကိုလည်း အသုံးပြုနိုင် သည်။

အစိမ်းရောင်မှာ သဘာဝဆန် ပြီး မျှော်လင့်ချက်ရောင်ခြည်၊ လတ် ဆတ်မှုကိုပေးနိုင်ပြီး စိတ်နှင့် ခန္ဓာကို
နုပျိုသစ်လွင်စေသည်။ အထူးသဖြင့် ကလေးများအိပ်ခန်းကိုစိမ်းတိမ်း တိမ်းအရောင်သုတ်ပေးခြင်းဖြင့်
ကျန်းမာကြံ့ခိုင်စိတ်ကိုဖြစ် စေသည်။

အနီရောင်သည် စိတ်ဖိစီးမှုများ စေပြီး အင်အားစုပ်ယူ သကဲ့သို့ဖြစ် တတ်သည်။ အနီရောင် ဖျော့ဖျော့ကို နံရံအစား၊
ခေါင်းအုံးအရောင်အဖြစ်သုံးနိုင်သည်။

အဖြူရောင်မှာပေလွယ်ပြီး အိပ် ခန်းမျက်နှာကျက်နှင့် အခန်းတွင် သုတ်ထားခြင်းဖြင့် တန်ပြန်အလင်း ကိုရရှိစေသည်။
မျက်စေ့ကျိန်း စေသဖြင့် မသုတ်သင့်ပါ။

Health Updates Journal

သီလ၀ါ စီမံကိန်းအတွင်း ပြောင်းရွှေ့ရမည့် ဒေသခံများကို နေထိုင်ခွင့်ရမည့် နေအိမ်နှင့် မူလနေအိမ် အကျယ်အ၀န်း ကွာခြားချက်အပေါ် မူတည်၍ အပိုထပ်ဆောင်းကြေး တွက်ချက်ပေးမည်ဟုဆို


သီလ၀ါ အထူးစီးပွားရေး ဇုန်စီမံကိန်း ပထမအဆင့် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် ဒေသခံများအား မြိုင်သာယာ ကွက်သစ်သို့ ပြောင်းရွှေ့နေရာ ချထားပေးမည်ဖြစ်ရာ တစ်အိမ်ထောင်လျှင် ၂၅ x ၅၀ ပေရှိ မြေကွက်နှင့် ယင်းမြေကွက်ပေါ်တွင် ၁၂ x ၁၆ ပေရှိ အိမ်များ ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှု ကော်မတီမှ သိရသည်။

ယင်းသို့ ပြောင်းရွှေ့နေရာ ချထားပေးရာ၌ ဒေသခံများ မူလနေထိုင်သည့် နေအိမ်ဧရိယာနှင့် ပြောင်းရွှေ့ရမည့် မြိုင်သာယာ ကွက်သစ် ရှိ ၁၂ x ၁၆ ပေရှိ နေအိမ်ဧရိယာ အကျယ်အ၀န်းဧရိယာ၏ ကွာခြားချက်ပေါ် မူတည်၍ အပို ထပ်ဆောင်းကြေးများ သတ်မှတ်ပြီး ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"အခု မြိုင်သာယာမှာ သူတို့ ဆောက်ရမယ့် နေအိမ်က ၁၂ x ၁၆ ပေရှိတဲ့ အိမ်တွေ ဆောက်ရမှာပါ။ ၁၂ x ၁၆ ပေက ၁၉၂ စတုရန်းပေ ရှိတယ်။ ဥပမာ-သူတို့ လက်ရှိနေတဲ့ အိမ်ဧရိယာက ၂၀၀ စတုရန်းပေ ရှိတယ်ဆိုပါစို့။ အခုပေးမှာက ၁၂ x ၁၆ ပေဆိုတော့ ၁၉၂ စတုရန်း ပေရှိတယ်။ အဲဒီတော့ သူ့အိမ်က ရှစ်စတုရန်းပေ ကြီးနေတယ်။ ပိုကျယ်အတွက် ဧရိယာအတွက် အိမ်ဧရိယာနှစ်ခုရဲ့ ကွာခြားချက်ကို ယူလိုက်တာပေါ့။ အဲဒီကွာခြားတဲ့ ဧရိယာကို တစ်စတုရန်းပေကို ၈၉၀၀ နှုန်းနဲ့ သတ်မှတ်ပြီးပေးမှာ။ အဲဒီမှာ ကွာနေရင် ကွာသလောက်ကိုပေးမှာ"ဟု သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် ဒေါ်မီမီအောင်က ရှင်းပြသည်။

"အန်တီတို့ပေးတဲ့ အပိုထပ်ဆောင်းကြေးဟာ မြေကွက်၊ မြေအပေါ်မှာ မူတည်ပြီး ပေးတာမဟုတ်ဘူး။ အဲဒါမှားနေတယ်။  ဒေသခံတွေ သူတို့မူလနေတဲ့ အိမ်နဲ့ အခုသူတို့ရမယ့် အိမ်ဧရိယာ အကျယ်အ၀န်း ကွာခြားချက် အပေါ်မှာ မူတည်ပြီးသာ တစ်စတုရန်းပေကို ၈၉၀၀ နှုန်းနဲ့ အပိုထပ်ဆောင်းကြေးပေးမှာ"ဟု ဒေါ်မီမီအောင်က ဆက်လက် ပြောကြားသည်။ ဒေသခံများအတွက် အောက်တိုဘာ ၉ ရက်တွင် အိမ် စတင် ဆောက်လုပ်မည်ဖြစ်ပြီး နိုဝင်ဘာ ၈ ရက်အပြီး တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြောင်းရွှေ့ပေးရမည့် ဒေသခံများအနေဖြင့် မြိုင်သာယာ ကွက်သစ်ရှိ ၎င်းတို့ရရှိသော မြေကွက်များတွင် ကိုယ်တိုင် အိမ်ဆောက်လုပ်လိုပါက ဆောက်လုပ်နိုင်ကြောင်း၊ သို့မဟုတ်ပါက ကော်မတီအနေဖြင့် ဆောက်လုပ်လိုပါက ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပသည့် မဲနှိုက် ရွေးချယ်ပွဲတွင် ရရှိသည့် သတင်းများအရ ကိုယ်တိုင် ဆောက်လုပ်လိုသူ ၄၉ ဦးနှင့် ကော်မတီအနေဖြင့် ဆောက်လုပ်လိုသူ ၁၇ ဦးရှိကြောင်း သိရသည်။

"အသက်မွေး ၀မ်းကျောင်းအတွက် နစ်နာကြေးဆိုတာက လယ်လုပ်တဲ့သူ၊ ကျပန်းလုပ်တဲ့သူ၊ နောက်တစ်ခါ ယာစိုက်တဲ့သူ ကွမ်းတို့ဘာတို့ စိုက်တဲ့သူပေါ့။ သူတို့ဒီမှာ လယ်လုပ်တယ်။ လယ်တစ်ဧကကို တစ်နှစ်ကို တင်း ၅၀ ထွက်တယ်။ အဲဒါဆိုရင် အန်တီတို့က တင်း ၅၀ အပေါ်မှာပဲ ပေါက်ဈေးအတိုင်း ခြောက်နှစ်စာ ပေးတယ်။ ဥပမာ-တစ်တင်းကို ၅၀၀၀ ကျပ်ပဲထား၊ ၅၀၀၀ ကျပ်ကို ခြောက်နဲ့မြှောက်ပြီး အန်တီတို့က ပေးမယ်"ဟုလည်း သီလ၀ါ အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 EMG

မီးနေသည်များ ငါးခြောက်စားပါက ဘယ်ရီ ဘယ်ရီ ရောဂါ ဖြစ်နိုင်


မီးနေသည်များ ငါးခြောက် စားခြင်းမှာ မိခင်ရော၊ ကလေးပါ ဘယ်ရီ ဘယ်ရီ ရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ မြန်မာလူမျိုးတို့၏ ထုံးစံအရ ငါးခြောက်၊ ငါးကြော်၊ ကြက်ကြော်တို့ကို မီးနေသည် အစာအဖြစ် ယူဆကာ စားသုံးကြလေ့ ရှိကြောင်း၊ ယင်းတို့အနက် ငါးခြောက်များမှာ အစားအသောက်များမှ ဗီတာမင်ဘီဝမ်းဓာတ်ကို ဖျက်ဆီးသည့်ဓာတ် ပါဝင်သောကြောင့် မိခင်ရော၊ ကလေးပါ ဗီတာမင် ဘီဝမ်း ချို့တဲ့သည့် ဘယ်ရီ ဘယ်ရီ ရောဂါများ ဖြစ်ပွားနိုင်ကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာမြသီတာက ပြောကြားသည်။ “ဘီတာမင် ဘီဝမ်း ချို့တဲ့လို့ ဖြစ်တဲ့ ဘယ်ရီဘယ်ရီ ရောဂါ လက္ခဏာက ခြေလက်တွေထုံ ကျဉ်လာမယ်။ ဖောလာမယ်၊ မောလဲ မောလာမယ်။ နောက်ဆုံး ချည့်နဲ့သွားနိုင်တယ်။ အရပ်ထဲမှာ ပြောလေ့ရှိတဲ့ မီးနေသည် ချည့်နဲ့တယ်ဆိုတာ ဘီတာမင်ဘီဝမ်း ချို့တဲ့လို့ဖြစ်တာ” ဟု ဒေါက်တာ မြသီတာက ဆက်လက် ပြောသည်။ ယင်းအပြင် မိခင်၏နို့ကို စို့သော နှစ်လသား၊ သုံးလသား အရွယ်ကလေးများမှာလည်း ဘယ်ရီ ဘယ်ရီ ရောဂါများ ဖြစ်ပွားလာပါက သွေးအားနည်းကာ ဖြူဖျော့လာခြင်း၊ ဖောသွပ်ခြင်း၊ နှလုံးခုန်နှုန်း မြန်လာခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်ပြီး အမောဖောက်ကာ ရုတ်တရက် သေဆုံးနိုင်ကြောင်း သိရသည်။ “ကလေးက အကောင်းကြီးကနေ ပြာနှမ်းပြီး သေတယ်ဆိုရင် အညှော်မိလို့ သေတယ်ဆိုပြီး လွဲမှားစွာ ယူဆနေကြတယ်။ အဲဒါကို သူငယ်နာ ကိုယ်တိုးလို့လဲ ခေါ်ကြတယ်။ အမှန်တကယ်က ဘီတာမင်ဘီဝမ်း ချို့တဲ့လို့ သေတာ” ဟု ယင်းက ဆက်လက် ပြောကြားသည်။ ယင်းအပြင် မိခင်များ အနေဖြင့် မီးနေသည် အစာအာဟာရများကို ချက်ပြုတ် စားသောက်ရာတွင် ငါးခြောက် အစားအသားများကို ဟင်းသီးဟင်းရွက်များနှင့် ရောနှောချက်ပြုတ်ကာ စားသောက်ရမည် ဖြစ်ကြောင်း၊ ချက်ပြုတ်စားခြင်းသည် သားငါးများကို ကြော်စားခြင်းထက် အာဟာရ ပိုမိုပြည့်ဝစွာ ပါဝင်ကြောင်းလည်း သိရသည်။

YTJ

သက်သတ်လွတ် စားရာတွင် အာဟာရဓာတ် ပြည့်ဝစေရန်


လူတိုင်းအတွက် မျှတတဲ့ အစားအသောက်ကို နေ့စဉ် စားသောက်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် သက်သတ်လွတ် အစားအသောက်တွေကို စားသောက်နေချိန်မှာ အာဟာရပြည့်ပြည့်ဝဝ ရရှိစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို မျှဝေလိုက်ရပါတယ်။

အစိမ်းစားပါ

သက်သတ်လွတ် စားမယ်ဆိုရင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အခွံမာတဲ့ အစေ့အဆန်နဲ့ ပဲအမျိုးမျိုးတွေ ပါဝင်သင့်ပါတယ်။ ဒီအရာတွေ အားလုံးပါဝင်တဲ့ အစာကို စားပေးမှ အာဟာရဓာတ် အလုံအလောက် ရရှိမှာပါ။ ဒီတော့ ဟင်းသီးဟင်းရွက်ကို အစိမ်းလိုက် ရေစင်အောင် ဆေးကြောပြီး သုပ်စားပါ။ အပေါ်ကနေ အခွံမာတဲ့ အစေ့အဆန် ဒါမှမဟုတ် ပဲတစ်မျိုးမျိုးကို ဖြူးပြီး စားသင့်ပါတယ်။ အခွံမာသီးနဲ့ ပဲကို ထည့်စားတာကြောင့် ပရိုတင်းဓာတ်ကို ရရှိစေပါတယ်။

အရောင်စုံစားပါ

ဟင်းသီးဟင်းရွက်မှာ ရှိတဲ့ အရောင်တိုင်း၊ အရောင်တိုင်းက သီးခြားအာဟာရတန်ဖိုးတွေ ရှိကြပါတယ်။ ဒါပေမဲ့ အာဟာရတန်ဖိုး အနည်းအများနဲ့ အထူးပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ကွာခြားမှု ရှိပါလိမ့်မယ်။ ဒါကြောင့် သက်သတ်လွတ်စားချိန်မှာ အရောင်စုံ ဟင်းသီးဟင်းရွက်တွေကို စားပေးရင် အာဟာရဓာတ် အစုံအလင် ရရှိစေပါတယ်။

စွပ်ပြုတ် လုပ်ပြီး သောက်ပါ

တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ် စွပ်ပြုတ် သောက်သင့်ပါတယ်။ ပရိုတင်းဓာတ် ရရှိစေဖို့ ပဲစွပ်ပြုတ် လုပ်တဲ့အခါ ဟင်းသီးဟင်းရွက်တွေကို ထည့်ချက်ပါ။ ရိုးစင်းလွယ်ကူပေမယ့် အာဟာရဓာတ် အပြည့်အဝ ရရှိစေပါတယ်။

အေးခဲသည့် နည်းဖြင့် စားပါ

တချို့ သစ်သီးဝလံတွေကို ရေခဲသေတ္တာထဲမှာ အေးခဲအောင် ထည့်ပြီးစားရင် ပိုအရသာ ရှိသလို အာဟာရ ပိုရှိပါတယ်။

ဖျော်ရည် ဖျော်သောက်ပါ

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဖျော်ရည် ဖျော်သောက်တာက အလွယ်ဆုံးနဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး နည်းတစ်နည်းပါ။

ကြယ်စင်

ရယ်၍ ငို၍ မရသော ရောဂါ


သွားတိုက်တံကို သုံးလတစ်ကြိမ်လဲပါ၊ ခြောက်လတစ်ကြိမ်လဲပါလို့ ပြောနေကြပေမယ့် လက်တွေ့ကျတော့ ဝယ်ပြီးသုံးလ၊ ခြောက်လကြာရင် ပစ်လိုက်တာမျိုးတော့ ရှားပါတယ်။ ဆရာပြောချင်တာကတော့ သွားပွတ်တံရဲ့ မျက်နှာပြင်က ဝက်မှင်ဘီးတွေကို ကြည့်လိုက်လို့ ပုံမှန်ထောင်ပြီး နူးညံ့ပျော့ပျောင်းနေရင်သုံးလို့ ရပါသေးတယ်။ အဲဒီလို မဟုတ်ဘဲဖွာလန်ကြဲနေပြီဆိုရင်တော့ ဘယ်နှလပဲဖြစ်ဖြစ် အသစ်လဲပေးသင့်ပါတယ်။ တချို့ကျတော့ သွားကို ဖိတိုက်တတ်တော့ တစ်လလောက်ကြာတာနဲ့ကို သွားပွတ်တံက ဖွာလန်ကြဲနေတတ်တယ်။ တကယ်တော့ သွားတိုက်တဲ့အခါမှာ ဖိပြီး ကြမ်းကြမ်းတမ်းတမ်း မတိုက်သင့်ပါဘူး။ အဲဒီလိုတိုက်ရင် သွားအပေါ်ယံက ကြေသွားလွှာကို စားသွားတဲ့အတွက် သွားတွေမှာ အစင်းရာတွေ ထင်သွားတယ်။ အဲဒီအခါ ရေအေးသောက်လို့မရ၊ ရယ်လို့ မရတာမျိုး ဖြစ်တတ်တယ်။ တာမျိုး ဖြစ်တတ်တယ်။ ဒါကို ရယ်၍ ငို၍မရတဲ့ ရောဂါလို့ တင်စားကြတယ်။ ဆိုလိုတာက ရယ်လိုက်ရင် လေတိုက်တဲ့အခါ သွားကျဉ်တာကြောင့်ပါ။ သွားကျဉ်လာပြီဆိုရင် သွားကျဉ်တာ သက်သာစေမယ့် သွားတိုက်ဆေးအမျိုးအစားကို သုံးပြီး တိုက်ပေးဖို့ လိုပါတယ်။

အဓိက ကတော့ အိမ်တွေမှာအိမ်သား တစ်ဦးစီမှာ ကိုယ်ပိုင် သွားပွတ်တံ တစ်ချောင်းစီ ရှိသင့်ပါတယ်။ တချို့အိမ်တွေက သွားပွတ်တံ တစ်ချောင်းတည်းကိုပဲ တစ်အိမ်သားလုံး မျှပြီး အသုံးပြုတတ်ကြတယ်။ ဒါက လုံးဝ မကောင်းပါဘူး။ သွားပိုးစားရောဂါက ကူးစက်တတ်တာကြောင့် သွားပွတ်တံတစ်ချောင်းတည်းကို အတူတူသုံးတဲ့အခါ လူတစ်ဦးမှာ သွားပိုးစားရောဂါရှိရင် နောက်လူကို ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့် သွားပွတ်တံကို လူတစ်ယောက်မှာ တစ်ချောင်းထားပါ။ သုံးပြီးတာနဲ့ ထောင်ထားပါ။ မသုံးခင်မှာလည်း သွားပွတ်တံကို ပြောင်အောင်ဆေးပြီးမှ သွားတိုက်ဆေးထည့်ပါ။ လူကြီးသွားတွေ ခိုင်ခံ့ကျန်းမာ လှပဖို့အတွက် ရောဂါဖြစ်ဖြစ်၊ မဖြစ်ဖြစ်ခြောက်လ တစ်ကြိမ်ပြပြီး စစ်ဆေးသင့်ပါတယ်။ တကယ်လို့ မပြဖြစ်ရင်တောင် တစ်နှစ်တစ်ကြိမ်တော့ ပြသင့်ပါတယ်။ လူအများစုက သွားတွေ ကိုက်မှ၊ နာမှ၊ နုတ်ရခါနီးမှ လာပြကြတာ များပါတယ်။ အဲဒီလို မလုပ်ဘဲ သွားတွေရဲ့ ကျန်းမာရေးအတွက် အစဉ် ကြိုတင်ကာကွယ်ထိန်းသိမ်းနေသင့်ပါတယ်။ နောက်တစ်ခု ပြောလိုတာက လျှာသန့်ရှင်းရေးပါ။

လျှာရဲ့ တည်ဆောက်မှုအရ လျှာပေါ်မှာ တစ်သျှူးအဖုလေးတွေ အများကြီး ရှိပါတယ်။ အဲဒီတစ်သျှူးအဖုလေးတွေ ပျက်စီးရင် လျှာပေါ်မှာ အနာတွေ ဖြစ်တတ်ပါတယ်။ သွားကို စနစ်တကျ တိုက်လိုက်လို့ သွားနဲ့ ခံတွင်းသန့်စင်နေရင် ပါးစပ်နံတာလည်း မဖြစ်စေပါဘူး။ ဘက်တီးရီးယား ကပ်ငြိမှုလည်း မရှိနိုင်ပါဘူး။ ဒါကြောင့် လျှာပွတ်တံသုံးမယ့်အစား အစာစားပြီးတိုင်း ပလုတ်ကျင်းပေးဖို့ လိုပါတယ်။သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ရမယ်။အရည်ရွှမ်းတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးရပါမယ်။ ချိုပြီးစေးကပ်တဲ့ အစာတွေကို ရှောင်ရပါမယ်။ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးရပါမယ်။ သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် သွားဆရာဝန်နဲ့ ခြောက်လတစ်ကြိမ် ပြသစစ်ဆေးမှုကို ခံယူသင့်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)